← Chapters

အခန်း (၂၈၆)

Vol. 20 Ch. 286

အခန်း (၂၈၆)

Vol. 20 Ch. 286

"သောက်ကျိုးနည်း...အနှိပ်ပညာဆိုတာက ငါတို့ ရှေးဘိုးဘွားတွေ လက်ထက်ကတည်းက လက်ဆင့်ကမ်းထိန်းသိမ်းလာတဲ့ အမွေအနှစ် ပညာတစ်ခုပဲကွ..အဲ့တာကိုတောင်မှ မင်းက မခံစား‌တတ်ဘူးဆိုတော့ သွားပြီ...မင်းမှာ တောက်ပတဲ့ အနာဂတ် မရှိတော့ဘူး..."

"ဘော့စ်...ရှင်ကျွန်မကို အရူးလုပ်ဖို့ မကြိုးစားနဲ့နော်...အစ်ကိုစွန်းပြောတာတော့ အနှိပ်ပညာက ဘိုးဘေးတွေ လက်ဆင့်ကမ်းပေးခဲ့တာ မဟုတ်ဘူးတဲ့..."

"ဟမ်..အဲ့ကောင်က ဘယ်လိုပြောတာ..."

"အစ်ကိုစွန်းပြောတာ ဒီရဲ့ အနှိပ်ပညာဆိုတာက စကားလုံးတွေနဲ့ ရှင်းပြလို့ မရဘူးတဲ့...ခံစားကြည့်လို့ပဲ ရမှာဆိုပဲ...ကျွန်မလည်း နားတော့ မလည်ပါဘူး..."

"ဖက်ခ်...အဲ့ မျိုးမစစ်အိုကြီးကတော့..."

"ဒါကြောင့်မို့ ကျွန်မတို့ ကော်ဖီဆိုင်ပဲ သွားကြရအောင်လားလို့...ဘော့စ်ရဲ့ ပိုက်ဆံကို အလကား မဖြုန်းတီးချင်ဘူး..."

"မင်းအတွေး လွန်နေပြီ..ငါ့မှာလည်း လုပ်စရာတွေ ရှိသေးတယ်..."လင်းရီ ပြောလိုက်ပြီး "နည်းနည်းလေး ပိုပြီး ရင့်ကျက်တဲ့ အ၀တ်စားလေးတွေ ၀တ်ခဲ့..."

"ရင့်ကျက်တဲ့ အ၀တ်စားတွေ....ဆို‌တော့ကျွန်မ ဟွာချင်း ရေကန်ကို ၀တ်လာသလိုမျိုး ၀တ်ခဲ့ရမလား..."

"အဲ့လို ပုံစံမျိုးမဟုတ်ဘူး.."လင်းရီ စိတ်မရှည်စွာ ပြောလိုက်ပြီး "ငါမင်းကို ဓာတ်ပုံနှစ်ခု ပို့ပေးလိုက်မယ်ကွာ....အဲ့ဒီထဲက အတိုင်း ၀တ်ခဲ့လိုက်..."

"အွန်း ကောင်းပြီလေ...အဲ့တာဆို ပုံတွေ ပို့လိုက်တော့..."

လင်းရီ ဖုန်းထဲမှ ကျီချင်းရန်နှင့် ရှောင်ထျန်တို့၏ ဓာတ်ပုံကိုရှာ၍ လုရင်းထံ ပို့လိုက်သည်။

"အမ်...ကျွန်မ အဲ့နေ့တုန်းက ၀တ်ခဲ့တာလည်း ဒီလိုပုံစံပဲလေ..သူတို့လောက်တော့ မလှဘူးဆိုပေမယ့် စတိုင်ကတော့ အိုကေပါတယ်..."

လင်းရီ မေးစေ့ပွတ်၍ စဉ်းစားရင်း

"ရင့်ကျက်တယ် ဆိုတဲ့ ခံစားချက်တော့ ရတယ်..ဒါပေမယ့် တစ်ချို့ဟာတွေကျတော့ လုံလောက်အောင် အထင်ကြီးဖို့ မကောင်းဘူး ဖြစ်နေတာ..."

"ဘော့စ်..ကျွန်မကတော့ ကျွန်မရဲ့ ပစ္စည်းတွေက အနေတော်ပဲလို့ ထင်တာပဲ...ဟုတ်ဝူးလား.."

"အာ...အဲ့လောက်ကြီးတော့ တိုက်ရိုက် မဆန်နဲ့လေကွာ...ငါက အဲ့‌လို အဓိပ္ပာယ်မျိုးနဲ့ ပြောလိုက်တာ မဟုတ်ဘူး...."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် အဲ့ဒီနေရာတွေကို ထွားကြိုင်းအောင် ကြိုးစားရင် ပိုပြီး ကြည့်ကောင်းသွားမယ်လို့တော့ ထင်တာပဲ..ဒီတိုင်း အကြုံပြုတာနော်..ကျန်တာကတော့ မင်းသဘောပဲ.."

"အွန်းပါ....ကျွန်မ ကြိုးစားကြည့်လိုက်မယ်လေ..."

"အိုကေပြီနော်.."

ဖုန်းချပြီးနောက် လင်းရီ ချီရှန်းကျောက်ထံ ဖုန်းဆက်၍ အချက်လက်တစ်ချို့ ရှာထားပေးရန် ပြောလိုက်၏။

ချီရှန်းကျောက်ဆီမှ မေးလ်ကို လက်ခံရရှိပြီးနောက် ကော်ပီ တစ်စုံထုတ်ကာ လုရင်းထံ သွားကြိုလိုက်သည်။

မိနှစ်နှစ်ဆယ် ကြာပြီးနောက် လင်းရီ လုရင်း အိမ်ရှေ့သို့ ‌ ‌ရာက်လာခဲ့၏။ နောက်ထပ် ဆယ်မိနစ်ခန့် ‌စောင့်ဆိုင်း ပြီးသောအခါ အိမ်ထဲမှ ထွက်လာသည့် လုရင်းကို မြင်တွေ့လိုက်ရ၏။

အပြင်ဘက်သို့ တစ်လှမ်းချင်း လျှောက်လာသည့် လုရင်း၏ သွင်ပြင်သဏ္ဌာန်ကို ကြည့်ရင်း လင်းရီ၏ ‌အမျိုးသမီး သုတေသန ပညာရှင်များအပေါ် အထင်အမြင်များ ပြောင်းလဲသွားစေသည်။

တစ်ဆက်တည်း ဖြစ်‌နေသည့် အနက်ရောင် ဂါ၀န် လေးမှာ သူမ၏ တင့်တယ်သော ခန္ဓာကိုယ်နှင့် လိုက်ဖက်ညီစွာ လှပနေပြီး အနက်ရောင် ဒေါက်မြင့်ဖိနပ်လေးကလည်း သူမ၏ ဟန်ပန်အမူအရာကို ပို၍ ၀င့်ဝါသွားစေသည်။

နဂိုမူလက ဖြောင့်စင်းသော ဆံကေသာများမှာ ယခုတော့ ရေလှိုင်းများကဲ့သို့ အတွန့်အတွန့်လေးများ ဖြစ်ပေါ်နေပြီး ဆွဲဆောင်မှုရှိသော ရနံ့များ သင်းပျံ့နေလေသည်။ ဘေးအိမ်ပေါက်၀၌ ချက်စ်ကစားနေသော အဘိုးကြီးပင်လျင် သူမ၏ အလှတရားကြောင့် မှင်တက်မိနေတော့၏။

လင်းရီ လုရင်း၏ ၀တ်စုံကို မျက်မှောင်ကြုတ်၍ ကြည့်ပြီး

ကြော့ကြော့မော့မော့လေး ၀တ်ခဲ့လို့ ပြောထားတယ်မဟုတ်လားဟ..

ဘာလို့ ပုံမှန်ဆိုဒ်ထက်ပိုပြီး သေးနေ‌တဲ့ ပုံစံ ပေါက်နေပါလိမ့်...

"ဘော့စ်..ကျွန်မ ၀တ်ထားတာ လှရဲ့လားဟင်...."လုရင်း ကားတံဖွင့်ပြီး အထဲသို့ ၀င်ရင်း မေးမြန်းလိုက်၏။

"ရင့်ကျက်တယ်..ဒါပေမယ့် နည်းနည်းလေး ချပ်ရပ်နေတာကလွဲရင် ကျန်တာ အကုန်ကြည့်ကောင်းတယ်.. "

"ကျွန်မ ပိုင်သုမှာ ရှာကြည့်တာတော့ ချပ်ရပ်တာလေးက အကောင်းဆုံးပဲတဲ့...ဒါကြောင့်မို့ ဆိုဒ်သေးတာ ၀တ်လာခဲ့တာ..."လုရင်း သူမ ဆံပင်ကို နားနောက်သို့ သပ်ရင်း ပြောလိုက်၏။

"ပြီးတော့ ဖက်ရှင်ရှိုးတွေမှာဆိုရင် မော်ဒယ်တွေ အကုန်လုံးကလည်း ချပ်ချပ်ရပ်ရပ် လေးတွေပဲ၀တ်တာလေ....သူတို့ပုံစံကမလှဘူးလား... ."

"ဘယ်နားကသာ..ငါ Victoria's secret ကြည့်တုန်းကတော့ အားလုံးက ပြည့်ပြည့်၀၀လေးတွေပါဟ..."

"ဘော့စ်..ရှင်‌ပြောနေတာက Victoria's secretအကြောင်းလေ..ကျွန်မ ပြောနေတာက တကယ့် ဖက်ရှင်ရှိုးတွေအကြောင်း ..ဟိုက ဘရာ‌တွေ၊ ပင်တီတွေ ကြေညာတယ်ဆိုမှတော့ ပြည့်ပြည့်၀န်း၀န်းလေးနဲ့ ကြေညာမှာပေါ့ရှင်ရယ်..."လုရင်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။

"ပြီးတော့ ကျွန်မဘာကျွန်မ မင်းသမီးရှုံးအောင် ၀တ်ထားလည်း စီးမှာက ရှာရီကြီးလေ..အဲ့တာက ကျွန်မရဲ့ အလှကို အမှတ်လျော့စေတယ်..."

လင်းရီ :"...."

ဖက်ခ်ပဲ..ငါ့ရှာရီက မင်းပြောသလောက်ကြီးလည်း မဟုတ်ပါဘူးကွ..လန်းပါတယ်..

"ဘော့စ်..ပြောတော့ ခိုင်းစရာ ရှိတယ်ဆို...."

"အင်း...ဒီမှာ..."လင်းရီ ကော်ပီကူးထားသည့် စာရွက်စာတမ်းများကိုလုရင်းထံ ကမ်းပေးလိုက်ပြီး "ဒီကုမ္ပဏီကို ကြားဖူးတယ်မလား..ခု ငါ အဲ့ကုမ္ပဏီကို ၀ယ်ပစ်လိုက်ပြီလေ..မင်းက စာရွက်စာတမ်း ကိစ္စတွေ လိုက်လုပ်ပေးရမှာ..."

"ဘာ...ဘော့စ်က ကုမ္ပဏီကို ၀ယ်ပစ်လိုက်တယ်..."လုရင်း ထိတ်လန့်တကြား အော်ဟစ်မိလိုက်သည်။

"အဲ့လောက်ကြီး တုံ့ပြန်ဖို့ အထိ လိုလို့လားဟ.."

"ဘာလို့လဲဆိုတော့ ဘော့စ်၀ယ်လိုက်တဲ့ ကုမ္ပဏီက နယ်နယ်ရရမှ မဟုတ်တာ..အရမ်းကို ဩဇာလွှမ်းမိုးတဲ့ ကုမ္ပဏီကြီးလေ..ဒါပေမယ့် သူတို့မှာ ကောင်းကောင်း ဦးဆောင်ပေးမယ့်သူ မရှိလို့သာ ဒီအခြေနေကို ရောက်သွားခဲ့တာ.."

"မပူနဲ့..ခု ငါရောက်လာပြီ‌ဆိုတော့ အဲ့ကောင်တွေ ဖီးနစ်လို ပြန်လည် မွေးဖွားလာတော့မှာ.."

လုရင်း ဘာမျှ ပြန်မပြောပဲ ကားထဲ၌ ငူငူကြီး ထိုင်နေ‌ ၏။

"မချီးမွမ်းတော့ဘူးလား..စင်ဟွာ တက္ကသိုလ်က နာမည်ကြီးကျောင်းကြီးနော်..မင်းတို့ ဆရာတွေက ဘော့စ်ဆို မြှောက်ပင့်ပြောဖို့ ဖို့ မသင်ပေးလိုက်ဘူးလားကွ..."

"ဘော့စ်..ရှင်လုပ်တာ အရမ်းကောင်းတာပဲ..."

"ဘာကောင်းတာလဲ.."

"အကုန်ကောင်းတယ်..."

လင်းရီ "???"

ဘာလို့ ရင်းနှီးနေသလို ခံစားနေရပါလိမ့်...

"ဘော့စ်..ရှင်က ခု စက်ရုံကို သွားမှာလား ..ဒါမှ မဟုတ် သူတို့ ရုံးခန်းဆီ သွားမှာလား.."

"နေရာက တူတူပဲ မဟုတ်ဘူးလားဟ... "

"ဘယ်နားက တူမှာ..."လုရင်း ပြောလိုက်ပြီး "ကုမ္ပဏီ ရုံးခန်းက ၁၂၂ ရှဖေးလမ်းမှာလေ..စက်ရုံကကျတော့ မြို့ပြင်ဘက်က ရှန့်ရန် စက်မှုဇုန်မှာ.."

"အဲ့လိုဆို ရှဖေး လမ်းဆီ သွားမယ်..."လင်းရီ ပြောလိုက်၏။

"လက်ကလွှဲယူတဲ့ ကိစ္စတွေ ပြီးယူရင်တော့ စက်ရုံဆီ သွားကြည့်ကြတာပေါ့.."

"အွန်း..ကျွန်မကတော့ ဘော့စ်သွားမယ့် ဘယ်နောရာမဆို လိုက်မှာပဲ..."

"အိုကေ...ဒါနဲ့ လက်လွှဲယူတဲ့ အချိန်ကျရင် ငါဘယ်သူလဲဆိုတာ မသိစေနဲ့နော်..မင်းကိုလည်း လုံရှင်းစင်တာက သုတေသနပညာရှင်မှန်း မသိစေနဲ့...ရှင်းရှင်းပြောမယ်ကွာ..သူတို့ကို ဘာဆိုဘာမှ မသိစေနဲ့.."

လုရင်း ရှုပ်ထွေးသွားခဲ့သည်။

ဘော့စ်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲဟ..တစ်ယောက်ယောက်ကို အရူးလုပ်ဖို့ ကြိုးစားနေတာလား မသိဘူး..

"နားလည်ပါပြီတဲ့ရှင်..."

နည်းနည်းပါးပါး ဆွေးနွေးပြီးနောက် နှစ်ယောက်သား ရှဖေးလမ်းပေါ်သို့ မောင်းလာခဲ့ကြ၏။

ကုမ္ပဏီ ရုံးခန်းမှာ မြို့ထဲတွင် တည်ရှိသည်ဟု ဆိုထားသော်လည်း မြို့စွန်နားလေးတွင်သာ။ အချိန်အနည်းငယ်ခန့်ပေး၍ ဆက်သွားမည်ဆိုပါက မြို့ပြင်ရှိ စက်ရုံသို့ ရောက်သွားပေလိမ့်မည်။

ကုမ္ပဏီ ရုံးခန်းမှာတော့ လင်းရီ စိတ်ကူးယဉ်ထားသလို ခမ်းနားကြီးကျယ် မနေခဲ့ဘဲ အထပ်လေးထပ်သာရှိပြီး လွန်စွာ သာမန်ဆန်လှ၏။

"ကောင်းပြီ..မင်းအရင်တက်သွားနှင့်လိုက်..."လင်းရီ ပြောလိုက်ပြီး "လုပ်စရာရှိသာတာ လုပ်ခဲ့လိုက်..သူတို့နဲ့ လေကုန်ခံပြီး စကားပြောမနေနဲ့...ကိစ္စပြီးတာနဲ့ တစ်ခါတည်း တန်းပြန်လာခဲ့..."

"ဒါပဲလား...မှာစရာ ဘာကျန်သေးလဲ...?"

လင်းရီ တခဏမျှ စဉ်းစားပြီးနောက် ‌ဘောပင်နှင့် စာရွက်တစ်ရွက်ထုတ်ကာ ၀မ်ထျန်းလုံ၏ ဖုန်းနံပါတ်ကို ရေးပေးပြီး လုရင်းထံ ကမ်းပေးလိုက်၏။

"မင်း စာချုပ်ချုပ်တဲ့အချိန်ကျ ဘော့စ်ဘယ်သူလဲလို့ မေးလာခဲ့ရင် ၀မ်ထျန်းလုံလို့သာ ပြောခဲ့လိုက်..ကျန်တာဘာမှ စိတ်ပူစရာမလိုဘူး.."

"ဘော့စ်ကလည်း အဲ့လောက်ထိ လျှို့ဝှက်ဆန်းကြယ်နေဖို့ လိုလို့လားလို့..."

"သောက်ကလေးမ..ဘာမှ မသိဘဲနဲ့ လျှာမရှည်နဲ့..ငါပြောတဲ့ အတိုင်းသာလုပ်..."

လင်းရီ ပြောလိုက်ပြီး "မင်းအကြောင်း မေးလာခဲ့ရင်တောင် သူတို့ကို မိန်းကလေးဆိုတာကလွဲရင် တခြားဘာမှ မသိစေနဲ့ကွာ..သွားတော့သွား..."

"ကောင်းပါပြီရှင့်..."

လုရင်းထွက်သွားပြီးနောက် လင်းရီ ကားထဲ၌ တစ်ကိုယ်တည်း ကျန်ရစ်ခဲ့တော့၏။

သူ့တွင် အသုံးချစရာလူဟူ၍ မယ်မယ်ရရက မရှိ။ ထို့ကြောင့် ခေါင်းထဲပေါ်လာသည့် ၀မ်ထျန်းလုံကိုသာ ဆွဲထည့်လိုက်လေသည်။

သို့သော်လည်း ၀မ်ထျန်းလုံ၏ အထာနက်မှုဖြင့် ဆိုပါက လင်းရီ ကိုယ်စား သူဌေးအဖြစ် ဟန်ဆောင်ရန်မှာ လုံး၀ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် သူ ၀မ်ထျန်းလုံဆီသိူ့ ဖုန်းခေါ်၍ ဇာတ်လမ်းတစ်ခုလုံးကို အကြမ်းဖျင်း ရှင်းပြလိုက်၏။

နညးလည်လွယ်သည့် သကောင့်သားကတော့ ရင်ဘက်ကြီးနဲ့ဘရင်း၍ တာ၀န်ကျေပွန်အောင် ထမ်းဆောင်ပါမည်ဆိုပြီး အာမခံနေလေသည်။ ဤသို့ဖြင့် ဖြစ်စဉ်တစ်ခုလုံးမှာ ငါးမိနစ်အတွင်း ပြီးသွားခဲ့၏။

IQမြင့်တဲ့ ကောင်တွေနဲ့ စကားပြောရတာ တကယ်ပဲ လေကုန်သက်သာပဲကွ...

နာရီ၀က်ကြာပြီးနောက် လုရင်း ရုံးခန်းထဲမှ ထွက်လာခဲ့လေသည်။ ယင်းက လင်းရီ မျှော်မှန်းထားသည့် အချိန်အပိုင်းခြားထက် အနည်းငယ် ပိုစောနေလေ၏။

"မြန်လှချည်လားဟ..အားလုံး ပြီးသွားပြီပေါ့..."

"အွန်း..ကျွန်မ ရောက်သွားတော့ သူတို့ဘက်က စာချုပ်တွေ အကုန်ပြင်ဆင်ပေးပြီးသားလေ..ကျွန်မက လက်မှတ်ထိုးရုံလေးပဲ..."

"သူတို့ မင်းကို ဘာတွေ မေးသေး‌လဲ..."

"သူတို့လား...ဘာမှ မမေးရဲဘူး... မျက်နှာထား ခပ်တည်တည်နဲ့ ၀င်သွားပြီး သူတို့ကို ကြောက်‌သွားအောင် လုပ်ပစ်လိုက်တယ်လေ....."လုရင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး "ဟူး...စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ..ကျွန်မဖြင့် ဖော်ထုတ်ခံရမှာ စိုးရိမ်လွန်းလို့ ရူးတော့မယ်..."

"ဘာကြောက်စရာရှိလို့လဲ..နောက်ကျရင် ဒီလိုကိစ္စတွေ အများကြီး လုပ်ရဦးမှာဆိုတော့ အသားကျအောင်သာ လုပ်ထား..."

လုရင်း "...."

လင်းရီ ကားထဲမှနေ၍ အဆောက်အဦးကို ကြည့်ကာ "မင်းနဲ့ စွန်းကြီးတို့ ဖိုတိုလီတို ဂရပ်ဖီ ပရောဂျက်အတွက် သီးသန့် ဓာတ်ခွဲခန်းတစ်ခု လိုချင်တယ်လို့ ပြောထားတာမလား..ဒီအဆောက်အအုံကြီး ပေးမယ်ဆိုရင်ကော..."

"တကယ်ကြီးလား...ဒါပေမယ့် နည်းနည်းလေး မကြီးလွန်းဘူးလားလို့..ကျွန်မတို့လည်း အဲ့လောက် နေရာ အကျယ်ကြီးမှ မလိုတာ..."လုရင်းပြောလိုက်၏။

"အေးဆေးပါ..ငါက ငွေပေါတယ်လေ..."

လုရင်း။ :"...."

ဘော့စ်...ရှင်ဘယ်အချိန်ကျမှ နိမ့်နိမ့်ချချ နေမှာလဲ...

လင်းရီ ကားစက်နှိုးလိုက်ပြီး "Sci-tech စက်ရုံကို သွားကြစို့..."

"အိုကေ..သွားစို့.."

လုံခြုံရေးခါးပတ် ပတ်ပြီးနောက် လင်းရီ ရှန်းရန် စက်မှုဇုန်သို့ မောင်းလာခဲ့လိုက်သည်။

ထိုနေရာမှာ အဆင့်မြသိပ္ပံစက်မှုဇုန်ဖြစ်ပြီး မြေနေရာ တစ်လက်မချင်းစီတိုင်းတွင် မှန်းဆမရ‌သည့် ဈေးတန်ဖိုးများ ရှိ၏။ လက်ရှိ သုတေသန နယ်ပယ်မှ ပုလုပ်ဆဲ ပရောဂျက်များ အားလုံးကို အဆင့်မြင့် သိပ္ပံစက်မှုဇုန်တွင် ပြုလုပ်ကြလေသည်။

ယင်းက ကျိုးဟိုင်မှာ အဆင့်မြင့် နည်းပညာ စက်မှုနယ်ပယ်သို့ တက်လှမ်းနေသည့် အမှတ်ကညာတစ်ခုလည်း ဖြစ်၏။

"မဖြစ်နိုင်တာ.. Cisco ရဲ့ စက်ရုံကလည်း ဒီမှာ ရှိတာပဲလားဟ.."

"ဟုတ်တယ်လေ..ဘော့စ်က မသိဘူးပေါ့..."လုရင်း ထူးဆန်းဟန်ဖြင့် မေးမြန်းလိုက်၏။

"ငါက ဘာလို့ သိရမှာ...."

"ကျွန်မတို့ စင်တာ နှစ်ခုလုံးက ချစ်ပ်နယ်ပယ်မှာသုတေသန ပြုနေကြတာလေ..ပြီးတော့ Cisco နဲ့ဆိုတာက ကမ္ဘာ့ရန်ဘက်တွေ..အဲ့တော့ ရှင် သိမယ်လို့ ထင်မိတာပေါ့..."

"အင်း...ငါ့မှာ စက်ရုံတွေက များလွန်းတော့ မသိလိုက်တာလည်း ဖြစ်နိုင်ပါတယ်လေ..."

"ဘော့စ်...ကားထဲမှာ အပြင်လူလည်း ရှိတာ မဟုတ်ဘူးနော်..ဒီတော့ စကားအကောင်း ပြောကြရအောင်..."

(ငနဲက လျှောက်ကြွားနေလို့ပါ)

"အာ...အိုကေလေ..."

လင်းရီ Ciscoအဆောက်အအုံ၏ ၀င်ပေါက်ကို ကြည့်ရင်း စက်ရုံနှစ်ခုမှာ မီတာ ရာဂဏန်းမျှသာ ဝေးကွာပြီး အိမ်နီးချင်းများကဲ့သို့ ကပ်လျက် တည်ရှိနေကြသည်။

Cisco စက်ရုံ၏ အ၀င်၀တွင်တော့ ထရပ်ကား အများအပြား ထိုးရပ်ထားကြပြီး ကားအချို့ကတော့ ကုန်ပစ္စည်းများဖြင့် ပြည့်ကျပ်နေလေသည်။

"Cisco က ကျွန်မတို့ နည်းပညာတွေ ခိုးယူပြီးတော့ နယ်ပယ်ထဲမှာ သူတို့ရဲ့ ဂုဏ်သတင်းက ဒုံးပျံလို ဖြစ်နေတာ..ကျွန်မကြားတာတော့ သူတို့ အော်ဒါတွေ များလွန်းလို့ လက်တောင် မလည်တော့ဘူးဆိုပဲ...."လုရင်း အပြစ်မကင်းသည့် လေသံဖြင့် ပြောလိုက်ပြီး "တောင်းပန်ပါတယ်ဘော့စ်..ကျွန်မရဲ့ ညံ့ဖျင်းမှုတွေကြောင့်သာ မဟုတ်ရင် ဒိလိုမျိုးတွေ ဖြစ်လာမှာ‌ မဟုတ်ဘူး.."

"အဆင်ပြေပါတယ်..စီးပွားရေး လုပ်တယ်ဆိုမှတော့ လူတိုင်း အရှုံးတော့ ရှိမှာပဲလေ.."

လင်းရီ ပြောလိုက်ပြ "ဘ၀ကြီးက ဘာလုပ်လုပ် အဆင်ပြေနေရင် လုပ်ငန်းအကြီးစားကြီးတွေ လုပ်ဖို့ အကြောင်းတရား ဖြစ်လာမှာတောင် မဟုတ်ဘူး..."

"အဲ့တာဆို ဘယ်လိုလူမျိုးကပဲ လုပ်ငန်းအကြီးစားကြီးတွေ လုပ်နိုင်မှာ..."

"အရှက်မဲ့တဲ့သူတွေပေါ့ကွ..."

လုရင်း :"...."

သူမ လင်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်ရင်း ..

အဲ့လိုဆို သူမဘော့စ်ကတော့ နောက်ကျရင် စူပါ့စူပါ သူဌေးကြီး ဖြစ်လာတော့မှာပဲ...

Cisco ကို စက္ကန့်အနည်းငယ်ခန့် အကဲခတ်ပြီးနောက် လင်းရီ Sci-tech ၏ စက်ရုံရှေ့၌ ကားထိုးရပ်လိုက်၏။

လင်းရီ နေကာ မျက်မှန်နှင့် သူ၏ လက်ဆွဲအိတ်တွင် ကြိုတင်ပြင်ဆင်ထားသည့် mask ကို ထုတ်လိုက်ပြီး "ရော့ ယူလိုက်..ဒါ၀တ်ပြီး အထဲကို တစ်ချက် သွားကြည့်ကြမယ်..."

"ဘော့စ့်..ရှင့်နားမှာ ဘာလို့ ဒီပစ္စည်းတွေက ရှိနေတာလဲဟင်....အနှိပ်ခန်းမှာ လူမိမှာဆိုးလို့ ဆောင်ထားတာလား"

All Chapters