← Chapters

အခန်း (၃၀၈)

Vol. 21 Ch. 308

အခန်း (၃၀၈)

Vol. 21 Ch. 308

"အမ်...သေချာမှ ပြောနော်..."

လင်းရီပြောတော့ ကျီချင်းရန် ရှက်စနိုးဖြင့် ခေါင်းညိမ့်လိုက်သည်။

"အွန်း.."

လင်းရီ ဘာမျှ မတုံ့ပြန်ဘဲ သူ၏ လက်ချောင်းများကို ချိုး၍ တစ်ခုခုရေတွက်ဟန် ပြုလုပ်လိုက်၏။

"ဘာတွေ လုပ်နေတာ..."

"ဒီတိုင်း ရက်တွက်ကြည့်နေတာလေ..ဒီနေ့က လုံခြုံတဲ့နေ့ဆိုတော့ ဦးထုပ်ဆောင်းစရာ မလိုဘူး ထင်တာပဲ...."

"လုံခြုံတယ်...?"

ကျီချင်းရန်၏ နီရဲနေသော မျက်နှာလေးမှာ ပို၍ပင် ပူလောင်လာခဲ့ပြီး ရှက်လည်းရှက် တစ်ချိန်တည်းတွင် ဒေါသလည်း ထွက်နေသည်။

"နင်ဘာတွေ လျှောက်တွေးနာ...တကယ်လို့ ဒီလိုတွေ မဟုတ်မဟတ် လျှောက်တွေးနေမယ်ဆိုရင်တော့ တော်ပြီ... ဆိုဖာပေါ်မှာပဲ အိပ်တော့..."

"အေးပါ အေးပါ..ငါ့ မကောင်းတဲ့ အတွေးတွေကို ခဏ ဘေးချိတ်ထားလိုက်ပါ့မယ်..."

"ဘာကို ဘေးချိတ်ထားမှာ.တစ်ခါတည်း အကုန်လုံး အပျောက်ဖျောက်ပစ်ရမှာပေါ့ဟဲ့..."

ထိုသို့ ပြောပြီးနောက် ကျီချင်းရန် သူမ၏ ပဂျားမားကို ယူကာ ရေချိုးခန်းထဲသို့ ၀င်သွားခဲ့သည်။

မကြာမီ ရေများ‌ပြေးလွှားနေသည့် အသံကို ကြားနေရ၏။ လင်းရီကတော့ ဆိုဖာကို မှီ၍ သူ၏ အီးမေးလ်ကို ဖွင့်လိုက်ပြီး ဟော်ယွမ်ယွမ်‌ပို့ထားသည့် ရှန်ထျန်းကျိုး၏ သတင်းအချက်အလက်များကို ထပ်ခါတလဲလဲ ဖတ်ရှုနေတော့သည်။

ရှန်းထျန်းကျိုး၏ ကိုယ်ရေးအကျဉ်းကို သုံးပိုင်း ခွဲခြားထား၏။

ပထမပိုင်းတွင်တော့ သူ၏ အကျင့်စရိုက်နှင့် ဝါသနာများ၊ ပင်ကိုယ်အရည်ချင်းများအားလုံးကို နှံ့စပ်စွာ ဖော်ပြထားသည်။

ရှန်းထျန်းကျိုး နှစ်သက်သည့် အားကစားနှင့်အစားအသောက်များ အပါအ၀င် သူမကြာခဏ အပျော်ခရီးထွက်တတ်သည့် နေရာများကိုပါ သေချာရှင်းလင်းစွာ စာရင်းတစ်ခုဖြင့် ဖော်ပြထားလေသည်။

ဟော်ယွမ်ယွမ်၏ တင်ပြထားပုံမှာ မဆိုးဟု ပြော၍ ရ၏။

ဒုတိယ အပိုင်းတွင်တော့ သူ၏ အလုပ်ပေါ် ကိုင်တွယ်သည့် ဝိသေသ လက္ခဏာများကို အသေးစိတ် ဖော်ပြထား၏။

ရေးသားထားသည်ကတော့ ...

ရှန်းထျန်းကျိုးမှာ မိုက်ခရိုဆော့ဖ်နှင့် ၀င်ရောက်လာခဲ့ပြီးနောက် နှစ်နှစ်အတွင်း ဌာန၏ ဒုဥက္ကဌ ဖြစ်လာခဲ့သည်။

ထို့နာက် ဌာန အသီးသီးသို့ ပြောင်းရွေ့တာ၀န်ထမ်းဆောင်ကာ လွန်ခဲ့သည့် သုံးနှစ်ခန့်ကပဲ မိုက်ခရိုဆော့ဖ်၏ စီနီယာ ဒုဥက္ကဌ ဖြသ်လာခဲ့၏။

ဟော်ယွမ်ယွမ်၏ တင်ပြချက်ထဲတွင်တော့ ရှန်းထျန်းကျိုးကို လွန်စွာ အမွှန်းတင်၍ ဖော်ပြထားလေသည်။ မည်သိူ့ပင်ဆိုစေ ဟွာရှသားတစ်ဦးမှ မိုက်ခရိုဆော့ဖ်တွင် စီနီယာဒုဥက္ကဌ ဖြစ်နေသည်မှာ သူတို့လူမျိုးများအတွက် ဂုဏ်တက်စရာပင် မဟုတ်ပါလော။

လင်းရီလည်း များများစားစား ပြောစရာမရှိချေ။ သူကိုယ်တိုင်လည်း ထိုရှန်းထျန်းကျိုးမှာ အံ့အားသင့်ဖို့ကောင်းကြောင်းတော့ လက်ခံထား၏။

ဒီလိုလူမျိုးကိုသာ ခေါ်နိုင်လို့ကတော့ တကယ်ကို ‌မဆိုးတာ ...

တတိယအပိုင်းတွင်တော့ သူ၏ ဘ၀နေထိုင်မှုပုံစံကို အကျယ်တ၀င့် ဖော်ပြထားသည်။

ရှန်းထျန်းကျိုးမှာ သူ့လစဉ် ၀င်ငွေ၏ နှစ်ဆယ်ပုံတစ်ပုံကို ပရဟိတ နေရာများသို့ လှူဒါန်းလေ့ရှိကြောင်း ရေးသားထားသည်။ ယခု သူ၏ လစာနှင့် ဆိုပါက အတော်လေးကို များပြားသည့် ပမာဏဟု ဆိုရပေမည်။

သူထောက်ပံ့ထားသည့် နေရာအများစုကတော့ ဆင်းရဲသည့်တောင်ပေါ်ဒေသများဖြစ်သည့် ကျယ်ကျန်း စီရင်စုတစ်ဝိုက်တွင် အများဆုံး လှူဒါန်းထား၏။

ထိုအချက်ကိုမြင်တော့ လင်းရီ ရှန်းထျန်းကျိုးကို အတော်လေး သဘောကျသွားခဲ့သည်။

ထို့နောက် လင်းရီ အောက်သို့ ဆက်ဖတ်လိုက်၏။ မြင်လိုက်တာ‌နှင့်တင် လူတိုင်း၏ ဘ၀င်ကို အကြိုက်တွေ့သွားစေမည့် အချက်တစ်ချက်လည်း ရှိသေးသည်။

ရှန်းထျန်းကျိုးမှာ မိုက်ခရိုဆော့ဖ်၌ အလုပ်လုပ်နေသည်မှာ ရှစ်နှစ်မျှ ကြာပြီ ဖြစ်သော်လည်း လွန်ခဲ့သည့် လေးနှစ်မှ စတင်ကာ ဟွာရှသို့ နှစ်တိုင်းနီးပါး တစ်ခေါက်တော့ ရောက်ဖြစ်အောင် လာခဲ့သည်။

သူ့မိသားစုထံသို့ အလည်လာသည့် အပြင် တက္ကသိုလ် တော်တော်များများ၌လည်း စာပေဟောပြောပွဲများ ပြုလုပ်ပေးသေး၏။

သို့သော်လည်း သူသွားရောက်သည့် ကျောင်းများမှာ အတော်လေးတော့ စိတ်၀င်စားဖို့ ကောင်းနေသည်။ စင်ဟွာနှင့် ရန်တက္ကသ်ုလ်ကဲ့သို့သော နာမည်ကြီးကျောင်းများသို့ မသွားရောက်ပဲ သာမန် တက္ကသိုလ်များ၌သာ ဟောပြောပွဲများ ပြုလုပ်ခဲ့၏။

ယင်းအချက်က အတော်လေး စိတ်၀င်စားဖို့ ကောင်းနေလေသည်။

လင်းရီ ကျန်ရှိသည့် အကြောင်းရာများကို ဆက်လက်ဖတ်ရှုပြီးနောက် စာဖိုင်ကို ပိတ်လိုက်သည်။

ထို့နောက် နှဖူးပေါ်လက်တင်ကာ အကြီးအကျယ် အတွေးနက်နေတော့၏။

ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားသည့်အကြောင်းရာများကို ဖတ်ရှုပြီးသလောက်တော့ ထိုရှန်းထျန်းကျိုးတွင် သူ အသုံးချနိုင်သည့် စွမ်းရည် တော်တော်များများ ရှိနေပြီး ကျောက်တုံးခေါင်းကြီးလည်း မဟုတ်ချေ။

သို့သော်လည်း သူ့ကို မည်သို့ သွေးဆောင်ဖျားယောင်း

ရမလဲ ဆိုသည်က စဉ်းစားရကြပ်သည့် ပြဿနာ တစ်ရပ်ဖြစ်‌‌နေလေသည်။

လုရင်းနှင့် စွန်းဖုယွီတို့ နှစ်ရက်တိုင်တိုင် ကြိုးစားပြီး တွေ့ခွင့်တောင်းတာကိုတောင်မှ တစ်ဖက်လူမှာ တွေ့ရန် အခွင့်ရေးမပေးချေ။ ယင်းအချက်က ထိုလူမှာ မည်မျှ အလေးနက်ထားဖို့ လိုနေကြောင်း ဖော်ပြရန် လုံလောက်လေသည်။

မည်သို့ပင်ဆိုစေကာမူ လုရင်း၏ ပေါင်တံစင်းစင်းလေးများမှာ အကြည့်လွဲရန် ခက်ခဲလှ၏။

ထိုအချက်ကို စဉ်းစားပြီးနောက် လင်းရီ သူ၏ ရှေးနည်းလမ်းအတိုင်း ဆွဲဆောင်သည့် အကြံဉာဏ်များကို ပယ်ချလိုက်တော့သည်။

ရှန်းထျန်းကျိုးကဲ့သို့သော လူမျိုးကို ရင်ဆိုင်ရာတွင် သူ၏ နိုင်ငံအတွက် တစ်ခြားနည်းလမ်းတစ်ခုကို ကြိုးစား၍ ဖောက်သင့်ပေသည်။

"အာ...ဘယ်အချိန်ကတည်းကနေ ဒီရောက်နေတာ..."

ရှန်းထျန်းကျိုးအကြောင်း အတွေးနက်နေတုန်း ကျီချင်းရန် ရုတ်တရက် ရောက်နေသည်ကို မြင်တော့ လင်းရီ လန့်ဖြန့်သွားခဲ့သည်။

"သူများက ဒီမှာ ရောက်နေတာ တစ်မိနစ်တောင် ပြည့်တော့မယ်..."ကျီချင်းရန် လင်းရီကို စိတ်၀င်စားသည့် အကြည့်များဖြင့် ကြည့်ရှုလိုက်ပြီး "နင်က အိပ်ပျော်နေတာလည်း မဟုတ်ဘူးဆိုတော့ စိတ်ကူးနဲ့ရူးနေတာလားပဲ..."

"အား....."

လင်းရီ သူမကို ခါးမှ ပွေ့လိုက်ပြီး "ငါ ခုနတုန်းကတော့ မအိပ်ချင်ဘူး..ခုတော့ အိပ်ချင်သွားပြီ..."

"နင်...လူဆိုးကြီး..ဘာတွေလုပ်နေတာ..ငါ့ကို အမြန်လွှတ်ပေးလို့..."

"ကြမ်းပြင်က ချောနေတယ်လေ..မင်းချော်လဲသွားရင် တစ်ခုခု ဖြစ်မှာဆိုးလို့..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"နင် တမင်သပ်သပ် လုပ်နေတာ မဟုတ်ဘူးလား.."

"ဟုတ်တယ်ဆိုရင်ကော..."

ကျီချင်းရန် ချစ်စရာကောင်းစွာဖြင့် ပါးဖောင်းကာ "ဟွန့်..ဘယ်လိုတောင် နှာဘူးတာလဲ..အရှက်ကလဲမရှိပြန်ဘူး..."

လင်းရီ သူမကို အခန်းထဲသို့ ပွေ့ခေါ်သွားလိုက်ပြီး သူမ မည်မျှ ချစ်ဖို့ ကောင်းနေသည်ကို မြင်တော့ အိပ်စက်ရန် ပြင်ဆင်လိုက်၏။

မီးပိတ်ပြီးနောက် ကျီချင်းရန်မှ အိပ်ရာပေါ်တွင် ရုတ်တရက် ထထိုင်ကာ "ငါက နင့်ကို ဆုချတဲ့အနေနဲ့ ကုတင်ပေးထားနော်..နင်ငါ့စကားကို နားထောင်ရမယ်.. "

"မပူနဲ့ ငါ့ခေါင်းက နားထောင်တယ်..မင်းပြောတဲ့အတိုင်းပဲ လှုပ်ကို မလှုပ်တာ..."

"ဘယ်သူက နင့်ရဲ့ သစ်တုံး ခေါင်းကြီးအကြောင်း ပြောနေလို့လဲ....ငါက နင့်‌ရဲ့ ခြေတွေ လက်တွေကို ပြောနေတာ..."

ကျီချင်းရန် မျက်စောင်းလေး ထိုးလိုက်ပြီး " ဘာမှ လျှောက်မလုပ်နဲ...ကြားလား..."

"ချောင်ရန် အုပ်စုရဲ့ အလှဧကရီလေးက ငါ့ဘေးနားမှာ လဲနေတာတောင်မှ ငါက မလှုပ်ရှားဘူးဆိုရင် မင်းရဲ့ အလှတရားတွေကို စော်ကားသလို ဖြစ်သွားမှာပေါ့ဟ... "

"ဟွန့်...လာပြီး အရူးလုပ်မနေနဲ့..နင့်စကားလုံးတွေအောက်မှာ ကြွေဆင်းသွားမယ်များ မှတ်နေလား.."

ကျီချင်းရန်မှာ လုံး၀ တင်းခံနေပြီး မယိမ်းယိုင်သည့် လေသံဖြင့် ပြော၍ "တကယ်လို့ နင်သာ မဟုတ်တာတွေ လျှောက်လုပ်ရဲလို့ကတော့ နင့်ကို တရားစွဲပြီးတော့ ထောင်ထဲ ပို့ပစ်မယ်..."

"မင်းက တကယ်ကြီး ကလေးတွေကို အဖေမရှိပဲ ကြီးပြင်းခိုင်းရက်တဲ့ နှလုံးသား ရှိတယ်ပေါ့..."

"အဖေမရှိ..."

"လင်းရီ...နင် ဒီလိုမျိုး ပေါက်တတ်ကရတွေ ဆက်ပြောနေဦးမယ်ဆိုရင် အပြင်မှာပဲ အိပ်တော့... "

ကျီချင်းရန် အသံမှာ အနည်းငယ် တုန်ခါသွားပြီး ရင်တလှပ်လှပ် ဖြစ်နေလေသည်။

"ဟင်း...ဒါပေမယ့် မင်းတောင်းဆိုတာတွေက များလွန်းတယ်လေကွာ..မလှုပ်ပဲ တောင့်တောင့်ကြီး အိပ်ရအောင် ငါ့ကို မသာများ မှတ်နေတာလားဟ...ငါလည်း အိပ်ရင်းနဲ့ နည်းနည်းပါးပါး ထိမိပြုမိတာလေးတွေတော့ ရှိမှာပေါ့..."

၎င်းကိုကြားတော့ ကျီချင်းရန် တခဏမျှ တွေးတောလိုက်ပြီး "အဲ့တာဆိုလည်း နင် ငါ့ဗိုက်ကိုပဲ ဖက်လို့ရမယ်...မကောင်းတဲ့ အတွေးတွေ မရှိရဘူး..."

ကျီချင်းရန် တပည့်တစ်ဦးကို သွန်သင်နေသည့် ဆရာမလေးကဲ့သို့ လက်ညိုးလေး ထိုး၍ ပြောလိုက်သည်။

"ကောင်းပါပြီဗျာ..."

ထို့နောက် နှစ်ယောက်သား ညအိပ်၀တ်စုံများဖြင့် အတူ လဲလျောင်းလိုက်ကြသည်။ လင်းရီ ကျီချင်းရန်၏ ၀မ်းဗိုက်နုနုလေးပေါ်သို့ လက်တင်ထားချိန် ကျီချင်းရန်၏ နှလုံးသားကတော့ မာရသွန်းပြေးသကဲ့သို့ တဒုတ်ဒုတ် ခုန်နေပြီး ရေငတ်သလိုပင် ဖြစ်လာကာ တံတွေးခိုး၍ မျိုချနေရသည်။

ဒါကြီးက အဆင့်တွေ တအားကျော်နေသလိုကြီး ဖြစ်သွားမလား...

သို့သော်လည်း လင်းရီမှ တည်ငြိမ်စွာဖြင့် ၀င်သက်ထွက်သက်ပြုနေသည်ကို ကြားတော့ ကျီချင်းရန်လည်း အများကြီး သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။

တိုင်းဆမရသည့် ကြည်နူးနှစ်သက်မှုများ ကျီချင်းရန်၏ နှလုံးသားထံတွင် ပြည့်လျှံလာခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တော့၏။

နောက်တစ်နေ့ နံနက် လင်းရီ အိပ်ရာမှ နိုးလာသည့် အချိန်တွင်တော့ ကျီချင်းရန်မှ သူ့လက်မောင်းပေါ်တွင် ခေါင်းအုံးထားသည်ကို မြင်လိုက်ရ၏။

သူမ၏ အသားရေမှာ နူးညံ့စိုပြေနေပြီး မျက်တောင်များမှာလည်း ရှည်လျား၍ ကော့စင်းနေလေသည်။

ထို့ပြင် သူမ၏ တင်းရင်းသွယ်လျနေ‌သည့် ပေါင်တံဖွေးဖွေးလေးများက်ုလည်း လှစ်ဟလုနီးပါးဖြစ်နေပြီး ပျင်းရိနေသည့် ကြောင်ပေါက်လေးကဲ့သို့ အိပ်စက်နေကာ ကြည့်ရှုသူကို အနမ်းပေးချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာအောင် ပြုလုပ်နေတော့၏။

လင်းရီ သူမကို စူးစိုက်ကြည့်နေသလို ခံစားမိတော့ ကျီချင်းရန် မျက်လုံးဖွင့်လိုက်သည်။

သူမ နိုးနေတာ ကြာပြီဖြစ်သော်လည်း လင်းရီ ရင်ခွင်ထဲ၌ အိပ်စက်ရသည်မှာ သက်တောင့်သက်သာ ရှိလှသောကြောင့် ဇိမ်ယူပြီး မှိန်းနေလေ၏။

"ထတော့လေ..ငါတို့ ခဏနေကြ ဝါရှင်တန်ကို သွားရတော့မှာ.."

"အွန်း..."ကျီချင်းရန် ဆံပင်သပ်ရင်း မျက်နှာလေးရဲလျက် ခေါင်းညိမ့်လိုက်သည်။

ကိစ္စ ဝိစ္စများ ပြုလုပ်ပြီးနောက် အထုပ်ပိုးထည့်၍ နှစ်ယောက်သား ဟိုတယ်ထဲမှ ထွက်လာကာ လေဆိပ်သို့ ထွက်လာခဲ့လိုက်သည်။ ၀တ်စုံကိုလည်း လေဆိပ်ရှိ သင့်တော်သည့် ဆိုင်တစ်ဆိုင်တွင် ၀ယ်ယူလိုက်၏။

သူမတို့ အပျော်ခရီး ထွက်လာခဲ့ကြတာဖြစ်ပြီး အလုပ်အကြောင်း မပြောချင်သောကြောင့် ၀တ်စုံတစ်စုံကိုမျှ မထည့်လာခဲ့ကြချေ။

အ၀တ်စားများ ၀ယ်ပြီးနောက် နှစ်ယောက်သားအချိန်မဖြုန်းပဲ ဝါရှင်တန်သို့ သွားမည့် လေယာဉ်ပေါ်သိူ့ တက်လိုက်ကြသည်။

လေယာဉ်ဆင်းသည့် အချိန်တွင်တော့ ကွမ်းရာမှာ အချိန်အတော်ကြာကတည်းက သူမတို့ကို လေဆိပ်၌ စောင့်ကြိုနေပြီး လင်းရီတို့ကို မြင်တော့ လက်ဝှေ့ယမ်းပြလိုက်၏။

"ဒါရိုက်တာကွမ်း...စောင့်ဆိုင်းစေမိတဲ့ အတွက် ဆောတီးပါနော် ."ကျီချင်းရန် အားတောင့်အားနာဖြင့် ပြောလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး..ကျွန်မလည်း ခုမှရောက်တာပါ ဥက္ကဌကျီရဲ့..."

ကွမ်းရာမှ လောကွတ်ပြုလိုက်၏။

"ဒါရိုက်တာကျီရဲ့ အစီအစဉ်က ဘယ်လိုမျိုးလဲ..ကျွန်မတို့ တစ်ရက်လောက် နားပြီး မနက်ဖြန်မှ သွားကြမလား..."

ကွမ်းရာကတော့ လင်းရီ ဘာစီစဉ်နေလဲဆိုတာ မသိသောကြောင့် ကျီချင်းရန်၏ သဘောထားကို မေးမြန်းပြီး မီးစင်ကြည့်ကရန်သာ ဆုံးဖြတ်လိုက်၏။

ကျီချင်းရန် တခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်"ဖြစ်နိုင်ရင် ဒီနေ့ပဲ စကြတာပေါ့..စောစောပြီး စောစောနားပေါ့ မဟုတ်ဘူးလား..."

"ကောင်းပြီလေ..ကျွန်မမှာလည်း အချိန်တွေ အများကြီး ရှိတယ်ဆိုတော့ ဥက္ကဌကျီရဲ့ အစီအစဉ်အတိုင်းပဲပေါ့ရှင်..."

"ဒါရိုက်တာကွမ်း..ဒီမှာ ခဏလောက် စောင့်ပေးဦးနော်..ကျွန်မ အ၀တ်သွားလဲလိုက်ဦးမယ်..."

ကျီချင်းရန် သူမ ၀ယ်ယူလာခဲ့သည့် ယူနီဖောင်းကို ‌လဲပြီးနောက် တစ်ခြားခူတစ်ယောက် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။

သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ယူနီဖောင်းထဲ၌ အချိုးအစား ကျနစွာ တည်ရှိနေပြီး တုနှိုင်းမမှီသည့် အလှတရားတို့မှာ မိန်းကလေးတိုင်းကို မြင်သည်နှင့် သိမ်ငယ်စိတ်များ ၀င်သွားစေနိုင်သည်။

ကွမ်းရာ သက်ပြင်းခိုးချမိသည်။ ကျီချင်းရန် ဘေးနားရပ်နေသောကြောင့် သူမ၏ လောင်းရိပ်အောက် ရောက်နေမည်မှာ အမှန်ပင်။ မည်သူမဆို သူမတို့နှစ်ဦးကို တွဲလျက်မြင်ပါက သူမကို သတိထားမိမည်တောင် မဟုတ်တော့ချေ။

"နင်ကော လိုက်ခဲ့ဦးမလား..ဘာပဲပြောပြော ဒါလည်း နင့်ရဲ့ စီးပွားရေးလုပ်ငန်းပဲလေ..."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။

"တော်ပြီ..စ်တ်မ၀င်စားဘူး..မင်းတို့ပဲ သွားကြတော့..ဟိုတယ်မှာ စောင့်ရင်းနဲ့ ဂိမ်းဆော့နေတာပဲ ကောင်းတယ်..."

လင်းရီ သူမတို့နှင့် လိုက်မည် မဟုတ်မှန်း သိသောကြောင့် မေးလိုက်သည့်အချိန်တွင်လည်း မျှော်လင့်ချက် များများစားစားတော့ မထားချေ။ သူမ ၀တ်ထားသည့် အ၀တ်စားများ အဆင်ပြေမပြေ တစ်ချက်ကြည့်ပြီးနောက် ကွမ်းရာနှင့်အတူ ထွက်ခွာသွားခဲ့၏။

နှစ်ယောက်လုံး ထွက်သွားသည်ကို အတည်ပြုပြီးနောက် လင်းရီ တက္ကစီငှား၍ မိုက်ခရိုဆော့ဖ်၏ ရုံးချုပ်သိူ့စတင် ဦးတည်လိုက်သည်။

မိနစ်လေးဆယ်ကြာပြီးနောက် လင်းရီ ကားထဲမှ ထွက်ပြီး မိုက်ခရိုဆော့ဖ်ရုံးချုပ်၏ အဓိက ၀င်ပေါက်ရှေ့တွင် ရပ်လိုက်သည်။

နာမည်ကျော်ကြားလှသည့် မိုက်ခရိုဆော့ဖ်ဟုတောင် ပြောစရာမလိုပဲ ရုံးစိုက်ထားသည့် နေရာဌာနမှာ ကြီးကျယ်ခမ်းနားလှပြီး လူသူလေးပါးနှင့် စည်ကားသိုက်မြိုက်လျက်ရှိ၏။

ယင်းကိုမြင်တော့ လင်းရီ ရင်ထဲတွင် ကြိတ်၍ သက်ပြင်းချမိသည်။

"ငိုးပဲ ဒါကမှ တကယ့်ကို ယူနီကွန်းကြီးကွ..."

ထိုအကြောင်း တွေးတောရင်း လင်းရီ လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာဖြင့် ပွတ်ဆွဲလိုက်ပြီး...

ဟဲဟဲ ..ငါလင်းရီကြံရင် ဒင်းခံနိုင်ရိုးလားကွ...

ထိုသို့ ကြုံးဝါးပြီးနောက် မိုက်ခရိုဆော့်ဖ် ရုံးချုပ်ထဲသို့ ယုံကြည်ချက်အပြည့်ဖြင့် လျှောက်လှမ်းသွားခဲ့သည်။

All Chapters