အပိုင်း(၅၅၂)
Vol. 37 Ch. 552
“ခီးခီး..ခီးခီး.ခီးခီး. ငါ့ရဲ့စွမ်းအားရှယဲ့ ….ငါဘယ်လိုလုပ်ပြီး မင်းကိုလွှတ်ပေးနိုင်မှာလဲ… နိမ့်ကျတဲ့လူသားက ဒါကိုထိန်းချုပ်ထားတယ်.. ငရဲကိုသွားစမ်း”
လီရူကအော်ပြောလိုက်သည်။ ထို့နောက် သူမ၏သားသတ်ဓားအား အောက်သို့လွှဲယမ်းလိုက်၏။
အနက်ရောင်နတ်ဆိုးမြူတို့ကြောင့်ဖြစ်လာသောဧရာမဓားချီကြီးက ရုတ်ခြည်း အောက်သို့ကျဆင်းလာသည်။ ရှစ်ဖုန့်မှာ ဤတိုက်ခိုက်မှုကလီလျိုရှင်း၏တိုက်ခိုက်မှုဖြင့် ဆင်တူသည်ကိုရှစ်ဖုန့်ခံစားမိသည်ဖြစ်သည်။ ၎င်းကလည်းဧကရာဇ်နယ်ပယ်ရှိနေ၏။
နတ်ဆိုးမြူဓားချီဖြတ်သန်းသွားသော
နေရာတိုင်းတွင် ၎င်းမှာ မီးပြင်းတိုက်ဓားသောဓားမြှောင်က ထောပတ်တုံးအားလှီးလိုက်သကဲ့သို့
ပင်ဖြစ်သည်။ အပေါ်သို့ထိုးတက်နေသောအနက်ရောင်
လှိုင်းများက ရုတ်ခြည်း နတ်ဆိုးမြူဓားချီ၏ ဖျက်ဆီးခြင်းခံလိုက်ရသည်။
မကြာခင် နတ်ဆိုးမြူဓားချီက လီလျိုရှင်းထံသို့ရောက်လာပြီး ပြောင်းပြန်ခုတ်ပိုင်းလာသည်။ ၎င်းက လီလျိုရှင်းအား မုန့်မုန့်ညှက်ညှက်ကြေအောင် လုပ်ပစ်ချင်နေပုံရ၏။
“ဟမ်”
သူ၏ခေါင်းထက်သို့ရောက်ရှိလာသော နတ်ဆိုးမြူဓားချီ၏ အရှိန်အဝါအား ကြည့်ရင်း လီလျိုရှင်း၏တည်ငြိမ်နေသောမျက်နှာက အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ ထို့နောက်ချက်ချင်း အခြားဓားအသွင်လက်ချောင်းတစ်ခုအား နတ်ဆိုးမြူဓားချီထံသို့ထိုးညွှန်လိုက်သည်။ ချက်ချင်းပဲလီလျိုရှင်း၏ လက်ချောင်းအောက်တွင် နတ်ဆိုးမြူဓားချီများ
ပြိုကွဲသွားပြီးလုံးဝပျောက်ကွယ်သွားသည်။
“သတ်”
လီလျိုရှင်းကအော်ပြောလိုက်သည်။ သူ၏ကိုယ်က လင်းယုန်တစ်ကောင်ကဲ့သို့ လီရူရှိရာသို့ ဒေါင်လိုက်ထိုးဆင်းသွားသည်။
ဤအချိန်တွင်လီလျိုရှင်း၏ဦးခေါင်းထက်၌ဖြစ်ပေါ်နေသော ဧရာမအနက်ရောင်ဝဲကြီးကလည်း ရုတ်တရက်ကြမ်းကြုတ်ခက်ထန်ပြီးကြီး
မားသောအနက်ရောင်လျှပ်စီးများအား ထုတ်လွှတ်ကာ လီလျိုရှင်း၏တစ်ကိုယ်လုံးကိုဝါးမျိုလိုက်သည်။
အနီးကပ်ကြည့်လိုက်မည်ဆိုလျှင် အနက်ရောင်လျှပ်စီးကြောင်းများ၏ ဝါးမျိုခြင်းကိုခံထားရသည့်လီလျိုရှင်းမှာ အနက်ရောင်ဝဲနှင့်ဆက်သွယ်ထားသည့် ဧရာမလျှပ်စီးဓားတစ်ချောင်းကဲ့သို့ဖြစ်နေ၏။ ယင်းမှာကောင်းကင်အားထောက်ထားသော ဧရာမအနက်ရောင်တိုင်လုံးကြီးက လီရူထံသို့ပြိုကျလာသကဲ့သို့ဖြစ်သည်။
“ချိုးဖျက်စမ်း”
ဇောက်ထိုးအနေအထားနှင့်လီရူမှာရုတ်တရက်မြေတုန်ဟီးစေသောအသံဖြင့်အော်လိုက်သည်။ သူမ၏ကိုယ်မှအားကောင်းသောနတ်ဆိုးများကတစ်ဟုန်ထိုးထွက်လာပြီး ကျဆင်းလာသောအနက်ရောင်လျှပ်စီးကြောင်းဓားထံသို့ဦးတည်သွားသည်။
“ဝုန်း”
အရာအားလုံးအားဖျက်ဆီးနိုင်ပုံရသော
စွမ်းအားကြီးအားနှစ်ခုက ပစ်ဆောင့်သွားသည်။ ထို့နောက်ကောင်းကင်အားထိုးခွင်းနိုင်လောက်သောကျယ်လောင်သည့်ဟိန်းသံကြီးက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ပဲ့တင်ထပ်သွားသည်။ အလွန်အမင်းပြင်းထန်သော စွမ်းအားတို့ကဖရိုဖရဲဖြစ်ကာ ဦးတည်ချက်အနှံ့သို့ပျံ့နှံ့ထွက်လာပြီး
ဟင်းလင်းပြင်အားပြင်းထန်သည့်စွမ်း
အင်အတက်အကျများအဆက်
မပြတ်ဖြစ်ပေါ်စေ၏။
အကွာအဝေးတစ်ခုအတွင်း၌ အဝေးသို့ထွက်ပြေးပြီးဖြစ်သောရှစ်ဖုန့်မှာ တိုက်ပွဲနှင့်သေချာသောအကွာအဝေးတစ်ခုအားထိန်းထား၏။ အဖြူလေးအားပြေးနေခြင်းမှရပ်တန့်ရန်
အမိန့်ပေးလိုက်ပြီးရုတ်ရုတ်သဲသဲထိန်းမနိုင်သိမ်းမရဖြစ်နေပြီးဖြစ်သော တိုက်ပွဲထံသို့ကြည့်နေ၏။
ဤအခိုက်အတန့်တွင်အခြားတစ်ဖက်ရှိတိုက်ပွဲမြေပြင်မှ လူနှစ်ယောက်၏တိုက်ခိုက်မှုကြောင့် သူ၏နတ်ဆိုးလက်ချောင်းနှင့်နတ်ဆိုးမျက်လုံးတို့ကသူ၏ကိုယ်မှပျံသန်းထွက်ခွာကာ ထိုဘက်သို့သွားချင်နေသကဲ့သို့စတင်တုန်ယင်လာသည်ကိုခံစားလိုက်ရသည်။
သို့သော်ရှစ်ဖုန့်ဖိနှိပ်မှုအောက်တွင် နတ်ဆိုးလက်ချောင်းနှင့်နတ်ဆိုးမျက်လုံးတို့မှာ ဖြည်းဖြည်းချင်းညိမ်ကျသွား၏။
“ကောင်စုတ်. မြန်မြန်ပြေးဖို့ငါမင်းကိုအကြံပေးမယ်..ဒီပွဲကိုဆက်ပြီးစောင့်ကြည့်မနေနဲ့ ဒီနှစ်ယောက်နဲ့ပိုဝေးလေးပိုပြီးကောင်းလေပြ..ဒီတိုက်ပွဲပြီးသွားတာနဲ့ ဘယ်သူပဲဖြစ်နေပါစေ မင်းကိုရှာဖို့လာလိမ့်မယ်”
ဤအချိန်တွင်ကောင်းကင်မီးတောက်က
ပြောလိုက်သည်။
“ဒီသခင်လေးကံကောင်းတယ်.
.အဆင်ပြေပါတယ်”
ရှစ်ဖုန့်ကကောင်းကင်မီးတောက်အားတည်ငြိမ်စွာပြောလိုက်သည်။သူ၏အကြည့်ကတိုက်ပွဲပေါ်သို့စူးစိုက်ထားဆဲဖြစ်သည်။
လီရူပေါ်လာသောအခါတွင်သူ့ကိုယ်သူ
ရှယဲ့ဟုခေါ်သည်ကိုအမှတ်ရလိုက်သည်။
ထိုနေ့က နတ်ဆိုးလက်ချောင်းမှထွက်ပေါ်လာသည့်နတ်ဆိုးဝိညာဉ်အကြွင်းအကျန်ကလည်းသူ့ကိုယ်သူရှယဲ့ဟုခေါ်သည်ကို ရှစ်ဖုန့်မှတ်မိနေသေး၏။
လီလျိုရှင်း၏အခြေအနေမှာ လီရူနှင့်ကွဲပြားသည်။ လီရူကနတ်ဆိုး၏ ဝင်စီးထားခြင်းခံထားရသည်မှာ သံသယဝင်စရာမရှိချေ။ သို့သော် လီလျိုရှင်းကတော့ဝင်စီးခြင်းခံရပုံမပေါ်ပေ။ ယင်းမှာသူ့အနေဖြင့်အခြားလူတစ်ယောက်
အဖြစ်ပြောင်းလဲသွားသကဲ့သို့ဖြစ်သည်။
လီရူအားဝင်စီးထားသောနတ်ဆိုးပေါ်လာ
ချိန်တွင် လီလျိုရှင်းက၎င်း၏စွမ်းအားအား ထိန်းချုပ်ထားသည်ဟုပြောခဲ့သည်။ သူကလီလျိုရှင်းကိုလူသားဟုလည်းခေါ်ခဲ့၏။
“ဝုန်း..ဝုန်း..ဝုန်း…ဝုန်း..”
အခြားတစ်ဖက်တွင် လီလျိုရှင်းနှင့်လီရူတို့မှာ အဆက်မပြတ်တိုက်ကွက်များထုတ်ဖော်နေ၏။ ၎င်းတို့က စွမ်းအားကြီးစွမ်းအင်တို့ဖြင့်အဆက်မပြတ်တရစပ်တိုက်ခိုက်နေကြသည်။
တရစပ်တိုက်ချက်များနှင့် စွမ်းအားကြီးပစ်ဆောင့်မှုများကအဆက်
မပြတ်ဖြစ်ပေါ်နေပြီး ကောင်းကင်အားချိုးဖျက်နေကြသကဲ့သို့ပင်ဖြစ်သည်။ စွမ်းအင်များကယခင်ကထက်ပိုမို၍ ပြင်းထန်ပြီး ဦးတည်ချက်အနှံ့သို့ဖရိုဖရဲပျံ့နှံ့နေသည်။
အခြားတစ်ဖက်မှစွမ်းအင်များအားအာရုံခံရင်းအကယ်၍ သူသာဤစွမ်းအင်များဖြင့်ထိမိလျှင် သူသေချာပေါက်သေမည်ကိုရှစ်ဖုန့်သံသယ
ဝင်ခြင်းမရှိချေ။ယခင်ကအထွတ်အထိပ်
ဧကရာဇ်နယ်ပယ်တစ်ပါးဖြစ်ခဲ့သည်နှင့်အညီ ဧကရာဇ်နယ်ပယ်တစ်ဦး၏ စွမ်းအားက မည်မျှစွမ်းအားကြီးမားပြီးကြောက်
ဖို့ကောင်းသည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။ ၎င်းကယခုသူထိပါးကစားနိုင်သော
အရာမဟုတ်ပေ။
ဤအချိန်တွင်ပြင်းထန်သောအခြေအ
နေများကြောင့် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်မှ များစွာသောပုံရိပ်များပျံသန်းလာကြသည်။
သို့သော်ထိုပုံရိပ်များမှာ တိုက်ပွဲမြေပြင်နှင့်ဖြည်းဖြည်းချင်းနီး
ကပ်လာသောအခါတွင်ရုတ်ခြည်း
ရှေ့သို့ပျံသန်းနေရာမှရပ်တန့်လိုက်ကြ၏။ အဆက်မပြတ်ပြန်လည်ဆုတ်ခွာ
နေကြသောပုံရိပ်များပင်တော်တော်
လေးရှိနေသည်။
တိုက်ပွဲမြေပြင်မှစွမ်းအားက သူတို့ထိပါးရင်ဆိုင်နိုင်သောအရာမဟုတ်သည်ကို လူများသဘောပေါက်ကြသည်။
လူများမှာမျက်လုံးများပြူးနေကြပြီး တိုက်ပွဲအားကြည့်နေကြသည်။ ထိတ်လန့်မှုများဖြင့် ပင့်သက်ရှိုက်ရင်းပြောလိုက်ကြသည်။
“ဒီ..ဒီစွမ်းအားက.. ဒီစွမ်းကဘယ်လိုအဆင့်မျိုးလဲ”
“ဒီ..ဒီစွမ်းအား..ဒါက မဟာသူတော်စင်နယ်ပယ်တစ်ယောက်
ကိုတောင်ဖိနှိပ်နိုင်လုနီးပါးဖြစ်နေပြီ. အဲ့လူတိုက်ခိုက်နေတဲလူကဘယ်လို
လူစားမျိုးလဲ”
“ထျန်းလျန်အင်ပါယာရဲ့မင်းသမီးလင်လုံက တကယ်ပဲ ဒီလိုမျိုး ကြမ်းတမ်းတနဲပုဂ္ဂိုလ်ကိုသိုင်းပြိုင်ပွဲမှာ
ဆွဲဆောင်နိုင်တာပဲ..သူတို့သာသိုင်းပြိုင်ပွဲမှာပါလာရင် ဘယ်သူကများသူတို့ကိုယှဉ်နိုင်တော့မှာလဲ”
“ဒီစွမ်းအားက ငါ့နှလုံးသားကိုတောင်တဆက်ဆက်
တုန်စေတယ်.. မကောင်းတဲ့စွမ်းအားကိုလည်းငါခံစားမိတယ်. တိုက်နေတဲ့သူတွေက မိစ္ဆာဂိုဏ်းကများဖြစ်နေမလား”
“ညီမရူ..ဒါကညီမရူပဲ.”
ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်မှပျံသန်းထွက်လာသောသူမှာလီရူ၏ချစ်သူယန်
ကျုံးပင်ဖြစ်သည်။
ယန်ကျုံးမှာရှစ်ဖုန့်၏အဝေးသို့ထွက်ပြေးခဲ့ရပြီးနောက်လီရူအား ထပ်မံမမြင်တွေ့ရတော့ပေ။ ယခုသူ၏ချစ်သူအားပြန်လည်မြင်တွေ့ရချိန်တွင်သူ၏နှလုံးသားကိုပင်တုန်ယင်စေသည်အထိစွမ်းအားကြီးလာလိမ့်မည်ဟုသူမမျှော်လင့်
ထားခဲ့ပေ။
“ကျုံးအာ အလျှင်စလိုမလုပ်နဲ့”
ယန်ကျုံးက ဂနာမငြိမ်ဖြစ်လာသည်အား အာရုံခံမိသောအခါတွင် ယန်ကျုံး၏လည်ပင်းရှိကျောက်စိမ်းပြားထံမှ ရုတ်ခြည်းအက်ကွဲကွဲနှင့်အသံဩဩတစ်ခုထွက်ပေါ်လာသည်။
“ဆရာ”
အသံအားကြားလိုက်ရသောအခါတွင် ယန်ကျုံးခေါင်းငုံ့လိုက်ပြီးသူ့ရင်ဘက်
ပေါ်ရှိကျောက်စိမ်းပြားကိုကြည့်လိုက်သည်။
ထို့နောက်အိုမင်းပြီးအက်ကွဲကွဲနိုင်ကာ အသံဩဩကထပ်မံထွက်ပေါ်လာ၏။
“ငါ့ရဲ့အာရုံခံမှုသာမမှားရင် အဲ့ကောင်မလေးက မကောင်းဆိုးဝါးတစ်ကောင်ကောင်ရဲ့ဝင်စီးတာကိုခံထားရတာ..သူမကငါမင်းရဲ့ခန္ဓာကိုယ်ကိုငှားတာနဲ့ကွဲပြားတယ်..သူမရဲ့ခန္ဓာကိုယ်က မကောင်းဆိုးဝါးက တိုက်ရိုက်ဝင်စီးထားတာ”
“ဘာ…ညီမရူ..သူက..”
ဆရာဖြစ်သူ၏စကားအားကြားပြီးနောက်တွင် ယန်ကျုံး၏မျက်နှာထက်၌ ရုတ်တရက်တုန်လှုပ်အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်သွားသည်။ထို့နောက်ပြင်းထန်သောတိုက်ပွဲအား မယုံကြည်နိုင်စွာကြည့်နေရင်း သူ၏အိမ်မက်ထဲ၌ကြိမ်ဖန်များစွာပေါ်
လာဖူးသောထိုပုံရိပ်ကိုကြည့်လိုက်သည်။
ယန်ကျုံးထွက်ခွာသွားသည့်နေ့ကသူ၏ညီမရူကိုအမြဲစိတ်ပူနေခဲ့သည်။ ယန်ကျုံးမှာကမ္ဘာကြီးအားတစ်နေ့ကြ နှိမ့်ချကြည့်ကာလှပသောမိန်းကလေးများအား လပ်ထပ်မည်ဟုစိတ်ကူးထားသည်။ သို့သော် သူ၏ညီမရူမှာထိုလှပသောအမျိုးသမီးများထဲမှတစ်ဦးဖြစ်လိမ့်မည်ဖြစ်၏။
မည်သို့ပင်ဖြစ်နေပါစေ ညီမရူကသူ၏အချစ်ဦးဖြစ်သည်။ ယန်ကျုံးယနေ့အချိန်ထိစစ်မှန်စွာချစ်နေ
သေးသောသူမှာ သူမဖြစ်သည်ဟုပြောနိုင်၏။
သိုသော်ယခု သူ၏ညီမရူနင့်တွေ့ဆုံချိန်တွင်သူမက…
ထို့နောက်သူ့ရင်ဘက်ရှိကျောက်စိမ်းပြားအား
ကြည့်၍ယန်ကျုံးထပ်မံပြောလိုက်သည်။
“ဆရာ ညီမရူရဲ့ဝိညာဉ်ကရှိနေသေးလားဆိုတာကို ဆရာအာရုံခံနိုင်လား”
ဆက်ရန်…….
ဘာသာပြန်သူ-ARISE