အခန်း (၂၉၉)
Vol. 20 Ch. 299
" ငါက ဘာလို့ ရှာမတွေ့ရမှာ..မင်းလည်း နှာခေါင်းပေါက်အောက်မှာ ပါးစပ်ပါတာပဲ မဟုတ်ဘူးလား..."
"ဘာလို့လဲဆိုတော့ နင့်ရဲ့ ဘာသာစကားစွမ်းရည်က ဆိုးဆိုးရွားရွားကြီး မို့လို့ပေါ့ဟဲ့.."ကျီချင်းရန် ဂုဏ်ယူစွာဖြင့် ပြောလိုက်ပြီး သူမ မျက်နှာထက်တွင်တော့ လင်းရီထက် သာ၍ ပျော်ရွှင်နေဟန်ကတော့ အထင်းသားပင်။
"Very ကောင်း ..အရမ်း good..နင်က အဲ့လိုပဲ တ-ရုတ်စကားထဲ အင်္ဂလိပ်ညှပ်သုံး နေတာကိုး.."
"ချင်းရန် မင်းက ငါ့ကို အထင်လာသေးနေတာပဲကွ..အနည်းဆုံးတော့ ငါက ဘွဲ့ရပြီးတော့ တက္ကသိုလ်မှာလည်း သင်ခဲ့ရတော့ အင်္ဂလိပ်စကေးက ကောင်းပါသေးတယ်ဟ..."
"ဒါပေမယ့် နင်က ဘွဲ့တစ်ခု တည်းရှိတာလေ..ပြီးတော့ တက္ကသိုလ်မှာ သင်တယ်ဆိုတာကလည်း တိုက်ကွမ်ဒိုလို အားကစားတွေ..အင်္ဂလိပ်နဲ့ ဘာမှ မဆိုင်တာကို.."
"ကြည့်ရတာတော့ အရင်က ငါ့ကို အထင်တွေ သေးခဲ့လို့ ဘယ်လို ခံခဲ့ရလဲဆိုတာ မမှတ်သေးဘူးနဲ့ တူတယ်..."
"အဲ့တာကခည်း အရင်တုန်းကလေ..ဟွန့် ခုတော့ ငါက ဂျလည်လေး ဖြစ်သွားပြီနော်..နင့်ရဲ့ လှည့်ကွက်တွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး..."
"အဲ့တာဆို လောင်းကြမလား..."
"စိန်လိုက်လေ.."ကျီချင်းရန် အကြောက်အရွံ့ကင်းဟန်ဖြင့် "အခန်းတစ်ခန်း ငှားလိုက်..နင့်ဘာနင် ငှားရမှာနော်...ငါ ၀င်မပြောပေးဘူး..ငှားလို့ရရင် ငါနင်နဲ့အတူ တစ်ခန်းတည်း နေပေးမယ်..."
"မနေချင်ပါဘူးကွ..မင်းက ညသန်ခေါင်ကြီး အိပ်တတ်တဲ့ အကျင့်တွေ ရှိနေရင် ငါက ဘယ်လို သွားအိပ်ရမှာ.."
"ပေါက်တတ်ကရ..."
ကျီချင်းရန် ရှက်သွေးဖြန်းသွားပြီး "ငါက မဟောက်တတ်ပါဘူးနော်..."
"ဘာပဲပြောပြော ငါတော့ မင်းနဲ့ တစ်ခန်းတည်း အတူ မနေချင်ဘူး..နောက်တစ်ခု ပြန်ပြောင်းတာပေါ့.."
"ငါငလည်း နင့်ကို ဘာမှ လုပ်မှာ မဟုတ်ဘဲနဲ့ ဘာလို့ နင်က အဲ့လောက်တောင် ခါးခါးသီးသီး ငြင်းနေရတာလဲ..."ကျီချင်းရန် စိတ်ဆိုးသွားပြီး "မရဘူး..ငါတို့ ဒီည တစ်ခန်းတည်း အတူနေမယ်..ရှုံးတဲ့သူက ကြမ်းပြင်ပေါ်မှာ အိပ်ကြေး .."
"ဟင်း နောက်ဆုံးတော့လည်း ဒါပဲ ရွေးချယ်စရာ ရှိတယ် တူပါရဲ့ကွာ..ဒစ်စနီ ခရီးစဉ်ကတော့ ငါ့လူပျိုရည်ပျက်တဲ့ ခရီးစဉ်လေး ဖြစ်တော့မယ်ထင်တယ်..."
"အွက်.. အွက်.. ရွံ့ဖို့ကောင်းလိုက်တာ..အဲ့စကားက ငါပြောရမယ့် စကားတွေပါနော်..."ကျီချင်းရန် လင်းရီကို အထင်တသေးဖြင့် ကြည့်လိုက်သည်။
"မြန်မြန် အခန်း ယူလိုက်တော့..နင်ရှုံးရင် ကြမ်းပြင်ပေါ်မှာ အိပ်ရမှာ..."
ထို့နောက် လင်းရီမှာ ကျီချင်းရန်၏ ဆွဲခေါ်မှုဖြင့် ခန်းမထဲသို့ ရောက်ရှိလာခဲ့၏။
ဒစ်စနီ လက်အောက်ရှိ ဟိုတယ်တစ်ခု အနေဖြင့် သူတို့ ဟောခန်းထဲသို့ ၀င်လျင်၀င်ချင်း စိတ်ကြည်နူးဖွယ်ရာကောင်းသည့် လေထုကို ခံစားလိုက်ရသည်။
ဒစ်စနီ၏ ကာတွန်းဇာတ်ကောင်များမှာ ဟိုဟိုဒီဒီ ၌ရှိနေပြီး သူတိူ့ မရှိသော နေရာဟူ၍ မရှိ။ နေရာတိုင်းတွင် တည်ရှိနေကြပုံပင်။
"လင်းရီ..ငါဒီ ဆံညှပ်လေး လိုချင်ယို့..."
ကျီချင်းရန် ညွှန်ပြနေသော နေရာသို့ ကြည့်လိုက်သောအခါ အဖြူရောင် အစက်အပြောက်လေးများနှင့် ဟယ်လိုကစ်တီ ဆံညှပ်လေးတစ်ခုကို မြင်တွေ့လိုက်ရ၏။
"ကြိုက်ရင် ၀ယ်ပေါ့..."
"မဟုတ်ဘူး..ငါက နင် ၀ယ်ပေးတာကို လိုချင်တာ..."
"နောက်နေတာလား...တစ်ခုကို ၃၉ ဒေါ်လာတောင် ပေးရတယ်တဲ့..ငါ့မှာ တခြား သုံးစရာတွေ ရှိသေးတယ် မတန်ဘူး.."
"မရဘူး..ငါက ဒါပဲ လိုချင်တာ..၀ယ်ပေးယို့....."
လင်းရီနှင့် ကျီချင်းရန်တို့ ဆံညှပ်လေးတစ်ခု ၀ယ်ဖို့ရာ ဈေးကြည့်ပြီး ရန်ဖြစ်နေကြသည်ကို မြင်တော့ ခန်းမထဲရှိ လူများ ရယ်မောလိုက်ကြသည်။
သို့သော်လည်း အကယ်၍ ချင်းဟန်သာ ဤနေရာ၌ ရှိနေမည် ဆိုပါက သူတို့နှစ်ဦးကို လက်ခလယ် ထောင်ပြပေလိမ့်မည်။
တစ်ယောက်က သုံးဘီလီယမ် လောက် ချမ်းသာတဲ့ အမျိုးသမီး စီအီးအို..သူ့ဘေးက ကောင်ကလည်း ငွေသားသပ်သပ်နဲ့တင် ဆယ်ဘီလီယမ်လောက် လက်ထဲရှိတယ်...ဒါတောင်မှ ၃၉ ဒေါ်လာတန် ဆံညှပ်လေးတစ်ခုကို ငြင်းနေကြတယ်ပေါ့..လက်ခလယ်ယူလိုက်လို့...ငိုးမ သောက်တွဲတွေ...
"အေးပါ အေးပါ ..၀ယ်ပေးရင် ပြီးတာပဲမလား..."
"ရေး..ဒီလိုမှပေါ့.."
ကိုယ်တိုင် ၀ယ်ယူရသည့် စနစ်ဖြစ်သောကြောင့် လင်းရီ ပိုက်ဆံ ထည့်၍ ကျီချင်းရန် လိုချင်နေသည့် ဆံညှပ်ကို ၀ယ်ပေးလိုက်သည်။
ဆံညှပ်ရသွားတော့ ကျီချင်းရန် ပျော်ရွှင်စွာဖြင့် သူမ ခေါင်းပေါ်တွင် ပန်လိုက်ပြီး "လင်းရီ..ဘယ်လိုလဲ ငါနဲ့ လိုက်ရဲ့လား..."
လေယာဉ်မတက်ခင်က တစ်ခါ ရစ်ခံခဲ့ရဖူးသည့် အတွေ့အကြုံကြောင့် "ဆံညှပ်က သာမန်ပါပဲ..ပန်တဲ့သူကမှ ပိုလှတာ..."
"ခစ်ခစ်..စကားချိုချိုလေးတွေ အရမ်းပြောတတ်နေတယ်ပေါ့..."ကျီချင်းရန် ပျော်ရွှင်သွားပြီး "နင်က ဒီလိုတွေ အလိုက်သိနေမှတော့ ရှုံးလည်း ကြမ်းပြင်ပေါ် မအိပ်ခိုင်းရက်တော့ပါဘူးလေ..နင့်ကို ဆိုဖာပေးမယ်နော်..."
"ငါရှုံးမယ်လို့ ဘာလို့အဲ့လောက်ထိ သေချာနေတာ..မင်းထင်နေတာ ငါက အခန်းလေး တစ်ခန်းတောင် မငှားတတ်ဘူးလို့ ထင်နေတာလား.."
"အဲ့လို သဘောမျိုးတော့ မဟုတ်ပါဘူး..ဒီတိုင်း နင့်စကေးက ..အမ်....ဘယ်လိုပြောမလဲ..တအား နိမ့်နေလို့..."
"ကျားက ခွန်အားမပြတော့ မင်းက ကြောင်လေးလို လာဆက်ဆံနေတယ်ပေါ့လေ..."
သို့နှင့် နှစ်ယောက်သား ဧည့်ကြိုကောင်တာသို့ ရောက်လာခဲ့ပြီး အမျိုးသမီး၀န်ထမ်းမှ အင်္ဂလိပ်စကား ကျွမ်းကျင်သည့် လေသံဖြင့် "ဒစ်စနီ လောက ဟိုတယ်ကနေ ကြိုဆိုပါတယ်ရှင့်..."
ကျီချင်းရန် သူမကိုယ်ကို လှည့်လိုက်ပြီး ခေါင်းလေးစောင်း၍ လင်းရီမျက်နှာကိုကြည့်ကာ ပြပွဲကောင်းတစ်ခု ကြည့်ရန် ပြင်ဆင်နေလေသည်။
လင်းရီ တခဏမျှ တုံ့ဆိုင်းနေပြီး မျက်မှောင်ကြုတ်၍ "ဟယ်လို ခန်းယူစပိ ချိုင်းနိ့ .."(တီရုတ် လေသံဖြင့်)
"အော်..ဟုတ် ပြောတတ်ပါတယ်ရှင့်.."ကောင်တာရှိ အမျိုးသမီးမှ ပြောလိုက်ပြီး " ကျွန်မတို့ဟိုတယ်ဆီ နေ့တိုင်းနီးပါး တ-ရုတ်ဧည့်သည်တွေ လာတယ်ဆိုတော့ နည်းနည်းပါးပါးလောက်တော့ တတ်ထားရတာပေါ့ရှင်..."
ကျီချင်းရန် "????"
ဘာလဲဟ...
လာနောက်နေတာလား..
"ကျုပ်ကို တစ်ယောက်ခန်း တစ်ခန်းပေးဗျာ..ကျုပ်ရဲ့ သူငယ်ချင်းက ဆိုဖာပေါ် အိပ်လိမ့်မယ်..."
"ကောင်းပါပြီရှင် ခဏစောင့်ပါဦးနော်..."
"ဟုတ် အခန်းက ရပါသေးတယ်.. စုစုပေါင်း ၃၄၉ ဒေါ်လာ ကျသင့်ပါမယ်ရှင့်"
လင်းရီ ပိုက်ဆံပေးလိုက်ပြီး ခရီးသွားအမှတ်တရ သော့ချိတ်နှင့် တွဲစပ်ထားသည့် အခန်းသော့ကို ကမ်းယူလိုက်သည်။
"လင်းရီ..နင်ညစ်ပတ်တာ..."
နှစ်ယောက်သား ဓာတ်လှေကားထဲ၀င်တော့ ကျီချင်းရန် စိတ်တိုစွာ ပြောလိုက်ပြီး "ဘာကို ခန်းယူစပိ ချိုင်းနိ့လဲ..ဘယ်သူက အဲ့လိုမျိုးပြောပြီး အခန်းယူလို့လဲ....?"
"အဲ့ဗျာ..ငါ့ အပြစ်လာမတင်နဲ့လေ..."လင်းရီ ပြောလိုက်ပြီး "မင်းပြောတာ အခန်းငှားရမယ်ဆို..ခု ငှားပြီးသွားပြီလေ..အင်္ဂလိပ်လိုပြောပြီး ငှားရမယ်လို့ ပါလို့လား...ဘာလဲ မင်းရှုံးသွားပြီ ဆိုတော့မှ လောင်းထားတာကို သဘောမတူချင်တာလား... "
"ဘယ်သူက နင့်ကို တရုတ်လို ပြောခိုင်းလို့လဲ.."
"သူတို့ တရုတ်လို ပြောတတ်နေမှတော့ ငါက ဘာလို့ အင်္ဂလိပ်လို သွားပြောနေရမှာလဲ..ဟုတ်တယ်မလား..."
ကျီချင်းရန် စိတ်ဆိုးစွာဖြင့် ပါးဖောင်းလိုက်ပြီး မကျေမချမ်းဖြစ်ကာ လက်ပိုက်၍ တစ်ဖက်သို့ လှည့်သွားတော့သည်။
"ဟွန့်.."
"မင်းလောင်းဖို့ ဆန္ဒရှိမှတော့ လောင်းကြေးကိုလည်း သဘောတူရမယ်လေကွာ..ဆိုဖာပေါ် အိပ်ရမယ်လို့ ပြောထားမှတော့ ဆိုဖာပေါ်ပဲ အိပ်ပေတော့ ဟားဟား...."
ဓာတ်လှေကားထဲမှ ထွက်ပြီးနောက် လင်းရီတို့ သူတို့ငှားထားသည့် အခန်းထဲ ၀င်လိုက်ကြသည်။
အခန်းအပြင်အဆင်မှာလည်း ဒစ်စနီ ပုံစံအတိုင်းပင်။
အထူးသဖြင့်တော့ အိပ်ခန်းထဲ၌ ကာတွန်း ဇာတ်ကောင် အများအပြား ရှိနေပြီး ကျီချင်းရန်ကို အသည်းယားအောင် လုပ်နေတော့၏။
အိပ်ရာခင်းပေါ်တွင်လည်း ပန်းရောင် မိနီ ပုံအကြီးစားကြီး ရှိနေပြိး ကုတင်အရွယ်အစားမှာလည်း သူမအိမ်ရှိ ကုတင်ထက် နှစ်ဆပင် ကြီးနေလေသည်။ ထိုအခြင်းအရာကို မြင်တော့ ကျီချင်းရန် လင်းရီကို ကုတင်ပေါ်၌ ပေးမအိပ်ချင်တော့ပေ။
"အခန်းထဲမှာ အိပ်ချင်ရင် အိပ်လေ.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
"အိပ်ဖူး..."ကျီချင်းရန် ခေါင်းမာစွာဖြင့် "ငါက အရှုံးကို လက်ခံတယ်.နင့်လိုမျိုး အရှက်မမဲ့ဘူး.."
"မင်းပြောတာနော်..အဲ့လိုဆိုရင်လည်း အပြင်မှာ တစ်ယောက်တည်း အိပ်..ည အအေးပတ်ခါကျမှ လင်းရီရေ ဆိုပြီး လာမနှိုးနဲ့... "
"ဆုတောင်းလေ..ငါက လေယာဉ်ပေါ်မှာ အ၀ အိပ်ခဲ့ပြီးသား...လုံး၀ မအိပ်ချင်ပါဘူးနော်..တစ်ညလုံး ဇာတ်ကားကြည့်နေမှာ..."
"ဟုတ်လို့လား..မင်းအိပ်ပျော်သံလည်း ငါမကြားသလိုပဲ...."
"ငါ အိပ်မပျော်လည်း အဲ့တာ နင့်အပူပါလား..."ကျီချင်းရန် ပြောလိုက်ပြီး "မနက်ဖြန်ကျရင် နင့်ဆီကနေ ကုတင်ကို ပြန်လုပြမယ်...ဒီတော့ ကြပ်ကြပ်သတိထားနေ..."
"အေးပါ အေးပါ ဟုတ်ပါပြီ..ဒီကလည်း စောင့်နေပါတယ်..."လင်းရီ ငိုရအခက် ရယ်ရအခက် ဖြင့် ပြောလိုက်သည်။
လင်းရီ ကျီချင်းရန်ကို လျစ်လျူရှုလိုက်ပြီး သူ့အခန်းထဲသို့ ၀င်ကာ ကျီချင်းရန်ကို အိပ်ခန်း အပြင်၌ ချန်ထားရစ်ခဲ့လိုက်၏။
ပထမတန်းရှိ အိပ်သည့်နေရာမှာ လေယာဉ်ပေါ်တွင်တော့ သက်တောင့်သက်သာ ဖြစ်သော်လည်း အိပ်လို့ကောင်းသည့် နေရာသို့ မဟုတ်ချေ။ ထို့ကြောင့် ယနေ့ည ကောင်းစွာ အနားယူမှသာ နောက်တစ်နေ့၌ အားရပါးရ ကဲရန် ခွန်အားများ ရှိနေပေမည်။
အိပ်ရာပေါ်တွင်တော့ လင်းရီ နဖူးပေါ်လက်တင်၍ သူ၏ ပလန်များကို ဦးနှောက်ဖြင့် အကြမ်းဖျင်း တွေးတောကြည့်လိုက်သည်။
ကျီချင်းရန်နှင့် ပျော်ပါးခြင်းမှာ သူ၏ အဓိကရည်ရွယ်ချက် မဟုတ်ပဲ ရှန်းထျန်းကျိုးဆိုသည့် သူကို ဆွဲခေါ်ရန် အကြံဉာဏ်များ ထုတ်ရပေဦးမည်။
မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှာ ဝါရှက်တန်တွင် အခြေစိုက်ပြီး သူကတော့ လက်ရှိ အော်လန်ဒိုတွင် ရောက်ရှိနေလေသည်။
ထိုနေရာသို့ ရောက်ရှိရန် တစ်မျိုးတစ်ဖုံ ကြံရပေဦးမည်။
သို့သော်လည်း ပြဿနာ၏ အခရာကတော့ ဟော်ယွမ်ယွမ်လက်ထဲ၌ရှိသည်။ သူမထံမှ ရှန်းထျန်းကျိုး အကြောင်းကို ဂဏနဏ သိရှိပြီးမှသာလျင် လင်းရီလည်း ရှန်းထျန်းကျိုးကို မည်သို့ သွေးဆောင်ဖြားယောင်းရမလဲဆိုတာ အစီအစဉ်များ ရေးဆွဲနိုင်ပေလိမ့်မည်။
သူမ စုံစမ်းနေသည့် အတောအတွင်းတော့ လင်းရီ၏ အဓိက တာ၀န်မှာ ကျီချင်းရန်နှင့်အတူ ပျော်ရွှင်စွာ လည်ပတ်ပေးရန်ပင်။
ကံကောင်းစွာဖြင့် အော်လန်ဒိုမှာ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်သည့် နေရာတစ်ခု ဖြစ်ပြီး ဒစ်စနီ၏ ၀န်းရံမှုဖြင့် လည်ပတ်ရာ နေရာ တစ်ဒါဇင်ကျော်ခန့်လောက် ရှိပေသည်။ ယင်းက သူတို့ အတွက်ကောင်းကောင်းကြီး လည်ပတ်ဖို့ရာ လုံလောက်၏။
ထို့ပြင် မီရာမီ မှာလည်း အော်လန်ဒို အနီးနားလေးတွင်သာ။ သူတို့ လည်ပတ်ရင်း ငြီးငွေ့လာပါက မီရာမီသို့ တစ်ခေါက်လောက် သွား၍ အပမ်းဖြေလည်း ရပေသည်။ ယင်းက လင်းရီအတွက် အချိန်တစ်ချို့ ပိုရစေရန် လုံလောက်၏။
အကယ်၍ ထိုအချိန်အတောအတွင်း ဟော်ယွမ်ယွမ်မှ ရှန်းထျန်းကျိုးအကြောင်း တစ်စုံတစ်ရာကိုမျှ မစုံစမ်းနိုင်ပါက သူပြန်ရောက်သည်နှင့် တစ်ခါတည်း အလုပ် တန်းဖြုတ်လိုက်တော့မည်။
သို့တိုင်အောင် ယခုတော့ လင်းရီ ပြင်ဆင်စရာရှိတာများ ပြင်ဆင်ရပေမည်။ အကယ်၍ ကျီချင်းရန်သာ သူမနှင့် အပမ်းဖြေရန် သပ်သပ်မဟုတ်ပဲ တခြားအကြောင်းပြချက်များ ရှိသေးကြောင်း ရှာတွေ့သွားပါက သူနားကားသွားနိုင်၏။
ညည့်နက်သန်းခေါင်တွင် အတွေးပေါင်းစုံတွေးရင်း လင်းရီ သတိ ရှိတစ်ချက် မရှိတစ်ချက်ဖြစ်နေ၏။ သို့သော်လည်း ကျီချင်းရန်အကြောင်း တွေးမိသောအခါ လင်းရီ၏ အတွေးအာရုံမှာ ရုတ်ချည်းဆိုသလို နိုးကြားလာပြီး အိပ်ရာမှ ထ၍ တံခါးတိုးညင်းစွာ ဖွင့်လိုက်သည်။ထိုအခါ ကျီချင်းရန် အပြင်ဘက်၌ အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။
ဆိုဖာပေါ်တွင် ပက်လက်လှန်နေပြီး လက်မှာ ဘေးသို့ တွဲလျောင်းကျနေကာ ဖုန်းမှာလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျနေသည်။ သူမ ဖွင့်ထားသည့် ရုပ်ရှင်ကတော့ ဆက်လက်ပြသနေဆဲဖြစ်၏။
"ဟင်း..ဒီကောင်မလေးကတော့..."
လင်းရီ ကျီချင်းရန်ကို ခါးမှ ညင်သာစွာ ပွေ့ဖက်လိုက်ပြီး သူမ၏ ပန်းရောင် မိနီ ကုတင်ကြီးပေါ်တွင် အိပ်ချင်နေသည့် ဆန္ဒကို ဖြည့်ဆည်းပေးလိုက်၏။
နောက်တစ်နေ့ နံနက်တွင်တော့ ကျီချင်းရန် ရုတ်တရက် လန့်နိုးလာခဲ့ပြီး သူမ ကုတင်ပေါ်တွင်ရောက်နေသည်ကို မြင်တော့ အံ့ဩသွားခဲ့သည်။
ပထမတော့ သူမ အံ့အားသင့်နေသော်လည်း ခဏကြာပြီးနောက် သူမရင်ဘက်ထဲတွင် နွေးထွေးမှုများဖြင့် ပြည့်နှက်သွားခဲ့၏။
ညင်သာစွာဖြင့် သူမကုတင်ပေါ်မှ ဆင်းလိုက်သည်။ အပြင်သို့ရောက်သည့် အချိန်တွင်တော့ ကျီချင်းရန် ရေချိုးခန်းထဲမှ ရေများ ပြေးလွှားနေသည့် အသံကို ကြားလိုက်ရပြီး လင်းရီ မျက်နှာသစ်နေသည်ကို မြင်လိုက်ရသည်။
"လင်းရီ ..ကျေးဇူးပါနော်.."ကျီချင်းရန် တံခါးဘောင်ကို မှီပြီး အချိုသာဆုံး အပြုံးလေးဖြင့် ပြုံးပြလိုက်၏။ သူမ သွားမတိုက်ရသေးသောကြောင့်သာ မဟုတ်ပါက ဆုချသည့် အနေဖြင့် အနမ်းတစ်ပွင့်လောက် ပေးပြီး ဖြစ်သည်။
"ကောင်းကောင်း အိပ်ပျော်ရဲ့လား.."
"အွန်း.."ကျီချင်းရန် လေးပင်စွာဖြင့် ခေါင်းညိမ့်လိုက်ပြီး "ကုတင်က အရမ်း သက်တောင့်သက်သာရှိတယ်..အိပ်လို့ အရမ်းကောင်းတာပဲ..."
"အိပ်မက်တွေ ဘာတွေကော မမက်ဘူးလား..."
"မက်တာပေါ့..."
အိပ်မက်အကြောင်း ပြောသည့် အချိန်တွင်တော့ ကျီချင်းရန် ချက်ချင်းဆိုသလို တက်ကြွသွားခဲ့ပြီး လက်ကို ဝှေ့ယမ်း၍ "ငါမနေ့ညက အိပ်မက်မက်ခဲ့တာ အရမ်းစိတ်၀င်စားဖို့ကောင်းတယ်..သေချာနားထောင်နော်..."
"အိပ်မက်ထဲမှာ ငါက စနိုးဝှိုက် မင်းသမီးလေး ဖြစ်သွားပြီးတော့ လူပုလေးတစ်ကောင်က ငါ့နောက် လိုက်နေတာ..ဒါပေမယ့် ငါက ၀က်ဝံကြီးဆီ ပြေးသွားလိုက်တယ်လေ..သူက လူပူလေးကို မောင်းထုတ်ပေးပြီးတော့ ငါ့ကို တောထဲ ခေါ်သွားခဲ့တယ်...ငါလည်း အဲ့၀က်ဝံကြီးကို ဖက်ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်တယ်...နင်သိလား...ငါ အဲ့၀က်၀ံကြီးကို ဖက်လိုက်တဲ့အချိန်မှာ အရမ်း သက်တောင့်သက်သာ ဖြစ်ပြီးတော့ နူးညံ့....အမ်...ငါ အိပ်မက်မက်ခဲ့တယ်ဆိုတာ နင်က ဘယ်လိုလုပ် သိတာ..."
လင်းရီ သူ၏ ရှပ်အင်္ကျီကို လှန်ပြလိုက်ပြီး ကုတ်ခြစ်ရာ အနီရောင်များကို လှစ်ဟ ပြလိုက်သည်။
"ငါဘယ်လိုလုပ်ပြီး သိတယ်တယ်လို့ ထင်လဲ..."