← Chapters

အပိုင်း(၅၅၅)

Vol. 37 Ch. 555

အပိုင်း(၅၅၅)

Vol. 37 Ch. 555

ကြမ်းတမ်းသော လူနှစ်ဦးကြောင့်ဖြစ်ပေါ်လာသောထျန်းလျန်အင်ပါယာ တောင်ဝင်မြို့တော်အပြင်ဘက်ရှိပေါက်ကွဲသံများအားကြားနေရဆဲ ဖြစ်သည်။

ထျန်းလျန်အင်ပါတော်ဝင်မြို့တော်အတွင်းရှိ မြင့်မားသောအဆောက်အဦးတစ်ခုအတွင်းမှလူငယ်တစ်ဦး၏ သက်ပြင်းချသံအားကြားရ၏။

“ဟူး..ညီလေးရှစ်..  ဒီလိုကြမ်းတမ်းတဲ့လူနှစ်ယောက်ကိုဘယ်လိုဖြစ်ပြီးများမင်းစော်ကားခဲ့ရတာလဲ”

စကားပြောနေသော သူမှာ ရတနာတစ်ထောင်ကုန်သည်အဆောက်အဦးအတွင်းရှိ ရှစ်ဖုန့်နှင့်ပင်လယ်ပြင်ထဲ၌ ဆုံတွေ့ခဲ့သော လူငယ်ရှစ်ကျင်းရွှိုက်ပင်ဖြစ်သည်။

ထိုကြမ်းတမ်းသောလူနှစ်ဦးက ရှစ်ဖုန့်နောက်သို့လိုက်ဖမ်းနေ၏။ နောက်ပိုင်းတွင်  ကြိုမမြင်နိုင်သောဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပြီး သူတို့စတင်တိုက်ခိုက်ကြသည်။ ထိုအခိုက်အတန့်တွင် ရှစ်ဖုန့်ကအောက်ဘက်ရှိထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်မှ အဆောက်အဦးတစ်လုံးအားမြင်တွေ့လိုက်၏။  အဆောက်အဦးရှိရွှေရောင် မော်ကွန်းပြားပေါ်တွင် “ရတနာတစ်ထောင်ကုန်သည်အဆောက်အဦး”ဟု  ဝင့်ကြွားစွာရေးထိုးထားသည်။

ရတနာတစ်ထောင်ကုန်သည်အဆောက်အဦးမှာ ရှစ်ကျင်းရွှိုက်ရှိနေသောနေရာဖြစ်သည်။ ဤစကားလုံးများအားမြင်ရသောအခါတွင် ရှစ်ဖုန့်က ရတနာတစ်ထောင် ကုန်သည်အဆောက်အဦးအတွင်းထွက်ပြေးဝင်ရောက်လိုက်သည်။သို့သော် ရှစ်ကျင်းရွှိုကလည်းရတနာတစ်ထောင်ကုန်သည်အဆောက်အဦးအတွင်းရှိနေသည်ဖြစ်၍အဆင်ပြေသည်ဖြစ်၏။

သပ်ရပ်ကြော့ရှင်းသောအခန်းတစ်ခုအတွင်းဂ၌ ရှစ်ဖုန့်ကစားပွဲတစ်ခုတွင်ထိုင်နေပြီး မွှေးကြိုင်သောလက်ဖက်ရည်တစ်ခွပ်အားဇိမ်ခံသောက်နေသည်။ ဤအချိန်တွင် သူ့အသက်အတွက်ထွက်ပြေးစဉ်တုံးကကဲ့သို့ သနားစဖွယ်ပုံစံဖြစ်မနေတော့ချေ။ ရှစ်ကျင်းရွှိုက်၏မေးခွန်းများအပေါ်သူက ပြန်ဖြေ၏။

“ဒီနှစ်ယောက်က  မူမမှန်တဲ့သူတွေ. သူတို့နဲ့ဒီသခင်လေးရဲ့ဆက်ဆံရေးက နည်းနည်းရှုပ်ထွေးတယ်..ဒီတော့အခုချိန်မှာရှင်းရှင်းလင်းလင်းမရှင်းပြနိုင်ဘူး”

ထို့နောက်စကားပြောပြီးသောအခါ ရှစ်ဖုန့်က သူ့လက်ထဲရှိလက်ဖက်ရည်ခွပ်အားတစ်ကျိုက်ငုံလိုက်ပြီး  ရှစ်ကျင်းရွှိုက်ကိုပြောလိုက်သည်။

“ဒီလက်ဖက်ရည်ကမဆိုးဘူး. ဒီသခင်လေးအတွက်နောက်တစ်ခွပ်လုပ်ပေးပါ”

ရှစ်ဖုန့်၏စကားအားကြားရသောအခါတွင် မဟော်ဂနီရောင်ပြတင်းတံခါးနား၌ရပ်နေသော ရှစ်ကျင်းရွှိုက်မှာကောင်းကင်သို့ကြည့်နေရာမှ သူ၏ခေါင်းအားလှည့်လိုက်သည်။ ရှစ်ဖုန့်၏ ဇိမ်ခံနေသောအမူအယာအားတေါ့ရသောအခါတွင် ခေါင်းခါယမ်းလိုက်ပြီးခါးသက်စွာပြုံးလိုက်သည်။အစောပိုင်းက သူ၏အသက်အတွက်ကောင်းကင်ထဲ၌ထွက်ပြေးနေသောဤငတိမှာ တကယ်ကြီးသူ၏နေရာ၌လက်ဖက်ရည်ကို ပျော်မွေ့စွာအရသာခံသောက်သုံးနေ၏။

ထို့နောက်ရှစ်ကျင်းရွှိုက်အခန်းအပြင်သို့မကျယ်သောအသံဖြင့်အော်ပြောလိုက်သည်။

“တစ်ယောက်ယောက် သခင်လေးဖုန့်အတွက် လစိတ်ဝိညာဉ်လက်ဖက်ရည်နောက်တစ်ခွပ်လုပ်ပေးလိုက်ပါ”

“ဟုတ်ကဲ့”

ညင်သာသောအမျိုးသမီးတစ်ဦး၏အသံကအခန်းအပြင်ဘက်မှထွက်ပေါ်လာသည်။

“မူမမှန်တဲ့နှစ်ယောက်က ထွက်သွားကြပြီလား”

ပုံရိပ်နှစ်ခုက မြောက်ဘက်သို့ထွက်သွားပြီး၎င်းတို့အားထပ်မံအာရုံခံမရတော့သောအခါတွင် ရှစ်ဖုန့်ကရှစ်ကျင်းရွှိုက်အားမေးလိုက်သည်။

ရှစ်ကျင်းရွှက်က သူ၏ခေါင်းအားပြန်လှည့်လိုက်ပြီးမဟော်ဂနီရောင်ပြတင်းပေါက်မှ ကောင်းကင်ထဲသို့ကြည့်လိုက်သည်။ သူကပြောလိုက်၏။

“အဲ့အမျိုးသမီးကအဲ့လူရဲ့ဓားနဲ့အထိုးခံရပြီးတော့စပြီးထွက်ပြေးသွားတယ်. အဲ့လူကအဲ့အမျိူးသမီးနောက်လိုက်ဖမ်းတယ်.. တစ်ယောက်ကထွက်ပြေးပြီးတစ်ယောက်ကလိုက်ဖမ်းတယ်.ထွက်ပြေးလိုက်တိုက်လိုက်ပဲ.အခုတော့သူတို့ထွက်သွားပြီ”

ဤအသုံးမတည့်သောလူနှစ်ယောက်ကရုတ်တရက်ကြီးအရမ်းစွမ်းအားကြီးလာလိမ့်မည်ဟု ရှစ်ဖုန့်မမျှော်လင့်ထားခဲ့ပေ။ဤ “နတ်ဆိုး”။ ဤရှေးခေတ်မူမမှန်သောတည်ရှိမှုက ရှေးခေတ်အချိန်ကာလကတည်းက မသေမျိုးအဆင့်ဖြစ်သည်။

ရှစ်ဖုန့်၌ နတ်ဆိုးလက်ချောင်းနှင့်နတ်ဆိုးမျက်လုံးတို့ရှိနေသည်ဖြစ်သည်။ ဤမူမမှန်သောလူနှစ်ယောက်ကယခုထွက်သွားကြသော်လည်း မကြာခင်သို့မဟုတ်နောက်ပိုင်းတွင် သူ့အားလာရှာလိမ့်မည်ဖြစ်သည်။

စွမ်းအား။လက်ရှိသူမှာ အရမ်းကိုအားနည်းနေသေးသည်ဖြစ်သည်။

မရည်ရွယ်ပါဘဲရှစ်ဖုန့်သူ၏ခေါင်းအားခါယမ်း၍  သက်ပြင်းတိတ်တဆိတ်ချလိုက်သည်။

အကြာခင် အခန်းတံခါးပွင့်သွားပြီး  မွှေးကြိုင်သောရနံ့တစ်ခုက အခန်းအတွင်းလွှမ်းခြုံလာသည်။  လှပသော အကူမိန်းကလေးက လက်ဖက်ရည်ခွပ်တစ်ခုနှင့်အတူဝင်ရောက်လာပြီး၎င်းအားရှစ်ဖုန့်ရှေ့စားပွဲပေါ်၌ တင်လိုက်သည်။ထို့နောက် ရှစ်ဖုန့်အားအနည်းငယ်ဦးညွှတ်ပြီးကျတ်သရေရှိစွာထွက်ခွာသွားသည်။ အပြင်ဘက်သို့ရောက်သောအခါတွင် တံခါအားဖြည်းညှင်းစွာထပ်မံပိတ်လိုက်၏။

“ဝှစ်ရှ်”ဆိုသောအသံနှင့်အတူ ရှစ်ကျင်းရွှိုက်၏လက်ထဲမှ ရွှေရောင်စက္ကူယပ်တောင်ပွင့်လာ၏။ သူကရွှေရောင်စက္ကူအားဝေ့ယမ်းရင်းရှစ်ဖုန့်၏ဆန့်ကျင်ဘက်တွင်ထိုင်လိုက်သည်။ သူကပြုံးပြီးရှစ်ဖုန့်အားပြောလိုက်၏။

“ညီလေးရှစ်. ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ကို မင်းဒီတစ်ကြိမ်လာခဲ့တယ်.. မင်းလဲ မင်းသမီးလင်လုံရဲ့လှပတဲ့မျက်နှာလေးကိုတွေ့ဖို့လာတာလား”

“ဒီသခင်လေးကသိုင်းပြိုင်ပွဲမှာဝင်ပါမလို့ပြင်ထားတာ”

ရှစ်ဖုန့်ကပြန်ဖြေလိုက်သည်။

“အိုး.”

ရှစ်ဖုန့်၏စကားအားကြားသောအခါတွင် ရှစ်ကျင်းရွှိုက်ညင်သာစွာ  “အိုး”ဟု အသံထွက်လိုက်၏။ သူ့မျက်နှာထက်ရှိအပြုံးကယခင်ထက်ပို၍ ပြန့်ကားလာသည်။ သူကပြောလိုက်သည်။

“ဒီတော့ ညီလေးရှစ်က မင်းသမီးလင်လုံရဲ့နှလုံးသားကိုအနိုင်လိုချင်တယ်ပေါ့..ဟားဟား”

ထို့နောက်ရှစ်ကျင်းရွှိုက်က ခေါင်းစဉ်ပြောင်းလိုက်ပြီး အပြုံးတစ်ခုနှင့်ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ညီလေးရှစ်. မင်းတော့စိတ်ပျက်ရလိမ့်မယ်. အကယ်၍ မင်းသာမင်းသမီးလင်လုံရဲနှလုံးသားကိုအနိုင်လိုချင်ရင်  ထျန်းလျန်အင်ပါယာဧကရာဇ် လန်ယွမ်ရဲ့သားမက်ဖြစ်လာဖို့လိုပြီး  ထျန်းလျန်ဧကရာဇ်ရဲ့သားမက်ဖြစ်ဖို့ကလည်း လွယ်မှာတော့မဟုတ်ဘူး”

“ဘာတွေပဲဖြစ်နေပါစေ ဒီသခင်လေး ဒီသတို့သားရွေးချယ်သိုင်းပြိုင်ပွဲကို ဝင်ပါမှရမယ်.. အဲ့တာထက် ဒီပြိုင်ပွဲကိုအနိုင်ရမှရမှာ. ဒီသခင်လေးရဲ့ပြိုင်ဘက်က ဘယ်သူပဲဖြစ်နေပါစေ”

ရှစ်ဖုန့်က ဆုံးဖြတ်ထားပြီးဖြစ်သောလေးနက်မှုတို့ဖြင့်ပြောလိုက်သည်။

ရှစ်ဖုန်အနေဖြင့်ကျိမို့အားပေးထားသောကတိကိုဘယ်တော့မှမမေ့ပေ။

ရှစ်ဖုန့်၏စိတ်ပိုင်းဖြတ်ထားမှုနှင့်လေးနက်သောအမူအယာအားကြည့်ရင်း ရှစ်ကျင်းရွှိုက်ရုတ်တရက်အနည်းငယ်ကြက်သေသေသွားရသည်။ ယင်းမှာ ဤလူငယ်အနေဖြင့် သူပြောသည့်အတိုင်းတကယ်လုပ်နိုင်မည့်ပုံစံဖြစ်၏။

ထို့နောက်ရှစ်ကျင်းရွှိုက်အသိပြန်ဝင်လာပြီး သူ၏ခေါင်းအားခါယမ်းလိုက်သည်။ သူကပြုံးလိုက်ပြီးရှစ်ဖုန့်အားထပ်မံပြောလိုက်သည်။

“တစ်ခြားအကြောင်းတွေကိုမပြောဘဲနေကြစို့ ..ဗိုလ်ချုပ်ကျိရှောင်းက မင်းသမီးလင်လုံးအတွက်တံခါးပိတ်ကျင့်ကြံမှုလုပ်နေတဲ့သတင်းတွေငါရခဲ့တယ်. မနေ့ကတုံးက သူက တံခါးပိတ်ကျင့်ကြံရာကနေထွက်လာပြီး  ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်ဖြစ်လာတယ်တဲ့. မင်းသာဒီပြိုင်ပွဲမှာအနိုင်ရချင်ရင် ဗိုလ်ချုပ်ကျိရှောင်းကမင်းရဲ့နံပါတ်တစ်ပြိုင်ဘက်ဖြစ်လာလိမ့်မယ်”

“သူကစွမ်းအားအကြီးဆုံးမဟာသူတော်စင်နယ်ပယ် ကျွမ်းကျင်သူပဲ”

“သူအဆင့်ချိုးဖျက်သွားတယ်ပေါ့”

ရှစ်ကျင်းရွှိုက်ပါးစပ်မှသတင်းစကားအားကြားသောအခါတွင် ရှစ်ဖုန့်မျက်မှောင်ကြုတ်လိုက်သည်။ သူက ပိုမိုသန်မာလာသကဲ့သို့ သူ၏ရန်သူကလည်း ပိုမိုသန်မာလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထို့နောက်ရှစ်ဖုန့်၏ အမူအယာက အေးစက်မှုအဖြစ်ပြောင်းသွားသည်။ သူကရှစ်ကျင်းရွှိုက်အားအေးစက်စွာပြောလိုက်၏။

“သူဘယ်အဆင့်ကိုပဲချိုးဖျက်သွားပါစေ ..ဒီသခင်လေးသူ့ကိုပြိုင်ပွဲကွင်းမှာသတ်ပစ်မယ်”

ရှစ်ဖုန့်၏ရုတ်တရက်ပြောင်းလဲမှုအားမြင်ရပြီး အေးစက်သောစကားများအားကြားရသောအခါတွင်  ရှစ်ကျင်းရွှိုက်စိတ်လေးမှုတစ်ခုကိုခံစားလိုက်ရသည်။ သူကမျက်မှောင်ကြုတ်ပြီးပြောလိုက်၏။

“ညီလေးရှစ်က ဒီလူနဲ့ရန်သူတွေများဖြစ်လာတာများလား”

ရှစ်ကျင်းရွှိုက်၏စကားအားကြားရသောအခါတွင် ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဟုတ်တယ်..ဒီသခင်လေးတို့က ရန်သူတွေ”

ထို့နောက်ရှစ်ဖုန့်ကရှစ်ကျင်းရွှိုက်အား ကြည့်၍ပြောလိုက်သည်။

“ပြိုင်ပွဲစဖို့ငါးရက်လိုသေးတယ်.ဒီအချိန်အတောအတွင်း ဒီသခင်လေးဒီနေရာမှာ တံခါးပိတ်ကျင့်ကြံမယ်”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက်ရှစ်ကျင်းရွှိုက်က ချက်ချင်းသဘောတူလိုက်သည်။

“မင်းနဲငါးကြားမှာ ဒါကပြဿနာတစ်ခုမဟုတ်ပါဘူး.”

အရှေ့ပင်လယ်၌ ရှစ်ဖုန့်ကြောင့်သာမဟုတ်ခဲ့လျှင် တစ္ဆေသင်္ဘောပေါ်၌ သူသေလိမ့်မည်ဖြစ်သည်ကိုရှစ်ကျင်းရွှိုက်အမှတ်ရဆဲဖြစ်သည်။

ထို့နောက်ရှစ်ကျင်းရွှိုက်ကပြောလိုက်သည်။

“ညီလေးရှစ် က ငါ့အသက်ကို တစ္ဆေသင်္ဘောပေါ်မှာ ကယ်တင်ခဲ့တယ်. ဒီအချိန်အတောအတွင်းမင်းအတွက်လိုအပ်တဲ့ ကမ္ဘာဦးကျောက်တုံးတွေကို ငါထောက်ပံ့ပေးနိုင်တယ်”

“ဒီသခင်လေး ကမ္ဘာဦးကျောက်တုံးတွေမလိုဘူး”

ရှစ်ကျင်းရွှိုက်၏စကားအားကြားသောအခါတွင် ရှစ်ဖုန့်က အနည်းငယ်ခေါင်းယမ်းလိုက်သည်။ ရှစ်ဖုန့်၌ ကမ္ဘာဦးကျောက်တုံးသုံးဘီလီယံရှိသေးသည်ဖြစ်ပြီး ယင်းကသူ့အတွက်လုံလောက်သည်ဖြစ်သည်။

ခဏမျှရပ်ပြီးနောက်ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒီသခင်လေးမှာ ကမ္ဘာဦးကျောက်တုံးသုံးဘီလီယံရှိတယ်. အကယ်၍များ ကျင့်ကြံခြင်းကိုတိုးမြှင့်ပေးနိုင်တဲ့အဆင့်မြင့်ဆေးဝါးတွေရှိမရှိ ဒီပတ်ဝန်းကျင်မှာ ရှာပေးပါ. သူတို့ကကောင်းကင်နဲ့မြေကြီးရဲ့ရတနာတွေဖြစ်ဖို့လိုတယ်.ဒီသခင်လေးအတွက် ဝိညာဉ်စွမ်းအားနဲ့ကာယခန္ဓာကိုတိုးမြှင့်ပေးနိုင်တဲ့ ဆေးဝါးတွေလည်းလိုတယ်. သူတို့ကလည်းကောင်းကင်နဲ့မြေကြီးရဲ့ရတနာအဆင့်ဖြစ်ဖို့လိုတယ်”

တစ္ဆေသင်္ဘောပေါ်တွင်ရှစ်ဖုန့်က  ဝိညာဉ်စွမ်းအားကိုကျင့်ကြံကြောင်းကိုရှစ်ကျင်းရွှိုက်သိပြီးဖြစ်သည်။ ယခု ရှစ်ဖုန့်ကာယခန္ဓာအားတိုးမြှင့်ပေးနိုင်သောတစ်ခုခုဟုပြောခဲ့ပြီး ယင်းမှာ ၎င်းအနေဖြင့် ဝိညာဉ်၊ ကာယခန္ဓာနှင့်သိုင်းညာ တို့ကိုတစ်ချိန်တည်း၌ကျင့်ကြံနေသည်ဖြစ်နိုင်သည်လော။

ထျန်းဟန်တိုက်ကြီးအတွင်းတွင် သုံခုလုံးအားတစ်ချိန်တည်းကျင့်ကြံခဲ့ပြီး ကြီးအားသောအောင်မြင်မှုအားရရှိခဲ့သောသူမှာ လွန်ခဲ့သောဆယ်နှစ်ကျော်ခန့်က သေဆုံးသွားခဲ့သော  ငရဲဘုံးကိုးခု ဧကရာဇ် ကျိုးယိုတစ်ယောက်တည်းသာရှိသည်ဖြစ်သည်။

ယခုသူကလည်းအားလုံးအား တစ်ချိန်တည်းကျင့်ကြံနေ၏။ ဝါးနိုင်သည်ထက်ပိုကိုက်ခြင်းဖြစ်နေမည်ကိုသူမကြောက်ဝံ့သလော။

“ရတနာတစ်ထောင်စံအိမ်မှာဒီပစ္စည်းအချို့ကိုငါမှာပေးထားလိုက်မယ်.. နောက်ပိုင်းမှတစ်ယောက်ယောက်ကို အဲ့တာတွေကို စာရင်းလုပ်ဖို့ငါအမိန့်ပေးလိုက်မယ်”

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters