← Chapters

ဒဿမသာလွန်အုတ်မြစ်

Vol. 53 Ch. 740

ဒဿမသာလွန်အုတ်မြစ်

Vol. 53 Ch. 740

ဝမ်ဝေ့က သူ့တာအိုခန္ဓာကိုယ်၏ အပြောင်းအလဲများကို အရင်ဦးစွာခံစားလိုက်သည်။ ဓမ္မခန္ဓာကိုယ်(၉)ခု ပေါင်းစပ်ပြီးသည့်နောက်တွင် သူ့ဧကရာဇ်လမ်းစဉ်အတွက် ခိုင်မာသည့်အုတ်မြစ်ကို ဖန်တီးနိုင်ခဲ့၏။ သူ့အသိပညာမှ ဧကရာဇ်ခန္ဓာကိုယ်သည် မဟာဧကရာဇ်များအတွက် နောက်ထပ် တိုက်ပွဲခွန်အားတစ်ခု ဖြစ်သော်လည်း နက်နဲသည့် အုတ်မြစ်ရှိသည့်သူများအတွက်သာ ဖြစ်ကြောင်း သိထားသည်။ သို့သော်လည်း ဤပေါင်းစပ်မှုကဏ္ဍအတွက် ပိုမိုအရေးကြီးသည့် ကဏ္ဍများ ရှိနေသေးသည်။

လေဟာနယ်ဖြိုခွင်းခြင်းအဆင့်အပြီးတွင် ကောင်းကင်ရုပ်ခန္ဓာများ ဖြစ်သည့် ရုပ်ခန္ဓာအများစုက အသုံးမဝင်လုနီးပါးဖြစ်သွားလိမ့်မည်။ တချို့က အသုံးမဝင်သော်လည်း ရှုရှစ်ကဲ့သို့ ကမ္ဘာဦးဟွင်သွမ်းရုပ်ခန္ဓာ သို့မဟုတ် ဒိုင်မေးရှင်းအမြင့် ရုပ်ခန္ဓာများဖြစ်သည့် ပင်ကိုမဟာတာအိုရုပ်ခန္ဓာနှင့် စံပြဝိညာဉ်တို့ကဲ့သို့သော ရှားပါးရုပ်ခန္ဓာများအတွက်မူ ခြွင်းချက် ဖြစ်၏။

ပိုင်ရှင်က တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူတို့ရုပ်ခန္ဓာ၏ ထူးခြားသည့် ဝိသေသများကို ထိန်းသိမ်းထားနိုင်မည့် နည်းလမ်းတချို့ အသုံးပြုနိုင်လိမ့်မည်။ သို့သော်လည်း ရှားရှားပါးပါး ဖြစ်စဉ်တော့ ရှိ၏။

ထိုရုပ်ခန္ဓာများက ယင်ယန်မျှခြေညီ ရုပ်ခန္ဓာ၊ အနှောင်အဖွဲ့ကင်းရုပ်ခန္ဓာ၊ ကံကြမ္မာကောင်းရုပ်ခန္ဓာ(ကံကောင်းမှု)၊ ကံအရင်းအမြစ်ရုပ်ခန္ဓာ၊ ကာလံဒေသံနယ်ရှင်ရုပ်ခန္ဓာ၊ သံသရာရုပ်ခန္ဓာ၊ ကောင်းကင်အစီအစဉ်ကျမှု ရုပ်ခန္ဓာနှင့် ကြမ္မာလှုံ့ဆော်ရေး ရုပ်ခန္ဓာတို့ ဖြစ်ကြသည်။

သူက သူ့ကံကြမ္မာရုပ်သေးရုပ် ရုပ်ခန္ဓာအတွက် ထိုထူးကဲသည့် ရုပ်ခန္ဓာများကို ပေါင်းစပ်ခဲ့ပြီး ကံကြမ္မာလွှမ်းမိုးရေး ရုပ်ခန္ဓာသားလောင်းကို ဖန်တီးခဲ့သည်။ လက်ရှိထိုရုပ်ခန္ဓာက အသုံးမဝင်ဘဲ သားလောင်းမျှသာ ဖြစ်နေသေး၏။ သို့သော်လည်း ဧကရာဇ်ဖြစ်လာပြီးသည့်နောက်တွင် သူက မဟာတာအိုအရင်းအမြစ်နှင့် ကံကြမ္မာမြစ်ကြောင်းတို့ဖြင့် ပြီးမြောက်အောင် အားဖြည့်ပေးနိုင်သည်။

ဝမ်ဝေ့က ထိုရုပ်ခန္ဓာနှင့် ပတ်သက်ပြီး ရည်မှန်းချက်ကြီးကြီးမားမား မရှိပေ။ သူ တစ်ခုတည်းသော မျှော်လင့်မိတာက ကံကြမ္မာမဟာ တာအိုအရင်းအမြစ်ကို နားလည်ရာတွင် အားမြင့်မှုတစ်ခု ဖြစ်လာစေရန်သာ ဖြစ်သည်။ သူ့လက်ရှိမကောင်းဆိုးဝါးလိုမျိုး နားလည်နိုင်စွမ်း၊ အနာဂတ်ဗုဒ္ဓကိုယ်၊ စိတ်ဝိညာဉ်အမှုန်တို့ဖြင့် ထိုရုပ်ခန္ဓာဆီမှ ရာခိုင်နှုန်းအနည်းငယ်က အကျိုးကျေးဇူးများစွာ ရှိလာလိမ့်မည်။

ကြည့်ရတာ ငါ ထင်ထားသလို အသုံးမဝင်တာမျိုးတော့ မဟုတ်ဘူးပဲ…

ဝမ်ဝေ့က သူ့အချိန်တော်ကြာ အသုံးမပြုထားသည့် ကံကြမ္မာ ပင်ကိုစွမ်းရည်သည် စတင်ပြောင်းလဲလာကြောင်း ခံစားမိလိုက်သည်။ ပင်ကိုစွမ်းရည်က အင်မတန် အားကောင်းလွန်းလှပြီး ကံကြမ္မာကို နားလည်နိုင်စွမ်း နက်ရှိုင်းစေဖို့ အသုံးပြုခဲ့သည်။ သူက ထိုအရာမှ သင်ယူထားသည့် အရာများကို ကံကြမ္မာသာလွန်ကျမ်းထဲ ထည့်သွင်းခဲ့သည်။

သို့သော်လည်း ထိုစွမ်းရည်၏ အားနည်းချက်က သူနှင့် ကျင့်ကြံဆင့်တူ သို့မဟုတ် သူ့ထက် မြင့်မားသည့်သူများအပေါ် အသုံးပြုသည့်အခါ တန်ပြန်သက်ရောက်မှု ခံစားဖို့ လွယ်ကူနေခြင်း ဖြစ်သည်။ အားနည်းသည့်သူများအတွက်မူ သူတို့အပေါ် အသုံးပြုပါက အလွယ်တကူ သတ်ပစ်နိုင်သည်။

ငါ ဒါကို သန့်စင်ပြီးတော့ မြင့်မားတဲ့အဆင့်အဖြစ် မြှင့်တင်နိုင်မလားဆိုတာကို ကြည့်ရအောင်။ အဲဒီစွမ်းအားနဲ့ အသုံးအဆောင်ပစ္စည်းတစ်ခု ဖန်တီးနိုင်လောက်တယ်။ ဒါပေမဲ့ အခုတော့ နောက်ဆုံးတိုက်ပွဲမှာ အသုံးဝင်နိုင်သေးတယ်…

ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို ဆက်လက် စစ်ဆေးကြည့်ရင်း တွေးလိုက်မိသည်။

သူက မူလအဆီအနှစ်ကို စစ်ဆေးကြည့်ပြီးသည့်နောက် ပမာဏက အဆုံးမဲ့ဖြစ်နေကြောင်း ပြောနိုင်လေ၏။ သူ့ချီပန်းပွင့် စွမ်းရည်အပြင် သူက တိုက်ခိုက်ရာတွင် သက်လုံအကြောင်း စိုးရိမ်စရာ မလိုအပ်ပေ။

တာအိုကို သက်သေပြပြီးတဲ့နောက်မှာ မူလအဆီအနှစ်က ဧကရာဇ်ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီးတော့ ငါ့အုတ်မြစ်ကို အကျိုးရှိလာစေလိမ့်မယ်…

စွမ်းအင်သာရှိသည့် ကျင့်ကြံရေးနည်းစနစ်များက ဧကရာဇ်အဆင့်တွင် အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ချက် ရှိလေသည်။ အကယ်၍ သူတို့၏ စွမ်းအင်ပမာဏက ကျယ်ပြန့်ကာ လုံလုံလောက်လောက် သန့်စင်နေသရွေ့ သူတို့သည် ဧကရာဇ်ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်လိမ့်မည်။ ဧကရာဇ်ခန္ဓာကိုယ်က လုံလုံလောက်လောက် အားကောင်းသရွေ့ တစ်စုံတစ်ယောက်က ထာဝရအထွတ်အထိပ် ဖြစ်လာဖို့ အသုံးပြုနိုင်သည်။

တခြားသော ကျင့်ကြံရေးနည်းစနစ်များက သန့်စင်စွမ်းအင်နည်းစနစ်များထက် အရေးသာချက်များစွာ ရှိပေသည်။ နမူနာအားဖြင့် ဝမ်ဝေ့၏ ရွှေရောင်တာအိုသစ်ပင်သည် သူ့ဧကရာဇ်ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားကာ သူ့တာအိုအုတ်မြစ်ကို မြှင့်တင်ပေးလိမ့်မည်။

ဝမ်ဝေ့က လက်သီးဆုပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားကို ခံစားလိုက်၏။

မကောင်းဆိုးဝါးနတ်ဘုရား(၁၈)ပါးခွန်အားပဲ…

၉တောင်တိုးလာတယ်…

မဆိုးဘူးပဲ…

နောက်ဆုံးတော့ ဝမ်ဝေ့က သူ့ကံကြမ္မာသာလွန်ကျမ်းကို စစ်ဆေးကြည့်လိုက်သည်။ လူဝင်စားတစ်ခုချင်းစီက ထူးကဲသည့် ကျမ်းကိုယ်စီ ရှိထားသည့်အတွက် ယခုအခါ ပြန်လည်ပေါင်းစပ်ရမည်။

ဒါက အချိန်တော့ ကြာလောက်တယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ကံကြမ္မာလူဝင်စားက ထိုပေါင်းစပ်မှုအတွက် ပုံကြမ်းကို ဖန်တီးထားခဲ့သောကြောင့် သူက ဖြည့်တင်းဖို့ရာသာ လိုအပ်တော့၏။

ကျွီ

အခန်းတံခါးက ရုတ်ချည်းပွင့်လာကာ လူနှစ်ယောက် ဝင်ရောက်လာသည်။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်၏။

“ဝူဖန်က အရှင့်ကို ဂါရဝပြုပါတယ်” အမျိုးသမီးက ဦးညွှတ်လိုက်၏။ ဝမ်ဝေ့က သူမကို ကြည့်လိုက်ကာ စစ်ဆေးမှုအတွင်း သူ့ကစားပွဲတွင် ပါဝင်ခဲ့သည့် သိုင်းပညာအံ့ဖွယ်တိုင်းပြည်မှ မိန်းကလေးဖြစ်ကြောင်း အမှတ်ရလိုက်သည်။ သူမက နောက်ဆုံးအနိုင်ရရှိသူ ဖြစ်လာကာ ဤကမ္ဘာ၏ အုပ်ချုပ်သူ ဖြစ်လာခဲ့သည်။ နှစ်များစွာကြာမြင့်ပြီးသည့်နောက်တွင်ပင် သူမက ထိုအာဏာကို ထိန်းသိမ်းထားနိုင်ဟန်ပေါ်၏။

“အဆင့်(၉) မျိုးရိုးဗီဇစစ်သည်တော် … မဆိုးဘူးပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

“ဒီမိန်းကလေးက အရှင့်ရှေ့မှာတော့ ဘာမှမဟုတ်ပါဘူး” ဝူဖန်က ဖုံးကွယ်ထားသည့် စိတ်ခံစားချက်ဖြင့် ပြောလိုက်သည်။ ဤကမ္ဘာ၏ စစ်သည်တော်များက အဆင့်(၉) ရောက်ရှိပြီးသည့်နောက်တွင် လူများစွာက ဤကမ္ဘာ၏ အစစ်အမှန်အုပ်ချုပ်သူ ဖြစ်သည့် မသေမျိုးအရှင်ကို စိန်ခေါ်ရဲလောက်အောင် မောက်မာလာကြသည်။

ကံဆိုးစွာဖြင့် ဝမ်ဝေ့၏ ကိုယ်ပွားက သူတို့အားလုံးကို တစ်ချက်တည်းဖြင့် အမှောက်သိပ်ခဲ့သည်။ ထိုအရာက ကိုယ်ပွားဖြစ်နေလျှင်ပင် အထွတ်အထိပ်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတချို့ကို သတ်ပစ်နိုင်သေးသည်။

“အချိန်မဖြုန်းပဲ နေကြစို့” ဝမ်ဝေ့က သူမနောက်မှ သိပ္ပံပညာရှင်ကိုကြည့်ကာ ပြောလိုက်သည်။

“ငါ တာဝန်ပေးတာ ပြီးသွားပြီလား”

“ဟုတ် ပြီးလည်းပြီးတယ်၊ မပြီးလည်း မပြီးသေးပါဘူး” ဝေ့အန်းလိုင်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြန်ဖြေလေ၏။

“သက်သက်သာသာပြောပါ” ဝေ့အန်းလိုင်က အသက်ပြင်းပြင်းရှူကာ ရှင်းပြလိုက်သည်။

“ကျွန်တော်တို့ လေ့လာထားသလောက် ကွမ်တန်နယ်ပယ်ဆိုတာက အဆင့်(၁၀)ကို ရောက်ဖို့ နည်းလမ်းဆိုတာ အမှန်ပဲ”

သူက ဝမ်ဝေ့အား အချက်အလက်မြောက်များစွာကို ပြသလိုက်သည်။

“အဲဒါကို ကွမ်တန်နယ်ပယ်ဆိုတာက ဘာလဲ” ဝမ်ဝေ့က ပြန်မေးလိုက်သည်။

“တကယ်ကို အံ့ဩဖို့ကောင်းတဲ့ ကမ္ဘာတစ်ခုပါ” ဝေ့အန်းလိုင်က အကြည့်များ တောက်ပလာကာ ပြောလိုက်သည်။

“ဒါက ရုပ်ခန္ဓာစည်းမျဉ်းတွေ ပျက်စီးသွားတဲ့ နေရာတစ်ခုပဲ။ အရှိန်ကန့်သတ်ချက်က အလင်းအရှိန် မဟုတ်တော့ဘဲ အပူချိန်ကလည်း အကြွင်းမဲ့ သုညထက် နိမ့်ဆင်းသွားနိုင်တယ်။ ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက ဒီအချက်တွေကြောင့် မဟုတ်သေးဘူး”

အဆင့်(၇)ရောက်ပြီးသည့်နောက်တွင် မျိုးရိုးဗီဇစစ်သည်တော်များက ရုပ်ခန္ဓာစည်းမျဉ်းကို ချိုးဖောက်နိုင်ကြသည်။

“ကွမ်တန်နယ်ပယ်ရဲ့ တကယ်အံ့ဩဖို့ ကောင်းတာက အယူအဆသဘောတရား တည်ရှိနေတဲ့အချက်ပဲ။ သေခြင်းနဲ့ ရှင်ခြင်းတွေက ဆဲလ်နဲ့ အသိစိတ်တွေရဲ့ ရိုးရိုးရှင်းရှင်း ပျက်ယွင်းမှု မဟုတ်တော့ဘူး။ ကံကြမ္မာက ဖြစ်နိုင်ချေတစ်ခု မဟုတ်တော့ဘဲနဲ့ ဖန်ဆင်းမှုကလည်း လှုံ့ဆော်မှုတစ်ခု မဟုတ်တော့ဘူး။ သူတို့က အမှန်တကယ် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ သဘောတရားတွေ ဖြစ်လာတယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး

“အဲဒါဆို အဆင့်(၁၀ )မျိုးရိုးဗီဇစစ်သည်တော်တွေကို ဘယ်လိုဖြစ်နိုင်မှာလဲ”

“ကွမ်တန်နယ်ပယ်ကို ဝင်ရောက်ပြီးတော့ မြင့်မားတဲ့အသိစိတ်ကို အသုံးပြုပြီး အဲဒီသဘောတရားတွေကို စုပ်ယူရမယ်။ ခန္ဓာကိုယ်ကို ကွမ်တန်သက်ရှိအဖြစ် ဒါမှမဟုတ် မြင့်မားတဲ့ ဒိုင်မေးရှင်းသက်ရှိအဖြစ် ပြောင်းလဲရမယ်” ဝေ့အန်းလိုင်က ရှင်းပြလိုက်သည်။

ထို့နောက် သူက နှမြောတသဖြစ်စွာဖြင့် သက်ပြင်းချလိုက်ပြီး “နှမြောစရာကောင်းတာက ဒီနည်းလမ်းက သီအိုရီသဘောတရားပဲ ရှိသေးတယ်။ ဘယ်သူကမှ မအောင်မြင်သေးဘူး”

“ဘာလို့လဲ”

“ကွမ်တန်နယ်ပယ်ရဲ့ ထိပ်ဖျားကို အောင်မြင်တဲ့လူတချို့တော့ ရှိတယ်။ တခြားသူတွေကတော့ သေဆုံးသွားကြတယ်။ ဒါပေမဲ့ အောင်မြင်တဲ့သူတစ်ယောက်ကတောင် ဒီနယ်ပယ်မှာရှိတဲ့ သဘောတရားတွေအကြောင်း မရှာဖွေနိုင်သလို မထိတွေ့နိုင်ဘူး”

“သူတို့ရဲ့ မြင့်မားတဲ့ အသိစိတ်က မလုံလောက်ဖူးလား”

“ဟုတ်ပါတယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ထိုသူများ၏ ဝိညာဉ်သည် အောင်မြင်ဖို့ရာ မလုံလောက်ကြောင်း နားလည်သွားသည်။ သို့သော် သူက ထိုပြဿနာမရှိပေ။

“ငါ ပေးထားတဲ့ သွေးက ကွမ်တန်နယ်ပယ်ရဲ့ သဘောတရား ပါဝင်နေလား”

ဝမ်ဝေ့က မေးလိုက်သည်။

“ဟုတ်ပါတယ်။ တစ်ခုက ကြမ္မာစွမ်းအား ပါဝင်နေပြီးတော့ နောက်တစ်ခုက သတ်ဖြတ်ရေးစွမ်းအား ပါဝင်နေတယ်” ထိုသူ၏ အကြည့်တွင် တောင့်တမှုများ ပြည့်နှက်လာ၏။

“ကျွန်တော်တို့ကို ပေးတဲ့ဟာက အသွေးအသားနဲ့ သဘောတရားကို ပြီးပြည့်စုံစွာ ရောစပ်ထားတဲ့ နမူနာတစ်ခုပဲ။ အဲဒီခန္ဓာကိုယ်ရဲ့ ဆဲလ်တိုင်းက သူတို့တွေ ပါဝင်နိုင်တယ်”

ဝေ့အန်းလိုင်၏ အကြည့်များက တောက်ပလာကာ

“ပြီးတော့ အဲဒီသက်ရှိက အသွေးအသားကြောင့် ကန့်သတ်ခံမထားရဘူး။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အယူအဆက အမှတ်အသား ရှိနေတယ်။ ပြောချင်တာက အသွေးအသားနဲ့ မြင့်မားတဲ့ အသိစိတ် ပျောက်ဆုံးသွားရင်တောင် တည်ရှိနိုင်သေးတယ်”

ဝမ်ဝေ့က စိတ်ခံစားချက်များကို ထိန်းချုပ်ကာ မျက်မှောင်ကြုတ်လိုက်၏။

“ကွမ်တန်နယ်ပယ်ကို ဘယ်လိုဝင်ရောက်ရမလဲ။ ငါ့ကိုယ်ငါ ကျုံ့ပြီးတော့လား” သူက မေးလိုက်သည်။

“ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ရဲ့ ရှေးဦးနည်းပညာကြောင့်ပဲ ဖြစ်နေတာပါ” ဝေ့အန်းလိုင်က ရှင်းပြလိုက်သည်။

“ကွမ်တန်နယ်ပယ်ဆိုတာက မြင့်မားတဲ့ဒိုင်မေးရှင်းတစ်ခုလို ဖြစ်ပြီးတော့ လက်တွေ့နဲ့ အယူအဆသဘောကြားမှာ တည်ရှိတဲ့ နေရာတစ်ခု ဖြစ်နေနိုင်တယ်။ ကံဆိုးတာက ကျွန်တော်တို့က အဲဒီကို ကျုံ့ပြီးတော့ပဲ ဝင်ရောက်နိုင်တယ်။ မအောင်မြင်ခင် ခန္ဓာကိုယ်ရဲ့ခွန်အားက သေချာတဲ့ အနေအထားတစ်ခုရောက်ဖို့ လိုအပ်တယ်။”

ဝမ်ဝေ့က အရာအားလုံးကို နားမလည်ခင် မေးခွန်းများ ထပ်မံမေးခဲ့သည်။ ထို့နောက် သူက ထိုသူနှစ်ဦးအား သူ့အတွက် ပြင်ဆင်ခိုင်းခဲ့၏။ သူက ကံကြမ္မာလူဝင်စားအတွက် အချိန်အစီအရင်ကို ခင်းကျင်းပေးခဲ့ပြီး ထိုသူက ထိပ်သီး ၉ဆင့်မြောက်သို့ အလျင်အမြန် ရောက်ရှိသွားသည်။

နောက်ဆုံးတွင် လူဝင်စားက အလွန်ရှုပ်ထွေးလှဟန်ပေါ်သည့် စက်ယန္တရားကို အသုံးပြုကာ ကွမ်တန်နယ်ပယ်ထဲ ဝင်ရောက်လိုက်၏။ ဖြစ်စဉ်က ချောမွေ့နေခဲ့သည်။ သို့သော်လည်း လူဝင်စားက ဝင်ရောက်ပြီးသည့်နောက်တွင် ပြဿနာကြုံတွေ့ခဲ့ရသည်။

သူက သူ အထဲရောက်သွားသည့် စက္ကန့်ပိုင်းတွင် သူ့ကို ရှင်းထုတ်နေသည့် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုကို ခံစားမိသည်။ ထို့ကြောင့် သူက သူ့စွမ်းအားဖြင့် ခုခံထားရ၏။ အခြေအနေကို သိပြီးသည့်နောက်တွင်လူဝင်စားက ကံကြမ္မာသဘောတရားကို အလျင်အမြန် ရှာဖွေလိုက်ပြီး စုပ်ယူလိုက်သည်။

ကံဆိုးစွာဖြင့် သူက နောက်ထပ် ပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ သူ့အနေနှင့် ကွမ်တန်နယ်ပယ်ထဲရှိ စွမ်းအားက သူ့ကို မဖျက်ဆီးခင် မသန့်စင်နိုင်ခဲ့ပေ။ ကံကောင်းစွာဖြင့် ကံကြမ္မာလူဝင်စားက ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ပင်မခန္ဓာကိုယ်က သူ့ဝိညာဉ်ကို စည်းဖွင့်ပေးကာ အသုံးပြုစေဖို့ ဝိညာဉ်စွမ်းအား အမြောက်အများ ပေးအပ်ခဲ့၏။ ထိုအရာဖြင့် သူသည် သဘောတရားကို အလျင်အမြန် စုပ်ယူနိုင်ခဲ့သည်။

လူဝင်စားက သူ့ခန္ဓာကိုယ်က သိမ်မွေ့သွားသလို ခံစားလိုက်ရသည်။ ထို့အပြင် သူက ကွမ်တန်နယ်ပယ်၏ စွမ်းအားကို ခုခံနိုင်စွမ်း မြင့်မားလှ၏။ ကံဆိုးစွာဖြင့် သိပ်မကြာခင် သူက မျက်မှောင်ကြုတ်လိုက်သည်။

“မလုံလောက်သေးဘူး” သူက ရေရွတ်လိုက်သည်။

“ငါ့လက်ရှိစွမ်းအားက ပွင့်ချပ်တစ်လွှာ ထာဝရအရှင်နဲ့ ညီမျှတာ”

ထို့နောက် သူက ဘာလုပ်ရမည်ကို သိသွားလေသည်။ သူက သူ့ကိုယ်သူ သိမ်မွေ့စေဖို့အတွက် အယူအဆသဘောတရားများစွာကို ထပ်မံစုပ်ယူလိုက်သည်။ အမည်မသိ အချိန်တစ်ခုကြာမြင့်ပြီးသည့်နောက်တွင် သူ့လူဝင်စားက သူ့ခန္ဓာကိုယ်သည် မဖော်ပြနိုင်လောက်သည့် အနေအထားတစ်ခုအထိ ပြောင်းလဲသွားကြောင်း ခံစားမိလိုက်၏။

“အောင်မြင်ပြီ” သူက အကြည့်များ တောက်ပလာကာ ရေရွတ်လိုက်၏။

“ငါ ဆက်ပြီးတော့ စုပ်ယူရဦးမှာလား”

ကံဆိုးစွာဖြင့် သူက ကြောက်မက်ဖွယ်ကောင်းသည့် အသိစိတ်တစ်ခု နိုးထလာသည်ကို ခံစားမိလိုက်၍ ထိုအတွေးကို ကြာကြာမတွေးနိုင်ခဲ့ပေ။

သူက မျက်မှောင်ကြုတ်လိုက်ကာ ထိုအပြောင်းအလဲနှင့် ပတ်သက်ပြီး စဉ်းစားလိုက်သည်။ သို့သော်လည်း သူက ထိုအသိစိတ်၏ အကျိုးဆက်ကို သိထားသည့်အတွက် ဘေးကင်းဖို့ရာသာ ဦးစားပေးခဲ့သည်။ ထို့ကြောင့် သူက ဝေ့အန်းလိုင် ပေးထားသည့် နည်းလမ်းကို အသုံးပြုကာ ပြန်ရောက်လာခဲ့၏။

“ဘယ်လိုနေလဲ” ဝမ်ဝေ့က လူဝင်စားကို မြင်သည့်အခါ မေးလိုက်သည်။ ထိုသူက ပြန်မဖြေဘဲ အားကောင်းသည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်၏။ ခဏအကြာတွင် ဝမ်ဝေ့က ထိုအရှိန်အဝါသည် သူ့ကို သတ်ဖို့ လုံလောက်နေကြောင်း ပြောနိုင်လေသည်။

“ကောင်းတယ်” သူက ရေရွတ်လိုက်သည်။

“ငါတို့တွေ အချိန်မဖြုန်းဘဲနဲ့ ပေါင်းစပ်လိုက်ရအောင်”

ဘေးအန္တရာယ်ကင်းစေဖို့ရာနှင့် မဟာတာအိုပေါ်ထွက်လာမည်ကို စိုးရိမ်၍ သူက ဤကမ္ဘာအတွင်း၌သာ လုပ်ဆောင်ခဲ့သည်။

ဖြစ်စဉ်က အကြောင်းအရင်းတစ်ခုကြောင့် ချောမွေ့မနေခဲ့ပေ။ မျိုးရိုးဗီဇနည်းစနစ်က နောက်ထပ်ကျင့်ကြံရေး နည်းစနစ်ဖြစ်ပြီး မူလနည်းစနစ်နှင့် အနည်းငယ် မသင့်တော်ပေ။ ကံကောင်းစွာဖြင့် သူက ကိုယ်ပွား ၈ခု အခြေခံအုတ်မြစ်ကို ဖန်တီးစဉ်အခါက ထိုပြဿနာကို ကြုံတွေ့ခဲ့ရသည်။

ဝုန်း

သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ သူ ထားရှိသည့် အစီအရင်များကို အက်လာစေသည်။ ဝမ်ဝေ့က သူ့စွမ်းအားသည် နောက်ထပ် တစ်ဆင့်ရောက်ရှိသွားသည်ကို ခံစားမိလိုက်၏။

“ငါက ပြိုင်ဘက်ကင်းသလို ခံစားနေရတယ်။ ဒါက မဟာဧကရာဇ်တစ်ယောက်ရဲ့ စွမ်းအားလား” သူက ပြန်လည်မဖန်တီးခင် ကမ္ဘာတစ်ခုလုံးကို တိုက်ကွက်တစ်ခုဖြင့် ဖျက်ဆီးပစ်လိုစိတ်ကို ရုတ်ချည်း ခံစားမိလိုက်သည်။ သူက သူ့အားကောင်းသည့် တာအိုနှလုံးသားမှတဆင့် ထိုမောက်မာမှုကို ချက်ချင်း ထိန်းချုပ်လိုက်၏။

“စိတ် အပြောင်းအလဲက နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်” သူကမှတ်ချက်ပေးလိုက်သည်။ သူ့တာအိုနှလုံးသားဖြင့် သူ့စွမ်းအားကို အမှန်တကယ် ထိန်းချုပ်မှု ဆုံးရှုံးခဲ့ရသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါ အောင်မြင်ခဲ့ပြီ”

***

All Chapters