အခန်း (၃၀၃)
Vol. 21 Ch. 303
"နင်....နင်တကယ်ကြီး လက်မှတ် တစ်ရာကျော်တောင်မှ ၀ယ်ခဲ့တယ်ပေါ့လေ..."
"မင်းပဲ အကြာကြီး စီးချင်တယ်ဆို.. အဲ့တာကြောင့် ရှိတာ အကုန်၀ယ်ခဲ့လိုက်တယ်... တန်းစီစရာလည်း မလိုတော့ဘူးလေ."
တန်းစီ နေကြသည့် သူများကတော့ လင်းရီ၏ စကားလုံးများကို ကြားသွားသည့်အခါ အားလုံး အံ့အားသင့်သွားခဲ့ကြသည်။
VIP လက်မှတ်များမှာ တစ်စောင်လျင် ၁,၈၉၉ ဒေါ်လာ ကျသင့်၏။ သို့တိုင်အောင် ထိုလူချောလေးမှာ ကျန်ရှိသည့် ၁၀၅ စောင်လုံးကို ၀ယ်ချလာခဲ့လေသည်။
ယင်းက ဒေါ်လာ ၂၀၀,၀၀၀ ကျော်နေပြီ မဟုတ်ပါလော...
ဒါက သူဌေးသားတွေ ပိုက်ဆံဖြုန်းတဲ့ ပုံစံလားဟ...
သူတိူ့အားလုံး ပထမဦးဆုံးအကြိမ် တစ်စုံတစ်ယောက်မှ သူ့ကောင်မလေးအား ဤမျှ အလိုလိုက်သည်ကို မြင်ဖူးသွားခဲ့လေသည်။
အကယ်၍ သူမသာ ဒစ်စနီလန်ကြီး တစ်ခုလုံး လိုချင်သည်ဟု ပူဆာပါက ၀ယ်ပေးမလားတောင် မပြောတတ်။
လက်မခံနိုင်ဆုံး အချက်ကတော့ ထို၀ယ်ပေးသည့် သူမှာ အသက်ကြီးသည့် အဘိုးကြီး မဟုတ်ဘဲ ငယ်ငယ် ချောချောလေး ဖြစ်နေခဲ့၏။
မနာလိုလိုက်တာကွာ..ဘာတွေများ လုပ်ခဲ့လို့ ဒီလောက် ရုပ်ပေါရေလျှံ ဖြစ်နေတာလဲဟ....
ကျီချင်းရန် ဟပ်ထိသွားခဲ့ပြီး လင်းရီ၏ လက်ကို ညင်သာစွာ ကိုင်၍ "အဲ့လောက် အများကြီး ၀ယ်စရာ မလိုဘူးလေ..လေးငါးခြောက်စောင်ဆို တော်ရောပေါ့..."
"ဘာပဲပြောပြော ငါတို့ ဒီရောက်ဖို့ဆိုတာက မလွယ်ဘူး..ဒီတော့ ရောက်တုန်းရောက်ခိုက်လေး ကျေနပ်အောင်တော့ စီးသွားမှပေါ့..ဟုတ်တယ်မလား..."
"နင်က အရမ်းကောင်းတာပဲ..."ကျီချင်းရန် တိုးညင်းစွာ ပြောလိုက်ပြီး "ဒါပြီးရင်တော့ ငါလုံး၀ နောင်တရမှာ မဟုတ်တော့ဘူး..."
"စကားနဲ့ပဲ ဆုချနေတော့မှာလား..."
"ဘာလဲ နင်က ငါ့ကို အခွင့်ရေး ယူချင်နေပြန်ပြီပေါ့.."ကျီချင်းရန် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး "ညပြန်တဲ့အထိစောင့်..."
"ဟဲဟဲ ဒီလိုမှပေါ့..."
ကျီချင်းရန် တခစ်ခစ် ရယ်မောလိုက်ပြီး သူမ မျက်နှာထက်တွင်တော့ ပန်းပေါင်းစုံ ပွင့်လန်းနေသကဲ့သို့ တင့်တယ်လှပေသည်။
သိူ့နှင့် လင်းရီ ကျီချင်းရန်နှင့်အတူ နောက်ထပ် နာရီ၀က်ခန့် အတူစီးပေးပြီးတော့မှ စိတ်ကျေနပ်စွာဖြင့် ထိုနေရာမှ ထွက်လာခဲ့တော့၏။
"လင်းရီ ..ဗိုက်ဆာတယ်..တစ်ခုခု သွားစားကြမယ်လေ..."
"အင်း...သွားစားကြတာပေါ့.."လင်းရီ ပြောလိုက်ပြီး "စီးတာက နောက်နေ့တွေ လာစီးလို့လည်း ရသေးတယ်"
"ဘယ်မှာ သွားစားကြမှာ.."ကျီချင်းရန် ဗိုက်လေးပွတ်လျက် မေးလိုက်၏။
"နင် VIP လက်မှတ်၀ယ်နေတုန်းက နေ့လည်စာ အလကား ကျွေးနေတာ မြင်လိုက်သလိုပဲ..ဒါပေမယ့် တန်းတော့စီရမှာ..အဲ့မှာ စားပြီးတော့ ပိုက်ဆံ ချွေတာကြရင်ကော... "
"ဘာကိစ္စ ချွေတာနေမှာ..တကယ်လို့ ခုနေ ငါတို့သာ ရုတ်တရက်ကြီး ေ-သသွားခဲ့မယ်ဆိုရင် ပိုက်ဆံတွေက ဘာသွားလုပ်တော့မှာ.."
"ငါတို့ သားသားမီးမီးတွေ အတွက် ချန်ထားခဲ့လို့ ရတယ် မဟုတ်လား..."
"အဲ့လိုဆိုရင်တောင်မှ သူတို့ သုံးလို့ ကုန်မှာ မဟုတ်ဘူး..."
"အဲ့လိုဆိုလည်း နောက်ထပ် နည်းနည်းများများလောက် မွေးကြမယ်လေ..."
လင်းရီ ကျီချင်းရန်ကို စူးစိုက်ကြည့်လ်ြုပြီး "ငါမင်းကို ယုံတယ်..."
"နင်တော့ ေ-သချင်နေပြီ တူတယ်..ဘယ်သူက နင့်အတွက် ကလေးမွေးပေးမယ်လို့ ပြောလို့လဲ...အရှက်လည်း မရှိဘူး..မြန်မြန် ..ဒီက ဗိုက်အရမ်းဆာနေပြီ..."
သို့နှင့် နှစ်ယောက်သား စားသောက်လို့ရသည့် နေရာသို့ ရောက်လာခဲ့၏။ VIP လက်မှတ် ၀ယ်ထားသောကြောင့် ကြိုက်ရာ စိတ်ကြိုက် မှာယူ၍ ရလေသည်။
သို့သော်လည်း တစ်ခု အဆင်မပြေသည်ကတော့ စားကောင်းသည့် ဟင်းလျာများ နည်းပါးခြင်းပင်။ သူတို့ အများကြီး မှာလိုက်သော်လည်း အနည်းငယ်ကသာ စားလို့၀င်၏။
"လင်းရီ..ဒီရဲ့ မန်းဂိုးစမူတီက အတော်လေး ကောင်းတယ်နော်..နောက်တစ်ခွက်လောက် ထပ်မှာပေးလို့ရလား..."ကျီချင်းရန် အသံတိုးတိုးလေးဖြင့် တောင်းဆိုလိုက်၏။
သူမတို့ချည်း သီးသန့်ဆိုပါက ကျီချင်းရန် တဟီးဟီးတဟားဟားဖြင့် လွတ်လွတ်လပ်လပ် စိတ်ကြိုက် အ၀စား၍ ရသည်။ သို့သော်လည်း အများရှေ့ ရောက်နေသည် ဖြစ်သောကြောင့် သူမ၏ ပုံရိပ်ကို ထိန်းသိမ်းရပေမည်။ ထို့ကြောင့် လင်းရီကိုသာ အစား မှာခိုင်းလိုက်တော့၏။
"လကုန်တော့မယ်လေ....အဲ့လောက် အအေးတွေ အများကြီး မစားရဘူး..."
လင်းရီ သူမနှာခေါင်းလေးကို တို့ထိပြီး ပြောလိုက်၏။
"ဟင်း...အင်းပါ.."
ကျီချင်းရန် မတင်းတိမ်သေးသော်လည်း စကားနားထောင်သည့် အလိမ္မာတုံးလေး လုပ်လိုက်၏။ထို့နောက် စားပွဲပေါ်ရှိ ဗနီလာ cupcakes ကို ညွှန်ပြကာ "အဲ့တာဆိုရင်ကော .သေးလည်းသေးတယ်လေ..နောက်တစ်ခုလောက် ယူလို့ မရဘူးလား..."
"ရတာပေါ့..ငါသွားယူပေးမယ်..."
လင်းရီ လက်သုတ်လိုက်ပြီး ဘားကောင်တာ ဆီသို့ လမ်းလျှောက်သွားလိုက်သည်။
"ဗနီလာ cupcakesနှစ်ခုလောက်ပါ.."
ထို့နောက် လင်းရီ သူ၏ VIP လက်မှတ်ကို ကမ်းပေးလိုက်၏။
ကောင်တာရှိ လူမည်းအရောင်းမိန်းကလေးမှာတော့ လင်းရီကို မြင်သည့် အချိန်တွင်တော့ လွန်စွာ ရိုကျိုးသွားခဲ့သည်။
သူမရှေ့ရှိ ဟွာရှ(တီရုတ်) သားမှာ VIP လက်မှတ် စောင်ရေ တစ်ရာကျော်ကို တစ်ပြိုင်တည်း ၀ယ်ခဲ့သူဖြစ်၏။ ထိုတစ်ချက်တည်းကို အကြောင်းပြု၍ ဆိုင်ရှိ မည်သည့် အစားအသောက်ကို မဆို စားနိုင်ရန် လုံလောက်လေသည်။
သိူ့သော်လည်း ထိုလူမည်း အမျိုးသမီးမှ လင်းရီ၏ လက်မှတ်ကို လက်ခံတော့မည့် အချိန်တွင် လှောင်ပြောင် ထေံငေါ့သံ တစ်သံကို ကြားလိုက်ရ၏။
"ဗနီလာ cupcakesဆိုတာက အကန့်အသတ်နဲ့ကွ...မင်းယူချင်တိုင်း ယူလို့မရဘူး..ကိုယ့်ဘာကိုယ် ဘူဖေး သွားစားနေစမ်းပါကွာ..."
လင်းရီနှင့် ကျီချင်းရန်တို့ နောက်ကြည့်လိုက်သောအခါ ပန်ဒါကြီးကို ဘီစကစ်ကျွေးမလို လုပ်ခဲ့သည့် စုံတွဲကို တွေ့လိုက်ရသည်။
"မင်းတို့လို ဘူကောင်တွေနဲ့ တွေ့ရလောက်တဲ့ထိ ငါ့ကံက အတော်ဆိုးနေသလားဟ.."
လင်းရီ ဆွံ့အ သွားခဲ့သည်။
"ဟင်း မင်းတို့နဲ့တော့ ခက်ပါဘိကွာ.."ချိန်ကျွင်းရဲ့ သက်ပြင်းချလိုက်ပြီး "မင်းတို့ကောင်တွေ လိုဂိုကို သေချာ မကြည့်ကြဘူးလားကွ..ငါတို့ ဟွာရှသားတွေရဲ့ သိက္ခာကို ဟမ်ဘာဂါမြေမှာ လာနင်းချနေတာပဲ..."
"ဘာလဲ VIP လက်မှတ် တစ်ရာကျော်လောက် ၀ယ်ခဲ့တာတောင်မှ စားချင်တာ စားလို့ မရဘူးဆိုတဲ့ သဘောလား..ရယ်စရာ ကောင်းလိုက်တာကွာ.."
"အမ်....ဘာ....ဘာ ပြောလိုက်တယ်..မင်းက..VIP လက်မှတ် တစ်ရာကျော် ၀ယ်ခဲ့တယ်..."
ချိန်ကျွင်းရဲ့နှင့် ၀မ်ဇီရီတို့ မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။
လင်းရီကတော့ ထိုငကြောင် စုံတွဲကို လျစ်လျူရှုကာ ယူစရာ ရှိတာ ယူပြီး ကျီချင်းရန်ထံ ပြန်လာခဲ့လိုက်၏။
"ဟမ့်..အဲ့လောက် လက်မှတ်တွေ အများကြီး ၀ယ်ခဲ့တယ်ဆိုမှတော့ ကမ္ဘာကြီးကို မမြင်ဖူးတဲ့ သောက်တောသားမှန်း သိသာတယ်..ဒီကိုလည်း အမြင်ကျယ်အောင်လို့ ရောက်လာမှန်းမှ မသိတာ..ဟားဟား..."၀မ်ဇီရီ အထင်သေးစွာဖြင့် ဝေဖန် ပြောဆိုလိုက်၏။
"ကျေးဇူးပြုပြီး စကားကို ယဉ်ယဉ်ကျေးကျေး ပြောပါ..."ကျီချင်းရန် မျက်နှာထား ခပ်တည်တည် ဖြင့် ပြောလိုက်၏။
"ဟမ့်..ငါပြောတာကတောင်မှ အယဉ်ကျေးဆူံး ဖြစ်နေပြီးသားပဲ..."
၀မ်ဇီရီ ပြောလိုက်ပြီး "ငါက နင်တို့ကို အပြင်ရောက်ရင် ဘာမှမသိတဲ့ တောသားတွေလို လုပ်မနေစေချင်လို့ သတိပေးနေတာ...အဲ့တာမှ ဟွာရှ လူမျိုးတွေ အရှက်မကွဲမှာလေ..."
"ဟမ့်...ငါတို့ကိုများ တောသားတဲ့....ပန်ဒါကို ဘီစကစ်ကျွေးချက်နေတဲ့ ငပိန်းတွေကတော့..လုပ်ပြီ..."လင်းရီ စောင်းပြောလိုက်ပြီး "တကယ်လို့သာ တစ်ယောက် ယောက်က နိုင်ငံကို အရှက်ရစေမယ်ဆိုရင် အဲ့တာက ငါတို့ မဟုတ်ဘူးကွ..."
"နင်...."
၀မ်ဇီရီ သူမ ဒေါသကို လွှတ်ထုတ်တော့မည့် အချိန်တွင် နောက်မှ လူနှစ်ယောက်၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရ၏။
"၀မ်ကြီး..မင်းတို့နှစ်ယောက်က ဒီမှာ ဘာရပ်လုပ်နေတာ..စားဖို့ တစ်နေရာရာမှာ ထိုင်ကြလေကွာ..."
"အေး...ဒီမှာငါ တောသားတွေနဲ့ ဆုံလို့ ဟွာရှလူမျိုးတွေ အရှက်မကွဲအောင် သင်ခန်းစာပေးနေတာ..."
နောက်မှ ရောက်လာသည့် အမျိုးသားနှင့် အမျိုးသမီးတို့မှာ လင်းရီနှင့် ကျီချင်းရန်ကို မြင်တော့ ချက်ချင်း အေးခဲသွားခဲ့သည်။
လင်းရီလည်း ထို့အတူပင်။ တခဏမျှ ကြောင်အသွားခဲ့၏။
ဒီနှစ်ယောက်က စုန့်ကျားရဲ့ အတန်းဖော်တွေဖြစ်တဲ့ ကောင်းရန်ရှင်းနဲ့ လီရွှယ်ရူ မဟုတ်လား...
တံငါနားနီး တံငါ...ဟိတ်ဟန် ထုတ်ရတာ ကြိုက်တဲ့သူ တွေအချင်းချင်း တူရာတူရာ စုကြတာ မဆန်းပါဘူးကွာ...
"မစ္စတာလင်း..ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲဗျာ..ဒီမှာ တွေ့ရမယ်လို့တောင် ထင်မထားဘူး..."ကောင်းရန်ရှင်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။
"မင်းတို့ အချင်းချင်း သိကြတာလား.."ချိန်ကျွင်းရဲ့ အံ့အားသင့်သွားခဲ့သည်။
"ဒင်နာပါတီတစ်ခုမှာ ဆုံဖူးကြတာလေ.."ကောင်းရန်ရှင်း ပြောလိုက်ပြီး "ငါ့အထင်တော့ အားလုံး အထင်လွဲနေကြတာနဲ့ တူတယ်..အကုန်လုံးက နိုင်ငံကြီးသား ပီသတဲ့သူတွေပဲလေ...ဘာလို့ အတူထိုင်ပြီး မစားသောက်ကြမှာလည်း ..ဟုတ်တယ်မလား..သူများနိုင်ငံ ရောက်နေတုန်း ကိုယ့်လူမျိုး အချင်းချင်း စည်းလုံးသင့်တာပေါ့ဗျာ..."
လင်းရီ၏ အထောက်အထားကို သိရှိပြီးနောက် ကောင်းရန်ရှင်းနှင့် လီရွှယ်ရူတို့မှာ လင်းရီရှေ့၌ ဘယ်သောအခါမျှ ကြွားဝါရဲခြင်း မရှိတော့ချေ။။
"သူတို့က ငါနဲ့ တစ်ဝိုင်းတည်းထိုင်ပြီး စားသောက်ဖို့ ထိုက်တန်တယ်လို့ ထင်လား..."လင်းရီ ဖျော့တော့စွာ မေးမြန်းလိုက်ပြီး "သူတို့ကပဲ ထိုင်ဖို့ အခွင့်ရေးရှိနေတယ်လို့ ထင်နေတာလား..ဒါမှမဟုတ် မင်းကပဲ ငါ့ကို အထင်သေးနေတာလား..."
"မ..မဟုတ်တာ မစ္စတာလင်းရယ်..ကျုပ်က အဲ့သဘောမျိုး ပြောတာ မဟုတ်ပါဘူးဗျ...."ကောင်းရန်ရှင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကျုပ်တို့အားလုံးမှာက လေးစားဖွယ် ပုံရိပ် ကိုယ်စီနဲ့လေ...ငွေအတွက်ပဲ ဖြစ်ဖြစ် စည်းလုံးကြတာပေါ့ဗျာ..."
"ဟမ့်..ဘာကိစ္စ ယဉ်ကျေးနေရမှာ.."လင်းရီ ပြောလိုက်ပြီး "သူတို့က ငါနဲ့ အဆင့်အတန်းချင်း မတူတာကိုတောင်မှ အတူထိုင်ဖို့ အခွင့်ရေး ရှိတယ်လို့များ ထင်နေတာလားကွ..."
"ဒါ...."
"ကောင်းကြီး..ဒီငနဲက ဘယ်ဂျောင်က ထွက်လာတဲ့ကောင်လဲကွ..မောက်မာနေတာကတော့ ကမ်းကုန်အောင်ပဲ..."ချိန်ကျွင်းရဲ့ လေးနက်စွာဖြင့် မေးမြန်းလိုက်သည်။
သူတို့ ပြောဆိုနေပုံအရတော့ သူတို့ရှေ့ရှိ လူမှာ အနေအထား တစ်ခုတော့ ရှိမည့်ပုံပင်။ မဟုတ်ပါက ကောင်းရန်ရှင်းမှာ ထိုကဲ့သို့သော လေသံဖြင့် ပြောလိမ့်မည် မဟုတ်ချေ။
"မစ္စတာလင်းမှာက ငါတို့ စော်ကားလို့ မရတဲ့ နောက်ခံရှိတယ်...သူက သာမန်လူမဟုတ်ဘူး.."ကောင်းရန်ရှင်း အသံနိမ့်၍ ပြောလိုက်၏။
"ဟက်...ဘယ်လို သာမန် မဟုတ်တာ..."
ချိန်ကျွင်းရဲ့ ပြောလိုက်ပြီး "ကောင်းကြီး..မင်းလည်း ခု ငါ့အနေအထားကို သိရဲ့သားနဲ့ကွာ..သခင်လေးချင်းလို အနေအထားလောက်မှ မဟုတ်ရင် ဘယ်ကောင့်ကိုမှ သောက်ဂရုစိုက်စရာ မလိုဘူးဆိုတာ သိတယ်မလား...။"