← Chapters

အပေါ့စားယန္တရားလက်အတွက် ဉာဏ်ကွန့်မြူးခြင်း

Vol. 10 Ch. 147

အပေါ့စားယန္တရားလက်အတွက် ဉာဏ်ကွန့်မြူးခြင်း

Vol. 10 Ch. 147

အခန်း (၁၄၇) အပေါ့စားယန္တရားလက်အတွက် ဉာဏ်ကွန့်မြူးခြင်း

ယန္တရားပညာရှင်များသည် နည်းဗျူဟာမြောက်များစွာရှိသောကြောင့် လူသိများသည်။ သူတော်စင်များသည် တူညီသောလှည့်ကွက်အတွက် နောက်တစ်ကြိမ် ဘယ်တော့မှ ကျဆုံးမည်မဟုတ်သကဲ့သို့ ယန္တရားပညာရှင်များသည် နည်းဗျူဟာတစ်ခုတည်းအပေါ် ဘယ်တော့မှ အားကိုးမည်မဟုတ်ပေ။ နည်းဗျူဟာအသစ်များကို တီထွင်ရန်အတွက် ပင်မကိရိယာတစ်ခုကို ဗဟိုပြုထားသော နည်းဗျူဟာအသစ်များကို ဖော်ဆောင်ရန်သာ လိုအပ်မည်ဖြစ်သည်။ Lurker Sniper Flow ၏ အဓိကအချက်မှာ စနိုက်ပါကိုယ်တိုင်ဖြစ်သကဲ့သို့ လျှပ်စစ်သံလိုက်လျပ်ပြေးဖိနပ်၊ အထူးခဲယမ်းမီးကျောက်၊ ကိုယ်ပျောက်စွမ်းရည်စသည့် နောက်ထပ်ကိရိယာများကို အသုံးပြုခြင်းသည် လူတစ်ဦး၏ စွမ်းရည်ကို ပိုမိုခိုင်မာစေနိုင်သည်။

ယန္တရားပညာရှင်အတွက်၊ တိုက်ပွဲနည်းဗျူဟာအသစ်ကို တီထွင်ခြင်းသည် စိန်ခေါ်မှုဖြစ်သော်လည်း ပျော်စရာကောင်းသော အလုပ်ဖြစ်သည်။ စိတ်ကူးစိတ်သန်းအသစ်တွေကို ဖောက်ထွင်းပြီး အသက်ဝင်အောင် စွမ်းဆောင်နိုင်မှုက အခန်းကဏ္ဍတစ်ခုအနေနဲ့ ကစားရတဲ့ဂိမ်းတွေလိုပဲ ပြီးပြည့်စုံတဲ့ခံစားချက်ကို ရရှိစေနိုင်ပါတယ်။

ငါ့မှာ ရွေးချယ်စရာ နည်းနည်းရှိတယ်၊ ရိုဗာတွေ၊ အိတ်ဆောင်ဘက်ထရီများ၊ ကိုယ်တိုင်ဖန်တီးထားသော Mechas။ သို့သော်၊ ရိုဗာတွေရဲ့ အရည်အချင်းများနှင့် ဉာဏ်ရည်ဉာဏ်သွေးသည် ၎င်းတို့ဘာသာ အားနည်းနေပြီး သူတို့ရဲ့ ကြီးမားသော အရွယ်အစားကြောင့် အလွယ်တကူ သယ်ဆောင်သွားလို့မရဘူး။

ထို့အပြင် တစ်ခုတည်းသော မော်ဒယ်ကို စက်ရုပ်တပ်မှာ ထည့်သွင်းထားသော်လည်း ရလဒ်မှာ ကျေနပ်ဖွယ်မရှိပေ။ ထိုအရာများက စျေးကြီးလှ၏။

ဘက်ထရီနှင့်ပတ်သက်၍… 'ခရီးဆောင်'ဟု နာမည်တွင်ပါသော်လည်း၊ အောက်ခံပြားသည် အလွန်ကြီးမားဆဲဖြစ်သည်။ စက္ကန့်ပိုင်းအတွင်း မတပ်ဆင်နိုင်ရင်၊ မီးတောက်သေနတ်ပုံစံနဲ့ သုံးလို့မရပါဘူး။ ဖြစ်ကောင်းဖြစ်နိုင်တာက ဒါကို ထောင်ချောက်ဆင်ပြီး ချောင်းမြောင်းတိုက်ခိုက်ရာမှာပဲ အသုံးပြုနိုင်သည် ...

ကိုယ်တိုင်ဖန်တီးထားတဲ့ Mechas တွေလည်း ရှိ၏...

ဟန်ရှောင်းတွင် K600 ယန္တရားကိုယ်ထည်စနစ်၊ စမတ်ချစ်ပ်၊ ပြင်ပကိုယ်ထည် ခြေလက်အင်္ဂါများ၊ လျပ်စစ်သံလိုက်လျပ်ပြေးဖိနပ်၊ အခြေခံသိုလှောင်တုံးနှင့် အခြားသော မော်ဂျူးများကဲ့သို့သော ချပ်ဝတ်တန်ဆာဝတ်စုံအတွက် အသုံးပြုနိုင်သည့် ဒီဇိုင်းပုံစံများစွာရှိသည်။ ထို့အပြင်၊ ဇီဝအင်ဂျင်နီယာပညာ၊ ယန္တရားစွမ်းအင်ပြောင်းလဲခြင်း၊ တပ်ဆင်မှု နှင့် စွမ်းအင်ပြည့်ဝခြင်း အပါအဝင် အခြေခံ အသိပညာများအားလုံးကို ဆည်းပူးခဲ့သည်။ သူကိုယ်တိုင် ချပ်ဝတ်တန်ဆာ ဖန်တီးခြင်းအတွက် စံသတ်မှတ်ချက်များ ပြည့်စုံနေပြီဖြစ်သည်။

ထိုအကြံက သိပ်တော့မဆိုးပေ။ သို့သော်လည်း အချို့သောပြဿနာများ ပေါ်ပေါက်လာနိုင်သည်။ ဥပမာအားဖြင့်၊ Mecha ကို တပ်ဆင်ရန်အတွက် သူသည် ပစ္စည်းများ ပြုပြင် ဖြည့်တင်းနိုင်သည့် ပံ့ပိုးရေးယာဉ်ကို ဦးစွာ လိုအပ်ပါသည်။ အချိန်အကြာကြီး တိုက်ခိုက်ခြင်းသည် လူတိုင်း ရင်ဆိုင်ရမည့် ပြဿနာကဲ့သို့ပင် တိုက်ခိုက်စွမ်းအားကို အားနည်းသွားစေနိုင်သည်။

ဒါ့အပြင် သံဗူးကိုဝတ်ပြီး မပြေးချင်ဘဲ ပျံသန်းနိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မည်။ သူသည် ဂျက်အိတ်ကို အမှန်တကယ် တီထွင်ခဲ့သော်လည်း ပြုပြင်ပြောင်းလဲမှုအချို့ လိုအပ်နေသေးသည်။ စဖွင့်လိုက်သောအခါတွင် လေယာဉ်မှူးမပါဘဲ ဂျက်အိတ်သည် ပျံသန်းသွားမည်ဖြစ်သည်။ အကယ်၍ ဂျက်အိတ်ကို တင်းတင်းကြပ်ကြပ် လုံခြုံအောင်ထားမည်ဆိုပါက၊ ချားရထား၏ အမြန်နှုန်းထက် အဆတစ်ရာခံစားရမည် ဖြစ်သည်။ ဟန်ရှောင်းက အဲဒါကို ဒုတိယအကြိမ် မစမ်းသပ်ချင်ပေ။ ဒရုန်းသေးသေးလေးတွေကလွဲလို့ သူ့ရဲ့ တခြားစက်တွေမှာ ပျံသန်းနိုင်စွမ်း မရှိသေးချေ။

အလယ်အလတ်စကေးနှင့် ကြီးမားသောစကေး Mechas သည် [စက်ယန္တရားကြီးပြုပြင်မွမ်းမံခြင်း] ကို ကြိုတင်သိရှိထားရန် လိုအပ်ပြီး သူသည် ပေါ့ပါးသော Mechas များကိုသာ ပြုပြင်မွမ်းမံနိုင်စွမ်းရှိသည်။ နာနိုကြွက်သားဝတ်စုံများသည် ပို၍ အထူးခြားဆုံး ဖြစ်သော်လည်း [အသေးစားပုံစံယန္တရားပြုပြင်မွမ်းမံခြင်း] နှင့်ပတ်သက်၍ ကြိုတင်သိရှိထားရန် လိုအပ်ပါသည်။

ရုတ်တရက် ဟန်ရှောင်းသည် တစ်ခုခုကို ရှာဖွေတွေ့ရှိသွားပြီး အကြံသစ်တစ်ခု ထွက်ပေါ်လာသည်။

အမှားကြီးတစ်ခု လုပ်လုနီးပါးပဲ။ တကယ်တော့၊ ငါဟာ ငါ့ရဲ့ နည်းဗျူဟာ အူတိုင်အဖြစ် သံချပ်ကာ မလိုအပ်ပါဘူး။ အပေါ့စား ချပ်ဝတ်တန်ဆာ အမျိုးအစားကနေ စတင်နိုင်တယ်၊ ပစ်အားကို လျစ်လျူရှုပြီး ငါ့ရဲ့ ပင်ကိုယ်အရည်အသွေးတွေကို အာရုံစူးစိုက်လို့ရတယ်...

သူ့မှာ အကြံတစ်ခုရှိ၏။ သူအရင်က အသုံးပြုခဲ့တဲ့ သို့မဟုတ် မြင်ဖူးတဲ့ ချပ်ဝတ်တန်ဆာကို ပြန်ပြောင်းသတိရတဲ့အခါ အခြေခံ အပေါ့စား ချပ်ဝတ်တန်ဆာဟာ ယုံကြည်စိတ်ချရပြီး ပုံတူကူးဖို့ လွယ်ကူလိမ့်မယ်လို့ သူထင်နေသည်။

စက်ရုပ်များနှင့် ခံတပ်များအတွက်မူ သယ်ယူရန် အဆင်မပြေသောကြောင့် ၎င်းတို့အား စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ပြီး ထရပ်ကားဖြင့် အမြဲတမ်း ယူဆောင်လာရန် မဖြစ်နိုင်ပေ။ လေယာဉ်ပျံ ပံ့ပိုးမှုဖြင့်ပင်၊ သယ်ယူပို့ဆောင်ရေး လေယာဉ်ရှိရမည်၊ ထို့နောက် ငွေရှိရမည်... နိုင်ငံတစ်နိုင်ငံ၏ ဝေဟင်ပိုင်နက်တွင် မည်သည့် လေယာဉ်မျှ မပျံသန်းနိုင်ပါ။ လိုင်စင်ပါရှိသည့် ဖေဘီယန် ကုမ္ပဏီ၏ လေယာဉ်များပင်လျှင် ပုံသေလမ်းကြောင်းအတိုင်း လိုက်ခဲ့ရပြီး ၎င်းတို့နှစ်သက်သည့်နေရာတိုင်းကို ပျံသန်းခွင့်မပြုပေ။ တောထဲကို ပျံသန်းရတာ အဆင်ပြေလိမ့်မယ်၊ ဒါပေမယ့် အနီးအနားမှာ တည်ငြိမ်တဲ့ ထောက်ပံ့ရေးစခန်းတွေ ရှိမှာမဟုတ်ဘူး၊ လေပေါ်က ပစ်ချပေးဖို့အတွက် ခက်ခဲလိမ့်မည်။

ညသည် မှိန်ဖျော့လာသည်နှင့်အမျှ နေ၏ ရွှေရောင်တောက်ပမှုသည် ကောင်းကင်ပြင်ကို အနက်ရောင်မှ အပြာဖျော့ဖျော့သို့ ပြောင်းလဲစေခဲ့သည်။

ဟန်ရှောင်းလည်ပင်းကို ဆန့်ထုတ်လိုက်ပြီး လည်ပင်းရိုးတွေကနေ ကွဲအက်နေတဲ့ အသံတစ်ခုထွက်လာတယ်။ {ဇက်ချိုးတာကို ဆိုလိုတာ 😅 သောက်ကျိုးနဲ ဘာသာပြန်ရင်းတောင် ကြောင်သွားတယ်။} သူသည် အားအင်အပြည့်နှင့် စိတ်အားထက်သန်မှုအပြည့်ရှိပြီး လန်းဆန်းသောနေ့အတွက် အဆင်သင့်ဖြစ်နေသည်။ လက်သီးတစ်ချက်နဲ့ ကောင်းကင်ကို ထိုးဖောက်နိုင်သလို ခံစားရတယ်။

ဟုတ်ပါတယ်၊ ဒါက သူ့ရဲ့ ပြည့်လျှံနေတဲ့ စွမ်းအင်ကြောင့် ထင်ယောင်ထင်မှားတစ်ခုပါပဲ။ သူ့အာရုံများ အားကောင်းလာပြီးနောက်တွင်လည်း ထက်မြက်လာသည်။ ဟန်ရှောင်းသည် သူ၏ အမြင်အာရုံ၊ အကြားအာရုံနှင့် အနံ့ခံအာရုံ အားလုံးကောင်းမွန်လာသည်ဟု ခံစားမိသည်။ ထို့ကြောင့် သူသည် သစ်ပင်ပင်စည်၏ ကြမ်းတမ်းသောမျက်နှာပြင်ရှိ အသေးစိတ်အချက်အလက်များကို အဝေးမှပင် မြင်နိုင်သည်။

ဟန်ရှောင်းသည် ရဟတ်ယာဉ်ပေါ်တက်ပြီး လေယာဉ်မှူးကို ပျံသန်းရန် အမိန့်ပေးခဲ့သည်။

…

ဟန်ရှောင်းသည် Dark Net ၏ ရဟတ်ယာဉ်ဖြင့် ခရီးဆက်ခဲ့ပြီး နောက်ဆုံးတွင် လောင်စာဆီဖြည့်ရန် အကြိမ်ပေါင်းများစွာ ဆင်းသက်ပြီးနောက် တောင်ပိုင်းတိုက်ကြီးရှိ အခြားရွာသစ်သို့ ရောက်ရှိခဲ့သည်။ ဤရွာသည် လေလွင့်တပ်မှူးချုပ်များစုဝေးရာ နေရာဖြစ်ပြီး အစိမ်းရောင်တောင်ကြားမြို့ဟု ခေါ်သည်။

‌ရေပင်လယ်ဂြိုလ်တွင် ကစားသမားသစ်များအတွက် စုစုပေါင်း ဆယ့်ကိုးမြို့ ရှိသည်။ တောင်ပိုင်းတိုက်ကြီးတွင် ငါးမြို့၊ အနောက်တိုက်ကြီးတွင် လေးမြို့၊ မြောက်တိုက်ကြီးတွင် လေးမြို့နှင့် အန်ဒရီရာပြည်မကြီးတွင် ခြောက်မြို့ရှိသည်။

အစိမ်းရောင်တောင်ကြားမြို့သည် လေလွင့်တပ်မှူးချုပ်များ ထိန်းချုပ်ထားသောနယ်မြေဖြစ်ပြီး အလူမီရာမိသားစုမှပိုင်ဆိုင်သည်။

မိသားစုပုံစံစီမံခန့်ခွဲမှုဖြင့် လူသိများသော လေလွင့်တပ်မှူးချုပ် တပ်ဖွဲ့ အလူမီရာသည် တောင်ပိုင်းတိုက်ကြီးတွင် ရုံးစိုက်ခဲ့သည်။ သူတို့သည် မြောက်ဘက်တွင် ကုန်းမြေတစ်ခုလည်း ရှိသည်။ ထို့အပြင်၊ သူတို့သည် သီးစီးရပ်စ်နှင့်ပူးပေါင်းခဲ့သည်။ စစ်ဦးစီးချုပ်ကို ဒဲရိုအလူမီရာဟုခေါ်သည်။ မျိုးရိုးအမည်တူ မည်သူမဆို ၎င်း၏ မိသားစုဝင်ဖြစ်လာလိမ့်မည်။ သူ၏ အခြားသော ထိပ်တန်းတပ်မှူးများသည် သူနှင့်ပူးပေါင်းရန် ရွေးချယ်ခန့်အပ်ထားသည့် သန်မာသော ကစားသမားများဖြစ်ကြပြီး ဒုတိယခေါင်းဆောင် ရှောင်ကျင်း၊ တတိယခေါင်းဆောင် ပီးချီ စသည်တို့ဖြစ်သည်။ မျိုးသုဉ်းသွားသော နိုင်ငံအသီးသီးမှ ကျန်ရစ်ခဲ့သော အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ထို့ကြောင့် သူတို့သည် မတူကွဲပြားသော လူများဖြစ်သည်။

လေလွင့်တပ်မှူးချုပ်တွေက သူတို့ကိုယ်သူတို့ 'မိသားစု'၊ 'အုပ်စု', 'ငွေကြေးဆိုင်ရာအဖွဲ့', 'ဗိုလ်ချုပ်ကြီး' စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ အဖွဲ့များဖွဲ့လျှင် အနိုင်ကျင့် သို့မဟုတ် ခြိမ်းခြောက်ခံရနိုင်ခြေ နည်းပါးသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ နောက်ဆုံးတွင် အင်အားပိုမိုအားကောင်းလာသောအခါ၊ အလူမီရာသည် စစ်တပ်ကို ထိန်းချုပ်ခဲ့ပြီး တောရိုင်း‌ဒေသတွင် အာဏာပိုင်ဖြစ်လာ၏။ လေလွင့်တပ်မှူးချုပ် တော်တော်များများသည် ရေပင်လယ်ဂြိုလ်၏ တောရိုင်းဒေသက အများစုအတွက် ဘေးကင်းတဲ့နေရာမဟုတ်တာကြောင့် သူတို့နဲ့ပူးပေါင်းဖို့ ရွေးချယ်ခဲ့ကြသည်။

ဟန်ရှောင်းလိုချင်တာအားလုံးက ကစားသမားတွေကို ဆက်လက်ရှာဖွေပြီး သူတို့ကနေတစ်ဆင့် အတွေ့အကြုံတွေရယူဖို့ပင်။ အချိန်က အကန့်အသတ်ရှိ၏။ ထို့ကြောင့် တိုက်ပွဲများအပြီးတွင် သူသည် မရပ်နားဘဲ ကစားသမားများကို ရှာဖွေရန် ရွာသစ်များသို့ ချက်ချင်းသွားရောက်လေသည်။

ကစားသမားများသည် အွန်လိုင်းနှင့် အော့ဖ်လိုင်း သို့မဟုတ် ပြန်လည်ရှင်သန်သောအခါတွင် ဖြစ်ရပ်သုံးခုရှိသည်။ ပထမအကြိမ်သည် 'တူညီသောနေရာ' တွင် ပြန်လည်ရှင်သန်ခြင်း ဖြစ်သည်။ ဤသည်မှာ ရှင်းလင်းချက်အချို့ လိုအပ်၏။ ရွေ့လျားနေသောယာဉ်ပေါ်တွင်ရှိနေစဉ် အော့ဖ်လိုင်းဖြစ်သွားသောအခါ၊ ပြန်လည်ရှင်သန်လာသောအခါတွင် တစ်နေရာတည်းတွင် ပြန်လည်ရှင်သန်လာမည်မဟုတ်သော်လည်း တူညီသောယာဉ်ပေါ်တွင် ပြန်လည်ရှင်သန်စေမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ အကယ်၍ လူတစ်ယောက်သည် အာကာသထဲတွင် ခရီးသွားနေသော်လည်း ပြန်လည်မွေးဖွားသည့်နေရာသည် အာကာသယာဉ်ပေါ်တွင် မဟုတ်ပါက၊ ရူးသွပ်သွားမည်ဖြစ်သည်။

ဒုတိယ အဖြစ်အပျက်သည် အနီးဆုံးမြို့၌ ပြန်လည်ရှင်သန်နေပါသည်။ ၎င်းသည် ပြန်လည်ရှင်သန်နေသော ကစားသမားများနှင့်သာ သက်ဆိုင်ပြီး လော့ဂ်အင်ဝင်ထားသူများအတွက်သာ သက်ဆိုင်ပါသည်။ ဆိုလိုသည်မှာ လူတစ်ဦးသေဆုံးပါက မြို့တစ်မြို့သို့ အခမဲ့သွားရောက်နိုင်ခွင့် ရရှိမည်ဖြစ်ပြီး ထိုမြို့သည် သူတို့သွားချင်သောမြို့ ဖြစ်ချင်မှ ဖြစ်လိမ့်မည်။

တတိယအခြေအနေမှာ ပြန်လည်ရှင်သန်နိုင်သောနေရာတစ်ခုနှင့် ချိတ်ဆက်ထားသည်။ သို့သော်၊ ၎င်းသည် စခန်းများနှင့် ဆက်နွယ်မှု၊ အထူးပစ္စည်းများ သို့မဟုတ် NPC များနှင့် သဘောတူညီချက်များ အပါအဝင် အထူးအခြေအနေများ လိုအပ်၏။ ဥပမာအားဖြင့်၊ လူတစ်ဦးသည် လျှို့ဝှက်စခန်းတစ်ခုသို့ ဝင်ရောက်သောအခါ၊ ထိုလူသည် စခန်းတွင် ချိတ်ဆက်ပြီး ၎င်းကို ပြန်လည်ရှင်သန်ရန် နေရာအဖြစ် ရွေးချယ်နိုင်သော်လည်း၊ အခြားသူများသည် ထိုသို့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

ဓါးရူးသည် ရဟတ်ယာဉ်ပေါ်တွင် အွန်လိုင်းပေါ် ရောက်လာလိမ့်မည်။ ထို့ကြောင့် ဟန်ရှောင်းသည် ဖုန်းကို ချန်ထားခဲ့ကာ လေယာဉ်မှူးကို စောင့်ရန် အမိန့်ပေးခဲ့သည်။ ထို့နောက် သူသည် သစ်တောကိုဖြတ်၍ အစိမ်းရောင်တောင်ကြားမြို့သို့ ဦးတည်သွားခဲ့သည်။

နှစ်နာရီကြာပြီးနောက်၊ အစိမ်းရောင်တောင်ကြားမြို့၏ ကောက်ကြောင်းကို အဝေးမှမြင်နိုင်သည်။ မြေပြန့်တောစပ်တွင် တည်ရှိသည်။ ၎င်းကို ခံစစ်အခိုင်အမာ ပြုလုပ်ထားပြီးပြီး သံဆူးကြိုးများဖြင့် ကာရံထားသည်။ လေလွင့်တပ်မှူးချုပ်များ ကင်းလှည့်နေကြသည်။ မျှော်လင့်ထားသည့်အတိုင်း၊ ကစားသမားများအားလုံးသည် ဦးချိုကြီးကျေးရွာကဲ့သို့ အခြေချနေထိုင်မှုအပြင်ဘက်ရှိ စခန်းများတွင် စုဝေးနေကြသည်။

ဟန်ရှောင်းသည် သူ့ကိုယ်သူ ဖုံးကွယ်ရန် စိတ်မ၀င်စားပေ။ အစိမ်းရောင်တောင်ကြားမြို့၏ ကင်းသမားသည် အဝေးမှ သူ့ကို တွေ့ရှိပြီး တာဝန်ခံ Balsas ထံသို့ ချက်ချင်း သတင်းပို့ခဲ့သည်။

Balsas သည် အရပ်မမြင့်ဘဲ သန်မာခြင်းမရှိသော လူမည်းတစ်ဦးဖြစ်သည်။ အဲဒီအစား သူက သေးကွေးပြီး ပိန်ပိန်ပါးပါးဖြစ်သည်။ သူ့တွင် မှုန်မှိုင်းနေပုံရသော တြိဂံမျက်လုံးတစ်စုံရှိသည်။ ကင်းသမားပြောသည့်စကားကို ကြားသောအခါ တုန်လှုပ်သွားသည်။ "Black Phantom နဲ့ နည်းနည်းတူတယ်။"

Balsas သည် သူ၏ကွန်ပျူတာကိုထုတ်ကာ Black Phantom ၏ ဓာတ်ပုံကိုရှာဖွေခဲ့သည်။ ကင်းသမားထံမှ အတည်ပြုချက်ရသောအခါ၊ Balsas ၏အမူအရာ ပြောင်းသွား၏။ “သူဟာ Tedramira မြစ်မှာ တိုက်ပွဲကို ဝင်စွက်ဖက်တာ မဟုတ်ဘူးလား။ သူဘာလို့ဒီမှာရှိတာလဲ။ ငါ သူနဲ့ ဘာမှမဆိုင်ဘူး။"

'Black Phantom' ဟူသော နာမည်တစ်ခုတည်းက Balsas ကို စိုးရိမ်ထိတ်လန့်စေ၏။ အစိမ်းရောင်တောင်ကြားမြို့သည် လက်နက်ကြီးကြီးမားမားတပ်ထားသော်လည်း မလုံခြုံသလိုခံစားရဆဲဖြစ်သည်။ ထို့နောက် Balsas က “ငါတို့ သူ့ဆီ ချဉ်းကပ်ပြီး သူဒီမှာ ဘာကြောင့် ရှိနေတယ်ဆိုတာ စုံစမ်းသင့်လား”

အလူမီရာသည် Black Phantom နှင့် ယခင်က ဆက်ဆံရေးမရှိသောကြောင့် Balsas သည် Black Phantom နှင့် ထိပ်တိုက်တွေ့ရန် မဖြစ်နိုင်ဟု ထင်ခဲ့ပြီး၊ Black Phantom နှင့်ပတ်သက်၍ အလိုရှိသောသတိပေးချက်ကို dark net တွင် ထုတ်ဝေသူလည်း မရှိခဲ့ပေ။ Balsas ငြိမ်သက်သွားပြီး လက်ထောက်တစ်ဦးကို ခေါ်လိုက်သည်။ သူက သူ့လက်ထောက်ကို သူကိုယ်တိုင် လုပ်ရမှာ ကြောက်သည့်အတွက် Black Phantom ကို ချဉ်းကပ်ခိုင်းတယ်။

လက်ထောက်သည် ဂိတ်ပေါက်မှ ထွက်ကာ Black Phantom ဆီသို့ လျှောက်လာသောအခါ Balsas သည် တံခါးကြီးဘေးသို့သွားကာ သံဆူးကြိုးခြံစည်းရိုးကို ဖြတ်ကာ စောင့်ကြည့်ခဲ့သည်။ သူတကယ် သတိထားပုံရသည်။

သို့သော် မကြာမီတွင်၊ Balsas သည် သူ့ကို တုန်လှုပ်စေသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ အပြင်မှာနေထိုင်တဲ့ ရွာသားတွေသည် အမှန်တကယ် စိတ်လှုပ်ရှားပြီး Black Phantom ကို ဖော်ရွေစွာ ဝိုင်းဖွဲ့နေကြတာကို သူမြင်လိုက်ရ၏။

Balsas အံ့သြသွားသည်။ ရွာသားတွေအားလုံးက Black Phantom အကြောင်း ဘယ်လိုသိကြလဲ။

…

ဦးချိုကြီးကျေးရွာရှိ ကစားသမားအရေအတွက်နှင့် နှိုင်းယှဉ်ပါက အစိမ်းရောင်တောင်ကြားမြို့တွင် ကစားသမား နည်းပါးသည်။

ဟန်ရှောင်းသည် ကစားသမားများ၏ စခန်းသို့ ရောက်သောအခါ လူတိုင်းက နွေးထွေးစွာ ကြိုဆိုခဲ့ကြ၏။ အရမ်းစည်ကားနေပြီး လူတွေအားလုံးက သူ့လမ်းကြောင်းကို ပိတ်ဆို့ထားကြတယ်။

ဖိုရမ်မှတဆင့်၊ ဦးချိုကြီးရွာမှအဖြစ်အပျက်သည် ရေပင်လယ်ဂြိုလ်ရှိ ကစားသမားများထံ ပျံ့နှံ့သွားခဲ့ပြီး ဦးချိုကြီးရွာရှိ ကစားသမားအသစ်များသည် ၎င်းတို့၏ သက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပြောင်းခွင့်ရသည့်အတွက် အခြားကစားသမားအသစ်ကျေးရွာများအားလုံးက မနာလိုဖြစ်ခဲ့ကြသည်။ Black Phantom ၏ မထင်မှတ်ထားသော ပေါ်ပေါက်လာမှုနှင့်အတူ အစိမ်းရောင်တောင်ကြားမြို့မှ ကစားသမားသစ်များအားလုံး ပီတိဖြစ်ခဲ့ကြသည်။

"Black Phantom ဒီမှာရောက်နေပြီ!"

"ငါတို့လည်း ကံကောင်းလိမ့်မယ်!"

'Bun-hit-dog' ID ပါသော ကစားသမားသည် အခြားသူများထက် ပိုမိုပျော်ရွှင်ခဲ့သည်။ သူသည် အလွန်နာမည်ကြီးသော ဗီဒီယိုဂိမ်းဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးဖြစ်ပြီး ဟာသအခြေခံသည့် အကြောင်းအရာများ ပြည့်နှက်နေသော သူ၏ 'XX Adventure' စီးရီးသည် ပရိသတ်များစွာကို ရရှိစေခဲ့သည်။

အခန်း (၁၄၇) ပြီး၏။

လင်းဆက်

+++++

All Chapters