← Chapters

ကွမ်တန်နယ်ပယ်၏ လျှို့ဝှက်ဆန်းကြယ်မှု

Vol. 53 Ch. 741

ကွမ်တန်နယ်ပယ်၏ လျှို့ဝှက်ဆန်းကြယ်မှု

Vol. 53 Ch. 741

လျှို့ဝှက်အခန်းအတွင်း ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ အပြောင်းအလဲများကို စစ်ဆေးကြည့်လိုက်သည်။ သူ့ဝိညာဉ်က သန့်စင်နေပြီး ပထမဦးဆုံးအကြိမ်အဖြစ် ကွဲပြားချက်ကို ခံစားမိလိုက်ခြင်း ဖြစ်၏။ သူ့မူလအဆီအနှစ်နှင့် အံ့ဖွယ်ပင်လယ်တို့က ထပ်ဆင့် တိုးပွားသွားခဲ့သည်။

ဝမ်ဝေ့က သူ့ခွန်အားအစစ်အမှန်တာအိုသည် မကောင်းဆိုးဝါးနတ်ဘုရား(၁၉)ပါး ခွန်အားသို့ ရောက်ရှိသွားပြီး တစ်ဂဏန်း တိုးမြင့်လာကြောင့် ခံစားမိလိုက်သည်။

“ဘယ်လို တိုးတက်မှု အသေးအမွှားပဲ ဖြစ်ဖြစ် အရယူရမယ်” သူက တာအိုသစ်ပင်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မှတ်ချက်ပေးလိုက်၏။

“ခရမ်းရွှေရောင်” သူက ရေရွတ်လိုက်သည်။ တစ်ခုလုံးက ယခင် ရွှေရောင်မှ ခရမ်းရွှေရောင်သို့ ပြောင်းလဲနေပြီ ဖြစ်၏။

“စည်းမျဉ်းအပေါ် နက်နက်နဲနဲ နားလည်နိုင်စွမ်းအရဆိုရင်တော့ အဓိပ္ပာယ်ရှိသား”

သို့သော် နဝမအဆုံးစွန်အုတ်မြစ်ကို ကျော်လွန်ပြီးသည့်နောက် သူက ထိုကန့်သတ်ချက်ကို ချိုးဖောက်ပစ်ခဲ့သည်။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူသွင်းကာ “ဒီလောက်နှစ်အများကြီး အားစိုက်ထုတ်မှုတွေနဲ့ စမ်းသပ်ချက်များစွာ ကျော်ဖြတ်ပြီးတဲ့နောက်မှာ ဒီအဆင့်ကို ရောက်ရှိခဲ့ပြီ”

မဟာဧကရာဇ်၏ အင်အားကို ရယူပြီးသည့်နောက်တွင် သူ့ကျင့်ကြံရေးတွင် သိသိသာသာ တိုးပွားလာခဲ့၏။ သို့သော်လည်း ထိုအရာက မလုံလောက်သေးပေ။ သူက သေခြင်းရှင်ခြင်း အနှောင်အဖွဲ့မှ မလွတ်မြောက်သေးပေ။

“ဒီကွန်တမ်နယ်ပယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ အဲဒီအားကောင်းကောင်း အသိစိတ်တစ်ခုက ဘာဖြစ်နေမလဲ” ဝမ်ဝေ့က အထဲရှိ အတွေ့အကြုံကို ပြန်လည်အမှတ်ရရင်း ရေရွတ်လိုက်သည်။ အရာအားလုံးက မဲမှောင်နေပြီး အယူအဆသဘောတရားများဖြစ်သည့် အလင်းပျောက်တချို့သာ ရှိနေလေသည်။

ထိုနယ်ပယ်တစ်ခုလုံးက အဆုံးမဲ့ကာ မြင့်မြတ်သည့် ခံစားချက်မျိုး ပေးစွမ်း၏။

“ဒါက အချိန်မြစ်ကြောင်း ဒါမှမဟုတ် ကံကြမ္မာမြစ်ကြောင်းနဲ့ တူညီတဲ့ စကြဝဠာရဲ့ အစိတ်အပိုင်းပုံစံတစ်ခုလိုမျိုးပဲ။ ကြည့်ရတာ သူတို့အားလုံး ပေါင်းစပ်ထားတာတောင် ဖြစ်နေနိုင်တယ်”

ဝမ်ဝေ့က သူ့ယခင်ဘဝမှ ဆောင်ပုဒ်နှစ်ခုကို ရုတ်ချည်းအမှတ်ရသွား၏။

“လမ်းစဉ်အားလုံးက တူညီတဲ့ အဆုံးသတ်ကို ဦးတည်နေတယ်”

“သိပ္ပံရဲ့ အဆုံးသတ်က နတ်ဘုရားပဲ”

“သိပ္ပံနဲ့ နည်းပညာနဲ့ ကျင့်ကြံရေးတို့က တူညီတဲ့အရာကို ရယူနိုင်တဲ့ ကွဲပြားတဲ့ နည်းလမ်းတွေပဲ။ သိပ္ပံပညာက လုံလောက်တဲ့ အနေအထား ရောက်ရှိသွားတယ်ဆိုရင် နတ်ဘုရားအနေအထားအထိ ရောက်ရှိလာလိမ့်မယ်။ အဲဒါဆိုရင် သိပ္ပံနည်းမကျတဲ့ အရာတွေကိုတောင် ရယူနိုင်စွမ်း ရှိလာလိမ့်မယ်။ သိပ္ပံက အစီအစဉ်ကျမှု ရှိပြီးတော့ ရေက သတ်မှတ်ထားတဲ့ အပူချိန်မှာ ဆူပွက်နိုင်ပြီးတော့ သတ်မှတ်ထားတဲ့ အပူချိန်မှာ အေးခဲနိုင်တယ်။ ဒါမှမဟုတ် ပန်းသီးတစ်လုံးက လေထဲကို မြောက်တက်ပြီးသွားရင် မြေပေါ်ကို ပြန်လည်ကျဆင်းမှာပဲ။ သိပ္ပံလောက လုပ်ဆောင်သည့်ပုံစံက အသေးစိတ်ကျကာ တိကျတယ်။

စကြဝဠာက သူ့ကိုယ်ပိုင်အစီအစဉ်ကျမှု လည်ပတ်နေတာလား။ ဒါမှမဟုတ် မဟာတာအိုလိုမျိုး အစီအစဉ်ကျမှုမျိုးကို ထိန်းသိမ်းထားတာမျိုးလား”

ဝမ်ဝေ့က ထိုကြောက်မက်ဖွယ်စိတ်ဆန္ဒတစ်ခု နိုးထလာသည်ကို ရုတ်ချည်းအမှတ်ရသွား၏။

“အဲဒါက သိပ္ပံနည်းပညာကမ္ဘာရဲ့ မဟာတာအိုပုံစံလား။ စိတ်ဝင်စားစရာပဲ။ ဒီကမ္ဘာက အသုံးဝင်သေးမဲ့ပုံပဲ”

သူက ထိုကမ္ဘာသည် အန္တရာယ်ရှိသော်လည်း သိမ်းဆည်းထားဖို့ ဆုံးဖြတ်လိုက်သည်။ နောင်အနာဂတ်တွင် သူက ကောင်းကင်ဘုံနှင့် စံပြများ၏ ခန္ဓာကိုယ်ပင် ထောက်ပံ့ပေးပြီး သူတို့ကို ကွမ်တန်နယ်ပယ်အဆင့်ထဲ ဆက်လက် လေ့လာခိုင်းမည်။ ထိုအရာက တစ်ရက်ကျလျှင် အသုံးဝင်လာနိုင်၏။

ထို့နောက် သူက နောက်ထပ် တစ်ခုကို အာရုံစိုက်ထားလိုက်သည်။ သိပ္ပံနှင့် ကျင့်ကြံရေးက တူညီသည့်အရာကို ရယူသည့် ကွဲပြားသော နည်းလမ်းများဖြစ်သည့်အတွက် သူတို့က ဘာကိုရယူဖို့ ကြိုးစားနေကြသနည်း။

သူတို့၏ အဆုံးသတ်ရည်မှန်းချက်က ဘာဖြစ်သနည်း။

“ထူးကဲသာလွန်မှု ဒါမှမဟုတ် အစွဲကင်းမှု” ဝမ်ဝေ့က အကြည့်များတောက်ပလာကာ ရေရွတ်လိုက်၏။ သူက ဝူဖန်နှင့် ဝေ့အန်းလိုင်တို့ကို စကားအနည်းငယ် ပြောပြီးသည့်နောက်တွင် ထွက်ခွာလာလိုက်သည်။

သူ့စိတ်ထဲ ပထမဆုံး ပေါ်လာသည့်အရာက သူ့ဇနီးကို ကြွားလုံးထုတ်ဖို့ ဖြစ်၏။ သူက သူမကို အနိုင်မယူနိုင်သေးသော်လည်း ကြွားလုံးထုတ်နိုင်သေးသည်။ ကံဆိုးစွာဖြင့် သူက လျှို့ဝှက်နယ်မြေမှ ထွက်ထွက်လာချင်း အမူအရာ ရုတ်ချည်းပြောင်းလဲသွား၏။

ကောင်းကင်မှ ကြောက်မက်ဖွယ် ဖိအားတစ်ခု ဆင်းသက်လာကာ ဝေဟင်အထက် ဧရာမမျက်လုံးကြီးတစ်ခု ပေါ်ထွက်လာပြီး သူ့ကို စိုက်ကြည့်နေသည်။

ကျစ် မဟာတာအို…

ဝမ်ဝေ့က မလှုပ်ရှားနိုင်တော့ဘဲ ထိုမျက်လုံးက သူ့ကို ကြည့်နေသည့်အတွက် သူ့ တွေးခေါ်နှုန်းက အင်မတန် နိမ့်ကျလာသည်။ သူ တစ်ယောက်တည်းသာ မဟုတ်ပေ။ တာအိုအခွင့်အလမ်းဂိုဏ်းရှိ လူအားလုံးကလည်း တူညီစွာ ခံစားနေရ၏။ ကံကောင်းစွာဖြင့် ထိုမျက်လုံးက ဝမ်ဝေ့ကိုသာ ကြည့်နေသည့်အတွက် သူတို့က ထိုစွမ်းအားကို တိုက်ရိုက်ရင်ဆိုင်စရာမလိုပေ။

ထိုစဉ် ဝမ်ဝေ့ကမူ ကူကယ်ရာမဲ့နေမိသည်။ မဟာဧကရာဇ်စွမ်းအားကို ရရှိထားသည့် စိတ်လှုပ်ရှားမှုအားလုံးကလည်း ပျောက်ကွယ်သွား၏။

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထိုမျက်လုံးက ပျောက်ကွယ်သွားပြီး အနက်ရောင် တိမ်တိုက်များ စုဝေးလာသည်။

စမ်းသပ်ချက်လား မဟုတ်သေးဘူး ဒါက နတ်ဘုရားအပြစ်ဒဏ်ပဲ…

သူက လက်ကို ဝှေ့ယမ်းလိုက်ပြီးသည့်နောက် ဂိုဏ်း၏ ဧကရာဇ်အစီအရင်ကို အသက်သွင်းကာ တပည့်များနှင့် အကြီးအကဲများကို ကာကွယ်လိုက်သည်။

ဘန်း

ကောင်းကင်မှ အနက်ရောင် မိုးကြိုးချက် ကျဆင်းလာ၏။ ဝမ်ဝေ့က လက်သီးဖြင့် ထိုးချလိုက်သည်။ ကံဆိုးစွာဖြင့် သူက သွေးတစ်ပွက် အန်လိုက်ရသည်။

“ဒါက စမ်းသပ်ချက်လား ဒါမှမဟုတ် ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား။ ဘာဖြစ်ဖြစ် ကိစ္စမရှိဘူး”

သူက လျှပ်စီးမိုးကြိုးများနှင့် ရင်ဆိုင်နေရင်း တိုက်ခိုက်လိုစိတ် မြင့်မားလာရသည်။ သူက သေဆုံးလုနီးပါးအခြေအနေအထိ အကြိမ်များစွာ ရောက်ရှိခဲ့၏။ သို့သော်လည်း သူက ဂိုဏ်း၏ အစီအရင်ကို သူ့အား ကူညီပေးဖို့ အသုံးမပြုခဲ့ပေ။

နောက်ဆုံးတွင် တိမ်တိုက်များ ကင်းစင်သွားပြီး ဝမ်ဝေ့က ဝေဟင်အထက် မျောလွင့်နေ၏။ ပြောရလျှင် သူ့တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပေသည်။ သူ့ အောက်ပိုင်းခန္ဓာကိုယ်က ပျောက်ဆုံးသွားပြီး ဘယ်ဖက်လက်လည်း ပျောက်ဆုံးသွားပြီ ဖြစ်သည်။ သူ့လက်များလည်း သွေးများပေကျံနေကာ သူ့လှပသည့် ဆံပင်များကလည်း လောင်ကျွမ်းနေပြီ ဖြစ်၏။

“မဆိုးဘူးပဲ” သူက မှတ်ချက်ပေးလိုက်သည်။

“ငါက ဒီဆေးကြောမှုအပြီးမှာ မကောင်းဆိုးဝါးနတ်ဘုရား ၂၀ ခွန်အားအထိ ရောက်ရှိသွားပြီ”

ထို့နောက် သူ့ဝိညာဉ်က ထိခိုက်သွားသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း တကယ့်ပြဿနာက ထိုမိုးကြိုးချက်သည် ဖယ်ရှားဖို့ မလွယ်ကူခြင်း ဖြစ်၏။ ဆိုလိုသည်မှာ သူ့နဂိုအခြေအနေ ပြန်ရောက်ဖို့ အလိုအလျောက် ကုစားနိုင်စွမ်းကို မှီခို၍ မရပေ။

“ဟမ်” သူ့စိတ်ထဲ သတင်းအချက်အလက် ဝင်ရောက်လာ၍ ရေရွတ်လိုက်သည်။

“သေမျိုးဧကရာဇ်လား”

သူက ကံကောင်းမှု၊ ကြမ္မာနှင့် တည်ရှိမှုနားလည်နိုင်စွမ်း အချိန်တိုးမြှင့်ပေးမှုတို့ အပါအဝင် စွမ်းဆောင်ရည်များစွာရှိသည့် သေမျိုးဧကရာဇ်ဂုဏ်ပုဒ်ကို ရရှိလိုက်ကြောင်း သိလိုက်သည်။

ငါ့ ကံကောင်းမှုက ထပ်ပြီးတော့ တိုးမြှင့်နိုင်သေးတာလား…

သူ ရရှိသည့်အဖြေက အကောင်းဘက်မှ ဖြစ်၏။ သူက သူ့သက်တံရောင် ချီကံကောင်းမှုနဂါးသည် အရောင်မရှိဘဲ အဖြူရောင် ပြောင်းလဲသွားသည်ကို ကြည့်နေမိသည်။

“စိတ်ဝင်စားစရာပဲ” သူက တခြားအကျိုးကျေးဇူးများအပေါ် အာရုံစိုက်ထားလိုက်သည်။ သူက တစ်ယွမ်ခေတ်ကာလအစား ကိုးယွမ်ခေတ်ကာလအထိ နေထိုင်နိုင်ပြီး တာအိုကို သက်သေပြပြီးသည့်နောက်တွင် အသက်တစ်သက်အပို ရရှိလာလိမ့်မည်။

“နဝမသာလွန်အုတ်မြစ်လား။ တစ်ခုခုထူးဆန်းနေတယ်လို့ ဘာလို့ထင်နေမိပါလိမ့်” သူက စကြဝဠာ၏ အမှန်တရားကို ရှာဖွေဖို့ ဂမ္ဘီရကို လုပ်ဆောင်လိုက်သည်။ ထို့နောက် သူက လွန်ခဲ့သည့် နှစ်နှစ်ရာခန့်က အနောက်ပိုင်းကုန်းမြေတွင် မြောလွင့်နေသည့် ကောင်းချီးလက္ခဏာများကို မြင်တွေ့ခဲ့ရ၏။

ထိုဂမ္ဘီရက အသုံးမဝင်ဟန်ပေါ်သော်လည်း သူ့စိတ်ထဲ တစ်စုံတစ်ခု နိုးကြားလာကာ မျက်မှောင်ကြုတ်လိုက်သည်။

တိထျန်းက ဒဿမသာလွန်အုတ်မြစ်ကို ရရှိသွားပြီလား…

သူက ထိုသူသည် သူနှင့် တွေ့ဆုံဖို့ မည်မျှပင် သိုဝှက်နေသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုအရာက ဖြစ်နိုင်ကြောင်း ကောက်ချက်ချလိုက်သည်။

ဒါက အမှန်ပဲထားဦးတော့ သူက ကောင်းချီးလက္ခဏာတွေ ရပြီးတော့ ငါက စမ်းသပ်ချက်ကြောင့် သေလုနီးပါး ဘာလို့ဖြစ်နေရတာလဲ။ ငါက တားမြစ်ချက်ကို အသုံးပြုခဲ့လို့လား။ သူကကျတော့ လက်ခံနိုင်လောက်တဲ့ နည်းလမ်းကို အသုံးပြုခဲ့တယ်ပေါ့။ ဒါနဲ့ သူက ဘယ်လိုလုပ်ခဲ့တာလဲ။ ထားပါတော့ အခု အရေးမကြီးဘူး…

သူက အဆုံးမဲ့ဖြစ်နိုင်ချေ အားလုံးကို တွက်ချက်နေသည်။

နောက်ထပ်ဖြစ်နိုင်ချေ တစ်ခုရှိတယ်။ သူက ဒဿမသာလွန်အုတ်မြစ်ကို ရရှိခဲ့တဲ့ ပထမဦးဆုံးလူမလို့ မဟာတာအိုက ဆုချီးမြှင့်ခဲ့တာပဲ…

ငါ့စမ်းသပ်ချက်အနေနဲ့ကတော့ ငါက ဒုတိယမြောက်ဖြစ်ပြီးတော့ တားမြစ်ချက်ကို အသုံးပြုခဲ့လို့ပဲ…

ဝမ်ဝေ့က မဟာတာအိုသည် နောက်ထပ် သေမျိုးဧကရာဇ်တစ်ယောက်၏ တည်ရှိမှုကို ခံစားမိခဲ့သော်လည်း သူ ဤအခြေအနေ မည်သို့ရောက်ရှိခဲ့ကြောင်း မဆုံးဖြတ်နိုင်ခဲ့ပေ။ ထို့ကြောင့် ထိုအရာက ဝမ်ဝေ့ကို စစ်ဆေးကြည့်ပြီးသည့်နောက် တားမြစ်ချက် အသုံးပြုကြောင်း သဘောပေါက်သွားခဲ့သည်။

ငါ သိပ္ပံနဲ့ နည်းပညာကမ္ဘာကို မဟာတာအိုလိုမျိုး သက်ရှိဆီကနေ ဖုံးကွယ်ထားနိုင်တယ်ဆိုတာကို မယုံနိုင်သေးဘူး…

ငါ့လက်ရှိအခြေအနေအတွက် အကောင်းဆုံး ရှင်းပြချက်က ဟုန်ကျွင်းက ငါ့ကို ထူးကဲတဲ့ အနေအထားတစ်ခု ပေးအပ်ထားတာပဲ ဖြစ်ရမယ်။ အဲဒါက တားမြစ်ချက်လိုမျိုးအရာနဲ့ ဝင်ရောက်စွက်ဖက်ဖို့ ထိုက်တန်တဲ့ အနေအထားတစ်ခုပေါ့…

ထိုအတွေးဖြင့် မဟာတာအိုသည် သူက သေမျိုးဧကရာဇ်ဖြစ်လာဖို့ တားမြစ်ချက်ကို အသုံးပြုခဲ့ကြောင်း ရှာတွေ့သွားခဲ့ပြီး သူ့လိမ္မာသိုသိပ်မှုအတွက် စစ်ဆေးမှု သို့မဟုတ် အပြစ်ဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။ နောင်အနာဂတ်တွင် သေမျိုးဧကရာဇ် ဖြစ်လာသည့်သူများက စမ်းသပ်ချက်ကို ကျော်ဖြတ်ရမည်ဖြစ်ကာ ဝမ်ဝေ့၏ အခြေအနေလောက် ဆိုးရွားမည် မဟုတ်ပေ။

“ငါနဲ့ လိုက်ခဲ့” စည်းချက်ကျသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“အကြီးအကဲဓားလား” ဝမ်ဝေ့က အာကာပြင်မုခ်ပေါက်တစ်ခုကို ဖွင့်လှစ်ပြီးနောက် ထွက်သွားလိုက်သည်။ သိပ်မကြာခင် သူက မူလအရှင်နှင့် ဓားအရှင်တို့သည် ဆေးအနံ့ ထွက်ပေါ်နေပြီး ဝိဇ္ဇာနှင့်တူသည့် လူအိုကြီးတစ်ယောက်နှင့်အတူ စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။

“အကြီးအကဲတန့်” ဝမ်ဝေ့က အရိုအသေပြုလိုက်၏။

“ဂိုဏ်းချုပ် လက်ရှိအခြေအနေနဲ့ အဲ့လိုတွေလုပ်ဖို့ မလိုပါဘူး” အကြီးအကဲတန့်က လေးစားစွာ ပြောလိုက်သည်။

“စိတ်အေးအေးထားပါ။ ကျုပ် ပြင်ဆင်ပေးမယ်”

“ကျေးဇူးပါ”

“ဒါက ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ” အကြီးအကဲတန့်က ကိုးကွယ်လိုသည့်အကြည့်ဖြင့် ပြောလိုက်သည်။ သူက မဟာဧကရာဇ်တစ်ယောက်၏ စွမ်းအားရှိထားသည့် သေမျိုးတစ်ယောက်အကြောင်း လျှို့ဝှက်ဆန်းကြယ်မှုကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရသည်။ ထိုအရာကို မည်သူကမှ ယုံမည် မဟုတ်သော်လည်း သူကမူ ကိုယ်ပိုင်မျက်လုံးနှင့် ကြုံတွေ့ခံစားခဲ့ရသည်။ သို့သော်လည်း ပို၍ကောင်းသည်က သူက ထိုဒဏ္ဍာရီလာ လူသားကို ကုစားပေးရမည် ဖြစ်သည်။

ဤမျှရှည်ကြာစွာနေထိုင်ခဲ့သော်လည်း အကြီးအကဲတန့်က ခေတ္တမျှ သူ့စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ခဲ့ပေ။ ဓားအရှင်၏ ချောင်းဟန့်သံကြားမှသာ ဝမ်ဝေ့၏ ဒဏ်ရာများကို ချက်ချင်း ကုသပေးခဲ့၏။

လက်တစ်ချက်အဝှေ့တွင် အသက်ဓာတ်ပြည့်ဝနေသည့် အစိမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ သူက ဝမ်ဝေ့၏ ခေါင်းထဲ ထည့်သွင်းလိုက်ပြီး အက်ကွဲနေသည့် ဦးခေါင်းကို ကုသပေးပြီး ဦးနှောက်ကို ပြန်လည်ကောင်းမွန်စေလိုက်သည်။

ယခင်ဝမ်ဝေ့က ဤသို့ စွမ်းအင်ပမာဏ အမြောက်အများကို မခံယူနိုင်ပေ။ သို့သော် ယခုမူ ကွဲပြားနေပြီ ဖြစ်၏။

ထို့နောက် သူက ဝမ်ဝေ့၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်စေပြီး အံ့ဖွယ်ပင်လယ်ကိုပါ ပြန်လည် ဖြည့်တင်းပေးခဲ့သည်။ သူက ဝမ်ဝေ့၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကိုပင် ကုသပေးခဲ့၏။ ဝမ်ဝေ့၏ စည်းမျဉ်းပလ္လင်နှင့် တာအိုသစ်ပင်တို့က ဗလာနတ္ထိ စွမ်းအားပါဝင်နေသည့်အတွက် လေဟာနယ်ထဲ ရှင်သန်နိုင်ကာ ပြန်လည်ကျင့်ကြံခြင်းနှင့် ပြန်လည်ဖွဲ့စည်းဖို့ သက်သာသွားစေသည်။

ဖြစ်စဉ်တစ်ခုလုံးက သုံးရက်တာ ကြာမြင့်ခဲ့၏။

“ဒီလောက်တောင် စွမ်းအားတွေ အများကြီးကုန်သွားတာပဲ” အကြီးအကဲတန့်က အကြည့်များ တောက်ပလျက် ပြောလိုက်သည်။

“အခု အရင်ဒဏ်ရာဟောင်းတချို့ ကုသပေးခဲ့တယ်”

“ကျေးဇူးပါ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ ခန္ဓာကိုယ်လေ့ကျင့်သူတစ်ယောက်အနေနှင့် ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး ပြန်လည်တည်ဆောက်ရာတွင် မမြင်နိုင်သည့် ဒဏ်ရာများရှိသည်မှာ ပုံမှန်သာ ဖြစ်၏။

“အပြင်ဘက်က တပည့်တွေကို မျက်နှာထွက်ပြလိုက်ဦး” မူလအရှင်က ပြောလိုက်သည်။

“မင်း သေသွားပြီဆိုပြီးတော့ ကောလဟာလတွေ ထွက်နေတာ။ လူတွေရုတ်ရုတ်သဲသဲ မဖြစ်ခင် ဒီအခြေအနေကို မြန်မြန်ကိုင်တွယ်ဖြေရှင်းရမယ်”

လူများစွာက သူတို့၏ မျှော်လင့်ချက်နှင့် အိပ်မက်များကို ဝမ်ဝေ့အပေါ် ပုံအောထားခဲ့ကြသည်။ ထို့ကြောင့် သူ သေဆုံးသွားသည့် ကောလဟာလများကပင် လူအများကို စိတ်ဂယောက်ဂယက် ဖြစ်သွားစေနိုင်သည်။

ထို့ကြောင့် သူက ခေါင်းညိတ်ကာ ပြောလိုက်၏။

“စမ်းသပ်ချက် ခံယူတုန်းက ကျွန်တော်ရဲ့ အငွေ့အသက် ဖုံးကွယ်ထားဖို့ မေ့သွားခဲ့တယ်”

ဝမ်ဝေ့က ပြဿနာများ ကာကွယ်ဖို့ သူ့စွမ်းအားကို ဖုံးကွယ်ထားချင်လိုသည်။ တိထျန်းက သူ့စမ်းသပ်ချက်ကို သိပြီးသည့်နောက်တွင် အဆင့်တက်လှမ်းဖို့ သိရှိသွားလိမ့်မည်။ သို့သော်လည်း သူက တခြားသော အင်အားစုများက သူ့ဧကရာဇ်စွမ်းအားအကြောင်း သိပြီးသည့်နောက်တွင် ထင်ရာစိုင်းလာမည်ကို ပို၍ စိုးရိမ်မိ၏။

“မစိုးရိမ်နဲ့။ မင်းရဲ့ အငွေ့အသက်ကို ဖုံးကွယ်ထားပြီးတော့ ဂိုဏ်းအပေါ်မှာလည်း တားမြစ်ချက်တစ်ခု ထားထားတယ်။ နောက်ဆုံးတိုက်ပွဲမတိုင်ခင်အထိ ဘယ်သူမှ ဝင်လာလို့ မရသလို ထွက်သွားလို့လည်း မရဘူး” ဓားအရှင်က ထိုအလွန်အမင်း စိုးရိမ်နေသူများ၏ အကြောက်တရားကို နားလည်လေသည်။

“အဲဒါဆို ကောင်းတယ်” ဝမ်ဝေ့က စမ်းသပ်ချက်အပေါ် အာရုံရောက်နေသည့်အတွက် သတိထားဖို့ အချိန်မရှိခဲ့ပေ။

“အဲဒါဆို ဂိုဏ်းကို နှစ်သိမ့်ပေးလိုက်ဦးမယ်”

သူက တပည့်များအား သူ့ကျန်းမာကာ အသက်ရှင်နေဆဲဖြစ်ကြောင်းပြသရန် ပွဲတစ်ခုကို ပြင်ဆင်ဖို့ ထွက်သွားလေသည်။

***

All Chapters