← Chapters

အခန်း (၃၀၁)

Vol. 21 Ch. 301

အခန်း (၃၀၁)

Vol. 21 Ch. 301

"အာ..."

"အဲ့သဘောမျိုး မဟုတ်ပါဘူးဟ..ငါက ဒီတိုင်း ကြည့်မကောင်းဘူးလို့ ထင်ရုံပါပဲဟ.."

"ပြီးတာပဲ...အဲ့လိုဆိုလည်း ငါ စကတ်အရှည်ပဲ ၀တ်ခဲ့လိုက်တော့မယ်..."

ထိုသို့ပြောပြီးနောက် ကျီချင်းရန် အခန်းထဲသို့ ပြန်၀င်၍ ဒူးလောက်ထိ ဖုံးသော စကတ်ရှည်ကို ၀တ်ဆင်ခဲ့လေသည်။

"ခုကော ဘယ်လိုနေလဲ.."

"အင်း..မဆိုးဘူး..အရမ်းgood သွားပြီ..."

"ဟွန့်..နင်က ၀န်မခံချင်သေးဘူးပေါ့လေ.."ကျီချင်းရန် ပြောလိုက်ပြီး "ငါ့ပေါင်သားတွေကို သူများမြင်မှာ ကြောက်နေတာ မလား..."

"မင်းရဲ့ ခြေသလုံး တုတ်တုတ် ကြီးတွေကို ပြပြီး ဘာလုပ်မှာ..ငါက... ဒီတိုင်း မင်းရဲ့ အားနည်းချက်ကို ကာကွယ်ပေးချင် ရုံလေးပဲ.. "လင်းရီ လေးနက်စွာ ပြောလိုက်သည်။

"ငါက မ၀ဘူး..ပြီးတော့ ငါ့ရဲ့ ခြေထောက်တွေကလည်း မတုတ်ဘူး..."ကျီချင်းရန် ဆတ်ဆတ်ထိမခံ ဖြစ်သွားပြီး "နင်က တစ်ကိုယ်ကောင်းဆန်တဲ့သူကြီး.....ကိုယ်ပဲ ကြည့်ချင်ပြီးတော့ သူများကြည့်တာကျ မခံနိုင်ဘူးမလား..."

"မှားတယ်.."လင်းရီ သူမကို အမှန်ပြင်ပေးလိုက်ပြီး "ငါက ဒီတိုင်း အလှကို ခံစားရုံသပ်သပ်ပဲ ..ဘာမှ မကောင်းတဲ့ အတွေးတွေ မရှိဘူး..."

ကျီချင်းရန်မှ သိသားပဲ ဟူသော အထာဖြင့် ပြုံးလိုက်ပြီး ကိုယ်ကို ကိုင်းညွတ်ကာ လင်းရီ၏ ပါးနှစ်ဖက်ကို ဆွဲညစ်၍ "နင့် စိတ်ထဲမှာ မကောင်းတဲ့ အတွေးတွေ ရှိနေတယ်ဆိုတာ သိနေတယ်နော်..."

ထို့နောက် ပြန်မတ်လိုက်ပြီး "အပြင်ဘက်က ရာသီဥတု သိပ်မဆိုးဘူး..ငါတို့ တစ်ချက်လောက် သွားကြည့်ကြည့်ရအောင်.."

"အိုကေ..သွားစို့.."

လင်းရီ အောက်ထပ်သို့ ဆင်းလာခဲ့ပြီး ကောင်တာ၌ နောက်ထပ် ဒေါ်လာ နှစ်ထောင်ကို စရံချပေးခဲ့လိုက်သည်။ သူတို့ ဤနေရာ၌ မည်မျှ ကြာအောင် နေမလဲဆိုတာ မသိသောကြောင့် ပိုက်ဆံ အရင် ကြိုပေးထားလိုက်၏။

လင်းရီ ကောင်တာရှိ အမျိုးသမီးနှင့် စကားပြောနေသည်ကို မြင်တော့ ကျီချင်းရန် မနေနိုင်ပဲ စကားတစ်ခွန်းကို သွား၍ သတိရမိသည်။ "သင်က မိန်းကလေးနှင့် ပတ်သက်၍ စိတ်ပူနေပြီဆိုပါက သင် သူတို့ နှစ်ယောက်ကို ခွဲရပေမည်။ " ၎င်းကိုတွေးမိတော့ ကျီချင်းရန် ကူကယ်ရာမဲ့စွာဖြင့် ရယ်မောမိလိုက်၏။ လင်းရီမှာ အလုပ်သဘောမျှသာ စကားပြောနေသောကြောင့် သူမဘက်မှလည်း ဒီတိုင်း လွှတ်ထားရန် ဆုံဖြတ်လိုက်လေသည်။

စရံချပေးပြီးနောက် နှစ်ယောက်သား ဟိုတယ်ထဲမှ ထွက်လာခဲ့ကာ လက်မှတ်၀ယ်၍ ပန်းခြံထဲသို့ ၀င်ရန် ပြင်ဆင်လိုက်၏။

သဘာ၀အားဖြင့် ကျီချင်းရန်တွင် ပိုက်ဆံ မရှားသော်လည်း သူမ၏ အချိန်အများစုကို အလုပ်နှင့် လေ့လာမှုများပေါ်တွင်သာ အာရုံစိုက်ထားလေသည်။ ချိုင်းနားတွင် Disneyland ရှိသော်လည်း အကြောင်းအမျိုးမျိုးတို့ကြောင့် တစ်ခါမျှ မရောက်ဖြစ်ခဲ့။

အလုပ်ကိစ္စနှင့် ဟိုဟိုဒီဒီသွားရင်း ထိုနေရာနှင့် လမ်းသင့်ပါက ငေးကြည့်ရုံသာ ငေးကြည့်လေသည်။

ထို့ကြောင့် သူမအတွက်တော့ ယခု ခရီးစဉ်မှာ ပထမဆုံးဖြစ်သည်က တစ်ကြောင်း၊ လင်းရီနှင့် အတူလာရသည်ကတစ်ကြောင်း အစရှိသဖြင့် အကြောင်း အမျိုးမျိုးသောကြောင့် ထူးခြားနေတော့၏။

ပန်းခြံ အ၀င်၀တွင်တော့ လူများစွာမှာ လက်မှတ်၀ယ်ရန် တန်းစီနေကြပြီး တ-ရုတ်လူမျိုးအများအပြားလည်း သူတို့မိသားစုနှင့် အလည်လာကြသည်ကို မြင်နေရသည်။

"လူတွေ အတော်များတာပဲနော်.."ကျီချင်းရန် ခြေဖျားထောက်၍ ရှေ့သို့ လှမ်းမျှော်ကြည့်ရင်း ပြောလိုက်၏။ "လူတွေ အများကြီး ရှိနေမှန်းသိရင် စောစောလာပါတယ်ဟယ်...,"

"ဒစ်စနီလန်လေ..ဒီတော့ လူများတာ မဆန်းပါဘူးဟ...."

လင်းရီမှ မထူးဆန်းဟန်ဖြင့် ပြောလိုက်သည်။

တစ်ခဏမျှ တန်းစီပြီးနောက် နှစ်ယောက်သား လက်မှတ်၀ယ်ပြီး ပန်းခြံထဲသို့ ၀င်လာခဲ့၏။

အော်လန်ဒိုရှိ ဒစ်စနီလန်မှာတော့ ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ပန်းခြံကြီးများထဲမှ တစ်ခုပင်။

၀င်ပြီးနောက် သူတို့ ပထမဆုံး သွားကြည့်သည့်နေရာကတော့ ဒစ်စနီ၏ တိရစ္ဆာန်လောကပင်။

"လင်းရီ ..ငါ ကျားဟိန်းသံ ကြားလိုက်သလိုပဲကော..."ကျီချင်းရန် လင်းရီလက်မောင်းကို ဆွဲခါရမ်းလိုက်ပြီး စိတ်လှုပ်ရှားနေသည့် ကလေးငယ်ကဲ့သို့ ပြောလိုက်သည်။

လင်းရီကလည်း သူမ၏ စိတ်လှုပ်ရှားနေသည့် မုဒ်လေးကို ဖျက်လိုဖျက်ဆီး မလုပ်ပဲ အသာပြုံးကာ "သွားကြည့်ကြတာပေါ့..."

"အဲ့ကို နောက်မှသွားမယ်.."ကျီချင်းရန် လင်းရီကို မနီးမဝေးရှိ ဆိုင်သေးသေးလေးထံသို့ ဆွဲခေါ်သွားလိုက်ပြီး "ဟိုရဲ့ ဆံညှပ်လေးတွေက လက်လက်လေးတွေနဲ့ ကြည့်လို့ အရမ်းလှတယ်နော်..."

"အင်း...လှပါတယ်.."

"ပြီးတော့...?"

အလှကြိုက်သည့် မိန်းကလေးတစ်ဦး ဖြစ်သည့် အ လျောက်ကျီချင်းရန်လည်း တစ်ခုလောက် လိုချင်သည်။ သိူ့သော်လည်း လင်းရီဘက်မှ အရင် ၀ယ်ပေးရန် ကမ်းလှမ်းလာမည်ကို ပို၍ လိုချင်နေမိ၏။

"ကြည့်လို့ ကောင်းတယ်ဆိုမှတော့ ကြည့်ကောင်းတယ်ပဲ မှတ်ပေါ့ဟ..နောက်ပြီး ဘာရှိရဦးမှာ..."

"ငါ့ကို တစ်ခုလောက် ၀ယ်ပေးလို့ မရဘူးလား..."

"နောက်မှ ၀ယ်ပေးမယ်..."

"မရဘူး..."ကျီချင်းရန် သူမ မူနေပါက အလိုက်မသိသည့် သစ်သားတုံးကြီး လင်းရီမှာ သူမကို ၀ယ်ပေးမည် မဟုတ်သောကြောင့် "ငါ အဲ့ ဆံညှပ်လှလှလေးတွေ လိုချင်တယ်..ပြီးတော့ မစ်ကီ ပူဖောင်းလေးကောပဲ .."

"ဘာလို့ မြင်သမျှ လိုချင်နေတာ...အဲ့လိုလုပ်နေရင် နောက်ဆို ဘယ်မှ မခေါ်သွားပေးတော့ဘူးနော်..."

"ဟင့်အင်း..တစ်ခုရောက်ယို့..."ကျီချင်းရန် ချွဲနွဲ့၍ ပြောလိုက်ပြီး "တစ်ခုတည်းလေဟာ..၀ယ်ပေးပါလို့နော်..."

"အဲ့တာကတော့ မင်းပေါ်မှာ မူတည်‌တယ်လေ.."လင်းရီ ပြောလိုက်ပြီး "ပြီးတော့ မနေ့တုန်းကလည်း မင်းကို ဆံညှပ်တစ်ခု ၀ယ်ပေးပြီးသွားပြီး ..ခုလည်း နောက်တစ်ခု လိုချင်နေပြန်ပြီ..မင်းမှာ ခေါင်းဘယ်နှစ်လုံးတောင် ရှိလို့လဲဟ..."

"ဟွန့် ပြီးတာပဲ..နောက်ကျလို့ မ၀ယ်ပေးကြည့် ငါနဲ့တွေ့မယ်.."

ကျီချင်းရန်၏ ကြွယ်၀မှုနှင့် ဆိုပါက လိုချင်သမျှ အရာအားလုံးကို လွယ်လင့်တကူ ၀ယ်ယူ၍ ရပေသည်။

သို့သော်လည်း လင်းရီ ၀ယ်ပေးသည့် အရာကိုမှ ပိုပြီး တပ်မက်မိနေတော့၏။

"ကိုကို...နာလည်း အဲ့ဒီ ဆံညှပ်လှလှလေးတွေ လိုချင်ယို့..."

သူတို့နှင့် မနီးမဝေးကှိ လိုလီ၀တ်စုံနှက့် ကောင်မလေးမှ ပြောလိုက်၏။

"ဆံညှပ်လေးတစ်ခုကို ‌ဒေါ်လာ ၄၀ တဲ့..ဈေးကြီးလိုက်တာကွာ.. မတန်ပါဘူး.."သူမဘေးရှိ ကောင်လေးဖြစ်သူဟန်မှ ပြောလိုက်ပြီး ကျီချင်းရန်ကို ညွှန်ပြကာ "ဟိုနားက မိန်းကလေးကိုတွေ့လား..သူမက အရမ်းလှတာတောင်မှ သူ့ကောင်လေးရဲ့ စကားကို နားထောင်နေတုန်းပဲ...သူက မ၀ယ်ပေးဘူးဆို မယူဘူး...ဘေဘီက သူ့လောက်တောင် မလှတာ ဒီတော့ ကိုယ်ပြောတာကို နားထောင်နော်..."

"အမ်..အဲ့လိုဆို ကိုကိုသာ ဟို မမရဲ့ဘေးနားက ကိုကိုကြီးလောက် ချောရင် စကား နားထောင်ပေးမယ်လေ...ဒါပေမယ့် ချောမှ မချောတာကို.. "

ဖူး..(သွေးအန်သံ)

ဟိုကောင့်ရင်ထဲတွင်တော့ ဗုံးကွဲသလို ‌ခံစားလိုက်ရသည်။

ကျီချင်းရန်ကတော့ မနေနိုင်ပဲ တခစ်ခစ် ရယ်မောနေမိတော့၏။

ထိုကောင်လေး၏ မျက်နှာကို ကြည့်ရသလောက်တော့ အတော်လေး အထိနာသွားဟန်ပင်။

"လင်းရီ ..ကြည့်..ဟိုမှာ ပန်ဒါကြီး..."

ပန်းခြံထဲတွင် မတူကွဲပြားသည့် တိရစ္ဆာန်တို့နှင့် ပြည့်နှက်နေပြီး ၀၀တုတ်တုတ်နှင့် ချစ်စရာကောင်းသည့် ပန်ဒါကြီးကိုမြင်တော့ ကျီချင်းရန် အသည်းယားလာခဲ့သည်။

"ဒီက ပန်ဒါတွေကလည်း စီချွမ်ကနေ ခေါ်လာခဲ့တာလေ...သွားကြည့်ကြတာပေါ့.."

"အွန်း..ဒါကြောင့်မို့ ဒီပန်ဒါတွေကို မြင်တော့ ရင်းနှီးသလို ဖြစ်နေတာကိုး..."

"အမှန်ပဲ.."

အကယ်၍ သူတို့ ချိုင်းနားတွင်သာ ပန်ဒါမြင်ရပါက အထူးဆန်း ဖြစ်နေလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ရေမြေရပ်ခြား ရောက်ရှိနေပြီး မိမိနိုင်ငံမှ နိုင်ငံ့ရတနာကို မြင်လိုက်ရသည့် အချိန်တွင်တော့ ရင်းနှီးသည့် ခံစားချက်ကို ရရှိလေသည်။

"လောင်ကုန်း ..ပန်ဒါကြီးက နည်းနည်း ပိန်နေသလိုပဲနော်...ကျွန်မ သူ့ကို မုန့်ကျွေးလိုက်ရင် ကောင်းမလား.."မြင်းမြီးပုံစံနှင့် အတို၀တ်ထားသည့် အမျိုးသမီးမှ ပြောလိုက်၏။

"ကျွေးလေ..မင်းလက်ထဲမှာ ဘီစကစ်ရှိတယ် မဟုတ်ဘူးလား...အဲ့တာကျွေးလိုက်ပေါ့..."

ပြောလိုက်သည့် သူကတော့ အမျိုးသားတစ်ဦးဖြစ်ပြီး မျက်မှန်တစ်လက်ကို ၀တ်ဆင်ထားကာ သူ့မျက်နှာပေါ်တွင်တော့ မောက်မာနေဟန်များက အထင်းသားပင်။

ထိုသူ၏ အမည်မှာတော့ ချိန်ကျွင်းရဲ့ ဖြစ်ပြီး ဖူတန် တက္ကသိုလ်မှ ဘွဲ့ရတစ်ဦးဖြစ်သည်။ ယခု ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်၏။

သူ့ဘေးရှိ အမျိုးသမီးကတော့ သူ၏ ကောင်မလေး ၀မ်ဇီရီပင်။

"ဒါပေမယ့် ဒီနေရာက တားမြစ်ထားတာလေ..ကျွေးလို့မှ မရတာ.. "

"လွယ်လွယ်လေးပါ..."

ချိန်ကျွင်းရဲ့ ပြောလိုက်ပြီး "ဟိုး..နားမှာ တံခါးပေါက် သေးသေးလေးရှိတယ်လေ..တိတ်တိတ်လေး တံခါးဆွဲဖွင့်ပြီးတော့ ပစ်ကျွေးလိုက်...."

"အွန်း အွန်း လောင်ကုန်းက အရမ်းတော်တာပဲနော်..."

"နေဦး..."

ထိုသူနှစ်ဦး ပန်ဒါကို ပေါက်တတ်ကရ လျှောက်ကျွေးချင်နေသည်ကို မြင်တော့ ကျီချင်းရန် မနေနိုင်ပဲ ၀င်တားမြင်လိုက်၏။

"ဒီပန်းခြံထဲမှာ အကောင်တွေကို အစာကျွေးတာ တားမြစ်ထားတယ်..."

၀မ်ဇီရီ ကျီချင်းရန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အရှိန်အဝါများဖြင့် ဖိနှိပ်ချင်နေသည်။

သိူ့သော်လည်း သူမရှေ့ ရပ်နေသည့် အမျိုးသမီးမှာ သူမထက် ခေါင်းတစ်လုံး ပိုသာပြီး ခြေတံများမှာလည်း သွယ်လျနေကာ တင်ကော၊ ရင်ပါ သူမထက် စွင့်ကား မို့‌မောက်နေသည်ကို သတိထားမိသွား၏။ အရေးကြီးဆူံးကတော့ ကျီချင်းရန်၏ မျက်နှာမှာ သူမထက် ပို၍ သာလွန်စွာ လှပနေခြင်းပင်။

ထိုအခြင်းအရာကို မြင်တော့ ဝမ်ဇီရီ အပြတ်သတ် ရှုံးနိမ့်သွားသကဲ့သို့ ခံစားလိုက်ရ၏။

"ဒစ်စနီလန်က နင်ပိုင်တာလည်း မဟုတ်ဘူး..ငါ့ဘာငါ ဘာလုပ်လုပ် နင့်အပူပါလို့လား.."

"နင်..."

ကျီချင်းရန် ဒေါသထွက်သွားခဲ့သည်။ အခြားတိရစ္ဆာန်များနှင့် ယှဉ်မည်ဆိုပါက ပန်ဒါများကို ပို၍ အလေးပေး ထိန်းသိမ်းရ၏။

သူမတို့ ချိုင်းနားတွင်တောင်မှ ထိန်းသိမ်းစောင့်ရှောက်သူများမှာ ပန်ဒါများ စားသောက်သည့် ပုံစံနှင့် ပတ်သက်၍ လုံး၀ အမှားမခံပင်။ ထို့ပြင် ကြည့်ရှုသူများကိုလည်း ထိခွင့်လေးတောင် မပေးချေ။ အကယ်၍ သူမသာ ယခု ပန်ဒါကို ပေါက်တတ်ကရများ လျှောက်ကျွေးပြီး တစ်ခုခု ဖြစ်သွားမည်ဆိုပါက မည်သူမျှ ခေါင်းခံနိုင်လိမ့်မည် မဟုတ်ချေ။

မည်သိူ့ပင်ဆိုစေ ပန်ဒါများမှာ ရှားပါး သတ္တဝါများဖြစ်ပြီး သူမတို့ နိုင်ငံ့ ရတနာလည်း ဖြစ်၏။ ထိုသိူ့ ဖြစ်သွားမည်ကို ကျီချင်းရန် လုံ၀ မလိုလားချေ။

"ထားလိုက်စမ်းပါ ချင်းရန်ရာ..သူတို့ လုပ်ချင်လည်း ပေးလုပ်လိုက်ပေါ့.."လင်းရီ ပြောလိုက်ပြီး "ဒီရဲ့ ပန်ဒါနှစ်ကောင်ကို ချိုင်းနားကနေပြီးတော့မှ ဒစ်စနီလန်ဆီ ငှားထားတာ ...ပြီးတော့ တ-ရုတ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းပဲ..တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့မယ် ဆိုရင်တော့ သူတို့တွေ ချက်ချင်း တိုင်းပြည်ကို ပြန်ဖို့ ပြစ်ဒဏ် ချခံရမှာပဲ..သူတို့ ကျွေးချင်သပဆိုလည်း စိတ်ကြိုက် ကျွေးပလေ့စေ...တကယ်လို့ သူတို့လုပ်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင်လည်း ငါတို့ ရှိုးပွဲ ကြည့်ရတာပေါ့ကွာ..မဟုတ်ဘူးလား...."

လင်းရီ၏ စကားလုံးများကို ကြားတော့ ချိန်ကျွင်းရဲ့နှင့် ၀မ်ဇီရီတို့ ပန်ဒါကို ဘီစကစ်ကျွေးမည့် အကြံဉာဏ်အား လက်လျော့လိုက်တော့၏။

သူတို့ ထိုအကြောင်းကို ယခင်က မတွေးမိသော်လည်း လင်းရီပြောသည့်အတိုင်း ပြင်းထန်မည်ဆိုပါက ဘီစကစ်တစ်ချပ်ကြောင့် သူမတို့ ပေးဆပ်လိုက်ရမည်မှာ မတန်ချေ။ သို့သော်လည်း ဂုဏ်သိက္ခာကို ကာကွယ်သည့် အနေဖြင့် နှာခေါင်းရှုံ့ရဲ့ "ဟမ့်..ပါလေရာ ငါးပိတွေ..."

လင်းရီ ၀မ်ဇီရီကို တစ်ချက်ကြည့်၍ "ငါတို့က မင်းကို စေတနာနဲ့ သတိပေးနေတာ..ဒီတော့ စကားကို ကောင်းကောင်းပြော...မင်းကောင်လေးက ကာလသားရောဂါ ဖြသ်နေတာလား....စကားပြောတာကိုက ထောင့်မကျိုးဘူး.."

ကျီချင်းရန်ကတော့ အူကြောကြောင်လေး ဖြစ်သွားပြီး..

အဲ့ရောဂါနဲ့ ဘာဆိုင်လို့လဲဟင်....

"ပြန်ပြောလိုက်စမ်း..."

လင်းရီ ပခုံးတွန့်လိုက်ပြီး

"ပြန်ပြောလည်း ဒီစကားပဲ..ခင်များကောင်လေးက သေခါနီးအချိန်ကို ရောက်နေတဲ့ အတိုင်းပဲ..ဒီတော့ Good luck"

(လင်းရီကိုက တ-ရုတ်နဲ့ အင်္ဂလိပ် ညှပ်သုံးတာပါ)

ထိုသို့ပြောပြီးနောက် လင်းရီ ကျီချင်းရန်၏ လက်ကို ဆုပ်ကိုင်ကာ "နောက်တစ်နေရာ သွားကြည့်ရအောင် ..ဟိူဘက်မှာ ဆင်ကြီးမိုမို ရှိတယ်.."

"တော်ပြီ ..မသွားချင်ဘူး.."ကျီချင်းရန် ချက်ချင်း ငြင်းဆန်လိုက်ပြီး "ငါ ဆင်တွေကို မကြည့်ချင်ဘူး..."

"အမ်...မင်းက ဆင်တွေကို မကြည့်ချင်ဘူးပေါ့..."

လင်းရီပြောလိုက်ပြီး "မစ်ကျီ..အဲ့လိုဆိုရင်တော့ ကျုပ်စကား နည်းနည်း ပြောမှဖြစ်တော့မယ်...ပန်ဒါတွေက ချစ်စရာကောင်းတော့ မင်းက ကြည့်ချငါတယ်..ခု ဆင်တွေက ချစ်စရာ မကောင်းဘူးဆိုတော့ မစ်ကျီက တစ်ချက်လေးတောင် လှည့်မကြည့်ချင်တော့ဘူးပေါ့..ဒါကြီးကတော့ တအား အပေါ်ယံကြည့်လွန်းသွားပြီ..အဲ့လိုမျိုး မမျှမတ မလုပ်သင့်ဘူးလေ.."

"ဟွန့် နင်ကပဲ ပြောရတယ် ရှိသေး..."

ကျီချင်းရန် လင်းရီ ခါးကို ဆွဲဆိတ်လိုက်ပြိး "တကယ်လို့နင်သာ ငါ့ကို ဆင်ကြီးနဲ့ ယုန်လေး ပုံပြင် ‌မပြောပြရင် ဒီလိုတွေ ဖြစ်မှာလားတဲ့..အားလုံး နင့်အမှားပဲ...."

All Chapters