← Chapters

ရန်သူများ လာရောက်ဝန်းရံခြင်း

Vol. 20 Ch. 268

ရန်သူများ လာရောက်ဝန်းရံခြင်း

Vol. 20 Ch. 268

ဤကမ္ဘာထဲတွင် ခုန်းလင်တာအိုဂိုဏ်း၏ ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူ ငါးယောက် ရှိနေသည်။

ထိုငါးယောက်ထဲမှာ ဟန်မူယဲ့က နှစ်ယောက်ကို သတ်ပစ်ပြီး ဖြစ်သည်။

ယခုအချိန်တွင် သုံးယောက်သာ ကျန်တော့သည်။

ထိုသုံးယောက်ကို ခေါင်းဆောင်တောက်ရင်က တစ်ယောက်တည်းဖြင့် မတားနိုင်ပါ။

သို့သော်လည်း ဟန်မူယဲ့နှင့် တိမ်တိုက်နဂါးဓားကို ထည့်ပေါင်းလိုက်လျှင် တားဆီးထားနိုင်ပေသည်။

ထို့အပြင် သူက အာကာသဝိညာဉ်သူငယ်ဆေးလုံးသုံးလုံးကို ဖော်စပ်အောင်မြင်ထားပြီး ဖြစ်သည်။

ကျိုးယွင်လုံ ....

ဟန်မူယဲ့က‌ အော်ဟစ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

သူ့နောက်တွင် ရှိနေသော တိမ်တိုက်နဂါးဓားသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ နဂါးက ဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ကို သယ်ဆောင်၍ ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။

တာအိုဆရာတယန်သည် လေပြေလေညင်းအသွင်ပြောင်းပြီး နောက်က လိုက်လာသည်။ အောက်တွင် လုကောက သူ့နောက်သို့ ပြေးလိုက်လာသည်။

တိမ်တိုက်နဂါးဓားသည် ကောင်းကင်ပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွား၏။

သူတို့တား ....

သတ် ....

အော်သံအများအပြား ထွက်ပေါ်လာပြီး ချီစွမ်းအင်အလင်းနှင့် ဓားအလင်းများက ဟန်မူယဲ့ဆီသို့ ရောက်လာသည်။

တိမ်တိုက်နဂါးပေါ်တွင် ရပ်နေသောဟန်မူယဲ့က ပတ်ဝန်းကျင်တွင်ရှိသော ခုန်းလင်တာအိုဂိုဏ်း၏ ကျွမ်းကျင်သူအများအပြားကို မြင်သည်။

“ထွက်သွားစမ်း ....”

အော်သံတစ်ချက် ထွက်လာသည်။

ပေတစ်ထောင်ရှည်သောဓားတစ်လက်သည် မျဉ်းဖြောင့်အတိုင်း ခုတ်ချလာ၏။

ဓားစစ်သည်နည်းစနစ်…

ဓားပိုင်ရှင်မှာ လုကောဖြစ်သည်။

ဧရာမဓားကြီးသည် ဟန်မူယဲ့ဆီသို့တိုးဝင်လာသော ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများအားလုံးကို တားဆီးထားပြီး လေထုထဲမှာ ရပ်တန့်စေသည်။

“ကျုပ်ရှိတယ် စီနီယာအစ်ကိုဟန်”

ဟန်မူယဲ့က‌ ခေါင်းညိတ်လိုက်ပြီး ဓားဆန္ဒတစ်ခုသည် တိမ်တိုက်နဂါးထဲသို့ တိုးဝင်သွားသည်။

တိမ်တိုက်နဂါးသည် ပေသုံးထောင်အထိ ရှည်လျားသွားပြီး အမြီးရိုက်ချက်တစ်ချက်ဖြင့် ရှေ့တွင် ရှိနေသော များပြားလှသည့် ကမ္ဘာမြေအဆင့်ကျင့်ကြံသူများ၏ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်သည်။ ထို့နောက် အဝေးသို့ ပျံသန်းသွားသည်။

ဟန်မူယဲ့က နောက်တွင်ကျန်ရစ်သော အဆုံးမရှိသည့် ပေါက်ကွဲသံများကို ကြားလိုက်ရသည်။

သူ လှည့်မကြည့်ပါ။

လုကောသည် သန်မာလိုပါက သေခြင်းရှင်ခြင်းတိုက်ပွဲများအား တွေ့ကြုံရန် လိုသည်။

ဓားကျင့်ကြံသူများကြားတွင် ဓားကျိုးသွားသောလူသည် သေလူဖြစ်သည်။ လူတစ်ယောက်ကို ထာဝရကာကွယ်ထား၍ မရပေ။

လုကောကလည်း သူ့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုပါ။

ဝုန်း...

ရှေ့တွင် ဓားအလင်းတစ်ချက်ကြောင့် မီးတောက်များ ပြိုကွဲသွားသည်။

ခေါင်းဆောင်တောက်ရင်သည် သနားစရာကောင်းသော အနေအထားဖြင့် တိမ်တိုက်ပေါ်မှ ပြုတ်ကျလာသည်။

သို့သော်လည်း တိမ်တိုက်နဂါးကိုစီး၍ ရောက်လာသောဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် သူက အံ့အားသင့်နေသည်။

“ကောင်လေး၊ မင်းကို အရင်သွားဖို့ ငါ ပြောထားတယ် မဟုတ်လား”

ခုန်းလင်တာအိုဂိုဏ်း၏ဘက်တွင် သူ့ကို ဝိုင်းရံထားသော ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူသုံးယောက်အပြင် ကမ္ဘာမြေအဆင့်အောက်တွင်ရှိသော တပည့်အများအပြားလည်း ရှိနေသည်။

တစ်ဖက်တွင် ရန်သူအင်အားများနေသောကြောင့် ခေါင်းဆောင်တောက်ရင်နှင့် ဟန်မူယဲ့တို့က ပူးပေါင်းလိုက်လျှင်ပင် တားဆီးနိုင်မည် မဟုတ်ပေ။

“သေစမ်း။ ခုန်းလင်တာအိုဂိုဏ်းရဲ့လူတွေက ငါတို့ဆီကို တိုက်ရိုက်လာရဲလိမ့်မယ်လို့ ထင်မထားမိဘူး”

ခေါင်းဆောင်တောက်ရင်သည် ဟန်မူယဲ့ဘေးသို့ ရောက်လာပြီး အံတင်းတင်းကြိတ်ထားသည်။

ခုန်းလင်တာအိုဂိုဏ်းဘက်တွင် ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူတစ်ယောက် သေဆုံးသွားသော်လည်း တခြားနှစ်ယောက်မှာ ထွက်ပြေးသွားခဲ့သည်။

ပုံမှန်အတိုင်းဆိုလျှင် သူတို့သည် နှစ်သုံးဆယ်၊ ငါးဆယ်ခန့်အထိ ဒဏ်ရာများကို ကုစားအားဖြည့်‌ရန် လိုပေမည်။

တိမ်တိုက်ကောင်းကင်ကမ္ဘာ၏လူများက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏လူများနှင့် ကွဲပြားနေခြင်း ဖြစ်နိုင်သည်။

“ဒါက ပိုမကောင်းဘူးလား”

ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ တိမ်တိုက်နဂါးက ဓားရှည်တစ်လက်အသွင်ပြောင်းပြီး သူ့လက်ထဲသို့ ရောက်လာသည်။

သူ့ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာသည်။

ဓမ္မရတနာများ၏ ဖျက်ဆီးနိုင်စွမ်းက ထူးခြားလှသည်။

တိမ်တိုက်နဂါးဓားကို အသက်သွင်းရန်အတွက် ဓားဆန္ဒလိုအပ်သော်လည်း ဟန်မူယဲ့တွင် အပေါဆုံးက ဓားဆန္ဒများ ဖြစ်ပေသည်။

သူ့ချီပင်လယ်ထဲတွင် ဓားဆန္ဒသုံးဆယ်နီးပါး လှုပ်ရှားသက်ဝင်လာသည်။

“စည်းကမ်းဟောင်းအတိုင်းပဲ ဘယ်သူအရင်သတ်နိုင်မလဲ ကြည့်ကြရအောင်”

ဟန်မူယဲ့က ရယ်မောလိုက်သည်တွင် လက်ထဲတွင် ရှိနေသော တိမ်တိုက်နဂါးဓားသည် မျက်စိကျိန်းလောက်သော ဓားအလင်းများကို ထုတ်လွှတ်၏။

သူက လက်မြှောက်ပြီး ရွှေဓာတ်မျိုးဆက် ဓားနည်းစနစ်ကို အသက်သွင်းလိုက်သည်။

တိမ်တိုက်သည် ရွှေအလင်းစီးကြောင်းတစ်ခုကို သယ်‌ဆောင်ထားပြီး အနက်ရောင်ဝတ်စုံဖြင့် လူအိုကြီးကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

ထိုလူသည် ဟန်မူယဲ့၏ဓားချက်အောက်တွင် ထွက်ပြေးခဲ့ရဖူးသည်။

ထိုလူသည် သူ့ဓားနည်းစနစ်ကို ကြောက်နေသောကြောင့် ဟန်မူယဲ့က တိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ဓားအလင်း ကျဆင်းလာသောအခါတွင် လူအိုကြီး၏မျက်နှာထားက မည်းမှောင်သွားသည်။ သူက ထိပ်တိုက်ရင်မဆိုင်ဘဲ နောက်ဆုတ်လိုက်သည်။

ထိုအချိန်တွင် သူ့ရှေ့သို့ ကျဆင်းလာသောဓားအလင်းသည် ရုတ်တရက်ပေါက်ကွဲသွားပြီး သစ်ရွက်ခြောက်တစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။

ရွှေမျိုးဆက်ဓားနည်းစနစ်သည် သစ်သားနွယ်အဖြစ် ပြောင်းသွားသည်။

ဓား၏ပြောင်းလဲမှုကြောင့် ‌ခေါင်းဆောင်တောက်ရင်က မျက်လုံးပြူးသွားသည်။

ဟန်မူယဲ့ဘေးတွင် ရပ်နေသော တာအိုဆရာတယန်ကလည်း ဓားကို စိုက်ကြည့်နေသည်။

လောကတွင် ဓားကျင့်ကြံသူ အများအပြား ရှိကြသည်။

ဓားနည်းစနစ်အများအပြားကို မသင်ယူနိုင်ခြင်းမဟုတ်ဘဲ လူတစ်ယောက်၏စွမ်းအားက အကန့်အသတ်ဖြင့် တည်ရှိနေခြင်းကြောင့် ဖြစ်သည်။ နည်းစနစ်အမျိုးမျိုးကို လေ့ကျင့်နေခြင်းထက် နည်းစနစ်အနည်းငယ်ကို အာရုံစိုက်ထားခြင်းက ပိုကောင်းသည်။

သို့သော်လည်း ဟန်မူယဲ့သည် မီးမျိုးဆက်ဓားနည်းစနစ်ဖြစ်သော မီးလောင်ပြင်၊ ရေမျိုးဆက်ဓားနည်းစနစ်ဖြစ်သော လှိုင်းလေစုစည်းခြင်းဓားသိုင်း၊ သစ်သားမျိုးဆက်နှင့် သတ္တုမျိုးဆက်ဓားနည်းစနစ်များကို ထုတ်သုံးလိုက်သောအခါတွင် အလွန်ကျွမ်းကျင်နေသည်။

လူတစ်ယောက်က ထိုနည်းစနစ်များအားလုံးကို ကျွမ်းကျင်ရန်အတွက် အလွန်ကောင်းမွန်သော နားလည်သဘောပေါက်နိုင်စွမ်း ရှိရမည်။

သစ်ရွက်ခြောက်သည် တစ်ဖျပ်ဖျပ်လွင့်နေပြီး သုံးခုအဖြစ် ကွဲထွက်သွားသည်။

သစ်ရွက်ခြောက်သုံးရွက်က ပေါက်ကွဲသွားပြီး ကောင်းကင်တစ်ခုလုံး၌ သစ်ရွက်ခြောက်များ ဖြစ်ပေါ်လာသည်။ ထိုသစ်ရွက်ခြောက်များသည် နောက်ဆုတ်သွားသော ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကို လွှမ်းခြုံလိုက်သည်။

လူအိုကြီးက နှာမှုတ်လိုက်ပြီး သစ်သားတုတ်ဖြင့် ညွှန်ပြလိုက်သည်။

ဝုန်း...

သစ်ရွက်ခြောက်များအားလုံးက မီးလောင်ပြီး ပြာကျသွားသည်။

ထိုဓားနည်းစနစ်က ကောင်းမွန်သော်လည်း ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကို ဘာမှမလုပ်နိုင်ပေ။

လူအိုကြီးက ပြာကျသွားသောသစ်ရွက်ခြောက်များကိုကြည့်၍ ပြုံးတော့မည့်အချိန်မှာ ပြာပုံထဲမှ မှိန်ဖျော့နေသောအလင်းနှင့် လတစ်စင်း ပေါ်ထွက်လာသည်။ ထိုလမင်းသည် လေထုကို စူးရှသောအသံဖြင့် ထိုးခွဲလာပြီး ခန့်မှန်း၍မ‌ရသောလမ်းကြောင်းအတိုင်း တိုးဝင်လာသည်။

မှိန်ဖျော့လမင်း…

လမင်းသည် တစ်စင်းတည်းထွက်ပေါ်လာခြင်းမဟုတ်ဘဲ သိန်းချီ၍ ထွက်ပေါ်လာသည်။

ထိုအရာက ဟန်မူယဲ့၏ဓားနည်းစနစ်မဟုတ်ဘဲ တိမ်တိုက်နဂါးဓားစုစည်းထားသော ဓားဆန္ဒများနှင့် ဓမ္မရတနာ၏စွမ်းအားတို့ ပေါင်းစပ်၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အနက်ရောင်ဝတ်စုံဖြင့်လူအိုကြီး၏မျက်နှာထားက အသည်းအသန်ပြောင်းလဲသွားသည်။ သူက လက်ထဲမှာရှိသောတုတ်ကို ဝှေ့ယမ်းလိုက်ပြီး လခြမ်းကွေးများကို တားဆီးနေသည်။

“ခေါင်းဆောင်၊ ဘာဖြစ်လို့မတိုက်ခိုက်တာလဲ”

ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ဘယ်ဘက်တွင် ရှိနေသော အစိမ်းရောင်ဝတ်စုံဖြင့် ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူဆီသို့ ပျံသန်းသွားသည်။

ခေါင်းဆောင်တောက်ရင်က သူ့နောက်သို့ လိုက်ပါလာသည်။ သူ့လက်ထဲတွင်ရှိသောဓားသည် မီးနဂါးတစ်ကောင်ကို ဆွဲထုတ်လိုက်ပြီး အစိမ်းရောင်ဝတ်စုံဖြင့် တာအိုတန်ခိုးရှင်ကို တိုက်ခိုက်လိုက်သည်။

ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်တို့က ပူးပေါင်း၍ ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူတစ်ယောက်ကို သတ်ဖြတ်ရန် မူလကတည်းက စီစဉ်ထားခဲ့ကြသည်။

သူတို့က တစ်ပြိုင်နက်တည်း တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။ အစိမ်းရောင်ဝတ်စုံဖြင့် တာအိုတန်ခိုးရှင်၏မျက်နှာက ဖြူဖျော့သွားသည်။ သူက ဟန်မူယဲ့တို့ကို မတိုက်ခိုက်ရဲဘဲ လေပြင်းတစ်ခုအသွင်ပြောင်း၍ လျင်မြန်စွာ နောက်ဆုတ်သွားသည်။

သူနောက်ဆုတ်သွားသောအချိန်၌ ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်က ရုတ်တရက် နောက်ပြန်လှည့်လိုက်ကြသည်။

သူတို့က မှိန်ဖျော့လမင်းများကို အစွမ်းကုန်ခုခံနေသော လူအိုကြီး၏နောက်သို့ ပို့လွှတ်လိုက်သည်။

“ဂိုဏ်းတူအစ်ကို သတိထား”

တစ်ဖက်တွင် ရပ်နေသော အစိမ်းရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းအရွယ်လူက အော်ဟစ်လိုက်သည်။

ကံမကောင်းစွာဖြင့်‌ နောက်ကျသွားပြီ ဖြစ်သည်။

ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်က တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်ကြသည်။

ဟန်မူယဲ့၏ ဓားအလင်းသည် လေပြေလေညင်းတစ်ခုအသွင် ဖြစ်သွားသည်။

ခေါင်းဆောင်တောက်ရင်၏ဓားထဲမှ မီးတောက်များ ထွက်ပေါ်လာသည်။

လေနှင့်မီးတို့ ရောစပ်သွားပြီး တစ်ခုတည်းအဖြစ် ပြောင်းလဲသွားသည်။

ဘန်း…

လေက မီးကို အားဖြည့်ပေးလိုက်သည်။

မီးတောက်စစ်ပွဲ…

ထိုအရာသည် ဓားဆန္ဒတစ်ခုမဟုတ်ဘဲ မီးနှင့် လေတို့၏ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်နှင့် မြေကြီး၏ တာအိုဖြစ်သည်။

ဓားမာန်ဟုန်…

ထိုဓားတာအိုစွမ်းအားမျိုးသည် မိုင်တစ်ထောင်ပတ်လည်တွင် ရှိသော သဘာဝစွမ်းအားများကို ချက်ချင်းစုပ်ယူလိုက်ပြီး ကြယ်လေပြင်းများအဖြစ် ပြောင်းလဲသွားသည်။

မှိန်ဖျော့လမင်းများကြောင့် အလုပ်ရှုပ်နေသော အနက်ရောင်ဝတ်စုံဖြင့်လူအိုကြီးက ပြန်လည်ခုခံခြင်းမပြုရသေးမီ လေပြင်း၏ဖိနှိပ်မှုကို ခံလိုက်ရပြီး မလှုပ်ရှားနိုင်တော့ပေ။

လေနှင့် မီးတို့က ရိုက်ခတ်သွားပြီး ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူမှာ ပြာကျသွားခဲ့သည်။

ထိုအရာက ယခုမှ စတင်ခြင်းဖြစ်သည်။

မီးလောင်ပြင်ဓားနည်းစနစ်၏ ကြောက်စရာအကောင်းဆုံးအချက်သည် ပတ်ဝန်းကျင်တွင်ရှိသော အရာအားလုံးကို ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းပစ်ခြင်း ဖြစ်သည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူသည် လောင်စာဖြစ်သွားပြီး ဓားနည်းစနစ်ကို အပြည့်အဝလှုံ့ဆော်အားဖြည့်သည်။

မီးတောက်များသည် ကြမ်းတမ်းစွာဟိန်းဟောက်နေသော နဂါးတစ်ကောင်အဖြစ် ပြောင်းသွားသည်။ နဂါးက ချွန်ထက်နေသောလက်သည်းများကို မြှောက်လိုက်ပြီး ကျန်ရှိနေသော ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ယောက်ကို တိုက်ခိုက်လိုက်သည်။

ကောင်းကင်မှာ တုန်ခါနေသည်။

မိုးကြိုးများက မီးနဂါးပေါ်သို့ ကျရောက်လာသည်။

ဓားချက်၏စွမ်းအားက ကမ္ဘာငယ်လေး တောင့်ခံနိုင်သောအတိုင်းအတာကို ကျော်လွန်နေသည့်အတွက် ကောင်းကင်နှင့် မြေကြီး၏ တွန်းကန်ခြင်းကို ခံစားနေရသည်။

သို့သော်လည်း ဟန်မူယဲ့နှင့် ခေါင်း‌ဆောင်တောက်ရင်တို့က ဂရုမစိုက်ပေ။

ထိုဓားချက်က ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ယောက်ကို သတ်ဖြတ်နိုင်လျှင် လုံလောက်သည်။

သူတို့ဆီသို့ ခုန်အုပ်လာသော မီးနဂါးကိုမြင်လိုက်ရသောအခါတွင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူနှစ်ယောက်မှာ မျှော်လင့်ချက်ကင်းမဲ့သွားသည်။

ထိုစွမ်းအားမျိုးကို ခုခံ၍ မရနိုင်ပေ။

ဟူး…

ထိုအချိန်တွင် ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ဆင်းသက်လာသည်။

ထိုအလင်းတန်းက မီးနဂါး၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး ဟန်မူယဲ့နှင့် ‌ခေါင်းဆောင်တောက်ရင်ကိုလည်း လွှမ်းခြုံသွားသည်။

“ဟင်း…  မင်းတို့က ခုန်းလင်တာအိုဂိုဏ်းရဲ့တပည့်တွေကို တိုက်ခိုက်ရဲတယ်ပေါ့။ သေချင်နေတာလား”

“တိမ်တိုက်ကောင်းကင်ကမ္ဘာရဲ့ဂုဏ်သိက္ခာကို မင်းတို့လိုသနားစရာကောင်းတဲ့လူတွေက ဆန့်ကျင်နိုင်မှာတဲ့လား”

ထိုအသံက မခုခံနိုင်သောဝိညာဉ်စွမ်းအားကို သယ်ဆောင်ထားပြီး ဟန်မူယဲ့နှင့် ခေါင်းဆောင်တောက်ရင်တို့ကို ဖိချလိုက်သည်။

တောက်ရင်၏မျက်နှာထားက ဖြူဖျော့သွားသည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာပြီး သူ့ကို ကာကွယ်ထားသည်။ သူက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သောအခါတွင် ဟန်မူယဲ့၏ခန္ဓာကိုယ်မှာ ထိန်းချုပ်မှုကင်းမဲ့နေကြောင်း မြင်လိုက်ရသည်။ သူ့မျက်လုံးများက အေးစက်သွားပြီး လက်မြှောက်၍ ဟန်မူယဲ့ကို ကာကွယ်လိုက်သည်။

သို့သော်လည်း ဟန်မူယဲ့ကို ကာကွယ်လိုက်သောအခါတွင် တောက်ရင်မှာ ကိုယ်ပိုင်ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။ သူတို့က ထိန်းချုပ်၍မရတော့ဘဲ အလင်းတန်းအတိုင်း ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။

ထိုအရာသည် လေဟာနယ်ဆွဲငင်အားဖြစ်သည်။

ကျင့်ကြံသူကြီးတစ်ယောက်က သူတို့ကို မူလမီးတောက်ကမ္ဘာထဲမှ ဆွဲထုတ်ပြီး သတ်ပစ်ချင်နေသည်။

All Chapters