← Chapters

အပိုင်း(၅၅၁)

Vol. 37 Ch. 551

အပိုင်း(၅၅၁)

Vol. 37 Ch. 551

“အား..အား..အား..အား. မလုပ်နဲ့”

ရှစ်ဖုန့်၏ နတ်ဆိုးလက်ချောင်းနှင့်နတ်ဆိုး မျက်လုံးတို့ ပေါ်လာပြီးပြီးချင်း လွန်စွာပြင်းထန်သောနာကျင်မှုအားခံစားရနေသကဲ့သို့လီလျိုရှင်း၏မျက်နှာက ရှုံ့မဲ့နေသည်။

လီလျိုရှင်း၏ ရုတ်တရက်ပြောင်းလဲမှုအားကြည့်၍ ရှစ်ဖုန့်ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်။ ဤငတိဘာဖြစ်သွာလဲဆိုသည်အားသူမသိချေ။

ထို့နောက်လီလျိုရှင်း၏ကိုယ်ကနာကျင်

မှုကြောင့်   ဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်သွားသည်။

သူ၏ဦးခေါင်းအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ နာကျင်မှုကြောင့်ဆက်လက် အော်ဟစ်မြည်တမ်းနေသည်။ ဤအချိန်တွင် သာမန်ဓားတစ်ချောင်းပုံစံသာရှိသော လီလျိုရှင်း၏ လက်မောင်းအတွင်းရှိဓားရှည်က ရုတ်တရက်ဓားအိမ်အတွင်းတုန်ခါလာသည်။ ၎င်းကအနည်းငယ်တဝီဝီမြည်နေ၏?

“နတ်ဆိုး”

လီလျိုရှင်းလက်မောင်းအတွင်းရှိ ဓားရှည်၌ ရုတ်တရက် အနက်ရောင်နတ်ဆိုးချီတို့ဝန်းရံလာသည်ကို ရှစ်ဖုန့်ချက်ချင်းတွေ့လိုက်သည်။  နတ်ဆိုးချီအမျှင်တန်းလေးများက ဆွဲဆောင်ခံလိုက်ရသကဲ့သို့ လီလျိုရှင်း၏ ခန္ဓာကိုယ်ပတ်လည်၌ စတင်ဝန်းရံလာ၏။

လီလျိုရှင်း၏ကိုယ်မှာ ဆန်းကြယ်ပြီးစွမ်းအားကြီးမားသောအရှိန်အဝါတစ်ခုရုတ်တရက်မြင့်တက်လာသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။

“ဒီစွမ်းအား”

လီလျိုရှင်း၏ကိုယ်မှ ရုတ်တရက်မြင့်တက်လာသောစွမ်းအားအား ခံစားမိပြီး ရှစ်ဖုန့်ရုတ်တရက်တုန်လှုပ်အံ့အား

သင့်သွားသည်။

“ဝေါင်း..ဝေါင်း”

အဖြူလေးပင် လီလျိုရှင်း၏ကိုယ်မှ မြင့်တက်လာသည့် နှိုင်းယှဉ်ဖော်ပြ၍မရနိုင်သောစွမ်း

အားအားအာရုံခံမိသည်ဖြစ်သည်။ ၎င်းကလူတို့၏နှလုံးသားအားတဆက်ဆက်တုန်ယင်စေပြီး ဒေါသတကြီးအော်ဟစ်သံများကို ထွက်ပေါ်စေသည်။

“အဖြူလေး .. အရင်ဆုံးဆုတ်ရအောင်”

ရှစ်ဖုန့်ကအော်ပြောလိုက်သည်။ သူ၏ပုံရိပ်ကဖျက်ခနဲဖြစ်သွားပြီး ကျားဖြူ၏ကျောပေါ်သို့ရောက်သွားကာ ရပ်လိုက်သည်။

အဖြူလေးမှာ မနာခံဘဲမနေရဲချေ။ ၎င်း၏ခွာလေးဘက်အား ဒုန်းစိုင်းပြေးပြီး ဟင်းလင်းပြင်ထဲသို့တစ်ဟုန်ထိုးထိုးတက်သွားသည်။

ဤနေရာနှင့်အဝေးသို့ အဖြူလေးရောက်ရှိသောအခါတွင်  ငုံ့ကြည့်နေသောရှစ်ဖုန့်မှာ မူလကနာကျင်စွာဖြင့်ဟစ်အော်နေသောလီလျိုရှင်းတစ်ယောက်ရပ်တန်သွားသည်ကိုတွေ့လိုက်ရသည်။ချလွမ်ဟူသောအသံနှင့်အတူ  လီလျိုရှင်းလက်မောင်းအတွင်းရှိဓားရှည်က နောက်ဆုံး၌ဓားအိမ်အတွင်းမှထွက်လာပြီး  ကောင်းကင်ထဲသို့ တည့်တည့်ထိုးတက်သွား၏။

လီလျိုရှင်းလက်မောင်းအတွင်းရှိ သာမန်ဓားတစ်ချောင်းဟုထင်ရသော ဓားရှည်က ဓားအိမ်ထဲမှထွက်လာသောအခါတွင် ဓားတစ်ခုလုံး၌ နတ်ဆိုးချီတို့ဝန်းရံနေပုံရသည်။၎င်းမှာ အမှန်တကယ်ကို နတ်ဆိုး ၏ စွမ်းအားဖြစ်၏။

“အား”

ဤအချိန်တွင် မူလကနာကျင်မှုကြောင့်မြေပြင်၌

ဆောင့်ကြောင့်ထိုင်နေသော လီလျိုရှင်းမှာ ရုတ်တရက်ရူးသွပ်သွားပုံပေါ်၏။ သူ၏မျက်နှာကနာကျင်မှုကြောင့်ရှုံ့မဲ့နေပြီး ရုတ်တရက်ကောင်းကင်ထဲသို့ထိုး

တက်သွားသည်။

လီလျိုရှင်း၏ကိုယ်မှ စွမ်းအားကြီးစွမ်းအင်တစ်ခုထွက်ပေါ်လာပြီး ကောင်းကင်ထဲသို့တစ်ဟုန်ထိုးဦး

တည်သွားသည်။ ဟင်းလင်းပြင်ထဲ၌ လီလျိုရှင်း၏အထက်တွင် ကြီးမားသောအနက်ရောင်ဝဲတစ်ခု

ရုတ်တရက်ပေါ်လာပြီး ဖြည်းညှင်းစွာလည်ပတ်နေသည်။

ဤအခိုက်အတန့်တွင် လီလျိုရှင်း၏ကိုယ်မှရုတ်တရက်

ထွက်ပေါ်လာသောစွမ်းအင်တို့က  နတ်ဆိုး၏စွမ်းအားနှင့်တစ်နည်းနည်းဆင်တူပုံရသော်လည်း  တစ်နည်းနည်းဖြင့်ကွဲပြားနေပုံလဲရသည်။  ယင်းမှာ နတ်ဆိုး၏စွမ်းအားက အခြားဆန်းကြယ်သောစွမ်းအားနှင့်ပေါင်းစပ်ထားသကဲ့သို့ဖြစ်၏။

“ဒါကဘယ်လိုစွမ်းအားမျိုးလဲ..

သူကဘာတွေဖြစ်နေတာလဲ”

မူလက နတ်ဆိုးသားရဲတောင်တန်း အတွင်း၌ လီလျိုရှင်းရုတ်တရက်  သန်မာလာရခြင်းမှာ သူကနတ်ဆိုး၏စွမ်းအားအားငှား

ယူသွားခြင်းကြောင့်ဟု ရှစ်ဖုန့်ထင်ခဲ့သည်။ယခုက ထိုသို့ဟုတ်ပုံမရပေ။

“သတ်”

လီလျိုရှင်းက မြေတုန်ဟီးဖွယ်အသံတစ်ခုကိုအော်လိုက်၏။ သူအားဗဟိုပြု၍ ဟင်းလင်းပြင်ကပြင်းထန်သော စွမ်းအင်အတက်အကျများကို ထုတ်လွှတ်ပြီး တလိပ်လိပ်တက်လာသောလှိုင်းလုံးများကဲ့သို့ ဦးတည်ချက်ပေါင်းစုံသို့ပျံ့နှံ့သွားသည်။

“ဝေါင်း”

မူလက ကောင်းကင်ထဲသို့ထိုး

တက်သွားသော  အနက်ရောင်မြူများထံမှ ကြမ်းကြုတ်သောသားရဲတစ်ကောင်ကဲ့သို့ဟိန်းသံတစ်ချက်ထွက်လာပြီး လီလျိုရှင်းအထက်ရှိ ဧရာမအနက်ရောင်ဝဲကြီးထံသို့ ပျံသန်းသွားသည်။

အသံအားလုံး လျှင်မြန်စွာငြိမ်ကျသွား၏။

လီလျိုရှင်းသည်လည်းအော်

ဟစ်မြည်တမ်းနေခြင်းမှရပ်တန့်သွားသည်။ သူ၏ခန္ဓာကိုယ်ဝန်းကျင်၌ ရစ်ဝဲနေသော အနက်ရောင်မြူခိုးမျှင်များမှလွဲ၍  ရုတ်တရက်သူ၏ပုံစံက နှိုင်းယှဉ်ပြ၍မရနိုင်အောင် ငြိမ်ကျသွားသည်။ သူ၏ခေါင်းအားအနည်းငယ်မော့လိုက်

သောအခါ လီလျိုရှင်း၏မျက်လုံးတို့က ပိန်းပေါက်အောင်မည်းနက်နေပြီး သူ့ရှိရာဘက်သို့ကြည့်နေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

ထို့နောက်လီလျိုရှင်းက သူ၏ညာလက်အားဓားအသွင်ပြုလုပ်လိုက်ပြီး  ရှစ်ဖုန့်ရှိရာကောင်းကင်ထဲသို့ထိုး

ညွှန်လိုက်သည်။

“အိုး..မဟုတ်ဘူး”

လီလျိုရှင်း၏ အပြုအမူအား တွေ့လိုက်ရသောအခါ တစ်စုံတစ်ခုမှားယွင်းနေသည်ကို ရှစ်ဖုန့်ချက်ချင်းသဘောပေါက်လိုက်သည်။ဤအခိုက်အတန့်တွင်  လီလျိုရှင်းထုတ်လွှတ်နေသောအရှိန်အဝါက  ရှစ်ဖုန့်၏နှလုံးသားအားတုန်ယင်

အောင်ပြုလုပ်ပြီး  နှိုင်းယှဉ်ဖော်ပြ၍မရနိုင်သော အန္တရာယ်ကို ခံစားရစေသည်။

သူ၏သိုင်းပါရမီဗီဇက သူ့အား ဤလီလျိုရှင်းက မူလလီလျိုရှင်းမဟုတ်တော့ကြောင်း

ကိုပြောနေ၏။

လီလျိုရှင်းကထိုးညွှန်ထားသည်။ရုတ်ခြည်းဆိုသလို လီလျိုရှင်းထိုးညွှန်ထားသော ဟင်းလင်းပြင်၌ နောက်ထပ်တစ်ကြိမ်စွမ်းအင်အတက်

အကျတို့ဖြစ်ပေါ်လာသည်။စွမ်းအင်အတက်အကျများဖြစ်နေသောဟင်းလင်းပြင်မှာ ရုတ်ခြည်း  မှင်နက်ရောင်သို့ပြောင်းလဲသွားပြီး  ရှစ်ဖုန့်ရှိရာထံသို့တစ်ဟုန်ထိုး အတက်အကျတို့ဖြင့်ဦးတည်လာသည်။

“ဒီစွမ်းအား.. ဒါက…ဒါကဧကရာဇ်တစ်ဦးရဲ့စွမ်းအားပဲ”

ကျားဖြူပေါ်၌ရှိနေသော ရှစ်ဖုန့်မှာ ဟင်းလင်းပြင်အတွင်းမှ အနက်ရောင်စွမ်းအင်အတက်အကျများကို

ကြည့်ရင်းသူ့ထံသို့လာနေသော စွမ်းအင်တို့မှ စွမ်းအားကို အာရုံခံမိလိုက်သည်။

လီလျိုရှင်းသူ့ထံသို့ ထိုးညွှန်လိုက်သောစွမ်းအားက ဧကရာဇ်နယ်ပယ်တစ်ဦး၏ စွမ်းအားသို့ရောက်ရှိနေ၏။ သူမည်သို့ပင်လုပ်ခဲ့သည်ဖြစ်စေ ရှစ်ဖုန့်အနေဖြင့် ၎င်းအားရင်ဆိုင်နိုင်ခြင်းမရှိပေ။ ဟင်းလင်းပြင်အတွင်းအရှိ အနက်ရောင်စွမ်းအင်အတက်အကျများကလည်း သွေးကျောက်ပြားအားအသက်သွင်းပြီး ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ပါး၏တိုက်ခိုက်မှုကိုဖော်ထုတ်သည်ထက် ပိုအားကောင်းသည်ကိုရှစ်ဖုန့်အာရုံခံမိသည်။

ဤလီလျိုရှင်းကမျက်စိတစ်မှိတ်အတွင်း အရမ်းစွမ်းအားကြီးလာ၏။ ထိုထက်ပိုသည်ကား ဤသည်မှာသူ၏လက်ချောင်းတို့မှ လာသောစွမ်းအားသာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ရှစ်ဖုန့်သေသည်အထိတိုက်ရမည်ဖြစ်သည်။ ဘဝနှစ်ခုနေခဲ့သော ယောက်ျားတစ်ယောက်ဖြစ်သည်နှင့်အညီ ဤဘဝ၌ သူ့အနေဖြင့် ကံကောင်း၍ပြန်ဝင်စားနိုင်ခဲ့သည်။

နောက်တစ်ကြိမ်၌သူအရမ်းကံကောင်း

နေလိမ့်မည်မဟုတ်ပေ။

သူသေချာပေါက်သေ၍မရပေ။

ဤအချိန်တွင် ရှစ်ဖုန့်၏မျက်နှာ၌လုံးဝကိုပြတ်သားမှုတို့ဖြစ်နေသည်။ သွေးနီရောင်အလင်းကသူ၏

ကိုယ်ပေါ်၌လင်းလက်လာပြီး သွေးချပ်ဝတ်ကသူ၏ကိုယ်ပေါ်၌ပေါ်လာကာ နှိုင်းယှဉ်ဖော်ပြ၍မရနိုင်သော သွေးနီရောင်အလင်းတစ်ခုလင်းလက်တောက်ပနေ၏။သူ၏ညာလက်၌သွေးသောက်ဓား

ကလည်း ပေါ်လာသည်။ ဤအချိန်တွင် သွေးကျောက်ပြားအားအသက်သွင်းရန်ရှစ်ဖုန့်အသင့်ပြင်ထားသည်။ ၎င်းအားသူတားနိုင်သည်ဖြစ်စေ မတားနိုင်သည်ဖြစ်စေ သူ့ထံသို့တရစပ်တိုက်ခိုက်လာသော

စွမ်းအင်အား အားနည်းအောင်လုပ်ရမည်ဖြစ်သည်။

သို့သော်ဤအချိန်တွင် ရုတ်တရက် စူးရှရှ၊အက်ကွဲကွဲနှင့်နားမချမ်းသာစေသော ရယ်သံတစ်ခုကိုသူကြားလိုက်ရသည်။

“ခီးခီးခီး.. ခီးခီး..ငါ့ရဲ့စွမ်းအားရှယဲ့..ဟုတ်တယ်..

ဒါကငါ့ရဲ့စွမ်းအားရှယဲ့ပဲ..ငါ့စွမ်းအားကိုဒီလူကထိန်းချုပ်ထားမယ်လို့ငါမမျှော်လင့် ထားခဲ့ဘူး”

ထူးဆန်းပြီးနားစူးစေသောအသံထွက်

ပေါ်လာသောအခါတွင်သူဖြတ်သွား

သောနေရာ၌ ပုံရိပ်တစ်ခုကဒေါင်လိုက်ပေါ်လာသည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။ ပုံရိပ်အားအကဲဖြတ်ရသလောက်၎င်းမှာ ကုတ်အထိကျနေသောဆံပင်တို့နှင့်အမျိုးသမီးတစ်ဦးဖြစ်သည်။

လီလျိုရှင်းကဲ့သို့ပင်  အမျိုးသမီး၌လည်းအနက်ရောင်နတ်ဆိုး

မြူအမျှင်တန်းများဝန်းရံနေသည်။ သူမ၏ဦးခေါင်းထက်တွင်ပိန်းပေါက်အောင်နက်မှောင်နေသောဦးချိုကွေးတစ်ချောင်းရှိ၏။ သူမ၏လက်ထဲတွင်နတ်ဆိုးမြူများ

ဝန်းရံနေသော သားသတ်ဓားတစ်ချောင်းအားကိုင်ထားသည်။

သားသတ်ဓားနှင့်ပုံရိပ်အားကြည့်၍ ထိုလူ၏သရုပ်မှန်အားရှစ်ဖုန့်သိလိုက်သည်။

“လီရူ”

သို့သော်၎င်းကလီရူ၏ခန္ဓာကိုယ်သက်

သက်သာဖြစ်သည်ကိုရှစ်ဖုန့်သိသည်ဖြစ်သည်။သူမ၏စိတ်အား နတ်ဆိုးက အပိုင်စီးထား၏။

လီရူ၏ဦးခေါင်းထက်မှဦးချိုကွေးအားကြည့်ရင်း၎င်းက သူသတ်ခဲ့သော လုံအောင်၏ခေါင်းထက်မှ တစ်ခုနှင့်တစ်ထေရာတည်းတူသည်ကိုရှစ်ဖုန့်သိလိုက်သည်။ လုံအောင်သေဆုံးပြီးနောက် ၎င်း၏အုပ်ဂူအတူးဖော်ခံရပြီး သူ၏ရှုံ့တွနေသောအလောင်းမှ အနက်ရောင်ဦးချိုပျောက်သွားသည်ဟု ရှစ်ဖုန့်ကြားခဲ့ရသည်။ ယခု၎င်းအားပြုလုပ်ခဲ့သူက  လီရူအားဝင်စီးထားသောနတ်ဆိုးဖြစ်ပုံပေါ်၏။

လီရူဆီမှရှစ်ဖုန့်အာရုံခံမိသောအရှိန်အဝါမှာ  သူ၏နတ်ဆိုးလက်ချောင်း၊နတ်ဆိုးမျက်လုံးတို့ တစ်ထေရာတည်းတူသည်ဖြစ်သည်။သူမကိုယ်ရှိစွမ်းအားကလီလျိုရှင်းနှင့်ကွဲပြား၏။ သူမ၏စွမ်းအားကသန့်စင်သောနတ်ဆိုး

စွမ်းအားဖြစ်သည်။

လီရူ၏အရှိန်အဝါကလည်းနှိုင်းယှဉ်ဖော်ပြ၍မရနိုင်အောင်အားကောင်းပြီး ကြောက်ဖို့ကောင်းသည်ကိုရှစ်ဖုန့်အာရုံ

ခံမိသည်။ ၎င်းကလီလျိုရှင်းထက်အားနည်းခြင်းမရှိချေ။ အချိန်တိုအတွင်းသူမအနေဖြင့် ဤကဲ့သို့အဆင့်ထိရောက်နိုင်လိမ့်မည်

ဟုသူမမျှော်လင့်ထားမိခဲ့ချေ။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters