← Chapters

အခန်း (၂၉၂)

Vol. 20 Ch. 292

အခန်း (၂၉၂)

Vol. 20 Ch. 292

"အွန်း ငါကောပဲ..ဆိုဒါတစ်၀က်လောက်တောင် ကျန်သေးတယ်...နင်သာ ငါ့ကို မလောရင် အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူး..စိတ်ဆိုးတယ် သိလား.."ဆံပင်အနီရောင်နှင့် မိန်းကလေးမှ ပြောလိုက်သည်။

"လီဖေး..မုန့်ရှင်း..ငါ နင်တို့ နှစ်ယောက်နဲ့ သဘောတူထားတယ်နော်..ဒီနေ့ ဟော့ပေါ့က ငါကျွေးတာဆိုတော့ နောက်တစ်ခေါက်ကျရင် နင်တို့ငါ့ကို ပြန်ကျွေးရမယ့် အလှည့်ပဲ..."ဆံပင်အတိုနှင့် မိန်းကလေးမှ ပြောလိုက်၏။

"အမယ်လေး ..ယွီကျောင်းကျောင်း..နင်ကလည်း ကပ်စေးနည်းလိုက်တာအေ..ဒီတိုင်း ဟော့ပေါ့တစ်ပွဲလေးကိုများ စာဖွဲ့ပြီး ပြောနေလိုက်သေး.... "

လီဖေးဆိုသော မိန်းကလေးမှ မကျေမနပ်ပြောလိုက်၏။

"စကားမစပ် ငါနင့်ကို လောလောလတ်လတ် တွေ့ထားတဲ့ သခင်လေးရန် အကြောင်း ပြောပြမယ်..သူ့မိသားစုက လေကြောင်းလိုင်းကို ပိုင်တာနော် ..ပိုက်ဆံကလည်း အများကြီး ရှိတယ်..ပြီးတော့ ခုလည်း သူပဲ ငါတို့ကို ကျိုးဟိုင် ကားပြိုင်ပွဲကွင်းကို ခေါ်လိုက်တာ..ငါသာ သူ့ကို ကောင်းကောင်းလေး ခစားလိုက်မယ်ဆိုရင် သူ့ဆီကနေ မုန့်ဖိုးတွေ အများကြီး ရလောက်တယ်..အဲ့ခါကျရင် နင်တို့ကို ကြယ်ငါးပွင့် ဟိုတယ်ကြီး‌ဆီခေါ်သွားပြီးတော့ ဇိမ်ခံတယ်ဆိုတာက ဘာလဲဆိုတာ သိအောင် လုပ်ပေးမယ်..."

"အဲ့ဒီ ကြယ်ငါးပွင့် ဟိုတယ်အကြောင်း မပြောသေးနဲ့ဦး...ငါတော့ ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းကြီးဆီ သွားရဖို့ကို မစောင့်နိုင်တော့ဘူး..ငါကြားထားတာ‌ အဲ့ပြိုင်ပွဲကွင်းက တ-ရုတ်မှာ အကြီးဆုံး ကားပြိုင်ပွဲကွင်းကြီးဆိုပဲ....အဲ့နေရာက သွားချင်တိုင်း သွားလို့ရတဲ့ နေရာ မဟုတ်ဘူးတဲ့နော်..."မုန့်ရှင်းဟု ခေါ်သည့် မိန်းကလေးမှ ပြောလိုက်သည်။

"ဒါကြောင့်မို့ ငါ ၊ လီဖေးနောက် လိုက်ခဲ့ရင် အနာဂတ်ကျ အသားတွေ အများကြီးစားရမယ့် အခွင့်ရေး ရပါမယ်လို့ ပြောတာပေါ့..."

"ငါတို့တွေ ညီအစ်မလို နေလာတာဖြင့် ကြာလှပြီ...တကယ်လို့ ကောင်းစားသွားရင် ငါတို့ကိုလည်း မမေ့ရဘူးနော်..."ယွီကျောင်းကျောင်းမှ ပြောလိုက်သည်။

"ပြဿနာမရှိဘူး..ငါက သစ္စာရှိတဲ့သူပါနော်..နင့်လို ဟော့ပေါ့ တစ်ပွဲလောက်ကို စာဖွဲ့နေတဲ့သူများ မှတ်နေလား..."

လီဖေး သူမ ဖုန်းကို ကိုင်ပြီး ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်၏။ သူမ မျက်နှာပေါ်ရှိ စိတ်မရှည်မှုများမှာ တစထက်တစ ပို၍ ပေါ်လွင်လာလေသည်။

"လာနောက်နေတာလား..ခေါ်ထားတာ ဆယ်မိနစ်တောင် ရှိတော့မယ်..ကားက ခုထိ ရောက်မလာသေးဘူး..."

"ဒီတစ်ဝိုက် လမ်းတွေက ယာဉ်ကြောကျပ်တယ်..အဲ့တော့ နဲနဲကြာတာ မဆန်းပါဘူးဟယ်.."မုန့်ရှင်းမှ ပြောလိုက်၏။

"ဒါထက် နင်တို့ ကြားဖူးကြလား..တလောတုန်းက ချမ်းသာတဲ့ သခင်လေး တစ်ယောက်က ပြိုင်ကားကြီးနဲ့ နေ့တိုင်း Didi မောင်းတယ်တဲ့နော်ဖ။။။ငါတို့ သူနဲ့ ဆုံမယ်လို့ ထင်လား.."

"ပေါက်လွတ်ပဲစား..."ယွီကျောင်းကျောင်း ပြောလိုက်ပြီး "ဘယ်လို ချမ်းသာတဲ့ သခင်လေးက လက်ကမျဉ်းကြောထပြီး Didi မောင်းမှာလဲတဲ့...လူတွေ ချဲ့ကားပြီး ပြောထားကြတာနေမှာပါဟယ်..."

"အွန်း ..နင်ပြောတာ မှန်တယ်..."မုန့်ရှင်း ပြောလိုက်ပြီး "ခု Didi ဆွဲတဲ့ကားတွေက ယွမ် တစ်သိန်း ၀န်းကျင်လောက်ပဲ..တကယ်လို့ ငါသာ ဒရိုင်ဘာ လိုင်စင်ရလို့ကတော့ ပေါ်စချယ် တစ်ခါတည်း ၀ယ်ပစ်ပြီး‌တော့လျှောက်မောင်းပစ်လိုက်ဦးမယ်.."

"ပေါ်စချယ်က ဘာပေါက်...ငါ ခုတလော အစိမ်းရောင် လမ်ဘိုဂီနီလေးတစ်စင်းကို မျက်စိကျနေတာ..ကြည့်လိုက်တာနဲ့ အရမ်းကို မျက်စိအေးတယ်..ငါတော့ ပိုက်ဆံရှိတာနဲ့ အဲ့ဒီကားလေးကို ၀ယ်ဖို့ ဆုံးဖြတ်ထားပြီးသား..... "

"ဟမ့်...နင်တို့ နှစ်ယောက်ကလည်း တောဆန်လိုက်တာ..."လီဖေးမှ ခေါင်းမော့ ရင်ကော့လျက် ဂုဏ်ယူစွာဖြင့် "ငါ သခင်လေးလျန်ဆီက ကြားတာတော့ ‌ပေါ်စချယ်တို့ လမ်ဘိုဂီနီတို့ဆိုတာက အရမ်း သာမန်ဖြစ်တယ်..တကယ်လို့ နင်တို့သာ ပြိုင်ကားတွေ အကြောင်း ပြောမယ်ဆိုရင်တော့ အကောင်းဆုံးက ဖာရာရီပဲ...ငါသာကား၀ယ်မယ်ဆိုလို့ကတော့ သေချာပေါက် ဖာရာရီပဲ ၀ယ်မှာ..အဲ့လိုသာဆို ငါ့နား ဖုန်းနံပါတ် လာလာ တောင်းနေတဲ့ ကောင်တွေကို တားဆီးပြီးသားလည်း ဖြစ်ရောပဲ..မဟုတ်ရင် တအား စ်တ်အနှောက်ယှက် ဖြစ်ဖို့ကောင်းတယ်..ယင်ကောင်တွေလိုပဲ..ဘာမှ မရှိပဲ အာလာလာချောင်နေကြတာ.."

မုန့်ရှင်းနှင့် ယွီကျောင်းကျောင်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး "အဲ့တာဆို ငါတို့ နှစ်ယောက်လည်း ဖာရာရီလောက် နီးနီးရှိတဲ့ ကားကို ဘာလို့ မရွေးမှာလဲတဲ့.."

"ဒါပေါ့..ငါပြန်ရောက်တဲ့ အချိန်ကျရင် သေချာကြည့်လိုက်ဦးမယ်..ပြီးမှ တစ်စီးရွေးကြတာပေါ့..."

ခရိခ်...

လင်းရီ ပေချောင် ဟော့ပေါ့ အ၀င်၀တွင် ကားထိုးရပ်လိုက်၏။

လင်းရီ၏ ရှာရီကို မြင်တော့ မိန်းကလေး သုံးယောက်မှာ မသိလိုက် မသိစွာဖြင့် ဘေးသို့ ကပ်ရပ်မိလိုက်ကြ၏။ ဤကားမှာ ဆယ်နှစ်၀န်းကျင်ခန့် ရှိလောက်ပြီး ဈေးကွက်၌ပင် ထိုလိုကားမျိုး သိပ်မကျန်လောက်တော့ပေ။ အဆင့်တန်း နိမ့်ကျလွန်း၏။

အကယ်၍ သူမတို့သာ ထိလိုက်မည် ဆိုပါက သူမတို့ လက်သန သွားလိမ့်မည်။

လင်းရီ မိန်းကလေး သုံးယောက်ထဲမှ မိတ်ကပ်အထူကြီး လိမ်းခြာ်ထားသော အမျိုးသမီးကိုကြည့်၍ "ဖုန်းနောက်ဆုံး နံပါတ် ၄၂၂၉နဲ့ မစ်လီဆိုတာက ဘယ်သူပါလဲ..."

"နင်...နင်ဘယ်လိုလုပ် ငါ့ဖုန်းနံပါတ် နောက်ဆုံး ဂဏန်းကို သိနေတာလဲ..."

"ခင်များပဲ ခုနတုန်းက Didi ကို ခေါ်လိုက်တယ်မလား..ကျုပ်က Didi ဒရိုင်ဘာပဲလေ..။"

"နင်က Didi ဒရိုင်ဘာ..."

လင်းရီ၏ အရောင်မွဲမွဲနှင့် ရှာရီကိုမြင်တော့ မိန်းကလေး သုံးယောက်စလုံး မသတီသည့် ပုံစံဖြစ်သွားကြ၏။

"ဘာလို့လဲ..ဖြစ်လို့မရလို့လား..."

"ဘယ်လို ငရဲလဲဟ...တကယ်လို့ ယွမ်သိန်းဂဏန်းလောက်ပဲ တန်တဲ့ ကားဆိုရင်တောင် အဆင်ပြေသေးတယ်...ဘာလို့ ဒီလောက် စုတ်ပြတ်သပ်နေတဲ့ ရှာရီကြီးလဲက Didi မှာ မှတ်ပုံတင်လို့ ရနေတာလဲတဲ့ သောက်ချေးပဲဟာ..."

သူမတို့ သုံးဦးမှာ ယွမ်နှစ်သိန်းလောက် တန်ကြေးရှိသော ကားလာကြိုပင်လျှင် ကြည်ကြည်ဖြူဖြူဖြင့် လိုက်စီးပေဦးမည်။

အကယ်၍ မဖြစ်နိုင်လျင်တောင်မှ တစ်သိန်းခန့် တန်ကြေးရှိသည့် ကားဆိုလျင် သဘောထားကြီးကြီးဖြင့်လိုက်သွားရန် စဉ်းစားထား၏။

သို့သော်လည်း ယခုတော့ လူတကာ၏ အကြည့်၌ အမြင်မတင့်သည့် စုတ်ပြတ်သပ်နေသော ရှာရီကြီး ဖြစ်နေလေသည်။ မှန်းထားသည့် နှမ်းထွက်နှင့် မကိုက်သောကြောင့် သူမတို့ သုံးယောက်လုံး လက်ခံနိုင်ရန် ခက်ခဲနေကြသည်။

"မိန်းကလေးတို့ ဆင်းပြီး တွန်းစရာလည်း မလိုဘူး..ပြီးတော့ အရှိန်ကလည်း ပုံမှန်ပဲလေ..အဲ့လိုကြီး ပြောဖို့ လိုလို့လားဟ..."

လင်းရီ ပြောစရာ စကား ကင်းမဲ့သွားသည်။ ရှာရီမှာ အနည်းငယ် နိမ့်ကျသည်မှာ မှန်သော်လည်း ထိုမျှ အထင်သေးရန်တော့ မလိုအပ်ချေ။

"ဆင်းတွန်းစရာ မလိုဘူးဆိုတာက ဘာသဘောလဲ..."

လီဖေး အော်ကြောလန်သည့် မိန်းမသား ပုံစံဖြင့် "ငါတို့က ယွမ်တစ်သိန်းကျော်တန် ကားမျိုးမှ ထိုင်တာ..နင့်ရဲ့ရှာရီ အစုတ်ကြီးက ငါတို့ မျက်စိနဲ့ ကြည့်ဖို့တောင်မတန်ဘူး..အဲ့တာကိုတောင်မှ နင်က ဆင်းတွန်းရမယ့် အကြောင်းတွေ ပြောနေတယ်ပေါ့လေ..အိပ်မက်မက်နေလိုက်..."

"ကြည့်စမ်း...နင်က Didi နာမည်ကို သုံးပြီးတော့ ငါတို့လို အလှလေးတွေကို ကထိကပါး လုပ်ချင်နေတယ်ပေါ့.."မုန့်ရှင်းမှ လက်ပိုက်၍ လင်းရီကိုပင်မကြည့်ပဲ မော်ကြွားကာ ပြောလိုက်လေသည်။

လင်းရီကတော့ သူမတို့ ပြောသမျှ နားထောင်ရင်း ဆွံ့အနေတော့၏။

ဘယ်ရွာသာကြီးက လွတ်လာတဲ့ သောက်ရူးတွေလဲဟ...

"ငါတော့ မစီးနိုင်ပေါင်..ဒီလိုကားမျိုး စီးတာက ငါ့ရဲ့ အဆင့်အတန်းကို နိမ့်ကျစေတယ်..."

"ဖေးဖေး..နင်ကလည်း စိတ်လျော့ပါဦးဟယ်..သခင်လေးလျန်က လမ်းမှာ ရောက်နေပြီလို့ ပြောထားတယ်မလား...တကယ်လို့ ငါတို့ နောက်ထပ်ကားတစ်စီး စောင့်နေရဦးမယ်ဆိုရင် သူ့အချိန်တွေ အများကြီး ဖြုန်းသလို ဖြစ်သွားလိမ့်မယ်..ဒီကားနဲ့ပဲ သွားလိုက်ကြရအောင်လေနော်...ဘာပဲပြောပြော ငါတို့ ကိစ္စက အရေးကြီးတယ် မဟုတ်လား..."

လီဖေး မျက်မှောင်ကြုတ်မိသည်။ သခင်လေးလျန်ကဲ့သို့သော အဆင့်ရှိသူတို့မှာ အချိန်တိကျသည်ကို နှစ်သက်ကြ၏။ သူမကလည်း သခင်လေးလျန်၏ စိတ်ထဲ၌ ပုံရိပ်ကောင်းများ ချန်ထားရစ်ခဲ့ပြီးဖြစ်သည်။ အကယ်၍ သူမ အချိန်နောက်ကျ၍ ကြိုးစားပမ်းစား ဖန်တီးထားသည့် ထိုပုံရိပ်ကောင်းလေး ပျက်ဆီးသွားမည်ဆိုပါက ထိုက်တန်လိမ့်မည် မဟုတ်ချေ။

"ဟမ့်..ပြီးတာပဲလေ..နင့်မျက်မှာကြောင့် လိုက်စီးပေးလိုက်မယ်..."

ထိုသို့ပြောပြီးနောက် လီဖေးနှင့် ကျန်သူများ ကားတံခါးဖွင့်၍ နောက်ခန်းတွင် ၀င်ထိုင်လိုက်ကြသည်။ သူမတို့ထဲက မည်သူတစ်ဦး တစ်ယောက်ကမျှ ရှေ့ခန်းတွင် မထိုင်ကြ။

လင်းရီကတော့ နောက်ခန်းတွင် ပြွတ်သိပ်စွာ ထိုင်နေသည့် သုံးယောက်ကို အရူးများကဲ့သို့ ကြည့်ရင်း ဆွံ့‌အနေတော့သည်။ ထို့နောက် သူ အရူးနံ့များ ပျောက်စေရန် ရည်ရွယ်ချက်ဖြင့် ကားထဲတွင် ရေမွှေးတစ်ချက် ဖြန်းလိုက်သည်။

"နောက်ခန်းကလည်း ကျပ်လိုက်တာအေ..အသက်တောင် ကောင်းကောင်းရှူလို့ မရချင်ဘူး..."လီဖေး စောဒက တက်လိုက်သည်။

"ခုလောလောဆယ်တော့ အောင့်အီးပြီး နေလိုက်ဦး..ငါတို့ နောက်ကျ ဖာရာရီ တစ်စီး ၀ယ်လိုက်မယ်...အဲ့တာကမှ ပိုပြီး သက်တောင့်သက်သာ ဖြစ်မှာ..."ယွီကျောင်းကျောင်း ပြောလိုက်သည်။

ဖူး...

လင်းရီ မနေနိုင်ပဲ အသံထွက် ရယ်သွမ်းမိသွားသည်။

လူရွှင်တော်တွေ ထုတ်တဲ့ ပြက်လုံးတောင် ဒီလောက်ရယ်ရမှာ မဟုတ်ဘူ...

ဘာလဲ ...ဖာရာရီတဲ့...

"ဟဲ့..နင်က ဘာသဘောနဲ့ ရယ်နေတာ.."လုဖေး အေးစက်သည့် မျက်နှာထားဖြင့် "နင်က ငါတို့ကို အထင်သေးနေတာလား..."

"ရေစက်ပါလို့ တခဏ ဆုံကြတာပဲ..ကျုပ်မှာ မိန်းကလေး‌တို့ကို အထင်သေးတဲ့ စိတ် မရှိပေါင်..."

လင်းရီ ပြုံးလျက် ပြောလိုက်ပြီး "ကျုပ် သတိပေးချင်တာက ကျုပ်မှာလည်း အရည်သွေး အရမ်းမြင့်တဲ့ ဖာရာရီ တစ်စီးရှိတယ် ..ဒါပေမယ့် ထိုင်ခုံတွေက ထိုင်ရတာ တစ်စက်မှ သက်တောင့်သက်သာ မရှိဘူး..မိန်းကလေးတို့ မသိဘူးဆိုရင်လည်း အင်တာနက်ပေါ်မှာ တစ်ချက်လောက် စုံစမ်းကြည့်သင့်တယ်.."

"ဘာပြောလိုက်တယ်..နင့်မှာ ဖာရာရီ ရှိတယ်ဟုတ်လား.."လီဖေး အထင်သေးမှု အပြည့်ဖြင့် မေးလိုက်ပြီး "လေလုံးထွားမနေနဲ့..နင်က ရှာရီ အစုတ်ကြီး မောင်းပြီးတော့မှ ဖာရာရီ အကောင်းစားကြီး ရှိတယ်လို့ လာပြောနေတယ်ပေါ့လေ..နင် ငါတို့ကို သုံးနှစ်သမီးလေးတွေများ အောက်မေ့နေတာလား..."

"ဟုတ်တယ်..နင်က ငကြွားကြီး လုပ်ချင်တယ်ဆိုရင်လည်း ကိုယ့်အခြေနေကိုယ် ပြန်ကြည့်ပြီးတော့မှ ပြောသင့်တယ်..."မုန့်ရှင်း ပြောလိုက်၏။

"ဘာလဲ ငါတို့ မလုံ့တလုံလေး ၀တ်ထားတော့ နင်က စိတ်ထလာခဲ့တာလား..ဟီးဟီး ..ပြောထားလိုက်မယ်..နင့်လို ရှာရီမောင်းတဲ့သူက ငါတို့ရဲ့ ညီမလေးတွေကို နင့်ဘ၀တစ်သက် မဟုတ်ဘူး..ဆယ်သက်ကြိုးစားရင်တောင် ထိလို့ရမှာ မဟုတ်ဘူး..."

"သူ့အထင် သူ့ရုပ်ရည်လေးက ချောတော့ ငါတို့ရှေ့မှာ ကြွားလို့ရမယ်များ ထင်နေလား မသိဘူး..ဆောတီးပဲလို့နော် ငါတို့က ပိုက်ဆံ မရှိရင် လှည့်ကို မကြည့်တာ....ပိုက်ဆံသာရှိလို့ကတော့ သွားမပါလည်း ဖြစ်တယ်..."ယွီကျောင်းကျောင်းမှ အပြောင်အပြက်လုပ်၍ ပြောလိုက်သည်။

"မောင်ငယ်လေး..နင့်ရဲ့ တော်ကီတွေကို ကောလိပ်ကျောင်းသူလေးတွေပဲ ရင်ခုန်လိမ့်မယ်..မမတို့လို့ ဝါရင့်နေတဲ့ သူတွေကျတော့ အဲ့လို စကားလုံးအလှလေးတွေလောက်နဲ့ ရင်ခုန်အောင် မလုပ်နိုင်တော့ဘူး..ဒီတော့ စကားအပိုတွေ မပြောဘဲ အားအင်ချွေတာလိုက်တာ ကောင်းမယ်...."

All Chapters