← Chapters

မင်း ပြာဖြစ်သွားရင်တောင် မင်းကို ငါမှတ်မိနိုင်တယ်

Vol. 10 Ch. 143

မင်း ပြာဖြစ်သွားရင်တောင် မင်းကို ငါမှတ်မိနိုင်တယ်

Vol. 10 Ch. 143

အခန်း (၁၄၃) မင်း ပြာဖြစ်သွားရင်တောင် မင်းကို ငါမှတ်မိနိုင်တယ်

ရန်သူများကို မူးဝေသွားအောင် ပြုလုပ်ခြင်းသည် စိတ်စွမ်းအားရှင်များ အသုံးများသော နည်းဗျူဟာ တစ်ခု ဖြစ်သည်။ သူတို့၏ ပြင်းထန်သော စိတ်စွမ်းအား တွန်းလှန်မှုသည် သူတို့၏ ခွန်အားဖြစ်သည်။ သို့သော် အသံလှိုင်းလက်ပစ်ဗုံးများသည် နားတွင်းအရည်များကို မညီမမျှ ဖြစ်စေသောကြောင့် ဇီဝကမ္မအဆင့်တွင် မူးဝေခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် စိတ်စွမ်းအားရှင်များက ပြင်းထန်သော စိတ်စွမ်းအား တွန်းလှန်မှုကို ပိုင်ဆိုင်ထားသော်လည်း ဤကိစ္စတွင် ခံနိုင်ရည်သည် သော့ချက်ဖြစ်သည်။ အဲဒါက စိတ်စွမ်းအားရှင်အားလုံးရဲ့ အကြီးမားဆုံး အားနည်းချက်ဖြစ်ပြီး သူတို့ကို ခိုကိုးရာမဲ့ ဖြစ်စေ၏။

ဟီလာသည် တိုက်ခိုက်မှုကြောင့် ချက်ချင်းပင် ထိခိုက်သွားသည်။ လှိုင်းလုံးကဲ့သို့ တစ်ဖက်မှ တစ်ဖက်သို့ လဲကျသွားစဉ် သူမ၏ မျက်နှာတစ်ခုလုံးရှိ နာကျင်မှု ဝေဒနာကို မြင်နေရသည်။

ဟီလာက ဘယ်သူပဲဖြစ်ပါစေ၊ တိုက်ပွဲတစ်ခုအတွင်းမှာ သူမသည် ရန်သူတစ်ယောက်သာ ဖြစ်တယ်။ ဟန်ရှောင်းသည် ညှာတာမှုကင်းမဲ့စွာဖြင့် အေးစက်စွာ ဆက်လက်ပစ်ခတ်ခဲ့သည်။ ကျည်ဆန်များသည် ဟီလာ၏ ခန္ဓာကိုယ်အနှံ့ ကျရောက်သွားသည်။ နောက်ဆုံးတွင် ကျည်ဆန်များကုန်သွားသောအခါ၊ သူသည် လျှပ်စစ်သံလိုက်လျပ်ပြေးဖိနပ်များကို အမြင့်ဆုံးစွမ်းအားဖြင့် အသက်သွင်းလိုက်ပြီး ဟီလာ လက်တုံ့ပြန်ခြင်း မပြုနိုင်မီ ဟီလာကို ကန်လိုက်သည်။ သူမသည် လေထဲသို့ ဝဲပျံသွားကာ လက်ရန်းနှင့် တိုက်မိပြီး နောက်ဆုံးတွင် မြစ်ထဲသို့ကျသွားသည်။

ဟီလာ၏ ခန္ဓာကိုယ် နစ်မြုပ်သွားသောအခါ မြစ်ရေသည် သွေးများဖြင့် စွန်းထင်းသွားသည်။ ဟန်ရှောင်းသည် ဟီလာသည် ဤမျှ လွယ်ကူစွာ သေဆုံးလိမ့်မည်ဟု မယုံကြည်ခဲ့ဘဲ အင်တာဖေ့စ်ပေါ်တွင် သတင်းတစ်စုံတစ်ရာမှ တက်မလာပေ။ ဤတိုက်ခိုက်မှုအားလုံးပြီးနောက် ဟီလာသည် မကြာမီ ပြန်လည်ကောင်းမွန်လာမည်ဟု သူမျှော်လင့်ထားသော်လည်း ယခုအချိန်တွင် စိတ်ပူစရာမလိုပေ။

ဒီရန်သူက သတ်ဖို့ အလွန်ခက်လွန်းတယ်။ ငါ သူ့ကို အခု ကိုင်တွယ်လို့ မရ‌သေးဘူး။

ဒီအတွေးက သူ့ခေါင်းထဲကို ဖျတ်ခနဲ လင်းခနဲ ရောက်သွားတော့ ဟန်ရှောင်းသည် အခု သူ့ကို အံ့အားသင့်စွာ ကြည့်နေသော အရင်တုန်းက အသင်းဖော် လီယာလင်းအကြောင်း စဉ်းစားဖို့ အချိန်ရသွားသည်။

"Black Phantom?" ကျန်းဝေက ဂရုတစိုက် မေး၏။ သူက ရင်းနှီးမှုတစ်ခုကို ခံစားနေရသည်။

ကျန်းဝေက သူ့ကို မှတ်မိပုံမပေါ်သလို၊ ဒါက အရမ်းကောင်း၏။ ဂျာမီနယ်အဖွဲ့အစည်းနှင့် ဇီးရိုးအကြား မကြေလည်မှုအကြောင်း စဉ်းစားကြည့်လျှင် သူ၏အထောက်အထားကို ဆက်လက်ဖုံးကွယ်ထားလျှင် အကောင်းဆုံးဖြစ်သည်။ ဟန်ရှောင်း၏ မျက်လုံးများ တောက်ပလာပြီး လီယာလင်း၏ ရုတ်တရက် အော်သံကို ကြားလိုက်ရသည်။ "ဟန်ရှောင်း‽"

"ဟန်ရှောင်း? သူက ဘယ်သူလဲ? မင်းလူမှားနေပြီထင်တယ်"

"အဲဒါမင်းပဲ! ဟန်ဆောင်တာကို ရပ်လိုက်တော့။ မင်း ပြာဖြစ်သွားရင်တောင် မင်းကို ငါမှတ်မိနိုင်တယ်!" လီယာလင်းအံကြိတ်လိုက်သည်။

မဟုတ်သေးပါဘူး၊ သူငါ့ကို ဘယ်လိုမှတ်မိတာလဲ။ ငါ့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှု စွမ်းရည်ကို အခြေခံရင် ငါ ဘယ်လို ပေါ်သွားနိုင်တာလဲ။

ဟန်ရှောင်းအံသြသွားသည်။

ဒီအမျိုးသမီးက တကယ်ကို မှန်းလို့မရပေ။

တပ်ဖွဲ့ဝင်များ အံ့ဩသွားကြသည်။ လီယာလင်း၏ ဝေဖန်ပိုင်းခြားနိုင်မှုအပေါ် သံသယဝင်ခဲ့ကြသော်လည်း တစ်ချိန်တည်းတွင် အနည်းငယ်ယုံကြည်ခဲ့ကြသည်။ ထိုအချိန်တွင် အနက်ရောင် ၀တ်စုံနှင့် Berserk Eagles ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည့် ဟန်ရှောင်းသည် ရုတ်တရက် သူ့မျက်နှာကို ထုတ်ဖော်လိုက်သည်။

"အိုး..အဲဒါက မင်းရဲ့ တကယ့်ရုပ်ရည်ပေါ့..." ကျန်းဝေက ဟန်ရှောင်းဟာ အရင်တုန်းက မျက်နှာဖုံးစွပ်ထားရတဲ့ အကြောင်းရင်းကို နောက်ဆုံးနားလည်သွားချိန်မှာ ညည်းညူလိုက်၏။

အရင်တုန်းကတော့ ဌာန၁၃မှာ အတူတူအလုပ်လုပ်တုန်းက ဟန်ရှောင်းဟာ အမြဲတမ်း Mask တပ်ထား၏။ တပ်ဖွဲ့ဝင်များသည် သူ့ပုံစံကို တစ်ခါမှမမြင်ဖူးသလို ဟန်ရှောင်း၏ ကိုယ်ရေးကိုယ်တာအမှန်ကိုလည်း မသိခဲ့ပေ။ လောလောဆယ်တွင်၊ သူတို့သည် အလင်းမျက်နှာဖုံးတွင်မြင်ရသော မျက်နှာသည် ဟန်ရှောင်း၏ တကယ့်မျက်နှာဖြစ်သည်ကို သူတို့ထင်ကြသည်။ တော်တော့်ကို ချောမောဖို့ မျှော်လင့်ထားကြတယ်။

နာမည်ကျော် Black Phantom သည် ယခင်က ရဲဘော်တစ်ဦး ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ လူတိုင်း ပဟေဠိဖြစ်ခဲ့သည်။ အရင်တုန်းက ဒီလောက် သန်မာခဲ့တာလား။ သူဘာကြောင့် ဒီလိုမပြခဲ့တာလဲ၊ လုပ်ကြံသတ်ဖြတ်သူဖြစ်လာဖို့ ဘာကြောင့် ကြယ်နဂါးနိုင်ငံကို ထွက်သွားချင်တာလဲ။ အထက်ကလူကြီးများသည်လည်း သဘောတူကြပုံရသည်။

နေပါဦး၊ သူသည် အနက်ရောင်ကွန်ယက်အဖွဲ့အစည်း၏ Black Phantom ဖြစ်လာပြီး အထက်ကလူကြီးများသည် ၎င်းနှင့်ပတ်သက်ပြီး အလွန် မတင်မကျ ဖြစ်နေသည်။ ဒါက တကယ်တော့ လျှို့ဝှက်မစ်ရှင်တစ်ခုလား။

“မင်း မှားသွားပြီ။ အခု အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ ရန်သူတွေ ဒီကို ရောက်နေပြီ!" ဟန်ရှောင်းက တင်းမာစွာပြောသည်။

လီယာလင်း ဒေါသတကြီးအော်လိုက်သည်။ "မင်းငြင်းရင်တောင် အသုံးမဝင်ဘူး!"

မှန်တယ်! အထက်အရာရှိများက သူ့ကို လျှို့ဝှက်မစ်ရှင်တစ်ခုအတွက် စေလွှတ်ထားရမည်။ ထို့ကြောင့် သူ့မည်သူမည်ဝါဖြစ်ကြောင်း မဖော်ပြနိုင်ပေ။ ကြယ်နဂါးနိုင်ငံသည် Dark Net ကို နောက်သို့ လိုက်နေတာ ဖြစ်နိုင်ပါသလား။

လူအုပ်ကြီးက အခြေအနေကို မသိလိုက်ဘဲ နားလည်မှု လွဲနေကြသည် ။

စကားဝိုင်းက မြန်မြန်ပြီးသွား၏။ စစ်မြေပြင်တွင် လူတိုင်းသည် ၎င်းတို့၏ သံသယများကို မြိုသိပ်နိုင်ပြီး ရန်သူများနှင့် တိုက်ခိုက်ရာတွင်သာ အာရုံစိုက်နိုင်ကြသည်။ ကြယ်နဂါးနိုင်ငံ၏ ကွန်မန်ဒိုအဖွဲ့နှင့် ဂျာမီနယ်အဖွဲ့အစည်း၏ တပ်များကြားတွင် ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်လာသည်။ စူပါလူသားများကို စစ်မြေပြင်တစ်ဝိုက်တွင် တွေ့ရှိခဲ့ပြီး ၎င်းတို့၏ စွမ်းအားများဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဝေဒနာကြောင့် အော်ဟစ်သံများနှင့် သေနတ်သံများသည် တိုက်ပွဲတွင် တီးခတ်နေသည့် ဆင်ဖိုနီတစ်ခုဖြစ်လာ၏

ဂျာမီနယ်အမှုဆောင်တစ်ဦးသည် ဟန်ရှောင်းကို တိုက်ရိုက် ဦးတည်ခဲ့သည်။ ဟန်ရှောင်းသည် ပစ္စတိုတစ်လက်ကို လက်ဖြင့်ကိုင်ကာ ရန်သူကိုတိုက်ခိုက်ရန် ကြယ်နဂါးနိုင်ငံအဖွဲ့အား အချက်ပြလိုက်သည်။ ကျန်းဝေနှင့် သူ့အဖွဲ့သည် သဘာဝအတိုင်း ကန့်ကွက်ခြင်းမရှိဘဲ သူ့အနားတွင် စတင်တိုက်ခိုက်ကြသည်။

ဂျာမီနယ်အမှုဆောင်အရာရှိသည် အရှိန်အဟုန်ဖြင့် ပြေးလာသောအခါတွင် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ပူဖောင်းတစ်ခုကဲ့သို့ ဖောင်းပွလာပြီး လေးမီတာမြင့်သော အဖြူရောင်သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ အဖြူရောင်သားရဲသည် ဝံပုလွေတစ်ကောင်ကဲ့သို့ ကုန်းပတ်ပေါ်တွင် ပြေးလာပြီး သူ၏လေးလံသော ခန္ဓာကိုယ်သည် ကုန်းပတ်ကို တုန်ခါသွားစေသည်။ သူ့ပါးစပ်ကြီးကိုဖွင့်ပြီး ဆောင့်ချလိုက်သည်။ ဤလုပ်ဆောင်ချက်သည် လှပပြီး ခွန်အားအပြည့်ရှိသည်။

အသွင်ပြောင်းခြင်းသည် ‘အက်စ်ပါ’မိသားစုမှ ပုံမှန်အခွဲတစ်ခုဖြစ်သည်။ ၎င်းတို့သည် မတူညီသောပုံစံများ ပြောင်းနိုင်ကြပြီး၊ အချို့အားပျော့ကာ အချို့က ပိုအားကောင်းနိုင်သည်။ သူတို့ယူခဲ့တဲ့ ပုံစံတွေက စိတ်ကူးထဲကတောင် ထူးဆန်းနေနိုင်တယ်။ ဆင့်ကဲဖြစ်စဉ်နှင့် အမျိုးမျိုးသော မျိုးရိုးဗီဇပြောင်းလဲမှုများနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။ အချို့က သားရဲတိရစ္ဆာန်အဖြစ်သို့ ပြောင်းလဲသွားသော်လည်း အချို့မှာ ဂြိုဟ်သားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ဤ အက်စ်ပါအကိုင်းအခွဲသည် မှော်ပညာအခြေခံသော ဂြိုလ်များပေါ်တွင် အဖြစ်များဆုံး ပေါ်လာလေ့ရှိသည်။ ဤလက္ခဏာကို သွေးအမွေဆက်ခံခြင်း သို့မဟုတ် လေ့ကျင့်မှုမှတစ်ဆင့် ရယူနိုင်သည်။

သိပ္ပံပညာနှင့် မှော်ပညာသည် မတူညီသော လူ့အဖွဲ့အစည်းများကို ဖြစ်ပေါ်စေပြီး၊ အချို့သောအရာများကို နားလည်မှုတွင် ကွဲပြားမှုများရှိခဲ့သည်။ ထို့အပြင်၊ ၎င်းတို့၏ စမ်းသပ်မှုနည်းလမ်းများသည်လည်း ကွဲပြားနိုင်ပြီး တိုးတက်မှုဆိုင်ရာ သတ်မှတ်ချက်များတွင် ၎င်း၏ ကိုယ်ပိုင်ထူးခြားသောအချက်များရှိသည်။

ဝံပုလွေဖြူကြီးသည် ကုန်းပတ် ပတ်ပတ်လည်တွင် ခုန်ဆွခုန်ဆွလုပ်ရင်း တိုက်ခိုက်ရန်ကြိုးစားသည်။ ဟန်ရှောင်း၊ ကျန်းဝေနှင့် အခြားနှစ်ဦး ပူးပေါင်းပြီး ဝံပုလွေကို ဖယ်ရှားရန် ကြိုးပမ်းကြသည်။ ဟန်ရှောင်းက ၎င်းသည် သူ၏လုပ်ငန်းတစ်ခုမဟုတ်ဟု ခံစားမိသည်။ သူက ကျန်းဝေနဲ့ သူ့ရဲ့ ပါဝါဝတ်စုံကို အမာခံအဖြစ် လှုပ်ရှားခွင့်ပြုပေးပြီး ဟန်ရှောင်းက ဘေးမှာရပ်ပြီး ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့ ကြိုးစား၏။ တခါတရံ သူသည် ဝံပုလွေ၏ အသားတစ်ပိုင်းကို လှီးဖြတ်ရန် သူ၏ အပူလှိုင်းလျှပ်စစ် လက်အိတ်ကို အသုံးပြုသည်။

ဟိုယွဲ့သည် သူ၏ Berserk Eagles ကို အသုံးပြုခဲ့ပြီး သူ၏ လှုပ်ရှားမှုသည် စီးဆင်းနေသော မြစ်ကဲ့သို့ လျင်မြန်သည်။ အစကတော့ သူ့ကိုယ်သူ ဂုဏ်ယူနေ၏။ ဟန်ရှောင်းဟာ ဘယ်လောက်ကျွမ်းကျင်ပြီး ရိုးရှင်းတဲ့နည်းနဲ့ ကျည်တစ်ချက်မှ မလွဲချော်ခဲ့ဘူးဆိုတာ မြင်တွေ့ရပြီးနောက် ဟိုယွဲ့က သူ့ကိုယ်သူ အရူးလုပ်နေသလို ခံစားလိုက်ရသည်။

သေနတ်နှစ်လက်ကို ကိုင်ဆောင်ပြီး ဒီလို လက်စွမ်းရှိတာ - မင်းက နာမည်ကျော်သလောက်ကို တော်တာပဲ Mr. Black Phantom။ ဟိုယွဲ့က တိတ်တဆိတ် သဘောကျနေသည်။

သူသည် ကျန်းဝေ၏ အဖွဲ့တွင် ဝင်ရောက်ခဲ့ခြင်းမှာ အဓိကအားဖြင့် အထက်ပုဂ္ဂိုလ်များထံမှ အမိန့်ရရှိခဲ့သောကြောင့် ဖြစ်သည်။ ကျန်းဝေ၏ အဖွဲ့တွင် ရလဒ်ကောင်းများထွက်ပေါ်နိုင်သည်ကို တစ်ကြိမ်မျှမကြားဖူးပေ။ သူ အံ့အားသင့်ရသည်မှာ၊ ဤထူးခြားလှသော Black Phantom သည် ယခင်က ဤအဖွဲ့၏ အစိတ်အပိုင်းဖြစ်ခဲ့သည်။

ဝံပုလွေဖြူကြီးသည် ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရသည်။ သူလက်တုံ့ပြန်နိုင်စွမ်းထက် ကျော်လွန်နေပြီး အခြားအမှုဆောင်များက မကူညီနိုင်သည်ကို သိရှိသဖြင့် အခင်းဖြစ်ရာမှ ထွက်ပြေးတော့သည်။ ဟန်ရှောင်းက ဒါကို မျှော်လင့်ထားပြီးသားဖြစ်ပြီး၊ အဲဒီအချိန်မှာ သူရဲ့ Berserk Eagles ကို ဝံပုလွေဖြူကြီးရဲ့ မျက်လုံးတွေဆီ ပစ်လွှတ်လိုက်ပြီး [Flaming Will] ကို အသက်ဝင်လာစေခဲ့သည်။

ယခုတစ်ကြိမ် ပျက်စီးမှု ၃.၂ ဆ တိုးလာခဲ့သည်။

ဘုန်း!

ဝံပုလွေဖြူကြီး၏ မျက်လုံးများ ပေါက်ကွဲသွားကာ ကုန်းပတ်ပေါ်သို့ လဲကျသွားပြီး နာကျင်စွာ ညည်းတွားလိုက်သည်။ သင်္ဘောကြီးတစ်ခုလုံး တစ်စက္ကန့်မျှ တုန်လှုပ်သွားသည်။ ကျန်းဝေသည် ချက်ချင်းပင် နောက်ထပ် ထိုးနှက်ချက် ပေးလိုက်သည်။ သူ၏ ခဲယမ်းမီးကျောက်များ ကုန်သွားသဖြင့် ကျန်းဝေ၏ သံချပ်ကာသည် ရွှေဓားတစ်လက်အဖြစ်သို့ ရှည်ထွက်လာသည်။ သူ့ ပြင်ပကိုယ်ထည်က သူ့အား ပေးစွမ်းသော စွမ်းအင်များဖြင့် ခုန်လိုက်ကာ ဝံပုလွေဖြူကြီး၏ ခန္ဓာကိုယ်ကို ကြိမ်ဖန်များစွာ ပြင်းထန်စွာ ခုတ်ထစ်လိုက်သည် ။

တခြားသူတွေက အကူအညီပေးဖို့ လာပြီး နောက်ဆုံးမှာ ဝံပုလွေဖြူကြီးကို အတူတကွ သတ်ဖြတ်လိုက်သည်။

ထိုအချိန်တွင် အရန်တပ်များသည် နောက်ဆုံးတွင် ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး ၎င်းတို့နောက်ဆုတ်ရန် အချက်ပြမီးတောက်ကို လွှတ်လိုက်သည်။ ထိုအချိန်တွင် ကျန်းဝေလှည့်၍ ဟန်ရှောင်းကို "ဟန်... Black Phantom၊ မင်း ငါတို့နဲ့ ထွက်သွားချင်လား"

"ရပါတယ်၊ ကျေးဇူးပါ။" ဟန်ရှောင်းသူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“ကောင်းပြီ၊ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ ငါဒါကို မှတ်ထားမယ်။ ကြယ်နဂါးနိုင်ငံလည်း ဒါကို မှတ်မိလိမ့်မယ်!"

ကျန်းဝေ၏ စကားသည် ဖုံးကွယ်ထားသော အဓိပ္ပါယ်ရှိသည်။ သူ့တပ်တွေနဲ့ အတူ လှည့်ပြီး ချေမှုန်းရေး လှေပေါ်ကို ခုန်တက်လိုက်တယ်။ လီယာလင်းသည် ဟန်ရှောင်း၏ ဦးတည်ရာကို စိုက်ကြည့်နေသည်။

ဌာန၁၃မှ အဖွဲ့ဝင်များ ဆုတ်ခွာသွားစဉ် ဟန်ရှောင်းသည် လျှပ်စစ်သံလိုက်လျပ်ပြေးဖိနပ်ကို အသက်သွင်းပြီး ကမ်းပေါ်သို့ ခုန်ဆင်းလိုက်သည်။ သူ့နောက်က အလိုအလျောက် မောင်းနှင်စနစ်ဖြင့် လိုက်လာသော ထရပ်ကားဆီကို အလျင်စလို ပြေးလိုက်သွားသည်။ ယာဉ်မောင်းထိုင်ခုံထဲကို ခုန်ဝင်ကာ ကိုယ်တိုင်မောင်းနှင်မှုအဖြစ် ပြောင်းလိုက်ပြီး ကမ်းစပ်မှ အမြန်ထွက်ခွာသွားတော့သည်။

ရေစိုနေသော ဟီလာသည် သင်္ဘောပေါ်သို့ တက်လာသည်။ မူးဝေခြင်းကို တွန်းလှန်ရင်း ထွက်ခွာလာသော ထရပ်ကားကို စိုက်ကြည့်မိသည်။ သူမသည် လူများကို ထိုကဲ့သို့ အမြဲတိုက်ခိုက်ခဲ့သူဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်တော့ သူမ၏ ဆေးအရသာကို ကိုယ်တိုင် အမှန်တကယ်ခံစားလိုက်ရသည်။

"Black Phantom ငါ မင်းကို သတိရနေမယ်" ဟီလာတစ်ကိုယ်လုံး လျင်မြန်စွာ သက်သာလာပြီး မျက်လုံးများ အေးခဲသွားသည်။

ဂျာမီနယ်တပ်ဖွဲ့ဝင်များသည် ဆိပ်ကမ်းသို့ရောက်ရှိလာပြီး တော်ပီဒိုကို လွှတ်လိုက်ရာ ပင်လယ်မိုင်းများ ပေါက်ကွဲသွားခဲ့သည်။ ရေများ ပေါက်ကွဲပြီး ပင်လယ်ပြင်ထဲကို အောင်မြင်စွာ ဝင်ရောက်သွားကြ၏။

ဟက်စ်လာ၏ ရေတပ်သည်လည်း လိုက်ပါလာခဲ့ပြီး လိုက်ဖမ်းခြင်းရန် စိတ်လျှော့ခြင်း မရှိပေ။ သင်္ဘောနှစ်စင်းစလုံးသည် အပြန်အလှန် ကန့်သတ်မှုများ ရှိနေ၏။ အမြောက်များဖြင့် ပစ်ခတ်မှုများကြားတွင် ဂျာမီနယ်သင်္ဘော နစ်မြုပ်သွားခဲ့သည်။

တိုက်ပွဲဗျူဟာများကို အခြေခံ၍ ဂျာမီနယ်တပ်ဖွဲ့များသည် တိုက်ခိုက်မှုများမှ ဖောက်ထွက်ပြီး လွတ်မြောက်ခဲ့သည်။

သို့သော်လည်း တိုက်ပွဲကြောင့် ခံစားရသည့် ပျက်စီးဆုံးရှုံးမှုများအပေါ် အခြေခံ၍ ဂျာမီနယ်သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ၏ ခုနစ်ဆယ် ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပြီး ဟက်စ်လာ၏ ဆုံးရှုံးမှုသည် ဂျာမီနယ်ဆုံးရှုံးခဲ့သည့် ဆယ်ရာခိုင်နှုန်းအောက်သာ ရှိသေးသည်။ ထိုသို့ပြောခြင်းဖြင့် အောင်ပွဲသည် သေချာပေါက် ဂျာမီနယ်မဟုတ်ပေ။

ဂျာမီနယ်တပ်ဖွဲ့အားလုံးကို မရပ်တန့်နိုင်ခဲ့သော်လည်း နှစ်နိုင်ငံလုံးသည် ရန်သူကို ပျက်စီးအောင် တိုက်ခိုက်ရန် ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ကြသည်။

နိဂုံးချုပ်ရသော် စစ်ပွဲတွင် အနိုင်ရသူများသည် ကြယ်နဂါးနိုင်ငံနှင့် ဟက်စ်လာတို့ဖြစ်သည်။

…

ပြတင်းပေါက်မှတဆင့် ဟန်ရှောင်းသည် ပင်လယ်ကို မော့ကြည့်လိုက်သည်။ ပင်လယ်တိုက်ပွဲကြောင့် ပျက်စီးမှုတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့ သူက ခေါင်းခါလိုက်သည်။

"တိုက်ပွဲကပြီးပြီ။"

ဟန်ရှောင်းသည် အသက်ပြန်ရှင်လာကာ သူ့ဘေးတွင်ထိုင်နေပုံရသည့် ဓါးရူးကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှလုပ်ရန်မလိုသည့် မစ်ရှင်တစ်ခုရေးလိုက်သည်။ ဓါးရူးသည် သူ့အတွက် ဓားတစ်ချက် အထိုးခံခဲ့ပြီး ထို့ကြောင့် သူမလိုသော်လည်း အတွေ့အကြုံအမှတ် အချို့ကို ပေးမည်ဖြစ်သည်။

မစ်ရှင်၏ ဖော်ပြချက်သည် တကယ်တော့ ဟန်ရှောင်းကိုယ်စား ဓားထိုးခံခြင်းအတွက် ဆုလာဘ်ဖြစ်ပြီး၊ ၎င်းသည် ဓါးရူးကို အံ့အားသင့်စေ၏။ သူ့လုပ်ရပ်သည် သူက သေလို့ရသော်လည်း ဟန်ရှောင်းက သေလို့မဖြစ်ဟု တွေးမိခဲ့သဖြင့် သူ့ဖာသာ သဘောဆန္ဒအလျောက် လုပ်ခဲ့ခြင်းဖြစ်သည်။ သူသည် မည်သည့်ဆုလာဘ်ကိုမျှ မမျှော်လင့်ခဲ့ပေ၊ ဟန်ရှောင်းကို ကာကွယ်ရန် ပို၍ပင် စိတ်ပိုင်းဖြတ်လာခဲ့သည်။

ဆုပေးပြီးနောက် ဟန်ရှောင်းက သူ့အင်တာဖေ့စ်ကို လှည့်ကြည့်ပြီး ပါးစပ်က နားနှစ်ဖက်ကို တက်ချိတ်အောင် ပြုံးလိုက်မိသည်။

_____________________

[ဒုတိယအကြိမ် ရာထူးတက်ခြင်း]

လက်ရှိတိုးတက်မှု : ၃/၃

_____________________

ကျန်းဝေနှင့် သူတိုက်ခိုက်ခဲ့သော ဝံပုလွေဖြူကြီးသည် အဆင့် ၄၅ ဇာတ်ကောင်ဖြစ်သည်။ ပူးတွဲတိုက်ပွဲဖြစ်သောကြောင့် ထပ်မံရရှိသော အတွေ့အကြုံအမှတ် မှာ အနည်းငယ်သာဖြစ်သည်။ သို့သော် ရာထူးတက်ခြင်းအတွက် လိုအပ်ချက်သည် ပြီးမြောက်သွားပြီဟု ဆိုနိုင်သည်၊ ဆိုလိုသည်မှာ ...

ငါ ရာထူးတက်ခြင်းကို လုပ်နိုင်ပြီ။!

အခန်း (၁၄၃) ပြီး၏။

လင်းဆက်

+++++

All Chapters