← Chapters

အပြိုင်အဆိုင်

Vol. 19 Ch. 265

အပြိုင်အဆိုင်

Vol. 19 Ch. 265

တာအိုဆရာတယန်သည် လေပြေလေညင်းအဖြစ်အသွင်ပြောင်းပြီး ရှုပ်ထွေးသော မျက်နှာထားဖြင့် နဂါး၏ကျောပေါ်တွင် ရှိနေသည်။

တိမ်တိုက်နဂါးဓားနှင့်ယှဉ်လိုက်လျှင် သူ့တိုက်ခိုက်နိုင်စွမ်းက အရေးမပါတော့ပေ။

သူသည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှင့် တိုက်ခိုက်လိုလျှင် မူရင်းခန္ဓာကိုယ်ဖြစ်သော ဓားဆေးလုံးနှင့် ပေါင်းစပ်ရမည်။

သို့သော်လည်း သူက ထိုအရာကို လက်မခံနိုင်ပေ။

“ဘုန်း ....”

အဝေးတစ်နေရာတွင် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

ပေါက်ကွဲသံထွက်ပေါ်လာသောနေရာတွင် ဓားအလင်းနှင့် မီးတောက်များကို ဟန်မူယဲ့ မြင်ရသည်။

ထိုနေရာတွင် ခေါင်းဆောင်တောက်ရင် ရှိနေသည်။

တိုက်ပွဲက အနည်းငယ်ပြင်းထန်သည်။ ခေါင်းဆောင်တောက်ရင်သည် မီးလောင်ပြင်ဓားနည်းစနစ်ကို အသုံးပြုလိုက်ပြီး ဖြစ်သည်။

“ခေါင်းဆောင်၊ တောင့်ခံထားနိုင်သေးလား”

ဟန်မူယဲ့က ရယ်မောလျက် လက်မြှောက်သည်။ တိမ်တိုက်နဂါးသည် ဓားအဖြစ်အသွင်ပြောင်းပြီး သူ့လက်ထဲသို့ ကျဆင်းလာသည်။

ခေါင်းဆောင်တောက်ရင်က တိုက်ခိုက်လိုစိတ်များပြည့်နေသောအသံဖြင့် ပြောသည်။

“ကောင်လေး၊ ငါ့ကို အထင်သေးနေတာလား”

“မင်းမှာ စွမ်းရည်ရှိရင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကို ဘယ်သူက အရင်ဆုံးသတ်နိုင်မလဲ ပြိုင်ကြရအောင်”

‌‘ပြိုင်မှာလား’

ဟန်မူယဲ့ ပြုံးလိုက်သည်။

မိုင်းတွင်းထဲတွင် မာမုန့်ကို သတ်ပြီးသွား‌သောအခါတွင် သူသည် ကိုယ်ပိုင်တိုက်ခိုက်နိုင်စွမ်းကို အနည်းနှင့်အများဆိုသလို နားလည်လာ၏။

သူက ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှင့် ယှဉ်ပြိုင်နိုင်သည်။ သို့သော်လည်း များပြားလှသောဓားချီနှင့် ဓားဆန္ဒများကို အသုံးမပြုလျှင် ရွှေအမြုတေ အဌမအဆင့်၏ အထက်တွင် ရှိသော ကျွမ်းကျင်သူကို သတ်နိုင်မည်မဟုတ်ပေ။

ထို့အပြင် တစ်ဖက်လူက ထွက်ပြေးရန် ဆုံးဖြတ်ထားလျှင် ဟန်မူယဲ့က မတားနိုင်ပေ။

သို့သော်လည်း သူက တံခါးပိတ်ကျင့်ကြံပြီး ရွှေနေမင်းနည်းစနစ်ကို ဖာထေး၏။ သူ့ကျင့်ကြံခြင်းက အခြေခံအုတ်မြစ် သတ္တမအဆင့်သို့ ရောက်လာသောကြောင့် ဟန်မူယဲ့က ယုံကြည်ချက်ရှိနေသည်။

ထို့အပြင် သူ့လက်ထဲတွင် ဓမ္မရတနာကိုလည်း ကိုင်ထားသေးသည်။

‘ဒီအချိန်က ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကိုသတ်ဖို့ အကောင်းဆုံးအချိန်ပဲမဟုတ်လား’

“ကောင်းပြီလေ”

ဟန်မူယဲ့၏အသံ ထွက်ပေါ်လာသောအခါတွင် သူသည် ဓားကိုင်လျက် ပေတစ်ထောင်အကွာသို့ ရောက်နေပြီ ဖြစ်သည်။

“အဲဒါဆိုရင် ပြိုင်ကြတာပေါ့”

သူက ဓားချက်နှင့်အတူ ခြေဆယ်လှမ်း၏စွမ်းအားများကိုစုစည်းပြီး တိမ်တိုက်များအဖြစ် ပြောင်းလဲလိုက်သည်။

ဟန်မူယဲ့က ထန်တောင်ကုန်းဓားဂိုဏ်း၏ ဓားနည်းစနစ်ကို သုံးလိုက်သည်။

လှိုင်းလေစုစည်းခြင်းဓားသိုင်း…

ခြေတစ်လှမ်း‌ကြောင့် လှိုင်းလုံးများပေါ် ထွက်လာမည်။ ခြေဆယ်လှမ်းသို့ ရောက်လျှင် လှိုင်းလုံးမျာ်သည် ကောင်းကင်ပေါ်တွင် ပျံသန်းနေမည်။

ခြေဆယ်လှမ်းပြီးသွားလျှင် လှိုင်းလုံးများမှာ ဆင့်ကဲထပ်လာမည်။

“ဟမ် ....”

ဓားသည် တုန်ခါသွားပြီး ပေတစ်သောင်းရှည်လျားသောလှိုင်းလုံးက ကမ္ဘာ၏ အဆုံးသတ်ဆီမှ ထွက်ပေါ်လာသည်။

ခေါင်းဆောင်တောက်ရင်ကို ဝိုင်းရံထားသော ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူသုံးယောက်က ထိတ်လန့်စွာဖြင့် လူခွဲပြေးကြသည်။

ခေါင်းဆောင်တောက်ရင်က လှမ်းကြည့်လျက် မျက်လုံးများရီဝေသွားသည်။

“သေစမ်း၊ ဒီကလေး ဘယ်အချိန်တုန်းက ဒီလိုမျိုးကြမ်းတမ်းလာတာလဲ”

သူ့လက်ဝါးထဲတွင် ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။ သူက လှိုင်းလုံးကို ပျောက်ကွယ်သွားအောင်လုပ်ရန် ဓားဖြင့် ခုတ်ကြည့်လိုလာသည်။

သို့သော်လည်း ဟန်မူယဲ့မှာ ကိုယ့်ဘက်ကလူဖြစ်နေသောကြောင့် ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်သည်။

“ဒါက လှိုင်းလေးစုစည်းခြင်းဓားသိုင်းလား”

အောက်တွင် ရှိနေသော ဝိုင်းရံခံထားရသည့် ထန်တောင်ကုန်းဓားဂိုဏ်း၏ တပည့်များက မျက်လုံးပြူးသွားကြသည်။

ရှောက်ယိုစွန်းက လှိုင်းလုံးကို ကြည့်လိုက်ပြီး‌ သွေးများဆူပွက်လာသည်ဟု ခံစားရသည်။

ဟန်မူယဲ့သည် ဆရာမော့ယွမ်၏ တပည့်ဖြစ်သည်။

ဓားလမ်းစဉ်ကို ကျင့်ကြံပြီးသွားသောအခါတွင် ဓား၏ စည်းမျဉ်းများကိုနားလည်လာပြီး လောကတွင် ရှိသောဓားနည်းစနစ်များက သူ့လက်ဖျားမှာ ရှိနေသည်။

ထိုဓားကျင့်ကြံသူမျိုးကို မည်သူက တားဆီးနိုင်မည်နည်း။

ကောင်းကင်ထက်တွင် ခေါင်းဆောင်တောက်ရင်က အော်ဟစ်မာန်သွင်းလိုက်သည်။ သူက ဓားကို လှုပ်ရှားပြီး တောက်ပနေသောမီးတန်းတစ်ခုကို ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူတစ်ယောက်ထံသို့ ဦးတည်လိုက်သည်။

‌တောက်ပနေသောဓားအလင်းတစ်ခု ကျဆင်းလာသည်။

“ဟားဟား၊ မင်းရဲ့အသက်ကို မြန်မြန်လေးချန်ထားခဲ့တော့”

ခေါင်းဆောင်တောက်ရင်၏ မောက်မာသောအပြုံးက သူ့ဓားချက်ထက် ပိုအန္တရာယ်များသည်။

ခုန်းလင်တာအိုဂိုဏ်း၏ ဝတ်စုံနက်ဝတ်ထားသော ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူက နှာမှုတ်သည်။ သူက လှံကို လှုပ်ရှားလိုက်ပြီး ပေတစ်သောင်းရှိသောလေလှိုင်းကို ဆင့်ခေါ်၍ ဓားအလင်းဖြင့် ရင်ဆိုင်လိုက်သည်။

ခုန်းလင်တာအိုဂိုဏ်း၏ အမွေအနှစ်သည် တိမ်တိုက်ကောင်းကင်ကမ္ဘာတွင် အားကောင်းသည်ဟု မဆိုနိုင်သော်လည်း အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ယှဉ်လိုက်လျှင်တော့ အားမနည်းပေ။

ခေါင်းဆောင်တောက်ရင်သည် မသန်မာလျှင် ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူသုံးယောက်ထံတွင် အဝိုင်းခံရ‌သောအချိန်၌ပင် သေဆုံးသွားပေလိမ့်မည်။

တခြားတစ်ဘက်တွင်တော့ ကျန်ရှိနေသည့် ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် တစ်ချိန်တည်းတွင် ပျံတက်လာကြသည်။

အေးစက်မှုများနှင့် ရောနှောနေသော အလင်းတန်းတစ်ခု…။

သံလက်သီးအဖြစ် စုစည်းသွားသော မီးတောက်တစ်ခု…။

ထိုမန္တန်အတတ်နှစ်ခုသည် ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်တွင် ရှိသည်။ သူတို့က ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို သယ်ဆောင်ပြီး ဟန်မူယဲ့ စုစည်းထား‌သောလှိုင်းလုံးနှင့် ဝင်တိုက်လိုက်သည်။

သူတို့က လှုပ်ရှားမှရမည်။

အရှေ့ပင်လယ်ဓားနည်းစနစ်ကြောင့် ဖြစ်ပေါ်လာသော ဟန်မူယဲ့၏လှိုင်းလုံးသည် ကြီးကျယ်ခမ်းနားလွန်းသည်။

အားလုံးက မတုံ့ပြန်နိုင်ဘဲ ရပ်စောင့်နေကြသည်။

သူ့ထံသို့ တိုးဝင်လာသော မန္တန်အစွမ်းနှစ်ခုကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ရယ်မောလျက် တိမ်တိုက်နဂါးဓားဖြင့် ခုတ်ချသည်။

ယခုအချိန်တွင် အရှိန်အဟုန်ကို စုစည်းပြီးသားဖြစ်‌သောကြောင့် လှပသောဓားကွက်များကို မလိုတော့ပေ။

ဓားနည်းစနစ်က အထွတ်အထိပ်သို့ ရောက်လာသောအခါတွင် ဓားချက်တစ်ချက်သာလျှင် လိုအပ်သည်။

“ဘုန်း ....”

အဆုံးမရှိသောလှိုင်းလုံးများ ကျဆင်းလာပြီး ကမ္ဘာတစ်ခုလုံး တုန်ခါသွားသည်။

လှိုင်းလုံးကို ရင်ဆိုင်နေသောလက်သီးမှာ ချက်ချင်းပြိုကျသွားသည်။

အအေးဓာတ်များဖြင့် ပြည့်နေသောအလင်းတန်းကလည်း လှိုင်းလုံးများအောက်တွင် ပြိုကျသွားသည်။

“ဟင်း… ကောင်းကင်ဘုံတစ်ဝက်အဆင့်ကများ ငါ, တိမ်တိုက်နဂါးရဲ့ ကြီးမြတ်မှုကို ခုခံရဲတယ်လား”

လှိုင်းလုံးထဲတွင် ကျိုးယွင်လုံ၏ အသံ ထွက်ပေါ်လာသည်။

“သခင်၊ ဒါက မူလမီးတောက်ကမ္ဘာရဲ့အပြင်မှာဆိုရင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကိုတောင် သတ်ပစ်နိုင်တယ်”

ကျိုးယွင်လုံက ဂုဏ်ယူမှုများနှင့်အတူ ပြောသည်။

ခုခံရန်ပြင်ထားသော ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူနှစ်ယောက်သည် အံကို တင်းတင်းကြိတ်လိုက်ပြီး ထွက်ပြေးသွားကြသည်။

ထိုဓားချက်က အမှန်တကယ်သန်မာသည်။ ကျိုးယွင်လုံ၏ စကားနှင့် ပေါင်းစပ်လိုက်သောအခါတွင် သူတို့က မခုခံရဲတော့ပေ။

ထွက်ပြေးသွားသော ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို ကြည့်လျက် ဟန်မူယဲ့က ခေါင်းခါသည်။

သူသည် ကျိုးယွင်လုံ၏ ဓမ္မရတနာစွမ်းအားကို ချေးယူခဲ့သော်လည်း ထိုသို့အလွန်အကျူးမဟုတ်ပေ။

ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူနှစ်ယောက်၏ မန္တန်အစွမ်းများကြောင့် သူ စုဆောင်းထားသောခွန်အားက ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ထိုနှစ်ယောက်က ဆက်လက်တိုက်ခိုက်ချင်လျှင် ဟန်မူယဲ့က ဓားဆန္ဒကို ထပ်မံထုတ်ဖော်ရလိမ့်မည်။

သို့သော်လည်း သူဖော်ထုတ်လိုက်သောဓားချက်က အလွန်သန်မာပြီး လက်ထဲတွင် ရှိသော တိမ်တိုက်နဂါးဓားနှင့် ပေါင်းစပ်လိုက်သောအခါတွင် ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို ကြောက်ရွံ့သွားအောင် လုပ်နိုင်၏။

“တာအိုဆရာတယန်က အကောင်းဆုံးပဲ။ ခင်ဗျား သင်ပေးလိုက်တဲ့ စကားတစ်ခွန်းက ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို ဖိနှိပ်နိုင်တယ်”

လှိုင်းလုံးများကြားတွင် ကျိုးယွင်လုံက ညင်သာစွာသက်ပြင်းချသည်။

တာအိုဆရာတယန်ကတော့ လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဂရုမစိုက်သော မျက်နှာထားဖြင့် ရှိနေသည်။

“မင်းက တစ်ယောက်ယောက်ရဲ့နှလုံးသားထဲတွင် ရှိနေတဲ့ တိုက်ခိုက်လိုစိတ်ကို အရင်ဆုံးဖယ်ပစ်နိုင်ရင် တိုက်ပွဲကို ၈၀%အောင်နိုင်လိမ့်မယ်”

သူက ထွက်ပြေးသွားသော ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ယောက်ကို ကြည့်လိုက်သည်။

“မင်းက သူတို့ကို အခုလိုက်ဖမ်းရင် တစ်ယောက်ကိုမသတ်နိုင်ရင်တောင် အပြင်းအထန်ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျိုးယွင်လုံက လျင်မြန်စွာအော်ဟစ်လိုက်သည်။

“တာအိုဆရာအစ်ကိုတယန်က တကယ့်ကိုဉာဏ်ပညာပြည့်ဝတာပဲ။ သခင်၊ သူနှင့်အတူတူပူးပေါင်းပြီး သန်မာတဲ့ရန်သူကို အပြင်းအထန်ဒဏ်ရာရအောင် လုပ်လိုက်ပါလား”

‘ပူးပေါင်းရမယ်’ တာအိုဆရာတယန်က တွေးမိသည်။

‘သန်မာတဲ့ရန်သူကို အပြင်းအထန်ဒဏ်ရာရအောင်လုပ်ရမယ်’

သူက ကြောင်အသွားပုံပေါ်ပြီး တစ်ကိုယ်လုံးတုန်ခါ၍ ပျောက်ကွယ်သွားသည်။

သူ့ဝိညာဉ်ခန္ဓာကိုယ်ဖြင့် သန်မာသောရန်သူကို အပြင်းအထန်ဒဏ်ရာရအောင် မလုပ်နိုင်ပေ။

ယခုအချိန်တွင် သူသည် ဗလာဖြစ်နေသော အခွံတစ်ခုသာဖြစ်သည်။

ဟန်မူယဲ့က ရယ်လိုက်သည်။ သူက တာအိုဆရာတယန်ပိုင်ဆိုင်ထားသော ဓားဆေးလုံးကို အသုံးပြု၍ ရန်သူနောက်သို့ လိုက်မသွားဘဲ တစ်ဖက်သို့လှည့်၍ လက်မြှောက်လိုက်သည်။

ဓားဆေးလုံးသုံးလုံးသည် ကြယ်အလင်းအသွင်သို့ ပြောင်းသွားပြီး ‌ခေါင်း‌ဆောင်တောက်ရင်နှင့် တိုက်ခိုက်နေသော ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူကို လွှမ်းခြုံလိုက်သည်။

ကြယ်အလင်းများပြန့်ကျဲသွားပြီး ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူမှာ တုန်ခါသွားသည်။

သူ့လှုပ်ရှားမှုများက အနည်းငယ်နှေးကွေးသွားသည်။

ထိုမျှက လုံလောက်ပြီ ဖြစ်သည်။

ဓားကိုင်ထားသောခေါင်းဆောင်တောက်ရင်က ထိုဖြစ်ရပ်ကို အခွင့်ကောင်းယူလိုက်သည်။ ဓားအလင်းသည် ပေတစ်ရာရှည်သော မီးနဂါးကိုးကောင်အဖြစ် ပြောင်းလဲသွားပြီး ကြက်သွေးရောင်မီးတောက်များကို မှုတ်ထုတ်လိုက်သည်။

“ဘန်း ....”

နှေးကွေးသွားသော ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူသည် နဂါးမီးကိုးခုကြားတွင် ပေါက်ကွဲသွားသည်။

မှိန်ဖျော့နေသော ပုံရိပ်တစ်ခုပေါ်လာသည်။ ခုနစ်လက်မ၊ ရှစ်လက်မခန့်သာရှိသော ပုံရိပ်ယောင်ဝိညာဉ်သူငယ်သည် ဖျတ်ခနဲပျောက်ကွယ်သွားပြီး ပေတစ်သိန်းအကွာသို့ ထွက်ပြေးသွားသည်။

ပုံရိပ်ယောင်ဝိညာဉ်သူငယ်သည် မုန်းတီးမှုများနှင့်အတူ ခေါင်းဆောင်တောက်ရင်နှင့် ဟန်မူယဲ့ကို လှည့်ကြည့်သည်။

သို့သော်လည်း ချက်ချင်းဆိုသလို သူ့နောက်တွင် တာအိုဆရာတယန်က ဆယ်ပေရှည်သောကြွက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လက်သည်းများဖြင့် ဆွဲယူ၍ လက်ဝါးထဲတွင် ဖိနှိပ်လိုက်သည်။

တာအိုဆရာတယန်က ဝိညာဉ်သူငယ်ကိုသယ်ဆောင်ထားပြီး လေပြေလေညင်းတစ်ခုအသွင်ပြောင်း၍ ဟန်မူယဲ့ထံသို့ ပြန်လာသည်။

ရုတ်တရက်ပြောင်းလဲမှုများကြောင့် အဖြူရောင်ဝတ်စုံနှင့် လူငယ်အဖြစ် အသွင်‌ပြောင်းထား‌သောကျိုးယွင်လုံက စုတ်သပ်လိုက်သည်။

“တာအိုဆရာရဲ့ နည်းလမ်း၊ အမြင်အာရုံနဲ့ အချိန်ကိုက်လှုပ်ရှားမှုတွေက တကယ်လက်ဖျားခါလောက်တယ်”

ကျိုးယွင်လုံက သက်ပြင်းချသည်။

တာအိုဆရာတယန်က ပြုံးလိုက်ပြီး လက်မြှောက်၍ ဖမ်းလာသောဝိညာဉ်သူငယ်နှင့် သိုလှောင်လက်စွပ်ကို ဟန်မူယဲ့အား ကမ်းပေးသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ဝိညာဉ်သူငယ်နှင့် သိုလှောင်လက်စွပ်ကို အိတ်ထဲတွင် သိမ်းထားလိုက်သည်။

ဓားအလင်းကိုသိမ်းလိုက်သော ခေါင်းဆောင်တောက်ရင်က ထိုမြင်ကွင်းကို မြင်လိုက်ရပြီး နှုတ်ခမ်းများတွန့်လိမ်သွားသည်။

‘အဲဒါတွေက ငါ့ဟာဖြစ်သင့်တာ’ သူ တွေးသည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူတစ်ယောက် သေဆုံးသွား၏။ အောက်တွင် ရှိနေသော ခုန်းလင်တာအိုဂိုဏ်း၏ တပည့်များမှာ ဒီရေကျသကဲ့သို့ ဆုတ်ခွာသွားကြသည်။

အဝိုင်းခံထားရသော ထန်တောင်ကုန်းဓားဂိုဏ်း၏ တပည့်များက အိပ်မက် မက်နေသကဲ့သို့ ခံစားကြရဿည်။ သူတို့က စိတ်သက်သာရာရစွာ သက်ပြင်းချလျက် အားရဝမ်းသာ အော်ဟစ်မိကြ၏။

All Chapters