ထောင်ချောက်သို့ သက်ဆင်းလာသူ
Vol. 19 Ch. 261
ထိုဓားက အနီရင့်ရောင်မီးတောက်များဖြင့် လွှမ်းခြုံထားပြီး ဓားကိုယ်ထည်ပေါ်တွင် မီးနဂါးပုံရိပ်ရှိနေသည်။
“အကြီးအကဲယွင်လုံ၊ ကျွန်တော်က အဝိုင်းခံထားရတဲ့တပည့်တွေကို သွားကယ်မလို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ပါ”
ဝမ်လော့ရှန်က ခပ်တိုးတိုးပြောလိုက်ပြီး ဓားကို လက်သီးဆုပ်ပြသည်။
ဓားသည် တုန်ခါသွားပြီး မီးတောက်များက ဝမ်လော့ရှန်ကို လွှမ်းခြုံလိုက်သည်။ ထို့နောက် ဆယ်ပေရှိသော မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ဝမ်လော့ရှန်က ယွီရီကျီကို ကြည့်လျက် ပြောသည်။
“သွားကြစို့”
ယွီရီကျီက ခေါင်းညိတ်လိုက်ပြီး မီးနဂါး၏ကျောပေါ်သို့ တက်သည်။
နဂါးသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး ပျံသန်းသွားသည်။
မူလမီးတောက်နန်းတော်၏ အဓိကခန်းဆောင်ထဲတွင် လူတိုင်းက ပျံသန်းသွားသောမီးနဂါးကို ကြည့်လျက် စဉ်းစားနေကြသည်။ ထို့နောက် လူစု ခွဲသွားသည်။
မီနဂါးသည် အလွန်လျင်မြန်သည်။ သူတို့က သိပ်မကြာခင်တွင် ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများ ပေါက်ကွဲနေသောနေရာသို့ ရောက်လာကြသည်။
“အမ် ....”
မီးနဂါး၏ခေါင်းပေါ်တွင်ရပ်နေသော ဝမ်လော့ရှန်က အံ့အားသင့်စွာအသံပြုလိုက်သည်။
“သူတို့က ဝိုင်းအတိုက်ခံနေရတာမဟုတ်ဘဲ လက်ရည်ညီနေပါ့လား”
ထိုနေရာတွင် ဓားအလင်းများ ထွက်ပေါ်နေသည်။ တစ်ဖက်သတ် သတ်ဖြတ်ခံရခြင်းမျိုး မဟုတ်ပေ။
ထို့အပြင် အဝိုင်းခံထားရသောလူစုကြားထဲတွင် ထင်ရှားသောဓားအလင်းနှစ်ခုကို မြင်နိုင်သည်။
“ခေါင်းဆောင်၊ ဒီဓားနည်းစနစ်က ကျွန်တော်တို့မူလမီးတောက်နန်းတော်ရဲ့ အမွေအနှစ်မဟုတ်ဘူး”
ယွီရီကျီက မျက်လုံးများမှေးကျဉ်းလိုက်ပြီး ရှေ့သို့ကြည့်သည်။
“ထန်တောင်ကုန်းဓားဂိုဏ်းက တစ်ယောက်ယောက်ထင်တယ်”
ထန်တောင်ကုန်းဓားဂိုဏ်း…။
ထိုနာမည်ကြောင့် ဝမ်လော့ရှန် စဉ်းစားနေသည်။
ထန်တောင်ကုန်းဓားဂိုဏ်းနှင့် နေမင်းရောင်ဝါနန်းတော်သည် ဤကမ္ဘာငယ်လေးကို အတူတကွအုပ်ချုပ်ပြီးနောက် အင်အားကြီးလာကြခြင်း ဖြစ်သည်။
သို့သော်လည်း နေမင်းရောင်ဝါနန်းတော် ကျဆင်းသွားသောအခါတွင် ထန်တောင်ကုန်းဓားဂိုဏ်းက သူတို့ကို မကူညီဘဲ ပစ်ထားခဲ့ကြသည်။
ယခင်တစ်ခေါက်က ထန်တောင်ကုန်းဓားဂိုဏ်း၏ လူများသည် စစ်ကူခေါ်လာခဲ့မည်ဟု ပြောခဲ့ကြသည်။
မူလမီးတောက်နန်းတော်က သူတို့ထွက်သွားနိုင်ရန်အတွက် အကောင်းဆုံး ကြိုးစားပေးခဲ့ကြ၏။ သို့သော်လည်း နှစ်တစ်ရာကြာသည်သည့်တိုင် မည်သည့် သတင်းမှ မကြားရပေ။
ဝိုင်း၍ အတိုက်ခံနေရသောလူများသည် ထန်တောင်ကုန်းဓားဂိုဏ်းမှဖြစ်လျှင် ဝမ်လော့ရှန်က ဝင်ရောက်ကူညီလိုခြင်း မရှိပေ။
“ဟားဟား၊ ခုန်းလင်တာအိုဂိုဏ်းက ဒီလောက်ပဲလား”
“ထပ်လာခဲ့စမ်း”
အောက်တွင် မောက်မာသော လုကော၏ အသံက ပဲ့တင်ထပ်နေသည်။
သူတိုက်ခိုက်သည်နှင့်အမျှ ကျင့်ကြံဆင့်နှင့်ဓားသည် ပို၍ပေါင်းစပ်သွားပြီး တိုက်ခိုက်နိုင်စွမ်း ပိုကောင်းလာသည်။
မျှော်လင့်ထားသည့်အတိုင်း ဓားစစ်သည်နည်းစနစ်သည် ဓားကိုပျိုးထောင်ပေးရန်အတွက် တိုက်ပွဲအတွေ့အကြုံများ လိုအပ်သည်။
သူက မတိုက်ခိုက်လျှင် ကျင့်ကြံနိုင်မည်မဟုတ်ပေ။
သူနှင့် စွန်းယိုရှောက်တို့သည် ကယ်ဆယ်လာသော မိုင်းတွင်းကျွန်များကို ဦးဆောင်၍ အတားအဆီးအမျိုးမျိုးကို ကျော်ဖြတ်လာခဲ့ကြ၏။
ခုန်းလင်တာအိုဂိုဏ်း၏ တပည့်များနှင့် ကောင်းကင်တိမ်တိုက်ကမ္ဘာ၏ တခြားဂိုဏ်းမှ တပည့်များသည် အစွမ်းကုန်တိုက်ခိုက်နေသောလုကောကို မတားဆီးနိုင်ကြပါ။
ရှောက်ယိုစွန်းသည်ပင် ဓားကို မကြာခဏ ဆွဲထုတ်စရာမလိုတော့ပါ။
သိုပေမဲ့ နှစ်ရက်အကြာတွင်တော့ သူတို့က ရွှေအမြုတေအဆင့်ကျင့်ကြံသူတချို့ ဦးဆောင်လာသော ခုန်းလင်တာအိုဂိုဏ်း၏ တပည့်တစ်ထောင်နှင့် ရင်ဆိုင်တိုးသည်။
ရွှေအမြုတေအဆင့်ကျင့်ကြံသူများက မတိုက်ခိုက်လိုကြပေ။ သူတို့က တပည့်များကို စေလွှတ် တိုက်ခိုက်၏။
ထိုလူများက လုကောနှင့် ရှောက်ယိုစွန်းတို့ကို ဓားသွေးကျောက်များအဖြစ် သဘောထားနေကြသည်။
လုကောနှင့် ရှောက်ယိုစွန်းတို့ကလည်း ယဉ်ကျေးမနေပေ။ သူတို့၏တိုက်ခိုက်မှုများက ကြမ်းတမ်းပြီး အသက်နှုတ်ရန် ရည်ရွယ်ထားသည်။
နေ့တစ်ဝက်အချိန်အတွင်းမှာ လုကောသည် ခုန်းလင်တာအိုဂိုဏ်း၏ လူငယ်ကျွမ်းကျင်သူရှစ်ယောက်ကို သတ်ပစ်လိုက်၏။
သူ့ရှေ့တွင် ပူးပေါင်းတိုက်ခိုက်နေသော လူလေးယောက်ရှိကြသည်။ သူတို့အားလုံးသည် ကမ္ဘာမြေတတိယအဆင့်တွင် ရှိကြသည်။
ရှောက်ယိုစွန်းသည် ပုံမှန်အတိုင်း ခုန်းလင်တာအိုဂိုဏ်း၏ တပည့်နှစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်။
“ဘမ်း ....”
လုကောက ဓားမော့တစ်လက်ကိုင်ထားသောလူငယ်ကို ပေဒါဇင်အထိ ရောက်သွားအောင် တွန်းထုတ်လိုက်သည်။ သူ့နောက်ကျောတွင် ဓားတစ်လက်စိုက်နေသည်။
ထိုဓားသည် သန်မာပြီး လေးလံသည်။ ဓားသည် သူ့ခန္ဓာကိုယ်ကို ထိုးဖောက်မသွားသော်လည်း သွေးစီးကြောင်းတစ်ခု ဖြစ်လာစေသည်။
လုကော၏ အမူအရာက ပြောင်းလဲမသွားပေ။ သူက လက်သီးကိုဝှေ့ယမ်းပြီး နောက်ကျောတွင်ရှိသောဓားကို ချိုးဖဲ့လိုက်သည်။
ခုန်းလင်တာအိုဂိုဏ်း၏ လူတစ်ယောက်က လက်ကိုဝှေ့ယမ်းသည်။
ဝိညာဉ်နိုးထခြင်းအဆင့်တပည့်နှစ်ယောက်က တိတ်ဆိတ်စွာရှေ့တက်လာပြီး တိုက်ပွဲအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။
“ဂိုဏ်းခေါင်းဆောင် သူက ရဲရင့်တယ်”
လုကော၏ ကြမ်းတမ်းသောပုံစံကို ကြည့်လျက် ယွီရီကျီက ပြောသည်။
သူတို့က အောက်တွင် ရှိနေသော အခြေအနေကို မြင်နိုင်သည်။
လုကောနှင့် ရှောက်ယိုစွန်းတို့မှလွဲ၍ တခြားလူများမှာ မိုင်းတွင်းမှကယ်လာသော အဆင့်နိမ့်ကျင့်ကြံသူများ ဖြစ်ကြသည်။
ခုန်းလင်တာအိုဂိုဏ်းက မူလမီးတောက်နန်းတော်နှင့် မူလမီးတောက်ကမ္ဘာ၏ ကျင့်ကြံသူများကို မိုင်းတွင်းကျွန်အဖြစ်အသုံးပြုကြောင်း သူတို့အားလုံ သိထားကြသည်။
ကံမကောင်းစွာဖြင့် သူတို့၏ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းတို့က မလုံလောက်ပေ။ ထို့ကြောင့် မိုင်းတွင်းကျွန်များအား မကယ်နိုင်ပေ။
မူလမီးတောက်နန်းတော်၏ အကြီးအကဲအများအပြားသည် မိုင်းတွင်းထဲတွင် တစ်သက်လုံးနေထိုင်သွားကြရသည်။
မူလမီးတောက်နန်းတော်၏ ခေါင်းဆောင်ဟောင်းသည် အပြင်းအထန်ဒဏ်ရာရပြီး မိုင်းတွင်းထဲသို့ ပစ်သွင်းခံလိုက်ရသည်။ ထို့နောက် ဖြည်းဖြည်းချင်းသေဆုံးသွားသည်ဟု သိရသည်။
“ဒီလူက ကယ်ဖို့ထိုက်တန်တယ်”
ဝမ်လော့ရှန်က ပတ်ဝန်းကျင်ကို ကြည့်လျက် ခုန်းလင်တာအိုဂိုဏ်း၏ အစစ်အမှန်ကျွမ်းကျင်သူများကို မတွေ့ရသောကြောင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။
ထိုသို့ဆိုလျှင် သူက ဝိုင်းအတိုက်ခံရမှာကို ကြောက်နေစရာမလိုပေ။
ထိုသို့တွေးလိုက်ပြီး သူက ဟိန်းဟောက်နေသောမီးနဂါးနှင့်အတူ စစ်မြေပြင်ထဲသို့ ဝင်ရောက်လာသည်။
“ဟူး ....”
မီးနဂါး၏ဝင်သက်ထွက်သက်ကြောင့် ဒါဇင်နှင့်ချီသော ခုန်းလင်တာအိုဂိုဏ်း၏ တပည့်များ ပြာကျသွားသည်။
“မူလမီးတောက်နန်းတော်ရဲ့ ဝမ်လော့ရှန်ပဲ”
“ပြေးကြ… မူလမီးတောက်နန်းတော်ရဲ့ရတနာ တိမ်တိုက်နဂါးဓားပဲ”
ခုန်းလင်တာအိုဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူတချို့က မျက်နှာထားပြောင်းလဲသွားသည်။ သူတို့၏ပုံရိပ်က ဖျတ်ခနဲပျောက်ကွယ်ပြီး နေရာအနှံ့သို့ ထွက်ပြေးသွားကြသည်။
“ဝမ်လော့ရှန် ဒီမှာ ရှိနေတယ်လို့ ခေါင်းဆောင်ကိုသတင်းပို့လိုက်”
“စစ်တပ်ကိုစုစည်းလိုက် ဒီနေရာက မူလမီးတောက်နန်းတော်နဲ့ မဝေးလောက်ဘူး”
ခုန်းလင်တာအိုဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူနှင့် တပည့်များက အော်ဟစ်နေကြသည်။ အောက်တွင် ရှိနေသော သွမ့်ယန်ကျိနှင့် တခြားလူများကလည်း အော်ဟစ်လိုက်ကြသည်။
“နန်းတော်သခင်”
“အကြီးအကဲယွင်လုံ၊ တိမ်တိုက်နဂါးဓားကို မြင်ဖို့ အခွင်းအရေးရှိသေးတယ်မဟုတ်လား”
သူတို့၏ အသံကို ကြားလိုက်ရသောအခါတွင် မီးနဂါးက ခဏတာရပ်တန့်သွားသည်။
ဝမ်လော့ရှန်က ခေါင်းညိတ်လျက် ကြည်လင်သောအသံဖြင့် ပြောသည်။
“ငါတို့ မူလမီးတောက်နန်းတော်ရဲ့တည်နေရာကို မပေါက်ကြားစေဖို့အတွက် အဲဒီရွှေအမြုတေအဆင့်ကျွမ်းကျင်သူတွေကို ငါ သတ်လိုက်မယ်”
ထို့နောက် သူက မီးနဂါးနှင့်အတူ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်၏ နောက်သို့ လိုက်သွားသည်။
မီးနဂါးသည် ပျံသန်းသွားလိုက်ပြီး ရွှေအမြုတေအဆင့်ကျင့်ကြံသူ၏ နောက်သို့ ရောက်သွားသည်။
ဝမ်လော့ရှန်က ဓားနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ မီးနဂါးသည် ဓားတစ်လက်အသွင်သို့ ပြောင်းသွားပြီး ရွှေအမြုတေအဆင့်ကျင့်ကြံသူ၏ နောက်ကျောကို ခုတ်ချလိုက်သည်။
ရွှေအမြုတေအဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပျက်စီးသွားသည်။ သူ့ရွှေအမြုတေကို မီးနဂါး၏ဓားအလင်းက ရစ်ပတ်ထားပြီး ဘန်းခနဲ ခွဲချလိုက်သည်။ အထဲတွင် ရှိသောစွမ်းအားကို ဓားက စုပ်ယူလိုက်သည်။
ရွှေအမြုတေ၏စွမ်းအားကို စုပ်ယူပြီးသောအခါတွင် ဓားက စိတ်ကျေနပ်စွာဖြင့် ဝမ်လော့ရှန်၏ဘေးသို့ ပျံသွားသည်။
ဝမ်လော့ရှန်က သက်ပြင်းချလျက် ညင်သာစွာ ပြောသည်။
“ကျွန်တော်တို့မူလမီးတောက်နန်းတော်က နိမ့်ပါးနေတဲ့အတွက် ခုန်းလင်တာအိုဂိုဏ်းကို ထိပ်တိုက်ရင်မဆိုင်ရဲတော့ဘူး။ အကြီးအကဲယွမ်လုံ… ရွှေအမြုတေအဆင့်ကျင့်ကြံသူကို နောက်ဆုံးအကြိမ်သတ်ခဲ့တာ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်ကပဲ”
ဓားက တုံ့ပြန်သည့်အနေဖြင့် တုန်ခါသွားသည်။
ထွက်ပြေးသွားသော ခုန်းလင်တာအိုဂိုဏ်း၏ တခြားကျင့်ကြံသူများကို ကြည့်လျက် ဝမ်လော့ရှန်က ခေါင်းခါလျက် လှည့်ထွက်သွားသည်။
ထိုအချိန်တွင် သူ့ရှေ့၌ လေပြေလေညင်းတစ်ခုပေါ်လာသည်။
သူ့ဆံပင်များက ထောင်ထလာပြီး သူ့ခန္ဓာကိုယ်ထဲတွင် ရှိသောဓားဆန္ဒများ ပေါ်ထွက်လာသည့်အတွက် ပတ်ဝန်းကျင်တွင် လှိုင်းတွန့်များပေါ်လာသည်။
“ခလွမ် ....”
သူ့ရှေ့မှာ နှစ်ပေရှည်သော ဓားတစ်ချောင်းပေါ်လာသောကြောင့် တိမ်တိုက်နဂါးဓားက တားဆီးလိုက်ရသည်။
“ပိုင်ထျန်းယွဲ့”
ဝမ်လော့ရှန်၏ အမူအရာက လေးနက်နေပြီး ရှေ့တွင် ရှိနေသော ဓားပျံကို ကြည့်လိုက်သည်။
ထိုဓားမော့သည် ခုန်းလင်တာအိုဂိုဏ်းမှ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ၏ လက်နက်ဖြစ်သည်။
ဤနေရာတွင် ခုန်းလင်တာအိုဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူများတင်မကဘဲ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူပါ ရှိနေသည်။
‘ဒါက ထောင်ချောက်လား’ သူတွေးမိသည်။
‘ဒါတွေအားလုံးက ငါ့ကို မျှားခေါ်ဖို့အတွက်လား’
“ဘုန်း ....”
အဝေးတစ်နေရာတွင် တိမ်တိုက်တစ်ခုသည် တိုင်လုံးအဖြစ်ပြောင်းသွားပြီး ရိုက်ချလိုက်သည်။
ဝမ်လော့ရှန်က အံတင်းတင်းကြိတ်ထားပြီး အော်ဟစ်လိုက်သည်။
“ရှန်းကျီချင်း”
ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူနှစ်ဦးဖြစ်သော ပိုင်ထျန်းယွဲ့နှင့် ရှန်းကျီချင်းတို့ ရောက်ရှိလာကြ၏။ သူ့အတွက်မဟုတ်လျှင် မည်သူ့အတွက်ဖြစ်မည်နည်း။
ဝမ်လော့ရှန်က တိမ်တိုက်နဂါးဓားကိုကိုင်ထားပြီး ပြောလိုက်သည်။
“အကြီးအကဲ၊ ဒီနေ့တိုက်ပွဲကတော့ ပြင်းထန်တော့မယ်ထင်တယ်”
သူ့အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် တိမ်တိုက်နဂါးဓားက တုန်ခါသွားသည်။
သူ့မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။
သူက တစ်ဖက်သို့လှည့်ကြည့်လိုက်သောအခါတွင် အဝေးတစ်နေရာရှိတောင်တန်းပေါ်တွင် မတ်တပ်ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်ကို မြင်လိုက်ရသည်။
“တာအိုတန်ခိုးရှင် ယွင်ဟယ်”
ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ သုံးယောက်…။
‘ခုန်းလင်တာအိုဂိုဏ်းက မူလမီးတောက်နန်းတော်ကို တစ်ခါတည်းဖျက်ဆီးပစ်ဖို့ တွေးထားတာလား’ သူက တွေးမိသည်။
‘သူတို့က ငါတို့ကို ဓားသွေးကျောက်တွေအဖြစ် မသုံးတော့ဘူးပေါ့’
‘ခုန်းလင်တာအိုဂိုဏ်းရဲ့တပည့်တွေအတွက် ငါတို့ကို ဓားသွေးကျောက်လို့ယူဆထားတဲ့အတွက် ငါတို့က ရှင်သန်နေခဲ့တယ်။ မူလမီးတောက်နန်းတော်က ဂုဏ်ကျက်သရေကျဆင်းသွားပေမဲ့ အနည်းဆုံးတော့ ရိုးရာအစဉ်အလာကို လက်ဆင့်ကမ်းပေးနိုင်သေးတယ်’
‘ခုန်းလင်တာအိုဂိုဏ်းရဲ့လူက မူလမီးတောက်နန်းတော်ကိုဖျက်ဆီးပစ်ဖို့ ဘာလို့ဆုံးဖြတ်ခဲ့တာလဲ’
ဝမ်လော့ရှန်က နေရာမှာတင်ရပ်နေပြီး ခန္ဓာကိုယ်ထဲတွင် ဓားချီများစုစည်းထားသည်။
သူ သေရမည်ဆိုမှတော့ စိတ်ကျေနပ်သည်အထိ တိုက်ခိုက်သွားပေမည်။
သူ့လက်ထဲတွင် ရှိနေသော တိမ်တိုက်နဂါးဓားက သူ့အတွေးကို အာရုံခံမိပုံရပြီး ဆက်တိုက်တုန်ခါနေသည်။ ဓားအလင်းများ ပြန့်ကျဲသွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိဓားဆန္ဒများဖြင့် ရောစပ်သွားသည်။
ထူးဆန်းစွာဖြင့် ခုန်းလင်တာအိုဂိုဏ်း၏ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူသုံးယောက်က သူ့ကို ချက်ချင်းမတိုက်ခိုက်ခဲ့ပေ။ သူတို့က ဖြည်းဖြည်းချင်း သူ့ကို ဝိုင်းရံထားသည်။
သူတို့က ဝမ်လော့ရှန်ကို အပြည့်အဝအာရုံစိုက်မထားပေ။
“နန်းတော်သခင် ....”
ထိုအချိန်တွင်ပဲ အောက်တွင် ရှိနေသောယွီရီကျီက အော်ဟစ်လိုက်ပြီး ပျံတက်လာသည်။ သူက ဓားတစ်လက်ဖြင့် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို တိုက်ခိုက်လိုက်သည်။
“နန်းတော်သခင်၊ ထွက်သွားပါတော့”
သူက နန်းတော်သခင်ကို ဖိတ်ခေါ်မိခဲ့သည့်အတွက် နောင်တရနေသည်။
ဤအရာက ထောင်ချောက်တစ်ခု ဖြစ်သည်။
မူလမီးတောက်နန်းတော်ခေါင်းဆောင်အတွက် အထူးပြင်ထားသော ခုန်းလင်တာအိုဂိုဏ်း၏ ထောင်ချောက်ဖြစ်သည်။
သူသည် အလွန်တုံးအပြီး နန်းတော်သခင်ကို လာရောက်ရန်အတွက် ပြောခဲ့မိသည်။