← Chapters

အခန်း (၃၀၄)

Vol. 21 Ch. 304

အခန်း (၃၀၄)

Vol. 21 Ch. 304

"ဒါ...."

‌"ကောင်းရန်ရှင်း တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် "မစ္စတာလင်း..ခင်များရဲ့ မိသားစု လုပ်ငန်းက အကြီးစားကြီးဆိုတာ ကျုပ်နားလည်ပါတယ်..အတိတ်မှာ ဆိုရင်တော့ ချိန်ကြီးက ခင်များနဲ့ ယှဉ်လို့ရမှာ မဟုတ်ဘူးဆိုပေမယ့် ခု သူ့ရဲ့ ကုမ္ပဏီက အိန်ဂျယ် ရင်းနှီးမြုပ်မှံမှု ကုမ္ပဏီဆီကနေ ပရောဂျက် စီးရီးအေ ရင်းနှီးမြုပ်နှံငွေကို ရပြီးသား..ခု သူတို့ စီးရီးဘီအတွက် ရင်းနှီးမြုပ်နှံငွေလည်း မကြာခင်ရတော့မှာ...သူတို့ကုမ္ပဏီရဲ့ ဈေးကွက် အလားအလာက အရမ်းကောင်းလွန်းတယ်...တကယ်လို့ နှိုင်းယှဉ်မယ်ဆိုရင် သူက မစ္စတာလင်းနဲ့တောင် သိပ်မကွာ‌..."

"အဲ့လိုလား...ရင်းနှီးငွေလေး နှစ်ခါလောက် ရလိုက်တာနဲ့ ဒီလောက်တောင် ရူးသွပ်ပြနေတယ်ပေါ့..."

"ဟားဟား..."ချိန်ကျွင်းရဲ့ အေးစက်စွာ ရယ်မောလိုက်ပြီး "မင်း သိမှာတော့ မဟုတ်လောက်ဘူး..ဒါပေမယ့် ငါ့ဆီမှာ ရင်းနှီးမြုပ်နှံတဲ့သူတွေက သာမန်လူတွေ မဟုတ်ဘူးကွ..."

"အိုး..ဟုတ်လား .ဆိုစမ်းပါဦး..မင်းလို သောက်ရူးက ဘယ်သူ့အားကိုးလဲ ရူးထနေလဲဆိုတာ သိချင်စမ်းပါဘိ..."

"မင်း စီနိုဟန် ကုမ္ပဏီကိုတော့ ကြားဖူးတယ်ဟုတ်..."ချိန်ကျွင်းရဲ့ ပြောလိုက်ပြီး "အဲ့စီနိုဟန် ကုမ္ပဏီက စီးရီအေ မှာ ရင်းနှီးမြုပ်နှံထားတာပဲ....ခု ပရောဂျက် စီးရီဘီအတွက်လည်း လာတော့မှာ ... "

"ဒိတော့ စီနိုဟန် ကုမ္ပဏီက မင်းကို ဒီလိုဘောတွေ ပေးလိုက်တယ် ဆိုပါတော့..."လင်းရီ ပြောလိုက်ပြီး "မင်းက ချင်းဟန်နဲ့ အမျိုးတော်တာလား.."

"ဘာလဲ ..ကြောက်သွားပြီလား..ရင်ထဲမှာ ကိုယ့်ဘာကိုယ် ကြိတ်ပြီး အပြစ်တွေ တင်နေပြီလားကွ .ဟားဟား....."ချိန်ကျွင်းရဲ့ လှောင်ရယ်လိုက်ပြီး "ထပ်ပြောပြလိုက်ဦးမယ်...စီနိုဟန် ကုမ္ပဏီ တင်မကသေးဘူး..တလောကမှ တန်ခိုးထွားလာတဲ့ လင်းယွမ်ကုမ္ပဏီကလည်း အိန်ဂျယ် ကော်ပိုရေးရှင်းကနေ တစ်ဆင့် ငါ့ဆီမှာ ရင်းနှီး မြုပ်နှံထားသေးတယ်ကွ..."

"လောင်ကုန်းကလည်း သူ့လို တောသားကို ဘာလို့ လေကုန်ခံပြီး ရှင်းပြနေတာလဲ..."၀မ်ဇီရီ ပြောလိုက်ပြီး "သူ့လို လူမျိုးက ကြားဖူးမှာတောင် မဟုတ်လောက်ဘူး..."

ကျီချင်းရန်ကတော့ ဆွံ့အနေပြီးတိတ်တဆိတ် ခေါင်း ခါရမ်းမိလိုက်သည်။

ထိုလူများမှာ အသားလွတ် ဘ၀င်မြင့်လွန်းလှ၏။ တစ်တောင်ထက် တစ်တောင်က ပိုမြင့်သည်ဟူသော စကားကို မကြားဖူးပုံပင်။

ကောင်းရန်ရှင်း မတ်တပ်ရပ်၍ ရှင်းပြလိုက်ပြီး "မစ္စတာလင်း..ခင်များ လင်းယွမ် ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ အစိမ်းသပ်သပ် ဖြစ်နေမယ်ဆိုတာ သေချာတယ်..ဒါပေမယ့် အဲ့ဒီ ဘယ်ကမှန်း မသိ ပေါ်လာတဲ့ ကုမ္ပဏီကလည်း အထင်သေးလို့တော့ မရဘူးနော်..အမြွှာမျှော်စင်ကိုတောင်မှ သူတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးက ၁၈ ဘီလီယမ်ပေးပြီး ၀ယ်ထားတာ...ဒီတော့ သူ့ရဲ့ နောက်ခံနဲ့ဆိုရင် ချိန်ကြီးက....."

ကောင်းရန်ရှင်း စကားဆုံးအောင် မပြောခဲ့သော်လည်း လင်းရီမှ သဘောပေါက် လိမ့်မည်ဟု ယုံကြည်ပေသည်။

လက်ရှိ ချိန်ကျွင်းရဲ့၏ ပိုင်ဆိုင်မှုမှာ လင်းရီလောက် မရှိသော်လည်း အနာဂတ် အလားအလာကတော့ လွန်စွာ ကောင်းမွန်၏။ ထို့ကြောင့် အရိပ်အကဲ နားလည်သင့်ပေသည်။

ကောင်းရန်ရှင်း၏ စကားလုံးများက ဘေးဝိုင်းတွင် စားသောက်နေကြသည့် ဟွာရှသားများကို လုံးဝါရှော့ခ်ရသွားစေခဲ့သည်။

ချင်းဟန်ကလည်း ကျိုးဟိုင်ကဆိုပေမယ့် အင်တာနက်ပေါ်မှာ လွှမ်းမိုးမှုကတော့ နှာတစ်ချက်ချေရုံနဲ့တင် ဂယက်ထသွားလောက်တယ်

ပြီးတော့ အမြွှာမျှော်စင်ကို ၁၈ ဘီလီယမ်ပေးပြီး ၀ယ်ထားတဲ့ တိုင်ကွန်းကြီးကလည်း သူ့နား ရင်းနှီး မြုပ်နှံထားတယ်ဆိုတော့ ဘယ်သူက သူနဲ့ ဆန့်ကျင်ရဲတော့မှာလဲတဲ့။..

ဆန့်ကျင်ခဲ့ရင် အကောင်ကြီးကြီး နှစ်ယောက်ကို တစ်ပြိုင်တည်း အပြစ်ပြုလိုက်တာနဲ့ အတူတူပဲ မဟုတ်လား...

"ဖူး....."

ကျီချင်းရန် မနေနိုင်ပဲ အသံထွက် ရယ်မောမိလိုက်သည်။

လင်းရီ ရင်းနှီး မြုပ်နှံပေးနေတဲ့သူက သူ့သူဌေးရှေ့မှာ လာပြီး ဟိတ်ဟန် ထုတ်ပြနေတယ်တဲ့...

လင်းရီလည်း အကျယ်ကြီး အော်ရယ်မိလိုက်ပြီး ဘာပြောရမှန်းမသိ ဖြစ်နေတော့၏။

"ဘယ်သူက မင်းနား ရင်းနှီး မြုပ်နှံထားတာ..ချီရှန်းကျောက်လား..ဒါမှ မဟုတ် ဟော်ယွမ်ယွမ်လား..."လင်းရီ မေးလိုက်၏။

လင်းရီမှ ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့၏ အမည်ကို ပြောသံကြားတော့ ချိန်ကျွင်းရဲ့ အေးခဲသွားပြီး "မင်း..မင်းက ဒါရိုက်တာဟော်နဲ့ ဒါရိုက်တာချီကို သိတယ်ပေါ့လေ.."

"မင်းကို မေးနေတာ ငါ့ကို ပြန်လာမမေးနဲ့..ဘယ်သူက မင်းနား ရင်းနှီး မြုပ်နှံထားတာလဲလို့..."

"ဒါရိုက်တာချီ..."

"အေးဆေးပေါ့..ဖုန်းလေး တစ်ကောလောက် အရင် ခေါ်ကြရအောင်..."

လင်းရီ ချီရှန်းကျောက်ထံသို့ ဖုန်းခေါ်လိုက်ပြီး အကြာကြီးမြည်ပြီးနောက် တစ်ဖက်မှ ဖုန်းကိုင်လာခဲ့၏။

"ဘော့စ်လင်း...?"

အချိန်ကွာခြားမှုကြောင့် ချိုင်းနားတွင်တော့ မနက်အစောပိုင်း ဖြစ်နေကာ ချီရှန်းကျောက်မှ ယခု အချိန်ထိ အိပ်ရာမှ မထသေးချေ။

"မင်း ချိန်ကျွင်းရဲ့ ဆိုတဲ့ကောင်နဲ့ သိလား..."လင်းရီ မေးလိုက်၏။

"ဟုတ် သိပါတယ်ဘော့စ်..သူက ကျုံးကျွီ နည်းပညာ ကုမ္ပဏီရဲ့ သူဌေးလေ..သူတို့ ကုမ္ပဏီရဲ့ အလားအလာလေးက မဆိုးတော့ ကျုပ်တို့ ပထမတစ်ခေါက်တောင် ရင်းနှီးပြီးသွားပြီ..ခု ဒုတိယတစ်ခေါက် စဖို့ ပြင်နေတာ..."

ချီရှန်းကျောက်မှ ဖြေကြားလိုက်သည်။

"ငါခုလေးတင် မင်းရဲ့ ကောင်ကြီးနဲ့ တွေ့နေတာ..လူက သိပ်ကျပ်ပြည့်ပုံ မရဘူး.....ရင်းနှီးထားတဲ့ငွေတွေကို ပြန်ထုတ်လိုက်တော့..."

"ရင်းနှီးထားတာတွေကို ပြန်ထုတ်ရမယ်..?"

"အမှန်ပဲ..ပြန်ထုတ်လိုက်..."လင်းရီ ပေါ့ပါးစွာ ပြောလိုက်သည်။

"ကောင်းပြီလေဘော့စ်..အဲ့လိုဆို ကျုပ် မနက်ဖြန် မနက်ကျရင် ကျုံးကျွီနဲ့ ဆက်သွယ်ပြီးတော့ ငွေပြန်ထုတ်လိုက်တော့မယ်..."

"အိုကေ...အေးဆေး နားလိုက်ဦး..."

ညွှန်ကြားချက်များ ပေးပြီးနောကိ လင်းရီ ဖုန်းချလိုက်သည်။ ကောင်းရန်ရှင်းနှင့် ချိန်ကျွင်းရဲ့တို့မှာတော့ နေရာတင် အေးခဲပြီး တောင့်တောင့်ကြီး ဖြစ်နေတော့၏။

လင်းရီနှင့် စကားပြောနေသူမှာ လင်းယွမ်ကော်ပိုရေးရှင်းမှ ချီရှန်းကျောက် ဖြစ်ကြောင်း ချိန်ကျွင်းရဲ့ ပြောနိုင်လေသည်။

ထို့ပြင် သူ့ရှေ့ရှိလူကိုလည်း ဘော့စ်ဟု ခေါ်လိုက်သေး၏။

ဖြစ်နိုင်တာက သူ့ထက် ရာထူး အရမ်းကြီး မြင့်လို့များလား...

အဲ့လိုဆိုရင်တောင်မှ သူကဖြင့် လင်းယွမ်ကော်ပိုရေးရှင်းရဲ့ COO တောင်ဖြစ်နေပြီးသားလေ..သူ့ထက် ရာထူးကြီးတာဆိုလို့ သူဌေးပဲ ရှိတော့မှာပေါ့...ဟစ်....

"မစ်...မစ္စတာလင်း..ခင်များ ရင်းနှီးငွေတွေကို ပြန်ထုတ်မယ် ပြောလိုက်သလားလို့..."

"အမှန်ပဲလေ..ငါ့ငွေ ငါထုတ်တာ ဘာဖြစ်လို့လဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး ""ဒါပေမယ့် မပူနဲ့ ငါ ဖုန်းခေါ်တာက မပြီးသေးဘူး.."

လင်းရီ သူ၏ ဖုန်းထဲရှိ ချင်းဟန်၏ နံပါတ်ကို တစ်ဖန် ပြန်ခေါ်လိုက်သည်။

ချီရှန်းကျောက်၏ ဆိတ်ငြိမ်သော နေရာနှင့် နှိုင်းယှဉ်မည် ဆိုပါက ချင်းဟန်၏ နေရာမှာ အတော်လေး ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ဟု ဆိုရမည်။ ဖုန်းထဲတွင်လည်း အမျိုးသမီးတစ်ဦး၏ ရာဂမီးတောက်လောင်နေသံများ ဆူညံနေပြီး ကျီချင်းရန်ပင် နားရှက်လာခဲ့၏။

ထိုငနဲမှ ဒချိဒချိဂိမ်းကစားနေသည်မှာ ထင်ရှားပေသည်။

"ငါလခွမ်းမို့လို့ ညသန်းခေါင်ကြီး ဖုန်းဆက်နေတာလားဟ..ပြော..ဘာကိစ္စလဲ.."

"မင်း လတ်တလော ကျုံးကျွီနည်းပညာ ကုမ္ပဏီမှာ ရင်းနှီး မြုပ်နှံလိုက်သေးလား..ငါ ဒီနေ့ပဲ သူတို့ ဘော့စ်နဲ့ တွေ့ခဲ့တယ်..ရှက်စရာပဲကွာ..အဲ့ကောင်က သိပ်ကျပ်မပြည့်ရှာဘူး...ဒီတော့ သူတို့ ပရောဂျက် စီးရီးဘီမှာလည်း ပါမနေနဲ့တော့..."

"ငိုးပဲ စောစောတော့ မပြောဘူး.."ချင်းဟန် ကျိန်ဆဲ လိုက်ပြီး "အဲ့ကောင်က မင်းကို အပြစ်ပြုထားတာလား...ငါ့ မဆက်အသွယ်တွေ သုံးပြီးတော့ ဘလက်လစ်ထဲ ထည့်ပေးရဦးမလားဟျောင့်..."

"အင်း..အဲ့လိုလုပ်လည်း အဆင်ပြေပါတယ်..."

"အိုကေ ခုတော့ အလုပ်များလိုက်ဦးမယ်...ဂိမ်းက မနက်ဖြန်လောက်မှ ပြီးမှာ ဟီးဟီး..."

"အေးပါကွာ....."

ဖုန်းချပြီးနောက် လင်းရီ ချိန်ကျွင်းရဲ့ကို စိန်ခေါ်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး "စကားဆက်ပြောရအောင်လေ..မင်းမှာ နောက်ထပ် ဘယ်နောက်ခံတွေ ရှိလဲလို့ ပြောပါဦး..ငါနဲ့ အတူထိုင်ဖို့ တန်မတန် ကြည့်ရအောင်လို့..."

ချိန်ကျွင်းရဲ့ တစ်ကိုယ်လုံး ကတုန်ကယင်ဖြစ်သွားပြီး မျက်နှာမှာလည်း တစေတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ ဖြူလျော်သွား‌တော့သည်။

"မင်း..မင်းက ဘယ်သူလဲ .."

"ငါက ဘယ်သူလဲ..."လင်းရီ ပြုံးလိုက်ပြီး "တိုက်တိုက် ဆိုင်ဆိုင် ငါက လင်းယွမ်ကုမ္ပဏီရဲ့ ဘော့စ်လေ..ပြီးတော့ အမြွှာမျှော်စင်ကို ၁၈ ဘီလီယမ်ပေးပြီး ၀ယ်လိုက်‌တဲ့ တောသား ငနုံလေးပေါ့..."

"ဖူး...."

ချိန်ကျွင်းရဲ့ သွေးအန်လုနီးပါး ဖြစ်သွားခဲ့ပြီး "မင်း..မင်းက လင်းယွမ်ကုမ္ပဏီရဲ့ ဘော့စ်..."

"အမှန်ပဲ..."လင်းရီ လက်သုတ်ရင်း ပြောလိုက်ပြီး "ပြီးတော့ စီနိုဟန် ကုမ္ပဏီကို ရင်းနှီး ခိုင်းလိုက်တာလည်း ငါပဲ..မဟုတ်ရင် သူတို့က မင်းလို ပါမွှားလေးကို စိတ်၀င်စားမယ် ထင်နေလား..."

ဘေးတွင် ရပ်နားထောင် နေသည့် ကောင်းရန် ရှင်းကတော့ ရင်တစ်ချက် တုန်သွားခဲ့သည်။

သူနှင့် ချိန်ကျွင်းရဲ့ တို့မှာ ငတုံးများ ဖြစ်နေသကဲ့သို့ ခံစားလိုက်ရ၏။

ချိန်ကျွင်းရဲ့၏ ကုမ္ပဏီမှာ အလားအလာကောင်းခဲ့သော်လည်း ယခု သူ့ရှေ့ရှိ လူကြောင့် အရာအားလုံး ပျက်ဆီးကုန်ချေပြီ။ ဟိတ်ဟတ်ထုတ်ခြင်း၏ မကျိုးဆက်များပင်။

ဘယ်လိုတောင် ပိန်းလိုက်လဲကွာ...

"လက်....လက်စသတ်တော့ နှစ်ခု လုံးကမင်းလုပ်နေတာကိုး"

"အမှန်ပဲ.."လင်းရီ ပြောလိုက်ပြီး "ဒီမှာကောင်မလေးနဲ့ ကဲနေမယ့်အစား မင်းကုမ္ပဏီကို ပြန်ပြီး ကိုင်တွယ်သင့်တယ်နော..."

"မ...မလုပ်ပါနဲ့."

ဘုန်း..

ချိန်ကျွင်းရဲ့ လင်းရီရှေ့တွင် ဒူးထောက်ချလိုက်သည်။

"မစ္စတာလင်း.. ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်ရေး တစ်ခေါက်လောက်ပဲ ထပ်ပေးပါ...ရင်းနှီးငွေတွေသာ အကုန်ထုတ်လိုက်မယ်ဆိုရင် ကျွန်တော့်ဘ၀က တကယ်ကို အဆုံးသတ်ပြီ မို့လို့ပါဗျ..."

"မင်းငါ့ကို လာပြီး တောင်းပန်နေစရာ မလိုဘူး.."လင်းရီ ပြောလိုက်ပြီး "ကောင်းကင်ကြီးက အပြစ်သားတွေကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်ပေးလိမ့်မယ်...ဒါပေမယ့် အဲ့အပြစ်တွေကြိတော့ မင်းဘ၀တစ်လျှောက်လုံး ပခုံးထမ်းထားရမှာပဲလေ..မင်းဘာမင်း ပေးဆပ်တာက အကောင်းဆုံးပဲ..."

ချိန်ကျွင်းရဲ့၏ မျက်လုံးများမှာ ဗလာကျင်းသွားခဲ့ပြီး ဝိဉာဏ်နှုတ်ခံရသူကဲ့သို့ ငူငူငိုင်ငိုင်ကြီး ဖြစ်‌လာခဲ့၏။

"ကျွင်းရဲ့..နင်ဘာမှ တောင်းပန်နေစရာ မလိုဘူး..နင့်ရဲ့ အရည်အချင်းနဲ့ဆိုရင် နောက်တစ်ဖန် ပြန်ဦးမော့နိုင်မယ်လို့ ယုံကြည်တယ်...."၀မ်ဇီရီ ပြောလိုက်သည်။

ဖြောင်း...

ချိန်ကျွင်းရဲ့ တစ်ဖက်လှည့်ပြီး၀မ်ဇီရီကို ပါးပိတ်ရိုက်လိုက်သည်။

"အားလုံးက မင်းအမှားတွေပဲ ခွေးမ...မင်းသာ ပန်ဒါကို ဘီစကစ်မကျွေးပဲနဲ့ မစ္စတာလင်းရှေ့မှာသာ ကြွားလုံးမထုတ်ချင်ခဲ့ဘူးဆိုရင် ဒီလိုတွေ ဖြစ်လာမှာတောင် မဟုတ်ဘူး...."

"နင်...နင်ငါ့ကို ရိုက်တယ်..."

၀မ်ဇီရီ သူမ မျက်နှာကို လက်ဝါးလေးဖြင့် အုပ်ရင်း "ငါနင့်ကို တကယ်မှားယွင်းမှားခဲ့တာပဲ..."

"ငါကမှ မင်းနဲ့ ပတ်သက်ပြီး အကုန်မှားယွင်းခဲ့တာကွ...အားလုံး မင်းအမှားပဲ..ခုတော့ ငါ့မှာ တောင်းစားရင်တောင် ခွက်ရှိမှာ မဟုတ်တော့ဘူး...."

"နင်ကိုက သောက်သုံးမကျတာကိုး..ငါ့လာအပြစ်တင်မနေနဲ့ ..."၀မ်ဇီရီ အော်ဟစ်လိုက်ပြီး "နင့်တစ်သက်လုံး မစ္စတာလင်းထက် ဘယ်တော့မှ ကောင်းလာမှာ မဟုတ်ဘူး"

လင်းရီကတော့ ပါးစပ်သုတ်ပြီး ကျီချင်းရန်နှင့်အတူ ထိုနေရာမှ ထွက်လာခဲ့လိုက်၏။

သူတို့အချင်းချင်း အပြစ်တင် ဝေဖန်နေသည့် စကားလုံးများကို နားအရသာ ခံနေရန် အာရုံမရှိချေ။

ထိုနေ့လည်ခင်းတွင်တော့ လင်းရီ ကျီချင်းရန်ကို ပန်းခြံတစ်ဝိုက်ရှိ နေရာတော်တော်တော်များများသို့ လိုက်ပို့ပေးခဲ့သည်။

ပျော်စရာကောင်းသည့် စီးစရာများ ရှိသော်လည်း အများစုမှာ ပြင်းထန်လွန်းသောကြောင့် ကျီချင်းရန် စီးရန် မဝံ့ရဲ‌ခဲ့။

အထူးသဖြင့်တော့ မီတာ ၂၀၀ကျော်မြင့်မားသည့် ချားရဟတ်ကြီးကို သူမ အရမ်း စီးချင်နေလေသည်။

သို့သော်လည်း အတော်‌လေးကြောက်နေခဲ့၍ ထိုချားရဟတ်ကြီးကို ဘေးချိတ်ကာ နောက်တစ်ခေါက်လာမှ ထပ်စီးရန် ဆူံးဖြတ်လိုက်တော့၏။

"လင်းရီ နင်ငါနဲ့အတူ ချားရဟတ် လိုက်စီးပေးမယ်လို့ ပြောထားတာနော်..နင့်စကားနင် ပြန်မရုတ်သိမ်းနဲ့.."

"ဒီက မင်းကို ဒစ်စနီလန် ခေါ်လာခဲ့ပေးတဲ့ ကောင်ပါကွ..ဘာကို ကြောက်ရမှာ....ချားရဟတ်လေးပဲ မလား"လင်းရီ ပြောလိုက်ပြီး "မစီးရဲတဲ့သူက မင်းလေ..."

"ဒါပေမယ့် ငါက နောက်ရက် တွေကျရင် လာစီးမှာလေ ..အဲ့ခါကျ နင့်စကားတည်ဖို့သာ မမေ့နဲ့..ငါနဲ့ အတူ လိုက်စီးပေးရမယ်..."ကျီချင်းရန် လေးနက်စွာဖြင့် ပြောလိုက်သည်။

All Chapters