← Chapters

အမဲလိုက်ရာသီ

Vol. 7 Ch. Chapter 28

အမဲလိုက်ရာသီ

Vol. 7 Ch. Chapter 28

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 24 - အမဲလိုက်ရာသီ

နယူးယောက်ဟီးရိုးကျောင်းရုံးခန်း။

မက်ဒါနာက သူ့ရှေ့မှာရှိနေတဲ့ ကျောင်းသားအုပ်စုကိုမော့ကြည့်လိုက်တယ်။ စားပွဲပေါ်မှာ အစီရင်ခံစာတွေနဲ့ပြည့်နေပြီး မျက်ကွင်းတွေညိုနေတာမလို့ ပင်ပန်းနေကြောင်း သိနိုင်ပါတယ်။

"ဒီတော့ လက်တွေ့တိုက်ပွဲဘာသာရပ်မှာ ရလဒ်များပြီး လက်တွေ့ဟီးရိုးမစ်ရှင်ယူဖို့ အရည်အချင်းပြည့်မီတာ နင်တို့ခြောက်ယောက်လား။"

ကျောင်းအုပ်အလှလေးက သူတို့ကို စိုက်ကြည့်နေတဲ့အတွက် ကျောင်းသားအုပ်စုက တုန့်ခနဲဖြစ်သွားကြတယ်။ သူတို့တွေ လွန်ခဲ့တဲ့ရက်ကပဲ နောက်ဆုံးကျန်တဲ့ ဘာသာရေးစာမေးပွဲကို ဖြေပြီးကြတာ။ ပြီးတော့ ရလဒ်ကောင်းတယ်လို့ ပြောလို့ရတယ်။ ဟီးရိုးပညာရေးစနစ်အရ ယာယီလိုင်စင်နဲ့လက်တွေ့ဟီးရိုးတာဝန်ကို ထမ်းဆောင်ဖူးတဲ့ ကျောင်းသားတွေက ကျောင်းပြီးတဲ့အခါမှာ အလုပ်အကိုင်အခွင့်အလမ်းပိုများ​တယ်။ အေဂျင်စီတွေက အဲဲဒီလိုကလေးတွေကို ပိုပြီးအလုပ်ခေါ်တတ်ကြတယ်လေ။ ပြီးတော့ ပထမနှစ်မှာ ဟီးရိုးမစ်ရှင်အောင်မြင်ထားရင် ဒုတိယနှစ်ရောက်တာနဲ့ အလုပ်သင်ဟီးရိုးလုပ်လို့ရပြီ။

အရင်တုန်းကတော့ နယူးယောက်ကျောင်းမှာ ဒီလိုမစ်ရှင်ကို ထမ်းဆောင်နိုင်လောက်တဲ့ ကျောင်းသားတွေ များများစားစားမရှိခဲ့တဲ့အတွက် ဖားလေးတစ်ယောက်ပဲ အလုပ်သင်ဟီးရိုးဖြစ်ခဲ့တာ။ အခုတော့ သူတို့မှာ အလားအလာကောင်းတဲ့ လူခြောက်ယောက်ရှိနေပြီ။

"ဟုတ်ကဲ့၊ ကျွန်မတို့ အကောင်းဆုံးကြိုးစားပါမယ်။"

ရှက်နေတဲ့ ဘယ်လာက ဖြေလိုက်တယ်။ ဒီC အဆင့်မြူတန့်ကျောင်းသူက လေးလတာအတွင်းမှာ သိသာတဲ့ တိုးတက်မှုတွေရှိခဲ့ပြီး C+ အဆင့်ကိုရောက်နေပါပြီ။ ဒီတော့ အဆင့်မီတဲ့ခြောက်ယောက်ထဲ ပါနေတာ သိပ်မထူးဆန်းဘူး။

မက်ဒါနာက ခေါင်းညိတ်ပြီး ကျန်တဲ့ကျောင်းသားတွေကို ကြည့်လိုက်တယ်။ အားလုံးက ရင်းနီးတဲ့သူတွေဖြစ်ပြီး အီဗန်၊ နျူရေ၊ ဘယ်လာ၊ ဂိုးလ်၊ ဗင်းဆင့်နဲ့ ဂရေဟမ်တို့ပါ။ ဂရေဟမ်က စွမ်းအားသိပ်မကြီးလို့ တစ်ယောက်ချင်းစီဖြေရတဲ့ လက်တွေ့တိုက်ပွဲစာမေးပွဲမှာ အေမီအမှောက်သိပ်တာခံလိုက်ရပေမဲ့ ရေးဖြေတွေမှာ နျူရေထက်တောင် အမှတ်ပိုများလို့ အဖွဲ့ထဲပါလာတာ။

"မင်းတို့တွေ လက်တွေ့မစ်ရှင်မှာပါချင်လား သေချာအရင်စဥ်းစားကြ၊ ဒီမစ်ရှင်တွေက အသက်အန္တရာယ်ရှိတယ်ဆိုတာသိလား။"

မက်ဒါနာက လေသံမာမာနဲ့ပြောလိုက်ပေမဲ့ ရှေ့က ကျောင်းသားတွေကတော့ တုန်လှုပ်သွားတဲ့ပုံမပေါ်ဘူး။ အဲဒီအစား နျူရေက အီဗန်ကိုတစ်ချက်ကြည့်လိုက်ပြီး ရှေ့ကိုထွက်လာကာ ပြောလိုက်ပါတယ်။

"ကျောင်းအုပ်ရှင့်၊ အခုကျွန်မတို့တိုင်းပြည်နဲ့ကမ္ဘာကြီးက အခက်အခဲကျရောက်နေတာပါ။ ပိုးကောင်တွေနဲ့စစ်ပွဲက ဘယ်တော့စမလဲမသိဘူးလေ။ ဒါကြောင့် ကျွန်မတို့က အတွေ့အကြုံလိုချင်တာပါ။"

ဖက်ဒရယ်ကောင်စီနဲ့ငြိမ်းချမ်းရေးမဟာမိတ်ကြောင့်

ပိုးကောင်တွေရဲ့တည်ရှိမှုက လျှို့ဝှက်ချက်မဟုတ်တော့ဘူး။ နိုင်ငံတိုင်းက အစိုးရတွေထဲ ပိုးကောင်သူလျှိုတွေ ထိုးဖောက်ဝင်လာမှာ ကြောက်နေရပြီး ငြိမ်းချမ်းရေးမဟာမိတ်နဲ့ အလျင်အမြန်ပူးပေါင်းလာကြတယ်။ အမေရိကန် နှစ်ခြမ်းကွဲသွားတာနဲ့အတူ ဝဲလ်ဆင်ရဲ့လူသားမဟာမိတ်ကလည်း ပြိုလဲလုနီးပါးဖြစ်နေပြီ။ ရှန်ဟိုင်းကိစ္စကြောင့် တရုတ်က ငြိမ်းချမ်းရေးမဟာမိတ်ထဲရောက်လာပြီး အရှေ့ရုရှားကလည်း

ပူးပေါင်းဖို့ကြိုးစားနေတယ်။ အနောက်ရုရှားကတော့

မြူတန့်မဟာမိတ်က အုပ်စိုးထားဆဲဖြစ်သလို သူတို့ချင်းတိုက်ခိုက်နေကြတဲ့အတွက် ဘာလှုပ်ရှားမှုမှမရှိသေးဘူး။ အာဆီယံနဲ့တခြားအုပ်စုတွေကလည်း အဖွဲ့ဝင်တိုက်ရိုက်ဖြစ်မလာပေမဲ့ ပူးပေါင်းဆောင်ရွက်နေကြပြီ။

"ကောင်းပြီလေ၊ ငါက မစ်ရှင်ကို အရင်ရှင်းပြမယ်။ ပြီးမှ နင်တို့ဘာသာ စာချုပ်မှာလက်မှတ်ထိုးမထိုး စဥ်းစားကြပေါ့။"

မက်ဒါနာက အသက်အန္တရာယ်အာမမခံကြောင်း စာချုပ်ခြောက်စောင်ကို စားပွဲပေါ်တင်လိုက်ပြီး စရှင်းပြတယ်။ "ပန်ဆာဗေးနီးယားမှာ အီတလီမာဖီးယားဂိုဏ်းချုပ်မာတီရာဆိုတာရှိတယ်။ ဒီလူက B rank စာရွက်စွမ်းအားမြူတန့်ဖြစ်ပြီး လက်နက်အပြည့်အစုံတပ်ထားတဲ့ နောက်လိုက် ဂိုဏ်းသားငါးဆယ်လောက်ရှိမယ်။ နင်တို့အင်အားနဲ့ကိုင်တွယ်နိုင်မနိုင် သေချာစစ်ဆေးပြီးသားမလို့ ဆရာမဘရီစာစကားကိုနားထောင်ရင် အသက်ရှင်လျက်ပြန်လာနိုင်ဖို့များတယ်။ တစ်ခုရှိတာက...."

မက်ဒါနာက စကားကိုခနနားလိုက်ပြီး ပြုံးလိုက်ပါတယ်။ သူက ဂရေဟမ်ကို ကြည့်လိုက်တယ်။ ဂရေဟမ်က ယုံကြည်မှုအပြည့်ရှိတဲ့ပုံစံမျိုးနဲ့ ရပ်နေဆဲပါ။

"ဒီလူတွေက မြူတန့်စွမ်းအားတိုးဆေးတွေကိုလည်း

တရားမဝင်ထုတ်လုပ်နေတယ်လို့ သံသယရှိတယ်။ ဒီတော့ ပြိုင်ဘက်က ရုတ်တရက်ကြီးစွမ်းအားကြီးလာတာမျိုးဖြစ်တတ်လို့ ကိုယ့်ဘာသာခွဲပြီးတာဝန်ထမ်းဆောင်တာဘာညာမလုပ်ရင်ကောင်းမယ်။"

"ဟုတ်..." ကျောင်းသားတွေက ကတိပေးလိုက်ပြီးတဲ့နောက် စာချုပ်မှာလာလက်မှတ်ထိုးတယ်။ အေမီက သူတို့အတွက် တိုက်ပွဲဝင်ဝတ်စုံတွေနဲ့ ကျည်အစစ်တွေ ထုတ်ပေးလိုက်တယ်။ ကျောင်းထဲမှာလည်း သူတို့ကို သေနတ်နဲ့ဓားတွေပေးထားပေမဲ့ ကျည်တွေက ရာဘာကျည်တွေပါ။

"သေနတ်ကျည်တွေကို ရေတွက်ထားပြီးသားပါရှင့်။ ကိစ္စမရှိဘဲ ပစ်ခတ်တာမျိုး၊ အပျော်ပစ်တာမျိုးမလုပ်ပါနဲ့။ ဖက်ဒရယ်ဥပဒေအရ ယာယီဟီးရိုးလိုင်စင်ရ ဟီးရိုးတွေကို လက်နက်အစစ်ကိုင်ခွင့်ပေးထားပေမဲ့ အလွဲသုံးစားပြုရင်တော့ ထာဝရဟီးရိုးလုပ်ခွင့်ပိတ်သိမ်းခံရမှာပါ။"

အေမီက သူတို့ကို လက်နက်တွေပေးရင်း သတိပေးလိုက်တယ်။ ဆယ်ကျော်သက်အရွယ်ဆိုတာ လက်တည့်စမ်းတတ်တဲ့အရွယ်မဟုတ်လား။

.....

မစ်ရှင်စတဲ့နေ့ရောက်တော့ အားလုံးကို ကျောင်းကငှားထားတဲ့ ကျည်ကာဘင်ကားက လာကြိုတယ်။ ဒရိုက်ဘာကတော့ သာမန်လူတစ်ယောက်ပါပဲ။ ဘရီစာက ကျောင်းသားတွေကို ဦးဆောင်ပြီး ကားထဲဝင်တယ်။ ကားအတွင်းပိုင်း အထူးတပ်ဖွဲ့တွေအတွက်ကားနဲ့တူပြီး ထိုင်စရာနေရာတွေနဲ့ ပစ္စည်းထားစရာနေရာတွေရှိပါတယ်။ ဘရီစာက ကျောင်းသားတွေကို အရင်ဝင်ခိုင်းလိုက်ပြီး သူကိုယ်တိုင်ကတော့ တံခါးနဲ့နီးတဲ့ အစွန်ဆုံးမှာ ဝင်ထိုင်လိုက်တယ်။ ဒါမှ တစ်ခုခုဖြစ်လာရင် ကျောင်းသားတွေကို ချက်ချင်းကူလို့ရ​မှာ။

တံတားကိုပိတ်ပြီးတဲ့နောက် ဘရီစာက ဒိုင်းကိုကားကြမ်းခင်းပေါ်ချလိုက်ပြီး ဒူးပေါ်မှီတင်ထားလိုက်ပါတယ်။ ဇက်သတ္တုစစ်စစ်ဖြစ်တာကြောင့် ကားထဲက မီးရောင်အောက်မှာ ငွေရောင်တောက်ပနေတယ်။

"ဆရာမဘရီစာက တကယ်ကြီး B rank ဂိုဏ်းစတားငါးယောက်ကို တစ်ပြိုင်တည်းတိုက်ဖူးတာလား။"

အီဗန်က မေးလိုက်တယ်။ ဘရီစာက နာမည်ရှိတဲ့ ဟီးရိုးတွေထဲမှာပါပြီး သူ့အဆင့်နဲ့သူတော့ ပြိုင်ဘက်ကင်းပါတယ်။ ပြီးတော့ အီဗန်က ဘရီစာဆီကနေ သင်ယူဖို့အတွက် စိတ်အားထက်သန်နေပါတယ်။

နျူရေနဲ့တခြားကျောင်းသားတွေလည်း ဘရီစာကို ကြည့်လိုက်တယ်။ တော်ရုံဟီးရိုးတွေက အဆင့်တူ ရန်သူအများကြီးကို တစ်ပြိုင်နက်တည်း မရင်ဆိုင်နိုင်ကြဘူး။ တကယ့်အရည်အချင်းရှိသူတွေမှသာ လုပ်နိုင်တာမျိုးပါ။ ဘရီစာက ကလေးတွေရှေ့မှာပဲ ခေါင်းညိတ်ပြလိုက်တယ်။

"အင်း၊ ဘော့စတွန်က အရိုးခေါင်းဓားပြဂိုဏ်းနဲ့ ချတုန်းက ဖြစ်ခဲ့တာ။ အဲဒီတုန်းက ဒဏ်ရာတောင်ခုထိရှိနေသေးတယ်။" ဘရီစာက ညာဘက်လက်မောင်းပေါ်က ဓားဒဏ်ရာကို ညွန်ပြလိုက်တော့ အားလုံး အံ့ဩကုန်တယ်။

ကားစထွက်တယ်။ မကြာခင်မှာပဲ သူတို့ကျောင်းဝင်းကို နှုတ်ဆက်ခဲ့ရပြီ။ အီဗန်ကတော့ ဘရီစာကို သူသိချင်သမျှဆက်မေးနေတယ်။

"ကျွန်တော်ရော အဆင့်တူတွေအများကြီးကို ပြိုင်ချဖို့ဖြစ်နိုင်မလား။ ပြီးတော့ ဆရာမလုပ်ခဲ့သလို ပိုပြီးအားကောင်းတဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်တာမျိုးဆိုရင်ရော။ ကျွန်တော့်ကို သင်ပေးလို့မရဘူးလား။"

အီဗန်ရဲ့သိချင်စိတ်ကြောင့် ဘရီစာရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ပေါ်လာတယ်။ သူ့ပါးရေတွေက တွန့်လိပ်စပြုနေပြီဖြစ်ပေမဲ့ ညို့ဓာတ်တစ်မျိုးတော့ရှိနေဆဲပါ။ ဘယ်ဟီးရိုးက သူတို့ငယ်စဥ်က လုပ်ပြနိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို ပြန်မတမ်းတဘဲ နေနိုင်မှာလဲ။

"အင်း၊ အခုနေတော့ ပြန်လုပ်နိုင်ဦးမလားမသိပေမဲ့ အဲဒီတုန်းက လုပ်ခဲ့တဲ့အတိုင်းဆိုရင်တော့ ကိုယ့်စွမ်းအားကိုကိုယ် အလေအလွင့်မဖြစ်အောင် ထိန်းသိမ်းဖို့က အဓိကကြတယ်။" ဘရီစာက အီဗန်ကို ကြည့်ပြီး ပြန်ဖြေလိုက်တယ်။ ကျန်ကျောင်းသားတွေလည်း စိတ်ဝင်စားလာကြတယ်။ ဝါရင့်ဟီးရိုးတွေရဲ့အတွေ့အကြုံဆိုတာက တန်ဖိုးဖြတ်လို့မရဘူး။

"အီဗန်၊ နင်က စွမ်းအားကြီးတယ်။ ဒါပေမဲ့ ကိုယ့်စွမ်းအားကိုယ် အလဟသမဖြစ်ဘဲ မသုံးတတ်သေးဘူး။ ဒါကြောင့် အဲဒီလိုလုပ်နိုင်စွမ်းမရှိသေးတာ။"

အီဗန်လည်း ခေါင်းညိတ်လိုက်တယ်။ သူက ဘရီစာထက် စွမ်းအားကြီးပေမဲ့ တိုက်ပွဲမှာ အားကုန်သွားတတ်ပါတယ်။ လေ့ကျင့်နေတုန်း ဒီလိုဖြစ်တာကိစ္မမရှိပေမဲ့ တိုက်ပွဲအစစ်ထဲမှာ အခုလိုဖြစ်သွားရင်တော့ အန္တရာယ်ရှိပါတယ်။

...

ငွေရောင်စစ်သည်က ၇၈ လမ်းမကြီးအတိုင်း သွားနေတဲ့ ဘင်ကားလေးနောက်ကနေပြီး ပျံသန်းရင်း ဖြည်းဖြည်းချင်းလိုက်လာတယ်။ နယူးယောက်မြို့ရဲ့အမှတ်သင်္ကေတဖြစ်တဲ့ တိုက်တာအဆောက်အအုံအမြင့်ကြီးတွေက နောက်မှာကျန်နေရစ်ပြီ။

ပန်ဆာ​ဗေးနီးယားက နယူးယောက်ပြည်နယ်အနောက်ပိုင်းမှာရှိတဲ့ ပြည်နယ်ကြီးတစ်ခုပါ။ ကျယ်ပြောတဲ့ ပြည်နယ်ကြီးတစ်ခုဖြစ်ပေမဲ့ လူဦးရေဆယ့်သုံးသန်းရှိပါတယ်။ ပြည်နယ်ထဲမှာ အကြီးဆုံးမြို့က ဖီလာဒေးဖီးယားဖြစ်ပြီး မြို့တော်ကတော့ ဟိုင်ဇင်ဘက်ပါ။ ဖီလာဒေးဖီးယားက နယူးယောက်နဲ့နယူးဂျာစီတို့နဲ့နီးတာကြောင့်လားမသိပေမဲ့ အဲဒီမူးယစ်ဂိုဏ်းက မြို့ကြီးဖြစ်တဲ့နေရာတွေမှာ အခြေမစိုက်ဘဲ ဝီလီယံစပေါ့မြို့ငယ်လေးမှာ အခြေစိုက်ပါတယ်။ မြို့က စပေါလ်ပြည်နယ်သစ်တောနဲ့နီးပြီး အမျိုးသားဥယျာဥ်တစ်ခုရှိသလို အမေရိကန်အမဲလိုက်ရာသီအတွက် ထင်ရှားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

ပန်ဆာဗေးနီးယားပြည်နယ်ထဲကို ဝင်လာတာနဲ့ မက်ဒါနာက သစ်တောသစ်ပင်တွေကို စမြင်လာရပြီး စိတ်ထဲမှာ ကြည်နူးသွားတယ်။ သူက မနေနိုင်ဘဲ ခုလိုမျိုးပြောလိုက်မိတယ်။ "ပန်ဆာဗေးနီးယားက ထင်တာထက်ပိုပြီးလှတာပဲ။" မြို့ပြရဲ့မွန်းကျပ်တဲ့မြင်ကွင်းတွေကြားမှာ လှောင်ပိတ်နေခဲ့တဲ့ မက်ဒါနာအဖို့ အပြောင်းအလဲဖြစ်စေမယ့် အခိုက်အတန့်မျိုးပါပဲ။

"ဟေး၊ မက်ဒါနာ။ ရှုခင်းကြည့်နေရင်း ကားကိုမျက်ခြေပြတ်မသွားနဲ့ဦး။ နင့်တာဝန်က ကားကိုကာကွယ်ဖို့မဟုတ်လား။"

ကျောင်းက စမ်းသပ်ခန်းနောက်ခံနဲ့ ဖလေရာက မက်ဒါနာ့ဝတ်စုံရဲ့ထောင့်ဖန်သားပြင်မှာ ပေါ်လာတယ်။ အခုသူတို့က တိုက်ရိုက်ဗီဒီယိုကောလ်ပြောနေကြတာပါ။ ပြီးတော့ အထူးအဆင့်မြင့်ပြီး လုံခြုံတဲ့ကွန်ယက်တစ်ခုကို ပြောနေတာပဲ။ မက်ဒါနာကတော့ ဖလေရာပြောတာကို သိပ်စိတ်ထဲထားပုံမရပါဘူး။

"မပူနဲ့၊ ငါအဲဒီကားမှာ GPS တပ်ထားတယ်။ အခုငါလုပ်ရမှာဆိုလို့ လူတွေကောင်းကင်ပေါ်မှာ ပျံနေတဲ့ ငါ့ကို ကင်မရာနဲ့လိုက်ရိုက်မနေအောင်လုပ်ဖို့ပဲရှိတော့တယ်။"

မက်ဒါနာက လေထုခပ်မြင့်မြင့်မှာပျံနေပေမဲ့ ကားနဲ့တအားခွာပြီး အမြင့်ကြီးပျံလို့မရပါဘူး။ တိုက်ခိုက်ခံရရင် အကူအညီပေးနိုင်တဲ့ အကွာအဝေးမှာနေနေရတာပါ။ ပြီးတော့ ကားသွားနှုန်းကလည်း အတော်နှေးတာကြောင့် သူ့ပျံသန်းနှုန်းက အသံမြန်နှုန်းကို မကျော်ဘူး။ ဒီတော့ အဝေးပြေးလမ်းမကြီးပေါ်မှာရှိနေတဲ့ ပြည်သူပြည်သားတွေအကုန်လုံး သူ့ကိုဗီဒီယိုတွေရိုက်ကုန်ကြတယ်။ ဒါကြောင့် ငွေရောင်စစ်သည်က လက်မြှောက်ပြီး ကင်မရာတွေဖုန်းတွေအားလုံးကိုတားဆီးလိုက်တယ်။

"စိတ်တော့မကောင်းပေမဲ့ ဒီနေ့သူရဲကောင်းကြီးအလုပ်ရှိသေးလို့ ဆိုရှယ်မီဒီယာပေါ်ကို ဓာတ်ပုံတင်ခွင့်မပေးနိုင်သေးပါဘူး။ အပြန်ခရီးကျမှ ထပ်ရိုက်ရင်ရိုက်ကြပေါ့။" မူးယစ်ရာဇာက သူ့ကိုတမင်ရှောင်နေတာမလို့ မက်ဒါနာအနေနဲ့ သူပန်ဆာဗေးနီးယားပြည်နယ်ထဲ ဝင်လာတာကို တတ်နိုင်သလောက် မသိစေချင်ဘူးတကယ်။

....

အဝေးပြေးလမ်းမပေါ်မှာတော့ ကင်မရာကိုင်ထားတဲ့

အမျိုးသားတစ်ယောက်က ကားကိုလမ်း​ဘေးချရပ်ပြီး သူတို့နဲ့ မနီးမဝေးမှာရှိနေသေးတဲ့ ငွေရောင်စစ်သည်ကို ဓာတ်ပုံရိုက်လိုက်တယ်။ ကားပေါ်မှာ သူ့သမီးလေးဖြစ်ပုံရတဲ့ လသားကလေးလေးပါပြီး မိန်းမကလည်း ကလေးလေးကိုမြှောက်ပြီး လေပေါ်ပျံနေတဲ့ ဟီးရိုးကြီးကို မြှောက်ပြနေတယ်။ ဓာတ်ပုံရိုက်လို့ပြီးတော့ ယောက်ျားလုပ်သူက ပြန်လာပြီးပြပေမဲ့ ဘာပုံမှရှိမနေတော့လို့ မိန်းမလုပ်တဲ့သူက သူ့ယောက်ျားကို မျက်စောင်းထိုးလိုက်တယ်။ ကြည့်ရတာ ဆာSilver Knightကြောင့် တစ်စုံတစ်ယောက်ရဲ့အိမ်ထောင်ရေးသာယာမှုလေး ပျက်စီးတော့မယ့်ပုံပဲ။

....

"ဒါနဲ့ဓားနတ်ဆိုးရော ဘယ်သွားလဲ။ အခုတလော သူ့ကိုငါမတွေ့မိပါလား။" မက်ဒါနာက လူတွေသူ့ကိုသိပ်ပြီး သတိမထားမိအောင်လို့ မျက်ကွယ်တစ်နေရာကို ခုန်ဆင်းလိုက်တယ်။ ပန်းတိုင်က ရောက်တော့မှာဖြစ်လို့ ဝတ်စုံနဲ့ဆက်ပျံနေမယ်ဆိုရင် မူးယစ်ရာဇာရဲ့လူတွေ ပိုပြီးသတိထားမိသွားနိုင်တယ်လေ။

ဖလေရာက စဥ်းစားပြီးတော့ ပြောလိုက်တယ်။ "သူလုပ်စရာရှိသေးတယ်ဆိုပြီး နယူးဂျာစီထွက်သွားတာပဲ။ အဲဒီက သူ့ရန်သူတွေတော့ ဘုရားတရတော့မယ့်ပုံပဲ။ ဒါနဲ့ နင်အစကတည်းက ဘာလို့သူတို့နောက်ကို ကားနဲ့မလိုက်တာလဲ။"

မက်ဒါနာက ဖလေရာအငိုက်ဖမ်းပြီးမေးလိုက်တဲ့ မေးခွန်းကြောင့် ဘာပြန်ဖြေရမှန်းမသိတော့ဘူး။ အဲဒီလိုဆိုရင် ပိုအဆင်ပြေတယ်ဆိုပေမဲ့လို့ သူ့မှာလည်း မလုပ်ချင်ရတဲ့ အကြောင်းအရင်းတချို့ရှိပါသေးတယ်။

"ဘရီစာက ဝါရင့်ဟီးရိုးလေ။ အဲဒီလိုလုပ်ရင် သူတို့နောက်ကို တစ်ယောက်ယောက် လိုက်နေမှန်းသိနေပြီး ငါ့ကိုထောင်ဖမ်းဖို့လုပ်လိမ့်မယ်။ မလိုအပ်ဘဲ ပြဿနာတက်မှာမျိုးငါမလိုချင်ဘူး။ ငါ့တာဝန်က သူတို့ကို တိတ်တဆိတ်စောင့်ရှောက်ဖို့လေ။"

"ဒါပေမဲ့ နင်ပန်ဆာဗေးနီးယားနဲ့နယူးယောက်နယ်စပ်မှာ ဖြတ်ပျံပြီးသွားပြီလေ၊ ဘာထူးတော့မှာလဲ။"

"ငါအခုဆက်မပျံတော့ဘူးလေ၊ ဒီတော့ ဘယ်သူဖြစ်ဖြစ် သာမန်အတိုင်းကင်းလှည့်တယ်ပဲထင်မှာ။ ပြီးတော့ ငါအခုလမ်းကြုံစီးမယ့်ကားလိုက်ရှာနေပြီ။ ဝီလီယံစပေါ့မရောက်ခင်အထိ ကားအတိုက်အခိုက်မခံရရင်ပြီးတာပဲ။"

ဖလေရာက မက်ဒါနာစကားကိုနားထောင်ရင်း ရိုက်သတ်ချင်စိတ်ပေါက်လာတယ်။ "ဒါဆိုလည်း အစကတည်းက ကားလမ်းကြုံနဲ့မြို့ကိုသွားပါလားဟဲ့၊ အရူးမရဲ့။" ဆိုပြီး အော်လိုက်မိတယ်။

ဒါပေမဲ့ မက်ဒါနာကတော့ သူ့ကိုဘာမှမဖြေတော့ဘူး။ ပန်ဆာဗေးဒီးယားလမ်းဘေးက တောင်ကုန်းလေးတစ်ခုနောက်ကိုဝင်ပြီး ဝတ်စုံကိုချွတ်လိုက်တယ်။ နောက်တော့ ရွှေရောင်ဆံပင်နဲ့ဂျင်းဘောင်းဘီနဲ့ ဂျက်ပေါ်ဂျာစီအင်္ကျီလေးဝတ်ထားတဲ့ အလှလေးရဲ့ခန္ဓာကိုယ်က ထွက်ပေါ်လာတယ်။

"အေမီဘာသဘောနဲ့ ဒီဝတ်စုံရွေးပေးလိုက်လဲမသိပေမဲ့ ငါ့ပုံစံက ကောင်းဘွိုင်နဲ့တူနေသလိုပဲ။" တကယ်လည်း သေနတ်ခါးမှာချိတ်မထားတာပဲကွာတာ။ ဖိနပ်တောင် ကောင်းဘွိုင်ဖိနပ်ပဲ။ မက်ဒါနာက ပခုံးတွန့်ပြပြီး သေတ္တာအလေးကြီးကိုမလို့ လမ်းပေါ်ကို ပြန်ဆင်းလာတယ်။ စေဘာစတိန်းကိုပါ ခေါ်လာဖို့စဥ်းစားပေမဲ့ တအားသိသာနေလို့လေ။

နောက်တော့ ကောင်းဘွိုင်အလှလေးက ကားလမ်းဘေးမှာရပ်ပြီး လမ်းကြုံကားစီးဖို့ လက်မထောင်လိုက်တယ်။ မကြာခင်မှာပဲ အမိုးဖွင့်ကားတစ်စီး သူ့ရှေ့မှာရပ်လိုက်ပြီး နေကာမျက်မှန်နဲ့ကောင်းဘွိုင်ဦးထုပ်ကိုစောင်းထားတဲ့ ကောင်လေးတစ်ယောက်က စကားစလာတယ်။

"ဟိုအလှလေး၊ ဘယ်သွားမလို့လဲ။ လမ်းကြုံရင် လိုက်ခဲ့လို့ရတယ်လေ။"

မက်ဒါနာရဲ့မျက်နှာက အဲဒီကောင်ရဲ့မျက်နှာကိုတန်းမှတ်မိသွားပြီး မည်းမှောင်သွားတယ်။ ပန်ဆာဗေးနီးယားမှာ လူဆယ့်နှစ်သန်းရှိတာကို ဒီကောင်နဲ့မှကြုံရတယ်လို့။ ဒီကောင်ဆိုတာ တခြားသူမဟုတ်ဘူး၊ တင်မီရယ်။ မက်ဒါနာက တင်မီကို အထင်သေးတဲ့ပုံစံမျိုးနဲ့ ကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။

"ဝီလီယံစပေါ့ကိုသွားမလို့၊ ရှင်က အဲဒီထိသွားမှာလား။"

စိတ်ထဲမှာ မက်ဒါနာက အဲဒီကောင် တခြားနေရာသွားပါစေဆုတောင်းနေပေမဲ့ ဆုတောင်းမပြည့်သွားဘူး။ တင်မီက သူ့ကိုသွားဖွေးဖွေးတွေပေါ်တဲ့အထိ ပြုံးပြလိုက်ပြီး ကိုယ်တိုင်ကားပေါ်ကနေဆင်းကာ စတိုင်ကျကျ တံခါးလာဖွင့်ပေးတယ်။

"အားတိုက်ဆိုင်လိုက်တာ၊ ကျွန်တော်ကလည်း ဝီလီယံစပေါ့ကို အမဲလိုက်သွားမလို့လေ။ ဝင်ထိုင်ပါ။"

နောက်ထပ် လူကြုံလိုက်ခွင့်ပေးမယ့်ကားရဖို့ ဘယ်လောက်ကြာဦးမလဲမသိတာကြောင့် မက်ဒါနာလည်း စိတ်ပျက်စွာနဲ့ သက်ပြင်းချလိုက်ပြီး သေတ္တာကြီးကို ကားပေါ်ပစ်တင်ကာ တင်မီ့ဘေးမှာဝင်ထိုင်လိုက်တယ်။ တင်မီကတော့ ပျော်နေတဲ့ပုံစံနဲ့ ခုထိ ပါးစပ်ကမပိတ်ဘူး။

"တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်တော်က တင်မီ ဂရီဂိုရီပါ။ ခင်ဗျားနာမည်ကရော။"

မက်ဒါနာက တင်မီကို ဘာမှပြန်မဖြေခင် တင်မီ့ခေါင်းပေါ်က ဦးထုပ်ကို လက်နဲ့လှမ်းယူလိုက်ပြီး သူ့ခေါင်းပေါ်စောင်းလိုက်တယ်။ ကြည့်ရတာ တစ်ကောင့်သားက ရှိုးထုတ်ချင်တာနဲ့ပဲ နေဘယ်လောက်ပူပူ အမိုးကိုပြန်ပိတ်မယ့်ပုံမပေါ်ဘူးလေ။ နေပူဒဏ်ကြောင့် နှာစေးတာမခံချင်ဘူးရယ်။

"ပေါ်လီယာနာ...." မက်ဒါနာက သူ့ကိုယ်သူမိတ်ဆက်ပေးပြီးတဲ့နောက် တင်မီကိုဆက်မကြည့်တော့ဘဲ လစ်လျူရှုထားလိုက်တယ်။ တင်မီကတော့ အားရပါးရနဲ့ ကားကိုဂီယာထိုး လီဗာကိုဆောင့်နင်းရင်း ပြောလိုက်လေရဲ့။

"ပြိုင်ကားဘုရင်ကြီးတင်မီရဲ့ပြိုင်ကားမောင်းစကေးတွေကို ကြွေသွားစေရမယ်၊ ဘေဘီ။"

သူစကားဆုံးတာနဲ့ အမိုးဖွင့်ပြိုင်ကားက တရကြမ်းစထွက်တယ်။ မြန်တာမှ ငါးမိနစ်လောက်အကြာမှာပဲ အီဗန်တို့စီးလာတဲ့ ဗန်ကားလေးကို တစ်ခါတည်းကျော်တက်သွားတယ်။ 'သောက်ကျိုးနည်း' တင်မီကို အရှိန်လျှော့ပြီး ဗင်ကားကိုစောင့်ခိုင်းရအောင်လည်း အဆင်မပြေဘူး။ တင်မီသူ့ကိုသံသယဝင်သွားနိုင်သလို ဘရီစာကို သတိပေးလိုက်သလိုလဲ ဖြစ်သွားနိုင်တယ်လေ။ ဒီတော့ ပါးစပ်ပိတ်နေလိုက်ရတယ်။

နယူးယောက်ကနေ ဝီလီယံ​စပေါ့အထိခရီးက မိုင်တစ်ရာ့ငါးဆယ်နီးပါးရှည်တဲ့ခရီးပါ။ လမ်းတွေကောင်းပေမဲ့ တင်မီ့ကားနဲ့တောင် လေးနာရီလောက်တော့ မောင်းဖို့လိုပါတယ်။ ပြီးတော့ တင်မီက အမိုးဖွင့်ပြိုင်ကားနဲ့ မြန်မြန်မောင်းနေတာမလို့ လေတွေတအားတိုးနေတဲ့အတွက် မက်ဒါနာပါးတွေအေးစက်လာပြီ။ နည်းနည်းထက်ကြာရင် လေဖြတ်တော့မယ့်ပုံပဲ။

"ရှင်ကားကို ဖြည်းဖြည်းမောင်းလို့မရဘူးလား။" နောက်တော့ သူသည်းမခံနိုင်တော့ဘဲ တင်မီကိုပြောလိုက်မိတယ်။ အလှလေးက လေသံမာမာနဲ့ ထရိုက်တော့မယ့်ပုံစံမျိုး ပြောလိုက်တာကြောင့် တင်မီရဲ့နှလုံးသားလေး ပဲ့ကြွေသွားတော့မလိုဖြစ်သွားပြီး ကားကိုဘရိတ်အုပ်လိုက်တယ်။ အရှိန်မသေတာကြောင့် နောက်ခုံမှာတင်ထားတဲ့ သေတ္တာက မက်ဒါနာရဲ့ထိုင်ခုံနောက်ကို လာရိုက်မိတဲ့အတွက် နာသွားသေးတယ်။

"အောင့်...."

တင်မီက မက်ဒါနာဆီကနေ အာမေဋိတ်သံထွက်လာတာကို ကြားလိုက်ရပြီး နည်းနည်းကြောင်သွားတယ်။

သူ့စိတ်ထဲမှာတော့ 'ဒီအသံလေး ကြားဖူးနေသလိုပဲ'လို့ပါ။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ဖွန်ကြောင်ချင်စိတ်က ပြန်လွှမ်းသွားပြီး ကားထဲမှာပါတဲ့ ရေဒီယိုကို ဖွင့်လိုက်တယ်။

"ဒါဆိုလည်း ကိုယ်တို့တွေ ကိုးဆယ်ခုနစ်တွေတုန်းကလို ရေဒီယိုသီချင်းလေးနဲ့ မနှေးမမြန်လေးသွားကြတာပေါ့။" လာနေတဲ့သီချင်းက မက်ဒေါနားရဲ့ Ray of Lightသီချင်း။ မက်ဒါနာတစ်ခါမှနားမထောင်ဖူးသေးပေမဲ့ မကြာခင်မှာပဲကြိုက်သွားပြီး တင်မီကို မေ့သွားတယ်။

မကြာခင်မှာပဲ သူတို့ကို ဘင်ကားက ပြန်ကျော်သွားပြီး နှစ်နာရီလောက်ကြာချိန်မှာတော့ လူနှစ်ထောင်လောက်သာနေတဲ့ Tannerville ဆိုတဲ့ ခရီးထောက်မြို့လေးကို ရောက်လာကြတယ်။ တင်မီက ဆီဆိုင်နဲ့စားသောက်ဆိုင်တွဲထားတဲ့ ဆိုင်လေးတစ်ခုရှေ့မှာရပ်လိုက်တယ်။ မက်ဒါနာက ကားပါကင်မှာရပ်ထားတဲ့ အီဗန်တို့ဘင်ကားကိုလည်း သတိထားမိလိုက်ပါတယ်။

All Chapters