← Chapters

တစ်ယောက်ချင်းတိုက်ပွဲ

Vol. 10 Ch. 141

တစ်ယောက်ချင်းတိုက်ပွဲ

Vol. 10 Ch. 141

အခန်း (၁၄၁) တစ်ယောက်ချင်းတိုက်ပွဲ

သူ၏ ပါဝါဝတ်စုံကို ဝတ်ဆင်ထားသည့် ကျန်းဝေသည် စစ်သင်္ဘောရှေ့တွင် အတားအဆီးအဖြစ် ရပ်လိုက်သည်။ လမ်းဘတ်သည် စနိုက်ပါပစ်ခြင်းဖြင့် ထိခိုက်ပျက်စီးအောင် ပြုလုပ်နေသည်။

လီယောင်သည် တိုက်ပွဲတွင် ပါဝင်ခြင်းမရှိသောကြောင့် ဤချေမှုန်းရေးလှေတွင် ကျန်းဝေ၏အဖွဲ့သား လေးယောက်သာ ရှိပြီး လက်ရွေးစင် တိုက်ခိုက်ရေးသမား ဆယ်ယောက် ရှိသည်။

စစ်သင်္ဘောသည် လှိုင်းလုံးများကြားမှ ရှေ့သို့ ချီတက်ရင်း ကျည်ဆန်များနှင့် ဒုံးကျည်များ၏ ထိုးဖောက်ဝင်ရောက်မှုကို ဖြတ်ကျော်သွားကာ၊ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဂျာမီနယ်သင်္ဘောပေါ်သို့ ဝင်တိုက်လိုက်သည်။ ထိုးဖောက်ရေးအဖွဲ့သည် သင်္ဘောပေါ်သို့ ခုန်တက်ကာ ဂျာမီနယ်စစ်သားများနှင့် အပြန်အလှန် ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်ကြသည်။

ထိုးဖောက်‌ရေးအဖွဲ့၏ တိုက်ခိုက်ရေးနည်းဗျူဟာမှာ ရည်ရွယ်ချက် နှစ်ခုသာရှိသည်။ ပထမအချက်မှာ သင်္ဘော၏ တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး လှေပေါ်ရှိ မြေပြင်ယာဉ်များကို ဖျက်ဆီးခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ လှေကို ထိန်းချုပ်ရန်ဖြစ်သည်။ ဟက်စ်လာ၏ စစ်ကူသည် စီစဉ်ထားသည့်အတိုင်း မရောက်လာသောကြောင့် ထိုးဖောက်‌ရေးအဖွဲ့သည် ကောင်းမွန်သောအနေအထားတွင် မရှိပေ။ သူတို့သည် ခက်ခဲသော တိုက်ပွဲတစ်ခုထဲသို့ ကျရောက်နေကြသည်။

ဂျာမီနယ်အဖွဲ့အစည်း၏ အစီအမံများမှာ အကျိုးသက်ရောက်မှု ရှိခဲ့ပြီး ၎င်းတို့၏ တိုးတက်မှုကို နှေးကွေးစေခဲ့သည်။ ဂျာမီနယ်အမှုဆောင်အရာရှိများသည် ကြယ်နဂါးနိုင်ငံ၏ ထိုးဖောက်‌ရေးအဖွဲ့ကို တန်ပြန်ရန် စတင်ထွက်လာကြသည်။

ကျန်းဝေ၏ အဖွဲ့သည် သင်္ဘောပေါ်တွင် အသာစီးရရန် ရုန်းကန်နေရသည်။ ရုတ်တရက် သတိမမူဘဲ တစ္ဆေသရဲကဲ့သို့ ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခု ပြေးလာ၏။ အသင်းတွင်း အချက်ပေးသံများ ထွက်ပေါ်လာပြီး အမြန် ရှောင်တိမ်းလိုက်ကြသည်။ သို့သော်လည်း သူတို့သည် လေလှိုင်းများကို မရှောင်နိုင်ကြသေးပေ။ ပြင်းထန်သော မူးဝေခြင်းလှိုင်းလုံးများက သူတို့ကို ကျော်ဖြတ်သွားသည်။

အံကို တင်းတင်းဆုပ်ရင်း ရန်သူရပ်နေသည့် လမ်းကြောင်းဆီသို့ လှမ်းကြည့်ကြသည်။ ဟိုအရင်က ငြိခဲ့ဖူးသည့် ဟီလာကို တွေ့လိုက်ရတယ်။

ဟီလာသည် အေးစက်သောအမူအရာရှိသည်။ တစ်ချိန်က ကြယ်နဂါးနိုင်ငံ စစ်သားတွေကို တိုက်ခိုက်ခဲ့ဖူးတာ သူမ မှတ်မိနေသေး၏။ နောက်ဆုံးအကြိမ်တွင် သူမသည် သူတို့ကြောင့် ဆုံးရှုံးမှုအနည်းငယ်ရှိခဲ့သည်။ ထိုသို့ ပြန်မှတ်မိပြီးနောက် သူမ၏ သတ်ဖြတ်လိုသော ဆန္ဒမှာ ပိုမိုပြင်းထန်လာသည်။ သူမ၏ လက်နှစ်ဖက်စလုံးသည် မီးခိုးရောင်မှိန်မှိန်ဖြင့် လျှို့ဝှက်ဆန်းကြယ်ပြီး ဆိုးရွားသော စွမ်းအင်ဘောလုံးများကဲ့သို့ အလင်းတန်းများ ထုတ်လွှတ်နေသည်။ ထို့အပြင်၊ ၎င်း၏ အရွယ်အစားသည် အဆက်မပြတ် ကြီးထွားလျက်ရှိသည်။ နောက်ထပ် ထိုးနှက်ချက်သည် မည်မျှထိတ်လန့်ဖွယ်ကောင်းမည်ကို တွေးကြည့်ရန် ခက်ခဲပေလိမ့်မည်။

ဟိုယွဲ့သည် မျက်နှာပေါ်တွင် နာကျင်နေသော အရိပ်အယောင် ရှိနေပြီး၊ သူ့သေနတ်နှစ်လက်ကို ကိုင်ထားရင်း ချိန်ရွယ်နေသည်။ သို့သော် ဟီလာထံမှ ပေါ့ပါးသော နှာခေါင်းရှုံ့သံနှင့်အတူ သူမ၏ အသံသည် မြေအောက်လောကသခင် စွမ်းရည်မှ ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုကို ဖြစ်ပေါ်စေသည်။ သူ ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရသလိုပင်၊ ဟိုယွဲ့က သူ့နှာခေါင်းက သွေးများထွက်ကာ နောက်ပြန် လန်ကျသွားသည်။

ဟီလာက သူ့ကို တစ်ချက်ပင် လှည်မကြည့်ဘဲ လီယာလင်းကို ကြည့်လိုက်သည်။ သူမ၏ သတ်ဖြတ်လိုစိတ်က ရှင်းလင်း၏။ သူမသည် အပေါ့စားယန္တရားလက်ကို အသုံးပြုခဲ့သည့် အထူးအမျိုးသမီး လုပ်ကြံသတ်ဖြတ်သူဖြစ်သည်။ ဇီးရိုးရဲ့ နေရာကို သူမ သေချာပေါက် သိ၏။

လီယာလင်းသည် သံမဏိကဲ့သို့ ခိုင်မာသောသန္နိဋ္ဌာန် ရှိသည့်ပုံစံရသည်။ သူမသည် ပြန်သိမ်းနိုင်တဲ့ဓါးကို ဆွဲထုတ်ပြီး ဟီလာဆီသို့ မကြောက်မရွံ့ ပြေးဝင်သွားသည်။ အဖွဲ့တွင် 'တိုက်ခိုက်သူ'တစ်ယောက် အနေဖြင့်၊ သူမသည် တိုက်ပွဲများကို စတင်ရန် လိုအပ်သည်။

ပထမပြိုင်ပွဲကို ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လီယာလင်း တိတ်တဆိတ် အံကြိတ်လိုက်သည်။ ဟီလာ၏ နောက်ထပ်တိုက်ခိုက်မှုအထိ သူမ ထိန်းထားနိုင်သရွေ့ ဟီလာ၏ လှုပ်ရှားမှုများကို ကန့်သတ်ထားနိုင်ပြီး သူမသည် ထိုစိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို နောက်တစ်ကြိမ် ထုတ်လွှတ်ရန် အချိန်မရှိနိုင်ဟု ယုံကြည်ထားသည်။ ဟီလာ၏ စွမ်းရည်များ အားကောင်းသော်လည်း၊ သူမသည် အပေါ်ယံအဆင့် တိုက်ခိုက်မှုကိုသာ အသုံးပြုနေပြီး၊ ထုတ်လွှတ်မှုတိုင်းတွင် စွမ်းရည်ကို ထုတ်လွှတ်ရန်အတွက် တည်ဆောက်မှု လိုအပ်သည်။

“နုံလိုက်တာ။” ဟီလာ၏ အမူအရာက အပြောင်းအလဲမရှိပေ။ သူမ၏ လက်နှစ်ဖက်လုံးကို လှန်လိုက်ရင်း၊ သူမသည် လီယာလင်းကို ရူးသွပ်သွားစေရန် အလွန်ပြင်းထန်သော မြေအောက်လောကသခင် စွမ်းရည်ကို အသုံးပြုတော့မည် ဖြစ်သည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် ရုတ်တရက် ကြီးမားသော စွမ်းအားလှိုင်းလုံးကြီးသည် သူမ၏နံရိုးဘေးဘက်သို့ တရှိန်ထိုးဝင်ဆောင့်မိသည်။ ဟီလာသည် ပျံတက်သွားကာ SUV ကားဘေးဘက်သို့ တိုက်မိသွားပြီး နံရိုးများ တဆတ်ဆတ်တုန်ခါကာ နာကျင်သွားသည်။

ဟီလာနာကျင်လွန်းလို့ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ နက်နဲစွာ တုန်လှုပ်ချောက်ချားစွာဖြင့် သူမ၏လက်ပေါ်ရှိ မြေအောက်လောကသခင်စွမ်းအားသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူမ ထိတ်လန့်စွာနဲ့ တိုက်ခိုက်မှု ရောက်လာသည့်နေရာကို လှည့်ကြည့်လိုက်သည်။

ကမ်းနားတွင် ဗင်ကားတစ်စင်း မောင်းနှင်လာကာ လှေနှင့် တွဲလျက် ရှိနေသည်။ စနိုက်ပါတစ်ဦးသည် ယာဉ်မောင်း၏ ထိုင်ခုံပြတင်းပေါက်မှ ထွက်၍ လက်အိတ်အနက်ရောင်ဖြင့် ဤသေစေနိုင်သော လက်နက်ကို ကိုင်ဆောင်ထားပြီး ‌ပြောင်းဝမှ အငွေ့များထွက်နေသည်။

ဟန်ရှောင်းက သေနတ်ကို မောင်းချိန်လိုက်ပြီး ပြောင်းဝထဲမှ နောက်ထပ် ကျည်ဆန်တစ်တောင့် ထွက်လာတယ်။ ပင်မယာဉ်မောင်းထိုင်ခုံတွင် သူထိုင်‌နေပြီး ဗင်ကားရှိ စမတ်ချစ်ပ်စနစ်သည် အော်တိုပိုင်းလော့ဖြင့် စတင်မောင်းနှင်နေသည်။ ပုံမှန် အမြန်နှုန်းဖြင့် မောင်းနှင်ရင်း ဂျာမီနယ်၏ လှေနှင့် ကပ်လျက် မောင်းနှင်သွားသည်။ သူတို့ ချိုင့်ဝှမ်းသို့ရောက်သောအခါ၊ ကြယ်နဂါးနိုင်ငံလက်မှ ဂျာမီနယ်တပ်များ လွတ်မြောက်သွားနိုင်သည့် အခြေအနေများကို သူတွေ့ခဲ့သည်။ ထို့ကြောင့် ဟန်ရှောင်းက ရေကန်သို့ ကြိုပြီး ကားမောင်းသွား၏။ သူ၏ပစ်မှတ်မှာ ဂျာမီနယ်အမှုဆောင်အရာရှိများကို ဖမ်းဆီးရန် ဖြစ်သည်။

သူ ဟီလာကို ချက်ချင်းတွေ့လိုက်ပြီးနောက် ကျန်းဝေနဲ့ တခြားသူတွေကို တွေ့လိုက်သည်။ အနည်းငယ် ထိတ်လန့်သွားပြီး ဤတိုက်ဆိုင်မှုကို သူ မမျှော်လင့်ခဲ့ပေ။ သူ့အသင်းဖော်ဟောင်း အန္တရာယ်ထဲ ကျရောက်နေတာကို မြင်တော့ ဟန်ရှောင်းက တခြားဘာမှ မပြောတော့ဘဲ Red Falcon ကို ဆွဲထုတ်ပြီး ပစ်ချလိုက်သည်။ ဟီလာ၏ ခံစစ်လေထု အတားအဆီးသည် အတိုင်းအတာတစ်ခုအထိ အားပျော့သွားပြီး ကျည်ဆန်၏ ထိုးဖောက်မှုစွမ်းရည်များ ပျောက်ကွယ်သွားကာ သူမအား တွန်းထုတ်သည့် အရှိန်အဟုန်အဖြစ် ပြောင်းလဲသွားသည်။

အင်တာဖေ့စ်သည် ဟီလာ၏စွမ်းရည်များကို ပြသသည်။ တစ်နှစ်အကြာတွင် ဟီလာသည် အဆင့် ၃၀ မှ အဆင့် ၄၀ သို့ အဆင့်တက်ခဲ့ပြီး ဟန်ရှောင်းသည် သူမနှင့် အဆင့်တူဖြစ်သည်။ သူသည် သူမ၏ ကိန်းဂဏာန်းများကို မြင်နိုင်ပြီး သူမ၏ အပြင်းထန်ဆုံး ကိန်းဂဏာန်းနှစ်ခုမှာ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဉာဏ်ရည်ဖြစ်သည်။ သူမရဲ့ စွမ်းရည်များကိုလည်း ဖော်ပြပေးထား၏။

_________________________________

[မြေအောက်လောကသခင်၏ စွမ်းအား] - သေခြင်းတရားနှင့် ဝိညာဉ်များကို ဖမ်းစားခြင်း။

ဖြစ်နိုင်ချေ အဆင့်သတ်မှတ်ချက် - S

_________________________________

ပြင်ပလူများသည် စွမ်းရည်ဖော်ပြချက်ကိုသာ မြင်နိုင်သည်။ ကျွမ်းကျင်ပိုင်နိုင်သူသာလျှင် တိကျသောအကျိုးသက်ရောက်မှုနှင့် တိုးတက်နိုင်မှု အတိုင်းအတာကို မြင်နိုင်မည်ဖြစ်သည်။

သူမ၏ စွမ်းရည်ကို မြှင့်တင်ရန်အတွက် သူမ၏ ဗီဇကို အသုံးပြု၍ အခြေခံ အသိပညာဖြင့် သူမ၏ နည်းပညာများကို ပိုမိုအသုံးချနိုင်မည် ဖြစ်သည်။

ဟီလာရဲ့ စွမ်းဆောင်နိုင်ရည်က မြင့်မားပေမယ့် သူမဟာ အခု အဆင့် ၄၀ပဲ ရှိသေးတယ်။ သူမ၏ခွန်အားကို အပြည့်အဝ အသုံးမချနိုင်သေးသော်လည်း ဟန်ရှောင်းသည် ဟီလာ၏ တိုက်ခိုက်ရေးနည်းလမ်းများကို စိတ်ဝင်စားခြင်းမရှိပေ။ ဟီလာ၏ အထူးစွမ်းရည်များသည် တိုက်ခိုက်ခြင်းဆီသို့ ဦးတည်နေပုံရသော်လည်း၊ အမှန်တကယ်တွင် ၎င်းသည် စွယ်စုံရ စွမ်းရည်တစ်ခု ဖြစ်သည်။ သူက ဟီလာ၏ ကျွမ်းကျင်မှုတွင် စံစွမ်းရည်များစွာကို သတိပြုမိခဲ့သည်။

_________________________________

[မြန်နှုန်းမြင့် ပေါင်းစပ်ခြင်း]- Grim Reaper ၏ စွမ်းအားသည် ဒဏ်ရာများကို ကုသပေးနိုင်သည် - ပုံမှန်အခြေအနေများတွင်၊ +500% ပြန်လည်ကုသမှု အမြန်နှုန်း။ စွမ်းအင်ကိုအသုံးပြုနေစဉ်၊ +1000% မှ 2000% ပြန်လည်ကုသမှု အမြန်နှုန်း

[သက်စောင့်ခုခံအား] - သေခြင်း၏ရနံ့သည် သင့်အသက်ကို အထောက်အကူပြုသည် - Vitals သည် critical တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်းရှိသည်။

[လျစ်လျူရှုခြင်းဝိညာဉ်] - သေမင်း၏ အာဏာရှင်များသည် မည်သည့်အရာကိုမျှ မကြောက်ပေ - အနုတ်လက္ခဏာ ဆိုးကျိုးများကို ခုခံနိုင်မှု ၂၀%၊ စိတ်ပိုင်းဆိုင်ရာ ခုခံမှု +၃၀%

[ရုတ်တရက် သေဆုံးခြင်းကို လျစ်လျူရှုပါ] - သေခြင်းသည် လေကဲ့သို့ပင်၊ သင့်ဘေးတွင် အမြဲရှိနေသည် - မည်သည့် အသေသတ် တိုက်ခိုက်မှုကိုမျှ လက်ခံမည်မဟုတ်ပါ။ သွေးအမှတ်များသည် 1% ထက်နိမ့်သောအခါ အထူးအခြေအနေ အကျိုးသက်ရောက်မှုကို ရရှိမည်ဖြစ်သည်။

_________________________________

ဟန်ရှောင်း ကူကယ်ရာမဲ့ ဖြစ်သွားသည်။ ဒီစွမ်းရည်တွေက ဟီလာကို လက်တွေ့ကျကျပင် ဖြိုခွဲ၍မရသော ရဲတိုက်ကြီးကဲ့သို့ ဖြစ်စေသည်။ မဟုတ်ဘူး၊ ဖြိုခွဲ၍မရဘူးလို့ ပြောလို့မရဘူး၊ ပိုးဟပ်တစ်ကောင်လို ဘယ်လောက်ရိုက်ရိုက် မသေနိုင်ဘူးလို့ ပြောရမှာ။ တစ်ချက်တည်း အရမ်းပြင်းထန်တဲ့ တိုက်ခိုက်မှုစွမ်းရည်နဲ့မှ ဟီလာကို ရှင်းပစ်နိုင်မယ်။

အိုး၊ ငါမေ့သွားတယ်၊ သူမဟာ ချက်ချင်းသေတာကိုတောင် ခုခံနိုင်စွမ်းရှိတယ်။ မေ့လိုက်ပါ၊ ငါတစ်ရေးတစ်မော အိပ်တာက ပိုကောင်းလိမ့်မယ်...

ဟန်ရှောင်းခေါင်းခါလိုက်သည်။

အနာဂတ် Big Boss ဟု ဆိုထားသည့်အတိုင်း၊ သူမ၏ စွမ်းရည် အရေအတွက်သည် Bennett လောက် မြင့်မားသည်။ အဓိက အခန်းကဏ္ဍတွေကြားက တစ်ခုတည်းသော ခြားနားချက်က ကံတရားပါပဲ။

တိုက်ခိုက်ရအခက်ဆုံးဖြစ်သူ ဟီလာသည် သူပထမဆုံး တွေ့ဖူးသောလူ ဖြစ်သော်လည်း ကျန်းဝေ၏ အဖွဲ့သည် ခက်ခဲသော အခြေအနေသို့ ကျရောက်နေသည်။ သူ့မှာ ကူညီနိုင်တဲ့ နည်းလမ်းတွေရှိတာကြောင့် ဘေးနားက မနေနိုင်ဘဲ ဖေးမကူညီတတ်တာ သဘာဝပင်။ ဟိုးအရင်တုန်းက သူတို့သည် အတူတူ တိုက်ပွဲဝင်ခဲ့ကြဖူးသည်။

ဟီလာ၏ အာရုံပျံ့လွင့်မှုကို အခွင့်ကောင်းယူပြီး လီယာလင်းက ချဉ်းကပ်ကာ ဓါးဖြင့်ခုတ်လိုက်သည်။ ဟီလာသည် နာကျင်မှုကြောင့် နောက်ဆုတ်သွားပြီး ဟန်ရှောင်း၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကြောင့် ဒေါသဖြစ်သွားသည်။ ထိုအချိန်တွင် သူမ၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာမှုကို သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည်။ သို့သော် သူမက လှေပေါ်တွင်ရှိနေသည်က ကမ်းပေါ်က စနိုက်ပါကို မတိုက်ထုတ်နိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။ နောက်ဆုံးတွင်၊ သူမသည် အမြန်နှုန်းကို အထူးမကျွမ်းကျင်ဘဲ စနိုက်ပါသမားကို ဆန့်ကျင်သည့် အတားအဆီးတစ်ခုအဖြစ် ယာဉ်တစ်စီးကိုသာ အသုံးပြုခဲ့သည်။

လီယာလင်း၊ ကျန်းဝေနှင့် အခြားသူများသည် အခွင့်အရေးကို တွေ့သောအခါတွင် ဟီလာကို ချက်ချင်း ဝင်တိုက်ကြပြီး သူမကို နေရာမှရွေ့စေကာ ဟန်ရှောင်း၏ စနိုက်ပါမြင်ကွင်းထဲ ရောက်စေသည်။

ကမ်းပေါ်ရှိ စနိုက်ပါသမားသည် မည်သူဖြစ်သည်ကို မသိကြသော်လည်း ကူညီရန် ရှိနေသည်မှာ ထင်ရှားနေသည်။ ထို့ကြောင့် ကျန်းဝေ၏အဖွဲ့သည် ပူးပေါင်းတိုက်ခိုက်မှုကို စတင်ကြ၏။

ဒီဗျူဟာက အရမ်းထိရောက်၏။ ဟီလာ၏ လှုပ်ရှားမှုများကို ချက်ချင်းကန့်သတ်လိုက်ပြီး စနိုက်ပါသမား၏ အခွင့်အလမ်းများကို ရှာတွေ့နိုင်မှုနှင့်အတူ သူသည် မှန်ကန်သော အချိန်တိုင်းတွင် ဟီလာ၏ တန်ပြန်တိုက်ခိုက်ခြင်းကို ရပ်တန့်နိုင်ခဲ့သည်။ သူသည် လီယာလင်း၊ ကျန်းဝေနှင့် အခြားသူများ၏ လှုပ်ရှားမှုများနှင့် ပြည့်စုံစွာ ထပ်တူကျနေ၏။ သူမသည် ပြန်မလှန်နိုင်သော အခြေအနေသို့ အမှန်တကယ် ရောက်သွားကြောင်း ဟီလာက သဘောပေါက်သွားသည်။ ထို့ကြောင့် သူမသည် ခံစစ်သာ ပြုလုပ်နိုင်ပြီး တိုက်ခိုက်မှုတိုင်းကို ရှောင်ရှားနေရသည်။

ဒါပေမယ့် ကျန်းဝေနဲ့ တခြားသူတွေရဲ့ ရှုထောင့်က ကြည့်ရင်တော့ သူတို့အတွက် အလင်းရောင်တစ်ခုပါပဲ။ မူလက လေးယောက်အဖွဲ့သည် တိုက်ပွဲဗျူဟာတစ်ခုကို ဖန်တီးခဲ့သည်။ သို့သော် ဟိုယွဲ့သည် ဒဏ်ရာပြင်းထန်စွာရရှိပြီးနောက်တွင် ၎င်းသည် ခုခံနိုင်စွမ်းမရှိသဖြင့် အဖွဲ့လိုက်လုပ်ဆောင်မှုတွင် ဟာကွက်တစ်ခု ကျန်နေခဲ့သည်။ ဒါပေမယ့် အဲဒီစနိုက်ပါသမားက အဲဒီကွာဟချက်ကို ပြုပြင်နိုင်ခဲ့၏။ အရေးကြီးသော အခိုက်အတန့်တိုင်းတွင် ၎င်းတို့အား ကူညီရန် အချိန်မီ ပစ်ခတ်ပေးနေသည်။

သူသည် သူတို့၏ တိုက်ပွဲဝင်ပုံစံကို အသေအချာ သိထားသူတစ်ဦး ဖြစ်နေသကဲ့သို့ပင်။

သူက ဘယ်သူလဲ?

လီယာလင်းနှင့် ကျန်းဝေတို့သည် ထိုသို့သော အတွေးများ ဝင်လာကြသည်။

မူးဝေသော လက္ခဏာများ ခံစားနေရဆဲဖြစ်သော ဟိုယွဲ့သည် ပုံမှန်စစ်သားများကိုသာ ခုခံနိုင်ခဲ့သည်။ ကျန်းဝေနှင့် အခြားသူများသည် စနိုက်ပါသမားနှင့် ပူးပေါင်းနေသည်ကို ကြည့်ရင်း၊ ထိုစနိုက်ပါသမားသည် ၎င်းတို့အဖွဲ့၏ တကယ့်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူက အပြင်လူသာ ဖြစ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

"ဟီလာ ထိန်းချုပ်ခံလိုက်ရတာလား?" လင်းယုက မျက်ခုံးပင့်လိုက်သည်။ ကမ်းနားက ဗင်ကားကို လှမ်းကြည့်လိုက်တော့ သူ မျက်လုံးမှေးသွားသည်။ "Black Phantom လား? သူဒီမှာ ဘာလုပ်နေတာလဲ"

သူတို့သည် မြစ်ဝကျွန်းပေါ် အဆုံးနီးပါးတွင် ရှိနေသည်။ သူတို့၏ရှေ့ အနည်းငယ်တွင် ပင်လယ်ကြီးရှိသည်။ လင်းယုသည် AOE ထိခိုက်ပျက်စီးမှုကို ဖြစ်စေရန်အတွက် ဟီလာ၏ စွမ်းရည်ကို အလွန်လိုအပ်နေ၏။ သူမသည် ထိုအခြေအနေမှ လွတ်မြောက်ရမည်မှာ သေချာသည်။ "ယူဂါ၊ Black Phantom ကို ရှင်းထုတ်လိုက်" သူက အမိန့်ပေးလိုက်သည်။

ယူဂါက သင်္ဘောပေါ် ရောက်နေပြီ ဖြစ်၏။ သူ၏ နက်မှောင်သော ခရမ်းရောင် ရောင်ဝါဖြင့် လွှမ်းခြုံကာ နောက်ထပ် အမိန့်ပေးစရာမလိုဘဲ ဗင်ကားပေါ်ရှိ ဟန်ရှောင်းထံသို့ ချဉ်းကပ်သွားတော့မည် ဖြစ်သည်။ သို့သော် ရုတ်တရက်၊ သူနှင့် တန်းတူညီမျှသော ‘တိုက်ခိုက်သူ’ ထံမှ စွမ်းအင်လှိုင်းကို ခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်တော့ လူလတ်ပိုင်းအရွယ် ကြယ်နဂါးနိုင်ငံအထူးအေးဂျင့်က တခြားသင်္ဘောတစ်စင်းပေါ်ကို လှမ်းတက်သွား၏။ အနီရောင်တောက်လောင်နေသော ရောင်ဝါဖြင့် ပတ်ထားသည့် သူ၏လက်သီးများသည် ကုန်းပတ်ပေါ်တွင် ရပ်ထားသော SUV ကား၏ ဘေးဘက်သို့ ရေနွေးငွေ့တူနှင့် ယှဉ်နိုင်သော အင်အားဖြင့် ထိုးဆောင့်လိုက်သည်။

ထိုကားသည် ချက်ချင်းပင် ရှုံတွသွားပြီး ကျည်ဆန်ခွံတစ်ခုလို လွင့်ထွက်သွားသည်။ လမ်းတစ်လျှောက်တွင် ဂျာမီနယ်၏စစ်သားအချို့နှင့် အခြားကားနှစ်စီးတို့ကို တိုက်မိကာ သင်္ဘောပေါ်မှ တစ်ပြိုင်နက်တည်း လွင့်ပျံသွားတော့သည်။

ထိုလက်သီးသည် ဒုံးကျည်ကဲ့သို့ ပြင်းထန်လှ၏။

အခန်း (၁၄၁) ပြီး၏။

လင်းဆက်

+++++

All Chapters