← Chapters

အပိုင်း(၅၅၀)

Vol. 37 Ch. 550

အပိုင်း(၅၅၀)

Vol. 37 Ch. 550

နတ်ဆိုးသားရဲတောင်တန်း၏ ရေခဲနှင်းကုန်းမြေ၌ တွေ့ခဲ့ရသောအပြာရောင်ပုံရိပ်မှာ   လီလျိုရှင်းဖြစ်သည်ကိုရှစ်ဖုန့်

ယုံကြည်သည်ဖြစ်သည်။

ကျားဖြူက ရှစ်ဖုန့်နှင့်လီလျိုရှင်းတို့အား ကောင်းကင်ထဲသို့သယ်ဆောင်သွား၏။ မကြာခင်တွင်  ကျားဖြူက နှစ်ယောက်စလုံးအား ထျန်းလျန်အင်ပါယာတော်ဝင်မြို့

တော်အပြင်ဘက်သို့ခေါ်ဆောင်သွားသည်။

သို့သော် ယခုအခိုက်အတန့်တွင်ထျန်းလျန်အင်ပါယာ၏  တော်ဝင်မြို့တော်ရှိ ကောင်းကင်နှင့်မြေကြီးအားဆက်သွယ်ထားသကဲ့သို့ထင်ရသော အကြီးမားဆုံးနှင့်အမြင့်မားဆုံးအဆောက်အဦး၏ထိပ်၌  ရွှေရောင်လက်သည်းကိုးခုနဂါးဝတ်ရုံအားဝတ်ဆင်ထားကာ သရဖူတစ်ခုအား ခေါင်းထပ်၌ဝင့်ကြွားစွာ ဆင်မြန်းထားသော ပုံရိပ်တစ်ခုရှိနေသည်။

ထျန်းလျန်အင်ပါယာ၏အမြင့်မားဆုံးသော အဆောက်အဦးမှာ  ထျန်းလျန်အင်ပါယာ၏တော်ဝင်နန်းတော်ဖြစ်သည်။ရွှေရောင်ပုံရိပ်မှာ ထျန်းလျန်အင်ပါယာ၏ ဧကရာဇ်ဖြစ်သူ လန်ယွမ်ဖြစ်သည်။

လန်ယွမ်၏ ပုံစံမှာဩဇာတိက္ကမနှင့်ပြည့်စုံခန့်ထည်၏။  သူ့ဘဝ၏အကောင်းဆုံး အခြေအနေတွင်ရှိနေပြီး  သူ၏အရှိန်အဝါက တည်ငြိမှုရှိသည်။  သူ၏တစ်ကိုယ်လုံးက တမင်လုပ်မယူရပါဘဲသာလွန်သောအရှိန်အဝါတစ်ခုကိုပေးစွမ်းနေ၏။ သူက နိုင်ငံဥသျှောင်တစ်ပါး၏ အရှိန်အဝါဖြင့် ထျန်းလျန်အင်ပါယာ၏တော်ဝင်မြို့တော်ကို ငုံ့ကြည့်နေသည်။

လန်ယွမ်မှာ သူ၏လက်တို့အား နောက်သို့ပစ်ထားသည်။ ဤအခိုက်အတန့်တွင် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏ အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားသောသူ့

ရှေ့ရှိပုံရိပ်နှစ်ခုအားသူကြည့်နေ၏။

ထို့နောက်လန်ယွမ်သူ၏ပါးစပ်အား

ဟလိုက်ပြီးစကားပြောလိုက်သည်။

“ဒီလူက ထျန်းခွန်းဂိုဏ်းက အဆင့်ခုနှစ်သူတော်စင်နယ်ပယ် အဂ္ဂရိတ်သန့်စင်ဆရာသခင်ဟော့ချွီ.. ထျန်းခွန်းဂိုဏ်းရဲ့လိပ်နက်ခန်းမအရှင်သခင် လမ့်ယန်. ရှန်းဟွေ့မြို့ ကအုပ်ချုပ်သူ ရှန်းအောင်ရှင်းတို့ကိုသတ်ပစ်ခဲ့တဲ့လူငယ်လား.. မနေ့ညကသူ ရှင်းယောင်မြို့မှာရုတ်ရုတ်သဲသဲတွေ

ဖန်တီးပြီးတော့  ရက်အနည်းငယ်နဲ့ငါတို့ဆီကို

ရောက်လာတာလား”

လန်ယွမ်စကားဆုံးပြီးပြီးချင်း မှုန်မှိုင်းသောအသံတစ်ခုထွက်ပေါ်လာသည်။

“ဟုတ်ပါတယ်.. အရှင်မင်းကြီး..ဒီပုဂ္ဂိုလ်ပါပဲ”

လန်ယွမ်မှာ တော်ဝင်နန်းတော်၏ထိပ်၌တစ်ဦး

တည်ရပ်နေသော်လည်း အကယ်၍ အနီးကပ်ကြည့်လိုက်မည်ဆိုလျှင်  လန်ယွမ်၏ဘေးနား၌ မှုန်ဝါးသောပုံရိပ်တစ်ခုအားတွေ့ရနိုင်သည်ဖြစ်သည်။

အသံကအဝေးသို့လွင့်ပျယ်သွားပြီးနောက် ထိုလူကဆက်ပြောသည်။

“ဒီလူဟာ ရှန်းအောင်ရှင်းနဲ့ လမ့်ယန်တို့ကို ရှန်းဟွေ့မြို့မှာတိုက်ခိုက်တုံးက  သူ့ရဲ့ကျင့်ကြံမှုကကြယ်ငါးပွင့်သူ

တော်စင်နယ်ပယ်မှာပဲရှိပါသေးတယ်.. ဒါပေမဲ့. သူက ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ် ရှန်းအောင်ရှင်းနဲ့ လမ့်ယန်တို့ကိုသတ်ပစ်နိုင်ခဲ့တယ်”

“တစ်ရက်ကြာပြီးနောက်သူဟာ နတ်ဆိုးသားရဲတောင်တန်းက တောအုပ်မှာ ကျိရှောင်းနဲ့တိုက်ခိုက်ခဲ့တယ်…သူ့ရဲ့ကျင့်ကြံမှုကအဲ့အချိန်ကြယ်ခြောက်ပွင့်သူတော်စင်

နယ်ပယ်ကိုရောက်ရှိနေပြီး ကျိရှောင်းကို ဒဏ်ရာရစေခဲ့တယ်”

“မနေ့ညက ရှင်းယောင်မြို့မှာသူဟာချူးမိသားစုနဲ့တိုက်ခိုက်ခဲ့တယ်.. ရက်အနည်းငယ်ပဲရှိသေးတယ်. သူရဲ့ကျင့်ကြံမှုက ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်ကို

ရောက်ရှိနေပြီး ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ချူးကျုး

ကိုတောင်သတ်ပစ်ခဲ့တယ်”

အနက်ရောင်ပုံရိပ်၏ စကားတို့အားကြားလိုက်ရသောအခါတွင် လန်ယွမ်က အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“ ရက်အနည်းငယ်အတွင်းမှာပဲသူဟာ ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်ကနေ ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်အထိကို အဆင့်တက်ခဲ့တာပဲ.. အဲ့တာထက်ပိုတာ

က ငါတို့ရဲ့ထျန်းလျန်အင်ပါယာကို သူရောက်တာရက်အနည်းငယ်ပဲရှိသေးတယ် မြေကိုတုန်လှုပ်ကွဲအပ်စေတဲ့ကိစ္စမျိုးတွေကိုသူ လုပ်ပြီးနေပြီ.. အဲ့တာအပြင်သူက တိုက်ပွဲတိုင်းမှာ အဆင့်ပိုပြီးမြင့်တဲ့သူတွေကိုစိန်ခေါ်ခဲ့တယ်.. ဒီလူဘယ်ကလာလဲဆိုတာကိုမင်း ရှာတွေ့ပြီလား”

“ဒီငယ်သားရှာတွေ့ပြီးပါပြီ”

အနက်ရောင်အရိပ်ကပြန်ပြီးဖြေလိုက်သည်။

“ဒီလူက ကျွန်ုပ်တို့ရဲ့အရှေ့ပိုင်းဒေသကြီးထဲကယွင်လိုင်အင်ပါယာလို့ခေါ်တဲ့ နိုင်ငံငယ်လေးတစ်ခုမှာမွေးဖွားလာတာပါ.. သူ့ရဲ့မိသားစုနမည်ကရှစ်ဖြစ်ပြီးတော့ နမည်ကဖုန့်ပါ. သူကအသက်ဆယ့်ခြောက်နှစ်ပဲရှိပါသေးတယ်”

“သွေးဆာနတ်ဆိုးပညာရပ်အပြင်ကိုသူက ဧကရာဇ်ကျိုးယိုအသက်ရှင်စဉ်က ဖန်တီးခဲ့တဲ့ ငရဲဘုံကိုးခု ပညာရပ်ကိုလည်း ကျင့်ကြံထားပါတယ်…ဒီလူက ကြီးမြတ်သောဧကရာဇ် မိုရှောင်ယောင်ရဲ့တပည့်ဖြစ်ဖို့ပိုပြီးများပါတယ်”

“သူက ကြီးမြတ်သောဧကရာဇ် မိုရှောင်ယောင်ရဲ့တပည့်လား”

အနက်ရောင်ပုံရိပ်၏စကားအားကြားပြီးနောက် အစောကထိတည်ငြိမ်နေခဲ့သော လန်ယွမ်မှာ ရုတ်တရက်တုန်လှုပ်အံ့အား

သင့်သောအမူအယာဖြစ်လာသည်။ ယင်းမှာကြီးမြတ်သောဧကရာဇ် ရှောင်ယောင်၏နမည်ကြောင့်မှ

လွဲ၍အခြားမဟုတ်ပေ။

“အခြေအနေတွေအရတော့ ဒီလူရဲ့သိုင်းပညာရပ်တွေက တကယ်ကို ဧကရာဇ်ကျိုးယိုအသက်ရှင်စဉ်က ဖန်တီးခဲ့တဲ့ပညာရပ်တွေကိုအသုံးပြုနေတာပါ. သူက ဧကရာဇ် ရှောင်ယောင်ရဲ့တပည့်မဟုတ်ရင်တောင် သူက ငရဲဘုံကိုးခု မျိုးဆက်နဲ့ငရဲဘုံကိုးခုဧကရာဇ်တို့နဲ့တော့ဆက်နွယ်နေပါသေးတယ်”

အနက်ရောင်ပုံရိပ်က သေချာစွာပြောလိုက်သည်။

“ရက်အနည်းငယ်လေးနဲ့ ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်ကနေ ကြယ်ခုနှစ်ပွင့်သူတောစင်နယ်ပယ်အ

ထိကိုတက်ခဲ့ပြီးတော့ ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ကိုပါသတ်နိုင်တဲ့တိုက်ခိုက်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားတယ်..ဒီလူက အရမ်းငယ်သေးပြီး ဆယ့်ခြောက်နှစ်ပဲရှိသေးတာ.. သူ့ရဲ့အနာဂတ်အောင်မြင်နိုင်မှုတွေက စိတ်ကူးကြည့်လို့တောင်ရမှာမဟုတ်ဘူး.. အဲ့တာထက်ပိုတာက သူက ကျိုးယိုရဲ့တပည့်တစ်ဦးဖြစ်နေပြီး ငါ့ရဲ့လင်လုံလေးနဲ့ထိုက်တန်တယ်.. အဲ့အပြင်လင်လုံကလည်း သူ့ကိုစိတ်ဝင်စားနေပုံရတယ်”

ဝေးသည်ထက်ဝေးသွားသော အနက်ရောင်ပုံရိပ်အားကြည့်ရင်း   လန်ယွမ်က တီးတိုးရေရွတ်လိုက်သည်။

ဤသိုင်းပြိုင်ပွဲအတွင်းသူ့အနေဖြင့်သမီးဖြစ်သူအားအကြွေးတင်နေသည်ဟုခံစား

ရပြီးဖြစ်သည်။ သို့သော်လန်မိသားစု၏နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းနှင့်ထျန်းလျန်အင်ပါယာ၏ သန်းရာပေါင်းများစွာသောပြည်သူများအတွက်အလို့ငှာ သူ့၌ရွေးချယ်စရာမရှိဘဲ ဤကဲ့သို့လုပ်ရခြင်းဖြစ်သည်။

အခြားတစ်ဖက်တွင်ကျားဖြူက ရှစ်ဖုန့်နှင့်လီလျိုရှင်းတို့အားဘာမှ

မရှိသောဟင်းလင်းပြင်ထဲသို့ခေါ်

ဆောင်သွားသည်။  ထျန်းလျန်အင်ပါယာတော်ဝင်မြို့

၏အစွန်သို့မရောက်ခင်အထိပျံ

သန်းခိုင်းခဲ့ပြီးရောက်မှသာ ကျားဖြူအားဆင်းသက်ရန်ရှစ်ဖုန့်

ထပ်မံအမိန့်ပေးလိုက်၏။

အဖြူလေးက ဒုန်းဆိုင်းပြီး အောက်သို့လျှင်မြန်စွာထိုးဆင်းလိုက်သည်။ ထို့နောက်၎င်းက ရှစ်ဖုန့်နှင့်လီလျိုရှင်းတို့အား ကျောက်တုံးများဖြင့်ပြည့်နေသော နေရာသို့ခေါ်ဆောင်ခဲ့သည်။

လူသားလက္ခဏာဘာမှမရှိဘဲ တိတ်ဆိတ်သောနေရာသို့ရောက်ရှိပြီးနောက်  ရှစ်ဖုန့်က ကျားဖြူ၏ကျောထက်မှခုန်ဆင်းလိုက်သည်။

လီလျိုရှင်းမှာ ရှစ်ဖုန့်ကသူ့အား အဘယ်ကြောင့်ဤနေရာကို ခေါ်လာရသည်ကိုနားမလည်ဘဲ ပတ်ဝန်းကျင်အားကြည့်လိုက်ကာ မည်သူမျှရှိနေခြင်းမရှိသည်ကိုတွေ့လိုက်ရသည်။ လီလျိုရှင်း၏နှလုံးသားမှာရုတ်တရက်  တင်းကျပ်သွားသည်။   ဤအချိန်တွင်  ဆိုးရွားသော တစ်စုံတစ်ခု သူ့ထံ၌ဖြစ်လာတော့မည်ကို ကြိုတင်ခံစားနေရ၏။

“ညီ..ညီလေးရှစ်.. ဘာ..ဘာလို့ မင်းငါ့ကိုဒီနေရာကိုခေါ်လာရတာလဲ..”

လီလျိုရှင်းကခေါင်းငုံ့၍ ကျားဖြူပေါ်မှခုန်ဆင်းသွားသောရှစ်ဖုန့်အားကြည့်ကာ စိုးရိမ်စွာဖြင့်ပြောလိုက်သည်။

“ဆင်းလာခဲ့”

ရှစ်ဖုန့်က ထူးမခြားနားစွာပြောလိုက်၏။

“အင်.”

လီလျိုရှင်းအားနည်းစွာတုန့်ပြန်လိုက်သည်။သူ၏ကိုယ်ကလှုပ်ရှားသွားပြီး   ကျားဖြူပေါ်မှခုန်ဆင်းလိုက်၏။

ထို့နောက်လီလျိုရှင်းက ရှစ်ဖုန့်အား အားနည်းစွာမေးလိုက်သည်။

“ညီလေးရှစ်.. မင်းနဲ့ငါက တွေ့ဆုံဖို့ကံကြမ္မာပါလာတာကိုငါသိပါတယ်.

ဒါပေမဲ့.. ငါတို့နှစ်ယောက်လုံးက ထျန်းလျန်အင်ပါယာကို လှပတဲ့မင်းသမီးလေးလင်လုံကြောင့်လာကြတာဆိုတော့ ..ငါ..ငါတို့တွေ ငါတို့ကြိုက်တဲ့ ဦးတည်ချက်ကို ခိုင်မာစွာရွေးချယ်သင့်တယ်. ငါ..မင်းရဲ့ညီအကိုအနေနဲ့ ယောက်ျားတွေရဲ့ကိစ္စတွေကို

စိတ်မဝင်စားပါဘူး”

“ငါ့ဖင်ကြီးယောက်ျားတွေပါလား. မင်းအဓိပ္ပါယ်မရှိတာတွေဆက်ပြောနေရင် ဒီသခင်လေးလေးမင်းကို

ချက်ချင်းသတ်ပစ်မယ်.”

ရှစ်ဖုန့်ကဤငကြောင်အား အေးစက်စွာပြောလိုက်သည်။ ထို့နောက်ရှစ်ဖုန့်က တည့်တည့်သွားကာ လီလျိုရှင်း၏မျက်နှာအားစိုက်ကြည့်လိုက်သည်။

ရှစ်ဖုန့်က သူ့အားလေးနက်စွာကြည့်နေသောအခါတွင် လီလျိုရှင်း၏နှလုံးသားကပို၍ စိုးရိမ်ပူပန်လာသည်။ ၎င်းကသူ့အား အဓိပ္ပါယ်မရှိပြောနေသည်ဟုပြောပြီး အဘယ်ကြောင့်လေးလေး

နက်နက်ကြီးလာကြည့်နေရပါသနည်း။

“မင်းကဘာကောင်လဲကွ”

ရှစ်ဖုန့်ကလီလျိုရှင်းအား ဟောက်လိုက်သည်။

“ငါကငါပါညီလေးရှစ်. မင်းတို့တွေတစ်ယောက်နဲ့တစ်ယောက်သိလာတာကြာပြီမဟုတ်ဘူးလား..ငါက ပန်းကြွေဓားလို့သိကြတဲ့ လီလျိုရှင်းလေ”

လီလျိုရှင်းကပြောလိုက်သည်။

လီလျိုရှင်း၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်ကကျေနပ်မှုမရှိဘဲခေါင်းခါလိုက်သည်။ ထို့နောက်သူကတိုက်ရိုက်ပြောလိုက်၏။

“ဒီသခင်လေးမင်းကိုယ်ထဲက နတ်ဆိုးအရှိန်အဝါအကြောင်းကိုပြောနေတာ”

“နတ်ဆိုး”

ရှစ်ဖုန့်က နတ်ဆိုးဟုပြောသောအခါတွင် လီလျိုရှင်း၏မျက်လုံးတို့ဖြည်းဖြည်း

ချင်းပြူးကျယ်သွားပြီး သူ၏မျက်နှာထက်၌ အံ့အားသင့်မှုတို့ဖြစ်ပေါ်လာသည်။

လီလျိုရှင်းအားကြည့်၍ ရှစ်ဖုန့်က သူ၏စိတ်အားလှုပ်ရှားလိုက်ပြီး သူ၏ညာလက်က လက်ညှိုး ကရုတ်တရက်ပိန်းပေါက်အောင်နက်မှောင်သော နတ်ဆိုးလက်ချောင်းအဖြစ်

ပြောင်းလဲသွားသည်။  နတ်ဆိုးလက်ချောင်းအထက်တွင် နတ်ဆိုးမြူတို့က တွန့်လိမ်ဝန်းရံနေ၏။

“ဒါ…ဒါက..ညီလေးရှစ်..မင်းရဲ့လက်က. “

ရှစ်ဖုန့်၏လက်က နတ်ဆိုးလက်ချောင်းအဖြစ်ပြောင်း

သွားသည်အားတွေ့ရသောအခါတွင်  လီလျိုရှင်း၏မျက်နှာထက်၌ ပို၍ပို၍ တုန်လှုပ်အံ့အားသင့်လာသည်။ ယင်းမှာသူ့အနေဖြင့်တစ္ဆေတစ်ကောင်အားမြင်လိုက်ရသကဲ့သို့ဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်၏နဖူးထက်၌ တိုက်စားခြင်းတတိယနတ်ဆိုးမျက်လုံး ပေါ်လာ၏။ နတ်ဆိုးမျက်လုံးအထက်တွင် ပိန်းပေါက်အောင်နက်မှောင်သော နတ်ဆိုးမြူတို့ကတွန့်လိမ်ဝန်းရံနေသည်။

“မဟုတ်ဘူး.မဟုတ်ဘူး..မဟုတ်ဘူး..

မဟုတ်ဘူး”

ဤအချိန်တွင်ရှစ်ဖုန့်၏နတ်ဆိုးလက်ချောင်းနှင့် မျက်လုံးတို့အား မြင်တွေ့လိုက်ရသောလီလျိုရှင်းမှာ  ရုတ်တရက် “မဟုတ်ဘူး” ဟူသောစကားလုံးကိုသာ အဆက်မပြတ်တတွတ်တွတ်ရွတ်နေပြီး ထို့နောက် လွန်စွာနာကျင်သောအမူအယာတစ်ခု

အားပြသကာ ထပ်မံအော်ပြောလိုက်သည်။

“မဟုတ်ဘူး ..မလုပ်နဲ့”

ဆက်ရန်……………

ဘာသာပြန်သူ-ARISE

All Chapters