အခန်း (၂၉၀)
Vol. 20 Ch. 290
"ဘာပဲပြောပြော သူက သူ့သားလေ..ပေါ်တင်ကြီး စကားနဲ့တော့ သတိပေးလို့ ဘယ်ကောင်းမှာ..."
"ဒါမှမဟုတ် သဘောထား ကွဲလွဲတာလည်း ဖြစ်နိုင်တာပဲလေ..သူ့ လုပ်နေတဲ့ အဓိပ္ပာယ်ကိုတော့ ပါ၀င်နေကြတဲ့ သူတွေပဲ နားလည်ကြမှာ..."
ကျီချင်းရန် သူမ ဆံပင်ကို နောက်သို့ သပ်ပြီး ဆက်လက်၍ "ဒါပေမယ့် နင်သာ ချောင်ရှန့်ယွီက Ciscoမှာ ဘယ်လိုနေရာရှိလဲဆိုတာ သိရင် ဒီကိစ္စက ပိုပြီး ရှင်းလင်းသွားပြီ... "
လင်းရီ သူမစကားကို သဘောတူစွာ ခေါင်းညိမ့်လိုက်သည်။ ကျီချင်းရန်၏ စကားလုံးများမှာ လွန်စွာ အဓိပ္ပာယ် ရှိလွန်းလှပေသည်။
လက်ရှိ ချောင်ရှန့်ယွီ၏ အခြေနေကို အကဲဖြတ်ကြည့်မည်ဆိုပါက သူ၏ ရင့်ကျက်မှုနှင့် တည်ငြိမ်နိုင်စွမ်းမှာ လျော့နည်းနေလေသည်။
"Cisco က ခု ရှင်ရဲ့ ရန်သူမဟုတ်လား..ရှင်က သူနဲ့ ဘယ်မှာ တွေ့ခဲ့တာ..."
"Sci-techစက်ရုံရှေ့မှာ...သူ့အတွင်းရေးမှူးကောပဲ..."
" ကုမ္ပဏီ သွား၀ယ်တာများလား"ကျီချင်းရန် မေးလိုက်ပြီး "ငါ စီးပွားရေ သတင်းထဲမှာ တွေ့လိုက်ရသေးတယ်..အဲ့ကုမ္ပဏီက သိပ်မကြာခင် ဒေဝါလီ ခံရတော့မှာတဲ့.. Cisco က အဲ့တာကို သွားယူမလို့ နေမှာ..."
လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ကျီချင်းရန်မှာ နည်းပညာနယ်ပယ်ရှိ သတင်းများကိုပါ နှံ့စပ်ကျွမ်းကျင်နေလိမ့်မည်လို့ ထင်မထားခဲ့ချေ။
သို့သော်လည်း သူမ နည်းပညာနယ်ပယ်ကို အာရုံစိုက်နေခြင်းမှာ လင်းရီ ကြောင့် ဆိုတာတော့ သိရှိနိုင်လိမ့်မည် မဟုတ်။
"မင်းအတွေးလွန်နေပြီ..သူတို့ ၀ယ်မှာ မဟူတ်ဘူး..."လင်းရီ ပြောလိုက်၏။
"နင်က ဘာလို့ အဲ့လောက်တောင် သေချာနေတာ..ဘာကို အခြေခံပြီးတော့မှလဲတဲ့..."
"ဘာလို့လဲဆိုတော့ ငါက Sci-tech ကို ၀ယ်ထားပြီးသွားပြီလေ..."
ချင်းရန် :"????"
"နင်က ၀ယ်လိုက်တယ်..."ကျီချင်းရန်၏ သမင်မျက်လုံးလေးများ မယုံကြည်နိုင်ဟန်ဖြင့် ဝိုင်းစက်သွားခဲ့လေသည်။
"ဒီနေ့ပဲ ၀ယ်ခဲ့တာလေ..ဒီတိုင်း ဒေဝါလီခံတော့ မယ့် ကုမ္ပဏီကိုများကွာ..အဲ့လောက် ရေးကြီးခွင်ကျယ် လုပ်ပြဖို့ လိုလို့လားဟ..."
"ဘာလို့လဲဆိုတော့ ငါအဲ့အကြောင်း ဟော်ယွမ်ယွမ်ဆီက မကြားရလို့လေ..နင် ဘာမှ မပြောဘဲနဲ့ ၀ယ်ပစ်လိုက်တာလား..."
ဟော်ယွမ်ယွမ်မှာ လင်းယွမ် အုပ်စု၏ CFO တစ်ဦးပင်။ ဘဏ္ဍာရေး၀န်ထမ်းတစ်ဦးဖြစ်သည့် အလျောက် ငွေကြေး သုံးစွဲမှုများမှာ သူမ၏ လက်အောက်တွင် ရှိလေသည်။ ပိုက်ဆံ ထုတ်မည်ဆိုပါက သူမနှင့် အရင် တိုင်ပင်ရပေမည်။
(CFO - chief financial officer)
"လင်းယွမ်ကုမ္ပဏီကလွဲရင် တခြားစီးပွားရေးလုပ်ငန်း မရှိဘူးဆိုတော့ ဒေဝါလီခံတော့မယ့် Sci-tech ကို တွေ့တာနဲ့အတော်ပဲလေ..အဲ့တော့ ၀ယ်လိုက်တာ..."
Sci-techကုမ္ပဏီမှာ စနစ် အန္တိမ မစ်ရှင်၏ ဆုလဒ်ဖြစ်သော်လည်း လင်းရီ ထိုအကြောင်းကို ထုတ်ပြောစရာ အကြောင်းမရှိချေ။ ထို့ကြောင့် ဆင်ခြေတစ်မျိုးပေး၍ အာရုံလွှဲလိုက်လေသည်။
"ဒါကြီးကတော့ အရမ်း ဒရာမာ ဆန်လွန်းသွားပြီ..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "နင်က ကုမ္ပဏီတစ်ခု ၀ယ်တာကို ဂေါ်ဖီထုပ်တွေ ၀ယ်သလိုမျိုး ပြောနေတော့တာပဲ..."
"အဲ့မှာ စမှားတာပဲ..ဂေါ်ဖီထုပ် ဝယ်ရတာထက်တောင် ပိုလွယ်နေသေးတယ်..."
"ဟွန့် အဲ့မှာ ကြွားနေလိုက်..."
လင်းရီ၏ အောင်မြင်မှုက်ု ကြားသိရတော့ ကျီချင်းရန်လည်း ၀မ်းသာပေးလိုက်ပြီး ဆက်မမေးဘဲ စောနက စကားဝိုင်းကို ပြန်ဆက်လိုက်၏။
"နင်က ချောင်ရှန့်ယွီကို စက်ရုံ၀မှာ တွေ့ခဲ့တယ်ဆိုတော့ သူ့ရဲ့ အကွက်တွေက ထင်သလောက် မရိုးရှင်းလောက်ဘူးနော...."
လင်းရီ ယခင်က ထိုကိစ္စကိုတွေးတောဖူးသော်လည်း သိပ်တော့ မသေချာပေ။
"မင်းဆိုလိုချင်တာက သူက Sci-tech ကိုသွားပြီးတော့ OEM ပစ္စည်းတွေ ထုတ်လုပ်ချင်နေတယ် ဆိုတဲ့ သဘောလား..."
"ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး "ငါနဲ့ ယွမ်ယွမ် နှစ်ယောက်သား Cisco အကြောင်းကို အများကြီး ဆွေးနွေးပြီးသွားပြီ..သူတို့ခု ဖြစ်နေတဲ့ အကြီးမားဆုံးပြဿနာက ထုတ်လုပ်နိုင်စွမ်းပဲ...လင်းယွမ်အုပ်စု တစ်ခုတည်းကမဟုတ်ဘူး..တခြား ကုမ္ပဏီအကြီးစားကြီးတွေကလည်း Cisco ရဲ့ ချစ်ပ်တွေကို အာရုံကျနေကြတာ..သူတို့ ဈေးကွက်ထဲမှာ အမြန်ဆုံး ခြေကုပ်ယူနိုင်ဖို့ဆိုရင်တော့ OEM ထုတ်ကုန်တွေကို အချိန်တိုအတွင်း ထုတ်လုပ်ပေးနိုင်ဖို့ပဲ..."
"နောက်ပြီး ငါယွမ်ယွမ်ဆီက ကြားထားတာတော့Ciscoက သူတို့ နောက်ငါးနှစ်အတွင်း ဟုန်ဟိုင်နဲ့ TVB တို့ပြီးရင် တတိယ အကြီးဆုံး ချစ်ပ်ထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်လာရမယ်လို့ ကြွေးကြော်ထားတယ်ဆိုပဲ...အဲ့တာကြောင့်လည်း သူတို့ လက်ရှိနယ်ပယ်မှာ ခြေကုပ်ယူဖို့ အလျင်လိုနေကြတာလေ...ဒါကြောင့်မို့လို့ စပ်တူထုတ်လုပ်မယ့် ပါတနာတွေ လိုက်ရှာနေတာ နေမှာ...."
လင်းရီ အိပ်ရာပေါ်တွင် ခြေတင်ချိတ်ထိုင်ကာ မျက်မှောင်ကြုတ်၍ "အဲ့လိုဆိုရင်တော့ ချောင်ရှန့်ယွီ Sci-tech ကိုလာတာ ဖြစ်နိုင်ချေ နှစ်ခုရှိတယ်..."
လင်းရီ ပြောလိုက်ပြီး "သူ့အဖေရဲ့ အကြံကို လိုက်နာပြီးတော့ လာတာ မဟုတ်ရင် သူက ကုမ္ပဏီမှာ သူ့နေရာ ခိုင်ခံ့အောင် ပူးပေါင်းပေးမယ့်သူ လိုက်ရှာနေတာ.... "
"ခစ်ခစ်..နင်က အရမ်းဉာဏ်ပြေးတာပဲ..."
ကျီချင်းရန် လင်းရီ ပါးကို ဖျစ်ညစ်လိုက်ပြီး နောက်သို့သွားကာ ပခုံးများကို နှိပ်နယ်ပေးလိုက်၏။
"ငါ့အထင်တော့ ဒုတိယဖြစ်နိုင်ချေက နင့်အတွက် ပိုကောင်းမယ်ထင်တာပဲ..အဲ့လိုဆို ချစ်ပ်တွေ လျော့ဈေးပေးခိုင်းဖို့ရာ ဆွေးနွေးဖို့ လွယ်ကူသွားပြီ..."
"အမှန်ပဲ..."လင်းရီ ပြောလိုက်၏။
သို့တိုင်အောင် သူ၏ နှလုံးသားထဲ၌ ကွယ်ဝှက်ထားသည့် စိုးရိမ်မှု တစ်ခုလည်း ရှိနေသေးသည်။
ချောင်ရှန့်ယွီ အပြင် မမြင်ရသေးသည့် ချောင်ကျင်းချိုးမှာလည်း အန္တရာယ်ရှိနိုင်သည်ဟု ခံစားနေရ၏။
အကယ်၍ သူ့တွင်သာ အချိန်လုံလောက်ပါက ထိုမိန်းကလေးအကြောင်း တစ်ချက်စုံစမ်းကြည့်သင့်ပေသည်။
ကလင် ကလင် ကလင်
လင်းရီ အတွေးနက်နေတုန်း ဖုန်းသံ မြည်လာခဲ့၏။
၀မ်ထျန်းလုံဆီမှပင်။
"ဘာကိစ္စလဲ.."
"ဘော့စ်လင်း...ချောင့်ရှန့်ယွီလို့ ခေါ်တဲ့ တစ်ယောက်က ကျွန်တော့်ဆီ ဖုန်းခေါ်လာတယ်..ဒါပေမယ့် ကျွန်တော် မကိုင်လိုက်ဘူး.. ကျွန်တော့် အမျိုးသမီးကို ကိုင်ခိုင်းလိုက်တယ်.."
လင်းရီ ၀မ်ထျန်းလုံကို အနာဂတ်တွင် သူ့ထံ ဖုန်းစိမ်းများ ခေါ်လာနိုင်ကြောင်း ပြောပြထား၏။ တစ်ချိန်တည်းတွင် ထိုဖုန်းစိမ်းများ ၀င်လာပါက တိုက်ရိုက်မကိုင်ပဲ တစ်ယောက်ယောက်ကို အကျိုးကြောင်း မေးမြန်းကာ ဘာဆက်လုပ်ရမလဲဆိုတာကို ဆုံးဖြတ်ရန် ပြောပြထားခဲ့သည်။
၀မ်ထျန်းလုံလည်း လင်းရီ၏ သတိပေးစကားကို ပြန်လည် နားယောင်ကာ သူ့အမျိုးသမီးကို ကိုင်ခိုင်းလိုက်လေသည်။
"ဟိုဘက်က ဘာပြောလာလဲ..."
"သူပြောတာတော့ Ciscoရဲ့ ဒါရိုက်တာက ကျွန်တော်နဲ့ စကားပြောချင်နေတယ်..ပြီးတော့ အလုပ်အတူလုပ်ဖို့ လည်း စိတ်၀င်စားတယ်လို့တော့ ပြောတာပါပဲဗျ...ကျန်တာကတော့ ဘာမှ မပြောဘူး.."
လင်းရီနှင့် ကျီချင်းရန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ကိစ္စများမှာ သူတို့ မျှော်မှန်းထားသကဲ့သို့ ဖြစ်လာပုံပင်။
ချောင်ရှန့်ယွီ ဖုန်းခေါ်ဆိုလာခဲ့ခြင်းမှာ သေချာပေါက် စာချုပ်ချုပ်ဆိုရန် ဖြစ်ပေရမည်။
စက္ကန့်အနည်းငယ်ခန့် စဉ်စားပြီးနောက် လင်းရီ ပြောလိုက်သည်။
"သူနဲ့ စကားပြောဖို့ အချိန်မရှိသေးဘူးလို့ပြောပြီး ငါ့ဖုန်းနံပါတ်ကို သူ့ဆီပေးလိုက်..ဒါပေမယ့် ငါဘယ်သူလဲဆိုတာတော့ မပြောလိုက်နဲ့.."
"နင့်မှာ အထောက်အထား တစ်ခုခုတော့ ရှိမှလေဟယ်..မဟုတ်ရင် သံသယများသွားမှာပေါ.."ကျီချင်းရန် ဘေးမှနေ၍ ၀င်ပြောလိုက်သည်။
"လွယ်ပါတယ်..သူ့ကို ငါက မင်းယောက်ဖလို့သာ ပြောလိုက်...ပြီးတော့ ငါက ခု စက်ရုံတာ၀န်ခံလို့ ပြောထားလိုက်ကွာ.."
"ဟုတ်ကဲ့ ပြဿနာတော့ မရှိပါဘူး..ဒါပေမယ့် ကျွန်တော့် ယောက်ဖက လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကရင် ထရပ်ကားတစ်စီးနဲ့ ၀င်တိုက်ခံရပြီးတော့ နံရံကြားထဲ ညှပ်သွားတာနော်..ကျွန်တော်တို့ ပြန်တွေ့တော့ အလောင်းတောင်မှ အခြေနေ တော်တော်ဆိုးဆိုးကြီးပဲ...မရှုမလှကြီး ဆုံးသွားခဲ့တာ...."
လင်းရီ :"....."
အခြားတစ်ဖက်တွင်တော့ ကျီချင်းရန်မှာ ပါးစပ်အုပ်၍ တခစ်ခစ် ရယ်မောနေတော့၏။ ယခုလို စကားဝိုင်း ဖြစ်သွားလိမ့်မည်လို့ ထင်မထားခဲ့ချေ။
" အေး အတော်လေးကို ကံဆိုးတာပဲကွ..မင်းကော ထရပ်ကားတစ်စီးလောက် ရှာပြီးတော့ အတွေ့ကြုံလေး ဘာလေး မယူချင်ဘူးလား...
"မ မဟုတ်ပါဘူးဗျာ ဘော့စ်ကလည်း ..အဲ့သဘောမျိုး မဟုတ်ပါဘူး..တကယ်လို့ ကျွန်တော်သာ သေသသွားမယ်ဆိုလို့ကတော့ ဘယ်သူက ဘော့စ်ကိုကူပြီး ဟိုတယ်ကို စီမံပေးမှာလဲတဲ့ဗျ... "
"ငါ့မှာ ရှိတဲ့ ပိုက်ဆံနဲ့ မင်းလောက် တော်တဲ့သူကို မရှာနိုင်ဘူးလို့ ထင်နေတာလား..."
"ဘော့စ်လင်းကလည်း အဲ့လို မပြောပါနဲ့ဗျာ..."ထျန်းလုံ ပြောလိုက်ပြီး "ကျွန်တော် ကြွားတာတော့ မဟုတ်ဘူးနော်..ဒါပေမယ့် ပန်နီဆူလာ ဟိုတယ်ရဲ့ အရွယ်အစားနဲ့ဆိုရင် အဲ့လောက်ကြီးတဲ့ ဟိူတယ်ကြီးကို ကြီးကြပ်နိုင်တဲ့လူက များများစားစား မရှိဘူးဗျ... "
"ကောင်းပြီ..ကြွားနေတာတွေ ရပ်လိုက်ျတာ့.."လင်းရီ ပြောလိုက်ပြီး "အလုပ်လုပ်တဲ့ အချိန်ကျရင် တက်တက်ကြွကြွလေးလုပ်..အပြင်ဘက်က သတင်းလေး ဘာလေးလဲ သေချာ နားစွင့်ထားဦး ကြားလား.."
"ရက်စ် ဘော့စ်..မစ်ရှင်ကို ပြီးမြောက်အောင်မြင်အောင် လုပ်ပေးပါ့မယ်ဗျ..."
"အိုကေ...."
လင်းရီ စကားလုံး အနည်းငယ်ခန့် ပြောပြီးနောက် ဖုန်းချလိုက်၏။
ဟစ်...
သူ ဖုန်းချပြီးပြီးချင်း လင်းရီ ကျောစိမ့်လာသလို ခံစားလာရ၏။ "ငါ အဲကွန်းလည်း မဖွင့်ထားပါဘူး၏ ..ဘာလို့ ဒီလောက် အေးစိမ့်..."
ကျီချင်းရန်၏ လူသ-တ်ချင်စိတ်များ ပြည့်နှက်နေသည့် အမူအရာကို မြင်တော့ လင်းရီ တစ်၀က်တစ်ပျက်တွင် ရပ်တန့်သွားခဲ့လေသည်။
ဒီကောင်မလေးက ဘာတွေ ထဖောက်နေတာလဲဟ...
အန်တီလာတယ်ဆိုရင်တောင်မှ ဒီလောက်ကြီးတော့ မဖြစ်သင့်ဘူးလေကွာ...စောနတုန်းက အကောင်းကြီး ရှိနေတာ မဟုတ်လားကွ...
"နင် ခုနလေးတင် ပန်နီဆူလာ ဟိုတယ်က နင့်အပိုင်လို့ ပြောလိုက်တာလား..."
"ဟူတ်တယ်လေ..ဒီတိုင်း ဟိုတယ်လေး တစ်လုံးပဲမဟုတ်လား..ဘာမှ ထူးဆန်းတာလည်း မဟုတ်ပဲနဲ့..."
"အရင်တုန်းက ချောင်ရန်အုပ်စု ညီလာခံ လုပ်ချင်တုန်းက မန်နေဂျာ၀မ်ရဲ့ အပြုအမူတွေက ထူးဆန်းနေပါတယ်လို့ မှတ်နေတာ..လက်စသတ်တော့ ရှင့်ကြောင့်ကိုး..."
"အာ....တကယ်လို့ ငါအမှတ်မမှားဘူးဆိုရင်...အကြောင်းပြချက်က...."
"နင်က ၀န်ခံရဲတယ်ပေါ့လေ..."ကျီချင်းရန် ဒေါသထွက်စွာ ပြောဆိုလိုက်ပြီး "နင်က အဲ့လို ညစ်ပတ်ပြီးတော့ ငါ့ကို S ပုံစံ ထိုင်ထလုပ်ခိုင်းတယ်ပေါ့လေ...ငါနင့်ကို သတ်မယ်...."