← Chapters

မူလဝိညာဉ်ကို လမ်းညွှန်ခြင်း

Vol. 30 Ch. 410

မူလဝိညာဉ်ကို လမ်းညွှန်ခြင်း

Vol. 30 Ch. 410

“ဒီကလေးတွေ ဘယ်လိုကစားရမလဲ သိတယ် ကြည့်စမ်း” ခန်းမအရှေ့တွင် မျက်ကန်းက နေပူဆာလှုံရင်း နားကန်းကို စကားပြောနေသည်။ “ဘယ်လောက်တက်ကြွကြလိုက်သလဲ။ တူနှစ်ကိုယ်ကျင့်စဉ်ကို အင်တိုက်အားတိုက်ကို ကျင့်နေကြတာ။ နားကန်း မင်း လက်တွဲဖော် ရှာဖို့ တွေးခဲ့ဖူးလား”

နားကန်းက သူ့ကို အဖက်မလုပ်ဘဲ သူ၏နားပေါက်ကို လက်ညှိုးထိုးပြီး မကြားနိုင်ကြောင်း ပြသည်။

“ကန်းချင်ယောင် ဆောင်နေတယ်” မျက်ကန်း သရော်တော်တော် ပြော၍ တောင်ဝှေးကို အားပြုကာ ထလိုက်သည်။ သူက ဧကရာဇ်ယန်ဖုန်းဘေး လျှောက်သွားကာ ပြောလိုက်၏။ “ဟေ့ ခမည်းခမက်။ ခင်ဗျားသမီးက မူအာနဲ့ တူနှစ်ကိုယ်ကျင့်စဉ် ကျင့်.... အီး ဘာလို့သွေးအန်နေတာတုန်း။ ကျုပ်ကို အပြစ်တင်တုန်းလား။ ဧကရာဇ်ဖြစ်ပြီး ကိုယ့်ပြည်သူ့ကို ဘယ်လိုလုပ် အပြစ်တင်နိုင်တာလဲ။ ဘယ်မှာလဲ တရားမျှတမှု။ ကျုပ်ကို ရိုက်ရဲတယ်ပေါ့။ ခင်ဗျားကို ကြောက်တယ်ထင်နေလား...”

ချင်မူနှင့် လင်ယွိရှို့ ဟိုနေရာသွားလိုက်၊ သည်နေရာသွားလိုက်ဖြင့် ကစားနေကြသည်။ ကစား၍ ဝသည့်အခါမှ အရပ်ခြောက်မျက်နှာမူလဝိညာဉ်ဖွဲ့တည်နည်း ကျင့်စဉ်ကို အမှန်တကယ် တွေး‌တောရန် သဘောတူလိုက်ကြ၏။

သူတို့နှစ်ယောက် အရပ်ခြောက်မျက်နှာမူလဝိညာဉ် ဖွဲ့တည်နည်းကို အလေးအနက်ထား၍ စဉ်းစားလိုက်ကြသည်။

“ယန်ဝိညာဉ်နဲ့ မူလဝိညာဉ်တွေရဲ့ ပဲ့တင်ရိုက်ခတ်မှုတွေကနေ စလို့ ရမယ်ထင်တယ်” လင်ယွိရှို့က အလေးအနက်အမူအရာဖြင့် ပြောသည်။ “လူနှစ်ယောက်ရဲ့ ယန်ဝိညာဉ်နဲ့ မူလဝိညာဉ်တွေ အချင်းချင်း ပဲ့တင်ရိုက်ခတ်နိုင်ရင် တစ်ယောက်ကို တစ်ယောက် ခွန်အားချေးငှားပြီး မူလဝိညာဉ်တွေ ခန္ဓာကိုယ်ထဲကနေ ထွက်သွားနိုင်အောင် လုပ်နိုင်လောက်တယ်”

ချင်မူ ခေါင်းညိတ်လိုက်ပြီး အတန်ကြာ စဉ်းစားကြည့်လိုက်သည်။ “ဒါပေမဲ့ အဲဒါက မူလဝိညာဉ်ကို ဖွဲ့တည်ပြီးထားမှ ဖြစ်မှာ။ မူလဝိညာဉ်မဖွဲ့တည်နိုင်သေးရင် ဘယ်လိုလုပ်မလဲ။ မူလဝိညာဉ် အချင်းချင်း ပဲ့တင်ရိုက်ခတ်တဲ့ကိစ္စ မတိုင်ခင် အဓိက,က ဝိညာဉ်သန္ဓေသားနဲ့ ဝိညာဉ်ကို ပေါင်းစည်းနိုင်ဖို့ပဲ”

လင်ယွိရှို့ စိတ်လှုပ်ရှားလာသည်။ “အဲ့ဒါဆို ဝိညာဉ်ပဲ့တင်ရိုက်ခတ်တာကနေ စသင့်တယ်။ ဝိညာဉ်အချင်းချင်း ပဲ့တင်ရိုက်ခတ်မှုကနေ တစ်ဆင့် ဝိညာဉ်သန္ဓေသားကို လမ်းညွှန်ပြီး ဝိညာဉ်နဲ့ ဝိညာဉ်‌သန္ဓေသားကို ပေါင်းစည်းသွားစေလိုက်ရင် မူလဝိညာဉ်ဖွဲ့တည်လာပြီ”

ချင်မူ့မျက်လုံးများ အရောင်တောက်သွားပြီး သူ ပြောလိုက်၏။ “ဒီကျင့်စဉ်အတွက် လူနှစ်ယောက်အတူတူ ကျင့်ဖို့ လိုလိမ့်မယ်။ ငါက ငါ့ဝိညာဉ်နဲ့ နင့်ရဲ့ ဝိညာဉ်သန္ဓေသားကို လမ်းညွှန်ပေးရမယ်။ နင့်ဝိညာဉ်ကကျ ငါ့ဝိညာဉ်သန္ဓေသားကို လမ်းညွှန်ပေးရမယ်။ ဝိညာဉ်တွေ ရောသွားတာနဲ့ ငါတို့နှစ်ယောက်လုံး ခန္ဓာကိုယ်ထဲကနေ ထွက်သွားရလိမ့်မယ်။ အဲဒီအခါ ငါတို့ ဝိညာဉ်ချင်း လဲသွားပြီး မူလဝိညာဉ် အလိုအလျောက် ဖွဲ့တည်လာလိမ့်မယ်”

သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။

သဘောတရားတော့ ပေါ်လာခဲ့ချေပြီ။ ချင်မူ့ဝိညာဉ်က လင်ယွိရှို့၏ ဝိညာဉ်ကို လမ်းညွှန်ပေးပြီး လင်ယွိရှို့၏ ဝိညာဉ်က သူ့ဝိညာဉ်ကို လမ်းညွှန်ပေးလိမ့်မည်။ နောက်တစ်ဆင့်က အရေးအကြီးဆုံး ဖြစ်သည်။ သူတို့၏ဝိညာဉ်နှင့် ဝိညာဉ်သန္ဓေသားများ ရုပ်ခန္ဓာ၏အပြင် ပျံထွက်သွားပြီး ပဲ့တင်ရိုက်ခတ်မှုမှတစ်ဆင့် တစ်ယောက်ကိုတစ်ယောက် ခေါ်လိုက်သည့်အခါ ဝိညာဉ်များသည် ဝိညာဉ်သန္ဓေသားနှင့် ပေါင်းစည်းသွားလိမ့်မည်။

ထို့နောက် မူလဝိညာဉ်၏ ပဲ့တင်ရိုက်ခတ်မှုကြောင့် ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်အဖြစ် ပြန်လည်ပြိုကွဲသွားမည်မဟုတ်ပေ။

ထိုနည်းဖြင့် အရပ်ခြောက်မျက်နှာအဆင့်တွင် မူလဝိညာဉ်ကို ဖွဲ့တည်နိုင်မည်။

လင်ယွိရှို့ ရုတ်တရက် စိုးရိမ်လာမိသည်။ “ပြဿနာက သဘောတရားကို လက်တွေ့အကောင်အထည်ဖော်ဖို့နဲ့ တခြားလူရဲ့ ဝိညာဉ်နဲ့ ဝိညာဉ်သန္ဓေသားကို ဘယ်လိုလမ်းညွှန်ရမလဲ ဆိုတာပဲ”

ချင်မူ တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်နေပြီးနောက် ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။ “ဒီကျင့်စဉ်မျိုးအတွက် မူလဝိညာဉ်၊ ဝိညာဉ် နဲ့ ဝိညာဉ်သန္ဓေသားကို တစ်ပြိုင်တည်း လှုပ်ရှားခိုင်းဖို့ လိုတယ်။ အရေးအကြီးဆုံးက ကျင့်မယ့်လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ချယုံကြည်နေဖို့ပဲ။ တစ်ကိုယ်ကောင်းမဆန်မယ့် ကိုယ်နဲ့အရင်းဆုံးလူကို ရှာရလိမ့်မယ်။ အဲ့ဒါမှ သူတို့ရဲ့ ဝိညာဉ်တွေက တစ်ခုအပေါ်တစ်ခု သံသယမရှိမှာ”

လင်ယွိရှို့ ခေါင်းညိတ်လိုက်ပြီး ရင်ဘတ်ထဲတွင် လိပ်ပြာများ ထပျံသွားသကဲ့သို့ ခံစားလိုက်ရသည်။

ချင်မူ့စကားအရ သူမသည် သူနှင့် အရင်းဆုံးလူ ဖြစ်မသွားဘူးလော။ သူက သူမကို သံသယမြူမှုန်မရှိ ယုံကြည်သည်လော။

“တခြားသူတွေ ဘယ်လိုကျင့်မလဲဆိုတာ အသာထား၊ ကျင့်စဉ်ကို အရင်ဆုံး ဖန်တီးကြရအောင်”

ချင်မူ စိတ်အားတရှိန်ရှိန် တက်သွားပြီး ဝိညာဉ်လမ်းညွှန်အမွှေးတိုင်များ ထပ်လုပ်လိုက်သည်။ ထို့နောက် တစ်ယောက်၏ ဝိညာဉ်ကို တစ်ယောက်၏ ဝိညာဉ်သန္ဓေသားထဲ လမ်းညွှန်ကာ ချီစွမ်းအင်လည်ပတ်ပုံကို လေ့လာသုံးသပ်ပြီးနောက် မှတ်သားလိုက်ကြ၏။

အကြိမ်အနည်းငယ် စမ်းကြည့်ပြီးနောက် နှစ်ယောက်သား ပင်ပန်းလာ၍ အနားယူလိုက်ရသည်။ ကစားသည်မှာ များသွားသဖြင့် သူတို့၏ချီစွမ်းအင်များစွာ ကုန်သွားခဲ့သည်။

ခြောက်ရက်ကြာသော် အကြမ်းဖျင်းကျင့်စဉ်ကို လင်ယွိရှို့နှင့် ချင်မူ ထုတ်နုတ်ပြီးသွားသည်။ ယေဘုယျသဘောတရားများကိုလည်း မှတ်သားပြီးသွား၏။ သဘောတရားများအပေါ် အခြေခံ၍ အသေးစိတ်ပြင်ဆင်မွမ်းမံမှုများ လုပ်ရန်သာ ကျန်တော့သည်။

ယခုထိတိုင်အောင် သားသတ်သမား ပြန်ရောက်မလာသေး၍ ချင်မူ၊ အဘွားစစ်နှင့် ကျန်ရှိသူများ အနည်းငယ် စိတ်ပူလာကြသည်။ ရှင်းအန်းက သန်မာအားကောင်းလွန်းသည် မဟုတ်ပါ၏လော။ အားဆေးပြဿနာကို ဖြေရှင်းပြီး သူ၏ရုပ်ခန္ဓာက ပုံမှန်ပြန်ဖြစ်သွားလျှင် သားသတ်သမားအနေဖြင့် သူ့အတွက် ပြိုင်ဘက်မဟုတ်နိုင်တော့ပေ။ ရှင်းအန်း၏ ဆေးအသိက ကြွယ်ဝလွန်းသည်။ မဟုတ်လျှင် သူ့ခန္ဓာကိုယ်များကို စိတ်တိုင်းကျ ဖြုတ်တပ်နိုင်မည်မဟုတ်ပေ။ အားဆေးပြဿနာကို ဖြေရှင်းရန်က သူ့အတွက် ခက်ခဲမည်မဟုတ်။

စစ်ယွင်ရှန်း၊ ယန်ကျင့်ကျင့်နှင့် ဟူလင်းအာတို့က အမြန်သင်္ဘောတစ်စင်းနှင့်အတူ ဖန့်စန်းပြည်နယ်မှ ပြန်ရောက်လာပြီး ဆေးပင်များ၊ ဒယ်အိုးများ၊ ပေါင်းအိုးများ နှင့် ဆေးကျိုအိုးများ သယ်ဆောင်လာသည်။

သားသတ်သမား ရှင်းအန်းနောက် လိုက်နေသော ကိစ္စကို ဘေးချိတ်၍ ချင်မူ အလုပ်များသွားသည်။ သူက ဆေးရည်များ ကျိုကာ လူနာအားလုံးကို ဆေးကျိုအိုးများထဲ ထည့်နေသည်။

“မူအာ သိုင်းအဆင့်နိမ့်တဲ့လူတွေကို ထည့်လို့ မရဘူး။ လူသားဟင်း ဖြစ်သွားလိမ့်မယ်” အဘွားစစ်က ကပျာကယာ သတိပေးသည်။

“ဟုတ် ဘွားဘွား”

ချင်မူ ထောင့်စေ့အောင် အကုန်ပြင်ဆင်ပြီး သမင်မိစ္ဆာများအား အပူရှိန်ထိန်းခိုင်းကာ အစစ်အမှန်နဂါးသိုက်ထဲ ဝင်လိုက်သည်။ သူက ခြေထောက်ငါးချောင်း ထုတ်ယူလာကာ ထော့ကျိုးကို မေးလိုက်၏။ “ဘိုးဘိုးထော့ကျိုး၊ ဒီခြေထောက်တွေထဲက ဘယ်ဟာက ဘိုးဘိုးခြေထောက်လဲ”

ထော့ကျိုးက ခြေထောက်နှစ်ချောင်း ရွေးလိုက်သည်။ “ဒီနှစ်ချောင်းပဲ။ မူအာ မင့်မှာ ဘာလို့ ခြေထောက်တွေ အများကြီး ရှိနေတာတုန်း။ ဘာအတွက်လဲ”

ချင်မူ ပြုံးကာ ပြောလိုက်၏။ “အရန်အတွက်ပေါ့။ ဘိုးဘိုးထော့ကျိုးရဲ့ ခြေထောက်တွေ ထပ်ဖြတ်ခံရရင် ကျန်တဲ့ခြေထောက်သုံးချောင်းကို အစားထိုးလို့ရတယ်လေ”

“ဖတ် ဖတ်၊ လွဲပါစေ ဖယ်ပါစေ၊ နိမိတ်မရှိ နမာမရှိ”

ထော့ကျိုး တံတွေးနှစ်ကြိမ် ထွေးလိုက်သည်။

ချင်မူက ဆေးကျိုအိုးတစ်လုံး ကျိုပြီး ထော့ကျိုး၏ ခြေထောက်ကို ပြန်ဆက်ပေးရန် ရွှင်ပျော်ပျော်ဓား၊ လိမ်းဆေးနှင့် နဂါးသွားရည်များအား ပြင်ဆင်ထားလိုက်၏။

ချင်မူ့အတွက် ဤကိစ္စက အပန်းမကြီးတော့ပေ။ ထော့ကျိုးနှင့် သားသတ်သမား၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြန်ဆက်ပေးဖူးသည်မဟုတ်ပါလော။ ခက်ခဲမည့်အစား သက်တောင့်သက်သာပင် ရှိသေးသည်။

“မူအာ့လက်ကတော့ သွက်သထက် သွက်လာတာပဲ” ထော့ကျိုးက ချီးကျူးလိုက်သည်။

ဘေးရှိ မျက်ကန်းက မျက်လုံးပင့်ကာ ပြောလိုက်သည်။ “မင်း ခဏခဏ အဖြတ်ခံနေရလို့ သူလည်း လက်သွက်လာတာပေါ့”

ထော့ကျိုး ဒေါသထွက်သွားသော်လည်း ချင်မူက သူ့ကို ချီကာ ဆေးကျိုအိုးထဲ ထည့်ပေးလိုက်သည်။ “ဖတ် ဖတ် လွဲပါစေ ဖယ်ပါစေ နိမိတ်မရှိ နမာမရှိ”

သူတို့နှစ်ယောက် တကျက်ကျက် ရန်ဖြစ်နေကြသည့်အချိန်တွင် ချင်မူက ကျောက်စိမ်းနဂါးပန်းကန်လုံးတစ်လုံးကို ကိုင်လျက် မျက်ကန်းအား သွားရှာသည်။ “ဘိုးဘိုးမျက်ကန်း၊ ဘယ်ဟာက ဘိုးဘိုးရဲ့ ကောင်းကင်မျက်လုံးတွေလဲ”

ပန်းကန်လုံးထဲတွင် မျက်လုံးဆယ်လုံးကျော် ရှိပြီး တစ်လုံးစီတိုင်းက ရှင်းအန်း စုဆောင်းထားသော ကောင်းကင်မျက်လုံးများ ဖြစ်ကြသည်။ အသက်ဝင်မနေသည့်အတွက် အထဲ၌ ကိန်းဝပ်နေသော ကောင်းကင်ကိုးဆင့်ကို ချင်မူ မမြင်ရပေ။ မျက်လုံးအားလုံးကလည်း အပြင်မှကြည့်လျှင် ဆင်တူသည်။

မျက်ကန်းက လက်ဖြင့် စမ်းကြည့်ကာ မျက်လုံးနှစ်လုံး ရွေးလိုက်သည်။ သူက မျက်မှောင်ကြုတ်၍ ပြောလာ၏။ “ငါ့မျက်လုံးတွေက အထုတ်ခံထားရတာ ကြာပြီ။ ဒဏ်ရာတွေလည်း ပျောက်နေပြီဆိုတော့ ပြန်ထည့်လို့ ရပါ့ဦးမလား”

ကျန်မျက်လုံးများကို နဂါးစိမ်းပန်းကန်လုံးနှင့်အတူ အစစ်အမှန်နဂါးသိုက်ထဲ ပြန်ထည့်ပြီးနောက် ချင်မူ မျက်ကန်း၏ မျက်လုံးများကို အလေးအနက် ကြည့်လိုက်သည်။

မျက်ကန်းက တည်ငြိမ်အေးဆေးစွာ ပြုံးလိုက်၏။ “မတတ်နိုင်လည်း ရပါတယ်။ အခုလို နေရတာ အသားကျနေပါပြီ”

“ကျွန်တော် လုပ်ပေးနိုင်ပါတယ်။ ဒါမဲ့ မျက်လုံးထဲက အာရုံကြောတချို့တော့ ခြောက်ကပ်နေပြီ။ အရင်ဆုံး ရက်ပိုင်းလောက် အားဖြည့်ပေးလိုက်ရင် မျက်လုံးအာရုံကြောတွေကို ဆေးစွမ်းအင်နဲ့ ပြန်လှုံ့ဆော်ပေးလို့ ရမယ်ထင်တာပဲ...” ချင်မူ ခေါင်းမော့ကာ ပြုံးလိုက်၏။ “ဘိုးဘိုးမျက်ကန်း မပူပါနဲ့။ ကျွန်တော့်ဆေးပညာအသိက ဘိုးဘိုးဆေးဆရာလောက် မကြွယ်ဝသေးပေမယ့် ဒီလောကမှာ နံပါတ်နှစ်မဟုတ်လား”

သူ အတန်ကြာ စဉ်းစားတွေးတောပြီးနောက် မျက်ကန်းအတွက် ဆေးပင်များ ပြင်လိုက်သည်။ မျက်လုံးထဲရှိ အာရုံကြောဖွဲ့စည်းပုံက နှလုံးသွေးကြောဖွဲ့စည်းပုံထက် များစွာရှုပ်ထွေး၏။ ထို့အပြင် မျက်လုံးက ဦးနှောက်ကဲ့သို့ နုရွလှသဖြင့် ချင်မူ ဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်သည်။ သူ ဆေးပင်အားလုံးကို သန့်စင်ပြီး ဘေးထွက်ဆိုးကျိုးမရှိအောင် စစ်ဆေးလိုက်သည်။ ထို့‌နောက် သူ သိထားသမျှ ဗဟုသုတအားလုံးဖြင့် အာရုံကြောများကို လှုံ့ဆော်ပေးရလိမ့်မည်။

ဤသည်က ချင်မူ့အတွက် စမ်းသပ်မှုကြီးတစ်ခု ဖြစ်ပေသည်။

ချင်မူ နည်းလမ်းများစွာဖြင့် မျက်လုံးထဲရှိ အာရုံကြောများကို နှိုးဆွ‌ပေးလိုက်သည်။ ဆေးသောက်ခြင်း၊ ဆေးလိမ်းခြင်းအပြင် ဆေးကျိုပေးနိုင်သော ယန္တရားအသေးစားတစ်ခုကိုပင် သူ တီထွင်လိုက်၏။ ထိုယန္တရားက ဆေးရည်ကို အလိုအလျောက်အပူပေးကာ မျက်ကန်း၏ မျက်တွင်းပေါက်များကို အားဖြည့်ပေါင်းခံပေးထားသည်။

ထိုမျှသာမကသေး၊ ဆေးအပ်တစ်ချောင်းမှတစ်ဆင့် ဆေးရည်တစ်မျိုးကို သေနေသော မျက်လုံးကြွက်သားများအထဲသို့ ထပ်ခါတလဲလဲ ထည့်ပေးရသည်။

ရက်အနည်းငယ်ကြာသော် မျက်ကန်း သူ၏မျက်လုံးအိမ်များ ပူစပ်လာပြီး သေးသေးမျှင်မျှင် အမြစ်လေးများ ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအခါမှ ချင်မူက မျက်လုံးအာရုံကြောများကို ထိုအမြစ်များနှင့် ဆက်ပေးသည်။ မျက်လုံးများကို မျက်လုံးအိမ်ထဲ ပြန်ထည့်ပြီးသည့်အခါ ချင်မူ ပတ်တီးကို ဆေးများ သုတ်လိမ်း၍ မျက်လုံးများအပေါ် ဖုံးအုပ်ချည်နှောင်ပေးလိုက်၏။

“ဘိုးဘိုးမျက်ကန်း၊ ကြွက်သားနဲ့ အာရုံကြောတွေ သက်သာလာရင် ပတ်တီးဖြေလို့ရပြီ” ချင်မူ ညွှန်ကြားပြီးနောက် သစ်ပင်မိစ္ဆာတစ်ကောင်ကို လှမ်းခေါ်ကာ မျက်ကန်းအတွက် အချိန်နှင့်တစ်ပြေးညီ ဆေးလဲလှယ်ပေးရန် သတိပေးလိုက်သည်။ သစ်ပင်မိစ္ဆာက ပုတ်သင်ညိုကဲ့သို့ ခေါင်းတဆတ်ဆတ် ညိတ်ကာ မျက်ကန်း၏အရှေ့တွင် အမြစ်ချပြီး ‌ဆေးလဲလှယ်ရန် စောင့်နေတော့သည်။

ချင်မူ အစစ်အမှန်နဂါးသိုက်ကို စစ်ဆေးပြီး သူ့ဘာသာ တွေးလိုက်မိ၏။ ‘ရှင်းအန်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုသာ ဆက်လိုက်ရင် နတ်ဘုရားခန္ဓာတစ်ခု ရနိုင်တယ်။ ရှင်းအန်း ဘာကျင့်စဉ်ကျင့်ထားလဲ မသိတာ နှမြောစရာပဲ။ သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု ဒါမှမဟုတ် မူလဝိညာဉ်တော့ သေချာပေါက် ချန်ထားလောက်တယ်။ မဟုတ်လို့ကတော့ အသက်ရှင်နိုင်မှာမဟုတ်ဘူး။ ထူးဆန်းတယ် ဘယ်အစိတ်အပိုင်းက သူ့ဟာများလဲ’

ရှင်းအန်းနှင့် တိုက်ခိုက်ခဲ့တုန်းက ရှင်းအန်းသည် ခေါင်းကို ဖြုတ်လဲခဲ့ရာ သူ့ဦးနှောက်လည်း ခေါင်းနှင့်အတူ လဲပြီးဖြစ်ခဲ့၏။ ကောင်းကင်သွေး၊ နှလုံးနှင့် ခြေထောက်များကိုလည်း လဲခဲ့သည်။

ယွီ‌ကျောက်ချင်းနှင့် တိုက်ခိုက်ခဲ့တုန်းကလည်း မူလဝိညာဉ်တစ်ခုပြီးတစ်ခု သုံးကာ တိုက်ခိုက်ခဲ့သည်။

သို့တိုင်အောင် သူ၏မူလအစိတ်အပိုင်းတစ်ခုတော့ မပြောင်းမလဲဘဲ ရှိကိုရှိလိမ့်မည်။ ကျန်အစိတ်အပိုင်းများ သေဆုံးသွားစေကာမူ ထိုတစ်ခုကိုတော့ သူ အသေခံနိုင်မည်မဟုတ်ပေ။

၎င်းက သူ၏အသက် ဖြစ်သည်။

ထိုအစိတ်အပိုင်းကို ဖျက်စီးမှသာ သူ့ကို သတ်နိုင်လိမ့်မည်။

‘ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အစားထိုးလို့ရပေမယ့် ဝိညာဉ်ကိုတော့ သေချာပေါက် အစားထိုးလို့မရဘူး’

ချင်မူ မျက်လုံးများ တောက်ပသွားပြီး အဘွားစစ်ကို ရှာကာ ပြောပြလိုက်သည်။ ဝိညာဉ်များအပေါ် အဘွားစစ်၏ နားလည်မှုက သူ့ထက် ပိုနက်နဲသည်။

“ဝိညာဉ်က ယန်ဝိညာဉ်နဲ့ ယင်ဝိညာဉ်ဆိုပြီး ကွဲတယ်။ ယန်ဝိညာဉ်သုံးခုက မျက်ခုံးနှစ်ဖက်ကြားမှာရှိတဲ့ ကောင်းကင်ဝိညာဉ်၊ မြီးညှောင့်ရိုးနေရာမှာရှိတဲ့ မြေဝိညာဉ်၊ ချက်နေရာမှာရှိတဲ့ အသက်ဝိညာဉ်တို့ပဲ။ ယင်ဝိညာဉ်ခုနစ်ခုက ငယ်ထိပ်မှာရှိတဲ့ ရှစ်ကုံး၊ တတိယမျက်လုံးနေရာမှာ ရှိတဲ့ ဖူးရှစ်၊ လည်စလုတ်မှာ ရှိတဲ့ ချောင်းယင်၊ နှလုံးနေရာမှာ ရှိတဲ့ ထွင်ကျိမ်၊ ချက်နေရာမှာရှိတဲ့ ဖေးတူ၊ စအိုနားမှာ ရှိတဲ့ ချီဟွေ့၊ အဆုတ်နေရာမှာ ရှိတဲ့ ချုံဖေးတို့ပဲ။ သဘောတရားအရ ဒီအစိတ်အပိုင်းတွေကို ပြောင်းလဲလိုက်ရင် သူ့ဝိညာဉ်က ပြည့်စုံမှာမဟုတ်တော့ဘူး။ ဒါပေမဲ့ သူ့မှာက ပြည့်စုံတဲ့ ဝိညာဉ်ရှိနေတယ်”

ချင်မူ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ အဘွားစစ်၏သုံးသပ်ချက်အရ ရှင်းအန်း၏ ခေါင်း၊ တျန်းထျန်၊ ကျောရိုး၊ လည်ပင်း၊ အဆုတ်၊ နှလုံးနှင့် အတွင်းကလီစာများ အကောင်းအတိုင်း ရှိနေလိမ့်မည်။ မဟုတ်ပါက သူ သိမ်းထားသော ခန္ဓာကိုယ်ထဲ၌ ဝိညာဉ်ထည့်ထားရန် လိုအပ်၏။

သို့သော် မျက်ကန်းနှင့် ကျန်ရှိသူများက ရှင်းအန်း၏ နှလုံးကို ဖျက်စီးပြီး ခေါင်းကို ရိုက်ခွဲခဲ့သည်သာမက ကျောရိုးပင် ငေါထွက်လာအောင် တိုက်ခိုက်ခဲ့သော်လည်း ရှင်းအန်း၏ ဝိညာဉ်က ဒဏ်ရာရမသွားပေ။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများကို လဲလှယ်နိုင်ခဲ့သည်။

“ဆိုလိုတာက ရှင်းအန်းရဲ့ ခေါင်း၊ တျန်းထန်၊ ကျောရိုး၊ လည်ပင်း၊ အဆုတ်၊ နှလုံးနဲ့ ကလီစာတွေ ရှိနေသေးတာပေါ့။ သူ့ဝိညာဉ်က သူ့ရဲ့ မူလကိုယ်ထဲမှာ ရှိနေတုန်းပဲ။ လိုအပ်တဲ့အချိန်ကျမှ သူ သိမ်းထားတဲ့ ခန္ဓာကိုယ်ထဲမှာ သွားနေတာ။ ဒါဆို သူ့ရဲ့ မူလကိုယ်အစိတ်အပိုင်းတွေက ဘယ်ထဲ ပုန်းနေမလဲဆိုရင် .....”

သူနှင့် အဘွားစစ် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်တောင်ပုတ်ခတ်လိုက်ကြသည်။

မူလခန္ဓာကိုယ်က သေတ္တာထဲတွင် ပုန်းနေလိမ့်မည်။

သားသတ်သမားက သေတ္တာကို ထက်ပိုင်းခြမ်းခဲ့သော်လည်း မူလခန္ဓာကိုယ်က လွတ်မြောက်သွားခြင်းဖြစ်မည်။

“သူ့မှာ အားနည်းချက်တစ်ခု ရှိပါသေးတယ်” ချင်မူ စိတ်ပြန်ထိန်းလိုက်သည်။ “ဘိုးဘိုးသားသတ်သမား သူ့ကို မသတ်နိုင်ရင်တောင်မှ နောက်တစ်ကြိမ် သေတ္တာတစ်လုံးနဲ့ ပေါ်လာရင် ကျွန်တော့်အထင် မှန်လိမ့်မယ်”

အဘွားစစ်က ခေါင်းညိတ်လိုက်သည်။ “သေတ္တာနဲ့ ပေါ်လာတာနဲ့ သူ့ရဲ့ မူလခန္ဓာကိုယ်က အထဲမှ ပုန်းနေတယ်လို့ ဆိုလိုတယ်။ သူက ပြိုင်ဘက်ကင်းမဟုတ်တော့ သူ့ကို သတ်ရတာ အများကြီး လွယ်သွားလိမ့်မယ်”

All Chapters