အပိုင်း(၅၅၃)
Vol. 37 Ch. 553
“ဆရာ ညီမရူရဲ့ဝိညာဉ်ရှိနေသေးလား
ဆိုတာကိုဆရာအာရုံခံလို့ရနိုင်လား”
ယန်ကျုံးမှာစကားပြောပြီးနောက် သူ့ရင်ဘက်ပေါ်ရှိကျောက်စိမ်းပြားအား ဆက်လက်စိုက်ကြည့်နေသည်။
ခဏကြာပြီးနောက် အက်ကွဲကွဲအသံကထပ်မံပြောလိုက်သည်။
“ဒီကောင်မလေးရဲ့ဝိညာဉ်က တကယ်ပဲ သူမရဲ့ကိုယ်ထဲမှာရှိနေသေးတယ်.. တို့သာသူမရဲ့ကိုယ်ကိုဝင်စီးထားတဲ့ မကောင်ဆိုးဝါးကိုဖျက်ဆီးနိုင်ရင် သူမရဲ့ကိုယ်ကိုသူမတကယ်ပဲပြန်ပြီး
ထိန်းချုပ်နိုင်လိမ့်မယ်.. ဒါပေမဲ့…”
အသံရှင်ကခေတ္တရပ်တန့်လိုက်သည်။ ခဏကြာပြီးနောက် ၎င်းကဆက်ပြောသည်။
“ဒါပေမဲ့ ကျုံးအာ.. အဲ့မကောင်းဆိုးဝါးရဲ့စွမ်းအားကအခု ဧကရာဇ်နယ်ပယ်ကိုရောက်နေပြီ. သူ့ကိုဖျက်ဆီးဖို့ကိုပြောရတာကမှ
ပိုပြီးလွယ်သေးတယ်”
“ညီမရူရဲ့ဝိညာဉ်အဲ့မှာရှိနေသေးတယ်ဆိုရင်ပဲ လုံလောက်ပါပြီ..”
အိုမင်းသောအသံရှင်ပြောသည်အားကြား
ပြီးနောက် ယန်ကျုံးကစိတ်ပိုင်းတဖြတ်ထား
သောအမူအယာဖြင့်ပြောလိုက်သည်။
“တစ်နေ့ကြရင်ညီမရူကိုထိခိုက်စေတဲ့
အဲ့မကောင်းဆိုးဝါးကို ကျွန်တော်ကိုယ်တိုင်သတ်ပစ်မယ်”
တိုက်ပွဲမြေပြင်ဘက်ရှိ ပြင်းထန်သောတိုက်ပွဲမှာ ပို၍ပို၍ ကြမ်းတမ်းခက်ထန်လာသည်။ သိပ်သည်းသောနတ်ဆိုးမြူများက လီလျိုရှင်းနှင့်လီရူတို့၏ ကိုယ်မှမြင့်တက်လာသည်။ တိုက်ပွဲမြေပြင်၏ကောင်းကင်ထက်တွင် သိပ်သည်းသောနတ်ဆိုးမြူများကလုံးဝ ဖုံးအုပ်ထားသည်။
ထူထဲပြီးခက်ထန်သော အနက်ရောင်လျှပ်စီးကြောင်းများက လူနှစ်ယောက်၏တိုက်ပွဲအတွင်းအပြင် အဆက်မပြတ်ပေါက်ကွဲနေသည်။ သို့သော်၎င်းတို့မှာလုံးဝထူးခြားခြင်း
မရှိသကဲ့သို့ တရပ်စပ်ပစ်ခတ်နေသော အနက်ရောင်မိုးကြိုးများကိုသူတို့၏
ခန္ဓာကိုယ်များက ရင်ဆိုင်နေသည်။
လီလျိုရှင်းမှာ သူ၏လက်အတွင်းမှနတ်ဆိုးမြူတို့ဖြင့် ဖွဲ့စည်းထားပုံရသည့် ဓားရှည်တစ်ချောင်းကိုကိုင်ထားသည်။
သူကလီရူအားမျက်နှာမူ၍ သူ၏ဓားဖြင့်ထိုးသွင်းလိုက်သည်။
ဧရာမနတ်တိုးမြူဓားတစ်လက်က လီရူ၏ခန္ဓာကိုယ်အထက်တွင်ရုတ်တရက်ပေါ်လာပြီးသူမ၏ကိုယ်အားဝါးမျိုသွားသည်။ ထို့နောက် နတ်ဆိုးမြူဓားကြီးမှာ လီရူ၏သတ်သတ်ဓားကြောင့်ဖျက်ဆီးခံလိုက်ရ၏။ လီလူက သူမ၏လက်အတွင်း၌ဝက်သတ်ဓားကို
တင်းကျပ်စွာကိုင်ထားပြီး အပေါ်သို့မြှောက်လိုက်သည်။ ထို့နောက် ဘာမျက်စိပသာဒဖြစ်စရာလှုပ်ရှားမှုမှမပါဘဲ လီလျိုရှင်းထံသို့ခုတ်ပိုင်းလိုက်၏။
အခြားတစ်ဖက်၌ရှိနေသောလီလျိုရှင်းမှာ ယခင်ကအတိုင်းလုံးဝပြောင်းလဲခင်းမရှိပေ။ ဤအခိုက်အတန့်တွင် မျက်စိပသာဒဖြစ်သည့်ပုံမရှိသော သူ၏ဓားအား လီရူ၏ဓားထံသို့ထိုးသွင်းလိုက်သည်။
သာမန်ဆန်သောဓားရှည်နှင့် သားသတ်ဓားတို့က တစ်ခုနှင့်တစ်ခုနောက်ထပ်တစ်ကြိမ်ပြင်းထန်စွာပစ်ဆောင့်မိသွားသည်။
“ဝုန်း…ဝုန်း..ဝုန်း…ဝုန်း…ဝုန်း”
ထို့နောက်သာမန်ဆန်သောလှုပ်ရှား
မှုနှစ်ခုအောက်တွင် ကောင်းကင်နှင့်မြေပြင်ကြား၌ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုထပ်မံဖြစ်လာပြန်၏။
ကြီးမားသောငလျှင်တစ်ခုလှုပ်ခတ်
သကဲ့သို့မြေပြင်မှာ ရုတ်တရက်တုန်ခါလာသည်။ဟင်းလင်းပြင်မှာလည်းနောက်တစ်ကြိမ်ပြင်းထန်စွာ
လှုပ်ခါလာပြီးပြင်းထန်သောစွမ်းအင်အတက်အကျများကလည်း ပင်လယ်ရေလှိုင်းများကဲ့သို့ဖြစ်ပေါ်လာ၏။
“ဧကရာဇ်နယ်ပယ်ရဲ့စွမ်းအားက အရမ်းစွမ်းအားကြီးလိုက်တာ”
နှစ်ယောက်သားတိုက်ကွက်များဖလှယ်ပြီးသည့်နောက်တွင် နှစ်ယောက်လုံးတစ်ယောက်စွမ်းအားကြောင့်တစ်ယောက်နောက်ပြန်လွင့်သွားကြသည်။သို့သော်အကွာအဝေးတစ်ခုအထိလွင့်သွားပြီးနောက် နှစ်ယောက်နောက်တစ်ကြိမ်ရှေ့သို့တက်
လိုက်ကြသည်။စွမ်းအားဧကရာဇ်နယ်ပယ်စွမ်းအင်တို့ဖြင့် နောက်တစ်ကြိမ် တစ်ယောက်ကိုတစ်ယောက်အဆက်မပြတ်တိုက်ခိုက်လိုက်၏။
“ဝုန်း.ဝုန်း..ဝုန်း…ဝုန်း..ဝုန်း”
“ကောင်းကင်ဘုံကိုဒေါသထွက်နေသလိုမျိုး
ကောင်းကင်နဲ့မြေပြင်ကထပ်ပြီး
ပေါက်ကွဲနေပြန်ပြီ”
“ဒီသက်ရှိနှစ်ယောက်ရဲ့ ခွန်အားက မျှချေညီနေတယ်..အနိုင်ရမဲ့သူကိုဆုံးဖြတ်ဖို့ခက်မဲ့ပုံပဲ. ဒါပေမဲ့ စွမ်းအင်တွေကုန်ခမ်းပြီးတော့နှစ်ဖက်
လုံးကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ရင် ပိုကောင်းတယ်.. ဒါမှဒီသခင်လေး အကျိုးအမြတ်တွေရိတ်သိမ်းနိုင်မှာ”
ရှစ်ဖုန့်က တိုက်ပွဲအားကြည့်ရင်းတီးတိုး
ရေရွတ်လိုက်သည်။
ဤလီရူအား မကောင်းဆိုးဝါးဝိညာဉ်ကဝင်စီးထား၏။ ထိုနေ့ကယွင်လိုင်အင်ပါယာ၏ သွေးမိစ္ဆာဂိုဏ်းတွင် သူမနှင့်သူပက်ပင်းကြုံပြီး အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည်။ သူဒဏ်ရာရသွားပြီး ထိုမကောင်းဆိုးဝါးဝိညာဉ်၏ အသတ်ခံရလုနီးပါးဖြစ်သွားခဲ့သည်။နာကျမှုဝေဒနာအားခံစားပြီး မကောင်းဆိုးဝါးကိုဖိနှိပ်ခဲ့သော လီရူကြောင့်သာ ကပ်ဘေးမှကြက်ကန်းဆန်အိုးတိုးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
ထို့နေ့က လီရူ၏ ကိုယ်အားပြန်လည်ရရှိရန်ကူညီပေးမယ်ဟုပြောခဲ့သည်။ထိုထက်ပိုသည်ကား ထိုမကောင်းဆိုးဝါးမှာ သူ့အားသတ်မိလုနီးပါးအကြိမ်များစွာရရှိခဲ့၏။ ထိုအချိန်က ယင်ရှက သူ့အတွက်တိုက်ခိုက်မှုကိုကာဆီးပေးခဲ့သည်။ မကြာခင်သို့မဟုတ်နောက်ပိုင်းတွင် ယင်ရှအတွက် ထိုမကောင်းဆိုးဝါးအားလက်စားချေပေးပြီးသတ်ပစ်မည်ဟုပြောခဲ့၏။
လီလျိုရှင်းအကြောင်းကိုလည်းရှစ်ဖု့န်အရမ်းသိချင်သည်ဖြစ်သည်။ သူကမည်ကဲ့သို့တည်ရှိမှုမျိုးဖြစ်ပြီး ဘာလျှို့ဝှက်ချက်တွေများရှိနေပါသနည်း။
အကယ်၍သူတို့နှစ်ယောက်သာကြီး
မားသောဆုံးရှုံးမှုတို့ဖြစ်ခဲ့လျှင် သူသွားပြီး လီရူ၏ကိုယ်အတွင်းမှမကောင်းဆိုးဝါးအားဖိနှိပ်ကာ လီလျိုရှင်း၏နောက်ခံကိုစုံစမ်းမည်ဖြစ်သည်။
သို့သော် ၎င်းက အကြံကောင်းတစ်ခုသာဖြစ်၏။ ထွက်လာသောရလဒ်က လူတစ်ယောက်၏ မျှော်မှန်းချက်ထက်ကျော်လွန်နေသည်။ နှစ်ယောက်စလုံးမှာခွန်အားအရာ၌မျှခြေညီ
နေကြသည်ကိုသိပုံရသည်။နောက်တစ်ကြိမ်တစ်ယောက်နှင့်တစ်ယောက်အဝေးသို့တွန်း
ထုတ်မိကြပြီး တိုက်ပွဲအားရပ်တန့်လိုက်၏။
ထို့နောက်နှစ်ယောက်သားတစ်ချိန်တည်းတွင်လှုပ်ရှားလိုက်ကြသည်။သူတို့နှစ်ယောက်က ဆက်မတိုက်တော့သော်လည်း ထျန်းလျန်အင်ပါယာတော်ဝင်မြို့ဆီသို့ဦးတည်လာကြ၏။ထိုထက်ပိုသည်ကားသူတို့၏
လမ်းကြောင်းအားဒေါင်လိုက်အပေါ်သို့ထိုးတက်သွားခြင်းဖြစ်သည်။
လူနှစ်ယောက်၏အပြုအမူအားကြည့်ရင်း ရှစ်ဖုန့်တစ်ယောက်တုန်လှုပ်သွားကာ စိတ်ထဲမှကျိန်ဆဲလိုက်သည်။
“မင်းမေလိုးပဲဟေ့…သူတို့ကသေတဲ့အထိဆက်မတိုက်တော့ဘူး..သူတို့ကဒီသခင်လေးဆီကို အပြင်းလာနေကြတာ”
၎င်းတို့နှစ်ယောက်က တိုက်နေခြင်းအားရပ်တန့်ပြီးသူ့ထံသို့ တစ်ဟုန်ထိုးဝင်လာ၏။ ၎င်းတို့သူထံသို့လာနေခြင်းအား ရှစ်ဖုန့်မြင်သည်ဖြစ်၏။ ယင်းမှာ သူ့အနေဖြင့် နတ်ဆိုးလက်ချောင်း၊နတ်ဆိုးမျက်လုံး
တို့ဖြင့်ပေါင်းစည်းထားသောကြောင့်
မှလွဲ၍အခြားမဟုတ်ပေ။
၎င်းတို့က နတ်ဆိုးမျက်လုံးနှင်နတ်ဆိုးလက်ချောင်း
အတွက်လာခြင်းဖြစ်သည်။
၎င်းတို့နှစ်ယောက်သူ့ထံသို့အပြင်းလာနေသည်အားတွေ့ရသောအခါတွင် ရှစ်ဖုန့်ချက်ချင်းပဲ အဖြူလေးအားပြောလိုက်သည်။
“ပြေး .အဖြူလေး..မပြေးရင် မင်းသေလိမ့်မယ်”
“ဝေါင်း..ဝေါင်း”
အဖြူလေးမှ အခြေအနေ၏လေးနက်မှုတို့အား နားလည်သည်ဖြစ်သည်။ချက်ချင်းပဲ သူ၏ခွာလေးဖက်အား ဒုန်းဆိုင်းပြေးလိုက်သည်။ ၎င်းကရှစ်ဖုန့်အားသယ်ဆောင်ပြီး အသက်အတွက်ထပ်မံပြေးလွှားပြန်သည်။
“အား..အား.သူတိုလာနေပြီ.
သူတို့လာနေကြပြီဟ”
ဟင်းလင်းပြင်ထဲမှတိုက်ပွဲအား
စောင့်ကြည့်နေကြသောကျင့်ကြံသူများမှာထိုလူနှစ်ယောက်ကသူတို့ထံသို့လာနေသည်ကိုတွေ့လိုက်ရသည်။ဘာဖြစ်သွားမှန်းသူတို့မသိကြဘဲ သူတို့၏မျက်နှာက ပြင်းပြင်းထန်ထန်ကိုပြောင်းလဲသွားကြ၏။လူအုပ်မှာရုတ်တက်ကြောက်စိတ်အသားကုန်ဝင်ကုန်၏။
အစောက စုစည်းနေသော လူအုပ်မှာ ရုတ်တက် ဦးတည်ချက်ပေါင်းစုံသို့ခွဲပြေးကြတော့သည်။
သို့သော် ရှစ်ဖုန့်၏အနီးအနား၌ ကျင့်ကြံသူများစွာစုစည်းနေခဲ့ကြပြီးဖြစ်သည်။ ဤအချိန်တွင် လီရူနှင့် လီလျိုရှင်းတို့က နှေးကွေးသော ကျင့်ကြံသူများအားဖြတ်သွားကြ၏။ မမြင်နိုင်သော စွမ်းအင်အောက်တွင် ကျင့်ကြံသူများ၏ကိုယ်များမှာ ဟင်းလင်းပြင်ထဲ၌ နှစ်ပိုင်းကွဲထွက်သွားသည်။
အချို့ကံကောင်းသောကျင့်ကြံသူများက ရှစ်ဖုန့်နှင့်အကွာအဝေးတစ်ခုခြား၍ပြေးနေကြသည်။ ပုံရိပ်နှစ်ခုကသူတို့အားကျော်သွားသည်။ ထိုကျင့်ကြံသူများမှာ ကံကောင်းစွာဖြင့်သူတို့အသက်များ
ရှင်သန်လွတ်နိုင်ခဲ့သည်။
ဝမ်းနည်းဖို့အကောင်းဆုံးသူများမှာ ရှစ်ဖုန့်ကဲ့သို့တူညီသောဦးတည်ချက်သို့ ပြေးကြသူများဖြစ်သည်။ ပုံရိပ်နှစ်ခုက သူတို့နှင်နီးကပ်လာသောအခါတွင် သူတို့၏ကိုယ်များမှာအသားအပိုင်း
အစအများအဖြစ်ဖွာလန်ကျဲကုန်သည်။ တောင်ပသောနီရဲသည့်သွေးများက ဗြန်းကနဲ ပန်းထွက်ကာမြေပြင်ထက်သို့ပြန့်ကျဲ
ကျရောက်ကုန်၏။
ကျားဖြူကလည်းမြင့်မားသော အမြန်နှုန်းဖြင့်ဒုန်းဆိုင်းပြေးနေပြီး ဖြတ်သွားသော နေရာတိုင်းတွင်အားကောင်းသော လေပြင်းကိုချန်ထားရစ်ခဲ့သည်။
ရှစ်ဖုန့်ကကျားဖြူပြေးသည့်ဘက်နှင့်ဆန့်ကျင်ဘက်မျက်နှာမူထားသည်။ သူက အဖြူလေး၏ကျောထက်၌ရပ်နေပြီး သူ့နှင်နီးသည်ထက်နီးကပ်လာသော ပုံရိပ်နှစ်ခုအားကြည့်နေ၏။ စတင်စိုးရိမ်မှုကိုခံစားလာရသည်။
အကယ်၍သူသာ၎င်းတို့နှစ်ဦး၏ဖမ်း
ဆီးခြင်းအားခံရလျှင် သေချာပေါက်သေလိမ့်မည်ဖြစ်သည်။ အရင်ဆုံး မကောင်းဆိုးဝါးဝိညာဉ်ဝင်စီးထားသောလီရူမှာသူနှင့်အကြိမ်များစွာတိုက်ခိုက်ခဲ့သည်ဖြစ်၏။ ၎င်းက သူ၏အသက်အားအကြိမ်များစွာလိုချင်
နေခဲ့သည်။မုန်းတီးမှုတို့ဖြင့်သူအံကြိတ်ထားသည်။ ထိုအမုန်းတရားက အချိန်ကြာမြင့်စွာဖြစ်ပေါ်ခဲ့သောအရာဖြစ်၏။
လီလျိုရှင်းမှာအခြားသူတစ်ယောက်အ
ဖြစ်ပြောင်းလဲသွားပြီးနောက်သူ့အားမြင်
သည်နှင့်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကသူ၏အသက်အားသေချာပေါက်လိုချင်နေသည်ဟုဆိုလိုခြင်းဖြစ်၏။
ဤအချိန်တွင် နောက်သို့ထွက်ပြေးဆုတ်ခွာနေကြသော
ကျင့်ကြံသူများမှာလည်း၎င်းတို့နှစ်ဦးက
ထျန်းလျန်အင်ပါယာမြို့တော်ရှိရာသို့ပျံသန်းဦးတည်နေသည်ကိုသိလိုက်ကြသည်။
၎င်းတို့၌ပစ်မှတ်ရှိပုံပေါ်၏။ ၎င်းတို့မှာသွေးနီရောင်ချပ်ဝတ်အား
ဝတ်ဆင်ထားသော ကျားဖြူကိုစီးနင်းထားသည့်လူငယ်အားလိုက်ဖမ်းနေကြပုံပေါ်သည်။
ဤလူငယ်အနေဖြင့် ယခင်ဘဝကမည်ကဲ့သို့သောအကုသိုလ်များ
ကိုပြုလုပ်ခဲ့သနည်း။တစ်ချိန်တည်းတွင် ကြမ်းကြုတ်သောကျင့်ကြံသူနှစ်ဦးကသူ့အားဘယ်လိုကြောင့်လိုက်ဖမ်းနိုင်ရပါသနည်း။
ဆက်ရန်………
ဘာသာပြန်သူ-ARISE