← Chapters

ဝိညာဉ်နိုးထခြင်းအဆင့်အား သတ်ဖြတ်ခြင်း

Vol. 19 Ch. 259

ဝိညာဉ်နိုးထခြင်းအဆင့်အား သတ်ဖြတ်ခြင်း

Vol. 19 Ch. 259

ထိုမန္တန်အတတ်က ရွှေအမြုတေအဆင့်အောက်တွင် ရှိသော လူတိုင်းကို သတ်ပစ်နိုင်သည်။

ဟန်မူယဲ့က နောက်လှည့်မကြည့်ပေ။

သူ့လက်ထဲတွင် အစိမ်းရောင်ကံကြမ္မာဓားပေါ်လာသည်။

ဓားအလင်းသည် လေပြေလေညင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ရွှပ် ....”

ကံကြမ္မာဓားက ပေတစ်ရာရှည်သောဓားအလင်းကို ထုတ်ပေးလိုက်ပြီး နောက်ကျောဘက်မှတိုးဝင်လာသော မီးတောက်များအားလုံးကို ဖြိုခွဲလိုက်သည်။

သို့သော်လည်း မီးတောက်များက ငြိမ်သက်မသွားဘဲ ပြန်လည်စုစည်းလာပြီး ချက်ချင်းဆိုသလို လှုပ်ရှားလိုက်သည်။

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်ပြီး လက်မြှောက်သည်။ သူ့လက်ထဲတွင် ခရမ်းမီးတောက်ဓားပေါ်လာသည်။

သူက မြေပြင်ပေါ်ရှိသွေးအိုင်ကို ကြည့်လိုက်သည်။ သူ့ဓားကို ညင်သာစွာဝှေ့ယမ်းလိုက်သည်။

ဓားအလင်းနှစ်ခုက တစ်ခုတည်းအဖြစ်ပြောင်းလဲသွားသည်။

လေက မီးကို အထောက်အကူပြုပေးသည်။

မီးတောက်များက လေထုထဲအထိ ထိုးတက်လာပြီး ကျဉ်းမြောင်းသောမိုင်းတွင်းထဲတွင် ပေါက်ကွဲသွားသည်။

မီးစစ်ပွဲ…

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၊ မီးမျိုးဆက်ဓားနည်းစနစ်၊ အံ့ဖွယ်နံပါတ် ၅ ဓားနည်းစနစ်၊ မီးလောင်ပြင်ဓားသိုင်း…။

မိုင်ထောင်ချီပတ်ဝန်းကျင်ကို လောင်ကျွမ်းသွားနိုင်သော ဓားနည်းစနစ်ကို မိုင်းတွင်းထဲတွင် ထုတ်လွှတ်လိုက်သည်။ မီးနဂါးတစ်ကောင်ပေါ်ထွက်လာပြီး ဟိန်းဟောက်နေသည်။

“ဂါး ....”

မီးနဂါးလှုပ်ရှားလိုက်လျှင် မီးတောက်များပေါက်ကွဲလာသည်။

မီးနဂါးက ဟိန်းဟောက်လိုက်ပြီး မိုင်းတွင်းထဲတွင် ရှိသောအရာအားလုံးကို ပြာကျသွားစေသည်။

အသက်ရှင်နေသောလူများ၊ သေဆုံးသွားသောလူများ…။

သာမန်ကျောက်တုံးများ၊ ဝိညာဉ်သတ္တုများ…။

အရာအားလုံး ပျောက်ကွယ်သွားသည်။

ထိုအရာက မီးလောင်ပြင်ဖြစ်သည်။

မြက်ခင်းလွင်ပြင်ဒေသမှာတင်မဟုတ်ဘဲ မိုင်းတွင်းထဲတွင် လောင်ကျွမ်းနေသည်။ ထို့အပြင် မီးတောက်များက ဟန်မူယဲ့၏နှလုံးသားထဲတွင် ရှိနေ‌သော သတ်ဖြတ်လိုစိတ်နှင့်ဒေါသများကိုပါ လောင်ကျွမ်းလိုက်သည်။

ဟန်မူယဲ့က အစမှအဆုံးအထိ နောက်ကျောဘက်မှတိုက်ခိုက်လာသူကို လှည့်မကြည့်ခဲ့ပေ။

သွေးကြောဖွင့်အဆင့်၊ ဝိညာဉ်နိုးထခြင်းအဆင့်၊ ရွှေအမြုတေအဆင့်ဖြစ်နေလျှင်တောင် ဘယ်သူမှ ဂရုမစိုက်ပေ။

မီးလောင်ပြင်ဓားနည်းစနစ်၏အောက်တွင် ထိုလူက သေဆုံးသွားပြီး ဝိညာဉ်လည်း ပျက်စီးသွားသည်။

ဟန်မူယဲ့က ဓားနှစ်လက်ကိုင်ထားပြီး ခြေလှမ်းကျဲကြီးများဖြင့်  ရှေ့ဆက်လျှောက်သွားသည်။ ဓားများက လှုပ်ရှားသွားလျှင် ရှေ့တွင် ရှိနေသောကျောက်နံရံမှာ ပြိုကျလာသည်။

“တာအိုဆရာတယန်၊ မီးအဆီအနှစ်သလင်းကျောက်ကိုရှာဖို့ မခက်ဘူးမဟုတ်လား”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။

သူ့နောက်တွင် လိုက်လာသော တာအိုဆရာတယန်က ခေါင်းညိတ်သည်။ သူ့ခန္ဓာကိုယ်က အစိမ်းရောင်တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှေ့တွင် ရှိနေသောကျောက်နံရံထဲသို့ ဝင်သွားသည်။

“ငါ့ကို အချိန် ၁၅မိနစ်ပေး”

ကျောက်နံရံထဲမှ တာအိုဆရာတယန်၏ ခပ်အုပ်အုပ်အသံထွက်လာသည်။

ဟန်မူယဲ့က ကျောက်နံရံ၏ရှေ့မှာ ရပ်နေသည်။ သူက နောက်ပြန်လှည့်လိုက်ပြီး ဓားနှစ်ဖက်ကိုသွယ်ယှက်ထားလျက် မိုင်းတွင်းထဲတွင် ပြေးလာသောလူများကို ကြည့်သည်။

“ကောင်းပြီ။ မင်းကို ၁၅မိနစ်ပေးမယ်”

မိုင်းတွင်းထဲတွင် ဓားအလင်းတစ်ခုက ဟန်မူယဲ့ထံသို့ တိုးဝင်လာသည်။

ခုန်းလင်တာအိုဂိုဏ်း၏ ဓားနည်းစနစ်ဖြစ်သည်။

တာအိုနည်းစနစ်၏စွမ်းအားကြောင့် ဓားချက်ထဲတွင် ဝိညာဉ်ကိုဖိနှိပ်နိုင်သော စွမ်းအားရှိနေသည်။

ကမ္ဘာမြေအဆင့် သွေးကြောဖွင့်ကျွမ်းကျင်သူတစ်ယောက်က တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

သွေးကြောဖွင့်ကျွမ်းကျင်သူ၏စွမ်းအားကြောင့် မိုင်းတွင်းထဲတွင် ရှိသောကျောက်နံရံက တုန်ခါသွားသည်။ ကျိုးပဲ့သွားသောကျောက်တုံးများက ဓားအလင်းဖြင့် ရောစပ်ပြီး နဂါးတစ်ကောင်ဖြစ်သွားသည်။

ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူ၏ တိုက်ခိုက်နိုင်စွမ်းမရှိလျှင် ထိုတိုက်ကွက်ကိုခုခံရန် မဖြစ်နိုင်ပေ။

ဓားကျင့်ကြံသူတစ်ဦးက အစွမ်းကုန်တိုက်ခိုက်လိုက်ခြင်း ဖြစ်နိုင်သည်။

ဟန်မူယဲ့က ဓားချက်ကို ကြည့်လျက် ခပ်အုပ်အုပ်ဟိန်းဟောက်လိုက်သည်။ သူ၏ မီးနှင့်ရေခဲဓားက သွယ်ယှက်ပြီး တစ်ခုတည်းဖြစ်သွားသည်။

“သတ်”

ဟန်မူယဲ့၏ဓားအလင်းက ပေါက်ကွဲနိုင်စွမ်းရှိသောခွန်အားများနှင့်  ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူ၏နဂါးကို ထိုးဖောက်လိုက်သည်။

“ရွှပ် ....”

ဓားအလင်းက သွေးများဖြာကျလာစေသည်။

မျက်နှာချင်းဆိုင်တွင် ရှိနေသော ကမ္ဘာမြေအဆင့်ကျင့်ကြံသူက ရင်ဘတ်ကို လက်ဖြင့်အုပ်ထားလိုက်သည်။ သူ့မျက်လုံးထဲတွင် မလိုလားမှုများ ရှိနေပြီး မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်းလဲကျသွားသည်။

သူ့ဓားစွမ်းရည်က မဆိုးသော်လည်း မိုင်းတွင်းထဲတွင်အသုံးပြုရန် မသင့်တော်ပေ။

ထိုနဂါးက ဆယ်မိုင်ခန့်ပျံသန်းသွားပြီး များပြားသောကျောက်တုံးများကို ဆွဲယူထားလျှင် ဟန်မူယဲ့က နဂါးကို အရင်ဆုံးရှောင်တိမ်းရလိမ့်မည်။

ကံမကောင်းစွာဖြင့် မိုင်းတွင်းက ကျဉ်းမြောင်းပြီး စွမ်းအားများကို သေချာမစုဆောင်းနိုင်ပေ။ ဓားချက်ထဲတွင်ပါနေသော ကျောက်တုံးနှင့်မြေစွမ်းအားများက အလွန်နည်းသည်။

ဟန်မူယဲ့၏ဓားနှစ်လက်မှာ မီးစွမ်းအားက နဂါးကို တစ်ချက်တည်းပေါက်ကွဲသွားစေသည်။ ထို့နောက်က ရေခဲစွမ်းအားက ပေါက်ကွဲမှုကို အသုံးချ၍ ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့် သတ်လိုက်သည်။

“ဆရာဦးလေးယန်ထန်း”

“မကောင်းတော့ဘူး။ ဂိုဏ်းခွဲမှူးယန်က အသတ်ခံလိုက်ရပြီ”

“မြန်မြန်လေး။ ဂိုဏ်းခွဲမှူးအတွက် လက်စားချေပေးကြ!”

ထိုလူ၏နောက်တွင် ရှိသောလူများက ဟန်မူယဲ့ထံသို့ တစ်ဟုန်ထိုးပြေးဝင်လာသည်။

ဓားအလင်းနှင့် ဝိညာဉ်စွမ်းအင်အလင်းများက ချက်ချင်းသိပ်သည်းလာပြီး ဟန်မူယဲ့၏ခေါင်းကို လွှမ်းခြုံသွားသည်။

ဟန်မူယဲ့က ထိတ်လန့်မသွားပေ။ သူ့လက်ထဲတွင် ရှိသော ခရမ်းမီးတောက်ဓားက လှုပ်ရှားသွားသည်။

“ဘုန်း ....”

မီးတောက်သည် နံရံတစ်ခုအဖြစ်ပြောင်းသွားပြီး ဓားအလင်းနှင့် ဝိညာဉ်စွမ်းအင်အလင်းများကို တားဆီးလိုက်သည်။

ထို့နောက် ဓားအလင်းတစ်ခုက မီးနံရံကို ဖြတ်ကျော်သွားသည်။

“ရွှပ် ....”

ဟန်မူယဲ့က သတ်ဖြတ်လိုစိတ်ပြည့်နေသောမျက်လုံးများဖြင့် ဓားနည်းစနစ်ကို ထုတ်ဖော်၏။

သူက လက်တစ်ချောင်းလှုပ်ရှားလိုက်လျှင် တခြားတစ်ဘက်တွင်ပေါ်လာသော ဓားဖြင့်ခုတ်လိုက်သည့်အသံကို ကြားနိုင်သည်။

မီးနံရံပျောက်ကွယ်သွားသောအခါတွင် အဝေးဆုံးမှာရပ်နေသည့် မျက်နှာဖြူဖျော့နေသော ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ကိုသာ မြင်လိုက်ရသည်။

“သနားပါ ....”

ကျင့်ကြံသူတစ်ယောက်က ထွက်ပြေးသွားသည်။ တခြားတစ်ယောက်၏ခြေထောက်က အားနည်းနေသည်။ ထိုလူသည် မြေကြီးပေါ်တွင် ပုံကျသွားပြီး တီးတိုး ညည်းညူနေသည်။

ဟန်မူယဲ့က ခေါင်းယမ်းလျက် လက်ကိုဝှေ့ယမ်းသည်။ ကံကြမ္မာဓားက သူ့လက်ထဲသို့ ပြန်ရောက်လာသည်။

ထိုအချိန်တွင်ပဲ မြေကြီးပေါ်မှာပုံကျနေသော ကျင့်ကြံသူက ကြမ်းတမ်းသော မျက်နှာထားနှင့်အတူ ကျောက်စိမ်း‌ရောင်အဆောင်လက်ဖွဲ့တစ်ခုကို ပစ်လွှတ်လိုက်သည်။

“သေစမ်း”

အဆောင်လက်ဖွဲ့…။

အဆောက်လက်ဖွဲ့များထဲတွင် တချို့သည် ဖျက်ဆီးနိုင်စွမ်းကြီးမားသည်။

အဆောင်လက်ဖွဲ့ပေါက်ကွဲသွားလျှင် မိုင်းတွင်းလည်း‌ ပေါက်ကွဲသွားလိမ့်မည်။

အဆောက်လက်ဖွဲ့ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့၏မျက်လုံးထဲတွင် အစိမ်းရောင်အလင်းတစ်ခု ပေါ်လာသည်။

ဝိညာဉ်လိပ်ပြာဓားချီ…။

ထိုကျင့်ကြံသူသည် ချီစုစည်းခြင်းအဆင့်၌ ရှိနေသောကြောင့် ဓားချီပေါ်လာသောအခါတွင် သူ့ဝိညာဉ်က ချက်ချင်းပျက်စီးသွားသည်။

ပိုင်ရှင်၏ဝိညာဉ် ပျက်စီးသွားသောကြောင့် အဆောက်လက်ဖွဲ့က ပေါက်ကွဲနိုင်စွမ်း မရှိတော့ပေ။

ဟန်မူယဲ့က အဆောက်လက်ဖွဲ့ကိုဆွဲယူပြီး အိတ်ထဲတွင်သိမ်းလိုက်သည်။

“ဘုန်း ....”

မိုင်းတွင်းလမ်းကြောင်း၏ အရှေ့တွင် အော်ဟစ်သံနှင့်အတူ ပြင်းထန်သောဖိအားများ ထွက်ပေါ်လာသည်။

“ခုန်းလင်တာအိုဂိုဏ်းရဲ့ မီးအဆီအနှစ်မိုင်းတွင်းကို ပြဿနာလာရှာရဲတယ်ပေါ့။ ဘယ်လိုသေချင်လဲ တွေးပြီးပြီလား”

အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ခရမ်းရောင်ဝတ်စုံနှင့် အသက်ငါးဆယ်အရွယ်လူကြီးက မိုင်းတွင်းထဲသို့ ကြမ်းတမ်းသောခြေလှမ်းများနှင့်အတူ ဝင်ရောက်လာသည်။

ထိုတာအိုတန်ခိုးရှင်ထံမှ ပြင်းထန်သောတာအိုစွမ်းအားများ‌ ပေါ်ထွက်နေသည်။

ကမ္ဘာမြေ ဝိညာဉ်နိုးထခြင်းအဆင့်…။

ဝိညာဉ်ပေါ်သို့သက်ရောက်လာသောဖိအားကြောင့် ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင် ရှိသော ဓားအလင်းကို ဖျတ်ခနဲလက်သွားစေသည်။

“ရပ်စမ်း…”

တာအိုတန်ခိုးရှင်၏ မျက်လုံးများက ရွှေ‌ရောင်တောက်နေပြီး ဟန်မူယဲ့နှင့် အကြည့်ချင်းဆုံသွားသည်။

ထို့နောက် ဟန်မူယဲ့၏ရှေ့တွင် တုန်ခါနေသောအလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ဧရာမတူတစ်လက်အသွင်ပြောင်းလျက် ကျဆင်းလာသည်။

ထိုတူသည် ပုံရိပ်ယောင်ဖြစ်ပြီး စိတ်နယ်ပယ်ကို တိုက်ရိုက်သက်ရောက်မှုရှိသည်။

အကယ်၍ ဝိညာဉ်စွမ်းအားမလုံလောက်လျှင် တူကြောင့် စိတ်နယ်ပယ်နှင့်ဝိညာဉ်က ပြိုကွဲသွားပြီး အရူးတစ်ယောက်ဖြစ်သွားလိမ့်မည်။

ခုန်းလင်တာအိုဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်များက အထင်ကြီးစရာကောင်းသည်။

ဟန်မူယဲ့က လူတချို့အား တွေ့ဖူးသည်။ တချို့က ဓားနည်းစနစ်ကို လေ့ကျင့်သည်။ တချို့က ကျင့်ကြံခြင်းနည်းစနစ်ကို‌ လေ့ကျင့်သည်။ တချို့က ဝိညာဉ်နည်းစနစ်ကို‌ လေ့ကျင့်သည်။

ထိုနည်းလမ်းများသည် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။

“သွားစမ်း”

ဧရာမတူက ကျဆင်းလာသောအခါတွင် ဟန်မူယဲ့က ခပ်တိုးတိုးအော်လိုက်သည်။ သူ့ခေါင်းထက်တွင် အစိမ်းရောင်ဓားအသေးတစ်လက် ပေါ်လာပြီး တူပုံရိပ်ကို ဖျက်ဆီးလိုက်၏။

ဓားငယ်လေးက တွန့်လိမ်သွားပြီး တူပုံရိပ်၏ ပြိုကွဲသွား‌သောဝိညာဉ်စွမ်းအားများကို စုပ်ယူနေသည်။

ကမ္ဘာမြေ ဝိညာဉ်နိုးထခြင်းအဆင့် တာအိုတန်ခိုးရှင်က မျက်နှာတစ်ခုလုံးနီရဲသွားပြီး ထို့နောက် ဖြူဖျော့လာသည်။ သူက သွေးတစ်လုပ်အန်ထုတ်လိုက်သည်။

သူက ဟန်မူယဲ့ကို လက်ညှိုးညွှန်ထားပြီး စကားပြောရန်ကြိုးစားလိုက်သော်လည်း မပြောနိုင်တော့ပေ။

သူ့ဝိညာဉ်စွမ်းအားဖြင့် စုစည်းထားသောမန္တန်အတတ်ကို ဟန်မူယဲ့က တစ်ချက်တည်းဖျက်ဆီးပစ်၏။ သူ့ဝိညာဉ်စွမ်းအားများကလည်း စုပ်ယူခံလိုက်ရသောကြောင့် ဝိညာဉ်က တုန်ခါသွားပြီး စိတ်နယ်ပယ်က ပျက်ဆီးသွားသည်။

ထိုအရာက ဝိညာဉ်မန္တန်နှင့် ဓားနည်းစနစ်များ၏ အန္တရာယ်ဖြစ်သည်။

ထိုအရာက ဓားစံအိမ်၏ ဓားနည်းစနစ်တစ်ခု ဖြစ်သည်။ ဓားတစ်လက်က ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို ဖျက်ဆီးနိုင်သည်။ သို့သော်လည်း အားကောင်းသောရန်သူနှင့် ရင်ဆိုင်ရပြီး ဓားက ပျက်စီးသွားမည်ဆိုလျှင် ကိုယ်ပိုင်ဝိညာဉ်ပျက်စီးသွားပြီး ချက်ချင်းသေလိမ့်မည်။

ဓားစံအိမ်၏ ကျင့်ကြံခြင်းနည်းစနစ်များက အသက်ကိုရင်း၍ ကျင့်ကြံရခြင်း ဖြစ်သည်။

ဝိညာဉ်နိုးထခြင်းအဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်ပြီးသောအခါတွင် ဟန်မူယဲ့က လက်မြှောက်ပြီး မြေကြီးပေါ်တွင် ကျနေသောဓားကို ဆွဲယူလိုက်သည်။

သူက ဓားကို လက်ထဲတွင်ကိုင်ထားပြီး ဓားချီများထည့်သွင်းလိုက်သည်။ သူ့စိတ်ထဲတွင် မြင်ကွင်းများပေါ်လာသည်။

ထိုမြင်ကွင်းများကြောင့် ဟန်မူယဲ့၏ အငွေ့အသက်က တုန်ခါသွားပြီး သတ်ဖြတ်လိုစိတ်များပေါ်ထွက်လာသည်။

တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ ကျင့်ကြံသူများက မူလမီးတောက်ကမ္ဘာ၏ ကျင့်ကြံသူများကို မကြာခဏသတ်ဖြတ်ခဲ့ကြောင်း သူမြင်လိုက်ရသည်။

ထိုကျင့်ကြံသူများ၏သဘောထားအရ မူလကောင်းကင်ဘုံကမ္ဘာ၏ ကျင့်ကြံသူများအားလုံးကို သတ်ဖြတ်လိုက်လျှင် ဤကမ္ဘာငယ်ကို အပိုင်ရလိမ့်မည်။

လက်နက်ချပြီး အညံ့ခံသော ကျင့်ကြံသူများကို မိုင်းတွင်းထဲသို့ပို့လိုက်ပြီး ပြန်ထွက်လာခွင့်မပေးတော့ပေ။

နောက်ဆုံးမှာတော့ ထိုလူများကလည်း သတ်ဖြတ်ခံရမည့်ကံကြမ္မာမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ပြင်ပဘုံကျင့်ကြံသူများက မူလမီးတောက်ကမ္ဘာ၏ ကျင့်ကြံသူများကို မျိုးနွယ်တူအဖြစ် မဆက်ဆံကြပေ။

တခြားတစ်ဘက်တွင်တော့ မူလမီးတောက်ကမ္ဘာ၏ ကျင့်ကြံသူနှင့် မူလမီးတောက်နန်းတော်‌၏ ကျင့်ကြံသူများက ပေါင်းစည်းလိုက်ကြသည်။

ဤကမ္ဘာငယ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် သက်ဆိုင်နေပြီး ကမ္ဘာနှစ်ခုက ရင်းနှီးသည်ဟု ဆိုနိုင်သည်။

“ဟမ် ....”

မိုင်းတွင်းထဲတွင် တုန်ခါမှုတစ်ခု ဖြစ်လာသည်။

ကျောက်နံရံပေါ်တွင် အက်ကွဲကြောင်းများပေါ်လာသည်။

မြေအောက်မှ တုန်ခါမှုများ ထွက်လာသည်။

တာအိုဆရာတယန်က မီးအဆီအနှစ်သလင်းကျောက်ကို ရလာ၏။

ဟန်မူယဲ့ ပျော်ရွှင်သွားသည်။

သို့သော်လည်း ချက်ချင်းဆိုသလိုပဲ သူ့မျက်နှာထားက လေးနက်လာသည်။

ဤမိုင်းတွင်းထဲတွင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ နှစ်ယောက်ထက်ပိုရှိနေသည်။

ဓား၏မှတ်ဉာဏ်များထဲမှ သူက တတိယမြောက် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကို မြင်လိုက်ရသည်။

ထိုကျွမ်းကျင်သူမှာ အိုမင်းနေသော မျက်နှာနှင့် ခါးကုန်းနေသော လူအိုကြီးဖြစ်သည်။

ခုန်းလင်တာအိုဂိုဏ်း၏ အကြီးအကဲ မာမုန့်က သက်တမ်းကုန်ဆုံးတော့မည့်အချိန်မှာ မိုင်းတွင်းထဲတွင် တံခါးပိတ်ကျင့်ကြံနေ၏။

ယခုအချိန်တွင် မိုင်းတွင်းတစ်ခုလုံး ဆူပွက်နေသည်။

“မင်းက သေချင်နေတာပဲ”

ထိုအချိန်တွင်ပဲ အိုမင်းနေသောအသံ ထွက်ပေါ်လာသည်။ ထို့နောက် ကျောက်နံရံများအားလုံး တုန်ခါသွားသည်။

All Chapters