ထိမိအိစက်သော တွေ့ဆုံမှု
Vol. 15 Ch. 208
ဟန်လိသည် အရသာထူးလှသော ရမ္မက်အိပ်မက်တစ်ခု ကြုံနေရသည်ဟု ခံစားမိနေ၏။ အိပ်မက်ထဲ၌ သူနှင့်အတူ ရှိနေသောသူမှာ စိတ်အားထက်သန်မှုတို့ဖြင့် လောင်ကျွမ်းနေသည်။ သို့သော် သူက အကြွင်းမဲ့အလှလေး၏ မျက်နှာကို လုံးဝ ရှင်းရှင်းလင်းလင်း မမြင်ရဘဲ ရှိသည်။
အချိန်တစ်ခုကြာပြီးနောက် ဟန်လိသည် နောက်ဆုံး၌ သူ၏ စွဲမက်တမ်းတဖွယ်ရာ အိပ်မက်ကနေ နိုးထလာခဲ့ပြီ။
သို့သော် သူ မျက်လုံး ဖွင့်လာချင်းချင်း သူ မြင်လိုက်ရတာက လှပကျော့ရှင်းပြီး တုနှိုင်းမဲ့လှပသော မျက်နှာလေး၊ နှင်းကဲသို့ အေးစက်နေသည့် မျက်ဝန်းအိမ်နှင့် မျက်လုံးတစ်စုံတို့ကိုသာ။ ထိုလှပသော မျက်နှာလေးကို တချိန်တည်းမှာ သိသလို မသိသလို ဖြစ်ရသည်။ ထိုအခါ ဟန်လိ၏ စိတ်နှလုံးမှာ ထပ်မံ ဗြောင်းဆန်ရပြန်သည်။
“နင် နိုးလာပြီပေါ့…” ဆယ့်ရှစ်၊ဆယ့်ကိုးအရွယ် မိန်းမပျိုလေးက မထူးခြားနားဟန်ဖြင့် ပြောလာ၏။ သူမ၏အသံထဲ၌ တွယ်ငြိမှုအငွေ့အသက် လုံးဝ ပါမနေပါ။ ထိုအသံကို ကြားရသည့်အခါမှာ ဟန်လိ၏နောက်ကျော စိမ့်ခနဲ ဖြစ်သွားမိသည်။
ထိုသို့ ခံစားမိနေရင်း သူ ထပ်တွေ့ရသည်ကား သူ ကိုယ်တိုင်လည်း အဝတ်ဗလာနှင့် သူ ထွေးဖက်ထားသော မိန်းမလှလေးမှာလည်း အဝတ်ဗလာနှင့် ဖြစ်နေခြင်းကိုပင်။ ထိုမိန်းမပျိုလေး၏ မျက်နှာမှာ ပထမဆုံးအကြိမ် ရှက်သွေးဖြန်းသွားသည်။ သို့သော် သူမက သူမ၏ ကြော့ကြော့မော့မော့ မျက်ခုံးလေးကို ပင့်ကာ ကျောက်စိမ်းကဲ့သို့ လှပသော မျက်နှာလေးအား အေးစက်စက် အမူဟန်ဟန်ပန် ဖြစ်စေသည်။ သူမက အေးတိအေးစက်ကြီး ပြောချလာ၏။
“နင် မကျေနပ်သေးဘူးလား။ နင့်ရဲ့ ခွေးလက်တွေကို ငါ့ကိုယ်ပေါ်ကနေ ဖယ်တော့ဟ၊ ငါ့ကို ခုချက်ခြင်း လွှတ်ပေးစမ်း…”
ကြောင်တိကြောင်တောင်ဖြစ်ကာ ဟန်လိသည် သူ့လက်နှစ်ဖက်ကို ပြန်ရုတ်မိ၏။ သူမကို လွှတ်ပေး၏။
အလှပဂေးလေးက ဟန်လိ သူမကို ဖက်ထားရာကနေ လွှတ်ပေးသည့်အခါ လက်တစ်ဖက်ကို မြေပေါ်ထောက်၍ ကတိုက်ကရိုက် ထ၏။ သူမ၏ မျက်စိဖမ်းစားနိုင်လွန်းသော ခန္ဓာကိုယ်ကောက်ကြောင်းလေးက ဟန်လိ၏ ရင်ဘက်ရှေ့မှာ ကြွမြောက်သွားသည်။
သို့သော် ထိုအလှလေးက သွယ်လှသောခါး ဆန့်မိရုံ ရှိသေး သူမက အလန့်တကြား အော်မိသည်။ သူမ၏ ပန်းကဲ့သို့ လှပသောမျက်နှာလေးမှာ နာကျင်မှုကြောင့် ဖြူရော်သွားရသည်။ သူမ၏ခန္ဓာကိုယ်က ထပ်မံ လှုပ်ခါသွားကာ ဟန်လိ၏ ရင်ဘက်ပေါ် ပြန်ပြုတ်ကျသွားသည်။ ထိုအခါ ဟန်လိသည် နူးညံ့အိစက်သော အထိအတွေ့ကို ထပ်ကြုံရသည်။
ဟန်လိက သူ့ကိုယ်သူ လူကြီးလူကောင်းတစ်ယောက်၏ စရိုက်ရှိသူဟု လုံးဝ မသတ်မှတ်ထားခဲ့သူ မဟုတ်လား။
အနှီမိန်းမလှလေးက သူ့ရင်ခွင်ထဲ ရောက်လာမှတော့ သူက အရေးစိုက်ရမည်၊ သူ့လက်ကို ချက်ခြင်း မြှောက်ကာ သူမ၏ခန္ဓာကိုယ်လေးကို သိမ်းကြုံးဖက်ပစ်သည်။ ထို့နောက်….ထို့နောက်…ထို့နောက်တွင်တော့…
သူက သူမ၏ နူးညံ့ကာ စွဲညှို့နိုင်စွမ်းရှိလွန်းသော နှုတ်ခမ်းတစုံပေါ် ညင်သာယုယစွာ အနမ်းမိုး ရွာတော့သည်။ မိန်းမပျိုလေးက ရုန်းကန်ချင်သည်။ ဟန်လိကလည်း ကြမ်းသည်။ ဟန်လိ၏ ပြင်းပြင်းထန်ထန် အနမ်းမိုးများအောက်မှာ သူမ၏ ဖြောင့်စင်းလှသော မျက်ခုံးလေးမှာ မှေးစင်းသွားခဲ့ပြန်ပြီ။ သူမက မိန်းမောမှုထဲ ထပ်မံ ကျရောက်သွားခဲ့ရပြန်ပြီ။
ဟန်လိနှင့်မိန်းမပျိုလေးတို့သည် ယောက်ျားနှင့်မိန်းမကြားရှိ ပိတိဝေဖြာစရာ အရသာကြားမှာ လွင့်မျော ပျော်မွေ့ကြပြန်သည်။ သည်တစ်ခါ ပထမတစ်ကြိမ်နှင့် ယှဉ်ပါက အခုလို အသိစိတ်လွတ်တဝက်၊ မလွတ်တဝက် ဖြစ်နေသော အခြေအနေက သူတို့ကို ပို၍ စိတ်အားထက်သန်စေခဲ့သည်။ ပိုရူးသွပ်စေခဲ့သည်။ အသိလွတ်စေခဲ့သည်။
ယနေ့၌ မိန်းမလှလေးက ဟန်လိ၏ ရင်ဘက်ပေါ် ပါးအပ်ကာ မျက်လုံး တင်းတင်းစေ့ထား၏။ သူမ၏ ပါးမို့မို့တို့မှာ ရှက်သွေးဖြန်းကာ နီမြန်းနေသည်။ သူမ၏ ရင်ဘက်က နိမ့်တုံမြင့်တုံ ဖြစ်ကာ အသက်ရှုသံတို့ ပြင်းထန်နေဆဲ။ သူမက ချစ်စိတ်ချစ်မာန် မပြေသေးသလား၊ ပြေသွားပြီလား။ ဟန်လိက လက်တဖက်ဖြင့် ဒီမိန်းမလှလေးကို သိုင်းဖက်ထား၏။ တခြားလက်ကတော့ သူမ၏ လုံးဝန်းမို့မောက်ကာ ဖွံဖြိုးလှသော နေရာများထံ လိုအင်ဆန္ဒတစ်ခုဖြင့် စုန်ချည်ဆန်ချည် ပွတ်သပ်ပေးနေမိသည်။
အချိန်မည်မျှ ကြာသွားသည် မသိရပေ။ လှပကျော့ရှင်းလှသော မိန်းမပျို၏ အသက်ရှုသံက နောက်ဆုံး၌ တည်ငြိမ်သွားခဲ့သည်။ သူမ၏အမူဟန်ပန်က ပုံမှန် ပြန်ဖြစ်သွားခဲ့လေပြီ။ သူမက ဖြည်းဖြည်းချင်း မျက်လုံး ဖွင့်လာသည်။
သည်တစ်ကြိမ်၌ သူမက ဟန်လိကို စကားတခွန်းမှ မဆို၊ သူမခန္ဓာကိုယ်ပေါ်တွင် ကမြင်းနေသော ဟန်လိ၏ လက်ကို ဘေးသို့ ချက်ခြင်း တွန်းဖယ်သည်။ တည်တည်ကြည်ကြည်ဟန်ပန်ဖြင့် သူမ ထရပ်ပြီး အနီးအနားရှိ သိုလှောင်အိတ်ထံ လျှောက်လာ၏။ ဟန်လိက ငေးမောနေမိသည်။ သို့သော် ခဏတာ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူက သူမကို မနှောက်ယှက်တော့ပေ။
မိန်းမပျိုက နှင်းကဲ့သို့ ဖြူဆွတ်သော ဝတ်စုံဖြူတစ်စုံကို သိုလှောင်အိတ်ထဲကနေ ထုတ်၍ ညင်သာစွာ ဝတ်၏။ ခဏအကြာ သူမ ဝတ်၍ ပြီးသွားပြီ။ သူမ၏ အသွင်အပြင်သည် ချက်ခြင်း ပြောင်းလဲသွားသည်။ သူမ၏ ကျက်သရေရှိကာ တည်ကြည်သော ဟန်ပန် ပြန်ပေါ်လာသည်။ ထိုအချိန်၌ သူမက ဟန်လိဘက်သို့ လှည့်ကာ တချက် စိုက်ကြည့်နေသည်။
ဟန်လိလည်း သေသေသပ်သပ်ဖြင့် အဝတ်ပြန်ဝတ်ကာ သူမ၏နောက် မလှမ်းမကမ်းတွင် ရပ်နေ၏။ သူက ထိုမိန်းမလှလေးကို ချစ်ခင်လေးစားမှု၊ နူးညံ့မှုတို့ ပါသော အကြည့်ဖြင့် စိုက်ကြည့်နေ၏။ ဤသည်က သူမ၏ စိတ်ကို လှုပ်ခတ်သွားစေပြန်သည်။ သူမ၏ စိတ်နှလုံးထဲ၌ ထူးဆန်းသော ခံစားချက် အရိပ်အယောင်တစ်ခု ပေါက်ဖွားလာခဲ့သည်။
“ငါ ဘယ်လိုလူလဲဆိုတာ နင် ကောင်းကောင်း သိမှာပါ။ ငါတို့ကြားမှာ ဖြစ်ခဲ့တဲ့ ကိစ္စက မတော်တဆ အမှားပဲ။ နင် ဒါကို အိပ်မက်တစ်ခုလို့ ဟန်ဆောင်နေပါ…”
မိန်းမပျိုက သူမ၏ ကြော့မော့သော ဆံနွယ်ကို ညင်သာစွာ သပ်တင်၍ ခပ်တိုးတိုး ပြောလိုက်သည်။
“ကျုပ် သိပါတယ်…” ဟန်လိက ခဏ တိတ်ဆိတ်နေပြီးနောက် နှာခေါင်းပွတ်ကာ အေးအေးဆေးဆေး ပြန်ဖြေ၏။
“ဒီနေ့ကိစ္စကို တတိယမြောက်သူ တစ်ယောက်က သိသွားခဲ့ရင် ငါ နင့်ကို လာသတ်မယ်…”
သူမက အေးတိအေးစက်လေသံဖြင့် ရုတ်တရက် ပြောလိုက်သည်။
“ကျုပ် တခွန်းမှ မဟဘူး။ ဒီကိစ္စကသာ အပြင်ဘက်လောကမှာ ပျံ့နှံ့သွားခဲ့ရင် ခင်ဗျား ကျနော့်ကို လာသတ်နိုင်ပါတယ်…” ဟန်လိက နွေးထွေးစွာ ပြုံး၍ ပြန်ဖြေသည်။
“ဟက်… နင် သဘောပေါက်ရင် ပြီးတာပဲ…”
ဟန်လိက ချက်ခြင်း သဘောတူသည်ကို မြင်သည့်အခါ တကယ့်တကယ်တမ်း သူမ၏ စိတ်ထဲ၌ ပျော်မသွားပေ။ ထိုအစား သူမက ဒေါပွသလိုပင် ခံစားမိရ၏။ သူမ၏ လေသံပါ ပိုမာသွားသည်။
ထိုသို့ ပြောပြီးနောက် မိန်းမပျိုနှင့်ဟန်လိတို့က အချိန်တခုကြာ ငြိမ်သက်နေ၏။ မည်သူကမျှ နောက်ထပ်စကား မပြောကြတော့ပေ။
မိန်းမပျိုက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း သူမက ကလေးဘဝတည်းက ကျင့်ကြံခြင်းတွင်သာ အချိန်ကုန်ခဲ့သူ ဖြစ်၏။ ယောက်ျားနှင့်မိန်းမကြား ကိစ္စများနှင့် ပတ်သတ်၍တော့ သာမန်မိန်းမပျိုလေးတစ်ယောက်နှင့် ဘာမျှ မခြားပေ။ ထို့ကြောင့် သူမက ဒီကိစ္စကို အပြင်သို့ မပေါက်ကြားဖို့ ပြောခဲ့သော်လည်း သူမ၏အတွေးများကမူ ဂနာမငြိမ် ဖြစ်နေဆဲသာ။
ဟန်လိလည်း သူမထက် အခြေအနေ ပိုကောင်းမနေပါ။ သူလည်း မိန်းမတစ်ယောက်နှင့် လုံးလုံး မထိတွေ့ခဲ့ဖူးသူ၊ အခု ကြုံရတော့လည်း အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူအမျိုးသမီးနှင့် ဖြစ်နေသည်။ ထို့အပြင် ဤကဲ့သို့ အနှိုင်းမဲ့ ပါရမီနှင့် လှပသော မိန်းမပျိုက သူ စိတ်ကူးယဉ်ခဲ့ဖူးသော ရိုးရိုးမိသားစုတစ်စု၏ ချစ်စရာကောင်းသော သမီးပျိုလေးတို့နှင့် လုံးလုံး ကွဲပြားနေသည်။ ထိုအခါ ဟန်လိသည် ခါးသီးစွာ ရယ်မောမိရ၏။ သည်တစ်ည၏ သည်ကိစ္စက သူ့အတွက် ကောင်းချီးလား၊ သို့တည်းမဟုတ် ကျိန်စာ ဖြစ်နေမလား။
သို့ပေမည့် မည်သို့ပင်ဖြစ်ပါစေ ဟန်လိက ထိုမိန်းမပျိုက သူ့ကို သတ်ပစ်လိုစိတ် မရှိသည်ကို မြင်မှ စိတ်အေးနိုင်တော့၏။ ထိုအလှပဂေးလေးနှင့် ဇနီးနှင့်ခင်ပွားကြားကိစ္စကို ကြုံခဲ့ရတာက သပ်သပ်၊ တဖက်သူက သူ့ကို ရန်လိုစွာ သတ်ဖြတ်လာခဲ့ပါက သူကတော့ သူ့ကိုယ်သူ လည်စင်း၍ အသေခံမည် မဟုတ်ပေ။
“ဒီအဝန်းအဝိုင်းက ဘာများလဲ။ ဒါက ခင်ဗျားနဲ့ ကျုပ်ကို…ဟိုလို…” ဟန်လိက ဦးဆုံးစပြော၏။ သို့သော် သူ စကားတဝက်ရောက်သည့်အခါ ဆက်မပြောတော့ပေ။ သို့ပေမည့် တဖက်သူက သူ့စကား၏ ဆိုလိုရင်းကို နားလည်မည်ဟု သူ ယုံသည်။
“ဒါက မင်နက်ရေနဂါးရဲ့ သုတ်အကျိတ်လုံးပဲ။ ဒီသားရဲကောင်က မြင်ရခဲတဲ့ အထီးရေနဂါး ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ငါ အဲ့ကိစ္စကို တကယ်ပဲ ပေါ့ပေါ့ဆဆနဲ့ မေ့သွားခဲ့မိတယ်။ ဒီအလုံးထဲမှာ ရမ္မက်စိတ်ထစေတဲ့ မြူခိုးတွေ ပါဝင်တယ်။ ဘယ်အမကပဲဖြစ်ဖြစ် ဒါကို ထိမိတာနဲ့ အဲ့အလုံးဟာ ချက်ခြင်း ပေါက်ကွဲသွားလိမ့်မယ်…”
“ဪ…အဲ့လိုကို…”
သူမ ပြောမှ ဟန်လိသည် သိရတော့၏။ သူ့စိတ်ထဲ၌ ဖြစ်နေသော သံသယလည်း နောက်ဆုံးမှာ ဖြေရှင်းပြီး သွားခဲ့ပြီ။
“ခင်ဗျားရဲ့ ခုလက်ရှိ ပုံပန်းသွင်ပြင်က ဘာကြောင့် အရင်နဲ့ မတူတော့တာလဲ…”
“ငါက ဂိုဏ်းရဲ့ ထူးခြားတဲ့ ကျင့်ကြံခြင်းပညာရပ်တစ်ခုကို လေ့ကျင့်ခဲ့တယ်။ အဲ့ပညာရပ်ကို ပိုးသားအမျိုးသမီးပြန်လည်မွေးဖွားခြင်း ပညာရပ်လို့ ခေါ်တယ်။ ဒီပညာရပ်က ထူးခြားပေမယ့် လူတစ်ယောက်ကို ငယ်ရွယ်နုပျိုစေနိုင်တယ်။ ဒါ့ကြောင့် ငါက ငယ်ရွယ်တဲ့အသွင်ပုံစံ ဖြစ်နေတာ။ ဆယ်နှစ်တစ်ကြိမ် ဒီမှော်ပညာရပ်က တစ်ကြိမ် လှည့်ပတ်တယ်။ ငါ့မှော်စွမ်းအားနဲ့ အဲ့လို လည်ပတ်စေတာပဲ။ ဒါ့ကြောင့် ငါ့ရုပ်က နုပျိုနေတာ။ ဒါပေမဲ့ နင်နဲ့ငါ့ရဲ့ ကြားက ကိစ္စကြောင့် ဒီပညာရပ်ဟာ ယာယီ ကျိုးပျက်သွားခဲ့တာပဲ။ ဒါ့ကြောင့် ငါက နည်းနည်းအသက်ပိုကြီးသလို ဖြစ်သွားတာ…”
ထိုမိန်းမပျိုက ရှင်းပြပြီးနောက် တိတ်ဆိတ်သွားပြန်သည်။
“အဲ့တော့…ခင်ဗျားအတွက် ခုချိန်မှာ ဘာပြဿနာမှ မဖြစ်နိုင်ဘူးလား…”
ဟန်လိက ဒီမေးခွန်းကို ဘာကြောင့် မေးမိမှန်း သူကိုယ်တိုင် မသိပေ။
“ပြဿနာ မရှိဘူး။ ငါ့မှော်ပညာရပ်ဟာ အောင်မြင်မှု ရှိထားပြီးသား။ ငါ့အပျိုစင် ပျက်စီးသွားခဲ့ရင်တောင် ငါ့အနေနဲ့ ဒီမှော်စွမ်းအားကို ငါးနှစ်၊ခြောက်နှစ်လောက် ဆုံးရှုံးသွားရုံပဲ…”
သူမက ဟန်လိကို အေးစက်စက် ကြည့်ကာ ပြောလိုက်၏။
ထိုစကားကို ကြားသည့်အခါ ဟန်လိသည် ငြိမ်သက်သွားသည်။ သူက သူမသည် အပျိုစင်ဓာတ် ဆုံးရှုံးသွားသည့်အတွက် စိတ်ထဲ၌ မကျေမနပ်ချက် ရှိနေသေးတာကို သိသည်။
သူမသည် အတော်လေး မှားခဲ့ပြီဟု အမှန်တကယ် ခံစားမိနေ၏။
သူမနှင့် ဟိုဒီကိစ္စဖြစ်ခဲ့သော အဝါရောင်မေပယ်တောင်ကြား၏ တပည့်မှာ အမှန်တကယ် သာမန်အဆင့်သာ ရှိ၏။ ရုပ်ရည်၊အရည်အချင်း ဘယ်နေရာမှ ထူးကဲနေတာ မရှိပေ။ သူမက ထိုသို့သောသူနှင့် ယောက်ျားနှင့်မိန်းမကြားက ကိစ္စကို အမှန်တကယ် ပြုလုပ်ခဲ့မိသည်။ သူမလို အမြဲတမ်း မော်ကြွားကာ ဂုဏ်ဝင့်သော သူမျိုးအတွက် စိတ်ကသိကအောင့် မဖြစ်မိဘဲ ဘယ်နေပါ့မည်နည်း။
သို့သော် သူမ၏ စိတ်ထဲက အမုန်းတရားကို ဖြေလျှော့ဖို့အတွက် သူမက ဟန်လိကို မသတ်ချင်ပေ။ တကယ်တော့ တဖက်သူက သူမ၏ အပျိုစင်ဘဝကို ယူခဲ့သူ မဟုတ်လား။ ထိုသူ့အပေါ်၌ သူမသည် ထူးခြားသော ခံစားချက်အချို့ ရှိနေမိသည်။ သို့အတွက် သူမက ဒေါသလည်းထွက်မိသလို မုန်းလည်း မုန်းမိ၏။
“အခု ဘယ်အချိန် ရှိပြီလဲ။ ငါးရက် အကန့်အသတ်ကိုတော့ မကျော်လောက်သေးဘူးမလား…”
ဟန်လိက တစ်ခုခုကို တွေးမိကာ ရုတ်တရက် မမေးမိဘဲ မနေနိုင် ဖြစ်၏။
သူ့စကားကို ကြားသည့်အခါ စိတ်မတည်မငြိမ် ဖြစ်နေသော မိန်းမပျို၏ စိတ်ထဲ၌ ရုတ်တရက် လန့်မိသွား၏။ သူမက ချက်ခြင်း စိတ်ပြန်တည်ငြိမ်စေကာ ပြန်ပြောသည်။
“အခု သိပ်တော့ နောက်မကျလောက်သေးဘူး။ ငါတို့ အသိစိတ်လွတ်သွားခဲ့တာ အများဆုံးမှ ငါးနာရီ၊ ခြောက်နာရီလောက်ပဲ ရှိလိမ့်မယ်…”
“ဒါပေမဲ့ ငါတို့ ဒီက ထွက်သွားချင်ရင် ခုချက်ခြင်း နှစ်ယောက်လုံး ကြိုပြင်ဆင်မှ ဖြစ်မယ်။ ဒီအန္တရာယ်များတဲ့ နေရာက ထွက်ဖို့ သိပ်မလွယ်ဘူး..”
သူမက မျက်မှောင်ကြုတ်ကာ ထပ်ပြောသည်။
“ဒါပေမဲ့ အဲ့လို မလုပ်ခင် ဒီရတနာသေတ္တာကို ငါ ယူသွားမယ့်အပေါ် နင် ဘယ်လိုမှ မထင်ဘူးမလား…”
မိန်းမပျိုက ဟန်လိကို အေးစက်စက် ကြည့်ကာ ထိုသို့ ပြော၏။
သူမ၏ စကားကို ကြားသည့်အခါ ဟန်လိသည် ခါးသီးစွာ ရယ်မောမိ၏။ သူက ထိုအမျိုးသမီး၏ မှော်စွမ်းအား နက်နဲမှုကို အာရုံမခံမိသော်လည်း ကျိန်းသေပေါက် အခြေခံတည်ဆောက်ခြင်းအဆင့်အထက် ရှိနေသူ ဖြစ်တာကို သိသည်။ ရတနာသေတ္တာအတွက် သူမကဲ့သို့ လူမျိုးနှင့် သူက ဘယ်လိုလုပ် တိုက်ခိုက်ဝံ့ပါ့မည်နည်း။
ဟန်လိက စကားပြန်မဆိုသည်ကို မြင်သည့်အခါ သူမက အေးစက်စက် ပြုံး၍ ကျောက်စိမ်းအဆောက်အဦထံ ခုန်ဝင်သွားသည်။ အဆုံးသပ်၌ သူမက ရွှေရောင်သေတ္တာကို သူမ၏ သိုလှောင်အိတ်ထဲ အေးဆေး ထည့်ပစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့နောက် သူမက ဟန်လိထံ ပျံသန်းလာ၏။
“ဒီစိတ်ဝိညာဉ်ဆေးပင်တွေ…” ထိုအမျိုးသမီးက စိတ်ဝိညာဉ်ဆေးပင်များကို မခူးယူသည်ကို မြင်သည့်အခါ သူ မင်သက်ပြီး တမျိုးတမည် ဖြစ်သွား၏။
“ငါ အဲ့တာတွေ မလိုဘူး။ နင် သဘောကျရင် နင်ပဲ ယူလိုက်တော့…”
သူမက ညင်သာမှု တစ်စက်မျှ မပါသော လေသံဖြင့် ထိုသို့ ပြောသည်။
ထိုအခါ ဟန်လိကတော့ မပျော်ဘဲ ဘယ်နေပါ့မည်နည်း။ သူက တားမြစ်ဧရိယာကနေ ထွက်လာပြီးနောက် ဂိုဏ်းသို့ ပြန်ပေးရမည့် လုံလောက်သော စိတ်ဝိညာဉ်ဆေးပင်များ မရမှာ၊ တခြားသူများ သူ့ကို သံသယဝင်မှာ ပူပန်နေခဲ့သည်။ မိန်းမပျို၏ စကားကို ကြားရပြီးနောက် ဟန်လိက ချက်ခြင်းပင် စိတ်ဝိညာဉ်ဆေးပင်များထံ ပျံသန်းသွားကာ အလျင်အမြန် ရိတ်သိမ်းလိုက်၏။
မိန်းမပျိုကတော့ နေရာတွင်သာ ရပ်၍ ဟန်လိ၏ လှုပ်ရှားမှုများကို စကားတခွန်းမှ မဆိုဘဲ အေးစက်စက် ကြည့်နေသည်။ ဟန်လိက ဆေးပင်များယူ၍ ပြန်လာသည့်အခါ သူမက လေးလေးနက်နက် ပြောလိုက်၏။
“ငါတို့အတူတူ ပူးပေါင်းပြီး ဒီနေရာကနေ ထွက်သွားဖို့ လိုတယ်။ ငါတို့ထဲက တစ်ယောက်ကသာ လွဲချော်သွားခဲ့ရင် ဒီကနေ အောင်အောင်မြင်မြင် ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး…”