← Chapters

အပိုင်း(၅၅၆)

Vol. 38 Ch. 556

အပိုင်း(၅၅၆)

Vol. 38 Ch. 556

“ဒီထဲက ပစ္စည်းအချို့က ငါရဲ့ရတနာတစ်ထောင်စံအိမ်ထဲမှာ

ရှိလောက်တယ်.. နောက်ပြီးမှတစ်ယောက်ယောက်ကို စာရင်းလုပ်ဖို့ငါအမိန့်ပေးလိုက်မယ်”

ရှစ်ကျင်းရွှိုက်၏ စကားများအားနားထောင်ပြီးနောက်  ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“မင်းရဲ့ဒုက္ခခံမှုအတွက်ကျေးဇူးတင်ပါတယ်”

“ဒီမှာခဏလောက်စောင့်နေပါ”

ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အား ဤကဲ့သို့ပြောပြီးနောက်  ထရပ်လိုက်ပြီး အခန်းအပြင်ဘက်သို့လျှောက်လှမ်းထွက်သွားသည်။  ရှစ်ဖုန့်ကျင့်ကြံရန်အတွက်လိုအပ်

သောအရာများအားတစ်ချက်ရှာပေးရန်သူထွက်သွားခြင်းဖြစ်သည်။

ရှစ်ဖုန့်ကအခန်းအတွင်း၌ဆိတ်ငြိမ်စွာနေပြီး  ရှစ်ကျင်းရွှိုက်ပြန်အလာကိုစောင့်နေသည်။ သူ့ရှေ့၌ချထားသော ရနံ့မွှေးသည့်လက်ဖက်ရည်အား အရသာခံနေ၏။

ထျန်းလျန်အင်ပါယာတောင်ဝင်မြို့တော်ရှိ တော်ဝင်နန်းတော်ထိပ်ဖျား၌ဖြစ်သည်။

ဤအချိန်တွင် တော်ဝင်နန်းတော်၏ ထိပ်ဖျား၌ ခမ်းနားသော ရွှေရောင် ပုံရိပ်တစ်ခုကဝင့်ကြွားစွာရပ်နေသည်။ ၎င်းက ထျန်းလျန်အင်ပါယာ၏ ဧကရာဇ်မင်းဖြစ်သူ လန်ယွမ်ဖြစ်သည်။

လန်ယွမ်၏မျက်နှာကမြောက်အရပ်သို့မျက်နှာမူထားပြီး ကြမ်းကြုတ်သောလူနှစ်ဦးပျောက်ကွယ်သွားရာကောင်းကင်ပြင်သို့မျက်နှာခြင်းဆိုင်ထားသည်။

ခဏကြာပြီးနောက်  မှုန်ဝါးဝါး အနက်ရောင်အရိပ်တစ်ခုက လန်ယွမ်၏ရှေ့တွင် ဖြည်းဖြည်းချင်းပေါ်လာသည်။ ဤအနက်ရောင်ပုံရိပ်အားကြည့်လိုက်ပြီး လန်ယွမ်ကပါးစပ်တို့ကိုဖွင့်ဟ၍ လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ဘယ်လိုလဲ..ငါ့ရဲ့ထျန်းလျန်အင်ပါယာ

တော်ဝင်မြို့တော်ထဲမှာ တိုက်ခိုက်ကြတဲ့ လူနှစ်ယောက်ကဘယ်သူတွေလဲ. သူတို့က အရမ်းစွမ်းအားကြီးကြတယ်.ငါ့ရဲ့နှလုံး

သားကိုတောင်တဆက်ဆက်တုန်စေ

တဲ့စွမ်းအားကိုငါခံစားမိနိုင်တယ်”

“အမျိုးသမီးရဲ့နမည်က လီရူပါ..သူမက ယွင်လိုင်အင်ပါယာထဲက သေးငယ်တဲ့ရွာလေးတစ်ခုမှာနေတဲ့သားသတ်သမားတစ်ဦးရဲသမီးဖြစ်ပါတယ်.. သူမက အရှေ့ပိုင်းဒေသကြီးရဲ့နိုင်ငံတော်တော်များ

များမှာသက်ရှိတွေကို  အကြောင်းမဲ့သက်သက် လက်လွတ်စပယ် အစုလိုက်အပြုံလိုက်သတ်ခဲ့ပါတယ်.. မြို့တစ်ခုအတွင်းမှာဆိုရင်သူဟာသက်ရှိတွေကို မီလီယံနဲ့ချီပြီးတော့ကိုသတ်ပစ်ခဲ့တတာပါ”

“အဲ့အမျိုးသားရဲ့နမည်ကတော့ လီလျိုရှင်းပါ. လူတွေကသူ့ကိုပန်းကြွေဓားလို့ခေါ်ကြပါတယ်..သူ့ရဲ့မူလသိုင်းနယ်ပယ်က ကြယ်သုံးပွင့်ဘုရင်နယ်ပယ်မှာပဲရှိပါတယ်.. သူဘယ်ကလာလဲဆိုတဲ့အချက်ကို ကျွန်တော်မျိုးရှာမတွေ့ခဲ့ပေမဲ့ သူက အရှေ့ပိုင်းဒေသကြီးအတွင်းကနိုင်ငံတော်တော်များများမှာ ပေါ်လာခဲ့ပါတယ်..သူကလောဘကြီးတယ်.. တဏှာကြီးတယ် ပြီးတော့ ရွှမ်းရွှမ်းဝေအောင်လျှာရှည်တတ်တယ်..ဒါပေမဲ့…”

ဤအချိန်တွင် အနက်ရောင်ပုံရိပ်က ရုတ်တရက်စကားပြောခြင်းကိုရပ်တန့်

လိုက်သည်။

အနက်ရောင်ပုံရိပ်ကတစ်ဝက်တစ်ပျက်နှင့်ရပ်လိုက်သည်အားတွေ့ရသောအခါတွင် လန်ယွမ်မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ မျက်နှာထက်၌ အနည်းငယ်ဒေါသဖြစ်သွားပြီး  မကျေနပ်သော အမူအယာတစ်ခုအားပြသလာ၏။သူကလေးနက်သောအသံဖြင့်ပြောလိုက်သည်။

“ပြောစမ်း..ဒါပေမဲ့ ဘာဖြစ်လဲ”

အနက်ရောင်ပုံရိပ်ကလန်ယွမ်၏ စကားအားတိုက်ရိုက်ပြန်မဖြေပေ။ထိုအစား သူကလန်ယွမ်ကိုမေးလိုက်သည်။

“အရှင်အနေနဲ့ကျွန်တော်မျိုးတို့ရဲ့ထျန်းလျန်အင်ပါယာက မြင့်မြတ်တဲ့ဘိုးဘေး လန်မို့ လူတွေကိုတည်ဆောက်ဖို့အမိန့်ပေးခဲ့တဲ့ နတ်ဆိုးစစ်ပွဲသူရဲကောင်း ရုပ်ထုကို  မှတ်မိသေးလားဆိုတာကို ကျွန်တော်မျိုးသိချင်ပါတယ်””

“နတ်ဆိုးစစ်ပွဲသူရဲကောင်းရုပ်ထုလား”

အနက်ရောင်ပုံရိပ်၏ မေးခွန်းအားကြားလိုက်ရသောအခါတွင် လန်ယွမ်၏ မျက်နှာကလေးနက်စွာ မျက်မှောင်ကြုတ်သွားသည်။လန်မို့မှာ ထျန်းလျန်အင်ပါယာ၏ ဆယ့်တစ်ဆယ့်မြောက်ဧကရာဇ်မင်းဖြစ်သည်။ ထိုအချိန်ကတည်းက ယခုထိဆိုလျှင် နှစ်ပေါင်းတစ်ထောင်နီးပါးရှိနေပြီဖြစ်၏။

“ငါတို့ဘိုးဘေးရဲ့စစ်ပွဲသူရဲကောင်းရုပ်ထုနဲ့ ဒါကဘာဆိုင်လို့လဲ”

လန်ယွမ်က  ထပ်မံအော်ပြောလိုက်သည်။ ဒဏ္ဍာရီများအရ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ဝန်းကျင်လောက်က မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင် ထျန်းလျန်အင်ပါယာ၌ပေါ်လာခဲ့ပြီး ကမ္ဘာကြီးနှင့်သာမန်လူသားများအပေါ်တွင် ကသောင်းကနင်းအကြီးအကျယ်ထိခိုက်ပျက်စီးစေခဲ့သည်။

အခြားတစ်ဖက်တွင် လန်မို့က ကမ္ဘာပေါ်မှာကျွမ်းကျင်သူအားလုံးအား

စုစည်းခဲ့ပြီးမကောင်းဆိုးဝါးကိုတိုက်ခိုက်ခဲ့၏။ အဆုံးသတ်တွင် မကောင်းဆိုးဝါးမှာသတ်ဖြတ်ခံလိုက်ရသည်။ လန်မို့က မကောင်းဆိုးဝါးအားသတ်ဖြတ်ခဲ့သည့် ထိုကျွမ်းကျင်သူများနှင့်ဆင်တူသည့်ရုပ်ထုများအားတည်ဆောက်ရန်လူများကို အမိန့်ပေးခဲ့သည်။

နှစ်ပေါင်းတစ်ထောင်ကုန်ဆုံးသွားခဲ့သော်လည်း နတ်ဆိုးစစ်ပွဲသူရဲကောင်းခန်မအတွင်း၌ ရုပ်ထုများအား အမြတ်တနိုးထိန်းသိမ်းထားဆဲဖြစ်သည်။ သို့သော် နှစ်တစ်ထောင်ခန့်ကုန်ဆုံးသွားပြီးနောက် ထိုသူရဲကောင်းများ၏ရုပ်ထုများအား ကမ္ဘာကြီးကဖြည်းဖြည်းချင်းမေ့

သွားခဲ့ပြီဖြစ်သည်။

လန်ယွမ်ပင်လျှင် သူရဲကောင်းခန်းမအတွင်းသို့ကလေးဘဝကတစ်ကြိမ်သာဝင်ဖူးသည်ဖြစ်သည်။သူ့အနေ

ဖြင့်နောက်ပိုင်းထပ်မံဝင်ရောက်ခဲ့ခြင်းမရှိချေ။

နတ်ဆိုးစစ်ပွဲသူရဲကောင်းခန်းမအတွင်းမှ သူရဲကောင်းရုပ်ထုအကြောင်းလန်ယွမ်မေးသည်အား ကြားရသောအခါတွင် မှုန်ဝါးဝါးအနက်ရောင်ပုံရိပ်က ပြောလိုက်သည်။

“အရှင်မင်းကြီး  ဘိုးဘေးချန်ရစ်ထားခဲ့တဲ့ ရုပ်ထုတွေကြားထဲမှာ  လီလျိုရှင်းနဲ့တစ်ထေရာတည်းတူညီ

တဲ့ရုပ်ထုတစ်ခုရှိနေပါတယ်”

“ဘာ”

လက်အောက်ငယ်သားဖြစ်သူ၏ စကားအားကြားလိုက်ရသောအခါတွင် လန်ယွမ်တစ်ယောက်တုန်လှုပ်အံ့အားသင့်သွားသည်။ ထို့နောက်သူကဒေါသတကြီးအော်ပြောလိုက်၏။

“မင်းဆိုလိုတာ..အဲ့လူက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်ကတည်းက အသက်ရှင်ကျန်ရစ်နေခဲ့တဲ့သူလို့ပြောချင်တာလား”

နှစ်ပေါင်းတစ်ထောင်အထိအသက်ရှင်နေသောလူတစ်ယောက်ဖြစ်သည်လော။ မည်ကဲ့သို့ဖြစ်နိုင်ပါမည်နည်း။ကမ္ဘာကြီးအားနှိမ့်ချရှုမြင်နိုင်စွမ်းရှိသော ဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင်  အများဆုံးနှစ်ပေါင်းသုံးရာခန့်သာ အသက်ရှင်နိုင်သည်ဖြစ်သည်။

လူသားမျိုးနွယ်က  နှစ်ပေါင်းတစ်ထောင်အထိအသက်ရှင်

နေခြင်းဖြစ်သည်။ ဤသည်ကားရိုးရှင်းစွာပင် ကြားပင်ကြားဖူးသောအရာမဟုတ်ချေ။

လန်ယွမ်မှာ ဤအရာအားကြားသောအခါတွင်၎င်း

အားမယုံကြည်နိုင်ပေ။

လန်ယွမ်၏ဒေါသအားမြင်တွေ့ရသောအခါတွင် အနက်ရောင်ပုံရိပ်ကအလျှင်အမြန်ရှင်းပြသည်။

“အရှင်မင်းကြီး စိတ်ထိန်းတော်မူပါ.. ကျွန်တော်မျိုးက အမှန်ကိုတင်ပြခြင်းသာဖြစ်ပါတယ်.

အဲ့တာကကျွန်တော်မျိုးလီလျိုရင်းနဲ့

ပက်သက်ပြီးရရှိနိုင်သမျှ အချက်အလက်တွေအားလုံးပါပဲ. ပြီးတော့သူက သူရဲကောင်းခန်းမထဲကရုပ်ထုနဲ့ တကယ့်ကို တစ်ထေရာတည်းတူနေတာပါ”

ထို့နောက် လန်ယွမ်၏  ဒေါသတို့ ပြေလျော့လာသည်။ အနက်ရောင်ပုံရိပ်ကသူ့အားအကြွင်းမဲ့သစ္စာရှိပြီး သူ့အတွက်အရာရာအားအကောင်းဆုံး

လုပ်ခဲ့ခြင်းဖြစ်သည်ကိုသူသိသည်ဖြစ်သည်။ ၎င်းကသူ့အားအမှန်ကိုသာတင်ပြခြင်းဖြစ်၏။

လီလျိုရှင်းကလွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကတည်းက ရှင်သန်နေသောသူဟူသည့်အချက်အတွက်မူ လန်ယွမ်အနေဖြင့်ယုံကြည်ခြင်းမရှိပေ။ ၎င်းတို့၏တူညီခြင်း ကတိုက်ဆိုင်မှုသက်သက်သာဖြစ်မည်ဖြစ်သည်။

ထို့နောက်လန်ယွမ်က ထပ်မံပြောလိုက်သည်။ သူ၏လေသံကများစွာညင်သာလာ၏။

သူကအနက်ရောင်ပုံရိပ်အားပြောလိုက်သည်။

“အဲ့နှစ်ယောက်ရဲ့လှုပ်ရှားမှုတွေကို အနီးကပ်အာရုံစိုက်ထားပါ.. အခုက အဖြစ်အပျက်တွေနဲ့ စုံလင်နေတဲ့အချိန်တစ်ခုပဲ.. နောက်ထပ်ဘာမတော်တဆမှု

တွေမှဖြစ်လာလို့မရဘူး”

“ကျွန်တော်မျိုးနားလည်ပါပြီ. ကျွန်တော်မျိုးအခုထွက်ခွာပါတော့မယ်.. “

အနက်ရောင်ပုံရိပ်က ပြန်ဖြေလိုက်သည်။ထို့နောက်လန်

ယွမ်ရှေ့ရှိအနက်ရောင်ပုံရိပ်မှာ ဖျက်ခနဲဆိုသလိုပျောက်ကွယ်သွား၏။

အနက်ရောင်ပုံရိပ်ထွက်ခွာသွားပြီးနောက် လန်ယွမ်၏ အကြည့်တို့က တော်ဝင်နန်းတော်အောက်ဘက်သို့

ကျရောက်နေဆဲဖြစ်သည်။ ယင်းမှာသူ့အနေဖြင့် ဤကြီးကျယ်ထင်ရှားသောအရာ၏ အောက်ခြေအားတွင်းဖောက်မြင်

နိုင်သကဲ့သို့ပင်ဖြစ်သည်။ သူကအသံတိုးတိုးဖြင့်ရေရွတ်လိုက်၏။

“ငါဖိနှိပ်ထားတဲ့စွမ်းအားကိုခံစားမိနေပြီ. အဲ့တာကလျော့လျဲလာနေပြီ..ဟူး..”

အဆုံးသတ်တွင်ကူကယ်ရာမဲ့သော

သက်ပြင်းတစ်ချက်သာ လေထဲ၌ထွက်ပေါ်လာ၏။

ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ရှိ ရတနာတစ်ထောင်ကုန်သည်အ

ဆောက်အဦးတွင်ဖြစ်သည်။

ရှစ်ကျင်းရွှိုက်မှာရှစ်ဖုန့်အားအခန်းအတွင်းထားခဲ့ပြီးနောက် သိပ်မကြာခင်ပြန်ရောက်လာပြီး ရှစ်ဖုန့်ရှေ့၌ထိုင်လိုက်သည်။

ထို့နောက် အဖြူရောင်ကျောက်ပုလင်းသုံးလုံးနှင့်  ကျောက်စိမ်းသေတ္တာတစ်လုံးတို့အားသူ၏သိုလှောင်လက်စွပ်အတွင်းမှထုတ်ယူလိုက်ပြီး သူနှင့်ရှစ်ဖုန့်တို့ထိုင်နေသောစားပွဲ

ပေါ်သို့တင်လိုက်သည်။

စားပွဲပေါ်ရှိပစ္စည်းများအား ထိုးညွှန်ပြသရင်း ရှစ်ကျင်းရွှိုက်ကရှစ်ဖုန့်အားပြောလိုက်သည်။

“ညီလေးရှစ်. ဒီကျောက်ပုလင်းသုံးလုံးနဲ့ ကျောက်စိမ်းသေတ္တာတစ်ခုတို့က ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်က ရတနာတစ်ထောင်ကုန်သည်အဆောက်အဦးအတွင်းမှာရှိတဲ့ တန်ဖိုးအရှိဆုံးအရာတွေပဲ”

“ဒီပစ္စည်းတွေကိုမြင်တုံးက  ငါ့အတွက်ဒါတွေကိုသုံးချင်ခဲ့တာ. ဒါပေမဲ့ အရှေ့ပိုင်းဒေသကြီးထဲက အလှပဆုံး အမျိုးသမီးတစ်ယောက်ဖြစ်တဲ့မင်းသမီးလင်လုံကို အိမ်အပါခေါ်မဲ့ မင်းရဲ့ကြီးမား တဲ့ အစီအစဉ်အတွက်  မင်းကိုပေးဖို့ကလွဲပြီးငါ့မှာရွေးစရာမရှိဘူးလေ”

ထို့နောက်ရှစ်ကျင်းရွှိုက်က ကျောက်ပုလင်းသုံးလုံးနှင့်ကျောက်စိမ်းသေတ္တာတစ်လုံးတို့အား ထိုးညွှန်ပြပြီး ရှစ်ဖုန့်ကိုမိတ်ဆတ်ပေးသည်။

“ဒီ ကျောက်ပုလင်းသုံးလုံးမှာ အဆင့်ရှစ်အဆင့် မဟာသူတော်စင်ယွမ်ဆေးလုံးသုံးလုံးပါတယ်. ဒီကျောက်စိမ်းသေတ္တာထဲမှာကအဆင့်ရှစ်ဆေးပင်ဖြစ်တဲ့ သွေးသားမြက်ပင်ပါတယ်”

မဟာသူတော်စင်ယွမ်ဆေးလုံး။ရှစ်ဖုန့် ရှန်းဟွေ့မြို့အရှင်သခင် ရှန်းအောင်ရှင်းအားသတ်ခဲ့စဉ်က မဟာသူတော်စင်ယွမ်ဆေးလုံးတစ်လုံးကို သူရရှိခဲ့သည်။ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်မှကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်သို့ တက်လှမ်းသောအခါတွင် မဟာသူတော်စင်ယွမ်ဆေးလုံးအား

သူဝါးမျိုခဲ့ပြီး ၎င်းအတွင်းသန့်စင်သော မူလစွမ်းအင်များအားစုပ်ယူခဲ့၏။

မဟာသူတော်စင်ယွမ်ဆေးလုံးမှာ နမည်အတိုင်းအဆင့်ရှစ်ဆေးလုံးများဖြစ်သည်။ထျန်းဟန်တိုက်ကြီးအတွင်းတွင် အမြင့်ဆုံးအဂ္ဂရိတ်သန့်စင်သူကသာလျှ၍င် အဆင့်ရှစ်ဆေးလုံးအားဖော်စပ်နိုင်ခြင်းဖြစ်သည်။ မဟာသူတော်စင်နယ်ယွမ်ဆေးလုံးက အဖိုးထိုက်တန်ပြီးတန်ဖိုးဖြတ်မရနိုင်

လောက်အောင်ဈေးကြီးသည်ဖြစ်၏။

အဆင့်ရှစ်သွေးသားမြက်ပင်မှာ အဆင့်ရှစ်သာရှိသော်လည်း ၎င်း၏ တန်ဖိုးက ၎င်း၏ရှားပါးမှုကြောင့် မဟာသူတော်စင်ယွမ်ဆေးလုံးထက်နိမ့်ကျခြင်းမရှိချေ။ သွေးသားမြက်ပင် ပေါက်လာချိန်တွင် ၎င်းအားအဆင့်ရှစ်နယ်ပယ်သက်ရှိများ၏ သွေးသားတို့ဖြင့် နေ့စဉ်သွန်းလောင်းပေးရသည်။ဆယ်နှစ်ကြာပြီးနောက်တွင် ၎င်းက ကြီးထွားလာမည်ဖြစ်သည်။၎င်း၏တန်ဖို့ကစိတ်ကူးကြည့်၍ပင်မရနိုင်ပေ။

ရှစ်ကျင်းရွှိုက်အနေဖြင့် ဤကဲ့သို့ရှားပါးသောရတနာများအားရရှိနိုင်စွမ်းရှိနေမည်ဟုမည်သူကတွေးထင်ပါမည်နည်း။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters