အပိုင်း(၅၄၉)
Vol. 37 Ch. 549
ထျန်းလျန်အင်ပါယာ၏ တော်ဝင်မြို့အတွင်းပျံသန်းခွင့်အား
ကန့်သတ်ထားသော်လည်း ထျန်းလျန်အင်ပါယာ၏ တော်ဝင်မြို့၌ ကျင့်ကြံသူများစွာစုစည်းနေသည်ဖြစ်သည်။ ရိုးသားသောလူစုများကြားထဲတွင်
လူလိမ်လူညစ်များကလည်းရာထွေးနေ၏။ ထို့ကြောင့် ထိန်းမနိုင်သိမ်းမရသောလူများပေါ်လာခြင်းကလည်း မလွဲဧကန်ပင်ဖြစ်၏။
ရှစ်ဖုန့်ကကျားဖြူပေါ်၌ စီးနင်း၍ ကောင်းကင်ယံထဲသို့ထိုးတက်သွားသည်။ ဤအချိန်တွင် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏ အထက်၌ မများစွာသောပုံရိပ်မည်းများက ညကောင်းကင်ယံထဲ၌ ပိန်းပေါက်အောင်ဖြတ်သန်းနေကြသည်။ ရှစ်ဖုန့်အားဖြတ်ကျော်သွားသည့် ပုံရိပ်မည်းများကလည်းများစွာရှိပြီး ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏ အတွင်းပိုင်း၌ဆင်းသက်သွားကြသလို အချို့သောအောက်ဘက်ရှိ အဆောက်အဦးများသို့ဆင်းသက်
သွားကြသူများလည်းရှိသည်။
အချိန်များကုန်ဆုံးပြီးနောက် ကောင်းကင်ကဖြည်းဖြည်းချင်း
တောက်ပလာသည်။ ရှစ်ဖုန့်က ကျားဖြူပေါ်၌ ဝင့်ကြွားစွာရပ်နေလျှက် အောက်ဘက်ရှိထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်အား ငုံ့ကြည့်နေသည်။ ကောင်းကင်ကလုံးဝထွန်းလင်းတောက်ပခြင်းမရှိသေးသော်လည်း တော်ဝင်မြို့တော်ထဲ၌လူများဖြင့်ပြည့်ကျပ်စည်ကားနေပြီးဖြစ်၏။ ၎င်းက ပျားပန်းခပ်ဆူညံလှုပ်ရှားနေသည်။
ရှစ်ဖုန့်ကကျားဖြူအားမောင်းနှင်လိုက်ပြီး လူနည်းသော နေရာသို့ဆင်းသက်လိုက်သည်။ ဤအခိုက်အတန့်တွင် ရုတ်တရက်ရင်းနှီးသောအသံတစ်ခုအားရှစ်ဖုန့်၏နောက်မှကြားလိုက်ရ၏။
“ဟေး..ဒါကညီလေးရှစ်မလား.. မင်းကိုဒီမှာတွေ့ရမယ်လို့ငါမမျှော်လင့်ထားဘူး…ရေးခြားမြေခြားမှာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ကိုပြန်ပြီးတွေ့
လိုက်ရသလိုပါပဲလား”
အသံအားကြားလိုက်ရသော အခါတွင် ရှစ်ဖုန့်ကသူ၏ခေါင်းအားလှည့်လိုက်ပြီး အပြာရောင်ဝတ်ရုံအားဝတ်ဆင်ထားသော အပြာရောင်ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူ၏လက်မောင်းတို့အား ရင်ဘက်ရှေ့၌ပိုက်ထားပြီး သာမန်ဆန်သောဓားရှည်တစ်ချောကိုလည်းပွေ့ပိုက်ထား၏။
လီလျိုရှင်းအားတွေ့လိုက်ရသော
အခါတွင်ရှစ်ဖုန့်အံ့အားသင့်သွားသည်။
ရှစ်ဖုန့်ကသူ့အားကြည့်နေသည်ကိုတွေ့ရသောအခါတွင် ရိုးရှင်းပြီးရိုးသားသောအပြုံးတစ်ခုက လီလျိုရှင်း၏ မျက်နှာပေါ်၌ပေါ်လာ၏။
“မင်းကဘာလို့ဒီကိုရောက်နေတာလဲ”
ရိုးရှင်းပြီး ရိုးသားသောမျက်နှာအားကြည့်၍ ရှစ်ဖုန့်မှာထရိုက်ချင်စိတ်ပေါက်သွားရသည်။
စကားပြောနေရင်း ရှစ်ဖုန့်က လီလျိုရှင်း၏လက်မောင်းအတွင်းမှ သာမန်ဆန်သော ဓားထံသို့တစ်ချက်ကြည့်လိုက်သည်။
“ဟီးဟီး..မင်းသိသားနဲ့ဟာ ဘာလို့ငါ့ကိုလာမေးနေရသေးတာလဲ.. ညီလေးရှစ်.. မင်းကတော့တကယ့်ကိုတစ်ခုခုပဲ”
လီလျိုရှင်းက စကားပြောရင်းရှစ်ဖုန့်အား မျက်စိတစ်ဖတ်မှိတ်ပြလိုက်သည်။
ထို့နောက် လီလျိုရှင်းက ကျားဖြူပေါ်သို့ခုန်တက်၍ ရှစ်ဖုန့်၏နောက်၌ရပ်လိုက်၏။
“ဝေါင်း..ဝေါင်း”
ဤအချိန်တွင် လီလျိုရှင်းက၎င်း၏ကိုယ်ပေါ်သို့
ခုန်တက်လာသောအခါ ကျားဖြူက ရုတ်တရက် ဒေါသတကြီးဟိန်းသံနှစ်ချက်ပြု
လုပ်လိုက်သည်။
ဟိန်းဟောက်နေသောကျားဖြူအားငုံ့ကြည့်ရင်း လီလျိုရှင်းမှာ ကျားဖြူ၏ ဒေါသအားခံစားမိပုံမရချေ။ သူက လျှာရှည်စွာဖြင့်ချီးမွှမ်းလိုက်သေး၏။
“မဆိုးဘူး..မဆိုးဘူး.. ကောင်းလိုက်တဲ့နတ်ဆိုးသားရဲပဲ. ကောင်းလိုက်တဲ့ကျားဖြူ . ဒါကမင်းရဲ့ အနက်ရောင်ဝံပုလွေထက်အများကြီးပိုသန်မာတယ်”
“မင်းကိုယ့်ကိုယ်ကို သတိထားတဲ့သူပဲ”
ရှစ်ဖုန့်ကလှည့်လိုက်ပြီးလီလျိုရှင်းကိုပြောလိုက်သည်။
အရင်တုံးကဆိုလျှင် ရှစ်ဖုန့်အနေဖြင့် လီလျိုရှင်းဆီမှဘာကိုမှအာရုံမခံမိပေ။ သို့သော်ရှစ်ဖုန့်၏ ညာဘက်လက်ညှိုးနှင့် သူ၏တတိယ တိုက်စားခြင်းမိစ္ဆာမျက်လုံးတို့က နတ်ဆိုးလက်ချောင်းနှင့် နတ်ဆိုးမျက်လုံးတို့ဖြင့်ပေါင်းစည်းသွားခဲ့သည်။ လီလျိုရှင်းထံမှနတ်ဆိုး၏တူညီသော အရှိန်အဝါတစ်ခုကိုရှစ်ဖုန့် အာရုံခံမိနိုင်သည်ဖြစ်သည်။ ဤအရှိန်အဝါက အရမ်းအားနည်းသော်လည်း ၎င်းကသေချာပေါက်တည်ရှိနေခြင်းဖြစ်၏။
“ဟီးဟီး. ဒါပေါ့.ညီလေးရှစ်မင်းနဲ့ငါနဲ့က သေခြင်းရှင်ခြင်းကိုအတူတကွဖြတ်သန်းခဲ့တဲ့သူတွေပဲ”
ရှစ်ဖုန့်၏စကားအားကြားပြီးနောက် လီလျိုရှင်းကထပ်မံရယ်မောလိုက်သည်။
ထို့နောက်လီလျိုရှင်းက ဆက်ပြော၏။
“ငါတကယ်မပြောနိုင်ဘူး. ..ညီလေးရှစ်မင်းက အရမ်းအေးစက်ပြီး တည်ငြိမ်လွန်းတဲ့သူပေမဲ့ မင်းလည်းငါ့လိုပဲ.. မင်းသမီးလင်လုံရဲ့လှပတဲ့နမည်အောက်
မှမင်းရပ်မနေနိုင်တော့ပဲနှလုံးသားထဲမှာ
အချစ်မီးတွေတောက်လောင်တော့တာပဲ.. ဒါကြောင့်လည်းမင်း ထျန်းလျန်အင်ပါယာကိုလာခဲ့တာပေါ့.”
လီလျိုရှင်းမှာ ရှစ်ဖုန့်၌သူကဲ့သို့တူညီသောအတွေးများ
ရှိနေသကဲ့သို့ပြောဆိုသည်။သူ၏ပုံစံက ရှစ်ဖုန့်၏အတွေးများအားသူ
သိနေသကဲ့သို့ဖြစ်နေ၏။
ရှစ်ဖုန့်ကလီလျိုရှင်း၏ မေးခွန်းအားပြန်မဖြေပေ။ ထိုအစားသူကပြောလိုက်၏။
“စကားပြောဖို့နေရာတစ်ခုရှာကြစို့. ဒီသခင်လေးမင်းကိုမေးစရာရှိတယ်”
“ငါ့ကိုတစ်ခုခုမေးချင်တာလား”
လီလျိုရှင်းမှာရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် အရင်ဆုံးစိတ်ရှုပ်ထွေးသွား၏။ထို့နောက်လီလျိုရှင်းနားလည်သောအမူအယာတစ်ခု
အားပြသလာသည်။သူ၏ညာလက်အားဖျက်ခနဲလှုပ်ရှားလိုက်ပြီး သူ၏လက်အတွင်း၌ စာအုပ်တစ်အုပ်ပေါ်လာ၏။ ထို့နောက်လီလျိုရှင်းမျက်နှာထက်၌ မကောင်းသောအပြုံးတစ်ခုပေါ်လာပြီး စာအုပ်အားရှစ်ဖုန့်ထံသို့လွှဲပေးလိုက်သည်။
ရှစ်ဖုန့်ကခေါင်းငုံ့၍ စာအုပ်အားကြည့်လိုက်၏။ ဤငတိသူ့အားပေးသောစာအုပ်မှာ အရောင်စုံသောစာအုပ်တစ်အုပ်ဖြစ်ပြီး မျက်နှာဖုံး၌ အရောင်ခုနှစ်မျိုးဖြင့် “မင်းသမီးလင်လုံအတွက် ပြည့်စုံသောလမ်းညွှန်မှု” ဟု စာလုံးတို့ကို ရေးထိုးထား၏။
“ချီးပဲ”
လီလျိုရှင်းသူ့အားပေးသော စာအုပ်အားကြည့်ရင်း ရှစ်ဖုန့်စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူ့အနေဖြင့်ဤငတိအား ပါးတစ်ချက်ရိုက်၍လွင့်ထွက်သွား
အောင်လုပ်ချင်နေသည်။
ရှစ်ဖုန့်ကတစ်စုံတစ်ခုမေးစရာရှိသည်ဟုသူ့အားပြောလာသောအခါတွင် ရှစ်ဖုန့်က သူ့အားမင်းသမီးလင်လုံအကြောင်း
မေးချင်နေသည်ဟုလီလျိုရှင်းတွေးလိုက်၏။
လီလျိုရှင်းကရှစ်ဖုန့်အားစာအုပ်ကိုလွှဲပေးလိုက်၏။ ရှစ်ဖုန့်က မယူသည်ကိုတွေ့ရသောအခါတွင် သူကပြုံးပြီးပြောလိုက်သည်။
“ဟီးဟီး..ညီလေးရှစ်…တို့ညီအကိုတွေကြားမှာဘာမှရှက်ကိုးရှက်ကန်းဖြစ်နေစရာမလိုပါဘူး.. ဒါကိုငါမနေ့ကမှ ဝယ်ခဲ့တာ…စာသားတွေကအရမ်းကျိုးကြောင်းဆီလျော်ပြီးတော့ ခွဲခြမ်းစိတ်ဖြာမှုတွေက ရှင်းလင်းပြီး ယုတ်တိကျတယ်…ဒီစာအုပ်သာလက်ထဲရှိရင် အချက်အလက်တွေက အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုကြားခွဲခြားပေးလိမ့်မယ်လို့ငါ့ကိုရောင်းတဲ့သူကပြောတယ်… ဒီစာ အုပ်သာလက်ထဲရှိရင် မင်းအနေနဲ့ သိုင်းပြိုင်ပွဲတောင်ဝင်နေစရာမလိုဘူး…မင်းသမီးလင်လုံကမင်းနဲ့တိုက်ရိုက်ကိုခိုးရာလိုက်ပြေးလိမ့်မယ်”
“အဖြူလေး သွားစို့”
ရှစ်ဖုန့်ကဤငတိအား ထပ်ပြီးအာရုံမစိုက်တော့ချေ။ ထိုအစားအဖြူလေးကိုကောင်းကင်ထဲသို့ဒုန်းဆိုင်းပြေးရန်အမိန့်ပေးလိုက်သည်။
“ဝေါင်း”
ရှစ်ဖုန့်၏အမိန့်အောက်တွင် အဖြူလေးကကောင်းကင်ထဲသို့ထပ်မံဒုန်းဆိုင်းပြေးလိုက်သည်။
“အာ..ညီလေးရှစ်..မင်းဘာဖြစ်လို့လဲ”
ရှစ်ဖုန့်က သူ၏စာအုပ်ကိုလက်သင့်မခံဘဲကျားဖြူအားသူ့ကိုသယ်ဆောင်၍လေထဲသို့ထိုးခွင်းပျံသန်းခိုင်းသည်အားတွေ့ရသောအခါတွင် လီလျိုရှင်း၏မျက်နှာထက်၌ နောက်ထပ်တစ်ကြိမ်သံသယတို့ဝင်လာသည်။ ဤတစ်ကြိမ်တွင် မယုံသင်္ကာဖြစ်နေသော သူ၏မျက်နှာက ယခင်ကထက် ပို၍ ကြီးမားလာ၏။
ထို့နောက်လီလျိုရှင်း မှာတစ်စုံတစ်ခုအား တွေးမိသွားပုံရသည်။ သူကရှစ်ဖုန့်အားချက်ချင်းထပ်မံပြောလိုက်၏။
“ညီလေးရှစ်..ဒီစာအုပ်ကိုဖတ်တာ
ကစပ်ဆုပ်ဖို့ကောင်းပြီးရှက်ဖို့ကောင်း
တယ်လို့မင်းတွေးနေတာလို့တော့မပြောနဲ့နော်.. မင်းကဒီစာအုပ်ကိုလိုချင်ပြီးတော့တစ်ခြားသူတွေကိုမသိစေချင်တာပဲ.. မင်းငါ့ကိုတိတ်တဆိတ်သတ်ပစ်
ချင်နေတာမလား”
စကားပြောနေရင်းလီလျိုရှင်းမှာ သူ့ယူဆချက်နှင့်သူ မျက်လုံးတို့ပြူးသွားပြီးတုန်လှုပ်
အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။
ထို့နောက်လီလျိုရှင်းက ရှစ်ဖုန့်အားအလျှင်အမြန်ပြောလိုက်၏။
“ညီလေးရှစ်.. ဆက်ဆံရေးကိုကျိုးပျက်စေမဲ့ဒီလိုအ
ရာမျိုးကိုမင်းလုပ်လို့မရဘူးနော်..မင်းကိုကောင်းကင်ဘုံက အပြစ်ပေးလိမ့်မယ်.. ညီလေး .မင်းကိုဒီစာအုပ်ငါအလကားပေး
ပါ့မယ်လို့ကတိပေးတယ..ဒါကို နောက်ထပ်တတိယလူကိုလုံးဝမပြောပါဘူးလို့လဲ ငါကျိန်ပါတယ်”
“မင်းသိတယ်မလား ငါလီလျိုရှင်း က သစ္စာရှိပြီးအမှန်တရားကိုမြတ်နိုးတဲ့သူဆိုတာ. ငါလီလျိုရှင်းက ငါ့ညီအကိုကို ဘယ်တော့မှသစ္စာမဖောက်ဘူး”
“တော်လောက်ပြီ.တိတ်စမ်း..ဘာကိုစာအုပ်လဲ. မင်းညီမစာအုပ်ပါလား.. ဒီသခင်လေးကမင်းကိုတစ်ခြားတစ်ခုခုမေးချင်တာ..ပွစိပွစိလုပ်နေတာရပ်လိုက်. ဒီသခင်လေးမင်းကိုအခုချက်ချင်းသတ်ပစ်လိုက်မယ်”
ဤငတိအဆက်မပြတ်ပွားနေသည်အား တွေ့ရသောအခါတွင် ရှစ်ဖုန့်က၎င်းအားအေးစက်စွာဖြင့်
တိုက်ရိုက်ခြိမ်းခြောက်လိုက်သည်။
“မင်းကဒီစကားတွေနဲ့ ငါတို့ရဲ့ညီကိုဆက်ဆံရေးကိုနာကျင်အောင်လုပ်နေတာပဲ.. “
လီလျိုရှင်းကပြောလိုက်သည်။ သို့သော်သူ၏စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်၏မျက်နှာကပို၍အေးစက်လာပြီး သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုပင်
ထွက်ပေါ်လာ၏။ လီလျိုရှင်းချက်ချင်းပဲသူ၏ပါးစပ်အားလက်ဖြင့်အုပ်၍ပိတ်လိုက်သည်။
ဤသတ်ဖြတ်ခြင်းကြယ်ကသာ တကယ်သူ့ကို သတ်ချင်သည်ဆိုလျှင် ၎င်းသေချာပေါက်ထိုသို့လုပ်မည်ဟု လီလျိုရှင်းခံစားရသည်။
ရှစ်ဖုန့်က ကျားဖြူအားကောင်းကင်ထဲသို့ဒုန်းဆိုင်းပြေးပြီး ထျန်းလျန်အင်ပါယာ၏ တော်ဝင်မြို့တော်မှ ထွက်ရန် အမိန့်ပေးလိုက်သည်။သူ့အနေဖြင့်
လီလျိုရှင်းအား သူ၎င်းထံမှ အာရုံခံမိသော နတ်ဆိုးအရှိန်အဝါနှင့်ပက်သက်ပြီး
မေးချင်နေသည်။
နတ်ဆိုးသားရဲတောင်တန်း၏ ရေခဲနှင်းနယ်မြေ၌ရှိစဉ်ထိုနေ့က အဆင့်ခြောက် နှင်းလူဝံအားဓားတစ်ချက်ဖြင့် သတ်ပစ်ခဲ့သည့် အပြာရောင်ပုံရိပ်မှာ လီလျိုရှင်းမှလွဲအခြားသူမဟုတ်သည်ကို ရှစ်ဖုန့်အနေဖြင့်ထပ်မံသံသယဝင်ခြင်းမရှိတော့ချေ။
ဆက်ရန်………..
ဘာသာပြန်သူ-ARISE