အခန်း (၃၀၇)
Vol. 21 Ch. 307
လင်းရီ ပြောစရာစကား ကင်းမဲ့သွားခဲ့၏။
မင်းတကယ်ကြီး စုံစမ်းခဲ့တာလားဟ...
လင်းရီ ဟော်ယွမ်ယွမ်၏ မက်ဆေ့ခ်ျကို ရီပလိုင်း မပြန်လိုက်သလို အီးမေးလ်ကိုလည်း ဖတ်ရှုမနေခဲ့ချေ။
ယခု သူ့တွင် သတင်းအချက်အလက်များ ရှိနေပြီ ဖြစ်သောကြောင့် မည်သည့်အချိန်၌ လုပ်ငန်းစမလဲဆိုတာ သေချာ စဉ်စားဖို့ လိုချေပြီ။
သို့သော်လည်း သူ၏ ပလန်များ မစတင်မီ သေချာပြင်ဆင်ဖို့ လိုအပ်၏။
ကျီချင်းရန်ကတော့ လင်းရီ ဘေးမှ ဖြည်းညင်းစွာ လိုက်လာခဲ့ပြီး လင်းရီ ဘာမျှ မပြောဘဲ ဖုန်းကြည့်နေသည်ကို မြင်တော့ နှောင့်ယှက် မနေတော့ချေ။
အကယ်၍ သူ၏ အလုပ်ကိစ္စကြောင့်သာ မဟုတ်ပါက လင်းရီ၏ မျက်နှာ အမူအရာမှာ ထိုမျှ လေးနက်နေလိမ့်မည် မဟုတ်။
နှစ်ယောက်သား ဟိုတယ်သို့ ရောက်သည့် တိုင်အောင် လမ်းတွင် စကားတစ်ခွန်းမျှ မပြောဘဲ သူ့အတွေးနှင့်သူ ခရီးဆက်နေလေသည်။ လင်းရီ တစ်ချိန်လုံး မျက်မှောင်ကြုတ်ထားပြီး ကျီချင်းရန်ကိုလည်း မစနောက်တော့ပေ။ ယင်းအခြေနေကို အသားမကျသည့် ကျီချင်းရန်မှာတော့ သူမရင်ထဲ တစ်မျိုးလိုနေသလို ခံစားနေရ၏။
"ချင်းရန်..မင်းရေချိုးဦးမှာလား.."လင်းရီ ပြောလိုက်ပြီး "မင်း ရေသွားချိုးမယ်ဆိုရင် မင်းပြီးမှ ငါ၀င်လိုက်တော့မယ်..."
"ရတယ်..နင် အရင်၀င်လိုက်..."
လင်းရီ အလုပ်နှင့်ပတ်သက်၍ စိတ်ရှုပ်နေသည်ကိုမြင်တော့ ကျီချင်းရန်လည်း အပြောင်အပြက် ပြုလုပ်မနေတော့ပဲ "ငါနင့်ရဲ့ ပဂျားမား ယူလာပေးမယ်နော်..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ပဂျားမားကို ယူကာ ရေချိုးခန်းထဲသို့ ၀င်သွား၏။
ရေချိုးခန်းထဲသို့ ၀င်ပြီးနောက် လင်းရီ အိမ်သာပေါ်တွင်ထိုင်ကာ မေးတစ်ဖက်ထောက်၍ ကျီချင်းရန်ကို မည်သို့ လှည့်စားမလဲဆိုတာ အကြုံထုတ်နေတော့၏။
မည်သို့ပင်ဆိုစေ ယခုခရီးစဉ်မှာ သူမနှင့် အတ လာချင်သောကြောင့်ဟု ပြောထား၍ လင်းရီ သူ၏လာရင်း ရည်ရွယ်ချက်ကို ကျီချင်းရန် သိအောင် ဖော်ထုတ်၍ မရချေ။
အကယ်၍ ကျီချင်းရန် သိသွားခဲ့လျင်တောင်မှ သူမ စိတ်ဆိုးလိမ့်မည် မဟုတ်သော်လည်း လေထုအခြေနေကတော့ ပြောင်းလဲသွားနိုင်၏။ သူစိမ်းဆန်သည့် လေထူ ၊ အသုံးချခံရသည့် လေထု ၊ စသဖြင့် ကိုးရို့ကားယားနိုင်သည့် လေထု အခြေနေသို့ ရောက်ရှိသွားပေလိမ့်မည်။
ထို့ပြင် သူ၏ အဓိက လာရင်း ရည်ရွယ်ချက်မှာလည်း ဝါရှင်တန်သို့ သွားရန်ပင်။ အဘယ်ကြောင့်ဆိုသော် မိုက်ခရိုဆော့ဖ်၏ ရုံးချုပ်မှာ ထိုနေရာ၌ အခြေစိူက်သောကြောင့် ဖြစ်၏။ ကျီချင်းရန်ကို ထိုနေရာသို့ ခေါ်သွားရန် သူ့တွင် သင့်တင်လျောက်ပတ်သော အကြောင်းပြချက် တစ်ခု ရှိရန် လိုအပ်သည်။
ထိုအကြောင်း တခဏမျှ စဉ်းစားလိုက်ပြီး စိတ်ထဲတွင် "ကွမ်းရာ ဆိုရင်တော့ ရမယ်ထင်တယ်.."
(ကွမ်းရာဆိုတာက ရာလော့က ကောင်မလေးလေ)
ထိုအကြောင်းစဉ်းစားပြီးနောက် လင်းရီ ကွမ်းရာကို အမျိုးသမီး ဇာတ်ပို့နေရာ၌ ထားထားလိုက်၏။
ထိုသို့ဆိုလျင်တောင် သူနှင့်အတူ လိုက်ပါသရုပ်ဆောင်ပေးမည့် အမျိုးသား ဇာတ်ပို့တစ်ဦး လိုအပ်နေသေး၏။
ဟော်ယွမ်ယွမ်မှ ပြုလုပ်ပေးနိုင်သော်လည်း သူမမှာ ယခု အခြေနေနှင့် လိုက်ဖက်သူတစ်ယောက် မဟုတ်ခဲ့ပေ။
ထို့ကြောင့် သူမကို ဖယ်ရှားလိုက်ပြီးနောက် ချီရှန်းကျောက်မှာ အသင့်လျော်ဆုံးဖြစ်မည်ဟု လင်းရီ ခံစားလိုက်ရသည်။
သူတို့ နှစ်ယောက်လုံးကို ဇာတ်ပို့သရုပ်ဆောင်များအဖြစ် ရွေးချယ်ပြီးနောက် တစ်ယောက်ချင်းစီကို စာပို့ပြီး အကျိုးသင့် အကြောင်းသင့် ရှင်းပြလိုက်သည်။
အရာအားလုံးကို စီစဉ်သတ်မှတ်ပြီး နောက် ရေအမြန်ချိုးကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့လိုက်လေသည်။
"နင်ခုတလော အရမ်းပင်ပမ်းနေတာလား..စီးပွားရေးက ဖြည်းဖြည်းလုပ်လည်း ရပါတယ်ဟယ်..ကိုယ့်ကိုယ်ကို အဲ့လောက်ကြီး ဖိအားပေးမနဲ့.."
"အင်း..အဆင်ပြေပါတယ်ကွာ....တစ်ယောက်တည်းလည်း ရပါတယ်"လင်းရီ လေးလေးပင်ပင်ကြီး ပြောလိုက်၏။
လင်းရီမှ ထိုသို့ ပြောလာသောကြောင့် ကျီချင်းရန်လည်း ဘာမှ မတတ်နိုင်တော့ချေ။
ကလင် ကလင် ကလင်...
ထိုအချိန်တွင် ကျီချင်းရန် ဖုန်းသံ မြည်လာခဲ့၏။ ကွမ်းရာ ဆီမှပင်။
"ငါ ဖုန်းခဏလောက် သွားပြောလိုက်ဦးမယ်နော်..နင်အရမ်းပင်ပမ်းနေတယ်ဆိုရင်လည်း ခဏလောက် ထိုင်နေလိုက်ဦး..ငါ ပခုံးနှိပ်ပေးမယ်..."
"အင်း...သွားပြောလေ.."
လင်းရီ ဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး ကျီချင်းရန်ကတော့ အိပ်ခန်းထဲသို့ ၀င်သွားခဲ့၏။
ပခုံးနှပ်ပေးမယ်ဆိုပဲ..
ဟဲဟဲ..ဘာစိတ်ကူးပေါက်လို့ပါလိမ့်...
သူကျီချင်းရန်ကို အနည်းငယ် အားနာသလိုတောင် ဖြစ်လာခဲ့လေသည်။
ထားလိုက် ထားလိုက်...တကယ်လို့ သူက မနာကျင်ရရင် ဘယ်သူက နာကျင်ရမှာ..ငါကလား...
မိနစ်နှစ်ဆယ် ကြာပြီးနောက် ကျီချင်းရန် သူမလက်ထဲတွင် ဖုန်းကိုင်ပြီး အခန်းထဲမှ ထွက်လာခဲ့၏။ သူမမျက်နှာထက်တွင်တော့ ဝေခွဲရ ခက်နေမှုများက အထင်သားပင်။
သို့သော်လည်း အပြင်သို့ ထွက်လာခဲ့သည့် အချိန်တွင် တော့လင်းရီ ချီရှန်းကျောက်နှင့် ဗွီဒီယိုကော ပြောနေသည်ကို မြင်လိုက်ရသည်။
"ဘော့စ်လင်း..ကျုပ်ခင်များကို ကြိုမပြောထားဘူးလား...ကုမ္ပဏီက အရမ်းအလုပ်များနေပါတယ်ဆိုမှ ခင်များက အမေရိကားကို ပြေးသွားတယ်ပေါ့လေ..."
ယင်းလေသံကိုကြားတော့ ကျီချင်းရန် နောက်သို့ ပြန်ဆုတ်မိလိုက်သည်။ ပုံမှန်ဆိုပါက ချီရှန်းကျောက်မှာ အတော်လေး သဘောမနောကောင်းသည့်လူဖြစ်ပြီး ဒေါသထွက်လည်း နည်း၏။ ယခုတော့ လင်းရီကိုတောင်မှ လေသံမာမာဖြင့် ကျိန်ဆဲလို့နေသည်။ ဘာများဖြစ်နေပါလိမ်...
"ငါမင်းကို လုပ်ပိုင်ခွင့်တွေ အားလုံး ပေးခဲ့တာပဲ မဟုတ်ဘူးလား..ငါက ဘာလုပ်ဖို့ ရှိနေဖို့ လိုဦးမှာလဲကွ..ငါမင်းကို ဘာလို့ အလုပ်ခန့်ထားတယ်ထင်လဲ..."
"ကျုပ်က ကုမ္ပဏီရဲ့ COO လေ..ပြီးတော့ ကျုပ်ကလည်း လခ အလကား ယူနေတာ မဟုတ်ဘူး..ခင်များပေးခဲ့တဲ့ အလုပ်ကို ကျုပ်မနိုင်လို့ ဒီလိုတွေ ပြောနေရတာ..."ချီရှန်းကျောက် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်၏။
"ပြီးတော့ ခင်များက ကုမ္ပဏီရဲ့ ဘော့စ်လေ..ခု ကုမ္ပဏီက ပရောဂျက်တွေ တောက်လျောက်ကိုင်နေတာ...ဒါပေမယ့် ခင်များကျတော့ အမေရိကားသွားပြီး ဇိမ်နဲ့ နှပ်နေတယ်..အဲ့တာ ဖြစ်သင့်လား..ကျုပ်တို့လို ၀န်ထမ်းတွေရဲ့ စိတ်ထဲမှာ ဘယ်လိုတွေ ခံစားနေရလဲဆိုတာကော နားလည်လား.."
"ငါက ဘော့စ်..ပြီးတော့ မင်းက ၀န်ထမ်း..မင်းရဲ့ ခံစားချက်တွေက ငါနဲ့ ဘာဆိုင်လို့တုန်းကွ...."
"ကျုပ် ဘာမှ သိပ်မပြောချင်ဘူး..တစ်ခွန်းပဲ ပြောချင်တယ်...အမြန်ဆုံး ပြန်လာခဲ့..ကုမ္ပဏီက ခု အရမ်းအလုပ်များနေတယ်..အရေးကြီးဆုံး အချိန်အပိုင်းခြားကို ရောက်နေတာလို့တောင် ပြောလို့ရတယ်..ကျုပ်တို့ ဘော့စ်ကို လိုအပ်တယ်..."
"သောက်ရေးမပါတာ..ငါပြန်လာချင်တဲ့ အချိန် ပြန်လာလို့ရတယ်များ ထင်နေလားကွ..ဒီမှာ လေးငါရက်လောက် နေရဦးမှာ...."လင်းရီ ပြောလိုက်ပြီး "မင်းလုပ်နိုင်ရင်လည်း လုပ် ၊ မလုပ်နိုင်ဘူးဆိုရင်လည်း ထွက်သွားလိုက်တော့..,မင်းမရှိလည်း လင်းယွမ်အုပ်စုကြီးက ပြိုလဲသွားစရာ အကြောင်း မရှိဘူး..."
"ရတယ်လေ...အဲ့လိုဆိုလည်း ကျုပ်မလုပ်ဘူးဗျာ...ကျုပ်လည်း ဒီအလုပ်မလုပ်လို့ ငတ်သေသွားမှာ မဟုတ်ဘူး.."
"ဟဲ့ ဟဲ့ ..နေကြပါဦး..."
ကျီချင်းရန် တည်ငြိမ်စွာ ဆက်နားထောင် မနေနိုင်တော့ပဲ ပြေးလာပြီး လင်းရီဖုန်းကို လုယူကာ "ချီ..နင်ကလည်း စိတ်လေး လျှော့ပါဦးဟယ်....ငါ့အမှားပါတွေပါ...နင်တို့ ဘော့စ်လင်းက ငါ့ကို အဖော်လုပ်ပေးနေရလို့ပါ..."
ကျီချင်းရန် အပြစ်မကင်းသလို ခံစားသွားခဲ့ရသည်။ လင်းရီ ထိုမျှ အလုပ်များနေလိမ့်မည်လို့ ထင်မထားခဲ့ချေ။
သူ တစ်လမ်းလုံး မျက်မှောင်ကြီး ကြုတ်ထားတာ မဆန်းတော့ပါဘူးလေ..လက်စသတ်တော့ ဒီကိစ္စကို ခေါင်းခဲနေတာကိုး...
လင်းရီ ခေါင်းလေးစောင်းပြီး ဖုန်းထဲရှိ ချီရှန်းကျောက်ကို တစ်ချက်ကြည့်လိုက်သည်။
"ငိုးပဲ..ဒီကောင်က မွေးကတည်းကနေ သရုပ်ဖြစ်ဖို့ ပါရမီပါလာတာပဲကွ...အိုက်တင်လုပ်နေတာများ လုံး၀ကို တကယ်ဖြစ်နေတဲ့ အတိုင်းပဲ..ပြန်ရောက်မှပဲ အဲ့ကောင်ကို ကြက်ပေါင်တစ်ချောင်းလောက် ဆုချလိုက်ဦးမယ်..."
"ဘော့စ်က ဥက္ကဌကျီနဲ့ ထွက်လာတယ်ဆိုတော့လည်း ကျုပ်ဘာမှ မပြောတော့ပါဘူးဗျာ..."
"မပူနဲ့..ငါတို့ မကြာခင် ပြန်လာခဲ့တော့မှာ..ကုမ္ပဏီရဲ့ ရှေ့ရေးကို ဘယ်စတေးလို့ ဖြစ်မှာလဲ ဟုတ်တယ်မလား..."
"အဆင်ပြေပါတယ်..ကျုပ်နည်းနည်းလောက်လေး ပိုလုပ်လိုက်တာပေါ့..."
"ရတယ်..ငါခုပဲ စီစဉ်လိုက်တော့မယ်..နင်သာ လင်းရီကို အထင်မမှားနဲ့..သူက လျှာကသာ ဘူးဂလန့်ပြောတယ်ဆိုပေမယ့် ရင်ထဲက ပါတယ်ရယ် မဟုတ်ပါဘူးဟယ်..."
"ဟုတ် သိပါတယ်..."
"အဲ့တာဆိုလည်း ပြီးတာပဲ..ဖုန်းချလိုက် တော့မယ်..နောက်မှ သူနဲ့ ဆက်ဆွေးနွေးလိုက်တော့..."
"ကောင်းပါပြီခင်ဗျ..."
ဖုန်းချပြီးနောက် ကျီချင်းရန် ရင်ဘက်ကြီးနှင့် ခံစားလိုက်ရသည်။
"ကုမ္ပဏီအလုပ်တွေက ဒီလောက် အရေးကြီးနေတာတောင်မှ နင်က ဘာမှ မဖြစ်ဘူး ပြောနေတယ်ပေါ့လေ...ငါ့ကို စိတ်ဆိုးပြီး သေအောင် လုပ်နေတာပဲ.."
"ဘာဖြစ်လဲ..ငါက မင်းနဲ့အတူ လျှောက်လည်ချင်တာ...ပြီးတော့ ကုမ္ပဏီအလုပ်ဆိုတာကလည်း မင်းလောက်မှ အရေးမကြီးတာ..."လင်းရီ ဒေါသအရှိန် မသေသေးဟန်ဖြင့် ပြောလိုက်သည်။
"နင့်ရင်ထဲမှာ ငါရှိနေသေးတယ်ဆိုရင်ကိုပဲ ကျေနပ်ပြီ...ဒီလိုတွေ လုပ်ပေးဖို့ မလိုဘူး..."ကျီချင်းရန် လင်းရီလက်ကို ကိုင်လျက် ပြောလိုက်ပြီး "နင်နဲ့အတူသာဆိုရင် အမေရိကားမှ မဟုတ်ပါဘူးဟယ်...ဒီတိုင်း လမ်းအတူလျှောက်နေရရင်ကို ပျော်ရွှင်ပါတယ်..."
"အဲ့လိုလုပ်လို့ ဘယ်ရမှာ..လမ်းတွေက အော်လန်ဒိုနဲ့ ဘယ်ယှဉ်လို့ရမှာတုန်းဟ..."လင်းရီ ပြောလိုက်၏။
"နင်က မိန်းမတွေကို နားမလည်သေးဘူးပဲ..."ကျီချင်းရန် ရှက်သွေးဖြန်းလျက် ပြောလိုက်သည်။
"ငါက ဘယ်လို နားမလည်တာ ..."
"နင် ဘယ်သွားသွား အရေးမကြီးဘူး..နင်ဘယ်သူနဲ့သွားတာလဲ ဆိုတာက အရေးကြီးဆုံးပဲ.."ကျီချင်းရန် မျက်နှာလေးရဲလျက် ပြောလိုက်ပြီး "နင်ငါ့ကို ခုလို လိုက်ပို့ပေးလို့လည်း အရမ်းပျော်တယ်သိလား..ဒါပေမယ့် နင့်မှာက ကုမ္ပဏီကြီးက တစ်ဖက်လေ..အဲ့လိုကြီး ပစ်ထားလို့ ဘယ်ရမှာ..."
"ပြီးတာပဲလေ..မင်းပြောတဲ့ အတိုင်းပဲပေါ့.."
လင်းရီ ခေါင်းငုံ့ပြီး ထိရှနေဟန်ဖြင့် ပြောလိုက်၏။ သူ၏ သရုပ်တောင် စကေးများကတော့ အကယ်ဒမီရ သရုပ်ဆောင်များပင်လျှင် အရှုံးပေးရလောက်ချေသည်။
"အိုး..ဒါနဲ့ ခုနက ဘယ်သူလဲ ဖုန်းခေါ်လာတာ..."လင်းရီ မသိဟန်ဖြင့် မေးလိုက်၏။
"သူများ မဟုတ်ပါဘူး..ကွမ်းရာ..ဟိုလိုထွေထူးကြီးတော့ မဟုတ်ပါဘူးဟယ် .."ကျီချင်းရန် လက်ခါ၍ ရှင်းပြလိုက်၏။
"ပြောစမ်းပါ ဘာကြီးလဲ..မင်းလိမ်နေတာ ငါသိနေတယ်နော..."
လင်းရီ ပြောလိုက်သည်။
"သူမ ပြောတာတော့ ဝါရှင်တန်မှာ အောက်ဒေါဒီဇိုင်းတွေ ရေးဆွဲတဲ့ ပရော်ဖက်ရှင်နယ်တွေ အများကြီး ရှိတယ်တဲ့.အထူးသဖြင့်တော့ ဆိပ်ကမ်းလို ဟာမျိုးတွေလေ...အဲ့တာကြောင့်မို့ သူက ငါနဲ့ အတူသွားလည်ချင်တယ်ဆိုပြီး လာပြောနေလို့..."
"ဘာလို့ သွားမှာ..ငါတို့က ဒီကို ကြုံတောင်ကြုံခဲ လာလည်ရပါတယ်ဆိုနေမှ..သူက မင်းကို ငါ့အနားကနေ ခေါ်သွားချင်နေတယ်ပေါ့..."လင်းရီ ပြောလိုက်ပြီး "ဒီကွမ်းရာက တစ်ခုခုတော့ တစ်ခုခုပဲ ..နောက်မှ မှတ်လောက်သားလောက်အောင် ပညာပြပေးဦးမယ်..."
"မရဘူး...နင်သူ့ကို အဲ့လိုလုပ်လို့မရဘူး..."
ကျီချင်းရန် လေးနက်စွာဖြင့် ပြောလိုက်ပြီး "ဒီရဲ့ ၀မ်ကျန်းဆိပ်ကမ်း ပရောဂျက်ကြီးက အရမ်းအရေးကြီးတယ် ..ငါတို့ မထီမဲ့မြင်ပြုလို့မရဘူး..."
"ဘာတွေလဲကွာ..နှစ်ယောက် သာသာယာယာလေး လည်ချင်ပါတယ် ဆိုနေမှ တစ်ယောက်တစ်မျိုးနဲ့ လာပြီးအနှောက်ယှက် ပေးနေကြတယ်..."
"ကဲပါ..နင်တွေးနေတာကို ငါသိတယ်...ငါမှတ်ထားပေးမယ်လေ"
"ပြီးတာပဲ..အဲ့တာဆို မနက်ဖြန် ဝါရှင်တန်ကို သွားကြမယ်...ခုကိစ္စက ငါတို့ မိသားစုအရေးဆိုတော့ အားတစ်ချို့တော့ စိုက်ထုတ်သင့်တယ်လေ...ဟုတ်တယ်ဟုတ်.."
"ဘာတွေ လာပြောနေတာ.."ကျီချင်းရန် ရှက်ရမ်းရမ်းသွားပြီး "ဘယ်သူက နင့်ရဲ့ မိသားစုလဲလို့..."
လင်းရီ ကျီချင်းရန်၏ ပါးဖောင်းဖောင်းလေးကို ညစ်လိုက်ပြီး "အားလုံး စီစဉ်ပြီးပြီဆိုမှတော့ သွားပြီး ဆေးကြောတော့လေ..စောစောနားရအောင်. "
"အွန်း..."ထို့နောက် ကျီချင်းရန် လင်းရီကို လေးနက်စွာ ကြည့်လိုက်ပြီး "ကျေးဇူးပါနော်..ငါ့ကြောင့်နဲ့ နင်လည်း အများကြီး နစ်နာသွားရပြီ..."
"အေးဆေးပါ..ဒါကလည်း ငါ့တာ၀န်မကင်းဘူးလေ..အားလုံးမှာ ဦးစားပေးဆိုတာ ရှိကြတာပဲ မဟုတ်လား..."
ဤတစ်ကြိမ်တွင်တော့ ကျီချင်းရန် လင်းရီ၏ မည်သည့် အမည်နာမကိုမျှ မခေါ်တော့ပဲ သူမ၏ မျက်၀န်းများထဲတွင် မှန်းရခက်ခဲသည့် မြူတစ်လွှာ ပေါ်ပေါက်လာခဲ့ပြီး "ငါတို့ရဲ့ အရင် အစီအစဉ်ကို ဖျက်သိမ်းစရာ မလိုဘူးနော်....ဒါပေမယ့် ငါနင့်ကို အခွင့်ရေးပေးလိုက်မယ်...ဒီညတော့ နင် ငါနဲ့ အခန်းထဲမှာလာအိပ်.."