← Chapters

အခန်း (၂၉၄)

Vol. 20 Ch. 294

အခန်း (၂၉၄)

Vol. 20 Ch. 294

လင်းရီ ကားထဲမှ ထွက်၍ အကြောဆန့်ကာ "ငါခု Didi ပြန်ဆွဲနေတာလေ..ပြီးတော့ ဒီစော်သုံးယောက်ကို လာပို့ရင်းနဲ့ ရောက်လာတာပဲဟေ့..သူတို့ ပြောတာတော့ မင်းတို့ကောင်တွေနဲ့ ကစားဖို့တဲ့..."

လီဖေးနှင့်ကျန်သူများ၏ မျက်နှာပေါ်တွင်တော့ ရှုပ်ထွေးမှုများက အထင်းသားပင်။

သူမတို့ ဘာဖြစ်နေကြလဲဆိုတာ နားမလည်နိုင် ‌ဖြစ်နေကြလေသည်။

ဒီကောင်က Didi ဒရိုင်ဘာလေး မဟုတ်ဘူးလား...

ဘာလို့ ကျိုးဟိုင်ရဲ့ အင်ပါယာ ချင်းဟန်က အရေးတယူလုပ်ပြီး စကားအရင် ပြောလာတာလဲတဲ့...

သူကအရင်စပြီး ချင်းဟန်ကို ကြိုဆို နှုတ်ဆက်သင့်တာ မဟုတ်လား...

တစ်ချိန်တည်းတွင် လီဖေးနှင့် ကျန်သူများ ကားထဲမှ ထွက်လာခဲ့ကြ၏။ သူမတို့ ဘာဖြစ်နေကြလဲဆိုတာ ယခုထိ နားမလည်ကြသေးပေ။

ချင်းဟန် သူမတို့သုံးယောက်ကို အထင်သေးစွာဖြင့် ကြည့်လိုက်ပြီး "မင်းတို့ကို ဘယ်ကောင်က ဒီခေါ်လိုက်တာ..."

"အစ်ကိုကြီးချင်း..ကျွန်တော် ခေါ်လိုက်တာပါဗျ..."လျန်ကျင်းမင် ပြောလိုက်သည်။

"မင်းလူကို ဘယ်လိုတွေကြည့်ပြီး ခေါ်တာတုန်းဟ...ဒီလို မိတ်ကပ်ထူလဗြစ်နဲ့ ကောင်မတွေကို မင်းမို့ ခေါ်တယ်လို့ကွာ.."

ချင်းဟန် အထင်သေးစွာ ပြောလိုက်ပြီး "မင်းရဲ့ အရသာကလည်း လင်းကြီးနဲ့ ယှဉ်ရင် အတော်လေး လိုသေးတယ်.."

"ပြီးတော့ သူတို့နားက ဟော့ပေါ့နံ့တွေလည်း ရသေး..မြန်မြန် မောင်းထုတ်လိုက်စမ်းပါကွာ.."ကောင်းကျုံးယွမ်မှ နှာခေါင်းရှုံ့၍ ပြောလိုက်၏။

"မင်းတို့နှစ်ယောက်က ပြောလာပြီဆိုမှတော့လည်း ငါက ဘယ်လိုလုပ် ခေါ်ထားရဲတော့မှာ.."လျန်ကျင်းမင် ပြောလိုက်ပြီး သူ၏ လက်ကို စိတ်မရှည်စွာ ဝေ့ယမ်း၍ "လစ်လိုက်တော့ ဒီနေရာက မင်းတို့ အဆင့်အတန်းနဲ့ မကိုက်ညီဘူး..."

မိန်းကလေး သုံးယောက်လုံး အံ့ဩမှင်တက် သွားကြသည်။

ယခုထိ သူမတို့ ရှာရီအစုတ်ကြီးမောင်းသည့် Didi ဒရိုင်ဘာမှာ အဘယ်ကြောင့် ထိုကဲ့သို့ အရေးပေးခံရလဲဆိုတာကို သဘောမပေါက်ကြသေး ဖြစ်နေလေ၏။

"ဖေးဖေး ဘာတွေ ဖြစ်နေတာလဲ..နင်ပြောတော့ သခင်လေးလျန်နဲ့ အရမ်း ကီးကိုက်နေပါတယ်ဆို..ခုကျတော့ ငါတို့ကို ရောက်ရောက်ချင်း မောင်းထုတ်နေတယ်တဲ့လား..."ယွီကျောင်းကျောင်း အသံနိမ့်၍ မေးမြန်းလိုက်၏။ လူရှေ့သူရှေ့ မောင်းထုတ် ခံရသောကြောင့် သူမ အင်မတန် မျက်နှာပူနေလေသည်။

"ဘာမှ စိုးရိမ်မနေနဲ့..အထင်လွဲတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့..ဘာတွေ ဖြစ်နေလဲဆိုတာ သိအောင် အရင် မေးလိုက်ဦးမယ်...."

လီဖေး ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အသံနိမ့်၍ "သခင်လေးလျန်...ရှင်တို့က ဒီရဲ့ Didi ဒရိုင်ဘာနဲ့ ရင်းနှီးတာလား..."

"Didi ဒရိုင်ဘာ..."လျန်ကျန်းမင် လီဖေးကို အထင်တသေးဖြင့် ကြည့်လိုက်ပြီး "မင်းတို့က သောက်ရူးတွေလား..အစ်ကိုကြီးလင်းက Didi မောင်းတယ်ဆိုတာ စိတ်အပမ်းဖြေဖို့ သပ်သပ်ပဲကွ..ဒီကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းကြီး တစ်ခုလုံးက သူ့အပိုင်ပဲ .မင်းတို့က သူ့ကို သာမန် Didi ဒရိုင်ဘာလို့ ထင်နေတာလား.."

၎င်းကိုလည်း ကြားရော သုံးယောက်စလုံး အဆုတ်ထဲသို့ လေအေးများ ရှူသွင်းလိုက်ရသည်။

ထိုအခါမှသာ သူမတို့ သုံးယောက်လုံး လင်းရီမှာ မရိုးရှင်းကြောင်း သတိထားမိသွားကြလေသည်။

သူမတို့ကို သူ့တွင် ဖာရာရီတစ်စီး ရှိသည်ဟု ပြောခဲ့ဖူး၏။ ယခု အမြင်အရဆိုပါက သူ့တွင် တကယ်ကြီး ဖာရာရီ ရှိပုံပင်။

သုံးယောက်လုံး ပြောစရာစကား ကင်းမဲ့သွားကြတော့သည်။

ဒါဆိုငါတို့က တစ်ချိန်လုံး ဘီလီယမ်နာ သူဌေးကြီးကို အထင်သေးမိနေခဲ့ကြတာပေါ့...

"မစ္စတာလင်း..ကျွန်မတို့ တောင်းပန်ပါတယ်နော်..အဲ့လို စော်ကားဖို့ မရည်ရွယ်ပါဘူး..ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင့်..."

"ဒါက ဘာမှ ခွင့်လွှတ်စရာလည်း မလိုဘူး..တောင်းပန်စရာလည်း မလိုဘူး..ငါတို့က ရေစက်ပါလို့ တခဏတွေ့ကြတာပဲ..ပြီးတော့ မင်းတို့လို လူစားမျိုးတွေကြောင့်လည်း ငါက စိတ်ရှုပ်ခံပြီး ဒေါသထွက်နေမှာ မဟုတ်ဘူး..."လင်းရီ ပြောလိုက်ပြီး "မင်းတို့ လာချင်တဲ့ နေရာ ရောက်ပြီဆိုတော့ အော်ဒါပိတ်ပေးတော့..."

"ဟုတ် ဟုတ် ကျွန်မတို့ ခုပဲ ပိတ်လိုက်ပါ့မယ်ရှင့်..."

လီဖေး ဖုန်းကို အလျင်အမြန်ထုတ်၍ အော်ဒါပိတ်လိုက်သည်။ သူမ ဤအချက်ကို အသုံးပြု၍ လင်းရီကို အကူညီပေးရန် ကြံရွယ်ထားလေသည်။

"အိုကေ အိုကေ..ပြီးပြီ ဆိုလည်း ဒီကနေ ဂျောင်းလိုက်တော့..ငါ့ရဲ့ အစ်ကိုကြီးလင်းက မင်းတို့ကို သဘောမတွေ့ဘူး..သူ့ကို ကြာပစ်မနေကြနဲ့..."လျန်ကျင်းမင် သူ့လက်ကို ဝှေ့ယမ်း၍ ခွေးမောင်းသလို မောင်းလိုက်သည်။

သို့သော်လည်း သုံးယောက်မှာ တံခါး၀၌ ကြောက်ရွံ့စွာ ရပ်နေကြပြီး မည်သူကမျှ ထွက်သွားရန် ဆန္ဒမရှိကြ။

သူမတို့ရှေ့ရှိ လူငယ်လေးများမှာ ကျိုးဟိုင်ရှိ ချမ်းသာသော ဒုတိယမျိုးဆက် သခင်လေးများ ဖြစ်ကြ၏။ အကယ်၍ သူမတို့သာ စကားနားထောင်ပြီး သည်တိုင်း ထွက်သွားမည်ဆိုပါက အနာဂတ်တွင် အသိုင်းဝိုင်းထဲသို့ ၀င်ဆံ့ရန် အခွင့်ရေး ရှိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမတို့ ပေတေနေ၍ အခွင့်အခွင့်အရေးအတွက် တိုက်ခိုက်ရပေမည်။

သိူ့သော်လည်း တံခါး၀၌သာ ရပ်နေရဲ၏။ ရှေ့သို့ ခြေတစ်လှမ်းပင် မချဝံ့ကြချေ။

လင်းရီနှင့် ချင်းဟန်တို့ တစ်ယောက်ယောက် ခွင့်မပြုမချင်း သူမတို့ မ၀င်လာရဲကြ။

"လင်းကြီး..တိုက်တိုက်ဆိုင်ဆိုင် ရောက်ချလာတယ်ဆို‌တော့ လေးငါးပတ်လောက် ပြိုင်မောင်းရအောင်ကွ ..မင်းနဲ့ မပြိုင်ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ မသိတော့ဘူး.."ချင်းဟန် အပြုံးလေးဖြင့် ပြောလိုက်၏။

"ဟမ့်...မင်းလို အရှုံးသမားနဲ့လား..တော်စမ်းပါကွာ..Didi မောင်းတာကတောင်မှ ပိုပျော်ဖို့ ကောင်းဦးမယ်..."

"ငါတော့ မင်းတွေးနေတာတွေကို တကယ် နားမလည်နိုင်တော့ဘူး..ဘာလုပ်ဖို့ Didi မောင်းမှာလဲကွ.."

"မင်းငါ့လယ်ဗယ်လောက် ရောက်ရင် သု့အလိုလို နားလည်လာလိမ့်မယ်..ခုတော့ ပြောပြရင်တောင် မင်း နားလည်မှာ မဟုတ်ဘူး.."လင်းရီ ချင်းဟန်၏ ပခုံးကို ပုတ်ရင်း အထီးကျန်ဆန်ဟန်ဖြင့် ကောင်းကင်သို့ မော်ကြည့်၍ ပြောလိုက်သည်။

"တစ်နေ့ မင်းငါ့လို စတိုင်နဲ့ ငါ့လို နှလုံးသားရှိလာရင် နားလည်လာလိမ့်မယ်ကွာ"

လင်းရီမှ ချင်းဟန်ကို အရှုံးသမား ဟာ ခေါ်လိုက်သည့် အသံကို ကြားတော့ လီဖေးနှင့် သူမသူငယ်ချင်းတို့်မှာ ပိုလို့ပင် ရှော့ခ်ရသွားခဲ့ကြသည်။

ချင်းဟန်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူ့ကို ဒီလိုပြောဖို့ ဘယ်လောက်တောင် စွမ်းအားကြီးဖို့ လိုလိုက်မလဲ...

"ငိုးပဲ..သောက်ပိုတွေ လုပ်နေပြီးတော့များ.."ချင်းဟန် ကျိန်ဆဲလိုက်ပြိး "အိုး ဟုတ်သား ငါမင်းကို ပြောစရာ ရှိသေးတယ်.."

"ဘာကြီးလဲ.."

"ငါ စူပါးကား ကလပ်ဖွဲ့ပြီးတော့ ဒီနေရာမှာ ထရိန်နင် ပေးရင် ကောင်းမလားလို့ စဉ်းစားနေတာ.."

"စူပါကားကလပ်.."လင်းရီ မေးစေ့ပွတ်လိုက်ပြီး "နားထောင်လို့တော့ မဆိုးပါဘူး..မင်းက ဘာလဲလုပ်မှာ..."

"ငါလည်း အစတုန်းက လုပ်ဖို့ အစီအစဉ် မရှိဘူးကွာ..ဒါပေမယ့် အဲ့ဒီ ရန်ကျင်းက ဒုတ်းိယမျိုးဆက်တွေဘယ်လောက်ဆိုးလဲ ဆိုတာ မင်းလည်း သိမှာ..တစ်ကောင်ချင်းစီတိုင်းက သောက်ဖင်ခေါင်းကျယ်ပြီး ငါ့ကို တွေ့တိုင်း ရန်လာလာ စနေကြတာ..တကယ်လို့ ငါသာ သူတို့ကို မှတ်လောက်သားလောက် ဖြစ်အောင် ပညာမပေးနိုင်ဘူးဆိုရင် ငါ့ရဲ့ ဂုဏ်သတင်းတွေ ဘယ်လို ဆက်ထိန်းရတော့မှာ... "

လင်းရီ ထူးမခြားနားစွာ ခေါင်းညိမ့်လိုက်သည်။ ရှေးယခင်ကတည်းပင် ကျိုးဟိုင်နှင့် ရန်ကျင်းရှိ ဒုတိယမျိုးဆက် သခင်လေးတို့ တကျက်ကျက် ဖြစ်နေကြသည်မှာ အစဉ်လာတစ်ခုလိုပင် ဖြစ်နေလေသည်။

ချင်းဟန်လည်း ထိုငနဲတို့၏ စော်ကား ပုတ်ခတ်ချင်းကို ခံလာခဲ့ရပြီး အခဲမကျေ ဖြစ်နေဟန်ပင်။

"ကောင်းပြီလေ..ငါမင်းကို ၂၀% ဒစ်စကောင့်ပေးမယ်....ဘာပဲပြောပြော ညီကိုတွေမလား.."

"ငါယီးကို ညီကိုပါလားကွ..ငါ့မှာ မင်းလို ညီကိုမျိုးမ ရှိဘူး.."ချင်းဟန် ပြောလိုက်ပြီး "မင်းကို ပိုက်ဆံ မပေးဘူး..ငါလုပ်မယ်ဆိုတာ ပြောပြနေတာ..."

"ငိုးပဲဟျောင့်..မင်း အတော်လေး သောက်ရှက်မဲ့ပါလားကွ..."

"ဘယ်တတ်နိုင်မှာ ..ငါက စီးပွားရေး သမားလေ...."

"သဘော ..မင်းတို့ကောင်တွေ နေရစ်ပြီး အေးဆေးမောင်းကြဦး..ငါသွားတော့မယ်..."

"မင်း ဒီည အားလား...ငါတို့ အနှိပ်ခန်း သွားကြရင် ဘယ်လိုလဲ...ငါ မင်းတို့ကောင်တွေကို ဟွာချင်းရေကန်ဆီ ခေါ်သွားပြီးတော့ ၀န်ဆောင်မှု အပြည့်ရတယ်ဆိုတာက ဘာလဲဆိုတာ လိုက်ပြပေးမယ်.."

"လောလောဆယ်တော့ မရသေးဘူး..ငါ အမေရိကား သွားဖို့ ရှိတယ်..နောက်တစ်ပတ်လောက်မှပေါ့..."

"အမေရိကား..."လျန်ကျင်းမင် ပြောလိုက်ပြီး "နားထောင်ရတာတော့ တော်တော်လေး စောက်ထာကျတာပဲဗျ..ကျုပ် လိုက်ပို့ပေးမယ်လေ..."

"ဘယ်လိုလိုက်ပို့မှာ..မင်းကားကြီး စုတ်ပြတ်သပ်နေအောင် မောင်းရင်တောင်မှ ငါ့ကို ရောက်အောင် ပို့ပေးနိုင်မှာ မဟုတ်ဘူး....."

"ဟိုက်ယား..အစ်ကိုကြီးလင်းကလည်း မေ့နေပြီထင်တယ်..ကျုပ်မိသားစုက လေကြောင်းလိုင်း ပိုင်တာလေ..."လျန်ကျင်းမင် ပြောလိုက်ပြီး "ဒီညနေ ၆ နာရီမှာ အမေရိကားကို သွားမယ့် လေယာဥ် တစ်စီးရှိတယ်...ကျုပ် အစ်ကိုကြီးအတွက် ပထမတန်းကနေ လိုက်စီးလို့ရအောင် လုပ်ပေးမယ်..."

"ဟမ်...ရှင်းဟွား လေကြောင်းလိုင်းက မင်းမိသားစု ပိုင်တာလားဟ..ငါလည်း ညနေ ၆ နာရီကျ အဲ့လေယာဉ်စီးဖို့ ဘွတ်ကင်လုပ်ထားတာ..."

လင်းရီ ပြောလိုက်သည်။

"ဟုတ်တယ်..အဲ့တာ ကျွန်တော့် မိသားစုပိုင်တဲ့ လေကြောင်းလိုင်းလေ.."လျန်ကျင်းမင် ပြောလိုက်ပြီး "အစ်ကိုကြီးလင်းကလည်း စောစောတုန်းကတော့ မပြောဘူး..ကျုပ် မန်နေဂျာကို ဖုန်းဆက်ပြီးတော့မှ ငွေပြန်အမ်းခိုင်းလိုက်မယ်..."

"မလိုဘူး..ပြန်အမ်း မနေနဲ့တော့ ...ငါက တစ်ချို့သူတွေလို သူများနေရာငှားပြီး ပိုက်ဆံ မပေးတဲ့ကောင် မဟုတ်ဘူး..."

"ယီးပဲ ယီးပဲ..ကိုယ့်ဘာကိုယ် Didi မောင်းနေစမ်းပါကွာ..."

အားလုံး ရယ်မောလိုက်ကြပြီး လင်းရီ ရှာရီကို ကားဂိုဒေါင်ထဲသို့ထည့်ကာ သူ၏ ပန်ဂနီကို ထုတ်လိုက်သည်။

ရှာရီမှာ အမှန်တကယ်ကို ရုပ်ပေါက်လှ၏။ အကယ်၍ သူသာ ရှာရီဖြင့် Didi ဆက်မောင်းမည်ဆိုပါက ယနေ့လို အဖြစ်မျိုး မည်မျှထိ ဆက်ကြုံမလဲဆိုတာ ပြောမပြတတ်တော့ပေ။

အကယ်၍ ပန်ဂနီနှင့် ဆိုလျင်တော့ ပြဿနာမရှိပဲ မိမိုက်သလိုလည်း လုပ်၍ ရ၏။ တစ်ချက်ခုတ် နှစ်ချက်ပြတ်သည့် အကြံပင်။

လီဖေးနှင့် ကျန်သူများ လင်းရီ ပန်ဂနီ ထုတ်လာသည်ကို မြင်တော့ မျက်လုံးအရောင် တောက်ပသွားကြသည်။

"အဲ့တာ ဘယ်လိုကားလဲတဲ့..လန်းလိုက်တာဟယ်..."

"ဖာရာရီထက်တောင် ပိုပြီး ကြည့်လို့ကောင်းနေသေးတယ်..."

"ဒီတိုင်းရပ်မနေနဲ့လေ..ဘာကားလဲဆိုတာ မြန်မြန်ရှာမှပေါ့ဟဲ့..."လီဖေး လောဆော်လိုက်သည်။

တခဏကြာသော် ယွီကျောင်းကျောင်း အထိတ်တလန့်ဖြင့် အော်ဟစ်မိသွားသည်။

" သောက်ခွေး ..ဒီကားကြီးက သန်း ၂၀ ကျော်တန်ကြေးရှိတဲ့ ပန်ဂနီဇွန်ဒါကြီးတော့်..."

"ငါမှတ်မိပြီ..Didi မောင်းတဲ့ ဒုတိယမျိုးဆက် သခင်လေးဆိုတာ သူပဲ..."

သုံးယောက်လုံး မျက်နှာ ဖြူလျော်သွားခဲ့ကြသည်။ မည်သူကမျှ ယခုလို ဖြစ်လာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြချေ။

လင်းရီ ကား‌ထုတ်လာပြီးနောက် ချင်းဟန်နှင့် သူ့ဘော်ဒါတစ်သိုက်ကို လက်ပြနှုတ်ဆက်ကာ ထွက်လာခဲ့လိုက်၏။

သို့သော်လည်း အပေါက်၀တွင် လီဖေးတို့ အုပ်စု၏ ရပ်တန့်ခြင်းကို ခံလိုက်ရလေသည်။

"သခင်လေးလင်း..ကျွန်မတို့က သခင်လေးလင်းရဲ့ကားနဲ့ ဒီလာခဲ့တော့ ပြန်လည်း သခင်လေးလင်းရဲ့ တက္ကစီနဲ့ပဲ ပြန်လို့ရမလားဟင်..."

"အာ...အဆင်မပြေလောက်ဘူး ထင်တယ်နော... "လင်းရီသူ၏ ခရီးသည်ထိုင်ခုံကို ညွှန်ပြလိုက်ပြီး "ပန်ဂနီက ထိုင်ခုံ တစ်ခုပဲ ရှိတော့ မိန်ူကလေးတို့ သုံးယောက်လုံး ကို တင်ဖို့ရာ မဖြစ်နိုင်ဘူးလေ..."

ထိုအခါမှသာ သူမတို့လည်း ပြိုင်ကားများမှာ မောင်းသူထိုင်ခုံအပါအ၀င် ထိုင်ခုံနှစ်ခုသာ ရှိကြောင်း သတိရသွား၏။

၎င်းကို သတိပြုမိပြီးနောက် သုံးယောက်ကြားရှိ လေထုမှာ ပြင်းထန်သိပ်သည်း၍ ‌အက်ကွဲတော့မည့် သယောင် ဖြစ်လာခဲ့လေသည်။

"ငါက နင်တို့ကို ဒီခေါ်လာခဲ့တာနော်..ခဏနေ တက္ကစီ လာလိမ့်မယ်... အဲ့‌တော့နင်တို့က အဲ့တက္ကစီ စီးပြီး ပြန်လိုက်ကြ...ငါ သခင်လေးလင်းနဲ့ လိုက်သွားလိုက်မယ်..."

All Chapters