အခန်း(၃၁၀)
Vol. 21 Ch. 310
"ဟမ်..."
အနီးတွင် စုရုံးနေသည့် ပရိုဂရမ်မာများအားလုံး ကြက်သေသေသွားခဲ့ကြသည်။ လင်းရီမှ သူတို့ကို ထိုသို့ ပြောလာလိမ့်မည်လို့ ထင်မထားခဲ့ကြချေ။
"မစ္စတာလင်း..ခင်များ ပြောလိုက်တဲ့စကားက သိပ်လွန်ရာ မကျဘူးလား..."ကာဆမ် ပြောလိုက်ပြီး "ဒီမှာရှိတဲ့သူတွေ အကုန်လုံးက စီနီယာပရိုဂရမ်မာတွေ ..မင်းထင်နေတာ ငါတို့က မင်းရေးထားတဲ့codeကို နားမလည်နိုင်ဘူးလို့ ထင်နေတယ်ပေါ့..."
"ခင်များတို့ နားမလည်နိုင်တာလည်း ဖြစ်နိုင်တာပဲလေ...ဒီတော့ အချိန်ကုန်သက်သာအောင် ပိုပြီး စကေးရှိတဲ့သူကို တစ်ခါတည်း ခေါ်ထားလိုက်..."
"ဟားဟား..."ကာဆမ် အေးစက်စွာ ရယ်မောလိုက်ပြီး "မင်းသာ အရင်ရေးလိုက်စမ်းပါကွာ..ငါတို့ ခေါင်းဆောင်ရဲ့ အချိန်က မင်းလိုကောင်မျိုးပေါ်မှာ ဖြုန်းဖို့ မထိုက်တန်ဘူး..."
လင်းရီ တစ်ခွန်းမျှ ပြန်မပြောဘဲ ကွန်ဆိုးကို ဖွင့်လိုက်ပြီး လက်တစ်ဖက်နှင့် codeရေးပြလိုက်၏။
သူက ဘာလို့ လက်တစ်ဖက်တည်းနဲ့ code ရေးနေတာလဲတဲ့..
ဒါပေါ့..ဟိတ်ဟန်ထုတ်ဖို့လေ..မဟုတ်ရင် သူ့စကေး ဘယ်လောက်ကြမ်းလဲဆိုတာ ဘယ်လိုပြနိုင်တော့မှာ..
လင်းရီ၏ လက်ချောင်းများမှာ ကီးဘုတ်ပေါ်တွင် ပီယာနို တီးသကဲ့သို့ အဆက်မပြတ်ကျရောက်နေသည်ကိုမြင်တော့ ဂျက်ဆီကာ ရှော့ခ်ရသွားခဲ့သည်။
သုက ဘာလို့ အဲ့လောက်တောင် ခန့်ညားနေရတာလဲဟင်..ဒီလောက်ချောနေမှတော့ စင်ဂယ်မဖြစ်နိုင်လောက်ဘူး...
အနီးတွင် ဝိုင်းစပ်စုနေကြသည့် ပရိုဂရမ်မာများမှာလည်း လင်းရီ code ရေးသည့် အမြန်နှုန်းကိုမြင်တော့ ရှော့ခ်ရသွားခဲ့ကြသည်။
အနည်းဆုံးတော့ သူတို့တွင် ထိုသိူ့ လုပ်တောင်နိုင်သည့် စွမ်းရည်မရှိချေ။
များသောအားဖြင့် နာရီ၀က်လောက် code ရေးပြီး တစ်နာရီလောက်က error ရှာနေရလေသည်။
"ဂေါင်ကြီးတို့..စခရင်ကိုလည်း ကြည့်ကြဦးဟ..ဒီကောင်ဘာတွေ ရေးနေတာ..တွေ့ကရာများ လျှောက်ရေးနေလား မသိဘူး..."
"အေး..ငါလည်း ဖတ်ကိုမဖတ်တတ်တာ ..ဒီလိုcode မျိုး တစ်ခါမှ မမြင်ဖူးဘူး.."
လူမည်းတစ်ဦးမှ ပြောလိုက်သည်။
"ငါကောပဲ..ငါ့ထင်တော့ code အမှားတွေပဲ ဖြစ်လိမ့်မယ်..."လူဖြူတစ်ဦးမှ ၀င်၍ မှတ်ချက်ပြုလိုက်သည်။
ကာဆမ် လင်းရီကို ကြည့်လိုက်ပြီး "မစ္စတာလင်း..ခင်များ ဇာတ်တွေဆက်ပြီး ခင်းမနေတော့ဘူးလို့ မျှော်လင့်တယ်..ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက code အမှားတွေလို့တောင် ပြောနေပြီ..ဒီတော့ ဒိုးလိုက်တော့..,"
"ငါလည်း မင်းတို့ကောင်တွေ နားလည်မှာ မဟုတ်ဘူးလို့ ပြောထားပြီးသားပဲ မဟုတ်လား..ဘာလို့ ၀န်မခံချင်ရတာလဲဟ.."
"ခင်များ ရေးနေတဲ့ code ကအမှားကြီးတွေလေ..ဘယ်လို သွားစစ်ကြည့်ရမှာ.."
"နေဦး..."
ဂျက်ဆီကာ က ဆမ်ကို ရပ်တန့်လိုက်ပြီး "ငါ သူရေးတဲ့ code ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ .."
"ဒေါက်တာရှန်းလည်း အဲ့လို codeနဲ့ ဆင်တူတာမျိုး ရေးဖူးတယ်..ဒါပေမယ့် တစ်ပုံစံတည်းတော့ မတူဘူးပေါ့.."ဂျက်ဆီကာပြောလိုက်ပီး "ငါ့အထင်တော့ ဒီကိစ္စကို ဒါရိုက်တာရှန်းဆီ တင်ပြမှ ထင်တယ်..."
"မဖြစ်နိုင်ဘူး.."ကာဆမ်ပြောလိုက်ပြီး "မင်းအမှတ်မှားတာပဲ ဖြစ်လိမ့်မယ်..ဘာပဲပြောပြော မင်းက ကွန်ပျူတာသိပ္ပံ မေဂျာကမှ မဟုတ်တာ..."
"ငါက ၀က်သားမစားဖူးတိုင်း ၀က်ပြေးတာကို မမြင်ဖူးဘူးလို့ ထင်နေတာလား..ငါက ကွန်ပျူတာသိပ္ပံ မေဂျာက မဟုတ်ဘူးဆိုပေမယ့် ငါ့ရဲ့ ဉာဏ်ရည်ကိုတော့ မေးခွန်းထုတ်စရာ မလိုဘူး...ဒီမှာ လုပ်လာတာ သက်တမ်းဘယ်လောက်တောင်မှ ရှိနေပြီလဲ..ဒီလောက်လေးကတော့ ငါလည်း သိပါတယ် ..."
ဂျက်ဆီကာ ထိုသို့ ပြောလိုက်သော်လည်း မည်သူကမျှ ဂရုမစိုက်။
ကွန်ပျူတာ ပရိုဂရမ်းမင်းဆိုသည်မှာ အလွန်တရာမှ နက်နဲသိမ်မွေ့သည့် ပညာရပ်တစ်ခုဖြစ်သည်။ သူမတစ်ခုစ၊ နှစ်ခုစ သိရုံမျှနှင့် အသုံး၀င်သည်ဟု ထင်နေသည်လော...
ထိုအရာကတော့ အထင်သေးလွန်းသွားချေပြီ။
"မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲကွ..စုရုံး စုရုံးနဲ့..."
လူတိုင်း လင်းရီကို လှောင်ရယ်နေကြစဉ် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး သူတို့နောက်သို့ ရောက်ရှိလာခဲ့သည်။
ထိုသက်လတ်ပိုင်းလူကြီး ရောက်ရှိလာသည့်အချိန်တွင်တော့ လေထူမှာ အလွန်အမင်း မွန်းကြပ်သွားခဲ့ပြီး မည်သူကမျှ အသက်၀၀ မရှူရဲကြတော့ချေ။
"ဒါရိုက်တာရှန်း..."
လင်းရီ ခေါင်းကို ရည်ရွယ်ချက်ရှ်ရှိ မော့ကြည့်လိုက်ပြီး ရှန်းထျန်းကျိုးကို မြင်တော့ အံ့ဩသွားခဲ့သည်။
သူ့လည်ပင်း၌ ချိတ်ဆွဲထားသည့် ကတ်ကိုကြည့်ရန်တောင် လိုချေ။ရုပ်အသွင်ကို ကောင်းစွာ မှတ်မိနေသောကြောင့် ရှန်းထျန်းကျိုးဖြစ်ကြောင်း အတပ်ပြောနိုင်လေသည်။
ရှန်းထျန်းကျိုးမှာ ဆံပင်ကို ဘေးခွဲစတိုင်ဖြင့် ဆီသုတ်လိမ်းထားပြီး အ၀တ်အစားများမှာလည်း ခေတ်ရေစီးကြောင်းနှင့် သွေဖယ်စွာ ဖက်ရှင်အဟောင်းများကို သပ်ရပ်စွာ ၀တ်ဆင်ထား၏။
ထို့ပြင် မျက်မှန်တစ်လက်ကိုလည်း တပ်ဆင်ထားသေးသည်။ ယင်းအသွင်အပြင်က လင်းရီ စိတ်ကူးထဲ၌ ပုံသေသတ်မှတ်ထားသည့် ထူးချွန်ပြောင်မြောက်သော သုတေသနပညာရှင်များ၏ အသွင်အပြင်နှင့် လုံး၀ အံ၀င်ဂွင်ကျပင်။
လင်းရီ နှုတ်ခမ်းများ ကွေးညွှတ်သွားပြီး အပြုံးတစ်ခု ပေါ်လာခဲ့၏။ ထိုသူနှင့် တွေ့ရန် အချိန်အတော်လေး စောင့်ရမည်ဟု ထင်ခဲ့သော်လည်း ကံကောင်းစွာဖြင့် သူနှင့် စောစီးလာဆုံနေလေသည်။
"ဘာလုပ်နေကြတာ..."ရှန်းထျန်းကျိုး မေးလိုက်၏။
"ဒါရိုက်တာရှန်း..ဒီလိုပါ..သူ့နာမည်က လင်းရီပါ..ပြီးတော့ အမှုဆောင်ရာထူးလျှောက်ထားချင်တယ်လို့ ပြောနေပါတယ်ဗျ...ပြီးတော့ သူ့မှာ အဲ့ဒီရာထူးနဲ့ ကိုက်ညီတဲ့ စွမ်းရည်တွေလည်း ရှိတယ်လို့ ပြောနေ....."
"လာနောက်နေတာလား..."ရှန်းထျန်းကျိုး အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "အဲ့ကောင် အသက်က ဘယ်လောက်ရှိသေးလို့လဲ..မင်းတို့က အဲ့တာကို ယုံတယ်ပေါ့...ငါအရမ်း စိတ်ပျက်မိသွားပြီ..."
"နားလည်ပါပြီခင်ဗျ..."
"ဟီးဟီး.." ကာဆမ် အေးစက်စွာ ရယ်မောလိုက်ပြီး "ကဲ မင်းခုတော့ ဘာတတ်နိုင်သေးလဲ..ဒါရိုက်တာရှန်းက ပြောနေပြီဆိုမှတော့ မင်းကို သေဒဏ်ချမှတ်လိုက်တာနဲ့ အတူတူပဲ..ဒီတော့ မင်းရဲ့ သောက်ရေးမပါတဲ့ code တွေရေးပြီးတော့မှ ကိုယ့်ကိုယ်ကို သောက်ရှက်လာခွဲမနေနဲ့....လစ်လိုက်တော့."
"ဟမ့်..အသုံး၀င်လား မ၀င်ဘူးလားဆိုတာ သူ့ကို တစ်ချက်ရှိုးခိုင်းလိုက်ဦး..."
လင်းရီ သူ၏ ကွန်ပျူတာကို ရှန်းထျန်းကျိုးဘက်သို့ လှည့်ပြလိုက်သည်။
အစကတော့ ရှန်းထျန်းကျိုး ကြည့်ရန် အစီအစဉ်ပင် မရှိပေ။ သိူ့သော်လည်း အမှုမဲ့အမှတ်မဲ့ မြင်တွေ့လိုက်ရသည့် အချိန်တွင်တော့ နေရာမှာတင် အေးခဲသွားကာ ကြမ်းပြင်၌ သံမှိုဆွဲထားသကဲ့သို့ တောင့်တင်းသွားတော့သည်။
"ဒီ..ဒီ code တွေက မင်းရေးထားတာလား..."
"ဒါပေါ့..ကျုပ်ရေးတုန်းက သူတို့အားလုံးလည်း ရှိတယ်.."
ထို codeများကို ငေးကြည့်ရင်း ရှန်းထျန်းကျိုးမှာ အမျိုးသမီးတစ်ဦး စိန်လက်စွပ်တစ်ကွင်းကို ကြည့်နေရသကဲ့သို့ ဖြစ်နေလေသည်။ မျက်လုံးကျိန်းစပ်သွားနိုင်သည့် အလင်းရောင်များကိုပင် မပိတ်ပင်နိုင်တော့ပဲ သူ၏ မျက်လုံးများထဲသို့ အ၀င်ခံလိုက်တော့၏။
"ငါလည်း အရင်တုန်းက ဒီလို code မျိုးရေးဖို့ ကြိုးစားကြည့်ခဲ့သေးတယ်...ဒါပေမယ့်အလုပ် တော့မဖြစ်ခဲ့ဘူး....မင်းလိုလူငယ်လေးက ဒီလို code မျိုးရေးနိုင်မယ်လို့ ထင်တောင်မထင်ထားဘူးကွာ...လုံး၀ကို ပါရမီရှင်ပဲ..ပြိုင်စံရှား ပါရမီရှင်..."
ဟစ်...
ဂျက်ဆီကာ ၊ ကာဆမ်နှင့် ကြည့်ရှုနေကြသူများအားလုံး ရှန်းထျန်းကျိုး၏ စကားလုံးများကိုကြားတော့ ရှော့ခ်ရသွားခဲ့ကြပြီး အဆုတ်ထဲသို့ လေအေးများ ရှုသွင်းမိလိုက်ကြသည်။
ဒါရိုက်တာရှန်းမှာ လူတစ်သောင်းအထက်တွင်ရှိသော လူတစ်ယောက်ဟု ပြော၍ရသည်။ ထိုလိုလူမှ လင်းရီကို ဤကဲ့သို့ အကြီးစား အကဲဖြတ်ပေးလိုက်သည်တဲ့လား...
ဆိုလိုသည်မှာတော့ လင်းရီရေးသားထားသည့် codeတို့မှာ လုံး၀ မမှားဘူးဆိုသည့် သဘောပင်။
သို့သော်လည်း လင်းရီမှာ အသက်နှစ်ဆယ် အရွယ်မျှသာ ရှိသေး၏။ ထိုမျှ အသက်ငယ်ငယ်လေးဖြင့် ယခုလို စွမ်းနိုင်သည်ကို မယုံနိုင် ဖြစ်နေကြလေသည်။
လခွမ်းတဲ့မှပဲ ..ငါ အသက် နှစ်ဆယ်တုန်းကဆို Hello World လေးပဲ ရေးတတ်သေးတယ်..
ဒီသောက်ကျိုးနည်း ဟွာရှမျိုးနွယ်တွေက အဲ့လောက်ပဲ ထူးချွန်ကြတာလားဟ..
"အဲ့တာဆို ခုကော အမှုဆောင်ရာထူး လျှောက်ထားဖို့ အရည်ချင်း ပြည့်မှီသွားပြီလား.."
ရှန်းထျန်းကျိုး ကြက်သေသေနေရာမှ သတိပြန်၀င်လာခဲ့ပြီး "ဒီနေရာက စကားပြောလို့ကောင်းတဲ့ နေရာမဟုတ်ဘူး..ငါ့ရုံးခန်းထဲလိုက်ခဲ့.."
"အိုကေလေ..."
ယခု ပစ်မှတ်မှာ ငါးစာကို ကိုက်သွားပြီ ဖြစ်သောကြောင့် ကြိုးနောက် အသာလိုက်သွားရုံပင်။
ဆတ်ကနဲ ဆွဲလိုက်ပါက ငါးလွှတ်သွားနိုင်၏။
ရှန်းထျန်းကျိုး၏ ရုံးခန်းမှာတော့ ထင်သလောက် ကြီးကျယ်ခမ်းနားမနေပဲ တစ်ဦးတည်း အသုံးပြုရုံလောက်သာ ကျယ်၀န်းပြီး စာရွက်စာတမ်းများဖြင့် ရှုပ်ပွနေလေသည်။
"ဟဲဟဲ .. မရှင်းသာကြာပြီဆိုတော့ စိတ်တော့မရှိပါနဲ့ မစ္စတာလင်း..."
"အဆင်ပြေပါတယ်..ကျုပ်နေရာလည်း ဒီလိုပါပဲ..ရှင်းလည်း ခဏပေါ့..နောက်ကျရင် ပြန်ရှုပ်ပွသွားတာချည်းပဲ..."လင်းရီ ပြုံး၍ ပြောလိုက်ပြီး ရှန်းထျန်းကျိုး၏ ရုံးခန်းကို ဂရုတစိုက်နှင့် အကဲခတ်လိုက်သည်။
သူ၏ စားပွဲခုံပေါ်တွင်တော့ ရှန်းထျန်းကျိုး၏ မိသားစု ဓာတ်ပုံကို ဘောင်နှင့် သေချာကွပ်ထားပြီး အမြတ်တနိုးဖြင့် တင်ထား၏။ ပုံထဲတွင်တော့ သူနှင့် သူ့မိန်းမမှ ဘေးတွင် ရပ်နေပြီး အလယ်တွင်တော့ သူတို့ကလေးမှ မတ်တပ်ရပ်နေလေသည်။
သူတို့ မျက်နှာပေါ်ရှိ ပျော်ရွှင်သည့်အပြုံးများကို ကြည့်ပါက ရှန်းထျန်းကျိုးမှာ လင်ကောင်းတစ်ယောက်၊ဖခင်ကောင်းတစ်ဦးလည်း ဖြစ်ကြောင်း သိသာနေတော့၏။
"မစ္စတာလင်း..တစ်ခုခုသောက်ဦးမလား..."
ရှန်းထျန်းကျိုး ပျူငှာစွာ ပြောလိုက်ပြီး "ကျုပ် ဂျက်ဆီကာကို သွားလုပ်ခိုင်းလိုက်မယ်..."
"ခင်များမှာ ရန်မေ စွပ်ပြုတ် ရှိလား.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
ရှန်ထျန်းကျိုး မျက်လုံးအရောင်များလက်သွားခဲ့ပြီး ကိုယ်နှင့် စိတ်သဘောထားခြင်းတိုက်ဆိုင်သည့်သူကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားကာ "မစ္စတာလင်းကလည်း ရန်မေစွပ်ပြုတ်ကို ကြိုက်တယ်ပေါ့..."
"ဒါပေါ့ဗျ..ကျုပ်ရန်မေစွပ်ပြုတ်ကို အရမ်းကြိုက်တယ်ဆိုပေမယ့် ကျုပ်ရဲ့ မွေးရပ်မြေ တောင်ပေါ်ဒေသက ရန်မေစွပ်ပြုတ်လေးကိုတော့ မတမ်းတပဲ မနေနိုင်ဘူးဗျာ..ဒါပေမယ့် မရနိုင်မှန်းသိတော့ ရတာလေးနဲ့ပဲ တင်းတိမ်ရတာပေါ့..."
"မစ္စတာလင်းရဲ့ ဇာတိက ဝန်မြို့ကလား..."
ရှန်းထျန်းကျိုး အံ့အားသင့်သွားဟန်ဖြင့် မေးမြန်းလိုက်သည်။
"ခင်များကကော ဝန်မြို့ကပဲပေါ့..."
"ဒါပေါ့..ကျုပ်ရဲ့ ဇာတိက ကျယ်ကျန်းစီရင်စု ၀န်မြို့က..."
"ဟားဟား..တစ်မြို့တည်းကလူတွေ ဒီမှာ လာဆုံလိမ့်မယ်လို့တောင် ထင်မထားဘူးဗျာ...ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ.."လင်းရီ ပြုံးလိုက်ပြီး "ကျုပ်သာ ဒီမှာ အလုပ်လုပ်လိုက်မယ်ဆိုရင် ပိုပြီး လိုက်ဖက်ညီသွားမယ်ထင်တယ်..."
"သေချာတာပေါ့..ကျုပ်ကပဲ မိုက်ခရိုဆော့ဖ်ကိုယ်စား မစ္စတာလင်းကို ကျုပ်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါရစေ...."
"ဒါရိုက်တာရှန်း..အပြောမစောသေးနဲ့ဦးလေ..ခင်များမှာ ကျုပ်ကို အမှုဆောင်ရာထူးနေရာ ရအောင်လုပ်ပေးဖို့ ဆုံးဖြတ်ပိုင်ခွင့် ရှိလို့လား..."
စီနီယာ ဒုဥက္ကဌ ရာထူးနှင့် အမှုဆောင် အရာရှိ နေရာမှာ အတူတူပင်။
ထို့ကြောင့် လင်းရီသာ ထိုရာထူး ရချင်ပါက ရှန်းထျန်းကျိုးမှ အဆုံးအဖြတ်ပေးနိုင်သည့် ရာထူးမျိုး မဟုတ်ချေ။
"မစ္စတာလင်း..ခင်များက ဒီရာထူးကို လာလျှောက်တယ်ဆိုမှတော့ အဲ့ဒီရာထူးက ဘယ်လောက်အရေးပါလဲဆိုတာ သိလောက်ရောပေါ့..အဲ့တာက ကျုပ်တစ်ယောက်တည်း ဆုံးဖြတ်ပေးလို့ ရတဲ့ အရာမဟုတ်ဘူး...ပြီးတော့ ဥက္ကဌ တစ်ဦးတည်းကလည်း အဆုံးဖြတ် ပေးလို့မရဘူး....ဒါကြောင့် နေ့ချင်းညချင်းကြီးတော့ အမှုဆောင်င်အရာရှိ ဖြစ်လာမှာ မဟုတ်ဘူးလေ..."
"အင်း...ပြောတာကောင်းတယ်..."လင်းရီ သဘောတူဟန်ဖြင့် ခေါင်းညိမ့်လိုက်၏။
" မစ္စတာလင်းရဲ့ စကေးနဲ့ ပတ်သက်ပြီးကတော့ ပြောစရာ မရှိဘူး..ဒါပေမယ့် ခက်တာက R&D ဌာနမှာက လူက ပြည့်နေပြီးသား..အဲ့တော့ ကျုပ် ခင်များကို ဂလိုဘယ်မားကတ်တင်း ဌာနမှာ နေရာချပေးထားမယ်..ဒါပေမယ့် ယာယီပဲနော်....မစ္စတာလင်းရဲ့ စွမ်းရည်နဲ့ဆိုရင် ကြိုးစားနေသရွေ့တော့ အမှုဆောင်ရာထူးဆိုတာ အနှေးနဲ့ အမြန် ခင်များအပိုင် ဖြစ်လာမှာပဲမဟုတ်လား.."
(R&D = research and development)
"ဟင်း....."
လင်းရီ သက်ပြင်း တစ်ချက် ချလိုက်ပြီး "ကျုပ်က ရူးလည်း ရူးသွပ်တယ်..ပြီးတော့ ကြိုးစားချင်စိတ်လည်း ရှိတယ်...ဒါပေမယ့် နောက်ဆုံးကျတော့လည်း....ဒါက ကျုပ်နိုင်ငံမှ မဟုတ်တာ...."