← Chapters

အခန်း(၂၉၇)

Vol. 20 Ch. 297

အခန်း(၂၉၇)

Vol. 20 Ch. 297

ကြေညာချက်ကို ကြားပြီးနောက် ဟောခန်းထဲရှိ လှောင်ပြောင်ရယ်မောသံများ ရုတ်ချည်းဆိုသလို တိတ်ကျသွားခဲ့သည်။

သူတို့ ခုလေးတင် ချက်ကင် ၀င်ထားကြတာလေ..လေယာဉ်က နည်းပညာ ချို့ယွင်းမှု ဖြစ်နေပြီတဲ့လား.. ဘယ်လိုငရဲလဲဟ..

ကျီချင်းရန်၏ သမင်မျက်လုံးလေးများမှတော့ အံ့အားသင့်စွာ ဝိုင်းစက်သွားခဲ့သည်။ လင်းရီ လေယာဉ် ပျံသန်းချိန်ကို ရွေ့ဆိုင်းနိုင်လိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

ဒီလိုကိစ္စမျိုးက ပိုက်ဆံရှိရုံနဲ့ လုပ်နိုင်တဲ့ အမှုမျိုး မဟုတ်ဘူးလေ..

ထို့ပြင် ထိုလင်းရီမှာလည်း တစ်ချိန်လုံး ထိုင်ခုံပေါ်၌ သက်တောင့်သက်သာထိုင်နေပြီး ဘာမျှ ထူးထူးခြားခြား ပြုလုပ်ထားဟန်မပေါ်ပေ။

သူ ဘယ်လိုများ လေယာဉ်ချိန်ကို ရပ်ဆိုင်းလိုက်ပါလိမ့်

"ဘယ်လိုလဲ ဒါရိုက်တာကျောက်..မျင်နှာ စပ်ဖျင်းစပ်ဖျင်း ဖြစ်သွားရဲ့လား.."

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

ကျောက်ကျိန်းရန် နေရာမှာတင် အေးခဲသွားပြီး ကိုးရို့ကားယား ဖြစ်သွားတော့၏။

သူ၏ မောက်မာနေသည့် အမူအရာမှာ ချက်ချင်း ချွေးစေးများ စီးကျလာကာ ဂနာမငြိမ် ဖြစ်လာတော့သည်။

တိုက်ဆိုင်သွားတယ် ဆိုရင်တောင်မှ ဒါကြီးက မလွန်လွန်းဘူးလားဟ..

"မင်းက လေယာဉ်တစ်ခါမှ မစီးဖူးတဲ့ ကောင်လား..တစ်ခါတစ်လေ လေယာဉ်ချိန် နောက်ကျတာ မထူးဆန်းပါဘူး...တိုက်ဆိုင်သွားတာကိုများ ဘာတွေလာပြီး ဖီးတက်ပြနေတာ.."

"မယုံလည်း နေပေါ့..ဘာပဲပြောပြော ငါလည်း အလျင်လိုနေတဲ့ ကောင်မှ မဟုတ်တာ.."

လင်းရီ ဖုန်းကိုင်ပြီး ကျီချင်းရန်ကို ကြည့်၍ "ချင်းရန် PUBG ဆော့မလား..ကြက်သားကျွေးမယ်လေ.."

"တော်ပါပြီ..ငါမှ မဆော့တတ်တာ..."ကျီချင်းရန် ပြောလိုက်ပြီး "ငါတို့ ကိုးရီးယား ရုပ်ရှင် ကြည့်ကြရင်ကေ ...အဲ့တာ ကြည့်ရင်း အချိန်ဖြုန်းလို့လည်း ရတာပဲလေ..."

"ဒီတော့ မင်းက ကိုးရီးယားနဲ့ ဂျပန်ကားတွေ ကြိုက်တယ်ပေါ့...တိုက်ဆိုင်လိုက်တာ ကိုယ်ကလည်း ဂျပန်ကားဆို ကြိုက်မှကြိုက်..."လင်းရီ ပြောလိုက်ပြီး "ငါလည်း အရင်တုန်းက အမေရိကန်တို့လို အင်္ဂလိပ် ရုပ်ရှင်တွေ ကြည့်သေးတယ်..ဒါပေမယ့် ဂျပန်ကားတို့ ကိုးရီးယားကားတို့လောက် မတိုးဘူး..."

"တကယ်..."ကျီချင်းရန် ရွှင်မြူးသွားပြီး "အဲ့လိုဆို ခုတလော ခေတ်စားနေတဲ့ ကမ္ဘာနှစ်ဖက်ဆိုတဲ့ ရုပ်ရှင် ကြည့်ကြမယ်လေ..တော်တော်လေးကောင်းတယ်လို့ တော့ ပြောကြတာပဲ.."

"ရတာပေါ့..ခဏ ရှာလိုက်ဦးမယ်..."

လင်းရီ ဖုန်းဖွင့်ပြီး ကျီချင်းရန်နှင့် အတူ ကိုးရီးယားကား ကြည့်နေလိုက်၏။

ကျီချင်းရန်ကတော့ ယခု အကြံဉာဏ်ကို လွန်စွာ သဘောတွေ့နေလေသည်။ သူမ အမေရိကားသို့ ရောက်မရောက် စိတ်မ၀င်စားပေ။ လင်းရီနှင့်သာ အတူရှိနေခွင့်ရှိမယ်ဆိုပါက အရာအားလူံး အဆင်ပြေ၏။

"ဟမ့်...ဆိုဒ်ထုတ်နေတယ်..မိနစ် ၂၀ ပြည့်ရင် ဘာဆက်လုပ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့.."

အခြားခရီးသည်များကလည်း လေယာဉ်ချိန် စောင့်ဆိုင်းနေရသောကြောင့် ၀န်ထမ်းများကို မြည်တွန်တောက်တီးနေကြသည်။

သိူ့တိုင်အောင် သူတို့စိတ်ထဲ လင်းရီကြောင့်လားဆိုတာ မတင်မကျ ဖြစ်နေကြလေသည်။

ကျောက်ကျိန်းရန်လည်း ထိုနည်းတူပင်။ လေယာဉ်ချိန် ခေတ္တ ရပ်ဆိုင်းသည်မှာ သိပ်မထူးဆန်းသောကြောင့် တိုက်ဆိုင်သွားသည်ဟုသာ သဘောထားလိုက်၏။

ထို့ကြောင့် ရွေးချယ်စရာမရှိ အများနည်းတူ စောင့်ဆိုင်းရတော့သည်။

မိနစ် နှစ်ဆယ်‌ကြာပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့မှာ ဇာတ်လမ်းထဲ စီးမြောနေကြပြီး ကျောက်ကျိန်းရန်ကိုပင် လုံးလုံးလျားလျား မေ့လျော့နေကြ‌၏။

"ဒီအနမ်းလေးက မဆိုးဘူးထင်တာပဲ..ငါတို့ကော စမ်းကြည့်သင့်လား..."

"နင်နော်..ပေါက်တတ်ကရတွေ ဆက်ပြောနေလို့ကတော့ ဆွဲဆိတ်မိတော့မှာ..."ကျီချင်းရန် မျက်နှာလေး ရဲလျက် ပြန်ပြောလိုက်သည်။

"လူကြီးလူကောင်းတွေက ဘယ်တော့မှ လက်မပါဘူးတဲ့ "

"ဒါပေမယ့် ငါက အမျိုးသမီးလေ..."

ကျီချင်းရန် လက်သီးသေးသေးလေး ဆုပ်လျက် လင်းရီ ပခုံးကို ထုထည့်လိုက်သည်။

ကျောက်ကျိန်းရန်ကတော့ နှစ်ယောက် ကလူကျီစယ်နေကြသည်ကို အံတင်းတင်းကြိတ်၍ ကြည့်ရင်း "လင်းရီ မိနစ်နှစ်ဆယ်ပြည့်လို့ ငါတို့ လေယာဉ်ပေါ်တက်တော့မယ်..မင်း ဘာပြောချင်သေးလဲဟျောင့်..."

"အိုး..ဟုတ်လား..ဇာတ်လမ်းထဲ အာရုံရောက်နေတော့ အဲ့ဒါကိုတောင် မေ့သွားတယ်.."

ကျောက်ကျိန်းရန် သူ့လက်ထဲရှိ လက်မှတ်ကို ဝေ့ရမ်းပြလိုက်ပြီး "မေ့လည်း အဆင်ပြေပါတယ်..မင်းတို့နှစ်ယောက်က ဆက်ကြည့်နေကြ..ငါတို့တော့ လေယာဉ်လေးနဲ့ ငြိမ့်ပြီး အမေရိကားကို သွားလိုက်ဦးမယ်..."

"အဲ့လောက်ကြီးလည်း မလောပါနဲ့ဦးဟ.."

လင်းရီ ဖုန်းထဲရှိ ချင်းဟန်၏ နံပါတ်ကို နိတ်ကာ "သူ့ကို ငါ့အတွက် လေယာဉ် ရပ်ဆိုင်းထားခိုင်းလိုက်ဦး.."

"ဘယ်အချိန် ပြန်ဖွင့်ပေးရမလဲ ဆိုတာကတော့ ငါ့စိတ်အခြေနေပေါ် မူတည်တယ်... "

ညွှန်ကြားချက်များပေးပြီးနောက် လင်းရီ ဖုန်းတန်းချလိုက်သည်။

ထိုအခါ လူတိုင်း လင်းရီကို ရှုပ်ထွေးသည့် အကြည့်တို့ဖြင့် ကြည့်နေလေသည်။

လေယာဉ်ချိန် ရွေ့ဆိုင်းလိုက်တာ တကယ်ကြီး သူ့ကြောင့်ပဲလား...

ကျောက်ကျိန်းရန်လည်း ခေါင်းမာစွာဖြင့် မယုံကြည်ခဲ့။ ထို့ကြောင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "နှိုးထတော့ ညီကို ဒါရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူး..ကိုယ့်ကိုယ်ကို စောက်ဆရာကြီးများ မှတ်နေတာလား..မိနစ် နှစ်ဆယ်လောက်ရွေ့ဆိုင်းထားတာက တိုက်ဆိုင်သွားတာကိုများ ဖုန်းဆက်ပြီး သောက်ကြီး သောက်ကျယ်တွေ လုပ်ပြနေတယ်..."

လူတိုင်း ခေါင်းညိမ့်လိုက်ကြသည်။ အကယ်၍ လေယာဉ်ချိန်ကိုတောင်မှ စိတ်တိုင်းကျ ပြုလုပ်နိုင်နေပြီ ဆိုမှတော့ ကိုယ်ပိုင် လေယာဉ်သပ်သပ်တစ်စီး ယူလို့ရနေပြီဖြစ်၏။ အဘယ်ကြောင့် သူတို့နှင့်အတူ တန်းစီ၍ စောင့်စီးနေဦးမည်နည်း။

ထိုအချက်မှာ လုံး၀ မဖြစ်နိုင်ပေ။

တင်းတောင်...

ထိုအချိန်တွင် လေဆိပ်မှ ကြေညာချက်အသစ်တစ်ခု ထုတ်ပြန်လာလေသည်။

"လေးစားရပါသော ခရီးသည်များခင်ဗျာ....အမေရိကန်ပြည်ထောင်စု အော်လန်ဒိုသို့ ပျံသန်းမည့် လေယာဉ်မှာ နည်းပညာ ချို့ယွင်းချက်ကြောင့် လက်ရှိ အချိန်တွင် ပျံသန်းနိုင်ဦးမှာ မဟုတ်ပါဘူးခင်ဗျာ....ပျံသန်းမည့် အချိန်အတိအကျကိုတော့ ကျွန်တော်တို့ဘက်က ကြေညာသွားပေးပါ့မယ်...."

ဟစ်....

လူတိုင်း ရှုပ်ထွေးသွားကြ၏။

ထပ်ရွေ့ဆိုင်းပြန်ပြီလားဟ...

ပြီးတော့ သူတို့ဘက်က ပျံသန်းမယ့် အချိန်ကို တစ်ခါတည်း မကြေညာသွားဘူးဆိုတော့ ပျံသန်းဖို့ မသေချာတော့ဘူးပေါ့..

လူတိုင်း၏ အကြည့်များမှာ လင်းရီထံသို့ ကျရောက်သွားခဲ့ကြသည်။ ဤတစ်ကြိမ်တွင်တော့ အထင်သေးသည့် အကြည့်များနှင့် မဟုတ်ဘဲ မယုံနိုင်သည့် အကြည့်များနှင့်ပင်။

ဒီရဲ့ ခပ်ချောချောကောင်လေးက လေယာဉ်ချိန်ကို စိတ်ကြိုက် လုပ်လို့ရတဲ့ အခွင့်အာဏာ ရှိတယ်ပေါ့လေ...

"ဒါရိုက်တာကျောက်..ပြောတော့ အမေရိကားကို သွားမယ်ဆို..ဘာရပ်လုပ်နေတာလဲ..သွားလေ.."လင်းရီ ပြုံးလိုက်ပြီး "ဒါမှ မဟုတ် သင်္ဘောစီးပြီးသွားပါလား..တစ်လလောက် ရွက်လွင့်ပြီးရင် အမေရိကားကို ရောက်ကောင်စလောက်ပေါ့..."

"မင်း...."

‌ကျောက်ကျိန်းရန်၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ခါနေပြီး ဒေါသကြောင့် ဆံပင်များမှ ညော်နံ့ပင် ထွက်လာခဲ့သည်။

လေယာဉ်ချိန်မှာ နှစ်ခေါက် ရွေ့ဆိုင်းခံလိုက်ရသောကြောင့် သေချာပေါက် တိုက်ဆိုင်မှု မဖြစ်နိုင်တော့ချေ။

ကျောက်ကျိန်းရန်၏ မျက်နှာ အရှက်ရလွန်း၍ နီရဲနေပြီး အလွန်အမင်း ကိုးရို့ကားယား ဖြစ်နေတော့သည်။

"ဆာ..ကျုပ်က အော်လန်ဒိုကို အလုပ်ကိစ္စနဲ့ ခရီးသွားမှာဗျ..ခင်များတို့ နှစ်ယောက်ကြားထဲက ရန်ငြိုးတွေကြောင့် ကြားထဲက အပြစ်မရှိသူတွေကို မထိခိုက်စေချင်ဘူးဗျာ.."

"အပြစ်မရှိဘူး.."

လင်းရီ သက်လတ်ပိုင်းလူကို ကြည့်၍ "ကျုပ်ကောင်မလေးကို လှောင်ရယ်တာကျ အပြစ်ကင်းစင်တယ်‌ပေါ့..ခင်များသားကို ‌ဒီသောက်ရူးဆီက သင်ယူခိုင်းတာလည်း အပြစ်ကင်းတယ်ပေါ့..ဆက်ပြီး သင်ယူခိုင်းလိုက်လို့.."

"ဒါ‌...."

"ဆာ..ကျုပ်တကယ် အလျင်လိုနေလို့ပါ...သဘောထားကြီးပေးပါလား ဆာရယ်...."

လင်းရီ ပခုံးတွမ့်လိုက်ပြီး "ဒါရိုက်တာကျောက်ပဲ တိုက်ဆိုင်တယ်လို့ ပြောတာ မဟုတ်ဘူးလား..ကျုပ်မှာ လေယာဉ်ချိန်ကို ကြိက်သလို စီမံဖို့ အဲ့လို အခွင့်အာဏာမျိုး မရှိပါဘူး...ဒါကြောင့်မို့ သူ့ကို သွားပြောချည်..."

ချက်ချင်းဆိုသလို လူအုပ်ကြီး၏ အကြည့်မှာ ကျောက်ကျိန်းရန်ထံ ကျရောက်သွားပြီး မီး၀င်း၀င်းတောက်နေသော အကြည့်များဖြင့် ကြည့်လာကြသည်။

"ဆာ...ခင်များက ဒီကိစ္စကို စခဲ့တာဆိုတော့ သူ့ကို တောင်းပန်ပြီးတော့ ကျုပ်တို့ကို လေယာဉ်စီးလို့ ရအောင် လုပ်ပေးပါလား.."

"ငါ့က တောင်းပန်ပေးရမယ်"

ကျောက်ကျိန်းရန် နှာခေါင်းရှုံ့လိုက်ပြီး "ငါဘယ်သူလဲဆိုတာ သိလား...ဘယ်လိုတောင်ငါ့ကို တောင်းပန်ခိုင်းရဲတာလဲကွ..."

"ခင်များဘယ်သူ ဆိုတာလည်း ကျုပ် သောက်ဂရုမစိုက်ဘူး..လေယာဉ်စီးလို့ရရင် ပြီးရောပဲ.."

"ငိုးပဲလေ..မင်းငါကို အဲ့လို လေသံနဲ့ ပြောရဲတယ်ပေါ့..မင်းကို သတ်မယ်ကွ..."

"ဘော့စ်ကျောက်..စိတ်လျှော့ပါဦးဗျ..."ချွီနန်ခြေတစ်လှမ်း ရှေ့တိုး၍ မျက်မှောင်ကုပ်လိုက်ပြီး "ကျွန်တော့် အထင်တော့ ဒီကနေ့ ကိစ္စက မရိုးရှင်းဘူး ထင်တယ်.....တခြား လေယာဉ် ပြောင်းစီးဆို့ဗျာ..."

ကျောက်ကျိန်းရန် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ လင်းရီသူ့ကို အကြိမ်ကြိမ် ပါးဖြတ်ရိုက်နေသည်မှာ များနေချေပြီ။

ထို့ပြင် ပိုပြီး အားမလိုအားမရ ဖြစ်မိသည်က ယခု အခြေနေနှင့် စပ်လျဉ်း၍ သူဘာမျှ မတတ်နိုင်ခြင်းကိုပင်။

"လမ်းဖယ်ကြမယ်..လမ်းဖယ်ကြမယ်..."

ကျောက်ကျိန်းရန် ထွက်ခွာတော့မည့် အချိန်တွင် လူအုပ်ထဲမှ အသံတစ်သံထွက်လာခဲ့၏။

"ချင်းကြီး မင်းကိုး..."

‌ချင်းဟန် ကျောက်ကျိန်းရန်ကို တစ်ချက်ကြည့်ပြီး ဘာမျှ မပြောချေ။ သူ လျန်ကျင်းမင်ကို ကြည့်၍ "လျန်..မင်းပဲ ကြည့်လုပ်လိုက်တော့ကွာ..."

လျန်ကျင်းမင် ခေါင်းညိမ့်လိုက်ပြီး "အားလုံးပဲ..ကျုပ် ကိုယ့်ကိုယ်ကို အရင် မိတ်ဆက်ပေးပါရစေ..ကျုပ်နာမည်က လျန်ကျင်းမင်..ပြီးတော့ ဒီလေကြောင်းလိုင်းရဲ့ အထွေထွေ မန်နေဂျာပါ.....ရှင်းဟွာ လေကြောင်းလိုင်းဆိုတာကလည်း ကျုပ် မိသားစုရဲ့အပိုင်ပါပဲ.."

"ကောင်းတာပေ့ါ..."ကျောက်ကျိန်းရန် ပြောလိုက်ပြီး "မင်းက ချင်းကြီးရဲ့ ဘော်ဒါဆိုတော့ ငါ စကားအပိုတွေ မပြောတော့ဘူး..ဒီမှာ တစ်ယောက်ယောက် ပြဿနာ လာရှာနေတယ်.. .မင်းကိုင်တွယ်လိုက်.."

"စိတ်မရှိပါနဲ့..အစ်ကိုကြီးလင်းက ကျုပ်သူငယ်ချင်း..ပြီးတော့ လေယာဉ်ချိန် ရွေ့ဆိုင်းဖို့လည်း သူကပဲ အမိန့်ပေးခဲ့တာ ဆိုတော့ ခင်များက ကျုပ်ကို ဘာသွားကိုင်တွယ်စေချင်တာ..."

All Chapters