← Chapters

အခန်း (၂၈၈)

Vol. 20 Ch. 288

အခန်း (၂၈၈)

Vol. 20 Ch. 288

"မင်း ကားမပါဘူးလားဟ..."

"ဟင့်အင်း...ငါ ဒရိုင်ဘာကို လိုက်ပို့ခိုင်းလိုက်တာလေ.."

"အဲ့တာဆိုလည်း အဲ့ဒရိုင်ဘာကိုပဲ ပြန်ပို့ခိုင်းလိုက်လေကွာ.."

"နင်နဲ့တွေ့ချင်လို့မှ ခေါ်လိုက်ပါတယ်ဆိုနေ...ဘာလဲ..နင်က.. ငြိုငြင်တာလား..."

ကျီချင်းရန် ခြေဆောင့်၍ ဂျီကျနေသည့် ကလေးလေးတစ်ဦးကဲ့သို့ ဒေါသထွက်စွာ ပြောလိုက်သည်။

"ငါက နင့်ဖို့ဆိုပြီးတော့ အ၀တ်တွေ အများကြီး ၀ယ်ထားပေးရတာနော်..ဒါတောင်မှ နင်က ဒီလောက်လေးတောင် အသိစိတ်မရှိဘူးပေါ့..."

"ဘာလဲ...လကုန်တော့မှာဆိုတော့ အန်တီလာနေတာလား..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"နင်ပဲ ငါ့ကို အရင် စိတ်ဆိုးနေတာ မဟုတ်ဘူးလား..."

"မင်းကို စိတ်တိုတယ်..?"

ဘာလဲဟ..

လင်းရီ ကြောင်အသွားခဲ့၏။

"ငါက မင်းလေးရဲ့ သီးသန့်ဒရိုင်ဘာ လုပ်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ..ပြီးတော့ ငါ ပြောစရာ ရှိသေးတယ်..မင်း ရှော့ပင်းထွက်မယ်ဆိုလည်း ငါ့ကို ခေါ်လိုက်လေကွာ..မင်းက ငါ့ကို မရှိသလိုမျိုး ခံစားရအောင် လုပ်နေတာပဲကွ...ဟူး...၀မ်းနည်းသွားပြီ"

"ဟွန့်...ပြောတတ်လို့ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်..."ချင်းရန် ပြောလိုက်ပြီး "ဂိတ်Aနားက စတားဘက်ခ် ကော်ဖီဆိုင်မှာ...နင် ၀င်လာတာနဲ့ ငါ့ကို တွေ့လိမ့်မယ်..."

"ကောင်းပြီ..အဲ့မှာပဲ စောင့်နေလိုက်တော့..."

လင်းရီ ဖုန်းချလိုက်ပြီး ၀မ်တ ပလာဇာသို့ မောင်းထွက်သွားလိုက်၏။

ဂိတ်A၌ ကားရပ်ပြီးနောက် စတားဘက်အနီးနား၌ မတ်တပ်ရပ်နေသည့် ကျီချင်းရန်ကို မြင်လိုက်လေသည်။ သူမဘေးနား၌ ၀ယ်ယူထားသည့် အိတ်ကြီးအိတ်ငယ်တို့မှာလည်း ဘေး၌ အစီအရီဖြင့် နေရာချထား၏။

"လခွမ်း..အဲ့လောက်တောင် ဝယ်ခဲ့ရလားဟ..."

"ဒါတွေ အားလုံးက နင့်အတွက်ကြီးပဲနော်....ငါ့ဖို့ တောင်မှ အင်္ကျီလေး တစ်ထည်တည်း ပါတာ.."ကျီချင်းရန် ဂုဏ်ယူနေဟန်ဖြင့် ရင်ကော့၍ ပြောလိုက်ပြီး "နင် ဘယ်လိုထင်လဲ..."

"အေးပါ အေးပါ မင်းလေးကသာ ငါ့ပေါ် အကောင်းဆုံး.....မင်းလေးကသာ အသိတတ်ဆုံးပဲ..,"လင်းရီ ကူကယ်ရာမဲ့နေသော အပြုံးလေးဖြင့် ပြောလိုက်ရသည်။

အနှီချင်းရန်မှာတော့ တစ်နေ့ထက်တစ်နေ့ ပိုပို ဆိုးရွားလာနေချေပြီ။

"နောက်ခါ သွားမယ်ဆို ငါ့ကို ခေါ်လိုက်..အဲ့တာဆို အိတ်တွေ ဒီလောက် အများကြီး သယ်စရာ မလိုတော့ဘူး.."

"အွန်း...ငါလည်း ပင်ပမ်းနေပြီ..ဒီလောက် ပစ္စည်းတွေ အများကြီး ၀ယ်တာ ဒါပထမဆုံး အကြိမ်ပဲ.."

"ဒါပေမယ့် အစက နင့်ကို ခေါ်မလို့ပဲ..နင်မအားမှာ စိုးတာနဲ့ တစ်ယောက်တည်း ထွက်လာခဲ့လိုက်တာ..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "ငါ ရုံးက အလုပ်တွေ အားလုံး စီစဉ်ပြီးသွားပြီ..မနက်ဖြန် အတွက် လေယာဉ်လက်မှတ် ဘွတ်ကင်လုပ်ထား တော့မလို့..နင်မနက်ဖြန် သွားဖို့ အဆင်ပြေတယ်မလား..."

"ဒါပေါ့..."

"ရေး..အာ့ဆို ခု အိမ်ပြန်ကြစို့.."ကျီချင်းရန် လင်းရီကို ပြုံး၍ ကြည့်လိုက်ပြီး"ငါနင့်အတွက် အင်္ကျီတွေ အများကြီး ဝယ်ပေးခဲ့တာဆိုတော့ ဆုလေးဘာလေး မပေးချင်ဘူးလားဟင်..."

"ငါ မင်းရဲ့ ကိုယ်ကို ဆုချပေးရမှာလား..ဒါမှမဟုတ် ဗိုက်ကို ဆုချပေးရမှာလား..."

"ခစ်ခစ် နှစ်ခုလုံး"

"အိုကေ သွားစို့.."

လင်းရီ ကျီချင်းရန်နှင့်အတူ စတားဘက်ခ်ထဲမှ အိတ်တစ်ပွေ့တစ်ပိုက်ကြီးနှင့် ထွက်လာခဲ့၏။

"ဖက်ခ် ဟျောင့်တွေ..စတားဘက်ခ်ထဲက ထွက်လာတဲ့ ကောင်မလေးကို ကြည့်လိုက်ဦးဟ..သောက်ရမ်းလန်းတယ်ကွာ..."

" လှတာထက်ကိုပိုတယ်....သူမက နတ်သမီးလေးလိုပဲ.."

"အင်း အဲ့ကောင်မလေး ဘေးနားက ဘဲကြီးလည်း မဆိုးပါဘူးဟ..အိတ်တွေ ဘာတွေတောင် ကူသယ်ပေးနေလိုက်သေးတယ်..သူ့လိုလိုက်လုပ်ပေးတဲ့ ဒုတယမျိုးဆက် သခင်လေးတွေ ဆိုတာ ဒီနေ့ခေတ်မှာ ရွှေထက်‌တောင်ရှားသွားပြီ..."

"ဟူး....ငါတို့လည်း ဘယ်ချိန်လောက်မှ အဲ့လိုလန်းတဲ့ စကီလေးတစ်ယောက်လောက် ရနိုင်မှာလဲတဲ့ကွာ.."

"မင်းသာ ဘီလီယမ်နာ ဆိုရင်တော့ အဲ့လောက် လန်းတဲ့ စော်လေး ရရင် ရမှာပေါ့ကွာ..."

"အဲ့လိုဆိုလို့ကတော့ ငါအုတ်ဂူထဲ အရိုးဆွေးတဲ့အချိန်ကျမှ ငါ့သားလာပြီး မသာပိုက်ဆံများများ မီးရှို့ပေးဖို့ရာ မျှော်ကိုးရုံပဲ ကျန်တယ်....."

လင်းရီ ကားနောက်ဖုံးဖွင့်၍ ကျီချင်းရန် ၀ယ်ယူလာခဲ့သည့် ပစ္စည်းများအားလုံးကို ပစ်ထည့်၍ ထိုနေရာမှမောင်းထွပ်လာခဲ့သည်။

"ငိုးပဲဟျောင့်တွေ ..ငါအမြင်မှားလိုက်တာလား..အဲ့ကောင်က အလှလေးကို ရှာရီနဲ့ တင်ခေါ်သွားတာ အမှန်ပဲလားကွ...ရှာရီနဲ့တောင် အဲ့လောက်လန်းတဲ့စော်ရနိုင်တယ်ဆိုတော့ ငါ့ရဲ့ ဝူလင်းဟုန်ကွမ်း(EV)လေးနဲ့လည်း ရနိုင်တယ်လို့ ပြောချင်တာပဲ မဟုတ်လား..."

လင်းရီ ကျီချင်းရန်ကို ကျိုကျုံး ဗီလာသိူ့ ခေါ်လာခဲ့လိုက်၏။

"‌ခုမှပဲ အိမ်ရောက်တော့တယ်...တစ်နေ့လည်ခင်းလုံး ရှော့ပင်းထွက်ထားရတာ ပင်ပန်းလိုက်တာဟာ..."

အိမ်ထဲသို့ ၀င်ရောက်ပြီးနောက် ကျီချင်းရန် သူမ ဒေါက်မြင့်ဖိနပ်ကို လွင့်ပစ်ကာ ဆိုဖာပေါ်သို့ ခုန်အုပ်၍ လဲလျောင်းလိုက်လေသည်။

"နှိပ်ပေးရမလား..."

"ကောင်းပြီလေ..ငါဒီနေ့ နင့်ကို အခွင့်‌အရေး ပေးလိုက်မယ်..."ကျီချင်းရန် လိမ္မာသော မိန်းကလေးတစ်ဦးကဲ့သို့ ဟန်ဆောင်ကာ "ဒါပေမယ့် အရင်ဆုံး အရသာရှိတာတွေ ချက်ပေးရမယ်..ဗိုက်အရမ်းဆာနေပြီ..ငါနားလို့ ၀ရင် နင့်ဆီ လာကူညီပေးမယ်လေ..."

"မင်း ပြောတော့ ငါချက်တဲ့ဟာတွေကို နောက်တစ်လလောက်အထိ မစားဘူးဆို...ခု ဘယ်နှစ်ရက်မှတောင် မရှိသေးဘူး စိတ်ပြောင်းသွားပြီပေါ့..."

"အိုင်ယား...ဒီနေ့က အထူးနေ့လေ..ဒါကိုကျ ထည့်မတွက်ဘူး...ငါတောင် ထည့်မတွက်တာ နင်က ဘာလို့ အဲ့လောက် ကပ်တွက်နေတာ..."ကျီချင်းရန် မျက်စောင်းလေး ထိုး၍ လင်းရီကို ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ လကုန်ခါနီးမို့လေ..."

ကျီချင်းရှန် ရှက်သွေးဖြန်းသွားပြီး "ပေါက်တတ်ကရတွေ လာလျှောက်မပြောနဲ့..သွားချက်တော့ သွား...."

"‌သဘော သဘော အဲ့တာဆို ပူတင်းကော စားဦးမှာလား..."

"အမ်..."ကျီချင်းရန် တခဏမျှ စဉ်းစားလိုက်ပြီး "ဒီနေ့တော့ မတူတာလေး ပြောင်းစားကြည့်မယ်..ဗန်နီလာအရသာလေး လုပ်ပေး..."

"အိုကေလေ..စောင့်နေ.."

လင်းရီ လျင်မြန်စွာ ချက်ပြုတ်ပေးလိုက်ပြီး တစ်နာရီခန့် ကြာသော် အားလုံး ချက်ပြုတ်ပြီးဖြစ်၏။ သို့တိုင်အောင် ကျီချင်းရန်မှ သူ့အား လာကူညီနေသေးလေသည်။ သူ့ကို တစ်ယောက်တည်း လုပ်ရသည်ဟု မခံစားစေချင်ပုံပင်။

"လင်းရီ ငါ တူတွေ ပန်းကန်လုံးတွေ ယူလာခဲ့ပြီးပြီ..နင်က စွပ်ပြုတ်နဲ့ ဒယ်အိုးပဲ ယူလာခဲ့လိုက်တော့... "ကျီချင်းရန် စားပွဲရှေ့၌ ရပ်ရင်း ပြောလိုက်သည်။

"အင်း..."

လင်းရီ တုံ့ပြန်သည့် အနေဖြင့် ခေါင်းညိမ့်လိုက်ပြီး ချက်ပြုတ်ထားသည့် ဒယ်အိုးကို ယူလာခဲ့ပြီး အဖုံးလှပ်လိုက်သည်။ ထိုအခါ စားချင်စဖွယ် ဟင်းရနံ့များက လေနှင့်အတူ ကျီချင်းရန်၏ နှာသီး၀လေးသို့ ထိူးဖောက် ၀င်ရောက်လာတော့၏။

"ဒါ...ဒါက သကြားညိုရေ မဟုတ်လား..."

"အထဲမှာ သကြားလုံး အပျော့လေးတွေနဲ့ ‌ ကျောက်ပွင့်မှိုတွေကော ပါသေးတယ်နော်..မြည်းကြည့်လိုက် လျှာလည်သွားမယ်..."

"ဒါတွေက ဘာအတွက်လဲဟင်..."ကျီချင်းရန် ရှက်ရိပ်ကလေးဖြင့် မေးမြန်းလိုက်ပြီး နှလုံးသားထဲတွင်တော့ နွေးထွေးမှုများဖြင့် ပြည့်နှက်နေ၏။

"မင်း အန်တီလာနေတာမလား...အဲ့တာကြောင့် သက်သာအောင်လို့ လုပ်ပေးတာလေ..."လင်းရီ ညင်သာစွာ ပြုံး၍ ပြောလိုက်၏။

"ဒီလိုတွေ လုပ်ပေးမယ်ဆိုလည်း ပြောရောပေါ့...ဟီးဟီး နင့်ကို ဖလိုင်းကစ်လေးနဲ့ ဆုချချင်လို့.."ကျီချင်းရန် လင်းရီ၏ ပါးတစ်ဖက်ကို ဖျစ်ညစ်ရင်း ပြောလိုက်၏။

"မြန်မြန်စားလေ..ခဏနေဆို အေးတော့မယ်..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"အွန်း..."ကျီချင်းရန် အလျင်အမြန်တော့ မစားခဲ့ချေ။ တစ်ဇွန်းချင်း ဖြည်းဖြည်းစားရင်းဖြင့် မိနစ်လေးဆယ်လောက် ကုန်ဆုံးသွားခဲ့၏။

သူမ စားပြီးသည့် အချိန်တွင်တော့ ဆိုဖာပါ်တွင် ထိုင်ကာ ပြည့်အင့်နေသော သူမ၏ ဗိုက်ပူပူလေးကို ပွတ်သပ်ရင်း မျက်နှာထက်တွင်တော့ တိုင်းတာမရသည့် ကျေနပ်အားရမှုတို့ဖြင့် ပြည့်နှက်နေလေသည်။

"လင်းရီ ..ငါခဏလောက် နားချင်လို့..နှိပ်ပေးမှာလား..."

"အင်း ရတယ်လေ..ဒါပေမယ့် ရေ လေးငါးပတ်လောက အရင်ကူးလိုက်ရင်ကောင်းမယ်..အဲ့လိုဆို တစ်ကိုယ်လုံး အကြောအချဥ်တွေ ပြေလျော့ပြီးတော့ ထိရောက်မှုပိုကောင်းသွားတော့မှာ..."

"နင်က ငါ့ကို ရေကူး၀တ်စုံနဲ့ နှိပ်ပေးစေချင်လို့ ဒီဂွင်ဖန်လိုက်တာမလား..နင်က အရမ်း ဆိုးတာပဲ..."

"အာ..."

ခုတလော ချင်းရန်က ဘာလို့ ဉာဏ်ကောင်းနေပါလိမ့်...အရင်တုန်းကဆို ငါ့လှည့်ကွက်ထဲ ကျရောက်နေကြပဲ မဟုတ်ဘူးလား...

ကြည့်ရတာတော့ လှည့်ကွက် အသစ်လေးတွေ ထုတ်သုံးရတော့မယ်နဲ့ တူတယ်...

"မိန်းကလေးကျီ..ကျေးဇူးပြုပြီး ကျုပ်ရဲ့ စေတနာနဲ့ အကြံပေးတာကို သံသယမရှိပါနဲ့..ဒါဟာ ကျွန်တော့်ရဲ့ ကိုယ်ကျင့်တရားကို စော်ကားနေသလို ခံစားရတယ်...,"

"ဟွန့်..ငါ့အထင်တော့ နင်က နှာဘူးကျင့်၀တ်တွေကို လိုက်နာနေတယ်လို့‌ပဲ ထင်တယ်..."ကျီချင်းရန် ခေါင်းလေးမော့ပြီး "ပြီးတော့ အရမ်း ကျွမ်းကျင်တဲ့ အနှိပ်သည်တွေ အကုန်လုံးက မျက်စိမမြင်တဲ့သူတွေလေ..နင်က ပရော်ဖက်ရှင်နယ်တောင် မဆန်ပါဘူး.."

"အဲ့လောက်ကြီး တည့်တိုးဆန်ဖို့ လိုလို့လားဟ...ငါသာ မျက်စိမမြင်ချင်ရင် မမြင်အောင် လုပ်လို့ရတယ်...."

လင်းရီ မျက်လုံးမှိတ်ပြီး ကျီချင်းရန်ပေါ်သို့ ခုန်အုပ်လိုက်၏။

"အား...ခစ်ခစ်..."

"လင်းရီ...နင့်ငါ့ကို အနိုင်ကျင့်နေတာပဲ .ကလိယားမထိုးနဲ့‌တော့လို့"

"ဟဲ့ မသာ နင့်လက်တွေက ဘယ်နေရာ ရောက်နေတာလဲ ကောင်စုတ်ရဲ့.."

"ငါက မျက်မမြင်လေ...အဲ့တော့ ငါ့လက် ဘယ်နားရောက်နေလဲဆိုတာ ငါက ဘယ်သိမှာ..ကံစေရာပဲပေါ့.. "

"မလုပ်ပါနဲ့တော့လို့ လင်းရီနော်....ငါတောင်းပန်ပါတယ်လို့..."ကျီချင်းရန် ရုန်းကန်ရင်း သူမ၏ ဆံနွယ်များမှာ ယောက်ယက်ခတ် သွားတော့၏။

"ငါပြောတာက နင့်ကို နှိပ်ပေးလို့ ပြောတာလေ..ဘာလို့ ဒီလိုကြီး အသားလာယူနေတာ.."

"ယူလို့လား.."

"ဟွန့်.."

ကျီချင်းရန် သူမ၏ ဆံပင်ပုံစံကို သေသပ်အောင် ပြန်စည်းလိုက်ပြီး အပေါ်ထပ်သို့ တက်၍ ညအိပ်၀တ်စုံလဲလှယ်ကာ အောက်ထပ်သို့ လှမ်းအော်လိုက်၏။

"လင်းရီ ငါ့အခန်းထဲ လာ...."

"ငါက ရောက်နေပြီးသား..."

သူမ စကားမဆုံးသေးခင် လင်းရီမှာ သူမနောက်သို့ ရောက်နေကြောင်း မြင်လိုက်ရသည်။

အား..

ကျီချင်းရန် မတုံ့ပြန်နိုင်သေးခင် လင်းရီ သူမကို ခါးမှ ပွေ့ချီ၍ ကုတင်ပေါ်သို့ ပစ်တင်လိုက်၏။

"လင်းရီ ငါနင့်ကို သတ်မိတော့မယ်နော်..ငါနင့်ကို သေအောင် ကိုက်သတ်ပစ်မယ်ဆိုတာ ယုံလား..."

လင်းရီ ကျီချင်းရန် တင်ပါးကို တစ်ချက်ရိုက်လိုက်ပြီး "အပိုတွေ ပြောမနေနဲ့..၀မ်းလျားမှောက်..."

"ဟွန့်..နင်ငါ့ကို အရသာရှိတာတွေ ချက်ကျွေးထားတယ်ဆိုတဲ့ မျက်နှာကြောင့်သာ မဟုတ်ရင် နင့်ကို သေချာပေါက် ကိုက်ပစ်တယ်..."

"မင်း နောက်ကျရင်လည်း ငါ့လက်ရာကို စားချင်သေးတယ်မလား..."

"အွန်း အွန်း..."

"အဲ့တာဆို ဘာလို့ ၀မ်းလျား မမှောက်သေးတာလဲ.."

"အိုး..အိုကေလေ..."

ကျီချင်းရန် အိပ်ရာပေါ်တွင် ၀မ်းလျားမှောက်‌နေပြီး လင်းရီလည်း သူမကို ဆက်လက် စနောက်မနေတော့ပဲ ကျီချင်းရန်၏ ခါးမှနေ၍ ကျောတစ်လျှောက် စတင် နှိပ်နယ်ပေးတော့၏။

"ငါ ယွမ်ယွမ်ဆီက ကြားတာတော့ ကျောက်ကျိန်းရန်က နင့်ကို တရားစွဲဖို့ ကြိုးစားသေးတယ်ဆို..."

"သူ(မ)က ပြောလိုက်တာလား..သတင်းကလည်း မြန်လိုက်တာ..ငါတော့ လစာ ဖြတ်ဦးမှထင်တယ်..."

"ဘာဆိုင်လို့ နင်က ယွမ်ယွမ်ကို လစာလျှော့မှာ...ပြီးတော့ ဒါကလည်း ကိစ္စကြီးပဲလေ..သူမ မပြောလည်း ငါက အနှေးနဲ့ အမြန် ရှာတွေ့သွားမှာ..."

"ငါ ဆိုလိုတာက ငါသာ ယွမ်ယွမ်ကို လစာလျှော့လိုက်မယ်ဆိုရင် ပိုက်ဆံ ချွေတာရာ မရောက်ဘူးလားလို့..."လင်းရီ ပြောလိုက်သည်။

"အွန်း အဲ့အကြံလည်း မဆိုးဘူး....နှစ်ကုန်ခါနီးကျရင် နင်သူ့ကို လစာလျှော့လို့ရအောင် ငါကြံပေးမယ်.."

ဟော်ယွမ်ယွမ် :"....."

All Chapters