← Chapters

သောက်သုံးခြင်း

Vol. 44 Ch. 607

သောက်သုံးခြင်း

Vol. 44 Ch. 607

မာ့ဆုကျင်းမှာ ဝူယုကို ဝိညာဥ်အာရုံဖြင့် အဆက်မပြတ် အကဲခတ်နေခဲ့၏။ ဘယ်နှစ်ကြိမ်ပဲ ကြည့်ကြည့် ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ်က အံ့အားသင့်စရာ ကောင်းလွန်းလှသည်။ လျှို့ဝှက် ဝိညာဥ် အဆင့် တစ်ယောက် ဆိုသည့်တိုင် သူ၏ ခန္ဓာက အဆင့်သုံး သေမျိုးတစ်ပိုင်းသခင်များနှင့်ပင် ယှဥ်နိုင်ပုံ ပေါ်သည်။ ထို့အပြင် သူ၏ လျှို့ဝှက် ရည်ရွယ်ချက်မှာလည်း အသွေးအသားတို့နှင့် တစ်ဝက် ‌ပေါင်းစည်းနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ အဆင့်နှစ်နှင့် အဆင့်သုံး ကြားတွင် အဆင့်တစ်ခု ရှိမည် ဆိုလျှင် ဝူယုမှာ ထိုအဆင့်၌ ပြီးပြည့်စုံစွာ ရှိနေလိမ့်မည် ဖြစ်သည်။

ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးကို သောက်သုံးပြီးနောက်တွင် ဝူယုမှာ လွန်ခဲ့သည့် နှစ်ထောင်ဂဏန်းကထက် ပိုမို၍ပင် သန်မာလာသလို ခံစားခဲ့ရသည်။ အမှန်အတိုင်း ဝန်ခံရပါက ထာဝရ ပြန်လည် မွေးဖွားခြင်းဆေး၏ အကျိုးသက်ရောက်မှုများ အကြောင်း သူ သိပ်မသိချေ။ ပြန်လည် မွေးဖွားရန် အတွက် လုံချန် အပေါ်တွင်သာ သူ အကုန် ပုံအော ထားခဲ့ခြင်း ဖြစ်သည်။

ထာဝရ ခြေချခြင်းဆေး၏ အကျိုး သက်ရောက်မှုက သူ‌ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန် နေပေသည်။ အတိတ်ဘဝ၌ ဝူယုမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့်ကို ချိုးဖျက်ရန် လျှို့ဝှက် ရည်ရွယ်ချက်ကို ခန္ဓာကိုယ်နှင့် ပေါင်းစည်းရန် ကြိုးစားနေတုန်း ကျရှုံးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ပြန်လည် မွေးဖွားလာချိန်၌လည်း ထိုအဆင့် အဖြစ်ပင် ပြန်လည် မွေးဖွားလာခြင်း ဖြစ်သည်။

မာ့ဆုကျင်းမှာ တစ်ချက် အကဲခတ်ရုံဖြင့်ပင် ဝူယု၏ ခန္ဓာကိုယ်က အရည်အသွေး အထွတ်အထိပ် အဆင့် ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးဖြင့် ပြန်လည် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သတိထားမိ၏။ သာမန် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်မှာ ထိုကဲ့သို့ ပြုလုပ်ပေးနိုင်လိမ့်မည်ဟု သူမ မထင်ချေ။ ထာဝရ ပြန်လည် မွေးဖွားခြင်းဆေးမှာ တန်ခိုးရှင် အဆင့်တစ်ပိုင်း ဆေးဟုပင် ဆိုနိုင်ပေသည်။ အလွန့်အလွန် ထူးချွန်သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ ပင်လျှင် ၎င်းကို ဖန်တီးရန် ခက်ခဲလှသည်။

ကြည့်ရသည်က ထိုပုဂ္ဂိုလ်၏ နောက်ကွယ်တွင် ဆေးရှန့်ထို တစ်ယောက် ရှိနေနိုင်သည်။ ငွေရောင် မျက်လုံး ပိုင်ရှင်၏ နောက်ခံ အကြောင်းကို တွေးရင်း တွေးရင်း သူမ၏ စိတ်မှာ ဖိအားများဖြင့် ပိုမို၍ ပြည့်နှက် လာခဲ့လေ၏။ သို့သော်လည်း အဆုံးသတ်၌ သူမက သက်ပြင်းတစ်ချက် ချလိုက်ရင်း တိတ်ဆိတ်မှုကို နောက်တစ်ကြိမ် ထပ်မံ ဖြိုခွဲလိုက်ပြန်သည်။

“ကျွန်မတို့ ရွှေ‌ရောင် အသက်နန်းတော်က ထာဝရ ကြယ်တာရာ နယ်မြေက သားရဲတွေနဲ့ ဝေ့ဝူယင်ရဲ့ ကိုယ်လုပ်တော် မိန်းကလေးကို ကောင်းကောင်း ထိန်းသိမ်းထားပါတယ်...”

သူမက ရွှေရောင် အသက်နန်းတော် အနေဖြင့် ဝေ့ဝူယင် အပေါ်တွင် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း တစ်ဖက်လှည့်ဖြင့် ဖော်ပြရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

ဝူယုက တိတ်တဆိတ်ပင် ခေါင်းညိတ်လိုက်၏။ ရွှေရောင် အသက်နန်းတော်မှာ ဆန့်ကျင်ရန် ခက်ခဲသည့် အင်အားစု တစ်ခု ဖြစ်ကြောင်း သူ သဘောပေါက်ပေသည်။ သူတို့နှင့် ဆက်ဆံရေး ကောင်းရှိလျှင် အကောင်းဆုံး ဖြစ်သည်။

“ခင်ဗျား ဒီကို ဘာလို့ ရောက်လာတာလဲ”

သူက မေးလိုက်၏။ သူ၏ လေသံက သတိထားမှုများနှင့် ပြည့်နှက်နေဆဲ ဖြစ်သည်။

မာ့ဆုကျင်းက အသာအယာပင် ပြုံးလိုက်၏။

“ရှင့်လိုပဲပေါ့... နာ့ရှင်းရီ လုံခြုံစေဖို့ သေချာအောင် လာခဲ့တာ... အမှောင်ယင် နန်းတော်ကြောင့် ကြယ်တာရာ နယ်မြေ အခက်အခဲ ဖြစ်ရမယ့် အဖြစ်မျိုးကို ကျွန်မတို့ မလိုလားဘူးလေ”

ဝူယုက တိတ်တဆိတ်ပင် ပြုံးလိုက်၏။ ရှင်းလင်းစွာပင် သူ သူမကို စိတ်မချပါချေ။ မာ့ဆုကျင်းမှာ ထိုအရာကို သတိထားမိရာ ဆက်ပြောလိုက်၏။

“ရှင့်အနေနဲ့လည်း ကိုယ်ပိုင် အကာအကွယ်တွေ ချထားခဲ့လို့ ရပါတယ်... ဒါပေမဲ့ ရှင့်အလုပ်က သူ့ကို အလွန်အကျွံ ကာကွယ်ပေးဖို့လို့ မထင်ဘူး... မဟုတ်ရင် ဒီနေရာကိုတောင် ရှင် လွှတ်မှာ မဟုတ်ဘူး မလား”

ဝူယုက အသာအယာ ပြုံးလိုက်၏။ ထိုမိန်းကလေးမှာ အလွန်အမင်း ဉာဏ်ကောင်းလွန်းလှသည်။ ထိုကဲ့သို့ လူများက တစ်ခါတစ်ရံ၌ အလွန် ကြောက်မက်ဖွယ် ကောင်းတတ်ကြောင်း သူ သိသည်။

“ခင်ဗျားက သခင်လေးဆီက အကြွေးပြန်တောင်းဖို့ ကြိုးစားနေတာလား”

ဝူယုက “သခင်လေး” ဆိုသည့် အသုံးအနှုန်းကို ထည့်သွင်း သုံးနှုန်းကာ မေးလိုက်၏။ မာ့ဆုကျင်းက ပြုံးလိုက်သည်။

“အကြွေး ဟုတ်လား... ကျွန်မတို့ မတောင်းရဲပါဘူး... ကျွန်မတို့ရဲ့ ရပ်တည်မှုနဲ့ စွမ်းရည်ကို နားလည်စေဖို့ သက်သက်ပါပဲ... အခြား ဘာမှ မပါဘူး”

ဝူယုမှာ မျက်မှောင်ကြုတ်လိုက်၏။ မာ့ဆုကျင်းနှင့် ရွှေရောင် အသက်နန်းတော်တို့ လိုချင်သည့် အရာကို သူ အနည်းငယ် ရိပ်မိနေပြီ ဖြစ်သည်။

ဝူယု နောက်ထပ် မေးခွန်း အနည်းငယ် ထပ်မေးဖို့ ဟန်ပြင်လိုက်စဥ်မှာပင် မာ့ဆုကျင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ကျွင်းပေ့ယင် ထွက်ခွာသွားသည့် အရိပ်မျက်နှာကို လှမ်းကြည့်လိုက်ည်။

တစ်ချိန်တည်း၌... ဝူယုမှာလည်း တစ်စုံတစ်ရာကို ခံစားလိုက်ရသည့်နှယ် မျက်လုံးများ ကျဥ်းမြောင်း သွားသည်။ ထို့နောက် တိုင်ပင် မထားရပါပဲ သူတို့ နှစ်ယောက်စလုံး ပျောက်ကွယ် သွားခဲ့ကြတော့သည်။

...

လောကတစ်ခု ဖန်တီးခြင်း...

ပြိုင်စံရှားသည့် ထိုအော်ရာမှာ အခြေအနေ သုံးရပ်တွင်သာ ထွက်ပေါ်နိုင်စွမ်း ရှိသည်။ ပထမ အခြေအနေက ကြယ်တာရာ အသက်စက်ဝန်း၏ အစ ဟင်းလင်းပြင် တစ်ခု ဖန်တီးချိန်၌ ဖြစ်သည်။ ဒုတိယ... ကြယ်တာရာ အမြုတေ အဆင့်ခုနစ် သို့မဟုတ် ထိုထက် အဆင့် မြင့်မားသည့် ကျင့်ကြံသူများက ကမ္ဘာအတု တစ်ခု ဖန်တီးချိန်၌ ဖြစ်သည်။ တတိယ အခြေအနေ... လောကသခင် အဆင့်ကို တက်လှမ်းပြီး အခိုက်အတန့် နယ်မြေမျိုးစေ့ တစ်ခု ဖြစ်ပေါ်လာချိန်တွင် ဖြစ်သည်။

သို့သော်လည်း ယခုက တန်ခိုးရှင်ယင်ဂြိုဟ်ထက်၌ ဖြစ်ရာ ပထမ တစ်ခုက လုံးဝ မဖြစ်နိုင်ချေ။ ဒုတိယမြောက် တစ်ခုကလည်း ထိုကဲ့သို့ ပြုလုပ်ရန် အလွန်အမင်း ခက်ခဲလှသည်။ တတိယ တစ်ခုကတော့ ပို၍တောင် မဖြစ်နိုင်သေးသည်။ ကြယ်တာရာ ကပ်ဘေး အငွေ့အသက်ပင် မခံစားရပဲ လောကသခင်ကို မည်သူမှ တက်ရောက် နိုင်လိမ့်မည် မဟုတ်ချေ။

...

ဝူယုနှင့် မာ့ဆုကျင်းတို့ စကားပြောနေခဲ့သည့် လွန်ခဲ့သော မိနစ်ပိုင်းသို့ ပြန်သွားရလျှင်... နာ့ရှင်းရီမှာ အဓိက တပည့်များ အတွက် ပေးထားသည့် သူမ၏ အခန်းအတွင်း၌ တံခါးပိတ် ကျင့်ကြံနေခဲ့၏။ အမှောင်ယင် နန်းတော်၏ ဆက်ဆံမှုများက ကောင်းမွန်ကာ အဓိက တပည့် တစ်ယောက် တိုက်ရိုက် ဖြစ်လာခဲ့ခြင်း အပေါ် သူမ စိတ်လှုပ်ရှား နေမိခဲ့သည်။ ထို့အပြင် ဂြိုဟ်တစ်ခုလုံးက ယင်စွမ်းအင်ကို ကျင့်ကြံသည့် မိန်းကလေးများသာ ဖြစ်လေရာ သူမ၏ ယင်ဆုံမှတ်လေးခု ခန္ဓာ အတွက်လည်း စိတ်ချရပေသည်။

နာ့ရှင်းရီမှာ အခန်းအတွင်းတွင် ကြာပန်း သဏ္ဌာန် ထိုင်နေခဲ့ကာ လက်ထဲတွင် အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ကိုင်ဆောင်ထားခဲ့၏။ ၎င်းက ချိပ်ပိတ်ထားသည့် ကျောက်စိမ်း ပုလင်း အတွင်း ရှိကာ အော်ရာနှင့် အနံ့အသက်တို့ကို ဖုံးကွယ်နေသည့်တိုင် အမြင်အာရုံဖြင့်ပင် အလွန် လှပနေခဲ့ပြီ ဖြစ်သည်။ ငွေရောင် ဆေးလုံးလေး၏ တည်ရှိမှုက ဝေ့ဝူယင်၏ မျက်လုံးများကိုပင် သတိရစေ၏။

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော် ထိုငွေရောင် မျက်လုံးများ ချည်းကပ်လာခဲ့သော အချိန်ကို နာ့ရှင်းရီ မှတ်မိနေသေးဆဲ ဖြစ်သည်။ သူက ရင်ခွင်ကျယ်ကြီးဖြင့် သူမ တစ်ကိုယ်လုံးကို အုပ်မိုးထားကာ အချိုမြိန်ရဆုံး အခါးသီးရဆုံး အထိအတွေ့တို့ဖြင့် ရင်ဖို လှိုက်မောစေခဲ့သည်။ အမှတ်တရများကို ပြန်လည် တွေးတောရင်း နာ့ရှင်းရီ ရင်ခုန်သံများပင် မြန်လာခဲ့၏။

သူမ အတွေးများကို ခပ်မြန်မြန်ပင် တွန်းဖယ်ပစ်ရင်း ချိတ်ပိတ်ထားသည့် ပုလင်းလေးကို ဂရုတစိုက် ဖွင့် လိုက်သည်။ ထွက်ပေါ်လာသည့် အနံ့အသက်တို့က ထို့ပိဟန် လောကသခင် တစ်ယောက် ဖြစ်ကြောင်း ကြေညာခဲ့သည့် အခိုက်အတန့်ဆီ သူမကို ပြန်လည် ခေါ်ဆောင်သွား၏။ သူမ၏ ရင်က တဒိတ်ဒိတ်ဖြင့် စတင် ခုန်လာသည်။

“ဒီဆေးက နယ်မြေမျိုးစေ့ တစ်ခုကို တကယ် ဖန်တီးပေးနိုင်မှာလား”

ထိုကဲ့သို့ ဆိုလျှင် အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ တန်ဖိုးမှာ ခန့်မှန်း၍ မရနိုင်အောင် များပြား ပေလိမ့်မည်။ အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူလိုက်ရင်း ဆေးလုံးကို ဝိညာဥ်အင်အားဖြင့် ထိန်းချုပ်ကာ ပါးစပ် အတွင်း ထည့်သွင်းလိုက်၏။

ဖော်ပြရန် ခက်ခဲသည့် အရသာနှင့် အတူ ဆေးလုံးမှာ သူမ၏ အူလမ်းကြောင်း တစ်လျှောက် စီဆင်းသွားကာ အစာအိမ်ထဲအထိ ရောက်ရှိသွားသည်။ ထို့နောက် ၎င်းက ထျန်းတျန် အတွင်းရှိ ကြယ်တာရာ ဝိညာဥ်ဆီ ရောက်သည် အထိ အလွှာ အထပ်ထပ်ကို ဆက်လက် ထိုးဖောက်သွား၏။

ကြယ်တာရာ ဝိညာဥ်ဆီ ရောက်သည်နှင့် ငွေရောင် ဆေးလုံးက လျှင်မြန်စွာ ကျယ်ပြန့်သွားကာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ငွေရောင်ဖြင့် ဖုံးလွှမ်းသွားသည်။ တစ်ဒင်္ဂ အတွင်းမှာပင် သူမ၏ အသွေးအသား၊ အရိုးနှင့် ဆဲလ် တစ်ခုချင်းစီတိုင်းမှာ ငွေရောင် အဆင်းသို့ ပြောင်းလဲသွားတော့၏။

ထိုအခိုက်၌ အသက်ရှူသံများပင် ရပ်တန့်သွားသလို ခံစားလိုက်ရကာ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက ထိန်းချုပ် မှု ကင်းမဲ့သွားသလို နာ့ရှင်းရီ ခံစားလိုက်ရသည်။ ထို့နောက်... သူမ၏ ယင်ကြယ်တာရာ ဝိညာဥ်မှာ ငွေရောင် အလင်းတန်းများနှင့် တိုက်ခိုက်ရန် ဆန္ဒ ရှိသည့် အလား ဟိန်းဟောက်ကာ လှုပ်ရှားလာသော်လည်း နည်းနည်းလေးမှ ရုန်းကန်နိုင်စွမ်း မရှိပါချေ။

တစ်ခဏ အတွင်းမှာပင် နာ့ရှင်းရီ၏ ကြယ်တာရာ ဝိညာဥ်မှာ ငွေရောင် အလင်းတန်းများ၏ ဝါးမြို စိုးမိုးမှုနှင့် အတူ ငွေရောင် အလင်းတန်း လုံးကြီး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထိုအရာက တဒင်္ဂမျှသာ ဖြစ်ကာ စက္ကန့် အနည်းငယ် အတွင်းမှာပင် တဖြည်းဖြည်း ပြန်လည် လျော့ပါးသွားသည်။ ထိုအခိုက်အတန့်တွင်ပင် ကြယ်တာရာ ဝိညာဥ် ထံမှ ပျော်ရွှင်မှု အရိပ်အငွေ့ အချို့ ထွက်ပေါ်လာသည်ကို သူမ သတိထားမိလိုက်သည်။

“ ... “

နာ့ရှင်းရီ၏ မျက်လုံးများမှာ အံ့အားသင့်မှုနှင့် အတူ ပြူးကျယ်သွားခဲ့၏။ ကျင့်ကြံခဲ့သည့် တစ်လျှောက်လုံးတွင် ကြယ်တာရာ ဝိညာဥ်ထံမှ မည်သည့် တုန်ပြန့်မှုကိုမှ သူမ မခံစားဖူချေ။ ထိုအရာက ပထမဆုံး အကြိမ် အဖြစ် ကြယ်တာရာ ဝိညာဥ်ထံတွင် ခံစားချက်များ ရှိကြောင်း သူမ ကြုံတွေ့ဖူးခြင်း ဖြစ်သည်။

နာ့ရှင်းရီ ခန္ဓာကိုယ်ကို ထိကြည့်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း ထိုအထိအတွေ့က ဆန်းပြားစွာပင် သူမကို ဝေ့ဝူယင်နှင့် ပထမဆုံး တွေ့ခဲ့သည့် နေ့ဆီ ခေါ်ဆောင်သွားသည်။ ဝေ့ဝူယင်က သူမကို ခုတင်ပေါ်သို့ ဖြည်းညင်းစွာ လှဲချလိုက်ကာ သူမ၏ နှုတ်ခမ်းလေးများကို နူးညံ့စွာပင် နမ့်ရှုံ့နေ၏။ တစ်ချိန်တည်း၌ သူ၏ လက်ချောင်းများက ညင်သာစွာပင် သူမ ခန္ဓာကိုယ် အနှံ့ကို ပွတ်သပ်နေသည်။ နာ့ရှင်းရီ ထိုအထိ အတွေ့ကို ပထမဆုံး ခံစားဖူးခြင်း ဖြစ်သည်။

ထိုနေ့၌ သူမက မိန်းကလေး တစ်ယောက် ဖြစ်ကြောင်း ပထမဆုံး ခံစားခဲ့ရသည်။ ချစ်ခြင်းတရားနှင့် ဆန္ဒ ရှိမှုတို့ကို ခံစားခဲ့ရသည်။ ထိုအခိုက်အတန့်ကလေး၌ ဝေ့ဝူယင်၏ အာရုံ အလုံးစုံက သူမ ခန္ဓာကိုယ် ထက်၌ ရစ်ဝဲနေကာ သူမ အပေါ်တွင်သာ မူတည် နေခဲ့သည်။

ဘဝ တစ်လျှောက်လုံး၌ မိဘများ ပင်လျှင် သူမကို တစ်ခါမှ ထိုမျှလောက် ဂရုမစိုက်ခဲ့ဖူးချေ။ နိမ့်ကျသော ပါရမီကြောင့် သူမကိုပင် ပစ်ပယ်ခဲ့ကြသည်။ ဂိုဏ်းအတွင်းတွင်လည်း နိမ့်ကျသော ရုပ်ရည်ကြောင့် ယောက်ျားသားများက သူမကို လှည့်ပင် မကြည့်ခဲ့ချေ။ သူမက သူတို့ အတွက် ဘာကောင်မမှ မဟုတ်‌ချေ။ သူမ လိုချင်သည့် ဂရုစိုက်မှု၊ ယုယမှု၊ အထိအတွေ့တို့ကို ပထမဆုံး ရရှိခဲ့သည်က ဝေ့ဝူယင် ထံမှပင် ဖြစ်သည်။

“အ...”

မာကြောသော အရာတစ်ခု ထိုးဖောက် ဝင်ရောက်သွားခြင်းအား ပြန်လည် မြင်ယောင်လိုက်မိသော အခိုက်၌ ကြည်နူးမှုလှိုင်းများက ပိုမို၍ တိုးလာခဲ့၏။ ထိုအခိုက်အတန့်၌ ဝေ့ဝူယင်၏ ရင်ခွင်ကျယ် အောက်တွင် သူမ၏ ငိုငြီးသံက လေးပင် နူးညံ့စွာဖြင့် ထွက်ပေါ်နေခဲ့သည်။ ထိုအရာက မည်ကဲ့သို့သော ကြည်နူးမှုနည်း။

ထိုအတွေ့အကြုံနှင့် အတူ သူမ ဝေ့ဝူယင်ကို သူမ စွဲလမ်း သွားခဲ့တော့သည်။

***

All Chapters