← Chapters

အပိုင်း(၅၅၄)

Vol. 37 Ch. 554

အပိုင်း(၅၅၄)

Vol. 37 Ch. 554

ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၏ အပြင်ဘက်ရှိ အကြွင်းမဲ့စွမ်းအားရှင်တို့၏ တိုက်ပွဲကြား၌ အဆုံးသတ်ကနီးကပ်လာပြီဖြစ်သည်။

ဤစွမ်းအားရှင်နှစ်ဦးတို့မှာ  ကျားဖြူတစ်ကောင်၏ကျောထက်၌ရပ်နေသေ အနက်ရောင်နှင့်လူငယ်နောက်သို့ သဘောတူထားကြသည့်အလား

လိုက်ဖမ်းနေကြသည်။

ဤကြမ်းကြုတ်သောလူနှစ်ယောက်က တကယ့်ကိုအခြားသူနောက်သို့လိုက်

ဖမ်းခြင်းဖြစ်သည်ကို လူများသဘောပေါက်လိုက်ကြသည်။၎င်းတို့၏လမ်းကြောင်း၌ပိတ်နေသောကြောင့် လူများမှာ လူငယ်၏နောက်သို့၎င်းတို့လိုက်ဖမ်းစဉ်အသတ်ခံလိုက်ကြရခြင်းဖြစ်သည်။ ၎င်းတို့က သူတို့အားလမ်းတစ်လျှောက်သတ်ဖြတ်

သွားကြ၏။

“ဒီလူငယ်ကဘယ်သူများလဲ”

“ဒီမှာ အဲ့လူနှစ်ယောက်ကိုစောင့်ကြည့်နေကြတဲ့သူတွေမှအများကြီးပဲ.. ဘာ လို့အဲ့လူနှစ်ယောက်က တစ်ခြားသူတွေကိုလိုက်မဖမ်းပဲနဲ့ သူ့ကိုမှလိုက်ဖမ်းရတာလဲ..သူ့ရဲ့ပုံစံလေးနဲ့ အဲ့လိုစွဲဆောင်နိုင်ဖို့ဘယ်လောက်တောင်မုန်းတီးဖို့ကောင်းတဲ့အရာတွေကိုလုပ်ခဲ့လို့လဲ”

“မြန်မြန်.သူတို့ဖမ်းမိတော့မယ်”

လူငယ်၏နောက်သို့လိုက်ဖမ်းနေသော ခက်ထန်သည့်လူနှစ်ယောက်မှာ ထျန်းလျန်အင်ပါယာတော်ဝင်မြို့

တော်၏ကောင်းကင်ထက်၌ လူငယ်နှင့်နီးသည်ထက်နီးကပ်လာနေသည်။

ကျားဖြူထက်ရှိလူတိုင်း၏အာရုံစိုက်မှုအားခံထားရသော ရှစ်ဖုန့်မှာ  အရမ်းစိတ်ပူပန်နေပြီး သူ၏ခြေထောက်အားဆောင့်နင်းလိုက်၏။ ဤသို့သာဆက်သွားနေလျှင် ထိုလူနှစ်ယောက်ကသူ့အားဖမ်းမိပြီး

သတ်လိမ့်မည်ဖြစ်သည်။

သို့သော်ဤအချိန်တွင်သားသတ်ဓားအားလက်ထဲကိုင်ကာ လှောင်ပြောင်သောအပြုံးကိုမျက်နှာ

ထက်၌ဆင်မြန်း၍ လိုက်ဖမ်းနေသောလီရူမှာ ရုတ်တရက် အမူအယာပြောင်းလဲသွား၏။ ကြမ်းကြုတ်ခက်ထန်ပြီး  မုန်းတီးမှုအပြည့်ဖြင့်အမူအယာကသူမ

၏မျက်နှာထက်၌ပေါ်လာသည်။ သူမက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဟင့်အင်း ..ရှင့်ကိုဒီလိုလုပ်ခွင့်ကျွန်မဘယ်တော့မှမပေးနိုင်ဘူး. ကျွန်မချစ်တဲ့သူကိုထိခိုက်အောင်လုပ်တာ. လုံးဝမရဘူး..အား..”

နာကျင်သောအမူအယာတစ်ခုနှင့်အတူ ဒေါသတကြီးအော်သံတစ်ခုပေါ်လာပြီး လီရူမှာရုတ်တရက်လှည့်လိုက်ကာ သူမနောက်မှလိုက်လာသောလီလျိုရှင်း

အားမျက်နှာမူလိုက်သည်။ သူမ၏လက်အတွင်းရှိသားသတ်ဓားအားမြှောက်၍ လီလျိုရှင်းထံသို့ ပြင်းထန်စွာ ထပ်မံခုတ်ပို်ငးလိုက်သည်။

“ဟမ်”

လီရူကရုတ်တရက်လှည့်ပြီးသူ့အားခုတ်ပိုင်းလိုက်သောအခါတွင် ဧရာမအနက်ရောင်ဓားရိပ်ကြီးကလေထု

အလယ်၌ပေါ်လာကာ သူ့အားပြင်းထန်စွာအဆက်မပြတ်

တိုက်ခိုက်လာသည်။

လီလျိုရှင်း၏ထူးခြားမှုမရှိသောမျက်နှာကရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။သူ၏လက်

ရှိအနက်ရောင်မြူဓားအားရှေ့သို့ထိုးသွင်းလိုက်၏။

“ဝုန်း”

ပြင်းထန်သောအော်သံနှင့်အတူ လီလျိုရှင်း၏ဓား အောက်တွင် ကြီးမားသောအနက်ရောင်ဓားရိပ်ကြီးမှာပျောက်ကွယ်သွားသည်။

“နင်ကငါချစ်တဲ့သူကို နာကျင်စေချင်နေတယ်. နင်တို့အားလုံးက မကောင်းတဲ့လူတွေပဲ..”

ဤအချိန်တွင် လီရူမှာ ရူးသွပ်သွားပုံပေါ်၏။ သူမရှေ့ရှိလီလျိုရှင်းထံသို့အပြင်းသွားကာ သူမ၏သားသတ်ဓားဖြင့် လီလျိုရှင်းအားခုတ်ပိုင်းလိုက်သည်။ လေထဲ၌စွမ်းအားကြီးဓားရိပ်များက အတွဲလိုက်ပေါ်လာ၏။ ၎င်းတို့က သိပ်သည်းထူထပ်နေပြီးဟင်းလင်းပြင်အားဖြတ်သန်းကာ လီလျိုရှင်းထံသို့ဦးတည်သွားသည်။

ဤအချိန်တွင် လီရူမှာ တိုက်စစ်အားဖွင့်ထားပြီးဖြစ်ပြီး ခုခံခြင်းကို မပြုလုပ်ထားပေ။ လီလျိုရှင်းအား ထိခိုက်စေချင်သကဲ့သို့ သူမ၏ဓားအားခပ်ကျယ်ကျယ်လွှဲယမ်း

လိုက်သည်။ ဤအချိန်တွင် ဓားရိပ်များက ဟင်းလင်းပြင်အားဖြတ်သန်းပြီး ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်သို့ မုန်တိုင်းထန်သကဲ့သို့ကျရောက်သွားသည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..”

ဓားရိပ်များ၏သက်ရောက်မှုအောက်တွင်

အောက်တွင်ရှိနေသော  အဆောက်အဦးများမှာရုတ်တရက်လဲပြို

ကျကုန်သည်။ လူအုပ်အတွင်းသို့ကျရောက်လာသော

ဓားရိပ်များလည်းရှိပြီး နာကျင်စွာဟစ်အော်သောအသံလှိုင်းများအား လိုက်ပါထွက်ပေါ်လာစေ၏။

မသေမျိုးများတိုက်ခိုက်ချိန်တွင် သေမျိုးများ သာဒုက္ခခံစားရသည်ဖြစ်သည်။

ရုတ်တရက်ဒေါသအိုးပေါက်ကွဲသွား

သောလီရူအားရင်ဆိုင်ရင်း  လီလျိုရှင်း၏လက်ထဲရှိနတ်ဆိုးမြူဓားအားထပ်မံရှေ့သို့ထွင်းသွင်းလိုက်သည်။ နတ်ဆိုးမြူဓားဖြတ်သွားသောနေရာတိုင်းတွင် သိပ်သည်းထူထပ်နေသောဓားရိပ်များမှဦ ရုတ်ခြည်းဘာသဲလွန်စမှမကျန်အောင်ပျောက်ကွယ်သွားသည်။ အဆုံးသတ်တွင် နတ်ဆိုးမြူဓားကလီရူ၏ရင်ဘက်ထံထိုး

သွင်းလာကာ ရင်ဘက်အတွင်းစိုက်ဝင်သွား၏။

“အား”

နတ်ဆိုးမြူဓားသူမ၏ကိုယ်အတွင်းသို့ဝင်ရောက်လာသောအခါတွင် စိတ်မချမ်းမြေ့ဖွယ် စူးရှရှ အက်ကွဲကွဲ နှင့်လွန်စွာနားမချမ်းသာစေသော ဝက်တစ်ကောင်သတ်ခံရသကဲ့သို့အော်ဟစ်သံက လီရူ၏ပါးစပ်မှထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်ဖြတ်သန်းပဲ့

တင်ထပ်သွားသည်။

“အား..အား.ခွေးမ. ခွေးမ..နင်အရမ်းကိုမနာမခံလုပ်ပြီးငါ့ကိုခုခံရဲသေးတယ်. နင်တကယ်ပဲငါ့ကိုထိခိုက်စေတယ်. အား..အား.ငါ့ကို .. သေချာပေါက်ထပ်ပြီးသေတာ

ထက်ဆိုးတဲ့ဝေဒနာခံစားရအောင်ငါလုပ်ပြမယ်. သေလောက်တဲ့အထိညှင်းပန်းနှိပ်စက်မှုမျိုးကိုငါမလုပ်တာကြာလို့နင်က မေ့နေပြီပေါ့. ခွေးမ…အား”

စူးရှရှ နှင့်နားကလောစေသော နာကျင်မှုအပြည့်ဖြင့်အော်သံက ရူးတစ်ယောက်ကဲ့သို့သူမ၏ပါးစပ်မှ

ထွက်ပေါ်လာသည်။ ထို့နောက် ရုတ်တရက်နောက်သို့လွင့်ပျံသွားပြီး သူမ၏နှစ်လိုဖွယ်ခန္ဓာကိုယ်ကု လီလျိုရှင်း၏ဓားမှလွတ်မြောက်သွားသည်။

လီရူ၏ရင်ဘက်ရှိအပေါက်မှတောက်ပနီရဲသောသွေးများက အဆက်မပြတ် ပန်းထွက်ကာ အောက်ဘက်ရှိ ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ပေါ်သို့ကျဆင်းနေသည်။

“မင်း..ငါ့စွမ်းအား.နောက်တစ်ခါငါမင်း

ကိုတွေ့ရင် . ငါသေချာပေါက်ပြန်ပြီးယူမယ်”

လီရူ၏မျက်နှာကခက်ထန်နေပြီး မုန်းတီးမှုအာဃာတများဖြင့် ထူးမခြားနားသောပုံစံဖြ့် လီလျိုရှင်းအားစိုက်ကြည့်နေသည်။ ဤအချိန်တွင် လီလျိုရှင်း၏ဓားထိုးသွင်းခံခဲ့ရသော သွေးရောင်အပေါက်၌ ရုတ်ခြည်းသိပ်သည်းသောနတ်ဆိုးမြူများ စီးဆင်းလာပြီး လီရူ၏ကိုယ်အားကြိုးများကဲ့သို့ပူးကပ်ရစ်ပတ်ကာ အနက်ရောင်နတ်ဆိုးမြူတို့ကလီရူ၏

ကိုယ်နှင့်ပေါင်းစည်းရန်ကြိုးစားနေသည်။

“ချိုးဖျက်စမ်း”

လီရူ၏စူးရှရှနားကလောသောအသံကထပ်မံထွက်ပေါ်လာပြီး  သူမ၏ကိုယ်၌ ပူးကပ်နေသော နတ်ဆိုးမြူများမှာရုတ်ခြည်းပျောက်ကွယ်သွားသည်။ သို့သော် စီးဆင်းနေသောအနက်ရောင်နတ်ဆိုးမြူ

များပျောက်ကွယ်သွားသော်လည်း အနက်ရောင်နတ်ဆိုးမြူအသစ်တို့က သူမခန္ဓာကိုယ်ရှိအပေါ်မှထပ်မံစီး

ထွက်လာကာ သူမ၏ခန္ဓာကိုယ်၌ထပ်မံပူးကပ်

ရစ်ပတ်လာပြန်သည်။

လီလျိုရှင်း၏ ဓားမှာသူ၏ခန္ဓာကိုယ်အားရိုးရှင်းစွာထိုးဖောက်သွားခြင်းဖြစ်ပုံမပေါ်ပေ။

ဤအချိန်တွင် လီရူမှာ သူမရင်ဘက်ရှိအပေါက်နှင့် စီးထွက်လာနေသောနတ်ဆိုးမြူများအားထပ်မံဂရုစိုက်မနေတော့ချေ။  သူမ၏ကိုယ်ကရုတ်တရက်လှုပ်ရှားသွားပြီး အပေါ်သို့တစ်ဟုန်ထိုးထိုးတက်သွားသည်။ လီရူ၏အပြုအမူအရ သူမအနေဖြင့် ဒဏ်ရာရပြီးနောက် လေထုအားထိုးခွင်းကာ ထွက်ပြေးရန်ပြင်ဆင်နေသည့်ပုံပေါ်သည်။

လီရူနှင့်လီလျိုရှင်းတို့မှာအစောပိုင်းက ကြီးမားသောတိုက်ပွဲတစ်ခုအားဆင်နွှဲခဲ့ပြီး သူတို့၏စွမ်းအားများက မျှခြေညီနေသည်ဖြစ်သည်။ ဤအချိန်တွင် လီရူမှာလီလျိုရှင်း၏ဓားကြောင့်ဒဏ်ရာရခဲ့သည်သာမက အကယ်၍သူမသာဆက်ပြီးတိုက်ခိုက်လျှင်

သေချာပေါက်သူမရှုံးနိမ့်လိမ့်မည်ဖြစ်သည်။

အကယ်၍ သူမသာရှုံးနိမ့်သွားလျှင် လီရူ၏ကိုယ်အားစီးနင်းထားသော နတ်ဆိုးမှာဖြစ်လာမည့်အကျိုးဆက်တို့က စိတ်ကူးကြည့်၍မရသည်ကို နားလည်သည်ဖြစ်သည်။

လီရူမှာအပေါ်သို့ထိုးတက်၍ ထွက်ပြေးရန်လေကိုထိုးခွင်းလိုက်သည်။ ဤအချိန်တွင်လီလျိုရှင်း၏ကိုယ်က

လည်းလှုပ်ရှားသွားပြီး  လီရူ၏နောက်သို့လိုက်ဖမ်းလိုက်၏။ လီလျိုရှင်း၏လက်အတွင်းမှနတ်ဆိုးမြူဓားကပျံသန်းထွက်သွားပြီး လီရူထံသို့တစ်ဟုန်ထိုးပျံသန်းသွားသည်။

“အား.ငါနောက်ကိုခြေတစ်လှမ်းဆုတ်

ပေးပြီးသွားပြီ.. လွန်ကဲမလာနဲ့”

သူမထွက်ပြေးနေသော်လည်း လီလျိုရှင်းက သူ့နောက်သို့လိုက်ဖမ်းနေဆဲဖြစ်သည်ကိုတွေ့ရသောအခါ၌လီရူမှာထပ်မံရူးသွပ်စွာဖြင့်အလျှင်အမြန်အော်ဟစ်လိုက်ပြီးသူမလက်အ

တွင်းရှိသားသတ်ဓားဖြင့်  ပြင်းထန်စွာထပ်မံခုတ်ပိုင်းလိုက်သည်။ ၎င်းကသူမထံသို့ဦးတည်လာနေသော နတ်ဆိုးမြူဓားထံသို့ခုတ်ပိုင်းလိုက်၏။

“ဘန်း”

သားသတ်ဓားနှင့်နတ်ဆိုးမြူဓားတို့က ပြင်းထန်စွာပစ်ဆောင့်သွားပြီး နောက်တစ်ကြိမ် မြေတုန်ဟီးစေသောပေါက်ကွဲမှုတစ်ခုဖြစ်

ပေါ်လာသည်။ သို့သော်ဤရုတ်တရက်ခုတ်ပိုင်းချက်

အောက်တွင် နတ်ဆိုးမြူဓားမှာလီရူကြောင့်

ကျိုးပျက်သွားသည်။

ထို့နောက် တိုက်ခိုက်မှုအားတားဆီးရန်အတွက်စွမ်းအားအကုန်အသုံးပြုခဲ့သောလီရူမှာ လတ်ဆတ်သောသွေးတစ်ပွက်ထပ်မံအန်လိုက်၏။ ဤအချိန်တွင်အခြေအနေကပိုဆိုးလာသည်အားသဘောပေါက်လိုက်သောလီရူမှာ  ထပ်ပြီးကြာကြာနေရဲခြင်းမရှိတော့ချေ။ သူမ၏ကိုယ်အားရုတ်တရက်ထပ်မ

ံလှုပ်ရှားလိုက်ပြီး လေကိုဆက်လက်ထိုးခွင်း၍ ထပ်မံထွက်ပြေးလိုက်သည်။

“မင်း. ဒီအမုန်းတရား ..ငါမှတ်ထားမယ်..”

ထွက်ပြေးနေရင်း လီရူမှာထက်ထန်စွာကြုံဝါးလိုက်၏။ အက်ကွဲကွဲနှင့်  သံမဏိပွတ်တိုက်သောအသံကဲ့သို့

နားစူးစေသောအသံက ဤကမ္ဘာ၌ထပ်ံမံပဲ့တင်ထွက်လာသည်။

သို့သော် လီလျိုရှင်း၏ကိုယ်ကလည်းထပ်မံတစ်ဟုန်ထိုးလှုပ်ရှားသွားပြီး  ထွက်ပြေးနေသောလီရူနောက်သို့

လိုက်ဖမ်းလိုက်သည်။

တစ်ခုကထွက်ပြေးပြီးတစ်ခုက

လိုက်ဖမ်းနေသော ပုံရိပ်နှစ်ခုမှာထပ်မံထိပ်တိုက်တွေ့ကြပြန်သည်။ ထို့နောက် လျှင်မြန်စွာဖြင့် ထပ်မံမြည်ဟိန်းသံတစ်ခုထွက်ပေါ်လာပြီး စွမ်းအားကြီးစွမ်းအင်တို့ကဟင်းလင်းပြင်၌ထပ်မံဖရိုဖရဲထွက်ပေါ်လာပြန်၏။

ထို့နော်ကထွက်ပြေးလိုက်လိုက်ဖမ်း

လိုက်နှင့်နောက်ထပ်စွမ်းအားကြီးစွမ်းအင်တို့ပစ်ဆောင့်ကြပြန်သည်။ ပုံရိပ်နှစ်ခုမှာတိုက်ရင်းခိုက်ရင်းဆုတ်ခွာသွားပြီး  မိုးကုတ်စက်ဝိုင်းအတွင်းဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။

အောက်ဘက်ရှိထျန်းလျန်အင်ပါယာတော်ဝင်မြို့အတွင်းရှိ မြင့်မားသောအဆောက်အဦးတစ်လုံးအတွင်း၌ လူငယ်တစ်ယောက်၏အေးစက်သောသက်ပြင်းချသံကိုကြားရသည်။

“ဟူး.ညီလေးရှစ်.. ဒီကြမ်းကြုတ်တဲ့လူနှစ်ယောက်ကိုမင်းဘယ်လိုများစော်ကားမိလာတာလဲ”

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters