အခန်း (၂၈၉)
Vol. 20 Ch. 289
"ယွမ်ယွမ်က ငွေနဲ့ ပတ်သက်လာရင် အရမ်း ဆတ်ဆတ် ထိမခံတာနော်....နင်သူ့ကို လစာလျှော့မယ်ဆိုရင် သတိလေးလည်း ထားဦး..တော်ကြာ နင့်ကို ဓားနဲ့ လိုက်-ထိုးနေဦးမယ်..."
ကျီချင်းရန် စနောက်သလိုလိုဖြင့် ပြောလိုက်လေသည်။
"အေးဆေးပေါ့..အဲ့ချိန်ကျ ငါသူ့အတွက် ပိုင်မုန့် အကြီးကြီး ပြင်ပေးလိုက်မယ်...သူ့ရဲ့ ဉာဏ်ရည်နဲ့ဆို အဲ့ထောင်ချောက်ထဲ မကျစရာအကြောင်း မရှိဘူး.."
"ခစ်ခစ်..အဲ့လိုဆိုရင်တော့ ငါနင်တို့ နှစ်ယောက်ကို လွှတ်ထားပေးလိုက်တော့မယ်နော်...
ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "တကယ်တမ်းကျတော့ ဒီကိစ္စက ငါ့ကြောင့်လည်း ပါတယ်..တကယ်လို့ ငါသာ ဒုတိယထပ်ကို သွားပြီးသူငယ်ချင်းတွေနဲ့ မတွေ့ဘူးဆိုရင် ကျောက်ကျိန်းရန်လည်း ငါ့ကို တွေ့တော့မှာ မဟုတ်ဘူးလေ....အဲ့တော့ နင်လည်း အမှုရင်ဆိုင်စရာမလိုတော့ဘူး..."
"အဲ့တာဆို နင့်ရဲ့ ခံစားချက်တွေကို S ပုံစံ ထိုင်ထ လုပ်ပြီးတော့ မဖော်ပြသင့်ဘူးလား..."
"အဲ့တာကတော့ နင့်အပေါ် မူတည်တယ်လေ..တကယ်လို့ ငါသာ စိတ်ကောင်း၀င်နေတဲ့ အချိန်ဆို နင့်ကို ရေကူး၀တ်စုံ၀တ်ပြပြီးတောင် S ပုံစံ ထိုင်ထ လုပ်ပေးလိုက်မယ်..."
"အခွင့်ရေးဆိုတာ ကိုယ်တိုင်ဖန်တီးယူရတာတဲ့..ဒီနေ့ လပြည့်ညရဲ့ရောင်စဉ်ဖြာအောက်မှာဆို ဘယ်လောက်တောင် ကြည့်ကောင်းလိုက်မလဲ..ဒီလောက်လှတဲ့ မြင်ကွင်းကြီးကို ဖြုန်းတီးပစ်ရင် မကောင်းဘူးနော..."
"ဒီနေ့တော့ မရသေးဘူး..နင်နှိပ်တာက အရမ်းကောင်းတော့ငါ လှုပ်ကို မလှုပ်ချင်တော့ဘူး...."ကျီချင်းရန် အပျင်းကြီးနေသော ကြောင်ကလေးကဲ့သို့ ပြောလိုက်၏။
"မင်းက စားပြီးတာနဲ့ ၀မ်းလျားမှောက်ပြီး ဇိမ်ခံဖို့ပဲ သိတယ်...အဲ့လိုဆို ၀၀တုတ်တုတ်ကြီး ဖြစ်လာတော့မှာနော်...."
"၀လည်း စားမှာပဲ ဟွန့်..."ကျီချင်းရန် သူမ၏ ဗိုက်ပူပူလေးကို ပုတ်၍ လင်းရီကို မျက်စောင်းထိုးရင်း ပြောလိုက်လေသည်။
"ဒါနဲ့ စကားမစပ် ငါ လေယာဉ်လက်မှတ်ကို မနက်ဖြန်မှ စီးဖို့ ဘွတ်ကင်လုပ်ထားတယ်နော်..ငါတို့ လေယာဉ်ပေါ်မှာ အိပ်ပြီးတော့ နိုးလာရင် အမေရိကကို ရောက်နေတော့မှာ..,ဒါပေမယ့် အချိန်တွေက မတူဘူးဆိုတော့ ငါတို့ လေယာဉ်ဆင်းတဲ့ အချိန်ကျရင် ဟိုဘက်မှာ မှောင်နေလောက်ဦးမှာ..."
"ရတယ်လေ..မင်းပြောတဲ့ အတိုင်းပဲပေါ့..."
"ဒါပေါ့..နင်က စကားနားထောင်တဲ့ ကလေးလေး လုပ်ရမယ်လေ...."
ဒူ ဒူ ဒူ ..
လင်းရီ ဖုန်းသံ မြည်လာခဲ့ပြီး ဟော်ယွမ်ယွမ်မှ Vd ကော ခေါ်လာခဲ့လေသည်။
နောက်ခံကတော့ လင်းယွမ် ကော်ပိုရေးရှင်း ဖြစ်ပြီး ချီရှန်းကျောက်မှ ကင်မရာရှေ့၌ ရံဖန်ရံခါ ဖြတ်လျှောက်သွားသည်ကို မြင်နေရ၏။
" ဒီလောက် ညနက်နေတာတောင်မှ မင်းတို့ နှစ်ယောက်က ကုမ္ပဏီမှာ ရှိနေကြတုန်းလားဟ..မဟုတ်မှလွဲရော ရှက်ဖို့ ကောင်းတာတွေ လုပ်ကြမလို့လားများလား...."
"အဲ့လို မပြောစမ်းပါနဲ့..ကျွန်မက အရေထူတယ်ဆိုပေမယ့် အစ်ကိုချီက အရမ်း အရှက်ကြောက် ကြီးတာနော်..."
"ဖက်ခ်...ယောက်ျား မပီသလိုက်တာကွာ...သူ့ကိုပြောလိုက်..နောက်ကျ အပြင်ထွက်ရင် လင်းယွမ် အုပ်စုကပါလို့ မပြောနဲ့လို့...တော်ကြာ ဘော့စ်ကလည်း အဲ့လိုမျိုးပဲလားဆိုပြီး ထင်ခံနေရဦးမယ်..."
"သူများကိုသာ ပြောနေတာ..ရှင်ကျတော့ကော..ဘယ်လောက်ထိတောင် ကြာနေပြီလဲ..ခုထိ အစ်မကျီကို မသိမ်းပိုက်သေးဘူးမလား..ဘယ်လောက် ရှက်ဖို့ ကောင်းလိုက်လဲ.."
"မင်းရောပဲမဟုတ်လား..အဲ့လောက်ကြီး သောက်ရမ်း အံ့ဩဖို့ကောင်းနေရင် လောင်ချီကို သွား တွန်းလဲလိုက်လေ...."
"ကျွန်မကို သွေးတိုး လာမစမ်းနဲ့နော်..ကျွန်မ ဟော်ယွမ်ယွမ်က ကြောက်တတ်တဲ့ လူစားမျိုးထဲမှာ မပါဘူး..ရှင်သာ အစ်မကျီကို တွန်းလှဲရဲရင် ကျွန်မလည်း လိုက်လုပ်ပြမယ်..."
"အေး...မင်းပြောတာနော်..."
လင်းရီ ကင်မရာကို ကျီချင်းရန်ဘက်သို့ ပြောင်းလိုက်ပြီး "မင်းအစ်မကျီက ခု လဲနေပြီးသား..ဒီတော့ မင်းရဲ့ တင်ဆက်မှုလေး လုပ်ပါဦးဟ..."
"လင်းရီ နင် ဗွီဒီယိုလာမရိုက်နဲ့နော်..ငါ သတ်မိတော့မယ်..."
ကျီချင်းရန် ကုတက်ပေါ်မှ ကမန်းကတမ်းထ၍ ကင်မရာ မြင်ကွင်းမှ ရှောင်လိုက်သည်။
"ငါတို့ ခုလေးတင် တစ်ချီပြီးထားတာ..ခု မင်းအလှည့်ပဲ..."လင်းရီ ပြောလိုက်၏။
"ရှင်တို့..."
ဟော်ယွမ်ယွမ် အံအားသင့်သွားခဲ့သည်။
သူမ လင်းရီကို အစ်မကျီအား အပိုင်သိမ်းရန် ပြောနေသော်လည်း သူမ၏ စိတ်ထဲတွင်တော့ အစ်မကျီ၏ အကျင့်စရိုက်နှင့်ဆိုပါက မဖြစ်နိုင်မှန်း နားလည်ပေသည်။
သိူ့သော်လည်း ယခု မြင်ကွင်းကို မြင်လိုက်သည့် အခါမှသာ ဟော်ယွမ်ယွမ်မှာ သူမ အင်နိုးစန့်လေး ဖြစ်နေသေးကြောင်း နားလည်သွားတော့၏။
သူမ၏ အစ်မကျီမှာ ညအိပ်၀တ်စုံ ၀တ်ထားပြီး မျက်နှာတွင်လည်း ကျေနပ်နေသည့် ဟန်အမူအရာဖြင့် လဲလျောင်းနေလေသည်။ ထို့ပြင် နေရာမှာလည်း ကျိုကျုံးဗီလာ၌ ဖြစ်နေသေး၏။
သက်သေအထောက်အထားတို့မှာတော့ လယ်ပြင်တွင်ဆင်နင်းသကဲ့သို့ ကွက်ကွက်ကွင်းကွင်းကြီးပင်။
"မြန်မြန် ငါပေါက်ပေါက်တောင် ပြင်ပြီးပြီနော်...မင်းတိူ့ စမှာကို ထိုင်စောင့်နေတယ်...ဘယ်ပုံစံလည်း မုဆိုးဒူးထောက်လား..ဘားမားကောင်းဘွိုင်လား..ဒေါ့ဂီစတိုင်လား..တိုက်ရိုက်ကြည့်ဖို့ အသင့်ပဲနော်...."
"အစ်မကျီ...."
ဟော်ယွမ်ယွမ် မျက်ရည်ကျလုနီးပါး ဖြစ်နေပြီး ခိုကိုးရာမဲ့စွာဖြင့် သူမ၏ အစ်မကျီကိုသာ အကူညီတောင်းရန် တတ်နိုင်တော့၏။
"ကောင်းပြီ..ယွမ်ယွမ်ကို စမနေနဲ့တော့..."ကျီချင်းရန် လင်းရီထံမှ ဖုန်းလုယူလိုက်ပြီး "ယွမ်ယွမ် ဘာလို့လဲ..နင်လင်းရီဆီက တစ်ခုခု လိုတာရှိလို့လား..."
"ဘာမှတော့ မရှိပါဘူး.."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ဒါနဲ့ အစ်မကျီက ဘာလို့ ဘော့စ်ရဲ့ အိမ်မှာ ရှိနေတာလဲဟင်..."
"သူ့အိမ်မှာ ညစာ လာစားတာလေ..ညနက်နေလို့ ဒီမှာပဲ နေလိုက်တော့တာ..."ကျီချင်းရန် သံသယများကို ရှင်းအောင် ပြုလုပ်လိုက်၏။
"ပဂျားမားကြီးနဲ့...သူ့အိမ်မှာ အမျိုးသမီး ပဂျားမားတွေလည်း ရှိတယ်ပေါ့...."
"သူငါ့အတွက် ၀ယ်ထားပေးတာလေ..တောင်းတောင်းပန်ပန်နဲ့ နေခိုင်းနေတော့ ငါလည်း လှုပ်ရမှာ ပျင်းတာနဲ့ ဒီည ဒီမှာပဲ နေဖို့ ဆုံးဖြတ်လိုက်တာ...."
လင်းရီကတော့ ဘေး ကုတင်ပေါ်တွင် လဲလျောင်းနေရင်း ကျီချင်းရန် မုသားပြောနေသည်ကို မဖော်ထုတ်ခဲ့ပေ။
ယောက်ျားကောင်းတို့မည်သည် အခြေနေနှင့် အချိန်ခါကို လိုက်၍ သိတတ်ရ၏။ မဟုတ်ပါက ညစာငတ်သွားနိုင်သည်။
"အစ်မကျီ...ဘော့စ်လင်းက လူကောင်းနဲ့တော့ မတူပေမယ့် အဲ့လိုကြီးတော့ မလုပ်လောက်ဘူး ထင်တယ်နော..."
"ဟမ်...နင်က ဘာပြောချင်နေတာ..သဘောက ငါကပဲ ကိုယ့်သဘောနဲ့ကိုယ် ဒီရောက်လာတယ်ပေါ့....?"
"အွန်း..အဲ့လိုပဲ..."
"အဲ့တာဆို နင် လင်းရီကို လိုက်လွင့်ပြဖို့သာ ပြင်ထားလိုက်တော့..."
ကျီချင်းရန် ဖုန်းကို စိတ်တိုစွာဖြင့် လွင့်ပစ်လိုက်ပြီး မျက်နှာ mask ကပ်ရန် အခန်းပြင်သိူ့ ထွက်သွားတော့၏။
ဘယ်လို ကောင်မလေးပါလိမ့်..သူမကဖြင့် စေတနာနဲ့ ကူညီပေးနေတာကိုတောင်မှ အလိုက်ကန်းဆိုးကို မသိဘူး..လင်းရီ အနိုင်ကျင့်တာနဲ့ပဲ တန်တယ် ဟွန့်...
ဒါနဲ့ ငါလိမ်တာ အဲ့လောက်တောင် မပီပြင်လို့လား...
ငါပြောနေတာလည်း အမှန်ပဲလေ..သူပဲ ငါ့ကို ဒီခေါ်လာတာမဟုတ်လား...
လင်းရီ တည်တံ့သော မျက်နှာ အမူအရာဖြင့် ဖုန်းကောက်ကိုင်လိုက်၏။
"ဒီလောက်ညနက်နေမှ ဖုန်းခေါ်လိုက်တယ်ဆိုတော့တစ်ခုခုတော့ ရှိရမယ်..ဘာလဲ..."
"ဘော့စ်ပဲ ကျွန်မကို အနက်ရောင် လန်ရိုဗာ အကြောင်း စုံစမ်းခိုင်းထားတယ် မဟုတ်လား.. ခု စုံစမ်းပြီးသွားပြီ.."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "မှန်းကြည့်ကြည့်..ဒီကားပိုင်ရှင်က ချောင်ရှန့်ယွီတဲ့..."
"ချောင်ရှန့်ယွီ..."
လင်းရီ မတုံ့ပြန်နိုင်ခင် တခဏမျှ ရပ်တန့်၍ တွေးတောလိုက်၏။ ချောင်ရှန့်ယွီဆိုတာက Ciscoဘော့စ်၊ ချောင်ကျားတုံးရဲ့ သားတော်မောင် မဟုတ်လား...
Sci-tech ရဲ့ စက်ရုံရှေ့မှာ လာတွေ့တယ်ဆိုတော့ ထူးတော့ ထူးနေပြီ...
"ဟုတ်တယ်..သူပဲ.."
ဟော်ယွမ်ယွမ် မေးလိုက်ပြီး "တစ်ခုခု သိထားတာများ ရှိနေလို့လား..ကားတစ်စီးကို စုံစမ်းလိုက်တာ ချောင်ရှန့်ယွီ ဖြစ်နေတယ်ဆိုတော့လေ..အဲ့လောက်ကြီးကျတော့ တိုက်ဆိုင်လွန်းသွားပြီ..."
"ထွေထူး မဟုတ်ပါဘူးကွာ..ငါက ဒီတိုင်း စုံစမ်းခိုင်းလိုက်တာ..."လင်းရီ ပေါ့ပါးစွာ ပြောလိုက်ပြီး "ဘာမှ မရှိတော့ဘူးဆိုရင် ဖုန်းချလိုက်တော့မယ်"
"ဘာတွေ အဲ့လောက် လောနေတာ..စကားနည်းနည်းလောက် ထပ်ပြောကြမယ်လေ..."
"မင်းရဲ့ အစ်မကျီက ငါနဲ့ ရှိနေတုန်းနော်..အဲ့တာတောင် စကားပြောဖို့ တွဲခေါ်နေတုန်း ဆိုတော့...မိန်းကလေး မင်းလည်း ငါ့ကို ကြိတ်ကြွေနေတာလား..."
"အာ...တော်ပြီ ဖုန်းချလိုက်တော့မယ်...ဘာမှ ပြောစရာ မကျန်တော့ဘူး..."
ဖုန်းချပြီးလျှင်ပြီးချင်း ကျီချင်းရန် မျက်နှာပေါ်တွင် maskကပ်လျက် ရောက်လာခဲ့၏။
သူမ၏ လက်ထဲတွင်လည်း မကပ်ရသေးသည့် အသစ်တစ်ခုကို ကိုင်ထားပြီး စောနက ဖြစ်ရပ်မှာ သူမ၏ ကောင်းနေသည့် မုဒ်လေးကို သက်ရောက်မှု မရှိသွားဟန်ပင်။
"လာ လင်းရီလာ..ငါ နင့်ကိုလည်း တစ်ခုကပ်ပေးမယ်နော်..ဒီmask က အရမ်းကောင်းတာ..."
"တော်ပြီ..."
"မရဘူး..နင်လည်းကပ်ရမှာပဲ.."ကျီချင်းရန် ပြောလိုက်ပြီး "နင် ရေကူး၀တ်စုံနဲ့ S ပုံစံ ထိုင်ထ ကြည့်ချင်လား မကြည့်ချင်ဘူးလားပြော..."
"အဟမ်း ..နေထဲလေထဲ လျှောက်သွားထားတော့ ငါ့မျက်နှာက ဖုန်၊ အညစ်ကြေးတွေ နဲ့ မွဲခြောက်နေတာ...နဂိုကလောက်တောင် မချောတေယ့ သလိုပဲ..ဒီတော့ maskလေး တစ်ခုလောက်ပြီးရေဓာတ်ပြန်ဖြည့် ဦးမှပါလေ..."လင်းရီ သွားကြီးဖြီး၍ ပြောလိုက်၏။
ကျီချင်းရန်ကတော့ ကျေနပ်စွာ ပြုံးလိုက်ပြီး "နင်ကတော့ မကောင်းတဲ့ကောင်ပဲ.."
ကျီချင်းရန် mask အထုပ်ကို ဖွင့်၍ လင်းရီ၏ မျက်နှာထက်၌ ကျွမ်းကျင်စွာ ကပ်လိုက်လေသည်။
"ငါ့မှာ နင် အနာဂတ်ကျ မကောင်းတဲ့ကောင် မဖြစ်အောင် ကာကွယ်တဲ့နည်း ရှိတယ်.."
"ဘယ်လိုလဲ...စိတ်၀င်စားလား..."
"တော်ပါပြီ..သန်တုန်းမြန်တုန်းလေးမို့ ပျော်ပါရစေ...နောက်ကျရင် ဒီကိစ္စတွေ စိတ်၀င်စားတော့မှာ မဟုတ်ဘူး...."
"ဆုတောင်းလေ..."ကျီချင်းရန် မျက်စောင်းထိုးလိုက်သော်လည်း maskအုပ်ထားကြောင့် မသိသာလိုက်ပဲ "စကားမစပ် ယွမ်ယွမ်က နင့်ကို ဘာတွေ ပြောသွားတာ..."
"ငါဒီနေ့ တွေ့ခဲ့တဲ့ တစ်ယောက်က Cisco သူဌေးရဲ့သား ချောင်ရှန့်ယွီ ဖြစ်နေတာလေ..."
"သူက သူ့သားကို စက်ရုံမှာ ကြီးကြပ်ခိုင်းထားတယ်ပေါ့.."ကျီချင်းရန် အံ့ဩနေဟန်ဖြင့် မေးလိုက်၏။
"ဘာလို့လဲ...သာမန်ပဲ မဟုတ်လား..ဘာပဲပြောပြော သူ့အဖေပိုင်တဲ့ ကုမ္ပဏီလေကွာ...သားဖြစ်သူကို အဲ့နေရာ ပေးထားတာ ဘာမှားလို့လဲ..."
ကျီချင်းရန် စက္ကန့်အနည်းငယ်ခန့် တုံ့ဆိုင်း သွားပြီးနောက် "Cisco ရဲ့ သူဌေးမှာက ကလေး ဘယ်နှစ်ယောက်ရှိတာ..."
"နှစ်ယောက်..သားတစ်ယောက်နဲ့ သမီးတစ်ယောက်...သူ့သမီးနာမည်က ချောင်ကျင်းချိုးတဲ့....ချောင်ရှန့်ယွီထက် သုံးနှစ်ငယ်တယ်..."
"အဲ့တာဆို လုံး၀ သေချာပြီ..."ကျီချင်းရန် ပြောလိုက်ပြီး "တစ်ရာ ရာခိုင်နှုန်းတော့ မသေချာပေမယ့် ဒါက သူ့ရဲ့ သဘောထားကို သွယ်ဝိုက်ပြီး ဖော်ပြနေတာပဲ... "
လင်းရီ မျက်မှောင် ကုပ်လိုက်ပြီး "မင်းဆိုလိုချင်တာက ချောင်ကျားတုံးက ဒီနည်းလမ်းကို အသုံးပြုပြီးတော့ ချောင်ရှန့်ယွီကို သဘောမကျဘူးဆိုတာ သွယ်ဝိုက်ပြီးတော့ သတိပေးနေတဲ့ ပုံစံမျိုးလား..."