အခန်း (၃၀၉)
Vol. 21 Ch. 309
မိုက်ခရိုဆော့ဖ်ထဲသို့ ၀င်ရောက်လာခဲ့သည်နှင့် ကမ္ဘာတစ်လွှားရှိ လူမျိုးပေါင်းစုံကို ဟိုဟိုဒီဒီ၌ တွေ့နိုင်လေသည်။
သူတို့ ဟွာရှသားများကိုတော့ ပိုလို့တောင် တွေ့နေရ၏။
လင်းရီ ပတ်၀န်းကျင်ကို တစ်ချက်ရှိူးလိုက်ပြီး ကောင်တာသို့ ဦးတည်သွားလိုက်သည်။
"ဟယ်လို...ရှင်က အလုပ်လာလျှောက်တာလား..."
လင်းရီကို အလုပ်လာလျှောက်သည့်သူဟု ထင်ပြီး လူဖြူမိန်းကလေး တစ်ယောက်မှ ဖောင်တစ်ရွက်ကို ကမ်းပေးလိုက်သည်။
"ဒီဖောင်ကို ဖြည့်ပြီးတော့ ကျွန်မတို့ ပြန်လာအပ်လိုက်နော်..."
မိုက်ခရိုဆော့ဖ်မှ အလုပ်ခေါ်ယူနေသည့်ရာသီနှင့် လာတိုးလိမ့်မည်လို့ လင်းရီ ထင်မထားခဲ့။ ထိုသို့ဆိုပါက ချဉ်းကပ်ရန် ပိုလို့တောင် လွယ်ကူသွားချေပြီ။
လင်းရီ ဖောင်ကို တခဏခန့် ဖြည့်ပြီးနောက် လူဖြူ မိန်းကလေးထံသို့ ပြန်ပေးလိုက်၏။
လူဖြူမိန်းကလေးမှ တစ်ချက်ကြည့်လိုက်ပြီး ပထမ စစချင်းတော့ သူမ သိပ်အာရုံထားမနေသော်လည်း လျှောက်ထားသည့်ရာထူးနေရာနှင့် မျှော်မှန်းလစာကိုမြင်တော့ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"ရှင်က အမှုဆောင် ရာထူးနေရာနဲ့ တစ်နှစ်ကို ၃.၅ မီလီယမ် ဒေါ်လာလိုချင်တယ်... "
"အမှန်ပဲ..."လင်းရီ ပြောလိုက်ပြီး "မိန်းကလေး ခင်များမယုံကြည်နိုင်ဖြစ်နေတယ်ဆိုတာ ကျုပ်သိတယ်..ဒါပေမယ့် ခင်များရဲ့ ဘော့စ်ဆီ သွားပြီးတော့ တင်ပြပေးမယ်လို့တော့ မျှော်လင့်တယ်..သူဆိရင်တော့ စိတ်၀င်စားကောင်း စိတ်၀င်စားလောက်မှာ..."
လူဖြူမိန်းကလေးမှာ လင်းရီကို လုံး၀ မယုံကြည်ပေ။ သူမမှာ ကောင်တာရှိ ၀န်ထမ်းတစ်ဦးမျှသာ ဖြစ်သော်လည်း မိုက်ခရိုဆော့ဖ်၌ အလုပ်လုပ်နေသောကြောင့် နယ်နယ်ရရတော့ မဟုတ်ချေ။ ဝေဖန်ပိုင်းခြားနိုင်သည့် ဦးနှောက်ရှိ၏။
"စိတ်မကောင်းပါဘူး..ကျွန်မ ဒီလိုမျိုးတွေကို ဘော့စ်ဆီ အစီရင်ခံမပေးဘူး..ဘာလို့ဆိုတော့ ရှင့်လိုမျိုး ကလိမ်ကျတဲ့သူတွေက နေ့တိုင်းနီးပါး ရှိနေလို့ပဲ..."
"မိန်းကလေး မယုံဘူးဆိုတာ ကျုပ်နားလည်တယ်..ဒါပေမယ့် ကျုပ်က မူလချစ်ပ်ရဲ့ စွမ်းဆောင်င်ရည်ကို မြင့်တင်ပြီးတော့ အော်ပရေးရှင်းစစ်စတမ်ကို ပိုမြန်ပိုသွက် ပိုတည်ငြိမ်အောင် လုပ်ပေးနိုင်တဲ့ စွမ်းရည်ရှိတယ်..ဒီတော့ တစ်နှစ်ကို ၃.၅ မီလီယမ်ဒေါ်လာတောင်းတာက လွန်တယ်လို့ ထင်နေသေးလား.."
"ဆာ..ရှင်က လိမ်ပြောနေတာပဲ..ရှင်ဒီလို သူများကို ဆက်လိမ်နေမယ်ဆိုရင် တမန်တော်က ရှင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး..ကျွန်မ ဟွာရှလူမျိုး လုပ်ဖော်ကိုင်ဖက်တွေ အများကြီးနဲ့ ကြုံဖူးပါတယ်..သူတို့အားလုံးကလည်း နိမ့်ချပြီးတော့ အလုပ်ကြိုးစားတဲ့ သူတွေချည်းပဲ...ဒီတော့ ရှင့်ကြောင့်နဲ့ ဟွာရှလူမျိုးတွေအပေါ် ကျွန်မရဲ့ အထင်မြင်ကောင်းတွေကို မဖျက်ဆီးဘူးလို့တော့ မျှော်လင့်တယ်... "
"မယုံဘူးပေါ့..မယုံဘူးဆိုရင်လည်း သက်သေပြပေးလို့ရတယ်..."
လင်းရီ စလာကတည်းကနေ ယခုလိုလုပ်ရန် တွေးတောပြီးဖြစ်၏။
အကာ်၍ သူသာ မိုက်ခရိုဆော့ဖ်ထဲ ၀င်ရောက်ပြီး ရှန်းထျန်းကျိုးနှင့် အလျင်အမြန် တွေ့ချင်သည်ဆိုပါက သူ၏ စကေးတစ်ချို့ကိုတော့ ထုတ်ဖော်ပြသရပေမည်။
"ဆောတီးပဲ..ကျွန်မမှာ ရှင်နဲ့ ကစားပေးဖို့ အချိန်မရှိဘူး..."
ငိုးပဲ ..
နိုင်ငံခြားသူတွေနဲ့ ဟွာရှက အမျိုးသမီးတွေရဲ့ အလှရသ စံနှုန်းက မတူညီဘူးလားဟ..
ငါ့ရဲ့ ချောမောခန့်ဘားတဲ့ ရုပ်ရည်လေးက ခုတော့ အသုံးမ၀င် ဖြစ်ရပြီတဲ့လားကွာ...
လင်းရီ ရူးသွပ်တော့မလို ဖြစ်သွားခဲ့သည်။
"ကယ်လီ..နင်တို့ ဘာတွေ ငြင်းခုန်နေကြတာ...."
လင်းရီ ပြန်ပက်တော့မည့် အချိန်တွင် နောက်မှ စကားပြောသံတစ်သံကို ကြားလိုက်ရ၏။
လှည့်ကြည့် လိုက်သောအခါ သူ့နောက်၌ လူနှစ်ယောက်ရပ်နေသည်ကို မြင်လိုက်ရ၏။ တိုက်ဆိုင်စွာဖြင့် နှစ်ယောက်စလုံးမှာလည်း ဟွာရှလူမျိုးများ ဖြစ်လေသည်။
ပြောလိုက်သူကတော့ အမျိုးသမီးတစ်ဦးဖြစ်ပြီး အဖြူရောင် ၀တ်စုံနှင့် အနက်ရောင် ဒေါက်မြင့်ဖိနပ်ကို ၀တ်ဆင်ထား၏။ လည်ပင်းတွင်လည်း တံဆိပ်ပြားဆွဲထားကာ သူမ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြထားလေသည်။
သူမ၏ အင်္ဂလိပ်နာမည်ကိုတော့ ဂျက်ဆီကာဟု ခေါ်တွင်ပြီး ဒုဥက္ကဌ၏ အတွင်းရေးမှူးလည်း ဖြစ်၏။
သူမဘေးရှိ လူ၏ အင်္ဂလိပ်နာမည်ကတော့ အများက ကာဆမ်ခေါ်ကြပြီး ဥရောပ အိန္ဒိယအနွယ်၀င်တစ်ဦးဖြစ်ကာ နည်းပညာဌာန၏ အလတ်တန်း အင်ဂျင်နီယာတစ်ဦးဖြစ်သည်။
"သူက ဒီကို အမှုဆောင်ရာထူးနေရာ လာလျှောက်တာတဲ့..ဒါပေမယ့် ပေါက်တတ်ကရတွေ လျှောက်ရေးထားလို့ သူ့ကို မောင်းထုတ်နေတာ..."
"အမှုဆောင်ရာထူးနေရာ လာလျှောက်တယ်..."ဂျက်ဆီကာ တခဏခန့် ကြက်သေသေသွားခဲ့သည်။
လင်းရီကို ကြည့်ရတာတော့ ပေါ့ပျက်ပျက်လူစားမျိုးနှင့်လည်း မတူချေ။ မည်သို့ပင်ဆိုစေကာမူ သူမတို့ ဟွာရှလူမျိုးများမှာ မိမိကိုယ်ကိုလေးစားမှုနှင့် ဆင်ခြင်တုံတရား ရှိကြ၏။
ဂျက်ဆီကာ လင်းရီ၏ ကိုယ်ရေးအချက်အလက်ကို တစ်ချက်ကြည့်လိုက်သည်။
"မစ္စတာလင်း..ရှင့်ရဲ့ အသက်အရွယ်နဲ့ ဒီလို အရည်ချင်းမျိုးရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..စကားကို တည်တည်တံ့တံ့ပြောပါ... "
"ဘာမှားနေလို့လဲ...ကျုပ်က ငယ်သေးတော့ သောက်ရမ်းထူးချွန်နေလို့ မရဘူးပေါ့..."လင်းရီ ဟွာရှစကားဖြင့် စတင်ပြောဆိုတော့သည်။
"ကျုပ်ငယ်ငယ်တုန်းက မီးလောင်နေတဲ့ ထမင်းပေါင်းအိုးကို သေးနဲ့ပန်းပြီး ငြိမ်းပစ်လိုက်တယ်..အဲ့တုန်းက ကျုပ်အမေကတောင် ငါ့သားကြီးလာရင် ကြီးမြတ်တဲ့ အရာတွေ လုပ်နိုင်မယ်လို့တောင် ချီးမွမ်းခဲ့သေးတယ်.... "
ဂျက်ဆီကာ :"....."
ရှင့်အမေက ရှင့်ကို လျှောက်ပြောနေတာ..
"ဘာပဲပြောပြော ကျွန်မမှာလည်း စဉ်းစားဆုံးဖြတ်တဲ့ နည်းလမ်းတွေရှိတယ်..ပြီးတော့ ရှင်က ကျွန်မကို လာနောက်နေတာ .."ဂျက်ဆီကာလည်း သူမ၏ မိခင်ဘာသာစကားကို သုံး၍ ပြောဆိုလိုက်သည်။
"ဘာကို ကြည့်ပြီး ဆုံးဖြတ်လိုက်တာ..."
ဂျက်ဆီကာ လင်းရီကို တစ်ချက်ကြည့်လိုက်ပြီး အဆောက်ဦးထဲတွင် အလျင်စလိုဖြစ်နေသည့် အိုင်တီကျွမ်းကျင်သူများကို လက်ညိုးထိုးပြကာ "ရှင့်ကိုယ်ရှင် သူတို့နဲ့ ယှဉ်ကြည့်လိုက်လေ.."
လင်းရီ :"???"
"ဘာဆိုင်လို့လဲ..သူတို့လို ၀တ်စုံပြည့်နဲ့ ကွန်ပျူတာ မရှိတာကလွဲရင် ငါက ဘာတွေ ချွတ်ယွင်းနေလို့လဲ..."
"အများကြီးဆိုမှ အများကြီးပဲ.."ဂျက်ဆီကာ ပြောလိုက်ပြီး "အဲ့မှာ အိုင်တီပရိုတွေ ဆယ်ယောက်ရှိတယ်..ဒါပေမယ့် အဲ့ဒီထဲက ဘယ်သူကမှ ရှင့်လို ဆံပင်အပြည့်ရှိမနေဘူး...အဲ့တာတောင်မှ ရှင့်ရဲ့ စကေးတွေက ကောင်းပါတယ်လို့ ဘယ်လိုတောင် ပြောလိုက်တာလဲ...."
အာ...
သောက်ပဲ..ဒါကြီးကတော့ ငြင်းလို့မရတဲ့ အကြောင်းပြချက်ကြီးဟ...
"မိန်းကလေးမသိလို့..ကျုပ်ခုဆံပင်က ဆံပင်အတုကြီးလေ..ကျုပ်သုံးနှစ်သားကတည်းကနေ ကွန်ပျူတာ စကေးတွေ သောက်ရမ်း ကြမ်းလွန်းလို့ ဆံပင်တွေပါ ပြောင်ကုန်တာ...အဲ့လိုဆို ကျုပ်ကိုလည်း အိုင်တီပရိုလို့ ခေါ်လို့ရပြီလား... "
"ဂျက်ဆီကာ...သူနဲ့ ပေါက်တတ်ကရတွေ ပြောပြီး အချိန်ဖြုန်းမနေစမ်းနဲ့..မောင်းသာထုတ်လိုက်တော့ကွာ... "
ကာဆမ် ဘေးမှရပ်၍ ပြောလိုက်သည်။
"ငါ့အထင်တော့ သူ့ကို အခွင့်ရေးပေးလို့ရမယ် ထင်တာပဲ.."ဂျက်ဆီကာ ပြုံးလိုက်ပြီး "ဒီလူက ထူးတော့ထူးတယ်..."
"သူက ဘာထူးနေလို့လဲ ... ငါကျတော့ ဘာလို့ မမြင်ရတာ..."
"သူက အရမ်းချောတယ်လေ..."
ကာဆမ် "...."
လင်းရီ ဂျက်ဆီကာ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး "အလှလေး ခင်များက ဒုဥက္ကဌရဲ့ အတွင်းရေးမှူးဖြစ်လာတာ မဆန်းတော့ပါဘူး..ခင်များမှာ အမြင်ကောင်းလေးတွေရှိတယ်...ငယ်ငယ်ရွယ်ရွာ်နဲ့ အမြင်ကွယ်နေတဲ့ ခင်များရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့များ ကွာပါ့..."
"မင်းဘာစကား ပြောတာလဲဟျောင့်.."
" တော်ကြတော့.."
ဒေါသမီးတောက်လောင်တော့မည့် ကာဆမ်မှာ ဂျက်ဆီကာ၏ စကားကိုကြားတော့ ရေအေးဖြင့် ငြိမ်းသတ်ခံလိုက်ရသလို ရှူးရှဲ အသံမြည်၍ စိတ်လျော့လိုက်တော့၏။ သို့သော်လည်း လင်းရီကို မကျေမချမ်းသည့် အကြည့်များဖြင့် ကြည့်နေသေးသည်။
ထိုသို့ ပြောပြီးနောက် ဂျက်ဆီကာ လင်းရီ ဘက်သို့ လှည့်ကာ "ရှင်အခု ကျွန်မလက်ကို လွှတ်လို့ရပြီလား..."
"အာ...ဟုတ် ဆောရီးနော်....အလုပ်ရောဂါကြောင့်ပါ..ဆောတီးဆောတီး..."
ဂျက်ဆီကာ သူမ အစောတုန်းက ချီးမွမ်းခဲ့သည်ကိုပင် နောင်တရချင်သလို ဖြစ်သွားခဲ့သည်။
ဘယ်လို အိုင်တီအင်ဂျင်နီယာမျိုးက ယောင်မှားပြီး သူများလက်ကို ထိလို့လဲ..ငါ့လက်က ကီးဘုတ်တွေ မောက်စ်တွေနဲ့ တူတယ်များ မှတ်နေလား...
"ရှင်ရဲ့ အခြေနေတွေက ထူးခြားတော့ ကျွန်မကိုယ်တိုင် ရှင့်ကို အကဲဖြတ်ပေးမယ်."ဂျက်ဆီကာ ပြောလိုက်ပြီး "ရှင်သာ အဲ့တာကို အောင်မြင်သွားပြီဆိုရင် အမှုဆောင်ရာထူးနေရာရအောင် ကူညီပေးမယ်.."
"ရတာပေါ့ ...လုံး၀ ပြဿနာ မရှိဘူး..."လင်းရီ ပြောလိုက်ပြီး "ဘယ်နေရာမှာ အကဲဖြတ်မှာ..."
"ကျွန်မတို့ရဲ့ အလုပ်ခွင်က ရိုးရှင်းတယ်..စည်းကမ်းတွေ သိပ် မတင်းကြပ်ထားဘူး..ဆိုတော့ သင့်တော်တဲ့ နေရာတစ်ရာမှာသာ ကောက်ထိုင်လိုက်...."ဂျက်ဆီကာ ပြောလိုက်ပြီး "ဟိုနားက ဆိုဖာလေးမှာ ဆိုရင်ကော..."
"ဆိုဖာလည်း အဆင်ပြေပါတယ်..ကျုပ်က အဲ့လိုနေရာမျိုးတွေမှာ အတွေ့ကြုံရှိပြီးသား."
ဂျက်ဆီကာ :"???"
ငါဘာလို့ ထူးဆန်းသလို ခံစားနေရပါလိမ့်...
ဂျက်ဆီကာနှင့် ကာဆန်တို့ လင်းရီနှင့်အတူ ဆိုဖာပေါ်တွင် ထိုင်လိုက်ကြပြီး သူတို့၏ လက်တော့ပ်၊ ကွန်ပျူတာများ ထုတ်နေသည်ကိုမြင်တော့ အနီး၀န်းကျင်ရှိလူများ သိချင်စိတ်ဖြင့် စူးစမ်းလာကြတော့၏။
"ဟေး ကာဆမ်...သူက မင်းသူငယ်ချင်းလား...ဘာတွေလုပ်နေတာ...ဒီမှာ code ရေးမလိုတဲ့လား...""
မေးလိုက်သည့်သူကတော့ အသက်သုံးဆယ်အရွယ်ရှိ လူမည်းတစ်ဦးဖြစ်ပြီး အိုင်တီကျွမ်းကျင်သူကြီး ပီသစွာ ထိပ်ကတော့ ပြောင်နေလေသည်။
ကာဆမ် ပြုံးလိုက်ပြီး "ဒီကောင်က အမှုဆောင် ရာထူးလုပ်ဖို့ လာလျှောက်တာ...ပြောတာတော့ သူ့မှာ ချစ်ပ်ရဲ့ စွမ်းဆောင်ရည်ကို မြင့်တင်ပြီးတော့ အော်ပရေးရှင်းစစ်စတမ်ကို ပိုသွက်ပိုမြန်ပြီးတော့မှ တည်ငြိမ်အောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုပဲ...မင်းကော အဲ့ငနဲက ပြောသလိုမျိုး စကေး ကြမ်းမယ်လို့ထင်လား..."
"ဟားဟား ..ဂျေဆပ်ပဲ။။..ငါတို့ ကုမ္ပဏီက အသက်အငယ်ဆုံး အမှုဆောင်အရာရှိကတောင်မှ အသက်လေးဆယ်ကျော်နေပြီ...သူ့အသက်ရွယ်နဲ့ဆို ဂျူနီယာအင်ဂျင်နီယာလောက်တောင် ရှိပါ့မလားပဲ..."
"အဲ့တာတော့ ငါလည်းမသိဘူး..သူ့ဘာသူပြောနေတာပဲ..ခုလည်း မယုံလို့ စောင့်ကြည့်နေတာလေ..."
"မင်းတို့နှစ်ယောက် ဒီလိုလုပ်တာကြီးကတော့ မဟုတ်သေးပါဘူးကွ... "လူမည်းတစ်ဦးမှ ပြောလိုက်ပြီး "သူက ဟွာရှလူမျိုးဖြစ်လို့ဆိုပြီးတော့ ဒီလိုမျိုး အခွင့်အရေး ပေးလိုက်တယ်လို့တော့ မပြောနဲ့..သူ့လိုကောင်မျိုးတွေဆိုတာက တစ်ခါတည်း မောင်းထုတ်ပစ်လိုက်သင့်တာ..."
"ငါတို့လည်းမောင်းထုတ်တာပဲလေ..ဒီကောင်ကို သောက်ရှက်မရှိ ပေတေပြီး စကေးတွေ ဇွတ်ပြချင်နေမှတော့ ငါတို့လည်း ဘယ်တတ်နိုင်တော့မှာ.."ကာဆမ်မှ မတတ်နိုင်သည့် ပုံစံဖြင့် ပခုံးတွန့်ပြလိုက်သည်။
"ဒီကောင်က သူ့မှာ စကေးရှိတယ်ဆိုတာနဲ့ သောက်ရမ်းတွေ ပါဝါရှိသွားပြီလို့ ထင်နေတာလား မသိဘူး..." လူမည်းမှ ဝေဖန်ကဲ့ရဲ့သည့် လေသံဖြင့် ပြောဆိုလိုက်သည်။
"အိုးမိုင်..ဂျေဆပ်..မှားများ မှားနေတာလားပဲ...ဒါက မိုက်ခရိုဆော့ဖ်လေ..နာမည်ကြီးတက္ကသိုလ်တွေက PhD ကျောင်းသားတွေတောင်မှ တော်ရုံဒီမှာ အလုပ်လုပ်ဖို့ အခွင့်အရေးရှိတာ မဟုတ်ဘူး..."
"အဲ့တာတော့ ငါလည်း မသိဘူး..ဒီကောင်က ကြိုးစားချင်နေတယ်ဆိုမှတော့ ပေးစားလိုက်ကွာ....သူ ဘယ်လောက် သေးသိမ်လဲဆိုတာ သူ့ဘာသူ သဘောပေါက်ပလေ့စေ..ပြီးရင် သူ့ဘာသူ ထွက်သွားလိမ့်မယ်..."ကာဆမ်မှ ပြောလိုက်သည်။
"ဟင်း..ငါတော့ ဒီကောင့်ကို အတော်လေး ချဉ်နေပြီ..."
လူများ ပို၍ပို၍ စုရုံးလာသည်ကိုမြင်တော့ ဂျက်ဆီကာ မျက်မှောင်ကုပ်မိလိုက်သည်။
"စဆို့..အချိန်မဖြုန်းနဲ့..."
ဂျက်ဆီကာ ပြောလိုက်သည့်အ ချိန်တွင်တော့ လင်းရီ သူ၏ ကွန်ပျူတာကို ဖွင့်လိုက်သည်။
"ကျုပ်အထင်တော့ ခင်များ ဒီဘိုးတော်တွေထက် ပိုကျွမ်းတဲ့လူကို ခေါ်သင့်တယ် ထင်တယ်နော...မဟုတ်ရင် ဒီသက်ကျားအိုကြီးတွေက ကျုပ်ရေးထားတဲ့ code ကို ဘာတစ်လုံးမှ နားလည်မှာ မဟုတ်ဘူး..."