အခန်း (၂၉၆)
Vol. 20 Ch. 296
ကောင်းရှစ်ဖုန်း တခဏမျှ စဉ်းစားလိုက်ပြီး အခက်တွေ့နေသည့် အမူအရာများ မျက်နှာထက်၌ ပေါ်လာခဲ့သည်။
"အဲ့လိုဆိုရင်တော့ သူတို့ လက်မှတ်တွေကို နောက်ဆုံးမိနစ်မှာ ပယ်ဖျက်ဖို့ အတွင်းကနေပဲ လုပ်ရတော့မယ်ထင်တယ်..."
"မင်းဘာမင်း ဘယ်လို နည်းလမ်းပဲ သုံးသုံး ငါစိတ်မ၀င်စားဘူး.."ကျောက်ကျိန်းရန် ပြောလိုက်ပြီး "သူတို့ကို မမြင်ရရင် ပြီးရောပဲ..."
"ကောင်းပါပြီခင်ဗျ..ကျုပ်ခုပဲ သွားလုပ်လိုက်ပါ့မယ်..."
"အေး..."
မကြာမီ တန်းစီနေကြသည့် လူတိုင်း ချက်ကင်၀င်ကြ၏။
"တီ တီ တီ တီ..!"
" တီ တီ တီ..!"
"တီ တီ ..!"
၀န်ထမ်းမှ လက်မှတ်တစ်စုံကို စက်ဖြင့် စစ်ဆေးနေပြီး မကြာမီ နှစ်ကိုယ်စာလောက်ကြားနိုင်သည့် တီတီ ဟူသော မြည်သံကြီး ထွက်ပေါ်လာခဲ့သည်။
"ဆာ နဲ့ မစ် ကျွန်မတို့ စိတ်မကောင်းပါဘူး..ဆာတို့ရဲ့ လက်မှတ်က ပြဿနာ တစ်ခုခု ရှိနေပုံပှဲ..လေယာဉ်ပေါ် လိုက်ပါခွင့် မရှိပါဘူးရှင့်..."
"ပြဿနာ ရှိနေတယ်..."ကျီချင်းရန် ကြက်သေသေသွားခဲ့ပြီး "ငါ ဒီလက်မှတ်တွေကို တရား၀င် ရောင်းချတဲ့ နေရာကနေ ဘွတ်ကင်လုပ်ထားတာလေ..ဘယ်လိုလုပ် တစ်ခုခု မှားနိုင်မှာလဲတဲ့..."
"ကျွန်မလည်း မသိပါဘူးရှင်..စစ်ကြည့်တာတော့ တစ်ခုခု မှားနေတယ်လို့ ပြနေတာပါ..စည်းမျဉ်းအရ ဆာတို့နှစ်ယောက် လေယာဉ်ပေါ် လိုက်ပါခွက့် မရှိပါဘူးရှင့်..."
အမျိုးသမီး ၀မ်ထမ်း၏ သဘောထားမှာ လင်းရီကြောင့် လွန်စွာ စိတ်ရှည်ပေးနေလေသည်။ သာမန်ဆိုပါက မသိဘူးတစ်ခွန်းပြော၍ မောင်းထုတ် ပစ်လိုက်ချေပြီ။
"မဖြစ်နိုင်တာ..."ကျီချင်းရန် မျက်မှောင်ကုပ်ရင်း သူမကိုယ်သူမ ရေရွတ်လိုက်သည်။
ဘာဖြစ်နေလဲဆိုတာ နားမလည်နိုင်တော့ချေ။
"ဘာလဲ...လေယာဉ်လက်မှတ်ဖြစ်တာတောင်မှ အလိမ်ခံလိုက်ရတာလား..ဟမ့်..ရှက်ဖို့ကောင်းလိုက်တာကွာ..."ကျောက်ကျိန်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။
ကျောက်ကျိန်းရန်၏ ဂုဏ်ဆာနေသည့် အမူအရာကို မြင်တော့ ဤကိစ္စနောက်ကွယ်ရှိ လက်သည်မှာ ကျောက်ကျိန်းရန် ဖြစ်ကြောင်း လင်းရီ သတိပြုမိလိုက်သည်။ မဟုတ်ပါက ထိုငနဲမှာ ယခုလို ဘ၀င်လာမြင့်ပြနေလိမ့်မည် မဟုတ်ချေ။
"အရင်ဆုံးထွက်ကြမယ်.."လင်းရီပြောလိုက်ပြီး "ငါတို့နောက်မှာ လူတွေ ကျန်နေသေးတယ်..."
"သူတိူ့က လက်မှတ်တောင် စစ်ဆေးပြီးသွားပြီလေ..ခုနေ မဖြေရှင်းရင် ငါတို့ ဒီနေ့ အမေရိကား သွားလို့ ရမှာ မဟုတ်တော့ဘူး..."
ကျီချင်းရန်မှာ လင်းရီနှင့်အတူ ခရီးအတူသွားရန် အတော်လေး မျှော်လင့်ထားခဲ့၏။ ယခုလို ကိစ္စမျိုး ဖြစ်ပေါ်လာပြီးနောက် သူမ လက်မခံနိုင် ဖြစ်နေရခြင်းမှာ သူမတို့ ခရီးစဉ်လေးကို တစ်ရက်တောင် မရွေ့ဆိုင်းချင်သောကြောင့်ပင်။
"ဒီသောက်ရူးက နောက်ကွယ်ကနေ လက်မည်းကြီးနဲ့ လုပ်နေတယ်ဆိုတာ အသိအသာကြီးပဲလေ...မင်းက ဘယ်လို သွားဖြေရှင်းမှာ..."
လင်းရီ နာမည်ကို မပြောပြခဲ့သော်လည်း ကျီချင်းရန်မှ ကျောက်ကျိန်းရန်နှင့် လူတစ်ချို့ကို မကျေမနပ် တစ်ချက်ကြည့်လိုက်သည်။
"ကျောက်ကျိန်းရန်..ဒါနင့်လက်ချက်လား.."ကျီချင်းရန် မေးခွန်းထုတ်လိုက်၏။
"ငါလုပ်တယ်ဆိုရင်ကော..ဘာဖြစ်လဲ..."
ကျောက်ကျိန်းရန် မောက်မာစွာဖြင့် ဂရုမစိုက်စွာ ပခုံးတွန့်ပြလိုက်သည်။
"ငါမင်းကို ပိုးပန်းခဲ့တုန်းကတော့ မင်းအတွက် ဘာက ပိုကောင်းတယ်ဆိုတာ နားမှ မလည်ခဲ့ပဲနဲ့..ခု ငါဒီလို တုံ့ပြန်ပြီဆိုတော့မှ လာအပြစ်တင်လို့မရဘူးလေ..."
သို့နှင့် ကျောက်ကျိန်းရန် သူ့လက်ထဲရှိ လေယာဉ်လက်မှတ်ကို ရန်စသလို ဝှေ့ယမ်းပြလိုက်ပြီး "ငါတော့ အရင်သွားနှင့်ပြီ...မင်းတို့ကောင်တွေ လေယာဉ်ပြောင်းစီးချင် စီးလို့ရတယ်နော်..ဒါပေမယ့် မနက်ဖြန် လေယာဉ် ရမရကတော့ ငါ့စိတ်အခြေနေပေါ် မူတည်တယ်..."
"နင်တို့ ကျောက်မိသားစုက ချမ်းသာပြီးတော့ မိသားစုကြီးဆိုတော့ အသားလွတ် ဘ၀င်တွေ မြင့်နေတာကို နားလည်တယ်..ဒါပေမယ့် ရှင်းဟွာ လေကြောင်း လိုင်းတစ်ခုတည်းကပဲ လေယာဥ်ရှိတာ မဟုတ်ဘူး...တခြား ကုမ္ပဏီတွေမှာလည်း လေယာဉ်ရှိတယ်..."
ကျောက်ကျိန်းရန် ပြုံးလိုက်ပြီး ကျီချင်းရန်ကို ကြည့်ကာ "ဥက္ကဌကျီကတောင် ကျွန်တော့်ရဲ့ ကျောက်မိသားစုကို ချမ်းသာတယ်လို့ ပြောနေမှတော့ ကျွန်တော်ကလည်း ပြောပြလိုက်မယ်...တကယ်လို့ တခြား လေကြောင်းလိုင်းတွေမှာ သွားစီးလည်း အသုံးမ၀င်ဘူး...ကျုပ်စကားတစ်ခွန်းပြောလိုက်တာနဲ့ မင်းတို့ကို ဘယ်လေကြောင်းလိုင်းကမှ လက်မခံရဲစေရဘူး.. "
"သို့ပေတည်း ငါမင်းကို အကြံတစ်ခုတော့ပေးဘိုက်မယ်....လှေနဲ့သွားရင်သွား ၊ မသွားရင် ကားနဲ့သွားပေါ့..တစ်လလောက်နေရင် အမေရိကားတော့ ရောက်နိုင်တာပဲ မဟုတ်လား...သာယာတဲ့ ခရီးစဉ်လေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွာ..."
"ဟားဟား...."
လူတိုင်း ရယ်မောလိုက်ကြသည်။
"ဒီဘဲကြီးက အတော်ရယ်ရတာပဲကွ..ကျိုးဟိုင်နဲ့ အမေရိကားဆိုတာ မိုင်၆ထောင်ကျော်လောက် ဝေးတာကို အတော်လေး စိတ်ကူးယဉ်ဆန်တဲ့ကောင်ကွာ..."
"အဲ့တာ ချမ်းသာသွားတဲ့အခါ ကွာခြားမှုကြီးပဲလေ..အနိုင်ကျင့်တာတောငါမှ တစ်မျိုးလေး...."
"သား...မင်းအဲ့ဒီ အစ်ကိုကြီးဆီကနေ ကြည့်ပြီးတော့ ကောင်းကောင်းသင်ယူထား..ဒါမှ ငါ့သားကြီးလာရင် သူများကို အနိုင်ကျင့်လို့ရမှာ...မင်းကိုတော့ ဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး.."
ထိုစကားကို ကြားတော့ လင်းရီ ဆွံ့အသွားခဲ့သည်။
ခင်များသားက အဲ့ကောင်ဆီကနေ သင်ယူမယ်ဆိုရင် သူလည်း အနှေးနဲ့အမြန် သောက်ရူး ဖြစ်လာမှာပဲ...
"နင် နင် သိပ်မလွန်လာနဲ့..."ကျီချင်းရန် အော်ဟစ်လိုက်သည်။
လင်းရီနှင့် ပျော်ရွှင်ဖွယ် ခရီးစဉ်လေး ဖြစ်ရမည် ဆိုသော်လည်း ထိုသောက်ရူးမှ ဖျက်စီးသွားခဲ့ချေပြီ။
"တကယ်...?"ကျောက်ကျိန်းရန် အပြစ်ကင်းဟန်ဆောင်၍ "ငါက ဒီမှာရှိတဲ့ လေထုကို မညစ်ညမ်းစေချင်ရုံပဲလေ..ငါလုပ်တာ ဘာမှားနေလို့လဲ.."
"နင်..."
"ကောင်းပြီ.."ဖုန်းကို ဟိုနှိပ်ဒီနှိပ် နှိပ်နေသောလင်းရီမှာ သူ၏ ဖုန်းကို အိတ်ကပ်ထဲသို့ ပြန်ထည့်၍ ဒေါသထွက်နေသည့် ကျီချင်းရန်ကို လှမ်းတားလိုက်သည်။
"အဲ့ကောင်နဲ့သွားပြီး တုမနေနဲ့..နိမ့်ကျတယ်..ကိုယ့်ဘာကိုယ် ဘေးမှာ သွားထိုင်နေရအောင် .."လင်းရီ ပြောလိုက်၏။
"ဒါပေမယ့် ငါက စိတ်တိုနေသေးတယ်လေ.."ကျီချင်းရန် မျက်ရည်လေးဝိုင်းလျက် ပြောသည်။
"ဘာမှ စိတ်တိုစရာ မလိုဘူး..ငါတို့ လေယာဉ် မလိုက်ရရင် အဲ့လေယာဉ်လဲ ပျံသန်းလို့မရစေရဘူး.."
"ဟမ်.....ဖူး ဟားဟား..."
လူအုပ်ကြီးဆီမှ လှောင်ရယ်သံတို့မှာ ပိုမို ကျယ်လောင်လာလေသည်။
"မင်းက ရူးနေတာလား..ဒါမှ မဟုတ် ဂေါက်နေတာလား..မင်း လေယာဉ်ပေါ် မတက်ရတာနဲ့ ခရီးစဉ်က ဘာလို့ ဖျက်သိမ်းခံရမှာ .."ကျောက်ကျိန်းရန် လှောင်ပြောင်ထေ့ငေါ့လိုက်သည်။
လင်းရီကတော့ အရေးမစိုက်စွာ ပခုံးတွန့်လိုက်ပြီး "မယုံလည်း စောင့်ကြည့်ပေါ့.."
"သရုပ်ဆောင်နေတာကတော့ အကယ်ဒမီဆုတောင် ပေးရလောက်တယ်..ကိုယ့်ကိုယ်ကို ဘာကောင်များ မှတ်နေလဲ မသိဘူး..ရုပ်လေး ချောတာနဲ့ပဲ ဘာမဆို လုပ်လို့ ရတယ်များ ထင်နေတာလား.."
"ငါ့အထင်တော့ သူ အရှက်ပြေ ပြောလိုက်တယ် ထင်တာပဲ..."
"ဖြစ်နိုင်တယ်..သူ့ကောင်မလေးက လူရှေ့မှာ အလှောင်ခံလိုက်ရတယ် ဆိုတော့ သူ့ရဲ့ မာနကို ကာကွယ်ဖို့ နည်းလမ်းတစ်မျိုး စဉ်းစားရမှာပဲလေ.."
"လေယာဉ်က ခဏနေဆို ပျံသန်းတော့မှာ..အဲ့ခါကျရင် ဒီကောင် မျက်နှာ ဘာ်လိုတွေ ဖြစ်သွားမလဲဆိုတာ ကြည့်ချင်စမ်းပါဘိကွာ..."
လူတိုင်း သူမတို့ကို ကြည့်ပြီး ရယ်မောနေကြသည်ကို မြင်တော့ ကျီချင်းရန် အနည်းငယ် စိုးရွံ့လာခဲ့သည်။
လင်းရီ...ရှင့်ရဲ့ မျက်နှာ ညှိုးငယ်မှာထက် ကျွန်မသာ သေပစ်လိုက်ချင်တယ်။
တစ်ဖက်ရှိ လင်းရီကတော့ ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်နေပြီး မည်သည်ကိုမျှ စိုးရိမ်နေဟန် မဖြစ်ချေ။
အခြားလူများ၏ လှောင်ပြောင်မှုများက သူ့အပေါ် လုံး၀ မကျရောက်နေသကဲ့သို့ပင်။
လင်းရီ စာရိုက်နေသည်ကို မြင်တော့ ကျီချင်းရန်မှ "လင်းရီ..တကယ်ပဲ ပြဿနာ မရှိဘူးလား..."
"ဒီတိုင်း လေယာဉ် မပျံသန်းတာပဲလေ..ဘာဆိုင်လို့ ပြဿနာရှိရမှာ..."
ထိုသို့ပြောရင်း လင်းရီ ချင်းဟန်ထံ ဝီချက်မှ တစ်ဆင့် စာတစ်စောင် လှမ်းပို့လိုက်သည်။
လျန်ကျင်းမင်မှာ ချင်းဂန်နှင့် ရှိနေသောကြောင့် ထိုကောင်မှ တစ်ဆင့် သတင်းစကား ပါးခိုင်း၍ရသည်။
"နင်ငါ့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား..."
"ငါမင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ.."
ကျီချင်းရန် နှုတ်ခမ်းကိုက်မိလိုက်သည်။
နင်က မညာဘူး..ဒါပေမယ့် ငါ့ကိုတော့ အမြဲတမ်း အရူးလုပ်နေတယ်လေ၊..
"ဟမ့်..အဲ့လို စနောက်ရတာ ပျော်ဖို့ကောင်းတယ်များ မှတ်နေတာလား.."ကျောက်ကျိန်းရန် ပြောလိုက်ပြီး "ငါတို့ခဏနေ လေယာဉ်တက်ရင် မင်းပဲ မျက်နှာ ဖြတ်ရိုက်ခံရမှာ..."
"ဟုတ်လား..ငါတော့ မျက်နှာဖြက်ရိုက်ခံရမယ့်သူက ငါဖြစ်မယ်လို့တော့ မထင်ပေါင်..."လင်းရီ မထီပြုံး ပြုံးလိုက်ပြီး
"စေတနာနဲ့ သတိပေးရရင် မင်းတို့ကောင်တွေက လေယာဉ်ပေါ်လည်း တက်ရသေးတာ မဟုတ်ဘူးနော်..စကားပြောရင်လည်း ဂယ်ပေါက်လေး တစ်ခုလောက်တော့ ချန်ပြီးမှ ပြောသင့်တယ် ..မဟုတ်ရင် သောက်ရှက်ကွဲတော့မှာ..."
"ဟမ့်...စောင့်ကြည့်ကြတာပေါ့ကွာ.."ကျောက်ကျိန်းရန် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး "မင်းငါ့မျက်နှာကို ရိုက်နိုင်ပါစေလို့ မျှော်လင့်တာ..မဟုတ်လို့ကတော့...."
တင်းတောင်...
ထိုအချန်တွင် ထွက်ခွာမည့် ဟောခန်းထဲတွင် အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။
"ချစ်ခင်လေးစားရပါသော ခရီးသည်များခင်ဗျာ...အမေရိကန်ပြည်ထောင်စု အော်လန်ဒိုသို့ ပျံသန်းမည့် လေယာဉ် MU5305 မှာ နည်းပညာ ချို့ယွင်းချက်ကြောင့် ပျံသန်းမှုကို ရပ်ဆိုင်းထားရပါသည်။ ထို့ကြောင့် မိနှစ် ၂၀ ခန့်စောင့်ဆိုင်းပေးပါရန် လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်."