အခန်း (၃၁၃)
Vol. 21 Ch. 313
ရှောင်းကျယ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမ ယနေ့ သွားတွေ့မည့်သူကို လင်းရီမှ သိနေလိမ့်မည်လို့ ထင်မထားချေ။
"အွန်း...ကိုယ်စားလှယ်ရဲ့ နာမည်ကတော့ ကျောက်ကျိန်းရန်လို့ ခေါ်တာပဲ...မစ္စတာလင်းက တစ်ခုခုလိုအပ်တာများ ရှိလို့လား.."
လင်းရီ ပြုံးလိုက်ပြီး "အထွေထူးကြီးတော့ မဟုတ်ပါဘူး..ခင်များရဲ့ အတွင်းရေးမှူးကို ပြောလိုက်..သူတို့ကို ကျုပ်ကိုယ်တိုင် လာတွေ့မယ်လို့..."
"ဘော့စ်လင်း..ဒါက ပါမွှားလေးပါ..ရှင့်ကို ဒုက္ခပေးဖို့ မလိုပါဘူး..."ရှောင်းကျယ်မှ ပြောလိုက်၏။
"အဆင်ပြေပါတယ်...ဒီနေ့က ကျုပ်အလုပ်စဆင်းတဲ့ ပထမနေ့ဆိုတော့ တစ်ခုခု လုပ်ဖို့ လိုတယ်လေ..."
ရှောင်းကျယ် ခေါင်းညိမ့်လိုက်ပြီး "ဂျက်ဆီကာ ..ဟန်နာကို ဒါရိုက်တာလင်းက ခဏနေကျ ကိုယ်တိုင်ရောက်လာလိမ့်မယ်လို့ သွားပြောလိုက်..."
"ကောင်းပါပြီ..."
ဂျက်ဆီကာ ထွက်ခွာသွားပြီးနောက် လင်းရီ ရှန်းထျန်းကျိုးကို ကြည့်ကာ "ကျုပ် နောက်မှပဲ ခင်များနဲ့ ပရောဂျက်အကြောင်း လာဆွေးနွေးတော့မယ်ဗျာ..ခုတော့မိတ်ဟောင်းကြီးနဲ့ သွားတွေ့လိုက်ဦးမယ်...."
"ကြည့်ရတာတော့ ခင်များတို့တွေက ပတ်သက်မှုကောင်းတွေ ရှိသလိုပဲ..."ရှန်းထျန်းကျိုး ပြုံးလိုက်ပြီး "သူ့ကို အထူးအလေးပေးပြီးတော့ ကိုင်တွယ်မို့လား..."
"ဘယ်နားကသာ..လင်းရီ ခေါင်းခါရမ်းလိုက်ပြီး "တခြားကိစ္စလေးတွေပေါ့ဗျာ..."
"ဟုတ်ပါပြီ...အဲ့တာက ခင်များ တာ၀န်ယူရတဲ့ အပိုင်းဆိုတော့ ကျုပ်ဘာမှ ၀င်မပြောတော့ဘူး..မစ္စတာလင်း ပြီးတာနဲ့ လာခဲ့လိုက်လေ..ကျုပ်တို့ သုတေသနအကြောင်းတွေ ဆက်ပြောကြတာပေါ့..."
"ဟားဟား...ကောင်းပါပြီဗျာ...."
နှုတ်ဆက်စကား ဆိုပြီးနောက် လင်းရီ၊ ရှန်း၀န်ကျုံးနှင့် ရှောင်းကျယ်တို့ အစည်းဝေးခန်းဆီ ဦးတည်လိုက်ကြသည်။
တစ်ချိန်တည်းတွင် ကျောက်ကျိန်းရန်နှင့် ချွီနန်တို့ အစည်းဝေးခန်းထဲတွင် ထိုင်နေပြီး မိုက်ခရိုဆော့ဖ် မားကတ်တင်းဌာန၏ ဒါရိုက်တာ ရောက်လာ၍ လက်မှတ်ထိုးမည်ကို စောင့်နေကြသည်။
ထိုအချိန်တွင် အမျိုးသမီး အတွင်းရေးမှူး၊ ဟန်နာ ရောက်လို့လာခဲ့၏။
"ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါဦးနော်..ကျွန်မတို့ရဲ့ အသစ်ခန့်ထားတဲ့ ဒုဥက္ကဌကိုယ်တိုင်က လာပြီး လက်မှတ်ထိုးမှာမို့လို့ပါ..."
"ဘာပြောလိုက်တယ်...? အသစ်ခန့်ထားတဲ့ ဒုဥက္ကဌအသစ်က လာပြီးတော့ လက်မှတ်ထိုးမယ်..."
ကျောက်ကျိန်းရန် အံ့အားသင့်သွားခဲ့ပြီး သူနားကြား မှားလေသလောဟုတောင် ထင်မှတ်သွားခဲ့သည်။
သူတို့ ယခုပရောဂျက်ကို အလွန်အမင်း ဂရုစိုက်နေသော်လည်း မိုက်ခရိုဆော့ဖ်လို ယူနီကွန်းကြီး၏ မျက်လုံးထဲတွင်တော့ ပါမွှားလေးသာ။ မားကတ်တင်းဌာန၏ လက်အောက်ခံ ဒါရိုက်တာက လက်မှတ်ထိုးလျင်ပင် သူတို့အတွက် လုံလောက်နေပြီးသားဖြစ်၏။
သို့သော်လည်း အသစ် ခန့်အပ်ထားသည့် ဒုဥက္ကဌမှာ သူတို့နှင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံပြီး လက်မှတ်ထိုးလိမ့်မည်လို့တောင် ထင်မထားခဲ့ချေ။
ကြည့်ရတာတော့ ဒီရဲ့ပရောဂျက်က မိုက်ခရိုဆော့ဖ်အတွက်လည်း အရေးကြီးတယ်နေမှာ....
"ဟုတ်ပါတယ်..ကျွန်မတို့ရဲ့ ဒုဥက္ကဌကိုယ်တိုင် လာမှာပါ..."အမျိုးသမီး အတွင်းရေးမှူးမှ အပြုံးလေူဖြင့် ပြောလိုက်ပြီး "ပြီးတော့ သူကပဲ ကျွန်မကို ဒီသတင်းပြောဖို့ ခိုင်းလိုက်တာလေ..."
"ဒါပေမယ့် ဒီရဲ့ ပရောဂျက်က မိုက်ခရိုဆော့ဖ်အတွက်ကျတော့ အသေးစားလေးပဲ မဟုတ်လား...ဘာလို့ ဒုဥက္ကဌရာထူးမှာရှိတဲ့ လူကိုတောင် ကိုယ်တိုင် လာရောက်လောက်တဲ့အထိ ဖြစ်သွားတာလဲတဲ့ .."ကျောက်ကျိန်းရန် ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
"ကျွန်မလည်း သိပ်တော့ သေချာမသိဘူး..ဒါပေမယ့် အသစ်ခန့်အပ်လိုက်တဲ့ ဥက္ကဌအသစ်က ဟွာရှလူမျိုးလို့တော့ ပြောသံကြားတယ်..ပြီးတော့ ရှင်တို့တွေကလည်း ဟွာရှကပဲ မလား...ဒါကြောင့်မို့ လူကိုယ်တိုင် လာတွေ့တာ ဖြစ်လောက်တယ်..."
"ဒါရိုက်တာကျောက်..ကြည့်ရတာတော့ ကျောက်မိသားစုရဲ့ ဂုဏ်သတင်းတွေက နိုင်ငံခြားမှာတောင် ဘုန်းမီးနေလလို ထွန်းပြောင်နေပြီနဲ့တူတယ်...,"ချွီနန်အပြုံးလေးဖြင့် အသံနိမ့်၍ ပြောလိုက်သည်။
"အင်း...ငါလည်း အဲ့လိုထင်တာပဲ .ဒီရဲ့ ဥက္ကဌက ဟွာရှက..ဆိုတော့ သေချာပေါက် ငါတို့ ကျောက်မိသားစုအကြောင်း သေချာပေါက် ကြားဖူးနား၀တော့ ရှိမှာပဲ....ဟင် ဟျောင့်...သူက မိတ်ဆွေဖြစ်ချင်တဲ့ သဘောနဲ့ လာတယ်လို့ ထင်လား..."
"ဖြစ်နိုင်လောက်တယ်..."ချွီနန် ထောက်ခံလိုက်သည်။
"သူ့ရဲ့ ရာထူးက ကြီးနေတယ်ဆိုရင်တောင်မှ သူတစ်ယောက်တည်းနဲ့ကျောက်မိသားစုကြားထဲမှာ ကွာဟချက် အကြီးကြီးကတော့ ရှိနေတုန်းပဲလေ....ဒါရိုက်တာကျောက်ပြောသလိုပဲ ကျုပ်တို့နဲ့ ရင်းနှီးချင်လို့ လာတာ ဖြစ်လောက်တယ်...ဒါပေမယ့် သူ့ကို မျက်နှာသာပေးတဲ့ အနေနဲ့ ကောင်းကောင်းဆက်ဆံပေးသင့်တယ်လို့တော့ ထင်တာပဲ.."
"အဲ့တာကတော့ မင်းပြောနေစရာတောင် မလိုဘူး..."ကျောက်ကျိန်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး
"ဟိုကောင် လင်းရီလို ငါတို့ရှေ့မှာ သူ့အဆက်အသွယ်တွေနဲ့ ကြွားလုံးထုတ်ပြီးတော့ ကိုယ့်ကိုယ်ကျ ဘယ်လောက် သောက်ရှက်မဲ့တဲ့ကောင်လဲဆိုတာ မသိတဲ့သူလိုမျိုးများ ထင်နေလား..."
ချွီနန်ပြုံးလိုက်ပြီး "ကျွန်တော့်အထင်တော့ ကျုပ်တို့ ဒီအခွင့်အရေးကို အသူံချလို့ရမယ် ထင်တာပဲ..."
"ဘယ်လိုအသုံးချမှာ..."
"ဒုဥက္ကဌ ရောက်လာတဲ့အချိန်ကျရင် ကျုပ်တို့ စကားကောင်းကောင်းလေး ပြောလိုက်မယ်...ကျောက်မိသားစုရဲ့ နာမည်ဂုဏ်သတင်းတွေနဲ့ဆိုရင် သူလည်း ကျုပ်တို့အပေါ် မဖော်ရွေစရာ အကြောင်း မရှိဘူး...နောက်မှ သူနဲ့ ရင်းနှီးမှုကို အသုံးချပြီးတော့ ကျီချင်းရန်ရဲ့ ပရောဂျက်ကို ဖျက်ဆီးပစ်လိုက်မယ်လေ.."
ကျောက်ကျိန်းရန်မှာ လင်းရီနှင့် ကျီချင်းရန်တို့ အမေရိကားကို ပရောဂျက်တစ်ခုအတွက် ရောက်လာသည်ဟု ထင်နေလေသည်။
အကယ်၍ သူသာ မိုက်ခရိုဆော့ဖ် မားကတ်တင်းဌာန၏ ဒုဥက္ကဌကို အပိုင်ကပ်ထားပါက ကျီချင်းရန်၏ ပရောဂျက်မှာလည်း တစ်နည်းတစ်ဖုံဖြင့် ဖျက်ဆီးပစ်ရန် အကြောင်းဖန်၍ ရနိုင်၏။
"အင်း..မင်းပေးတဲ့အကြံက သိပ်မဆိုးဘူး..."ကျောက်ကျးန်ူရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "မင်းပြောတဲ့ အတိုင်းပဲ လုပ်ကြတာပေါ့ကွာ..."
ကျောက်ကျိန်းရန် လက်များကို ခေါင်းနောက်၌ ထားလိုက်ပြီး ထိုင်ခုံနောက်သို့ မှီလိုက်သည်။
သူ၏ ပရောဂျက်မှာ နောက်ဆုံးအခြေနေသို့ ရောက်ရှိနေပြီး လက်မှတ်ထိုးရန်သာ ကျန်ရှိတော့၏။ သို့သော်လည်း ဒုဥက္ကဌမှာ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ချေ။ ယခုလိုပုံစံဖြင့် ဆိုပါက သူဟွာရှသိူ့ မပြန်မှီ လင်းရီနှင့် ကျီချင်းရန်ကို သေအောင် ဆော့ကစား၍ ရတော့မည့်ပုံပင်။
"မစ်ဟန်နာ...ကျုပ်ခင်များကို ဒုဥက္ကဌ အသစ်အကြောင်းလေး မေးချင်လို့..ခင်များ သူ့အကြောင်း နည်းနည်းပါးပါးလေးများ မသိဘူးလား..သူဘာကြိုက်တတ်လဲတို့..ဘာဝါသနာရှိလဲတို့ပေါ့..."
"ကျွန်မလည်း သိပ်တော့ မသိဘူး..ဒါပေမယ့် သူက အရမ်းကို ဩဇာကြီးမားတဲ့သူဆိုတာတော့ သေချာတယ်..."ဟန်နာပြောလိုက်ပြီး "ကျွန်မ ရှင်တို့ကို လျို့ဝှက်ချက် နည်းနည်းလေး ပြောပြလိုက်မယ်။။..ခု ဒုဥက္ကဌ အသစ်ဆိုတာက မားကတ်တင်းဌာနမှာ ယာယီပဲနေမှာ...သိပ်မကြာခင် ကုမ္ပဏီက သူ့ကို အလုပ်အမှုဆောင် အရာရှိ တိုးပေးတော့မှာလေ...အဲ့ချိန်ကျ သူ့ရဲ့ ရာထူးက အရမ်းမြင့်မားသွားတော့မှာ.."
ဟစ်...
ထိုသတင်းကိုကြားတော့ ကျောက်ကျိန်းရန်နှင့် ချွီနန်တို့ ရှော့်ခ်ရသွားခဲ့ကြသည်။
သူတို့ ဟန်နာ ဆိုလိုချင်နေသည့် အဓိပ္ပာယ်ကို နားလည်ပေသည်။ ကမ္ဘာပေါ်ရှိ မည်သည့်နေရာ၌မဆို ဒုဥက္ကဌ ရာထူး ရနိုင်သည့်လူမှာ ဆရာ့ဆရာကြီးများ ဖြစ်ကြ၏။
သူ၏ ဖခင်ဖြစ်သူပင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးနှင့် တွေ့ဆုံရမည်ဆိုပါက သေချာပေါက် ရိုကျိုးရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထိုမျှ အဆင့်အတန်းကြီးမားသည့် ပုံရိပ်ရှိသူက သူတို့ထံ ကိုယ်တိုင်ကိုယ်ကျ ရောက်လာပြီး လက်မှတ်လာထိုးလိမ့်မည်လို့ ထင်မထားခဲ့ချေ။
ဒါ..ဒါကြီးက မျက်နှာသာ ပေးလွန်းသွားပြီ မဟုတ်လား...
"ဒါရိုက်တာကျောက်..ခု ပိုပြီးရှင်းလင်းသွားပြီ..တကယ်လို့ သူ့မှာသာ တိကျသေချာတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုရင် ကိုယ်တိုင်လာမှာတောင်မှ မဟုတ်လောက်ဘူး.."ချွီနန်မှ ပြောလိုက်သည်။
"အမှန်ပဲ.."ကျောက်ကျိန်းရန် တည်ငြိမ်စွာ ထိုင်မနေနိုင်တော့ချေ။
အကယ်၍ ထိုသူသာ သူတို့ ကျောက်မိသားစုနှင့် ခင်မင်ရင်းနှီးချင်နေသည် ဆိုပါက လင်းရီနှင့် ကျီချင်းရန်တို့၏ ပရောဂျက်ကို ဖျက်ဆီးရန် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံနှင့် ကိစ္စပြတ်၏။
ထိုအကြောင်း တွေးမိသည်နှင့်တစ်ပြိုင်နက် ကျောက်ကျိန်းရန်မှာ အလွန်အမင်း စိတ်လှုပ်ရှားလာတော့သည်။
ချလပ်...
အစည်းဝေးခန်း၏ တံခါးမှာ ပွင့်ဟလာပြီး ကျောက်ကျိန်းရန် စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်သည်။
မကြာခင် ဒုဥက္ကဌ ဖြစ်ရန် လျာထားခြင်းခံရသည့်သူမှာ သူတို့မြင်ကွင်းရှေ့၌ ပေါ်လာပေတော့မည်။
ကျောက်ကျိန်းရန် မျှော်ကိုးတကြီးနှင့် အခန်းထဲ၀င်လာသူကို လှမ်းကြည့်လိုက်၏။ သို့သော်လည်း ရောက်လာသူမှာ လင်းရီဖြစ်နေကြောင်း အံ့အားသင့်စွာ မြင်တွေ့လိုက်ရလေသည်။
သူအစက ကျိန်ဆဲမိခါနီး ဖြစ်သွားသော်လည်း စကားလုံးများကို အချိန်မှီ ပြန်မျိူချကာမယုံကြည်နိုင်သည့် အကြည့်များဖြင့် မေးလိုက်မိသည်။
"လင်းရီ.....မင်းလားကွ..."
"ဘယ်လိုလဲ ဒါရိုက်တာကျောက်..ခင်များ သိပ်အံ့ဩသွားသလား..."
"နည်းနည်းလေးပါ..ဒါပေမယ့် ဘာမှ ကိစ္စမရှိဘူး.."ကျောက်ကျိန်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး
"ငါမင်းကို ပြောပြလိုက်မယ်..ခုငါတို့နဲ့ စာချုပ်လက်မှန်လာထိုးမယ့်သူက မိုက်ခရိုဆော့ဖ်ရဲ့ မားကတ်တင်းဥက္ကဌ အသစ်နော်..."
"ပြီးတော့ သူဘယ်လောက်ထိ ဩဇာကြီးလဲဆိုတာ မင်းသိမှတော့ မဟုတ်ဘူး..ဒါပေမယ့် မင်းသိအောင် ပြောပြပေးလိုက်မယ်..သူက မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ ဒုဥက္ကဌ ရာထူအတွက် ချာထားခြင်းခံရတဲ့သူကွ...အဲ့လိုပုဂ္ဂိုလ်ကြီးက ငါနဲ့ လက်မှတ်လာထိုးတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲဆိုတာ မင်း နားလည်လား..."
လင်းရီ ပခုံးတွန့်လိုက်ပြီး "ဘာအဓိပ္ပာယ်လဲ ဆိုတာတော့ ငါမသိဘူး..ဒါပေမယ့် ငါဘာလို့ ဒီရောက်နေလဲဆိုတာကော မင်းသိချင်လား.."
"ဟမ်..."
ထိုအခါ ကျောက်ကျိန်းရန်နှင့် ချွီနန်တို့ ကြက်သေသေသွားခဲ့ကြသည်။ သူတို့ ရှေ့ကို မျှော်တွေးပြီးပျော်နေသောကြောင့်လက်တွေ့ကို သတိမမူမိလိုက်ချေ။
မိုက်ခရိုဆော့ဖ် မာကတ်တင်းဌာန၏ ဒါရိုက်တာရှောင်းကျယ် လင်းရီနောက်၌ ရပ်နေသည်မှာလည်း အနည်းငယ် ထူးဆန်းလှ၏။
"ဒါရိုက်တာရှောင်း..သူတို့က ကျုပ်ဘယ်သူလဲဆိုတာ မသိသေးဘူးထင်တယ်..ပြောပြလိုက်ပါဦး..."
ရှောင်းကျယ် ခြေတစ်လှမ်း ရှေ့တိုး၍ မိတ်ဆက်ပေးလိုက်ပြီး "မစ္စတာကျောက်. ရှင့်ရှေ့မှာရပ်နေတဲ့သူက မားကတ်တင်းဌာနရဲ့ အသစ်ခန့်အပ်ထားတဲ့ ဥက္ကဌ ဒါရိုက်တာလင်းရီပါပဲ..ခုနတုန်းက ရှင်ပြောလိုက်တဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီရဲ့ ဒုဥက္ကဌ ရာထူးအတွက် လျာထားခြင်းခံရတဲ့ ပုဂ္ဂိုလ်ကြီး ဆိုတာကလည်း ဒါရိုက်တာလင်းကလွဲပြီးတော့ တခြားသူ မဟုတ်ဘူး."