← Chapters

မူလမီးတောက်နန်းတော်

Vol. 19 Ch. 260

မူလမီးတောက်နန်းတော်

Vol. 19 Ch. 260

သူ့ရှေ့မှာ အလောင်းသူငယ်က ရွှေစာလုံးများ၏ဖိနှိပ်မှုကို ခံထားရပြီး ဖြည်းဖြည်းချင်းပျောက်ကွယ်နေသည်။ သေခြင်းအငွေ့အသက်များကလည်း ရှင်းလင်းသွားသည်။

“ဟမ် ....”

မြေပြင်တွင် ဓားဆေးလုံးတစ်ခုပေါ်လာပြီး မှိန်ဖျော့နေသောဝိညာဉ်သူငယ်ပုံရိပ်သည် အပိုင်းအစများအဖြစ် ပြောင်းသွားသည်။

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရှေ့သို့ ကြည့်လိုက်သည်။

ယခုတိုက်ပွဲတွင် သူက ဝိညာဉ်ဓားကို မသုံးခဲ့သလို ချီပင်လယ်ထဲတွင် ရှိနေသော ဓားဆန္ဒများကိုလည်း မသုံးခဲ့ပေ။

ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူကိုသတ်ရန်အတွက် ဒန်ထျန်ထဲတွင် ရှိသောဓားဆန္ဒနှင့် ဓား‌ဆေးလုံးနှစ်လုံးကိုသာ သုံးခဲ့ရသည်။

ထိုကျွမ်းကျင်သူသည် တိုက်ခိုက်နိုင်စွမ်း တစ်ဆယ်ရာနှုန်းသာ ကျန်သော အခွံလွတ်တစ်ခု ဖြစ်နေလျှင်ပင် ကောင်းကင်ဘုံတစ်ဝက်အဆင့်၌ ရှိနေသေးသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် မာမုန့်၏ခါးတွင် ချိတ်ထားသော ကျောက်စိမ်းရောင်သိုလှောင်အိတ်မှာ သူ့လက်ထဲသို့ ရောက်လာသည်။

သူက နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ပျော်ရွှင်သွားသည်။

သိုလှောင်အိတ်ထဲတွင် သိန်းချီသော မီးအဆီအနှစ်ကျောက်တုံးများ ရှိနေသည်။

ထိုထဲတွင် တစ်ထောင်ကျော်သော မီးခြင်ဆီအဆီအနှစ်ကျောက်တုံးများလည်း ရှိသည်။

များပြားလှသော ပမာဏဖြစ်သည်။

“ဝုန်း ....”

“ဘုန်း ....”

မိုင်းတွင်းတစ်ခုလုံးက တုန်ခါနေပြီး ကျောက်အပိုင်းအစများကျဆင်းလာသည်။

ပြန့်ကျဲနေသော မီးသဘာဝစွမ်းအင်များသည် တစ်နေရာတည်းတွင် စုစည်းလာသည်။

ကျောက်နံရံပေါ်တွင် ရှိနေသော အနီရောင်အလင်းများမှာ ပျောက်ကွယ်လာကြသည်။

ထိုအရာက မီးအဆီအနှစ်သလင်းကျောက်ကို ထုတ်ယူသောကြောင့်ဖြစ်သည်။

တာအိုဆရာတယန် အောင်မြင်သွားပြီ ဖြစ်သည်။

“ဘုန်း ....”

ကျောက်တုံးအခန်းက ပြိုကျလာလျှင် ဟန်မူယဲ့လည်း တစ်ဟုန်ထိုးပြေးထွက်လာသည်။

သူက လေပေါ်သို့ပျံတက်သွားသောအခါတွင် အောက်တွင် ရှိနေသောတောင်ကုန်းမှာ ပြိုကျသွားသည်။

မီးစွမ်းအင်အလင်းတချို့က ပြန့်ကျဲနေပြီး တချို့ကတော့ မြှုပ်နှံခံလိုက်ရသည်။

မိုင်းတွင်းမှာ ပျက်စီးသွားပြီ ဖြစ်သည်။

အောက်တွင် တာအိုဆရာတယန်က ပျံထွက်လာသည်။ သူ့နောက်တွင် ဒါဇင်နှင့်ချီသောပုံရိပ်များ ရှိနေသည်။ ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများက ပြန့်ကျဲနေသည်။

“ကယ်ပါဦး ....”

တာအိုဆရာတယန်က အားနည်းစွာအော်ပြောသည်။

ထိုဓားအလင်းများနှင့် ထိတွေ့သွားလျှင် သူ့ဝိညာဉ်စွမ်းအားက သေချာပေါက်ပြိုကွဲသွားပေလိမ့်မည်။

သူမသေလျှင်ပင် မှိန်ဖျော့နေသောပုံရိပ်တစ်ခုသာ ကျန်ရစ်ပေလိမ့်မည်။

သနားစရာကောင်းလှသော တာအိုဆရာတယန်ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ရယ်မောလျက် လက်တစ်ဖက်ဝှေ့ယမ်းသည်။ ဓားဆေးလုံးသည်‌ လေဟာနယ်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ပုန်းကွယ်ခြင်း…။

လေဟာနယ်ပုန်းကွယ်ခြင်းဓားနည်းစနစ်သည် တာအိုဆရာတယန်၏ နည်းစနစ်ဖြစ်သည်။

တာအိုဆရာတယန်မှာ တစ်ကိုယ်လုံးတုန်ခါသွားပြီး ဓားအလင်းကို ငေးကြည့်နေသည်။

ဓားအလင်းသည် ပုံရိပ်ယောင်ဆန်ပြီး သူ့ကိုလှည့်ပတ်နေသည်။ ဓားအလင်းက ဖျတ်ခနဲလှုပ်ရှားသွားပြီး သွေးများ ထွက်ပေါ်လာစေသည်။

ထိုဓားအလင်းကို တားဆီးနိုင်သူမရှိပေ။

ထိုဓားအလင်း၏လှုပ်ရှားပုံကို ထွင်းဖောက်မြင်နိုင်သူမရှိပေ။

နောက်မှ လိုက်လာသော ခုန်းလင်တာအိုဂိုဏ်း၏ ကျင့်ကြံသူများမှာ နေရာမှာတင်ရပ်တန့်လိုက်ပြီး ရှေ့ဆက်မတိုးရဲကြတော့ပေ။

“ဘုန်း ....”

အဝေးတစ်နေရာတွင် ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများ ထိတွေ့သွားပြီး မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။

ပေါက်ကွဲနေသောမီးတောက်များက ကောင်းကင်ကို အလင်းပေးလိုက်သည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူနှစ်ယောက်က အစွမ်းကုန်ထုတ်သုံး၍ ပြန်လာနေပြီ ဖြစ်သောကြောင့် လျင်မြန်စွာ ထွက်သွားရန် ခေါင်းဆောင်တောက်ရင်က အချက်ပြလိုက်ခြင်း ဖြစ်သည်။

ဟန်မူယဲ့က ကျယ်လောင်စွာရယ်မောလျက် ဓားဆေးလုံးကို ပြန်ဆင့်ခေါ်သည်။ ဓားအလင်းက တာအိုဆရာတယန်ကို ဦးဆောင်ခေါ်ယူလာသည်။ ဟန်မူယဲ့က လေပြေလေညင်းကဲ့သို့ ဓားဆေးလုံးနှင့် ပေါင်းစပ်ပြီး ကောင်းကင်ထက်တွင် ဓားအလင်းအသွင်ပြေးထွက်သွားသည်။

သူ့ကို တားဆီးနိုင်သူမရှိပေ။

ဓားပျံနည်းစနစ်က အမြန်နှုန်းကိုကိုယ်စားပြုသည်။ ထို့အပြင် သူသည် လေဟာနယ်ပုန်းကွယ်ခြင်းနည်းစနစ်၏ စွမ်းအားများပါနေသော ဓားဆေးလုံးကို အသုံးပြုထားသည်။

“မင်း၊ ဟန်မူယဲ့ သူ့ဓားနည်းစနစ်တွေကို‌ လေ့ကျင့်နေတာ ဘယ်လောက်ကြာပြီလဲ”

လေပြေလေညင်းအသွင်ဖြစ်နေသော တာအိုဆရာတယန်က မေးလိုက်သည်။

‘ဘယ်လောက်ကြာပြီလဲ’

ဟန်မူယဲ့က ခပ်ဟဟရယ်သည်။

“တစ်နှစ်”

တစ်နှစ်ပဲ ရှိသေးသည်။

“တစ်နှစ် ....”

တာအိုဆရာတယန်က အချိန်အတော်ကြာအောင်တိတ်ဆိတ်သွားပြီး ခပ်တိုးတိုးပြောသည်။

“ဟန်မူယဲ့၊ မင်းက တစ်နေ့မှာ သူ့ကိုကျော်ဖြတ်သွားရင် မင်းကို ငါ့သခင်အဖြစ် အသိအမှတ်ပြုမယ်”

‘သူက ဓားဘုရင်ယွမ်ထျန်းကို ဖြတ်ကျော်သွားမှာလား’

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားသည်။

‘ငါက ဓားဘုရင်ယွမ်ထျန်းကို ဖြတ်ကျော်ချင်တာပေါ့’ သူက တွေးသည်။

“ဟားဟား၊ ကောင်လေးဟန်။ အောင်မြင်ခဲ့လား”

ရှေ့မှာ ခေါင်းဆောင်တောက်ရင်က ရယ်မောနေသည်။

သူက အဆင့်တူနှစ်ယောက်၏ လိုက်ဖမ်းခြင်းမှ လွတ်မြောက်ပြီး ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

ဟန်မူယဲ့က တာအိုဆရာတယန်ကို လှည့်ကြည့်သည်။

တာအိုဆရာတယန်က လက်ဝါးဖြန့်သည်။

ခိုဥနှင့် အရွယ်အစားတူသော နီရဲနေသည့်ဝိညာဉ်ပုတီးစေ့များက သဘာဝစွမ်းအားများဖြင့် တောက်ပနေသေည်။

ထိုပုတီးစေ့များသည် လူတစ်ယောက်ကို အကြည့်မလွဲနိုင်အောင် ဆွဲဆောင်နိုင်စွမ်းရှိသည်။

မီးအဆီအနှစ်သလင်းကျောက်…။

မီးအမျိုးအစား ထိပ်တန်းအဆင့်ရတနာ…။

မီးအဆီအနှစ်သလင်းကျောက်တစ်ခုက ဝိညာဉ်ကျောက်တုံးသုံးသန်းတန်သည်။ ကျင့်ကြံခြင်းလောကထဲတွင် ထိုပစ္စည်းကြောင့် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများ အရူးအမူးတိုက်ခိုက်ကြပေလိမ့်မည်။

ခေါင်းဆောင်တောက်ရင်က မျက်လုံးများတောက်ပသွားပြီး အသက်ရှူနှုန်းလျင်မြန်လာသည်။

မီးအဆီအနှစ်သလင်းကျောက်က သူ့အတွက် ကောင်းကင်ဘုံအဆင့်သို့တက်လှမ်းရန် အလွန်အရေးပါသည်။

သူက လက်မြှောက်လိုက်ပြီး မီးအဆီအနှစ်သလင်းကျောက်နှစ်ခုကို လှမ်းယူ၍ လက်ထဲတွင် တင်းကျပ်စွာဆုပ်ကိုင်ထားသည်။

“တစ်ခု နှစ်ခုလောက်ရှာတွေ့ရင် ကံကောင်းပြီလို့ ငါထင်နေတာ။ ငါးခု ရှိနေမယ်လို့ ထင်မထားမိဘူး”

“ဒီနှစ်ခုနဲ့ဆိုရင် နှစ်ခြောက်ဆယ်အတွင်းမှာ ကောင်းကင်ဘုံအဆင့်ကိုတက်ဖို့ ယုံကြည်ချက်ရှိတယ်”

ခေါင်းဆောင်တောက်ရင်က ပြုံးလိုက်ပြီး ကျန်ရှိသော မီးအဆီအနှစ်သလင်းကျောက်သုံးခုကို ညွှန်ပြသည်။

“ကျန်တာကို မင်းအတွက်ယူလိုက်တော့”

‘အဲ့လိုလုပ်လို့ရတယ်ပေါ့’ ဟန်မူယဲ့က‌ တွေးမိသည်။

‘ကျွန်တော်တို့က အသက်စွန့်ပြီး ဒါကိုရအောင်ယူခဲ့တာလေ။ ဆုကြေးအနေနဲ့ ဒါကိုပြန်ပေးနေတာလား’

ဟန်မူယဲ့က ခေါင်းဆောင်တောက်ရင်ကို ကြည့်သည်။

ခေါင်းဆောင်တောက်ရင်က သူ့အကြည့်ကြောင့် ရှက်သွားပုံရပြီး တီးတိုးပြောသည်။

“ငါတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက ချောချောမွေ့မွေ့ မဖြစ်ခဲ့ဘူးလား”

“အရမ်းမစိုးရိမ်ပါနဲ့။ ငါတို့တွေ မူလမီးတောက်နန်းတော်ကိုရောက်ရင် နေကိုးစင်းနည်းစနစ်ရအောင် သေချာပေါက်ကူညီပေးမယ်”

နေကိုးစင်းနည်းစနစ်ကြောင့် ဟန်မူယဲ့က ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

ယခုအချိန်တွင် သူ့အတွက် ဆေးလုံးနှင့် ကျင့်ကြံခြင်းအတွေ့အကြုံများ လုံလောက်စွာရှိနေသည်။

နေကိုးစင်းနည်းစနစ်ကိုရယူပြီး အစွမ်းကုန်ကျင့်ကြံရန်သာ ကျန်တော့သည်။

ဟန်မူယဲ့က‌ ခေါင်းညိတ်လိုက်ပြီး တာအိုဆရာတယန်ဆီမှ မီးအဆီအနှစ်သလင်းကျောက်သုံးခုကို ယူလိုက်သည်။

သူက မိုင်းတွင်းထဲတွင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကိုသတ်ပြီး မီးအဆီအနှစ်ကျောက်တုံးနှင့် မီးခြင်ဆီအဆီအနှစ်ကျောက်တုံးများ ရရှိလာကြောင်း ခေါင်းဆောင်တောက်ရင်အား ပြောပြမည်မဟုတ်ပေ။

‘ဒီလူအိုကြီးက တကယ်ဆိုးတာပဲ’ သူတွေးလိုက်သည်။

အဝေးတစ်နေရာတွင် ဝိညာဉ်စွမ်းအင်အလင်းများ ပျံသန်းလာသည်။

ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်က သတ်ဖြတ်ဖို့ စိတ်မဝင်စားတော့ပေ။ သူတို့က ဓားကိုမြှောက်ပြီး ပျံသန်းသွားကြသည်။

....

မူလမီးတောက်နန်းတော်…။

တောအုပ်ထဲတွင် အမျိုးမျိုးသောအ‌ဆောက်အအုံများဖြင့် ဝိုင်းရံထားသော ခန်းဆောင်တချို့ရှိနေပြီး မြို့ငယ်တစ်ခုနှင့် တူသည်။

ခန်းဆောင်တချို့က ဝိညာဉ်စွမ်းအင်အလင်းများ ရှိနေပြီး တချို့က အက်ကွဲရာများနှင့် ပြည့်နေသည်။

ဤနေရာက မူလမီးတောက်နန်းတော်၏ နောက်ဆုံးခံတပ်ဖြစ်သည်။

နှစ်ထောင်ချီကြာအောင် တိုက်ခိုက်ခံရ‌သောခါတွင် မူလမီးတောက်နန်းတော်မှာ အင်အားသိပ်မရှိတော့ပါ။

ဤနေရာက ပုန်းကွယ်နေပြီး သူတို့က မူလမီးတောက်ကမ္ဘာ၏ နယ်မြေခံကျင့်ကြံသူများနှင့် မဟာမိတ်ဖွဲ့ထားသောကြောင့် ခုန်းလင်တာအိုဂိုဏ်းက ရှာမတွေ့သေးသဖြင့် ယခုထိ တိုက်ခိုက်ရန် ရောက်မလာသေးခြင်း ဖြစ်ပေသည်။

ထိုအချိန်တွင် မူလမီး‌တောက်နန်းတော်၏ အဓိကခန်းဆောင်ထဲတွင် ‌ခေါင်းဆောင်ဝမ်လော့ရှန်သည် လေးနက်သော မျက်နှာထားဖြင့် ထိုင်နေသည်။

မိုင်သုံးထောင်အကွာအဝေး၌ ကျင့်ကြံသူတစ်ထောင်ကျော်မှာ ဝန်းရံတိုက်ခိုက်ခံရပြီး အသတ်ခံလိုက်ရသည်ဟု သတင်းရသည်။

၎င်းသတင်းသည် မူလမီးတောက်နန်းတော်မှ အကြီးအကဲတစ်ယောက်၏ အရေးပေါ်သတိပေးချက်ဖြစ်သည်။

သို့သော်လည်း မူလမီးတောက်နန်းတော်တွင် အပြင်သို့ ခရီးထွက်သွားသောအကြီးအကဲများ မရှိပေ။

‘အဲဒီတော့ ဘယ်သူက အကူအညီတောင်းနေတာလဲ’ သူတွေးမိသည်။

“နန်းတော်သခင်၊ တစ်ခုခုတော့ ပုံမှန်မဟုတ်ဘူး။ ငါတို့ လျစ်လျူရှုလိုက်တာ အကောင်းဆုံးပဲ‌”

အောက်တွင်ထိုင်နေသော အစိမ်းရောင်ဝတ်စုံဖြင့် အကြီးအကဲတစ်ယောက်က ကျယ်လောင်စွာ ပြောသည်။

သူ့ခန္ဓာကိုယ်၏ အငွေ့အသက်အရ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်တော့မည် ဖြစ်သည်။

ထိုကျင့်ကြံဆင့်မျိုးဖြင့်ဆိုလျှင် သူသည် မူလမီးတောက်နန်းတော်၌ ကျွမ်းကျင်သူတစ်ဦးအဖြစ် ယူဆနိုင်သည်။

သူ့စကားကြောင့် တချို့လူများက ခေါင်းညိတ်ပြီး တချို့က ခေါင်းခါသည်။

“ကောမင်၊ မူလမီးတောက်နန်းတော်ရဲ့ အကြီးအကဲတစ်ယောက်က ရန်သူ့လက်ထဲကိုကျသွားပြီး ငါတို့က မကူညီဘူးဆိုရင် ဂိုဏ်းသားတွေအားလုံးကို ဆုံးရှုံးလိုက်ရမှာပေါ့”

တခြားတစ်ဘက်တွင် အစိမ်းရောင်ဝတ်စုံနဲ့ သက်လတ်ပိုင်းအရွယ်လူကြီးက မတ်တပ်ရပ်လိုက်ပြီး ဂိုဏ်းခေါင်းဆောင်ကို ဦးညွှတ်သည်။

“ခေါင်းဆောင်၊ သူတို့ကိုသွားကယ်ပေးရန် အရဲစွန့်ပြီး တောင်းဆိုလို့ရမလား”

“ကျေးဇူးပြုပြီးကူညီပေးပါ နန်းတော်သခင်”

ခန်းဆောင်ထဲတွင် ရှိနေသောလူများက စောင့်ကြည့်နေသည်။

ဂိုဏ်းခေါင်း‌‌ဆောင်၏ ကျင့်ကြံခြင်းသည် ရွှေအမြုတေ အဌမအဆင့်တွင် ရှိပြီး ဓမ္မရတနာကို ကိုင်ဆောင်ထားသောကြောင့် ခုန်းလင်တာအိုဂိုဏ်း၏လူများကို တားဆီးနိုင်ခြင်း ဖြစ်သည်။

ဝိုင်းတိုက်ခိုက်ခံရသောလူများကို ကယ်တင်ချင်လျှင် ‌ခေါင်းဆောင်ကိုယ်တိုင် လှုပ်ရှားမှရလိမ့်မည်။ တခြားလူများသွားလျှင် သေလမ်းရှာသလိုဖြစ်နေပေလိမ့်မည်။

“ဟမ့်… ယွီရီကျီး… မင်းဘာသာသွားကယ်လိုက်ပါ့လား”

အရပ်ပုသော ခပ်ဝဝလူအိုကြီးက မကျေနပ်သော မျက်နှာထားဖြင့် ပြောသည်။

“ဟုတ်တယ်။ မင်းမသွားဘဲ ဂိုဏ်းခေါင်းဆောင်က အန္တရာယ်ဖြစ်သွားရင် မင်းမှာ အပြစ်ရှိတယ်”

အကြီးအကဲကောမင်က အေးစက်စွာ ပြောသည်။

ခန်းဆောင်ထဲတွင် အမျိုးမျိုးသောဆွေးနွေးသံများဖြင့် ဆူညံနေသည်။

ယွီရီကျီးက ဂိုဏ်းခေါင်းဆောင်ဝမ်လော့ရှန်ကို ကြည့်လျက် ကျယ်လောင်စွာ ပြောသည်။

“ဂိုဏ်းခေါင်း‌ဆောင်သွားမယ်ဆိုရင် ယွီရီကျီးက လိုက်ပါဖို့ဆန္ဒရှိပါတယ်”

‘တကယ်လား’

သူ့စကားများကြောင့် ခန်းဆောင်က တိတ်ဆိတ်သွားသည်။

လူတိုင်းက မသိစိတ်အလျောက် ထိပ်ဆုံးမှာထိုင်နေသောဂိုဏ်းချုပ်ကို လှည့်ကြည့်မိသည်။

ဝမ်လော့ရှန်၏ မျက်လုံးများက တောက်ပသွားပြီး ခပ်တိုးတိုးပြောသည်။

“ဘယ်သူက ဝိုင်းပြီးအတိုက်ခံနေရတာလဲ ငါသိချင်မိတယ်”

“ဒါက ခုန်းလင်တာအိုဂိုဏ်းရဲ့ထောင်ချောက်ဆိုရင်လည်း သူတို့ဘာလိုချင်တာလဲ ငါသိချင်တယ်”

ထို့နောက် သူက မတ်တပ်ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

“ငါသွားကြည့်လိုက်မယ်။ အကြီးအကဲကျိုးဖုန်းက ခေါင်းဆောင်နေရာကို ခဏယူထားလိမ့်မယ်”

ကျိုးဖုန်းဟုအမည်ရသော လူအိုကြီးက မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်သည်။

သူက ဂိုဏ်းခေါင်း‌‌ဆောင်ဝမ်လော့ရှန်ထက် တစ်ဆင့်သာနိမ့်သော မူလမီးတောက်နန်းတော်၏ အကြီးအကဲဖြစ်သည်။

သူသည် ရွှေအမြုတေ သတ္တမအဆင့်တွင် ရှိနေပြီး အားကောင်းသောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သူ့ဂုဏ်သတင်းက မူလမီးတောက်နန်းတော်တွင် ရှိသော တခြားလူများအားလုံးကို ဖိနှိပ်ရန် လုံလောက်သည်။

အရာအားလုံးကို စီစဉ်ပြီးသောအခါတွင် ဝမ်လော့ရှန်က လက်မြှောက်လိုက်သည်။ သူ့နောက်ကျောပေါ်မှာ ငါးပေရှည်သော ဓားတစ်လက်ပေါ်လာသည်။

All Chapters