အကြမ်းစား Black Phantom - ၁
Vol. 10 Ch. 137
အခန်း (၁၃၇) အကြမ်းစား Black Phantom - ၁
ဟန်ရှောင်း၏ တက်ဘလက်သည် ပင့်ကူနံပါတ်(၁)ထံမှ အချိန်နှင့်တစ်ပြေးညီ သတိပေးချက်များ ရရှိနေသည်။ သူသည် ထရပ်ကား၏ ယာဉ်မောင်းထိုင်ခုံမှ ချက်ချင်းဆင်းကာ အွန်လိုင်းတွင် နှစ်ရက်လုံး စောင့်နေသည့် ဓါးရူးကို အချက်ပြခဲ့သည်။ ဟန်ရှောင်းသည် ဤခေတ်၏ VR-Capsule သည် ခန္ဓာကိုယ်ခွဲခြမ်းစိတ်ဖြာမှုနှင့် အာဟာရမျှတမှုဆိုင်ရာ လုပ်ဆောင်ချက်များကို ပြီးပြည့်စုံအောင် မလုပ်ဆောင်ရသေးကြောင်း သတိရမိသည်။
သူက ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဆိုတာ အံ့သြစရာမရှိပါဘူး။ သူ့မှာ ကျောက်ကပ်ကောင်းကောင်း ရှိတာပဲ။
“သွားရအောင်” ဟန်ရှောင်းက ပြောသည်။
“ကောင်းပြီ…” ဓါးရူးက စိတ်ရှုပ်ထွေးနေပေမယ့် ဟန်ရှောင်းရဲ့နောက်လိုက်ခြင်းက ဘယ်တော့မှ ဆိုးရွားတဲ့ရွေးချယ်မှုဖြစ်မှာ မဟုတ်ပါဘူး။
အနက်ရောင် ထရပ်ကားတွင် SUI ဆန့်ကျင်ရေဒါ ဆေးသုတ်ထားသော အလွှာပါရှိသည်။ ဟန်ရှောင်းသည် လေဟာပြင် ခံစားမှု၏ အခြေခံသီအိုရီကို အသုံးပြု၍ ၎င်းကို တီထွင်ခဲ့ပြီး ရေဒါများမှ ရှာဖွေတွေ့ရှိနိုင်ခြေကို လျှော့ချရာတွင် ထိရောက်မှု ရှိခဲ့သည်။
ကြယ်နဂါးနိုင်ငံနှင့် ဂျာမီနယ် တို့မှ တပ်များ အချင်းချင်း ဆုံတွေ့ကြသည်နှင့် ကြီးမားသောစစ်ပွဲကြီး ပေါ်ပေါက်လာမည်ဖြစ်သည်။ အခြေအနေကို အခွင့်ကောင်းယူဖို့ တတိယအဖွဲ့အစည်းအတွက် အကောင်းဆုံးအချိန်ဖြစ်သည်။
ပထမဦးစွာ သူတို့သည် စနိုက်ပါပစ်ရန် သင့်လျော်သော ပုန်းအောင်းရာနေရာကို ရှာဖွေရန် လိုအပ်သည်။ ထိုနေရာသည် စစ်မြေပြင်နဲ့ အလှမ်းဝေးဖို့ လို၏။ ဟန်ရှောင်းသည် ဟိုးအရင်ကတည်းက နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီး၊ ၎င်းသည် တိမ်တိုက်ချိုင့်ဝှမ်းရှိ တောင်တန်းတစ်လျှောက်ရှိ ချောက်ကမ်းပါးတစ်ခုဖြစ်သည်။ ထိုနေရာသည် တောအပြင်ဘက်ရှိ ကျတ်တီးလယ်ကွင်းများကို ချိန်ရွယ်ရန် သင့်တော်သည်။ ဆိုလိုသည်မှာ ဂျာမီနယ်အဖွဲ့အစည်း၏တပ်များသည် တောတွင်းမှ ထွက်ခွာလာသောအခါတွင် သူက စတင်ပစ်ခတ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
တစ်ခုတည်းသော ပြဿနာမှာ တောင်တန်းသို့ အမြန်ရောက်ရန်နှင့် လုပ်ငန်းစဉ်အတွင်း စစ်တပ်ရေဒါများမှ ထောက်လှမ်းခြင်းမှ ရှောင်ကြဉ်ရန်ဖြစ်သည်။ ဆေးသုတ်ထားသောအလွှာသည် ထောက်လှမ်းမှုကို ရှောင်လွှဲရန် အာမမခံနိုင်သောကြောင့် ပေါ်သွားရန် အန္တရာယ်များရှိသည်။ သို့သော်လည်း ဂျာမီနယ်၏တပ်များ ချဉ်းကပ်လာသောအခါတွင် ချိုင့်ဝှမ်းရှိ စစ်တပ်များသည် အလုပ်ရှုပ်လွန်းသောကြောင့် သူ့ကို စိတ်မဝင်စားနိုင်ဘဲရှိမည်ဖြစ်၍ ဟန်ရှောင်းသည် အလွန်စိုးရိမ်ခြင်းမရှိပေ။
ထရပ်ကားသည် ချိုင့်ဝှမ်းတောထဲသို့ အရှိန်ပြင်းစွာ မောင်းဝင်လာသည်။
…
"တပ်မှူးဟွမ်! ရေဒါမှာ သံသယဖြစ်ဖွယ် ပစ်မှတ်ကို ပြသနေတယ်။” ကြယ်နဂါးနိုင်ငံဗျူဟာဌာနတဲအတွင်းမှ စစ်သားတစ်ဦးကို လှမ်းအော်သည်။
ဟွမ်ချိုးမင်သည် တိမ်တိုက်ချိုင့်ဝှမ်းဒေသသို့ ဝင်ရောက်လာသော မှိတ်တုတ်မှိတ်တုတ်အလင်းကို ပြသနေသည့် ရေဒါမျက်နှာပြင်ဆီသို့ လျှောက်သွားသည်။ အချက်ပြမှုမှာ တသမတ်တည်းမဖြစ်ဘဲ အားနည်းနေပြီး ပစ်မှတ်တွင် ရေဒါဆန့်ကျင်နိုင်စွမ်းအချို့ရှိပုံရသည်။ ကြယ်နဂါးနိုင်ငံစစ်တပ်သည် ဤတစ်ကြိမ်တွင် အလွန်အစွမ်းထက်သော ရေဒါကို အသုံးပြုနေခြင်းကြောင့်သာ ပေါ်လာခြင်းဖြစ်သည်။
"ပစ်မှတ်တစ်ခုပဲလား" ဟွမ်ချိုးမင်သည် တင်းတင်းကျပ်ကျပ် မျက်မှောင်ကြုတ်ထားသည်။ ၎င်းသည် ဂျာမီနယ် ကင်းထောက်တစ်ဦးဖြစ်နိုင်သည်ဟု သူခံစားခဲ့ရသော်လည်း ပစ်မှတ်၏ တည်နေရာသည် ဂျာမီနယ် သွားနေသည့်လမ်းကြောင်းနှင့် အလွန်ဝေးကွာသည်။
"ဘာပဲဖြစ်ဖြစ် အဲ့ဒါကို အရင်ဖြေရှင်းပါ" ဟွမ်ချိုးမင်သည် အစီအစဉ်ကို ဟန့်တားနိုင်သည့် မလိုလားအပ်သော အံ့အားသင့်စရာ အစိတ်အပိုင်းများကို မလိုချင်ဘဲ တပ်ဖွဲ့တစ်ခုကို စေလွှတ်တော့မည့်အချိန်တွင် ရေဒါထောက်လှမ်းခြင်းစခရင်များအားလုံး တစ်ပြိုင်နက် ပျက်သွား၏။
“ဘာဖြစ်နေတာလဲ” ဟု ဟွမ်ချိုးမင်က အော်သည်။
စစ်သားများက ပြန်လည်ချိန်ညှိရန် အလျင်စလို လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
"အစီရင်ခံပါတယ် ဆရာ။ ဂျာမီနယ် စစ်တပ်ဘက်က ထွက်လာသည့် အလွန်ပြင်းထန်သော လျှပ်စစ်သံလိုက်ဓာတ်ရောင်ခြည်ကြောင့် ရေဒါများကို ပိတ်သွားပါတယ်။ လွန်ခဲ့သည့် သုံးမိနစ်ခန့်က ဂျာမီနယ် စစ်တပ်ရဲ့ ခြေရာခံများကို ကျွန်တော်တို့တွေ့ရှိခဲ့ပြီး ပဏာမကောက်ချက်က သူတို့မှာ ရေဒါတွေကို ဖျက်ဆီးနိုင်တဲ့ အဆင့်မြင့်စက်ပစ္စည်းအချို့ ရှိနိုင်တယ်။”
“သူတို့က ငါတို့ရဲ့အမြင်ကို ဖယ်ပစ်ချင်ကြတယ်။ အရံရေဒါများကို အသက်သွင်းပါ၊ သူတို့၏ လျှပ်စစ်အချက်ပြမှုများကို ပိတ်ပစ်ပါ။ အဲဒါတွေကို ငါးစက္ကန့်မှ ဆယ့်နှစ်စက္ကန့်လျှင်တစ်ကြိမ် ကျပန်းဖြင့် ပါဝါဖွင့်ထားကြောင်း သေချာအောင်လုပ်ပါ။" ဟွမ်ချိုးမင်က တည်ငြိမ်ဟန်ရှိပြီး သူ့အမိန့်ကို အလျင်အမြန် ထုတ်ပြန်ခဲ့သည်။ သံသယဖြစ်ဖွယ်ပစ်မှတ်အတွက်မူ ၎င်းကို ဘေးဖယ်ထားနိုင်သည်။ ဤအချိန်တွင် ကြီးမားသော ဂျာမီနယ် စစ်တပ်ကိုကိုင်တွယ်ရန် ပို၍ အရေးကြီးသည်။
ဝှစ်ရှ်
ရုတ်တရက် မိုးကုပ်စက်ဝိုင်းမှ အော်ဟစ်သံကို ကြားလိုက်ရသည်။
တာလတ်ပစ်ဒုံးကျည်တစ်ဒါဇင်သည် နောက်တွင် မီးတောက်နေသောလမ်းကြောင်းများကို ချန်ထားပြီး ကြယ်နဂါးနိုင်ငံစခန်းများသို့ ဆက်တိုက်ချဉ်းကပ်လာသည်။ ဤဒုံးပျံများသည် လေထဲ၌ မရေမတွက်နိုင်သော ကျည်ဆန်ခေါင်းများအဖြစ်သို့ ရုတ်တရက် ကွဲထွက်သွားပြီး မိုးကဲ့သို့ ရွာကျလာသည်။
…
တစ်ချိန်တည်းမှာပင်၊ တိမ်တိုက်ချိုင့်ဝှမ်းအစွန်းရှိ တောတွင်းဒေသမှ ဂျာမီနယ်စစ်တပ် ထွက်ပေါ်လာသည်။
ယူဂါ၏ မျက်နှာသည် လေးနက်နေ၏။ အဆိုပါယာဉ်များသည် စမ်းသပ်ဆဲအဆင့်တွင်သာရှိသေးသည့် ဂျာမီနယ်အဖွဲ့အစည်းမှ ဖန်တီးထားသည့် ရေဒါဆန့်ကျင်ပစ္စည်းများကို သယ်ဆောင်လာခြင်းဖြစ်သည်။ ၎င်းသည် အသုံးပြုနေသော ရေဒါများကို ဖျက်ဆီးနိုင်သည့် ပြင်းထန်သော တာဝေးရောက် လျပ်စစ်သံလိုက် ဓာတ်ရောင်ခြည်လှိုင်းများကို ထုတ်လွှတ်နိုင်ပြီး၊ တစ်ပြိုင်နက်တည်းမှာပင် ရန်သူများ၏ ရေဒါတည်နေရာအတိအကျကို ထောက်လှမ်းနိုင်သည်။
ယူဂါသည် ရန်သူများ၏ အခြေစိုက်စခန်းကို ရှာတွေ့ပြီဟု ဆုံးဖြတ်လိုက်သောကြောင့် ပျားအုံအမျိုးအစား ဒုံးကျည် တိုက်ခိုက်ရေးယာဉ်အား တိုက်ခိုက်မှုများ ပြုလုပ်ရန် အမိန့်ပေးခဲ့ပြီး စမ်းသပ်ဆဲအဆင့်ကို ကျော်လွန်သော ပြီးပြည့်စုံပြီးသား လက်နက်ဖြစ်သည့် အစုလိုက် ဒုံးကျည်များကို ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်။
သူမသိသောအရာမှာ ကြယ်နဂါးနိုင်ငံ၏ရေဒါများကို ဖျက်ဆီးခြင်းဖြင့် ဟန်ရှောင်းအား သွယ်ဝိုက်သောနည်းဖြင့် ကူညီပေးခဲ့ခြင်းဖြစ်သည်။
သေချာတာကတော့၊ ဒီလိုတိုက်ခိုက်မှုတွေက ကြယ်နဂါးနိုင်ငံစစ်တပ်ကို မထိခိုက်စေနိုင်ပေ။ အမှန်မှာ၊ ကြယ်နဂါးနိုင်ငံစစ်တပ်သည် ၎င်းတို့၏ ဒုံးကျည်ကြားဖြတ်ပစ် စက်သေနတ်များကို ခဲယမ်းမီးကျောက်များဆီသို့ ချိန်ရွယ်ပြီး ပစ်ခတ်ခဲ့ပြီး ပေါက်ကွဲမှုများ ဖြစ်စေကာ ဝေဟင်မှ ကျည်ဆန်များကို ကြားဖြတ်ပစ်ခဲ့သည်။
နှစ်ဘက်စလုံးက တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေ၏။ ဤနေရာတွင် တစ်ခုတည်းသောမေးခွန်းမှာ မည်သူက ပိုပြင်ဆင်ထားသနည်း။
“ရန်သူတွေက မကြာခင်မှာ သူတို့ရဲ့ ရေဒါတွေကို ပြန်လည်အသက်သွင်းတော့မယ်။ ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး။ အခုပဲ တိုက်ခိုက်ဖို့ လိုတယ်!”
ယူဂါသည် ပြင်းထန်သောလေသံဖြင့် "ဗုံးရှာဖွေရေးအဖွဲ့၊ မင်းတို့ အရင်သွား!"
သယ်ဆောင်ရလွယ်ကူသော ဗုံးရှာဖွေရေးကိရိယာများ သယ်ဆောင်လာသည့် ယာဉ်များနှင့်အတူ၊ ဂျာမီနယ် တပ်ဖွဲ့များသည် ကြယ်နဂါးနိုင်ငံဗုံးများ ထောင်ထားသည့်နေရာကို လျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းတို့၏ စက်သေနတ်ဖြင့် ဖောက်ခွဲနိုင်ခဲ့သည်။ ဂျာမီနယ်သည် တည်ငြိမ်ပြီး ဘေးကင်းစွာ ချီတက်နေ၏။
ယခုတစ်ကြိမ်တွင်၊ ကြယ်နဂါးနိုင်ငံ၏ ရေဒါများမှ အချက်ပြမှုများကို ရှာဖွေတွေ့ရှိသောအခါ၊ မည်သည့်အရာမှ မလုပ်ဆောင်မီ ကြယ်နဂါးနိုင်ငံ၏ ရေဒါသည် ပိတ်သွားသောကြောင့် ၎င်းသည် ရေဒါများကို မဖျက်ဆီးနိုင်ပေ။ စစ်မှန်သော တိုက်ပွဲသည် မကြာမီ စတင်တော့မည်ကို ယူဂါသိသည်။
ရဟတ်ယာဉ်များ၏ ပန်ကာများ ကျယ်လောင်စွာ မြည်ဟီးရင်း မြေပြင်နှင့် နီးကပ်စွာ ပျံသန်းနေကြသည်။ ဂျာမီနယ်တပ်များသည် အညှာတာကင်းသော ပစ်ခတ်မှုကို တွန်းလှန်ရန် လိုအပ်နေသည်။
မီးတောက်များနှင့် ပေါက်ကွဲသံများကြားတွင် ယူဂါက ဒေါသတကြီး အမိန့်ပေးလိုက်သည်။ "ဂရပ်ဖိုက်ဒုံးကျည်တွေကို ပစ်!"
ရဟတ်ယာဉ်များကြားတွင် ဂရပ်ဖိုက်ဒုံးကျည် လက်တစ်ဆုပ်စာ ဒုံးကျည်များ ဝေဟင်သို့ ပျံတက်သွားသည်။ ဂရပ်ဖိုက်ဒုံးကျည်များသည် ဧရိယာတစ်ခုအတွင်း လျပ်စီးပတ်လမ်းကို ဖြစ်စေနိုင်ပြီး ရဟတ်ယာဉ် တပ်ဖွဲ့ကို ပြင်းထန်စွာ ထိမှန်ကာ အများအပြား ချွတ်ယွင်းသွားစေသည်။ ရန်သူ၏ ပစ်ခတ်မှု သိသိသာသာ လျော့ကျသွားသည်။
"မီဟော့ခ်၊ မင်းရဲ့တပ်တွေ တောထဲကထွက်ပြီးတာနဲ့ ရန်သူတွေကို ထိပ်တိုက်တိုက်ခိုက်ဖို့ ချေမှုန်းရေးတပ်တွေကို ဦးဆောင်ပါ။ မင်းရဲ့တာဝန်က အရမ်းအရေးကြီးတယ်။ ရန်သူတွေကို အာရုံပြောင်းရမယ်!" ယူဂါသည် စကားပြောစက်တွင် ပြောလိုက်သည်။
မီဟော့ခ်သည် သယ်ယူပို့ဆောင်ရေးယာဉ်များထဲမှ တစ်ခုတွင် ထိုင်နေပြီး ပေါ့ပေါ့တန်တန် ညည်းတွားကာ ပြန်ပြောသည်။ မီဟော့ခ်သည် အလွန် ကောင်းမွန်သော ခန္ဓာကိုယ် တည်ဆောက်ပုံရှိပြီး သူသည် ကိုယ်ခံပညာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူ၏ ဗျူဟာမြောက် တာဝန်မှာ လက်ရွေးစင် တိုက်ခိုက်ရေးသမား အနည်းငယ်ကို ဦးဆောင်ပြီး ရန်သူစခန်းများကို ဗုံးများဖြင့် ချေမှုန်းရန် ဖြစ်သည်။ သူ၏ ပေါ့ပါးသွက်လက်သော တိုက်ခိုက်ရေးပုံစံသည် ကျည်ကာအင်္ကျီနှင့် တွဲလျက် ကျည်ဆန်မုန်တိုင်းကို ချောမွေ့စွာ ဖြတ်ကျော်နိုင်စေခဲ့သည်။
စူပါလူသားများသည် စစ်မြေပြင်တွင် ချေမှုန်းရန်နှင့် လုပ်ကြံရန် အဓိက တာဝန်ပေးခံရသည်။
ကြယ်နဂါးနိုင်ငံအခြေစိုက်စခန်းတွင်၊ ဟွမ်ချိုးမင်သည် တောထဲတွင် ဖြတ်လျှောက်လာရင်း ဂျာမီနယ်စစ်တပ်ကို ခပ်တည်တည် စိုက်ကြည့်နေသည်။ “အမြောက်၊ အသင့်ပြင်ထား။ သံချပ်ကာယာဉ်များ၊ အဆင်သင့်လုပ်ထား၊ လက်ရွေးစင်အသင်း၊ ရန်သူရဲ့ ချေမှုန်းရေးအဖွဲ့ကို တိုက်ခိုက်ရန် ပြင်ဆင်ပါ။”
ကြယ်နဂါးနိုင်ငံ၏ လက်ရွေးစင်အဖွဲ့တွင် တိုက်ခိုက်ရန် ကျွမ်းကျင်မှုရှိသော ဇီဝဗေဒအရ တပ်ဆင်ထားသော စူပါလူသားများ အပါအဝင် အပြင်းထန်ဆုံးနှင့် အကောင်းဆုံး စစ်သည်များ ပါဝင်သည်။ ကြယ်နဂါးနိုင်ငံသည် ဤတိုက်ပွဲအတွက် အလွန်ပြင်ဆင်ထားခဲ့သည်။
ဤကြီးမားသော တိုက်ပွဲမြင်ကွင်းသည် ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်များဖြစ်သည့် Sleepy Winter, Flash Fried Rice, and Rainy Kim တို့ကို အံ့သြသွားစေခဲ့သည်။ ပြင်းထန်သောလေထု၊ မှုန်မှိုင်းနေသော မီးခိုးများနှင့် ဆူညံသောပေါက်ကွဲသံများကို သုံးသပ်ကြည့်လျှင် တိုက်ပွဲသည် သူတို့ပါဝင်ရန် မြင့်မားလွန်းကြောင်း သူတို့သိသည်။
“ခုနက ဒုံးကျည်တွေ ပျံတက်သွားတဲ့အခါ ငါသေတော့မယ်လို့ တွေးမိတယ်။” Twinkle Fried Rice က သက်ပြင်းတစ်ချက်ချလိုက်သည်။
Sleepy Winter သည် ခါးသက်သက် ရယ်မောလိုက်သည်။ “အရင်းအမြစ်တွေ ပို့ဆောင်ဖို့ကိုပဲ အာရုံစိုက်ရအောင်။ တိုက်ပွဲတာဝန်တွေကို ဘယ်လိုမှ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။”
Rainy Kim ၏ အမူအရာမှာ တည်ငြိမ်သွားသည်။ သန္နိဋ္ဌာန်ချထားသည့် ပုံစံဖြင့် သူမက ပြောသည်။ “ငါကြိုးစားကြည့်ချင်တယ်”
"ငါတို့မှာ သေနတ်နည်းနည်းပဲရှိတယ်၊ ဘာလုပ်နိုင်မှာလဲ"
"ငါကြိုးစားကြည့်ချင်တယ်"
"မေ့လိုက်ပါ။ ငါတို့သွားရင်တော့ ငါတို့ သွားသေတာကိုပဲ ဖြစ်လိမ့်မယ်!”
“ငါ ကြိုး စား ကြည့် ချင် တယ်။”
Sleepy Winter နှင့် Twinkle Fried Rice သည် မျက်လုံးချင်းဆုံကာ နောင်တရသွားသည်။ “ကောင်းပြီ၊ ကောင်းပြီ။ မင်းက သူဌေးပဲ၊ မင်းက အလှဆုံးပဲ။ ငါတို့မင်းနောက်လိုက်မယ်။ အတူတူသွားရအောင်။"
သဘောတူညီမှုရပြီးနောက် Rainy Kim သည် ခပ်တည်တည်ပင် ချက်ချင်းလမ်းလျှောက်သွားပြီး ကျန်နှစ်ဦးသည် ဘာမှမတတ်နိုင်ဘဲ သူမနောက်ကို လိုက်လာခဲ့ရသည်။
…
သေနတ်ပစ်သံများနှင့် ပေါက်ကွဲသံများ ဆူညံနေသော ပါတီပွဲတစ်ခုပင်။ ဟန်ရှောင်းသည် သူ့ကားကို ချောက်ကမ်းပါးပေါ်ရှိ ပစ်မှတ်ထားရာ နေရာသို့ ဖြည်းညှင်းစွာ မောင်းနှင်လာသည်။ တောတွင်းမှ မီးရှူးမီးပန်းကြီးများကို အဝေးမှ မြင်နိုင်သည်။
တောထဲမှာ ပင့်ကူထောက်လှမ်းကိရိယာတွေကို ဝှက်ထားသည်။ အချို့မှာ ပျက်စီးသွားသော်လည်း အချို့မှာ အသက်ရှင်လျက် ဟန်ရှောင်းအတွက် တိုက်ပွဲအခြေအနေအား သစ္စာရှိရှိ ပေးပို့ပေးနေသည်။ သူတို့၏နေရာမှ ကြည့်လျှင် ဂျာမီနယ်တပ်များသည် မကြာမီ တောတွင်းမှထွက်ကာ လယ်ကွင်းများထဲသို့ ရောက်သွားကြလိမ့်မည်။
အဝေးတွင်၊ Tedramira မြစ်ပေါ်တွင်လည်း ပေါက်ကွဲသံများ ရေမျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ ဟန်ရှောင်းသည် သူ၏ မှန်ဘီလူးများကို ထုတ်လိုက်ပြီး ဂျာမီနယ် သင်္ဘောများ တိုက်ခိုက်ခံနေရသည်ကို သူတွေ့လိုက်ရပြီး ချိုင့်ဝှမ်းတွင် ကြုံတွေ့နေရသော တိုက်ခိုက်မှုထက် ပိုဆိုးသည် ။
ဂျာမီနယ်သင်္ဘောများသည် ရေလက်ကြားသို့ မရောက်ရှိသေးဘဲ တိုက်လေယာဉ်များက ပြင်းထန်စွာ ဗုံးကြဲနေကြပြီဖြစ်သည်။ ဒုံးကျည်များသည် မုန်တိုင်းတစ်ခုလို မိုးရွာချလိုက်ပြီး စက်သေနတ်ကြားဖြတ်စနစ်သည်လည်း တစ်စက္ကန့်မျှပင် ရပ်တန့်မသွားပေ။ ကြီးမားသော ပေါက်ကွဲသံများက ညကောင်းကင်ကို တောက်ပစေပြီး မီးရှူးမီးပန်းများကဲ့သို့ ထင်ရသည်။
“ပြင်ဆင်ချိန်တန်ပြီ။”
ဟန်ရှောင်းသည် ခေါက်နိုင်သော ဘက်ထရီအချို့ကိုထုတ်ကာ သင့်လျော်သောဆုလာဘ်များပြင်ဆင်ပြီး ဓါးရူးကို ထုတ်ပေးလိုက်သည်။
ထောင်ချောက်များ တပ်ဆင်ခြင်းကဲ့သို့သော အလုပ်များသည် ဤလတ်ဆတ်သော လူငယ်ကစားသမားများအတွက် ဖြစ်ကြောင်း သိသာထင်ရှားသည်။
ဓါးရူးသည် ထောင်ချောက်များကို တပ်ဆင်ရန် အပြေးအလွှား ပြေးလာစဉ် ဟန်ရှောင်းသည် စက်လည်ပတ်တစ်မျိုးကို ဆွဲထုတ်ကာ လည်ပင်းနောက်ဘက်တွင် ဝတ်ဆင်လိုက်သည်။ ၎င်းသည် အမည်မသိပစ္စည်းဖြင့် ပြုလုပ်ထားသည့် နူးညံ့သောအလွှာဖြစ်သည်။ သူဖွင့်လိုက်တာနဲ့ ထုံကျင်စေသော လျှပ်စစ်ရှော့က သူ့လည်ပင်းကနေ ဦးနှောက်ဆီကို ပျံ့နှံ့သွားတယ်။ ဟန်ရှောင်းအနည်းငယ် တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်အနှံ့ အက်ဒရီနယ်လင်းကို ခံစားလိုက်ရသည်။
_____________________
သင်သည် [Excitation] [နိုးကြားလာမှု] မုဒ်သို့ ဝင်သွားပါပြီ။
ပင်ကိုယ်အရည်အသွေးများအားလုံး +၅%
ကြာချိန် : ၂၀ မိနစ်
_____________________
ဤစက်ကို [Electromagnetic Pulse Controller] [လျပ်စစ်သံလိုက်သွေးခုန်နှုန်းထိန်းချုပ်စက်] ဟုခေါ်သည်။ ၎င်းသည် ဇီဝအခြေအနေများကို ချိန်ညှိရန်နှင့် အသုံးပြုသူ၏ ပင်ကိုယ်အရည်အသွေးများကို မြှင့်တင်ရန်အတွက် လျပ်စစ်သံလိုက်လှိုင်းများကို အသုံးပြုသည့် အထူးကိရိယာတစ်ခုဖြစ်သည်။ ဟန်ရှောင်းသည် အရည်အချင်းများ ပေါင်းစပ်မှုမှ ဤဒီဇိုင်းပုံစံကို အမှတ်တမဲ့ ရရှိခဲ့၏။
လိုအပ်သော ပင်ကိုယ်အရည်အသွေးများအားလုံးကို ဖွင့်ထားပြီး၊ အဆင်သင့်ဖြစ်ပြီးနောက်၊ ဟန်ရှောင်းသည် သူ၏ Ghost စနိုက်ပါရိုင်ဖယ်ကို လက်ထဲတွင် ကိုင်ထားပြီး Red Falcon သည် သူ့ဘေးတွင် ချထားလိုက်သည်။ သူ့မျက်လုံးများသည် လင်းယုန်ငှက်ကဲ့သို့ စူးရှပြီး စစ်မြေပြင်ကို မလွတ်တမ်း ကြည့်နေ၏။
ဘုန်း!
ဧရိယာတစ်ဝိုက်တွင် သစ်ပင်များ ပြိုကျကုန်သည်။ ဂျာမီနယ်တပ်များသည် နောက်ဆုံးတွင် တောထဲမှ ထွက်လာနိုင်ခဲ့သည်။
"လာခဲ့တော့၊ ကလေးရေ။" {“Come on, baby.” ကို
အားရပါးရ ပြန်ချလိုက်ပါတယ် 😂}
ဟန်ရှောင်းသည် မျက်လုံးများကို မှေးလိုက်ပြီး ချိန်ရွယ်လိုက်သည်။
အခန်း (၁၃၇) ပြီး၏။
လင်းဆက်
+++++