အခန်း (၂၉၁)
Vol. 20 Ch. 291
သောက်ကျိုးနည်း...
သူဘယ်လိုလုပ် အဲ့ကိစ္စကြီးကို မေ့သွားခဲ့ပါလိမ့်..
ကျီချင်းရန် လင်းရီထံသို့ ဒေါသထွက်နေသည့် ကျားမလေး တစ်ကောင်ကဲ့သို့ ပြေး၀င်သွားလိုက်ပြီး သူမ၏ အမျိုးသမီး ပုံရိပ်ကိုပင် ဂရုစိုက်နေခြင်း မရှိတော့ချေ။
ညအိပ်၀တ်အင်္ကျီ ပိုးထည်ပါးပါးလေးသာ ၀တ်ဆင်ထားသောကြောင့် သူမ၏ နူးညံသော အသားစိုင်ကြီးများကို ခံစားနေရပြီး လင်းရီအဖို့ လှိုင်းလုံးကြီး တစ်လုံးပြီး တစ်လုံး အရိုက်ခံနေရကာ အသက်ရှူ မ၀သလိုပင် ဖြစ်လာခဲ့တော့၏။
"ချင်းရန် ငါပြောတာကို အရင်နားထောင်ပါဦးဟ..."လင်းရီ ပြောလိုက်ပြီး "အဲ့လို လုပ်လို့ ငါ့ကို အပြစ်တင်လို့ မရဘူးလေကွာ..မင်းလေးက ဒီလောက်ထိ စွဲမက်စရာ ကောင်းတာ ဘယ်ယောက်ျားသားက မင်းအပေါ် မဟုတ်တဲ့ အတွေးတွေ မရှိဖို့ ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲတဲ့..ဒီတော့ ငါ အဲ့လိုလုပ်မိတာကို နားလည်ပေးသင့်တယ်လေကွာ..."
"နင့်ကို နားလည်ပေးရမယ်..ဟုတ်လား."
"အမှန်ပဲလေ.."လင်းရီ သေချာနေသည့် လေသံဖြင့် ပြောလိုက်ပြီး "ကိုယ် ကလည်း ယောက်ျားသား တစ်ယောက်ပဲ..မင်းလေးက နတ်သမီးတမျှ လှပတော့ ကိုယ်ကလည်း စွဲလန်းမိတာပေါ့..အဲ့လိုလုပ်မိလို့ ကိုယ့်တစ်ဘ၀လုံး ပြစ်ဒဏ်ကျခံရမယ်ဆိုရင်တောင်မှ ကိုယ် ကျေကျေနပ်နပ်ကြီး ခံယူပါရစေ...ေနာက်ထပ် အခွင့်ရေး တစ်ကြိမ် ထပ်ရခဲ့ဦးမယ်ဆိုရင် တောင်မှ ကိုယ်တုံ့ဆိုင်းခြင်းမရှိ အဲ့လိုထပ်လုပ်ဖို့ ရွေးချယ်မိမှာပဲ..ဘ၀မှာ မလုပ်မိလိုက်လို့ နောင်တရတဲ့ အဖြစ်မျိုး မဖြစ်ချင်ဘူး... "
လင်းရီ၏ ဖွင့်ဟ၀န်ခံချက်ကို နားထောင်ပြီးနောက် ကျီချင်းရန် နှလုံးသားလေး အနည်းငယ် လှုပ်ရှားသွားခဲ့၏။
ဟွန့် အပြောကတော့ ချို..နေတာပဲ...ဒီကောင် အလှလေး ဘယ်နှစ်ယောက်ကို ဒီလိုစကားတွေပြောပြီး ချုပ်နေလဲ မသိပါဘူး...
"ကောင်းပြီ...ဒီတစ်ခါတော့ နင့်ကို ခွင့်လွှတ်လိုက်မယ်..."
ကျီချင်းရန်လည်း လင်းရီတွင် စီးပွားရေးလုပ်ငန်း ဘယ်လောက်များများ ပိုင်ဆိုင်ထားလဲဆိုတာ သိချင်နေလေသည်။ သို့သော်လည်း သူမဘက်မှ စတင်မေးမြန်းရန်တော့ အစီစဉ် လုံး၀မရှိ။
အဲ့ကောင်စုတ်က ငါ့ကို အရင်လာပြောရင်ပြော..ငါ့ဘက်ကတော့ စမေးဖို့ စဉ်းတောင်မစဉ်းစားနဲ့...
"တော်ပြီ..ငါ အရမ်းပင်ပန်းနေပြီ..နင်လည်း ကိုယ့်အခန်းကို ပြန်အိပ်တော့..မနက်ဖြန် နေ့လည်ခင်းလောက်မှ ငါ့ကို လာရှာလှည့်...နောက်မကျစေနဲ့နော်..."
"အိုကေ..."လင်းရီ ဆက်လက် စနောက်မနေတော့ပဲ အိုကေလက်ဟန်ပြ၍ ထွက်ခဲ့လိုက်၏။ သူ့တွင် အာရုံစိုက်စရာ ကိစ္စတစ်ချို့လည်း ရှိနေသေးသည်။
သူ၏အိပ်ရာပေါ်တွင် လဲလျောင်းရင်း လင်းရီ စနစ်၏ စာမျက်နှာကို ဖွင့်ရန် အမိန့်ပေးလိုက်သည်။
"စနစ်..Didi ဒရိုင်ဘာ အလုပ်အကိုင်ကို စတင်မယ်..."
[Didi ဒရိုင်ဘာ အလုပ်အကိုင် ရပ်စဲထားခြင်း အခြေအနေ ပြီးဆုံး သွားပါပြီ...]
[ပြန်လည် စတင်ချင်ပါသလား...]
"စတင်မယ်..."
[Didi ဒရိုင်ဘာအလုပ်ကို ပြန်လည် အသက်သွင်းပြီးပါပြီ...]
[စနစ် မစ်ရှင် : ကီလို ၅,၀၀၀ကို လုံခြုံစွာ မောင်းနှင်ပါ...(၁,၀၈၉/၅၀၀၀)]
[ဆုလဒ် : အတွေ့ကြုံမှတ် ၂၀၀,၀၀၀]
လင်းရီ တွက်ချက်မှု တစ်ချို့ ပြုလုပ်လိုက်၏။ သူ Didi ကို သီတင်းတစ်ပတ်ခန့် မောင်းနှင်ပြီး ကီလို တစ်ထောင်ကျော်နီးပါး ရောက်ခဲ့လေသည်။ ဤအခြေနေပေါ်တွင် မူတည်၍ တွက်ချက်ကြည့်ပါက မစ်ရှင်ပြီးမြောက်ရန် သီတင်းလေးပတ်ခန့် လိုအပ်နိုင်၏။
ယခုအချိန်မှစ၍ သူ အရင်လို ပေါ့ပျက်ပျက် လုပ်လို့ရတော့မည်တော့ မဟုတ်ချေ။
နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီ အိပ်ရာမှ နိုးလာပြီး မီးဖိုချောင် ထဲမှ အိုးခွက်ပန်းကန်သံများကို ကြားလိုက်ရသည်။အောက်သို့ ဆင်းကြည့်လိုက်သောအခါ ကျီချင်းရန်တစ်ယောက်အေပရွန်ကို ခါးစည်း၍ မီးဖိုချောင်ထဲတွင် အလုပ်များနေသည်ကို မြင်တွေ့လိုက်ရ၏။
သူမ၏ ဆံပင်များကို ခေါင်းစည်းကြိုး အပြာရောင် တစ်ခုဖြင့် သပ်ရပ်စွာ ချည်နှောင်ထားပြီး လေးနက်စွာ ချက်ပြုတ်နေသည်မှာတော့ အိမ်ထောင်မှု နိုင်နင်းသည့် အမျိုးသမီးတစ်ယောက်အသွင် ဖြစ်နေလေသည်။
"ထလာပြီလား...သွား..မျက်နှာသွားသစ်ချည်..ခေါက်ဆွဲက ခဏနေဆို အသင့်ဖြစ်တော့မယ်..."
ကျီချင်းရန် လက်ထဲတွင် ယောင်းမ ကိုင်လျက် လင်းရီဘက်သို့ လှည့်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဘာလို့ စောစီးထပြီး မနက်စာတွေ ချက်ပြုတ်နေတာ..."လင်းရီ တံခါးဘောင်တွင် မှီလျက် ကျီချင်းရန်ကို မေးလိုက်သည်။
"နင့်ချည်းပဲ ချက်ပြုတ်ခိုင်းနေလို့ ဘယ်ဖြစ်မှာ..ငါက မျှတတဲ့ သူပါနော်.."
"ငါမင်းကို ချက်ပြုတ်ကျွေးတာက အသားငါးတွေလေကွာ..မင်းက ပြန်လုပ်ကျွေးတော့ ခေါက်ဆွဲပြုတ်တဲ့လား....တော်တော်လေး မျှတရှာတာပဲနော်..."
"နင်ပြောတော့ ငါက နင် ကြိတ်crushနေတဲ့ CEO ဆို..ခု ငါက နင့်အတွက် ကိုယ်တိုင် ချက်ပြုတ်ပေးနေတာကို နင်က မကျေနပ်ဘူးပေါ့..." ကျီချင်းရန် အကြောမခံပဲ "ဒါက နင်ချက်ပေးတဲ့ အသားငါးတွေထက်တောင် ကောင်းသေးတယ်..ငါက စေတနာ ဗလပွနဲ့ ချက်ပေးတာ.."
"ဟုတ်ပါပြီ မင်းလေးကသာ အကောင်းဆုံးပါ.."လင်းရီ ပြုံးလျက် ခေါင်းခါယမ်းပြီး ရေချိုးခန်းသိူ့ ၀င်ကာ မျက်နှာသစ်လိုက်သည်။
သူထွက်လာသည့် အချိန်တွင်တော့ မနက်စာမှ စားပွဲပေါ်သို့ ရောက်ရှိနေပြီး အဆင်သင့် ဖြစ်နေလေသည်။
ခေါက်ဆွဲ၊ကြက်ဥကြော်နှင့် နွားနို့တစ်ခွက်။ ကျီချင်းရန်ကတော့ တ-ရုတ်နှင့် အနောက်တိုင်း မနက်စာများကို ရောတမမွှေ ချက်ပြုတ်ထားချေလေသည်။
"နင် ကျောင်းကနေ ခွင့်ဘယ်နှစ်ရက် ယူထားလဲ.."
ကျီချင်းရန် မေးမြန်းလိုက်ပြီး "ငါတို့ အချိန်စာရင်းကို သေချာလုပ်ဖို့ လိုတယ်နော်..."
"ငါခု အလုပ်ထွက်ပြီးတော့ Didi ပြန်မောင်းဖို့ ဆုံးဖြတ်လိုက်ပြီ.."
"အမ်...နင်ကျောင်းပြန်ရောက်တာတောင် တစ်လ မပြည့်သေးဘူး..ထွက်ပြန်ပြီတဲ့လား..."
"ဒီတိုင်း လာတယ်ဆိုပြီး ပြရုံသပ်သပ်ပဲလေ..ထွေထူးလုပ်ဖို့မှ မလိုတာ.."
"ဟီးဟီး တစ်ကယ်တမ်းကျတော့ ငါလည်း နင့်အကြံကို သဘောတူတယ်သိလား..အဲ့လိုဆို နောက်ကျ ငါ့မှာ ဘယ်ချိန်ဖြစ်ဖြစ် ခေါ်လို့ရတဲ့ ဒရိုင်ဘာတစ်ယောက် ရှိသွားပြီလေ..."ကျီချင်းရန် ပျော်ရွှင်နေသည့် လေသံဖြင့် "ငါလည်း ကားမမောင်းချင်နေတာနဲ့ အတော်ပဲ..."
"ကျွတ်...မင်းက အပျင်းထူးတာကိုး..."
"ဟီးဟီး.."
နံနက်စာစားပြီးနောက် ကျီချင်းရန် မနေ့က ၀ယ်လာခဲ့သည့် အထုပ်များကို ယူပြီး "ငါ ဒီအ၀တ်တွေ ရုံးကို ယူသွားလိုက်မယ်နော်..နင် နေ့လည် ငါ့ကို လာကြိုတဲ့ အချိန်ကျမှ အ၀တ်လဲလိုက်ပေါ့..."
"အင်း..."
နှစ်ယောက်သား ကားထဲသို့ ၀င်လိုက်ကြ၏။ ကျီချင်းရန်မှ ကျွမ်းကျင်စွာဖြင့် အော်ဒါတင်လိုက်ပြီး နှစ်ယောက်သား နည်းလမ်းဟောင်းကြီးအတိုင်း အော်ဒါလက်ခံပြီးနောက် ရုံးခန်းသို့ မောင်းလာခဲ့လိုက်၏။
ကျီချင်းရန်ကို ရုံးသို့ လိုက်ပို့ပေးပြီးနောက် လင်းရီ ကျောင်းသို့ ဦးတည်လိုက်သည်။
"အစ်ကိုလင်း..ရှင့်အတန်းက နေ့လည်မှ မဟုတ်လား..ဘာလို့ ဒီလောက် အစောကြီး လာခဲ့တာလဲ..."စုန့်ကျားမှ ထူးဆန်းနေဟန်ဖြင့် မေးမြန်းလိုက်သည်။
သူမတို့ မျက်လုံးတွင်တော့ တက္ကသိုလ်မှာ လင်းရီအတွက်တော့ အိမ်ရှေ့နှင့် နောက်ဖေးကဲ့သို့ ဖြစ်နေပြီး လာချင်တဲ့အချိန် လာ၍ ရပေသည်။
သို့သော်လည်း တစ်ခုထူးဆန်းသည်က လင်းရီမှာနောက်ကျမှ လာပြီး စောပြန်သော်လည်း သူ၏ အတန်းချိန် တစ်ခုတစ်လေကိုမျှ လွတ်ထွက်သွားခြင်းမရှိချေ။
အခြားတစ်ဖက် ကြည့်မည်ဆိုပါက သူ၏ အလုပ်ပေါ်တွင် နစ်မြုပ်ထားကြောင်း မြင်နိုင်လေသည်။
"ငါနောက်ရက်တွေက စပြီး အလုပ်လာနိုင်တော့မှာ မဟုတ်ဘူး..ဒါကြောင့် မင်းတို့ကို လာနှုတ်ဆက်တာ..."
"ရှင်က မလာတော့ဘူးပေါ့ ...ထွက်ပြန်ပြီလား..."
"ထွက်တယ်ရယ်လို့တော့ မဟုတ်ပါဘူးကွာ..ဒီတိုင်း အတန်း၀င်တာတွေပဲ နားလိုက်တာ.."လင်းရီ ပြောလိုက်ပြီး "တစ်ကယ်လို့ ကျောင်းမှာ တစ်ခုခု ဖြစ်ရင်တော့ ငါ့ကို ခေါ်လိုက် ..ငါလာခဲ့ပေးမယ်..."
လင်းရီ ကျောင်းကော်မတီရုံးခန်းထဲမှ မထွက်ခွာမီ စုန့်ကျားတို့နှင့် ခဏတဖြုတ် စကား ပြောလိုက်၏။ ထို့နောက် သူ၏ ကားထံသို့ ပြန်လာခဲ့လိုက်လေသည်။
ကားထဲသို့ ၀င်ပြီး ခါးပတ်တပ်တော့မည့် အချိန်တွင်လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ အမည်မသိ နံပါတ်တစ်ခုပင်။
"ဟယ်လို..မစ္စတာလင်းရီလားခင်ဗျာ..."
အသံမှာ အမျိုးသားတစ်ဦး၏ အသံပင်။ လင်းရီ အသံပိုင်ရှင် မည်သူဖြစ်မလဲလဲဆိုတာကို ကြိုးစား၍ စဉ်းစားဖော်ထုတ်သော်လည်း ယင်းအသံပိုင်ရှင်နှင့် ရင်းနှီးနေခြင်းမရှိသောကြောင့် စဉ်းစားလို့တော့မရခဲ့။
"ကျွန်တော်ပါ..."
"Cisco ရဲ့ ဒါရိုက်တာ ချောင်ရှန့်ယွီလေ..ကျုပ် ခင်များယောက်ဖဆီ မနေ့က ဖုန်းဆက်လိုက်သေးတယ်..ဒါပေမယ့် ခင်များကမှ စက်ရုံတာ၀န်ခံဆိုပြီး ကျွန်တော့်ကို ဒီဖုန်းနံပါတ် ပေးလိုက်လို့ ဆက်သွယ်လိုက်တာ"
လင်းရီ ရုတ်တရက်ဆိုသလို ဤဖုန်းခေါ်ဆိုသူမှာ သူမျှော်လင့်နေသည့် လူဖြစ်ကြောင်း အမှတ်ရသွားလေသည်။
"အဲ့ စုတ်ပြတ်နေတဲ့ စက်ရုံအကြောင်းတော့ ပြောမနေစမ်းပါနဲ့ဗျာ....ဒီတိုင်း ပိုက်ဆံကို မီးရှို့လိုက်ရင် တောင်မှ ကြည့်လို့ကောင်းဦးမယ်.."လင်းရီ ဒေါသထွက်နေဟန်ဖြင့် "ယောက်ဖကလည်း ဘာတွေ လုပ်လို့ လုပ်နေမှန်းကို မသိဘူး....ဘာမှ သောက်သုံးမကျတဲ့ စက်ရုံကြီးကို သန်းရာချီပေးပြီး ၀ယ်ရတယ်လို့ကွာ....သောက်သုံး မကျလိုက်တာ..."
ချောင်ရှန့်ယွီ ကြက်သေသေသွားခဲ့၏။
ဒီကောင်က သူ့ယောက်ဖကိုသူ ကျိန်ဆဲနေတာလားဟ...
အတော်လေး တဇောက်ကန်း နိုင်တဲ့ လူပဲ...
"အိုး ဟုတ်သား..ခင်များက ဘယ်သူ..ကျုပ်သေချာ မကြားလိုက်လို့..."
"Cisco ရဲ့ စက်ရုံမန်နေဂျာ ..ချောင့်ရှန့်ယွီပါ..."
"အမ်... Cisco...ဘယ်နားက Ciscoလဲ..ကျုပ်တစ်ခါမှ မကြားဖူးဘူး..."
ယခုတော့ ချောင်ရှန့်ယွီ ပိုလို့ပင် ဆွံ့အသွားတော့၏။
CISCOက မင်းတို့ စက်ရုံဘေးမှာလေကွာ..အလွန်ဆုံးဝေးလှ မီတာရာကျော်လောက်ပေါ့..အဲ့တာကို မကြားဖူးဘူးတဲ့လား....
ဒီဘိုးတော် သေချာပေါက် နှာလောက်ပဲ မီးတောက်နေတာဖြစ်မယ်...
"မကြားဖူးလည်း အဆင်ပြေပါတယ်ဗျ..ကျုပ် ဒီကနေ့ ဖုန်းဆက်လိုက်ရတာက အလုပ်ကိစ္စလေး ဆွေးနွေးချင်နေလို့ပါ..အားတဲ့ချိန်ကျ တွေ့ရင် ဘယ်လိုလဲ..."
"ခုတော့ မရသေးဘူး..ကျုပ် ပြည်ပရောက်နေလို့...ဟူး ဟူး ဟူး...သောက်ကောင်မ မင်းပါးစပ်ကို သေချာသုံးစမ်း..ဒါက ဘ၀ကြီးတစ်ခုလုံးကွ..."
"ဟားဟား...မစ္စတာလင်းက အလုပ်ရှုပ်နေတယ် ဆိုမှတော့ ကျုပ် မနှောင့်ယှက်တော့ပါဘူး...မစ္စတာလင်း ပြန်ရောက်တဲ့အချိန်ကျမှ တွေ့ကြတာပေါ့.."
"အိုကေလေ..ကျုပ်ပြန်ရောက်တဲ့ချိန်ကျ ဖုန်းဆက်လိုက်မယ်..ဘာပဲပြောပြော အားလုံးက မိတ်ဆွေတွေပဲ မလား..."
"ဒါပေါ့ဗျ....အားလုံးက မိတ်ဆွေတွေပဲလေ..ပြန်ရောက်ရင် တစ်ဝိုင်းလိုက်တိုက်ပါ့မယ်..."
"အဆင်ပြေတာပေါ့..."
ဖုန်းချပြီးနောက် လင်းရီ မေးစေ့ပွတ်ရင်း ချောင်ရှန့်ယွီမှာ သူချထားသည့် ငါးစာကိုတော့ ကိုက်ထားချေပြီ။ ဤအရာက ကောင်းသည့် လက္ခဏာပင်။
သူ့တွင် တခြား ဖုန်းခေါ်စရာလည်း မရှိသောကြောင့် ၀မ်ရန်ကိုခေါ်ပြီး သူ့အတွက် အမြန်ဆုံး အလုပ်လုပ်ခိုင်းရန် စီစဉ်လိုက်၏။
"သင့်မှာ အော်ဒါအသစ် ရှိပါတယ်."
[ပေချောင် ဟော့ပေါ့ဆိုင်မှ ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းသို့..]
အော်ဒါကို ဖတ်ရှုပြီးနောက် လင်းရီ ပြုံးမိလိုက်သည်။
အဲ့နေရာက ငါ့ရဲ့ ပိုင်နက်မဟုတ်လား...
ပေချောင် ဟော့ပေါ့ဆိုင်မှာ တက္ကသိုလ်နှင့် သိပ်မဝေးပေ။ လမ်းနှစ်လမ်းလောက်သာ ကွာခြား၏။ ရှောင်ထျန်ပင် သူ့ကို တစ်ခါ ၀ယ်ကျွေးဖူးသေးသည်။
ထိုအချိန်တွင်တော့ ပေချောင် ဟော့ပေါ့ဆိုင်တွင်မိန်းကလေး သုံးဦး ပါးစပ်သုတ်ပြီးနောက် တစ်သျှူးကို လမ်းတစ်ဖက်သို့ ပစ်လိုက်သည်။
"ဘယ်နှမိနစ်တောင် ရှိနေပြီလဲ..Didi က ခုထိ ရောက်မလာသေးဘူးတဲ့လား... "ဂျင်းစကတ်အတို ၀တ်ဆင်ထားသည့် ဆံပင်အရှည်နှင့် အမျိုးသမီးမှ ပြောလိုက်သည်။
"အဲ့လိုမှန်း ကြိုသိရင် စွပ်ပြုတ်တွေ ကုန်အောင်သောက်ပြီးမှ လာပါတယ်ဟယ်.."