← Chapters

ရိုက်နှက်ဆုံးမခြင်း

Vol. 22 Ch. 308

ရိုက်နှက်ဆုံးမခြင်း

Vol. 22 Ch. 308

"လက်နက်ဝိညာဥ်တစ်ခုက သွေးကို နှစ်သက်တယ်။ ဒါကိုနှိုးချင်ရင် အများဆုံးသုံးနေကျနည်းလမ်းက သွေးနဲ့လှုံ့ဆော်ပေးတာပဲ။ ဒါပေမယ့် အဆင့်ရှစ်လက်နက်တစ်ခုကို အသက်သွင်းချင်ရင် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရဲ့သွေး လိုအပ်တယ်။ ရှေးဦးမျိုးဆက်သွေးဆိုရင် ပိုကောင်းတယ်"

ချီယွင်က ယဲ့ချန်ကို ရှင်းပြလိုက်သည်။ ဤဓားမြှောင်က အဆင့်မြင့်လက်နက်တစ်ခုဖြစ်သော်လည်း ယဲ့ချန်က စိတ်မလှုပ်ရှားသည့်အပြင် တည်ငြိမ်လွန်းနေသည်။ ထို့ကြောင့် သာမန်လူတစ်ယောက်မဟုတ်ကြောင်း သိသာနေသောအခါ ချီယွင်က နဂါးပြာဓားမြှောင်ကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေကိုင်၍ ယဲ့ချန်ကို ပြန်ပေးလိုက်သည်။ အဆင့်မြင့်ရတနာတစ်ခုကို လုယူချင်စိတ်ရှိသော်လည်း ယဲ့ချန်ကို ဓားပြတိုက်မိလျှင် သေလမ်းသာရှိမည်ဟု သူက ခံစားနေရသည်။

"သွေးလား။ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရဲ့ ရှေးဦးမျိုးဆက်သွေး ဟုတ်လား"

ယဲ့ချန်က သူ၏သွေးဖြင့် ဓားမြှောင်ကို စမ်းသပ်ကြည့်ခဲ့သော်လည်း အရာမထင်ခဲ့ပေ။ ထို့ကြောင့် ရှောင်ရိ၏သွေးနှင့် စမ်းသပ်လိုခဲ့သည်။ သူက ဓားမြှောင်ကိုပြန်ယူလိုက်ပြီး ၎င်းက သူအသုံးပြုရန်အတွက် တိုလွန်းနေသောအခါ ရှောင်ရိကို ပေးအပ်လိုက်သည်။

"ရှောင်ရိ ငါ မင်းကို ဒီလက်နက်ပေးမယ်။ မင်းရဲ့သွေးနဲ့ လက်နက်ဝိညာဥ်ကို နှိုးကြည့်လိုက်"

"ဟုတ်ကဲ့"

ရှောင်ရိက ယဲ့ချန်ပေးလာသော ဓားမြှောင်ကို ယူလိုက်သည်။

"ဒီဓားမြှောင် အသက်ဝင်လာဖို့ အစွမ်းထက်ကျင့်ကြံသူရဲ့သွေး လို... လိုအပ်.."

ချီယွင်က စကားပင်ဆုံးအောင်မပြောနိုင်ခင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့သည်။

ရှောင်ရိသည် သူ၏လက်ချောင်းကို ဓားသွားဖြင့်လှီးကာ သွေးစက်အချို့ချလိုက်သည်။ ထို့နောက် ဓားမြှောင်က သွေးများကိုစုပ်ယူလိုက်ပြီး ထန်ခနဲမြည်ဟီးကာ အလင်းရောင်များတောက်ပလာသည်။ ထို့နောက် ကောင်းကင်ချီများပြန့်ထွက်လာ၍ ရတနာစံအိမ်ကြီးပင် တုန်ခါသွားကာ ပြိုလဲကျလုနီးပါးဖြစ်သွားခဲ့သည်။

"ဆရာ ဆရာ ဒီနေရာမှာ သိုင်းပညာ အသုံးပြုလို့မရပါဘူးခင်ဗျာ"

ချီယွင်က အလောတကြီးအော်ဟစ် တောင်းပန်လိုက်သည်။

ယဲ့ချန်က ရှောင်ရိ၏လက်ထဲရှိ ဓားမြှောင်ကို မျက်ခုံးပင့်၍ကြည့်လိုက်မိသည်။ ၎င်းက အလွန်အစွမ်းထက်နေသည်။ အကယ်၍ ၎င်းကို ရှောင်ရိ၏သွေးနှင့်အသက်သွင်းနိုင်ကြောင်း ကြိုသိထားလျှင် သူက ၎င်းကို ရှောင်ရိအား ယခင်တည်းကပေးထားပြီး ဖြစ်ပေလိမ့်မည်။

"ရှောင်ရိ ဓားကို ပြန်သိမ်းထားလိုက်ပါ"

ရှောင်ရိက ဓားမြှောင်ကို ပျော်ရွှင်စွာကြည့်နေပြီး ၎င်း၏စွမ်းအားကို စမ်းသပ်လိုနေခဲ့သည်။ သို့သော် ယဲ့ချန်က တားမြစ်လိုက်သဖြင့် အနည်းငယ်စိတ်ပျက်သွားသော်လည်း ချက်ချင်းပြန်သိမ်းလိုက်သည်။

ရတနာစံအိမ် ပြိုကျလုနီးပါးဖြစ်သွားသောကြောင့် ချီယွင်၏နှလုံးက ရင်ဘတ်အတွင်းမှ ခုန်ထွက်ခါနီးဖြစ်နေသည်။ ဤကလေး၏သွေးက နဂါးပြာဓားမြှောင်ကို အသက်သွင်းနိုင်သောကြောင့် ရှေးဦးမျိုးဆက်သွေးကို ပိုင်ဆိုင်ထားနိုင်သည်။

"ကြောက်ဖို့ကောင်းလိုက်တဲ့ လက်နက်ပါလား"

သခင်လေးလျန်တို့လူစုကလည်း ကြောက်လန့်သွားကြသည်။ ဤနေရာကို ဖျက်ဆီးနိုင်စွမ်းရှိသော လက်နက်မှာ အဆင့်ရှစ်၊အဆင့်ကိုးထက်ပင် ကျော်လွန်နိုင်နေသည်။ သူတို့၏မျက်လုံးများတွင် လောဘစိတ်များ ဖြစ်ပေါ်လာသည်။ ယဲ့ချန်က ဤအဖိုးတန်ရတနာကို ကလေးတစ်ယောက်အား ပေးလိုက်သောကြောင့် ဓားပြတိုက်လုယူရန် လွယ်ကူနေသည်။ သူတို့က သေချာပေါက်လုယူပေလိမ့်မည်။

ဤသို့အစွမ်းထက်ရတနာတစ်ခုက သူတို့၏ဂိုဏ်းနှင့်မျိုးနွယ်များအတွက် အဖိုးတန်ရတနာတစ်ခု ဖြစ်လာနိုင်သည်။ သူတို့၏ရင်ထဲတွင် လောဘစိတ်များ ဖြစ်ပေါ်လာသည်။ အလယ်အင်ပါယာရှိ အစွမ်းထက်ကျင့်ကြံသူအားလုံးကို သူတို့သိထားသော်လည်း ယဲ့ချန်မပါဝင်ပေ။ စကားပြောဆိုပုံအရ သူက တိုင်းပြည်ငယ်လေးတစ်ခုမှဖြစ်ကြောင်း သတ်မှတ်လိုက်ကြပြီး နဂါးပြာဓားမြှောင်ကို ကံကောင်းစွာရရှိခြင်းဖြစ်သည်ဟု တွေးထင်လိုက်ကြသည်။ ယဲ့ချန်နှင့်ရှောင်ရိတွင် နောက်ခံတစ်ခုရှိနိုင်သည်ဟု တွေးမိကြသော်လည်း လောဘစိတ်ကို မထိန်းချုပ်ထားနိုင်ကြပေ။

နဂါးပြာဓားမြှောင်၏တန်ဖိုးက လူများစွာကို သတ်ဖြတ်လုယူစေရန် တတ်နိုင်သည်။ ယဲ့ချန်သည် ဤရာဖြတ်ခြင်းက ပြဿနာများဖြစ်လာနိုင်ကြောင်း ကြိုတင်တွက်ဆထားသည်။

"ငါ ထွက်သွားချင်ရင် ဒီကောင်တွေ တားမြစ်နိုင်စွမ်းမရှိဘူး။ သူတို့က ငါ့ရတနာကို လုချင်တယ်ဆိုရင်လည်း ကောင်းကောင်းဆုံးမပေးလိုက်မယ်"

နတ်ဘုရင်နှင့်နတ်ဝိဇ္ဇာများ ပေါ်မလာသရွေ့ ယဲ့ချန်က အားလုံးကို အနိုင်ယူနိုင်စွမ်းရှိ၍ ကြောက်စရာမလိုချေ။ အလယ်အင်ပါယာတွင် အစွမ်းထက်သူပေါများသော်လည်း ဤအဆင့်ကျင့်ကြံသူများက ရှားပါးလှသည်။

"ဆရာချီ ဒီရတနာကိုလည်း ကြည့်ပေးပါဦး"

ယဲ့ချန်က လောဘတကြီးအကြည့်များကို လျစ်လျူရှုပြီး သေးငယ်သော ရွှေရောင်ဆေးအိုးလေးကို ထုတ်ယူလိုက်သည်။ ၎င်းအပေါ်တွင် ရွှေရောင်ရုန်းများ ရေးထွင်းထားပြီး ပြာမှုန့်များ ကပ်တွယ်နေသည်။

ဤရတနာကိုမြင်သောအခါ ချီယွင်၏မျက်လုံးများ ပို၍လေးနက်လာသည်။ သူက ၎င်းကို ဂရုတစိုက်ယူပြီး စစ်ဆေးလိုက်သောအခါ နှလုံးခုန်ရပ်မတတ် ဖြစ်သွားခဲ့သည်။ ဤနေ့တွင် သူရာဖြတ်ပေးရသော ရတနာနှစ်ခု၏တန်ဖိုးက တစ်နှစ်ပတ်လုံးတွေ့ဖူးသော ရတနာစုစုပေါင်း၏တန်ဖိုးထက် သာလွန်နေသည်။

"ကျုပ်သာမမှားရင် ဒါက ကုလန်အင်ပါယာရဲ့ အကြွင်းအကျန်ရတနာဖြစ်ပြီး ကောင်းကင်တုန်ခါဆေးအိုးလို့ခေါ်တယ်။ ဒါကို သမိုင်းထဲမှာ မှတ်တမ်းတင်ထားပေမယ့် ကုလန်အင်ပါယာရဲ့လူတွေတောင် အသုံးမချတတ်ဘူး"

ချီယွင်၏ကျောပြင်တွင် ချွေးများစိုရွှဲနေသည်။ သူက ဤရတနာများကို ရာဖြတ်ပြီးနောက် အေးချမ်းစွာ အိပ်စက်ရဲမည်မဟုတ်ပေ။ ကံကောင်းစွာဖြင့် ဤနေရာတွင်ရှိနေသည်မှာ သူတစ်ယောက်တည်း မဟုတ်ပေ။

"ကုလန်အင်ပါယာတောင် ဒါကို အသုံးမပြုနိုင်ဘူးလား"

ကောင်းကင်တုန်ခါဆေးအိုးက ဓားမြှောင်ထက် ပို၍အစွမ်းထက် အဖိုးတန်နေပုံပေါ်သည်။ သူက ရတနာနှစ်ခုလုံးကို နက်ခရိုရေကန်အတွင်းမှရယူနိုင်ခဲ့ပြီး နှစ်ခုလုံးက အဖိုးတန်နေသည်။ ထို့ကြောင့် သူဝတ်ဆင်ထားသော ပိုးအင်္ကျီကလည်း ရိုးရှင်းမည့်ပုံမရှိချေ။ သူက ၎င်း၏တန်ဖိုးကို အထင်သေးထားမိပုံရသည်။

"ဒါကိုရော သွေးနဲ့ အသက်သွင်းလို့ရနိုင်မလား"

ယဲ့ချန်က ဆေးအိုးကို ပြန်သိမ်းပြီး မေးလိုက်သည်။

"မဖြစ်နိုင်ဘူး။ ဒီလိုလုပ်လို့ရရင် ကုလန်အင်ပါယာက လုပ်ပြီးနေလောက်ပြီ။ အဲ့ခေတ်မှာ ကျင့်ကြံသူတွေက ပိုပြီးအစွမ်းထက်ကြတယ်"

ချီယွင်က ခေါင်းယမ်းလိုက်သည်။

ချီယွင်၏အသိအမြင်က အကန့်အသတ်ရှိသောကြောင့် ယဲ့ချန်က သူဝတ်ဆင်ထားသော ဧကရာဇ်မင်၏ခါးပတ်အကြောင်း မမေးရန် ဆုံးဖြတ်လိုက်သည်။ ယဲ့ချန်သည် နဂါးပြာဓားမြှောင်ကို အသက်သွင်းနိုင်ခဲ့ပြီး ဆေးအိုးလေး၏အမည်ကို သိခဲ့ရသောကြောင့် ဤခရီးက အလဟဿမဖြစ်ခဲ့ပေ။

"ဆရာချီ ရာဖြတ်တာအတွက် ဘယ်လောက်ကျပါသလဲ"

"အလကားလုပ်ပေးလိုက်ပါမယ် ဆရာ"

ချီယွင်က ယဥ်ကျေးစွာ ပြန်ဖြေလိုက်သည်။

"ဒါကိုယူထားလိုက်။ ပိုတာပြန်မအမ်းနဲ့"

ယဲ့ချန်က ချီစုစည်းဆေးလုံးတစ်ရာပါသော သိုလှောင်အိတ်တစ်လုံးကို ချီယွင်ရှေ့ရှိ စားပွဲပေါ်သို့ ပစ်ချလိုက်၏။ ထို့နောက် သူနှင့်ရှောင်ရိက လှည့်ထွက်လိုက်ကြသည်။

"ခဏနေပါဦး"

သခင်လေးလျန်တို့လူစုက ချက်ချင်းလမ်းပိတ် ရပ်လိုက်ကြသည်။

"ဘာလိုချင်တာလဲ"

ယဲ့ချန်၏မျက်လုံးများက အေးစက်စက်တောက်ပလာသည်။

"မိတ်ဆွေ အထင်မလွဲပါနဲ့။ ငါတို့က ပြဿနာရှာဖို့မဟုတ်ပါဘူး။ မင်းရဲ့ရတနာနှစ်ခုကို ဝယ်ယူချင်လို့ပါ။ ကျေးဇူးပြုပြီး ရောင်းမယ့်စျေး ပြောနိုင်မလား"

သခင်လေးလျန်က ပြောလိုက်သည်။ ထိုအချိန်တွင် ပုံရိပ်တစ်ခုက ရတနာစံအိမ်အတွင်းမှ ပြေးထွက်သွားခဲ့သည်။

"ဒီကောင်တွေက ငါ့ကို အချိန်ဆွဲပြီး ဂိုဏ်းတွေ​ဆီကို သတင်းပို့ချင်နေကြတာပေါ့"

ယဲ့ချန်က စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။

"ဒါတွေကိုဝယ်ချင်ရင် မင်းမှာ ငွေဘယ်လောက်ရှိလဲ။ သုံးသန်း ငါးသန်း ဆယ်သန်းရှိလား။ ငွေမရှိရင် လမ်းဖယ်စမ်း"

ယဲ့ချန်ကလက်ပိုက်ရပ်၍ လှောင်ပြောင်လိုက်သည်။ ထိုလူစုက သူ၏စကားကြောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။ သူတို့က ယဲ့ချန်ကို ဆင်းရဲသားဟုလှောင်ပြောင်ခဲ့သော်လည်း ဤစျေးနှုန်းကို မတတ်နိုင်ပေ။

"နင့်နာမည်ကို သိလို့ရမလား။ အရင်က စော်ကားမိတာတွေအတွက် တောင်းပန်ပါတယ်။ နင်သာ စိတ်ပါရင် အတူတူသောက်ကြရအောင်။ တောင်းပန်တဲ့အနေနဲ့ အဖော်လုပ်ပေးမယ်လေ"

ဇီလန်က ယဲ့ချန်ကို ချစ်စဖွယ်စိုက်ကြည့်၍ မြှူဆွယ်လိုက်သည်။ သူမ၏အလှနှင့် ချိုသာသောအသံအောက်တွင် ယောကျ်ားအများစု ဒူးထောက်ကြမည်ဖြစ်သော်လည်း ယဲ့ချန် မပါချေ။

"ဒီလောက်လေးနဲ့ တောင်းပန်လို့မရဘူး။ မင်းရဲ့အဝတ်အစားတွေကို ဒီနေရာမှာ ချွတ်ပြရင် အတူသောက်ပေးမယ်။ ဘယ်လိုသဘောရလဲ"

ယဲ့ချန်သည် ယဲ့လော့ကို စော်ကားခဲ့သော ဇီလန်အပေါ် အမြင်ကောင်းမရှိချေ။ ထို့ကြောင့် သူက လှောင်ပြောင်ရန် ဆုံးဖြတ်လိုက်သည်။

သခင်လေးလျန်နှင့် ကျန်ယောက်ျားများအားလုံးက ဇီလန်ထံ ပြိုင်တူကြည့်လိုက်မိကြသည်။ အကယ်၍ သူမသာ အဝတ်အစားများချွတ်လိုက်လျှင် ဆိုသောအတွေးက လူတိုင်း၏ခေါင်းအတွင်း ထွက်ပေါ်လာခဲ့သည်။ ဇီလန်၏ခန္ဓာကိုယ်က ကောက်ကြောင်းများ ပေါ်လွင်ထင်ရှားပြီး ကြီးမားသောရင်သားကို လက်တစ်ဖက်တည်းနှင့် ကိုင်ရမည်မဟုတ်ပေ။ ထို့အပြင် တင်းကားလုံးဝန်းသော တင်ပါးကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။

"နင်တို့က ဘာကြည့်နေတာလဲ။ ဆက်ကြည့်နေရင် မျက်လုံးတွေ ဖောက်ထုတ်ပစ်မယ်"

ယဲ့ချန်က သူမကို လူပုံအလယ်၌ အရှက်ခွဲလိုက်သောအခါ ဇီလန်က ဒေါသထွက်လာသည်။ ထို့အပြင် စူးရှသောအကြည့်များကိုလည်း ခံစားလိုက်ရသဖြင့် သူမက အော်ဟစ်လိုက်သည်။ ထို့နောက် ကျန်လူများက အကြည့်လွှဲလိုက်ကြသည်။ သူတို့က ယဲ့ချန်ကိုရင်ဆိုင်ရန် အတူပူးပေါင်းရမည်ဖြစ်သည်။ လူတိုင်းတွင် နောက်ခံကိုယ်စီရှိသော်လည်း ယဲ့ချန်၏နောက်ခံကို စိုးရိမ်နေသဖြင့် ပူးပေါင်းထားကြလေသည်။

"နင်က တော်တော်မောက်မာနေပါလား။ မျက်လုံးကို ဖောက်ထုတ်ပစ်မယ်ပေါ့လေ။ ငါ့မျိုးနွယ်မှာ အဝတ်အစားတွေကိုဖောက်မြင်ရတဲ့ ကျင့်စဥ်တစ်ခုရှိတယ်။ အဲ့တာကိုသုံးပြီး နင့်ကို ကြည့်မယ်"

ယဲ့ချန်၏အကြည့်က ဇီလန်၏ရင်ဘတ်ထံ ကျရောက်သွားခဲ့သည်။ ထို့နောက် သူက သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းလိုက်သည်။

"မြို့စားတစ်ယောက်က ဒီလိုအရသာခံတတ်မယ် မထင်ဘူး။ ရင်သားမှာ သံကွင်းတွေတပ်ထားပြီး သွားကိုက်ရာတွေတောင် ရှိနေတယ်။ မနေ့ညက ဘယ်ကံကောင်းတဲ့လူကို မြို့စားက အသုံးတော်ခံခဲ့လဲ သိချင်လိုက်တာ"

ယဲ့ချန်၏မျက်လုံးများရှေ့တွင် ဇီလန်သည် အဝတ်အစားများ ကျွတ်ကျသွားသယောင် ခံစားလိုက်ရသည်။ သူမက ယဲ့ချန်၏စကားကြောင့် မျက်နှာပျက်သွားသည်။ ဤကမ္ဘာတွင် ထူးဆန်းသော လိင်စိတ်ခံစားမှုကို ကြိုက်နှစ်သက်သူများရှိပြီး သူမသည်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။ ထို့ကြောင့် အခြားလူများက ဇီလန်ကို ထူးဆန်းစွာ ကြည့်လိုက်မိကြသည်။

ဇီလန်မှာ နောက်ဆုံးတွင် ပေါက်ကွဲသွားခဲ့သည်။

"အပြင်မှာ မြင့်မြတ်ချင်ယောင်ဆောင်နေပေမယ့် အိပ်ရာထဲမှာ ပြည့်တန်ဆာလုပ်နေတယ်။ မင်းရဲ့ဗိုက်မှာ အဆီမရှိဘူး။ ခါးကလည်းသေးပြီး လှပတယ်။ ဘယ်ယောကျ်ားမဆို မင်းကို လက်ထပ်ချင်ကြမှာပဲ။ ဒါပေမယ့် အကြံတစ်ခုပေးလိုက်မယ်။ ဒီမိန်းမကိုလက်ထပ်ချင်ရင် နောက်မီးလင်းတာကို ခံနိုင်မှဖြစ်မယ်နော်"

ယဲ့ချန်ကတစ်ချက်ပြုံး၍ သခင်လေးလျန်ကို ရည်ရွယ်ချက်ရှိရှိ ကြည့်လိုက်သည်။

"နင့်မျက်လုံးတွေကို ဖျက်ဆီးပစ်မယ်"

ဇီလန်က ယဲ့ချန်၏စကားများကို သည်းမခံနိုင်တော့သဖြင့် ကျာပွတ်တစ်ချောင်းကိုဆွဲထုတ်ကာ မျက်လုံးကို တိုက်ခိုက်လိုက်သည်။

ယဲ့ချန်၏အကြည့်က ဇီလန်၏ကျာပွတ် ရောက်လာချိန်တွင် အေးစက်သွားခဲ့သည်။

"ငါလည်း နင့်ကို တော်တော်ကြာအောင် သည်းခံခဲ့ရတယ်။ မိန်းမတစ်ယောက်ကို အရင်ဆုံးမတိုက်ခိုက်ချင်လို့ စောင့်ကြည့်နေတာ။ နင်က အရင်ဆုံးတိုက်ခိုက်လာတယ်ဆိုတော့ ယဥ်ကျေးစရာမလိုတော့ဘူး။ လော့အာကိုဆဲရေးတဲ့အတွက် ကောင်းကောင်းဆုံးမပေးလိုက်မယ်"

ယဲ့ချန်က ဘယ်လက်နှင့် ကျာပွတ်ကိုဖမ်းဆွဲလိုက်ပြီး ညာလက်ဝါးနှင့် ဇီလန်၏ပါးကို ဖြတ်ရိုက်လိုက်သည်။

ဘန်း

ယဲ့ချန်၏လက်ဝါးချက်က ပြင်းထန်လွန်းသဖြင့် သူမ၏မျက်နှာက ချက်ချင်းရောင်ကိုင်းသွားကာ မျက်ရည်များဝဲတက်လာသည်။

သခင်လေးလျန်နှင့် ဆရာချီက မင်သက်သွားကြသည်။ သူမက မြေဝိဇ္ဇာအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အတော်ဆုံးကျင့်ကြံသူတစ်ယောက်မဟုတ်သော်လည်း အစွမ်းထက်ဆဲပင်ဖြစ်သည်။ သို့သော်လည်း ယဲ့ချန်၏လက်ဝါးတစ်ချက်ဖြင့် မရှုမလှခံလိုက်ရပြီး ယဲ့ချန်က သူမထက် များစွာအစွမ်းထက်နေပုံပေါ်သည်။

ဇီလန်သည် ငယ်ရွယ်စဥ်မှစ၍ ရွှေပေါ်မြတင်နေခဲ့ရပြီး သူမ၏အဖေပင် မျက်နှာကိုမရိုက်ဖူးချေ။ လက်ရှိတွင် ယဲ့ချန်ကြောင့် အရိုက်ခံလိုက်ရသောအခါ ဒေါသတကြီး ပြန်လည်တိုက်ခိုက်လာသည်။

"နင်တို့တစ်မျိုးနွယ်လုံးကို သတ်ပစ်မယ်"

"ကြည့်ရတာ နင်က ဒါမျိုးတွေအများကြီး လုပ်ဖူးတယ်ထင်တယ်။ မျိုးနွယ်တစ်ခုလုံးကိုသတ်ရတာ လွယ်တယ်ထင်နေလား။ ဘန်း"

ယဲ့ချန်က သူမ၏ နောက်ထပ်ပါးတစ်ဖက်ကို လက်ပြန်ရိုက်ချလိုက်သည်။ ထိုပါးပြင်လည်း ချက်ချင်းရောင်ကိုင်းလာ၏။

ယဲ့ချန်က သူမကို သင်ခန်းစာပေးနေခြင်းဖြစ်ပြီး မိန်းမတစ်ယောက်ဖြစ်နေ၍ မသတ်ခဲ့ပေ။

ဇီလန်က ယဲ့ချန်ထံ အရူးတစ်ယောက်ပမာ ပြေးဝင်လာပြန်သည်။ သို့သော်လည်း ယဲ့ချန်က ကန်ထုတ်လိုက်သောကြောင့် အဝေးသို့ ဘုန်းခနဲလွင့်ထွက်သွားလေသည်။ သူမက သတိလစ်လုနီးပါးဖြစ်သွားကာ တစ်လက်မပင်မရွေ့ရဲတော့ချေ။ ယဲ့ချန်ကကြမ်းကြုတ်ပြီး သူမ၏မြို့စားဆိုသော အဆင့်အတန်းကို လုံးဝဂရုမစိုက်ချေ။ ရန်ယွင်ပြည်နယ်တွင် သူမကသာ အနိုင်ကျင့်ခဲ့ဖူးပြီး ဤသို့အနိုင်ကျင့်မခံရဖူးပေ။

"နင်တို့အားလုံးက သေနေကြတာလား။ ဒီကောင်ကို တိုက်ခိုက်စမ်း"

သူမက ဒေါသတကြီးအော်ဟစ် အမိန့်ပေးလိုက်သည်။

သခင်လေးလျန်တို့လူစုက နေရာတွင် တုံ့ဆိုင်းနေကြသည်။ သူတို့က ယဲ့ချန်၏ကျင့်ကြံဆင့်ကို မသိသောကြောင့် အနည်းငယ်ကြောက်လန့်နေကြသည်။

"နင်တို့က ငါ့ကိုမကူညီရင် ငါ့အဖေကို အရေးယူခိုင်းမယ်"

ဇီလန်က နာကျင်လွန်းသဖြင့် မျက်ရည်များစီးကျနေသည်။

သခင်လေးလျန်တို့လူစုက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ယဲ့ချန်ထံ ပြေးတက်သွားကြသည်။ သူတို့က မြေဝိဇ္ဇာအဆင့်တွင် ပါရမီရှင်ဟု သတ်မှတ်ခံထားရသူများ ဖြစ်ကြသည်။ ထို့အပြင် ယဲ့ချန်က ရန်ယွင်ပြည်နယ်၌ လူသတ်ရဲမည်မဟုတ်ဟု ခန့်မှန်းထားကြသ​ဖြင့် တိုက်ခိုက်ခဲ့ကြသည်။ သို့မဟုတ်လျှင် သူတို့၏မျိုးနွယ်နှင့်ဂိုဏ်းများ ရောက်အလာကို အရင်စောင့်ကြပေလိမ့်မည်။

ရှောင်ရိကလည်း ရှေ့သို့ပြိုင်တူ ပြေးတက်လာသည်။

"ခွေးကောင်လေး ဖယ်စမ်း"

သခင်လေးလျန်က ရှောင်ရိကို လက်သီးနှင့်ထိုးချလိုက်သည်။ သို့သော်လည်း သူ၏ညာလက်သီးက သံမဏိပြားတစ်ချပ်ကို ထိုးမိလိုက်သကဲ့သို့ နာကျင်သွားရသည်။ ရှောင်ရိက လုံးဝထိခိုက်ခြင်း မရှိပေ။

"ငါ့ကို ခွေးကောင်လေးလို့ မခေါ်နဲ့"

ရှောင်ရိက သခင်လေးလျန်ကို ထိုးချလိုက်သည်။

ဘုန်း

သခင်လေးလျန်က လွင့်ထွက်သွားကာ စင်ကြီးများနှင့် တိုက်မိသွားသည်။ စင်ပေါ်ရှိကရားများနှင့် ပုလင်းများက သူ၏ခေါင်းပေါ်သို့ ပြုတ်ကျလာကာ ပတ်ဝန်းကျင်တွင် ပြန့်ကြဲကုန်သည်။ ဤလက်သီးချက်က သခင်လေးလျန်၏အတွင်းအင်္ဂါများ ကြေမွလုမတတ် နာကျင်စေသောကြောင့် ဝမ်းဗိုက်ကို လက်နှင့်ကိုင်ထားရသည်။

ထို့နောက် ကျန်လူများလည်း တဘန်းဘန်းမြည်သံများနှင့် လွင့်ထွက်သွားကြသည်။

အားလုံးက ရှောင်ရိကို ကြောက်လန့်တကြား စိုက်ကြည့်နေကြသည်။ ချီယွင်ပင်လျှင် သူ့ကို ထိတ်လန့်သွားကာ အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်က ကောင်းကင်ဝိဇ္ဇာတစ်ယောက်၏ခွန်အားမျိုး ပိုင်ဆိုင်နေခြင်းကို နားမလည်ခဲ့ပေ။

ရှောင်ရိက ထိုလူစုကို ပယ်ပယ်နယ်နယ်သမနေပြီး အော်သံများ နာကျင်စွာထွက်ပေါ်နေသည်။ သူ၏လက်သီးချက်ကို ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ပင် မခုခံနိုင်သောကြောင့် သူသာ အားကိုထိန်းချုပ်ထားခြင်းမရှိလျှင် တစ်ချက်တည်းနှင့် အားလုံး အလောင်းဖြစ်သွားပေလိမ့်မည်။

"တိမ်ဖြူတောင်ကြားရဲ့သခင်လေးကို ရိုက်ရဲတယ်လား။ မင်းတော့ သေပြီ"

သခင်လေးလျန်တို့က အော်ဟစ်ခြိမ်းခြောက်နေသော်လည်း ရှောင်ရိ၏လက်သီးများနှင့်သာ တုံ့ပြန်ခံလိုက်ရသည်။ သူတို့၏အော်သံများက တဖြည်းဖြည်းတိုးညှင်း ဖျော့တော့လာသည်။

"ချမ်းသာပေးပါ။ ချမ်းသာပေးပါ

နောက်ဆုံးတွင် မျက်နှာများ မည်းနက်နေအောင် ရိုက်ခံထားရသောလူစုက ရှောင်ရိကိုချမ်းသာပေးရန် တောင်းပန်လာကြ၏။ ရှောင်ရိကမူ လုံးဝဂရုမစိုက်ဘဲ မျက်နှာများကို ဖြတ်ကန်လိုက်သောကြောင့် နှာခေါင်းများအတွင်းမှ သွေးများ ဆက်တိုက်ယိုစီးကျလာခဲ့သည်။

"မင်းတို့က တိုက်ခိုက်ချင်ရင် ပိုအစွမ်းထက်တဲ့ကောင်တွေ ခေါ်လာစမ်း။ ပျင်းစရာကောင်းလိုက်တာ"

ရှောင်ရိက သခင်လေးလျန်တို့လူစု၏ တင်ပါးများကို ကန်ထုတ်လိုက်သည်။

ချီယွင်က ခြေတစ်လှမ်းရွေ့မိလိုက်ချိန်တွင် စွမ်းအင်တစ်ခု၏ ပစ်မှတ်ထားခြင်းခံလိုက်ရသည်။

"ဆရာချီ ခင်ဗျား ဘာလိုချင်လို့လဲ"

ယဲ့ချန်က အေးစက်စက်မေးလိုက်သည်။

"အထင်မလွဲပါနဲ့ ဆရာ။ ကျုပ်က ပြဿနာကို ဖြေရှင်းပေးချင်ရုံသက်သက်ပါ"

ချီယွင်သည် ယဲ့ချန်က သူ့ထက်ပို၍အစွမ်းထက်ကြောင်း ခံစားလိုက်ရသဖြင့် တစ်ခုခုလုပ်ချင်လျှင်ပင် ယှဥ်နိုင်မည်မထင်ပေ။ ထို့ကြောင့် ပျာပျာသလဲတောင်းပန်လိုက်၏။

"ရတနာစံအိမ်ထိခိုက်မှာကို ကြောက်နေတာလား။ စိတ်ချပါ ငါက အကုန်တာဝန်ယူတယ်"

ယဲ့ချန်က ဇီလန်၏မျက်နှာကို တဖြန်းဖြန်းရိုက်နေရင်း ပြောလိုက်သည်။

ဇီလန်မှာ နောက်ဆုံးတွင် ယဲ့ချန်က သူမရန်စ၍မဖြစ်နိုင်သော ကျင့်ကြံသူဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ရှောင်ရိပင်လျှင် အလွန်အစွမ်းထက်နေပြီး ​မြေဝိဇ္ဇာများကို အနိုင်ယူနိုင်သောအခါ ယဲ့ချန်က ပို၍ကြောက်မက်ဖွယ်ကောင်းနေနိုင်သည်။

"ငါက အမတ်ကြီးရန်ယွင်ရဲ့သမီး...."

သူမ၏စကားမဆုံးခင်မှာပင် ယဲ့ချန်က မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ သူမ၏မျက်နှာထက်တွင် မျက်ရည်များပေပွနေပြီး ယဲ့ချန်ထပ်ရိုက်မည်ကို ကြောက်လန့်နေပြီဖြစ်သည်။

"အမတ်တစ်ယောက်က ကြီးကျယ်နေလို့လား။ သေတဲ့အထိတောင် သင်ခန်းစာရမယ် မထင်ဘူး။ နင့်ကို အခုငါသတ်လိုက်ရင် အဲ့အမတ်ကရော ဘာလုပ်မှာလဲ။ နင့်အလောင်းကို ကိုယ်လုံးတီးချွတ်ပြီး မှော်သားရဲတွေနဲ့ ရန်ယွင်ပြည်နယ်တစ်ခွင်လိုက်ပြပြီး စားခိုင်းလိုက်မယ်။ နင်က ဘယ်လောက်လှလှ အသားတုံးတစ်ခုထက်မပိုဘူး။ ငါ့မိုးပျံသားရဲက အစားကောင်းကောင်းမစားရတာ ကြာနေပြီ။ ဗိုက်ဆာလောက်ရောပေါ့"

ယဲ့ချန်က ခြိမ်းခြောက်လိုက်သည်။ လက်ရှိတွင် ဇီလန်၏မျက်နှာက လှပခြင်းမရှိတော့ဘဲ အလွန်ပုံပျက်နေသဖြင့် သူမ၏အဖေပင် မှတ်မိစရာအကြောင်းမရှိချေ။

"ကျေးဇူးပြုပြီး မသတ်ပါနဲ့။ တောင်းပန်ပါတယ်ရှင်"

ဇီလန်မှာ မာနကြီးသူဖြစ်သော်လည်း ယဲ့ချန်က တကယ်လုပ်မည့်ပုံပေါက်နေသောကြောင့် ကြောက်လန့်သွားလေသည်။ မှော်သားရဲတစ်ကောင်၏ အစာဖြစ်ရခြင်းကို တွေးပင်မတွေးရဲချေ။

ယဲ့ချန်က မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သည်။ သူမက သင်ခန်းစာရနေပုံပေါ်သောကြောင့် သူက မသတ်ချင်တော့ပေ။

"ဒီနေ့ နင့်အသက်ကို ချမ်းသာပေးလိုက်မယ်။ နင်က ငါ့မျိုးနွယ်ကိုသတ်မယ်လို့ ပြောခဲ့တယ်။ သတ္တိရှိရင် လာခဲ့လိုက်။ နင့်အဖေတောင် နင့်ကို မကာကွယ်ပေးနိုင်စေရဘူး"

ယဲ့ချန်က ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

ယဲ့ချန်နှင့်ရှောင်ရိကို မူလတွင် ဇီလန်တို့အုပ်စုက လှောင်ပြောင်ခဲ့ကြသော်လည်း လက်ရှိတွင် သူတို့၏ခွန်အားကို သံသယမရှိရဲတော့ပေ။ အသက်ငယ်ငယ်နှင့် အစွမ်းထက်လွန်းနေသော ပါရမီရှင်များနောက်တွင် အစွမ်းထက်နောက်ခံတစ်ခု သေချာပေါက်ရှိနေနိုင်သည်။

"ငါ ဘယ်သူ့မျိုးနွယ်ကိုမှ မသတ်ဖူးပါဘူး"

ဇီလန်၏မျက်နှာတွင် မျက်ရည်များစီးကျနေပြီး သူမက ယဲ့ချန်ကို နောက်တစ်ကြိမ် ရန်မစရဲတော့ပေ။

"ဒီည ငါ ရန်ယွင်မြို့တော်မှာနေမယ်။ မင်းတို့လက်စားချေချင်ရင် အချိန်မရွေးလာခဲ့ကြ။ ဒီလောက်လွယ်လွယ်နဲ့တော့ ပြီးမှာမဟုတ်ဘူး"

ယဲ့ချန်က သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်သည်။

သူ၏အကြည့်အောက်တွင် လူတိုင်းက ကျောရိုးထဲအထိ စိမ့်တက်သွားအောင် ကြောက်လန့်နေကြသည်။ အားလုံးက အရူးများမဟုတ်သောကြောင့် ရတနာတစ်ခုအတွက်နှင့် အဖိုးတန်အသက်ကို မလဲနိုင်ချေ။

"ငါတို့ ဘယ်တော့မှ လက်စားမချေရဲပါဘူး"

မြို့စားဇီလန်၊ သခင်လေးလျန်နှင့် ကျန်လူများက ကြောက်လန့်တကြား တောင်းပန်လိုက်ကြသည်။ အားလုံးက ဆိုးဆိုးရွားရွား ရိုက်နှက်ခံထားရလေသည်။

All Chapters