← Chapters

တွေ့ဆုံခြင်း

Vol. 44 Ch. 615

တွေ့ဆုံခြင်း

Vol. 44 Ch. 615

“သောက်ကျိုးနဲ...”

အန်နု၏ အလွန် ကြီးမားလှသော ခန္ဓာကိုယ်ကြီးကို တွေ့သည့် အခိုက်၌ ထို့ပိဟန်မှာ မျက်လုံးများပင် ပြူးကျယ် သွားခဲ့၏။

လက်ရှိ၌ ဧည့်ကြို မိန်းကလေး၏ ဦးဆောင်မှုနှင့် အတူ အလွန် ကျယ်ပြန်လှသည့် မြက်ခင်းစိမ်း တစ်ခုသို့ သူ ရောက်ရှိနေခြင်း ဖြစ်သည်။ ထိုဧရိယာ တစ်ခုလုံးမှာ ထူထပ် သန့်စင်လှသည့် ကြယ်တာရာ အမတေများနှင့် ပြည့်နှက်နေ၏။ ၎င်းတို့က အနန္တ ဧကရာဇ်ဂိုဏ်း အဆင့်ရှစ် ကောင်းကင် အလွှာထက်ပင် လေးဆခန့် ပိုမို ထူထပ် လှပေသည်။

ထို့ပိဟန် အသက်ကို တဝကြီး ရှူသွင်းလိုက်၏။ ဝင်သက်ထွက်သက်တိုင်း၌ သူ၏ ခန္ဓာကိုယ်က ပိုမို၍ လန်းဆန်းလာနေခဲ့ကာ ကျေနပ်သည့် ခံစားချက်တို့ နေရာယူလာခဲ့သည်။ ဤနေရာတွင် တစ်ရက်တာ ကျင့်ကြံခြင်းက အပြင်တွင် သုံးရက်ကြာ ကျင့်ကြံခြင်းနှင့် ညီမျှ ပေလိမ့်မည် ဖြစ်သည်။ ထိုအကျိုး သက်ရောက်မှုက အံ့မခန်းပင်။

“ဒီနေရာက မဟာမြင်း လောကနယ်မြေရဲ့ ဒုတိယမြောက် လေ့ကျင့်ရေး ကွင်းပြင်ပါ... မာ့မျိုးနွယ်ရဲ့ လူငယ် မျိုးဆက်တွေကို လေ့ကျင့်ပေးတဲ့ နေရာတွေထဲက တစ်ခုပေါ့”

ဧည့်ကြို မိန်းကလေးက ရှင်းပြလိုက်သည်။ ထို့ပိဟန်က တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်၏။ သို့သော်လည်း သူ၏ စိတ်တစ်ခုလုံးကတော့ ထိတ်လန့် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်နေ၏။ လေ့ကျင့်ရေး ကွင်းပြင် တစ်ခုပင် ဤမျှ ကောင်းမွန်နေလျှင် အထွတ်အမြတ် နယ်မြေများ ဆိုလျှင် မည်ကဲ့သို့ ရှိမည်နည်း။

“အဲဒါကရော ဘာကောင်ကြီးလဲ...”

ထို့ပိဟန်က အဝေးရှိ အန်နု၏ ပုံရိပ်ကြီးကို လက်ညိုးထိုးရင်း မေးလိုက်၏။ ဒုတိယမြောက် လေ့ကျင့်ရေး ကွင်းပြင်သို့ လာရာလမ်းတွင် ထို့ပိဟန်မှာ သူ တွေ့ချင်သည့် လူများ၏ နာမည်စာရင်းကို ဧည့်ကြို မိန်းကလေးထံ ပြောပြခဲ့ပြီး ဖြစ်သည်။ ဝေ့ဝူယ် ပေးအပ်ထားသည့် လက်စွပ်များထဲ၌ နာမည် လေးခု ပါဝင်နေကာ ရွှယ်ရီဖေး၊ ကျူးဟိုင်၊ နယ်လာရှားနှင့် အန်နုတို့ ဟူ၍ပင် ဖြစ်သည်။

ဧည့်ကြို မိန်းကလေးမှာလည်း အန်နုကို သိရှိခြင်း မရှိပါချေ။ သူမက လေ့ကျင့်ရေး ကွင်းပြင် အစပ်နားတွင်ပင် ရပ်လိုက်ကာ ထို့ပိဟန်ကို ရှေ့ဆက်သွားရန် ခြေဟန်လက်ဟန် ပြလိုက်သည်။

“လက်ထောက် အုပ်ချုပ်ရေးမှူး ဆုကျင်းက ရှေ့မှာ သခင်ကြီးကို စောင့်နေပါတယ်”

ထို့ပိဟန်က လက်နှစ်ဖက်ကို ယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်ရင်း လေ့ကျင့်ရေး ကွင်းပြင် ဗဟိုဆီ စတင် ပျံသန်းလိုက်၏။ သူ၏ မျက်လုံးများကတော့ ထိုနေရာတွင် ရှိနေသည့် အန်နု၏ အလွန် ကြီးမားလှသည့် ပုံရိပ်ကြီးကိုသာ စိတ်ဝင်တစား လေ့လာနေခဲ့လေ၏။

မကြာခင်မှာပင် ထို့ပိဟန်မှာ လေ့ကျင့်ရေး ကွင်းပြင်၏ ဗဟိုနားသို့ ရောက်လာခဲ့သည်။ ပိုမို နီးကပ်လာသည်နှင့် အမျှ ထိုနေရာတွင် ဧရာမ သတ္တဝါကြီးသာမက ပုံရိပ် အချို့ပါ ရှိနေသည်ကို တွေ့လိုက်ရသည်။ အန်နု၏ ရွှေရောင် မျက်လုံးများနှင့် ဆုံသွားသော အခိုက်၌ ထို့ပိဟန်မှာ ရင်တဒိတ်ဒိတ်ပင် တုန်ရီသွား၏။

“ဘယ်လောက်တောင် ‌ကြောက်ဖို့ကောင်းလိုက်တဲ့ သတ္တဝါကြီးလဲ...”

အန်နု၏ နဂါးဖိအားမှာ အလွန်အမင်း ကြောက်စရာ ကောင်းလွန်းလှကာ အဝေးမှ လေ့လာရုံဖြင့်ပင် သွေးများ ပွက်ပွက်ဆူသလို ထို့ပိဟန် ခံစားနေရသည်။

သို့သော်လည်း... ကံကောင်းထောက်မစွာပင် ထိုနေရာ၌ သူ တွေ့ချင်နေသည့် ပုံရိပ်လ အချို့ ရှိနေခဲ့ပေသည်။

ပထမဆုံး တစ်ယောက်က ခပ်တိုတို အညိုရောင် ဆံပင်များနှင့် ဝိုင်းစက်သည့် မျက်ဝန်းညိုများကို ပိုင်ဆိုင်ထားသည့် ရှို့ရန် မိန်းကလေး တစ်ယောက် ဖြစ်သည်။ တစ်စုံတစ်ရာကို မကျေနပ်နေသလို နှုတ်ခမ်းကလေးကို စူထားသည့် သူမ၏ အမူအရာက မယုံကြည်နိုင်အောင် ချစ်စရာ ကောင်းလှသည်။ သူမ၏ ကြောင်နားရွက်လေးများက အနည်းငယ် လှုပ်ယမ်းသွားကာ ထို့ပိဟန်ကို စိုက်ကြည့်နေသည်။ သို့သော်လည်း ခဏလောက်ကြာတော့ စိတ်ပျက်လက်ပျက် အရိပ်အယောင်များဖြင့် ပြန်လည် အကြည့်လွှဲသွားခဲ့၏။

သူမကတော့ ဝေ့ဝူယင်၏ ချစ်သူများထဲမှ တစ်ယောက် ဖြစ်သည့် နယ်လာရှားပင် ဖြစ်လေသည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ တည်ရှိမှုက အလွန်ပင် တောက်ပနေလေရာ ထို့ပိဟန် ပင်လျှင် အံ့သြသွားခဲ့၏။ အကယ်၍ သေသေချာချာ ကြည့်မည် ဆိုပါက သူမ၏ သွေးကြောများထဲတွင် အလင်းများ ဖြတ်သန်း စီးဆင်း နေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ထိုရှို့ရန်မကလေးမှာ ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့်သို့ ရောက်ရှိ နေချေပြီ ဖြစ်လေသည်။

ရှို့ရန် တစ်ယောက် အနေဖြင့် နယ်လာရှားမှာ ထျန်းတျန်ကို နှလုံးသား၌ ကျင့်ကြံသူ ဖြစ်လေရာ အလင်း စွမ်းအင်များမှာ ခန္ဓာကိုယ်နှင့် အဆက်မပြတ် ပေါင်းစပ်လျှက် တောက်ပသော တည်ရှိမှု တစ်ခုကို ဖန်ဆင်းပေးခြင်း ဖြစ်သည်။

ထို့အပြင်... မိန်းကလေး ပိုင်ဆိုင်ထားသည့် အလင်းက အဖြူရောင် ဖြစ်ကြောင်း သတိထားမိသွားသော အခိုက်၌ ထို့ပိဟန်မှာ ဝေ့ဝူယင်၏ ပြုစုပျိုးထောင်နိုင်စွမ်းကို မချီးကျူးပဲ မနေနိုင်အောင် ဖြစ်သွားခဲ့တော့၏။ နယ်လာရှားမှာ အနန္တ ဧကရာဇ်ဂိုဏ်း၏ အကြီးအကဲ တစ်ဦး ဖြစ်လေရာ သူမ အကြောင်း သူ ကောင်းကောင်း သိပေသည်။ ထိုမိန်းကလေး၏ ပါရမီက အနန္တ ဧကရာဇ်ဂိုဏ်းတွင်ပင် ပျမ်းမျှသာ ရှိသည်။

ထို့အပြင် ရှို့ရန် အများစုတွင် ကျင့်ကြံရာ၌ အခက်အခဲများ ရှိကြသည်။ သူတို့က အဆင့်တစ်ခု တက်ရန် အတွက် သွေးမျိုးဆက်ကို မြှင့်တင်ပေးနိုင်သည့် ရင်းမြစ်များ လိုအပ်ကြသည်။

ရှို့ရန် မျိုးနွယ်များ အတွက် ကြယ်တာရာ အမြုတေ အဆင့်ငါး၊ အဆင့်ခြောက်တို့ကို ချိုးဖျက်နိုင်ဖို့က မဖြစ်နိုင်အောင်ပင် ဖြစ်သည်။ အာရုံဦး ဧကရာဇ် ကြယ်တာရာ နယ်မြေ၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်သည့် ကျိချန်းကောင်း ပင်လျှင် ဆေဘာနှင့် ဓား ရည်ရွယ်ချက် နှစ်ခုကြောင့် ထိုအဆင့်ကို တက်လှမ်း နိုင်ခဲ့ခြင်း ဖြစ်သည်။ ဇင်ကတော့ ကမ္ဘာဦးလိပ်မျိုးဆက် တစ်ယောက် အနေဖြင့် နှလုံးသားကို နှစ်ပေါင်း သုံးထောင်ကျော် ကျင့်ကြံပြီးမှသာ ထိုအဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင် အတွက်တော့ ထိုအခက်အခဲများက သာမညောင်သာမည လေးများသာ ဖြစ်ပုံ ရပေသည်။ နယ်လာရှား၏ ခန္ဓာကိုယ် အတွင်းရှိ အလင်းစွမ်းအင်များမှာ အလွန်ပင် တည်ငြိမ်လှကာ ၎င်းတို့က သွေးကြောများ အတွင်း အလွန် ပြေပြစ်စွာ စီးဆင်းနေပေသည်။ ထိုအချက်က မိန်းကလေး၏ ကျင့်ကြံခြင်း အခြေခံမှာ အလွန် ခိုင်မာကြောင်း ဖော်ပြနေသည်။

သို့သော်လည်း... ရှို့ရန်များထဲတွင် ထို့ပိဟန် အကြောက်ဆုံးက နယ်လာရှား၏ ဘေးတွင် ရပ်နေသည့် တစယောက်ပင် ဖြစ်ပေသည်။

ကျူးဟိုင်...

ထိုဝံပုလွေ သွေးမျိုးဆက်ကို ကြည့်ရင်း ထို့ပိဟန်မှာ ကြက်သီးများပင် ထသွားမိ၏။ သူ၏ သွေးရောင် မျက်လုံးများက ယခင်ကလောက် မတောက်ပသော်လည်း အနက်ရောင် အစက်အပျောက်များ ပါဝင်နေသည်။ ၎င်းတို့က အလွန်အမင်း ထက်ရှကာ သေဆုံးခြင်း အငွေ့အသက်များကို သယ်ဆောင်ထားသည့် အတိုင်းပင်။ တစ်ချိန်တည်း၌ သူ၏ ခပ်ပါးပါး ခန္ဓာကိုယ်က အတားအဆီးမဲ့ သတ်ဖြတ်ခြင်း ခံစားချက်တို့ကို သယ်ဆောင်ထား၏။

ကျူးဟိုင်မှာ ခပ်ပွပွ ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားကာ ရင်ဘတ်ရှိ ကြယ်သီးများကို မထပ်ပဲ ခွဲထား၏။ သူ့ရင်ဘတ် အလယ်တည့်တည့်တွင်တော့ အလွန် ကြီးမားလှသော အမာရွတ်ကြီး တစ်ခု ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ထိုဒဏ်ရာကြီးမှာ အလွန်ပင်ကြောက်စရာ ကောင်းလှကာ နှလုံးသား၊ အဆုပ်နှင့် ကျောက်ကပ်တို့ကိုပါ ဆွဲထုတ် သွားသယောင်ပင်။

“တကယ့်ကို ကြောက်ဖို့ကောင်းလွန်းတယ်...”

ထို့ပိဟန်မှာ လင်းမင်နှင့် ကျူးဟိုင်တို့ အကြားမှ တိုက်ပွဲကို ပြန်လည် မြင်ယောင်လာမိ၏။ ထိုတိုက်ပွဲ အပြီး၌ ကျူးဟိုင် သေပြီဟု သူ ထင်မိခဲ့သည်။ မည်သို့ပင် ဆိုစေ... သူ၏ နှလုံးသား တစ်ခုလုံး ပျက်စီးသွားခဲ့သည် မဟုတ်ပါလား။ ရှို့ရန် တစ်ယောက် အတွက် နှလုံးသားက အ‌ရေးကြီးဆုံး ခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်းပင် ဖြစ်ကာ ၎င်းမှာ ဦးနှောက်ထက်ပင် ပို၍ အရေးကြီးလှသည်။

ကျူးဟိုင်ကို ဝိညာဥ်အာရုံဖြင့် စစ်ဆေးပြီးနောက် ထို့ပိဟန် မျက်မှောင်ကြုတ် သွား၏။ ထိုရှို့ရန်၏ ကျင့်ကြံခြင်း အခြေခံကို သူ အာရုံခံ၍ မရချေ။ သို့သော်လည်း ကျူးဟိုင်ထံမှ ထွက်ပေါ်နေသည့် အငွေ့အသက် ခံစားချက်များက လုံးဝ ကြက်သီးထစရာ ကောင်းလွန်းသည်။

ထို့ပိဟန် မှတ်မိသည့် နောက်ဆုံး ပုံရိပ်ကတော့ ရွှယ်ရီဖေးပင် ဖြစ်သည်။ သူမက ယခင်ကအတိုင်း ဘုံကြိုးပြတ် နတ်မိမယ် တစ်ယောက်လို လှပနေဆဲ ဖြစ်၏။

အခြား ပုံရိပ်နှစ်ခုကိုတော့ သူ မသိပါချေ။ သို့သော်လည်း သူတို့က မာ့ယုနှင့် မာ့ဆုကျင်းတို့ပင် ဖြစ်၏။

ဟူး... ဟူး...

နောက်ဆုံး၌ လေ့ကျင့်ရေး ကွင်းပြင်၏ ဗဟိုသို့ ထို့ပိဟန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူက မြေပြင်ပေါ် ဆင်းသက်လိုက်ရင်း လက်နှစ်ဖက် ယှက်ကာ နှုတ်ဆက်လိုက်၏။

မာ့ဆုကျင်းမှာ ရှေ့သို့ တိုးလာခဲ့၏။

“ရှင်က ထို့ပိဟန်လား...”

ထို့ပိဟန် ခေါင်းညိတ်လိုက်သည်။

“ကျုပ်ပါပဲ...”

“ဒီမှာ ရှင်မေးထားတဲ့ လေးယောက်ပါ... ဘိုးဘိုးကြီးမာ့ကိုတော့ ကျွန်မ ဆက်သွယ် ထားပါတယ်... သူ မကြာခင် ရောက်လာပါလိမ့်မယ်”

မာ့ဆုကျင်းက တည်ငြိမ်စွာပင် ပြောလိုက်၏။

လေးယောက်...

ထို့ပိဟန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။

“အန်နုက ဘယ်ဟာလဲ...”

သူက မေးလိုက်၏။

“ဒီနဂါးလေ...”

မာ့ဆုကျင်းက မျက်မှောင်ကြုတ်ရင်း လက်ညိုးထိုးပြလိုက်၏။ သူက အန်နုကို လာရှာပြီး အန်နု ဘယ်ဟာမှန်းပင် မသိသည်လား။

ထို့ပိဟန်မှာ အလွန် အံ့အားသင့် သွားခဲ့၏။ အန်နုက နဂါးတစ်‌ကောင်လော...။ အစစ်အမှန် နဂါးများကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ဒဏ္ဍာရီများထဲတွင် ပုံပေါ်ထားသည့် စာများ၊ ပန်းချီကားများကိုသာ သူ မြင်တွေ့ဖူးခြင်း ဖြစ်သည်။

အန်နုကတော့ သူ့ကို စိတ်ဝင်တစား ကြည့်နေသည့် ထို့ပိဟန်ကို အပြည့်အဝပင် လျစ်လျူထား၏။ ထိုလူသား‌လေးမှာ အားနည်းလွန်းသည်။ အကယ်၍ သူသာ ဆန္ဒရှိပါက သူ့ကို လက်သည်းတစ်ချက်ဖြင့်ပင် သတ်ဖြတ်ရန် ယုံကြည်ချက် ရှိသည်။

ထို့ပိဟန်မှာ ပြန်လည် တည်ငြိမ်ရန် အတွက် အသက်ကို ပြင်းစွာ ရှူသွင်းလိုက်ရသည်။ မာ့ဆုကျင်း ဘက်သို့ လှည့်လိုက်ရင်း သူ၏ အမူအရာက လေးနက်သွားသည်။

“ကျုပ် ဒီနေရာကို လာခဲ့တာ သူတို့ လေးယောက်ဆီ စာလာပို့တာပါ... စိတ်မရှိရင် ကျုပ်တို့ သီးသန့် စကားပြောလို့ ရနိုင်မလား”

မာ့ဆုကျင်း၏ မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း ထိုတောင်းဆိုမှုကို သူမ မပယ်ချပါချေ။

“ကောင်းပြီလေ...”

စက္ကန့်ပိုင်း အတွင်းမှာပင် မာ့ယုနှင့် မာ့ဆုကျင်းတို့ နှစ်ယောက်လုံး ပျောက်ကွယ်သွား၏။

ထို့ပိဟန် လေးပင်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ထိုအမျိုးသမီး နှစ်ယောက်ထံတွင် သူတို့ကို စောင့်ကြည့်ရန် နည်းလမ်း များစွာ ရှိမည် ဖြစ်ကြောင်း သူ သိထားပြီး ဖြစ်သည်။ သို့သော်လည်း... သူ တတ်နိုင်သည့် အရာ မရှိပါချေ။

“ဝေ့ဝူယင်ဆီက စာလား...”

နယ်လာရှား၏ မျက်လုံးများမှာ တောက်ပသွား၏။ ဝေ့ဝူယင်နှင့် သူမ မတွေ့ရသည်မှာ လေးနှစ်နီးပါး ရှိခဲ့ပြီ ဖြစ်သည်။

ထို့အပြင် လွန်ခဲ့သည့် ခြောက်လ လုံးလုံးက သူမ အတွက် ခက်ခဲခဲ့သည်ဟု ဆိုနိုင်ပေသည်။ ထိုကာလများ အတွင်း၌ နယ်လာရှားမှာ ရွှယ်ရီဖေး ကဲ့သို့ အထူး ဧည့်ခံမှုမျိုးကို မရခဲ့သည့် အပြင် ရှို့ရန်များ အတွက် ပေးထားသည့် ကန့်သတ် ဧရိယာ အတွင်းတွင်ပင် နေထိုင်ခဲ့ရသည်။ ယခုက ခြောက်လအတွင်း ပထမဆုံး အကြိမ် အဖြစ် အပြင်သို့ ထွက်ခွင့် ရခဲ့ခြင်း ဖြစ်သည်။

ထို့ပိဟန်က ပြုံးရင်း ခေါင်းညိတ်လိုက်၏။

“ဝိညာဥ်အင်အား ထွက်ပေါ်လာရင် မခုခံနဲ့... အဲဒီထဲမှာ ဝေ့ဝူယင်ရဲ့ သတင်းစကားပါတယ်”

ထို့ပိဟန်ထံတွင် လက်စွပ် ခုနစ်ကွင်း ကျန်ရှိနေသေးဆဲ ဖြစ်သည်။ ထိုအထဲရှိ လေးခုကတော့ ယခုတွင် ပိုင်ရှင်များထံသို့ ရောက်ရှိတော့မည် ဖြစ်လေသည်။

***

All Chapters