အခန်း (၃၀၂)
Vol. 21 Ch. 302
"အား...."
လင်းရီ ကျီချင်းရန် ကျေနပ်စေရန် နာကျင်ယောင် ဆောင်လိုက်ပြီး သူမ စားချင်စိတ်ပျက်အောင် ပြုလုပ်ခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်ကြည့်လိုက်သည်။
"အဲ့လိုဆိုလည်း ဆင်ကြီးမိုမိုကို မကြည့်တော့ဘူးကွာ.."လင်းရီ ပြောလိုက်ပြီး "အဲ့ဒီအကျော်လေးနားက ယုန်ဖြူလေးနဲ့ ယုန်မည်းလေးတွေ သွားကြည့်ကြမယ်..."
"လင်းရီ ..နင်..ကောင်စုတ် ..သေဖို့သာ ပြင်ထား.."ကျီချင်းရန် လင်းရီနောက် ပြေးလိုက်သွားပြီး သူ၏ ဖင်ကို အားပါးတရ ဆောင့်ကန်ချင်နေလေသည်။
ကံမကောင်းစွာနှင့် လင်းရီ၏ ပြိုင်ဘက် မဟုတ်ခဲ့။
"ဟားဟား...ကမ္ဘာကြီးက ဒီလောက် သာယာနေတာကိုကွာ..ဘာလို့များ အဲ့လောက်တောင် ဒေါသထွက်နေပါလိမ့်..ကျွတ် ကျွတ်..စိတ်တိုတာများရင် အရေးကြောင်းတွေ ထလာတတ်တယ်နော..."
"နင်ပဲ လူကို စိတ်ဆိုးအောင် လာလာဆွနေတာ မဟုတ်လား..."ကျီချင်းရန် မျက်နှာထားတင်း၍ လက်ပိုက်ကာ တစ်ဖက်သို့ လှည့်ပြီး ပြောလိုက်၏။ သူမမျက်နှာ ထက်တွင်တော့ မကျေနပ်မှုများက အထင်းသားပင်။ သို့သော်လည်း ထိုသို့ စိတ်ကောက်နေ ပုံမှာ သူမအား တစ်မျိုး တစ်ဖုံချစ်စရာ ကောင်းသွားစေပြီး ပို၍ပင်စိတ်ဆိုးအောင် ပြုလုပ်ချင်စိတ်များ ဖြစ်ပေါ်နေစေမှန်းတော့ သူမ မသိခဲ့။
"အေးပါ စိတ်မဆိုးနဲ့တော့နော် ..ကြံရည်အေးအေးလေး ၀ယ်တိုက်မယ်လေ..ရှေ့မှာ အအေးဆိုင်ရှိတယ်..."
"အွန်း .. ဒါပေမယ့် ငါက သရက်သီး ဖျော်ရည် သောက်ချင်တာ..."
"အမ်...မင်းကလည်း သရက်သီးဖျော်ရည် ကြိုက်တယ်ပေါ့.."
"ငါလား..အစကတော့ မကြိုက်ပါဘူး..ဒါပေမယ့် နင်က ကြိုက်တယ်ဆိုတော့ နည်းနည်းလေး စမ်းသောက်ကြည့်တာ..မဆိုးပါဘူး... တော်တော်လေး ကောင်းတယ်....ခု သောက်ရတာ ကြိုက်လာပြီ..."
"အဲ့တာဆိုလည်း ဒီမှာစောင့်နေ..."
မိနစ်အနည်းငယ်ကြာပြီးနောက် လင်းရီ လတ်လတ်ဆတ်ဆတ် ဖျော်ထားသည့် သရက်သီးဖျော်ရည် နှစ်ခွက်နှင့်အတူ ပြန်လာခဲ့သည်။ ထို့ပြင် သူ၏ တခြားလက်တစ်ဖက်မှလည်း ကောက်ရိုးဦးထုပ်နှင့် ကျီချင်းရန် ပူဆာသည့် မစ်ကီ ပူဖောင်း နှစ်ခုလည်း ပါခဲ့သေး၏။
"နေက အရမ်းပူတယ်..ဒီဦးထုပ်လေး ဆောင်းလိုက်....နေပူသက်သာတာပေါ့..."
လင်းရီ သူမအတွက် ကောက်ရိုးဦးထုပ်နှင့် ပူဖောင်းများ ၀ယ်လာခဲ့ပေးသည်ကိုမြင်တော့ ကျီချင်းရန် ရင်ထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားပြီး ရင်တလှပ်လှပ် ဖြစ်လာခဲ့တော့၏။
"လင်းရီ ..ငါ ကောက်ရိုးဦးထုပ် ဆောင်းလိုက်ရင် Luffy နဲ့တူတယ်လို့ ထင်လား..."
"Luffy...သူ့ကိုလည်း သိတယ်ပေါ့..."
"ဒါပေါ့..ငါဘွဲ့လွန် သင်တန်း တက်တုန်းက ငါ့အခန်းဖော်က အခန်းအောင်းပြီး တစ်နေကုန် ဂျပန်ကာတွန်း ကြည့်တဲ့ အိုတာခုကြီးလေ...ပြီးတော့ အခန်းတစ်ခုလုံးလည်း အာနီမဲ ပုံတွေချည်းပဲ...မသိချင်ဘူးဆိုရင်တောင်မှ နေ့တိုင်း ငါ့ဘေးနားကနေ တတွတ်တွတ် လာပြောနေတော့ အကုန်သိသလိုလိုတောင် ဖြစ်နေတာ..."
ပြောပြီးနောက် ကျီချင်းရန် သူမဘာသာ သဘောကျနေဟန်ဖြင့် တခစ်ခစ် ရယ်မောလိုက်၏။
"မင်းက Luffy နဲ့ မတူဘူး..ဒါပေမယ့် ဧကရီ တစ်ပါးနဲ့ ပိုတူတယ်..."
ကျီချင်းရန် ပို၍ပင် ရင်ဖိုသွားခဲ့ပြီး "ငါက အဲ့လောက်တောင် ကျက်သရေရှိတာလားဟင်..."
"ကိုယ့်ငါးချဉ်ကိုယ် ချဉ်မနေနဲ့...ငါက မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပြောတာ..."
"ဘယ်လိုပဲ တူတူပေါ့.."ကျီချင်းရန် ဂုဏ်ယူစွာဖြင့် ခေါင်းမော့ ရင်ကော့လိုက်၏။
ထို့နောက် နှစ်ယောက်သား လျှောက်ပတ်ကြည့်ပြီးနောက် ကျီချင်းရန်မှ ကစားကွင်း သွားချင်သည်ဟု ဂျီကျလာ၍ လင်းရီလည်း မနိုင်စိန်လေးကို ကစားကွင်းသို့ ခေါ်လာခဲ့လိုက်သည်။
"ဝိုး...လူတွေ အများကြီးပဲနော်.." စီးဖို့ရာအတွက် လူအများကြီး တန်းစီနေကြသည်ကိုမြင်တော့ ကျီချင်းရန် တအံ့တဩ ရေရွတ်လိုက်ပြီး သူမ မျက်နှာပေါ်ရှိ စိတ်အားထက်သန်မှုများမှာတော့ သိသိသာသာ လျော့ကျသွားခဲ့သည်။
"သူများကမှ မြင်းကြီးစီးချင်ပါတယ်ဆို..ခုတော့ ဘယ်နှစ်နာရီ ကြာအောင် တန်းစီရမလဲ မသိတော့ဘူး.."
"ဟိုနားမှာ VIP လက်မှတ် ရောင်းနေတာ ထင်တယ်..သွား၀ယ်ကြည့်လိုက်မယ်လေ..အဲ့လိုဆို တန်းစီစရာ မလိုလောက်တော့ဘူး..."
"အွန်း..ကောင်းတာပေါ့..."ကျီချင်းရန် ပြောလိုက်ပြီး "သူတို့ကို စီးလို့ရတဲ့ အကြိမ်ရေက အကန့်အသတ်နဲ့လားဆိုတာလည်း တစ်ခါတည်း မေးခဲ့ပေးနော်..."
"မင်းက တစ်ခေါက်တည်း စီးရုံနဲ့ မတင်းတိမ်နိုင်ဘူးလားဟ.."
"မတင်းတိမ်နိုင်ပေါင်..ငါက အများကြီး စီးချင်တာ..."
"အင်း ..အဲ့ဒါဆိုလည်း ဒီမှာစောင့်နေ..."
လင်းရီ လက်မှတ်ကောင်တာသို့ သွား၍ တစ်ဖန် တန်းစီလိုက်သည်။
တစ်ချိန်တည်းတွင် သူ့အနောက်၌လည်း လူအများကြီး တန်းစီလို့နေသည်။
"ဟဲ့ ဟဲ့ ဟိုမှာ ငါတို့ ရှေ့က ရှောင်ကောကောက အရမ်းချောတာပဲနော်..သေချာပေါက် တီရုတ်လူမျိုးထင်တယ်..."
"ကောင်မ တဏှာရူးမနေနဲ့..လူမြင်လို့တောင် မကောင်းဘူး..ပြီးတော့ ပါးစပ်က သွားရည်တွေလည်း သုတ်လိုက်ဦး.."
"ဘာဖြစ်လဲ..လူတိုင်းက လှတာ ကြိုက်ကြတာပဲ မဟုတ်လား..."
သူမတို့ရှေ့တွင် လင်းရီ တန်းစီနေသည်ကို မြင်တော့ နောက်ဘက်ရှိ မိန်းကလေးများ ဂနာမငြိမ် ဖြစ်နေကြသည်။
"ဟမ့်..ချောတဲ့ကော ဘာလုပ်လို့ရမှာ..အဲ့တာက နင်တို့ကို ထမင်းမကျွေးဘူး...အရာရာက ငွေရှိမှ..."ကျောက်လီလီ ဘေးရှိ ဆံပင်အတိုနှင့် လူငယ်လေး တစ်ဦးမှ ပြောလိုက်သည်။
"ဒါပေမယ့် သူက ဒီမှာ VIP လက်မှတ် လာ၀ယ်တယ်ဆိုတော့ တော်တော်လည်း ပိုက်ဆံ ရှိမယ့်ပုံပဲနော..."
"VIP လက်မှတ် တစ်ခုကဖြင့် ဒေါ်လာ ထောင်ဂဏန်းလောက်လေးပဲ ကျတာ..ဘာမှ စာမဖွဲ့လောက်ပါဘူးကွာ..လူတိုင်းလည်း အဲ့လောက်တော့ တတ်နိင်တယ်..."ဆံပင်အတိုနှင့် လူငယ်လေးမှ ပြောလိုက်၏။
"VIP လက်မှတ်တစ်စောင်က ၁,၈၉၉ ဒေါ်လာ၊ ယွမ်နဲ့ တွက်မယ်ဆိုရင် တစ်သောင်းကျော်လောက် သွားကျမှာလေ..."ကျောက်လီလီပြောလိုက်ပြှး "အဲ့တာက အများကြီး မဟုတ်တော့ ဘာလဲ..."
"တကယ်လို့ သူသာ လက်မှတ်ဆယ်စောင်ကို တစ်ပြိုင်တည်း ၀ယ်ရင် ချမ်းသာတယ်လို့ သတ်မှတ်ပေးမယ်ကွာ.."
"လာနောက် နေတာလား..သူက တစ်ယောက်တည်းလေ..အဲ့လောက် အများကြီး ၀ယ်ပြီး ဘယ်လို သွားသုံးမှာလဲတဲ့..."
ကျောက်လီလီမှ စောဒက တက်လိုက်၏။
"ဘာလို့လဲဆိုတော့ ပိုက်ဆံရှိတဲ့သူက ဒီလောက်ငွေကြေးလေးကို ဂရုစိုက်နေမှာ မဟုတ်ဘူးလေ..သူတိူ့ စိတ်ကျေနပ်သလောက် ၀ယ်ကြတာပဲ..ငါပြောတာတောင် နည်းနေသေးတယ်..."
"ဟမ့်...လီတုန်ရန် .သူက နင့်ထက် အများကြီးချောလို့ နသ် မနာလိုပြီး လျှောက်ပြောနေတာမလား..."
"ကျွတ်..ငါ့ထက် နည်းနည်းလေး ချောတာကိုများကွာ....ဒါပေမယ့် ငါက သူ့ထက် ပိုကြွယ်တယ်ကွ...ဘာဆိုင်လို့ မနာလိုဖြစ်ရမှာ..."
ဆယ်မိနစ်ကြာပြီးနောက် လင်းရီ လက်မှတ်၀ယ်ယူသည့် နေရာသို့ ရောက်ရှိလာပြီး "VIP လက်မှတ် တစ်စောင် ဘယ်လောက်ကျလဲ..."
ဤတစ်ကြိမ်တွင်တော့ အင်္ဂလိပ်စကား မတောက်တခေါက်လောက်သာ တတ်သည့် လေသံဖြင့် မဟုတ်ဘဲ လုံး၀ အမေရိကန်နိုင်ငံသားစစ်စစ် လေသံဖြင့်ပြောဆိုလိုက်သည်။
"တစ်စောင်ကို ၁,၈၉၉ ဒေါ်လာပါဆာ..."
"လက်မှတ်တစ်စောင်ကို စီးလို့ရတဲ့ အကြိမ်ရေက ကော အကန့်အသတ်နဲ့လား..."
ချိုင်းနားတွင်တော့ ကစားကွင်းများတွင် အကြိမ်အရေအတွက် အကန့်အသတ်မရှိ စီးလို့ရသည့် လက်မှတ်များ ရှိ၏။ သို့သော်လည်း သူတို့ရောက်နေသည့် နေရာမှာ ချိုင်းနား မဟုတ်သောကြောင့် မေးမြန်းရလေသည်။
"ဆောတီးပါဆာ..VIP လက်မှတ်က အကြိမ်ရေအကန့်အသတ်နဲ့ပါ..တစ်စောင်ကို တစ်ခေါက်ပဲ စီးလို့ရမှာဖြစ်ပြီးတော့ တန်းစီစရာ မလိုတာရယ်၊ တခြား ၀န်တောင်မှု ဆားဗစ်တွေပါ ထည့်တွက်မယ်ဆိုရင်တော့ လုံး၀ကို တန်ပါတယ်ဆာ..."
"ဟမ့်..ညီကို..မင်းက လာနောက်နေတာလား."လီတုန်ရန် ထေ့ငေါ့လိုက်ပြီး "ဒါက ချိုင်းနား မဟုတ်ဘူးကွ...VIP လက်မှတ်ဆိုရင်တောင်မှ တစ်ခေါက်ပဲ သုံးလို့ရမှာ..အဲ့လောက်လေးမှ မသိရင်လည်း အွန်လိုင်းမှာ သွားရှာကြည့်လိုက်ဦး...ဒီလို သောက်ပိန်းမေးခွန်းတွေ မေးပြီးတော့ နိုင်ငံကို သိက္ခာလာမချနဲ့..."
"လီတုန်ရန် ..နင်ဘာတွေ ပြောနေတာလဲ.."ကျောက်လီလီ ပြောလိုက်ပြီး "သူ့ဘာသူ မသိလို့ မေးနေတာကို နင်က ဘာတွေ လျှာ၀င်ရှည်နေတာ..မနာလိုရင်လည်း ကြိတ်ပြီးတော့ မနာလိုလေ...လူသိအောင် ကြေညာနေစရာ မလိုဘူး..."
"မနာလိုတယ်...? ငါ့ထက် မွဲတဲ့ ကောင်ကိုလား...ဟမ့်..လာနောက်နေတာလားကွ.."လီတုန်းရန် အထင်သေးသည့် လေသံဖြင့် ပြောလိုက်ပြီး "မင်း ၀ယ်မှာလား မ၀ယ်ဘူးလားဟျောင့်..မ၀ယ်ဘူးဆိုရင်လည်း ဂျောင်းတော့..မင်းနောက်မှာ တန်းစီနေတဲ့သူတွေ အများကြီး ရှိသေးတယ်...သူများတွေ တန်းစီနေတာကို ကြာအောင် လာလုပ်မနေနဲ့..."
လင်းရီ လီတုန်းရန်ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော်လည်း ဘာတစ်ခွန်းမျှတော့ မဆိုခဲ့။ ထိုအစား လက်မှတ်ရောင်းသူဘက်သို့ လှည့်၍ "တခြား လက်မှတ်အမျိုးအစားတွေကော ရှိသေးလား..အကန့်သတ်မဲ့ စီးလို့ရတဲ့ လက်မှတ်မျိုးတွေလေ..."
"ဆောတီးပါဆာ..ကျုပ်တို့မှာက သာမန် လက်မှတ်နဲ့ VIP လက်မှတ်ဆိုပြီးတော့ နှစ်မျိုးပဲ ရှိပါတယ်..."
"အဲ့တာဆို VIP လက်မှတ် ဘယ်နှစ်စောင်လောက် ကျန်သေးလဲ..."
"ခဏလောက်ပါဗျ.."ရောင်းသည့် အမျိုးသားမှ စက်ကို ကြည့်လိုက်ပြီး "နောက်ထပ် ၁၀၅ စောင်လောက် ကျန်ပါသေးတယ်ဆာ..."
"အိုကေ..ငါအားလုံး ယူမယ်..."
"ဝှက်...အားလုံးယူမယ်...!"
ဘေးတွက် ရပ်နေကြသည့်သူများအားလုံး လင်းရီကို မယုံကြည်နိုင်သည့် မျက်၀န်းများဖြင့် ပြူးကျယ်စွာ ကြည့်လိုက်ကြသည်။
VIPလက်မှတ် တစ်စောင်က ၁.၈၉၉ ဒေါ်လာ...၁၀၅ စောင်ဆိုတော့ ဒေါ်လာ ၂၀၀,၀၀၀ လောက်နီးပါး...ဝှက်သယ်ဖက်...
ဒီကောင်က သောက်ရမ်း ချမ်းသာတာပဲကွ...
"ဆာ...လက်မှတ်တွေ အားလုံး ၀ယ်မယ်ဆိုတာ သေချာပါတယ်နော်..."
"ဒါပေါ့ကွ..."
US တွင် အွန်လိုင်းမှ ငွေချေ၍ မရသောကြောင့် လင်းရီ သူ၏ ခရက်ဒစ်ကတ်ကို ထုတ်၍ ငွေပေးချေလိုက်သည်။ ထို့နောက် အီလက်ထရောနစ် လက်မှန်နှစ်စောင်ကို ယူကာ လူတိုင်း၏ ကြက်သေသေနေသော အကြည့်များအောက်မှ ထွက်လာခဲ့လိုက်၏။
"လီတုန်ရန် ..ခုကော ဘယ်သူက ပိုက်ဆံ ပိုရှိတယ်လို့ ထင်နေသေးလဲ..."
လီတုန်ရန် "...."
လင်းရီ ပြန်ရောက်လာသည့် အချိန်တွင်တော့ ကျီချင်းရန် သူမလက်ထဲတွင် ကတော့ပုံ ဗနီလာ ရေခဲမုန့်ကိုကိုင်ပြီး အားပါးတရ လျက်နေသည်ကို မြင်လိုက်ရ၏။
"လင်းရီ..ရေခဲမုန့်က အရမ်းအရသာရှိတာပဲ..စားကြည့်ဦးမလား..နင့်အတွက်လည်း တစ်ခု၀ယ်ထားပေးတယ်..."
"တော်ပြီ ..ချိုလွန်းတယ်..."
လင်းရီ အီရောထရောနစ် လက်မှတ် နှစ်စောင်ကို ထုတ်၍ ကျီချင်းရန်ရှေ့၌ ဝေ့ယမ်းပြလိုက်ပြီး "ကဲ လိုက်ခဲ့ပေတော့ မင်း သိပ်စီးချင်နေပါတယ်ဆိုတဲ့ မြင်းကြီး သွားစီးကြမယ်..."
"ရေး...မြင်းကြီး စီးမယ်ကွ..."ကျီချင်းရန် ရွှင်မြူးစွာ ပြောလိုက်၏။
VIP လက်မှတ် ကိုင်ဆောင်လျက် နှစ်ယောက်သား အဆောက်အအုံထဲသို့ ၀င်ရောက်လာခဲ့၏။
"အမ်...နင်က ဘာလို့ အပြင်မှာ ရပ်နေတာ..."
"ဒီလို စီးစရာမျိုးက ငါ့လိုမျိုး ယောက်ျားဆန်လွန်းတဲ့သူတွေနဲ့ မကိုက်ဘူး.မင်းတစ်ယောက်တည်းပဲစီး..."
ကျီချင်းရန် သွားနေရင်း တန်းလန်း ရပ်တန့်လိုက်ပြီး မပျော်ရွှင်စွာဖြင့် " တော်ပြီ...နင်မစီးဘူးဆိုရင် ငါလည်း မစီးတော့ဘူး..."
"အေးပါ အေးပါ..မင်းကို အထဲထိ လိုက်ပို့ပေးပါ့မယ်."
"ဟီးဟီ ဒီလိုမှပေါ့..မဟုတ်ရင် တစ်ယောက်တည်း စီးရတာ ပျင်းစရာကြီး... "
ဘ၀တွင် ထိုကဲ့သို့ ခံစားရသည့် တခြားအရာများလည်း ရှိသေး၏။ ပမာအားဖြင့် ဟော့ပေါ့တစ်ယောက်တည်း စားရသည်ထက် အများနှင့်အတူ အလုအယက် စားသောက်ရသည့် အရသာတို့ မတူညီသကဲ့သို့ပင်။
ကျီချင်းရန်မှာ စကတ်၀တ်ထားသောကြောင့် မြင်းသေးသေးလေးပေါ်တွင် ဘေးတစ်စောင်း ထိုင်လိုက်သည်။
"လင်းရီ..နင်လည်း နင့်ဘေးနားက မြင်းသေးသေးလေးကို စီးသင့်တယ်နော..."
သူမ မျက်လုံးများထဲတွင်တော့ ကြယ်များဖြင့် တောက်ပနေပြီး လရောင်ထက်ပင် အေးချမ်းသည့် အပြုံးလေးဖြင့် ပြောလိုက်၏။ ကျီချင်းရန်၏ ထိန်းချုပ်မရသည့် စိတ်လှုပ်ရှား ပျော်ရွှင်မှုများကတော့ သူမမျက်နှာထက်တွင် အထင်းသား ရေးထိုးထားလေသည်။
"သဘော..မိချောလေး သဘော..."
မကြာမီ ခေါင်းလောင်းသံ မြည်လာခဲ့ပြီး မြင်းရုပ်များမှာ စက်ဝိုင်းပုံသဏ္ဍာန် ဖြည်းညင်းစွာ လှည့်ပတ် တော့သည်။
လင်းရီကတော့ မြင်းပေါ်တွင် ခွလျက် ဆွံ့အနေ၏။
သူ့လို ယောက်ျား အရင့်မာကြီးတစ်ဦးမှ ယခုလို မြင်းစီးနေသည်ဟု တွေးလိုက်ရုံဖြင့် အတော်လေး ကသိကအောက် နိုင်လှ၏။
"လင်းရီ ဒီဘက်လှည့်."
'ချလပ် ချလပ် ချလပ်..'
ခေါ်သံကြား၍ လှည့်ကြည့်လိုက်သည့် အချိန်တွင်တော့ ကျီချင်းရန်မှ သူ့ဘက်သိူ့ ကင်မရာချိန်ကာ snap ပုံများ တဖျပ်ဖျပ် ရိုက်သွားခဲ့လေသည်။
သို့နှင့် မြင်းစီးရင်း ရှုံ့မဲ့နေသော လင်းရီ၏ အမူအရာမှာ ကင်မရာထဲတွင် ပါသွားတော့၏။
မိနစ်အနည်းငယ်ကြာပြီးနောက် တစ်ကြိမ်စီးရန် အခွင့်အရေးမှာ ပြီးဆုံးသွားခဲ့ချေပြီ။ သို့သော်လည်း ကျီချင်းရန်ကတော့ ယခုတိုင် စီးလို့ မ၀သေးချေ။
"အိုး ဟုတ်သားပဲ နင့်ကို မေးဖို့မေ့နေတာ..VIP လက်မှတ်တွေက အကန့်သတ်မဲ့ စီးလို့ရတာလား..."
"ဘယ်ရမှာ..."
"အဲ့လိုလား..အင်းပါလေ....ဒီတစ်ခေါက်တော့ ဒီလောက်ပဲပေါ့..ဘယ်တတ်နိုင်မှာ"
"နေဦးဟ....ငါ့စကားတောင် မဆုံးသေးဘူး .ဒါပေမယ့် ငါက ကျန်တဲ့ VIP လက်မှတ် ၁၀၅ စောင်လုံးကို ဝယ်ခဲ့တယ်...ဒီတော့ နောက်ထပ် အခါ ၁၀၀ ကျော်တောင်မှ စီးလို့ရသေးတယ်..အ၀သာ စီးပေတော့..."