← Chapters

အခန်း (၃၁၄)

Vol. 21 Ch. 314

အခန်း (၃၁၄)

Vol. 21 Ch. 314

"ဘာ...ဘာပြောလိုက်တယ်..."

"သူ...သူက မင်းတို့ရဲ့ ဥက္ကဌ..."

"ဟုတ်တယ်...ငါပဲလေ..."

လင်းရီ ကျောက်ကျိန်းရန်ကို ပြုံးပြလိုက်ပြီး "ဘယ်လိုလဲ...အံ့ဩသွားလား..ရှော့ခ်ရသွားလား..စိတ်လှုပ်ရှားဖို့ကောင်းတယ်မဟုတ်လား ဟဲဟဲ..."

ကျောက်ကျိန်းရန် ခြေထောက်များ ပျော့ခွေသွားပြီး နောက်သို့ ယိုင်နဲ့သွားခဲ့၏။

အကယ်၍ ချွီနန်သာ လက်မမြန်ပါက ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး ဖြစ်သည်။

"မင်း...မင်းလို သောက်ရှက်မရှိတဲ့ကောင်က ဘယ်လိုလုပ်ပြီး မိုက်ခရိုဆော့ဖ်ရဲ့ ဒုဥက္ကဌဖြသ်ဖို့ အရည်ချင်း ပြည့်မှီလာတာလဲကွ..."ကျောက်ကျိန်းရန် လင်းရီကို လက်ညှိုးညွှန်၍ ကျိန်ဆဲလိုက်သည်။

"အိုက်ယား..နား၀င်ဆိုးတာတွေ ပြောနေပြန်ပါပြီ..ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက် အသစ်တွေက ဒီမှာရောက်နေတာကို ခင်များ အဲ့လိုပြောလိုက်တော့ ကျုပ်က နောက်ဆို ဘယ်မျက်နှာနဲ့ ဆက်လုပ်ရတော့မှာ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

ကျောက်ကျိန်းရန် : 'မင်းမှာ ရှက်တတ်တဲ့ မျက်နှာကော ရှိလို့လားကွ..'

"အိုး ဟုတ်သားပဲ..ဒါရိုက်တာကျောက်က ဒီမှာ စာချုပ်လက်မှတ် လာထိုးတာမလား..လုပ်လေ..အဆင်ပြေရင် လက်မှတ်ထိုးကြတာပေါ့..."

"ဟမ့်...မင်းက အဲ့လောက် သဘောကောင်းမယ်ပေါ့..."

"မဆိုးဘူး....ကြည့်ရတာတော့ ခင်များရာထူးက အလကားသပ်သပ် မဟုတ်ဘူးပဲ..ကျုပ် လက်မှတ် မထိုးပေးဘူးဆိုတာတောင် ကြိုသိနေတယ်ဆိုတော့တော့..တကယ် မဆိုးဘူး "

"မင်း..မင်း..."

ကျောက်ကျိန်းရန်၏ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ခါနေပြီး မျက်နှာမှာလည်း သွေးဆုတ်ဖြူလျော်နေသည်။ ဒေါသထွက်လွန်း၍ စကားပင် ပြောမထွက်တော့ချေ။

"ဖူး..."

နီရဲလတ်ဆတ်သော သွေးများ ကျောက်ကျိန်းရန် ပါးစပ်ထဲမှ ပန်းထွက်လာခဲ့၏။

ချွီနန် ရှော့ခ်ရသွားပြီး "ဒါရိုက်တာကျောက်...ဒါရိုက်တာကျောက်...! ကျုပ်ကို မခြောက်ပါနဲ့ဗျာ...ဒါရိုက်တာကျောက်!!!!!!"

ချွီနန်မည်မျှပင် ကိုယ်ကိုလှုပ်ပြီးအော်ခေါ်နေစေကာမူ ကျောက်ကျိန်းရန်မှာ လုံး၀ မလှုပ်ရှားတော့။ ရှော့်ခ်အကြီးကြီး ရသွားခဲ့သည့်ပုံပင်။

"လင်းရီ မင်းစောင့်နေ..ကျောက်မိသားစုက မင်းကို ဘယ်တော့မှ အလွှတ်ပေးမှာ မဟုတ်ဘူး..."

လင်းရီ "????"

ပရဟိတ ညစာစားပွဲမှာက ပထမအချီ၊ လေယာဉ်ကွင်းမှာက ဒုတိယအချီ ၊ ခုနဲ့ဆို သုံးချီတောင် မြောက်နေပြီ..ဒီကောင့်နှလုံးက နေသားမကျသေးဘူးလားကွ...

ဘာလို့ ဒီလောက်တောင် အားနည်းရပါလိမ့်...

အင်း ငါ့အမှားပါ ငါ့အမှား..ငါကိုက အဲ့လို မပြောလိုက်သင့်တာ...

ချွီနန် ကျောက်ကျိန်းရန်ကို ပခုံးမှတွဲ၍ ခေါ်သွားပြီးနောက် လင်းရီသူ၏ ကျောကို ဆန့်လိုက်သည်။

"ပရောဂျက်က ပြီးသွားပြီ..မင်းတို့လည်း ကိုယ့်အလုပ်ကို သွားလုပ်ကြတော့...."

ရှန်၀န်ကျုံး:"...."

ရှောင်းကျယ် :"...."

သူမ မိုက်ခရိုဆော့ဖ်၌ နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့ပြီး စာချုပ်ပေါင်းများစွာကိုလည်း ချုပ်ဆိုခဲ့ဖူးသည်။ အားလုံးမှာလည်း အောင်မြင်သည် နှင့် ရှုံးနိမ့်သည်ဟူ၍ ရလဒ်နှစ်ခုတည်းသာ ရှိ၏။

ယခုလို တစ်စုံတစ်ယောက်မှ စာချုပ်ချုပ်ရင်း သွေးအန်သွားသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ဒီရဲ့ ဒါရိုက်တာလင်းက လုံး၀ မရိုးရှင်းဘူး...

အစည်းဝေးခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ရှန်းထျန်းကျိုး၏ ရုံးခန်းထဲသို့ သွားလိုက်သည်။

သို့သော်လည်း ရုံးခန်းထဲတွင်တော့ မည်သူတစ်ဦးတစ်ယောက်ကမျှ ရှိမနေခဲ့။ ဂျက်ဆီကာကို ခေါ်ပြီး မေးကြည့်တော့မှသာ ရှန်းထျန်းကျိုးမှ အစည်းဝေးသွားတက်ကြောင်း သိလိုက်ရ၏။

လင်းရီ လည်း ပျင်းရိလာသည်နှင့် ကျပန်းကွန်ပျူတာတစ်ခုကို သုံးကာ အလုပ်လုပ်နေလိုက်သည်။

မွန်းလွဲပိုင်းအချိန်ရောက်သည့်အချိန်တွင် ရှန်းထျန်းကျိုး ရုံးခန်းထဲသို့ ပြန်ရောက်လာခဲ့ပြီး လင်းရီ သူ့ရုံးခန်းထဲ၌ အလုပ်ရှုပ်နေသည်ကိုမြင်တော့ သဘောကျသွားခဲ့၏။

"မစ္စတာလင်းလို ပါရမီကောင်းတဲ့သူတွေ ဒီလောက်ကြိုးစားနေတာက်ု ကျုပ်ခုမှပဲ မြင်ဖူးတော့တယ်ဗျာ..."

"မြှောက်ပင့်လွန်းနေပါပြီ...ကျုပ်က သူများဆီက လစာကို ယူထားပြီးမှတော့ ကိုယ့်တာ၀န်ကို ကျေအောင်တော့ လုပ်ပေူသင့်တယ်လေ..ဒါရိုက်တာရှန်းက ကျုပ်ကို ဒီလောက်မြင့်တဲ့ ရာထူးကြီး ပေးထားမှတော့ တစ်ခုခု ပြန်လုပ်ပေးသင့်တာ သဘာ၀ပဲ မဟုတ်လား..."

"ဟားဟား..ပြောတာကောင်းတယ်...အဲ့တာဆိုလည်း အတူတူအလုပ်လုပ်ကြတာပေါ့ဗျာ..."ရှန်းချန်းကျိုး ပြောလိုက်ပြီး "ရိုးရိုးသားသား၀န်ခံရရင် ကျုပ်က မစ္စတာလင်းလောက်ကို ချစ်ပ်အကြောင်း ကောင်းကောင်းမသိတာ..."

"ဒါရိုက်တာရှန်းလို လူမျိုးက ဒီလိုစကားမျိုး ပြောထွက်ဖို့ ဆိုတာ တော်ရုံလောက်နဲ့တော့ ရမှာ မဟုတ်လောက်ဘူး.."

အဘယ်ကြောင့်ဆိုသော် ရာထူးကြီးမြင့်သူ၊ ပညာကြီးရင့်သူတို့မှာလည်း ပညာမာနနှင့်ပင်။ ကိုယ့်ထက် အရွယ်ငယ်သည့်သူကို သူတို့လောက်မတတ်ဟု ဖွင့်ဟ၀န်ခံရန်မှာ အင်မတန်မှ ခက်ခဲလှ၏။ ထို့ကြောင့် လင်းရီမှ ယခုလို ချီးကျုးလိုက်ခြင်းပင်။

"ဘာဆန်းလို့တုန်းဗျာ .သင်ယူလေ့လာနေတယ်ဆိုတာက ဘယ်တော့မှ ရပ်တန့်လို့ရတယ်ရယ်ရို မရှိဘူး..ဘယ်သူကမှ အလုံးစုံကို မတတ်ကျွမ်းနိုင်သလို..အထူးသဖြင့် မစ္စတာလင်းတို့လိုငယ်ရွယ်တဲ့ လူငယ်လေးတွေနဲ့ ယှဉ်ရင်ပေါ့ဗျာ...အဲ့ခါကျ ကျုပ်တို့လည်း မောက်မာပြီးတော့ ဘ၀င်မြင့်နေလို့ မရဘူး.."

ရှန်းထျန်းကျိုး ခဏရပ်တန့်၍ လေးနက်တည်ကြည်စွာဖြင့် "မစ္စတာလင်းက တကယ့်ကို ကျုပ်တို့ဟွာရှရဲ့ အနာဂတ်ပဲ..."

"အဲ့လိုကြီးတော့ မပြောစမ်းပါနဲ့ဗျာ..ကျုပ်တို့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးမယ့် ဒါရိုက်တာရှန်းတို့လို လူမျိုးတွေလည်း အများကြီး လိုအပ်ပါသေးတယ်..."လင်းရီလည်း လေးနက်စွာဖြင့် ဆိုလိုက်၏။

"ဟားဟား..ဒါပေါ့..အပြန်အလှန် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့...ကျုပ်တို့အရွယ်ကောင်းတုန်းတော့ ရပ်တည်ပေးနိုင်လိမ့်မယ်..ဒါပေမယ့် ကျုပ်တို့ အိုမင်းမစွမ်းတော့တဲ့ အခါကျရင်တော့ ဒီတာ၀န်တွေကို မစ္စတာလင်းတို့လို လူငယ်တွေလက်ထဲ ပခုံးလွှဲပြောင်းပေးခဲ့ရမှာပဲလေ..."

မွန်းလွဲနောက်ပိုင်းတွင်တော့ ရှန်းထျန်းကျိုး အစည်းဝေးနှစ်ခု တက်ရောက်ပြီး ရုံးခန်းထဲတွင် လင်းရီနှင့်အတူ code ရေးနေလေသည်။

ယခုလို အလုပ်အတူ တွဲလုပ်နေခြင်းမှတစ်ဆင့် ရှန်းထျန်းကျိုးအပေါ် လင်းရီ၏ နားလည်သဘောပေါက်မှုတို့မှာလည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။

ကွန်ပျူတာသိပ္ပံနယ်ပယ်တွင် အနှီ ရှန်းထျန်းကျိုး၏ အောင်မြင်မှုများမှာ သူခန့်မှန်းမျှော်လင့်ထားသည်ထက်ကိုပင် ကျော်လွန်နေလေသည်။

ထိုသို့သော ပုဂ္ဂိုလ်ကြီးတို့မှာ သုတေသနလုပ်ငန်းနှင့် ပတ်သက်လာလျှင် လိုချင်သည့် ရလဒ်ကို မရမချင်း ခေါင်းမာမာနှင့် မဆုတ်မနှစ် စွဲမြဲလုပ်ဆောင်ကြ၏။ ထို့ကြောင့်လည်း ယခုလို အောင်မြင်မှုများ ရရှိနေခြင်းပင်။ လင်းရီ ထိုတစ်ချက်ကိုတော့ အတော်လေး အထင်ကြီးမိသွားသည်။

လုရင်းနှင့် စွန်းဖုယွီတို့ သူ့ကို အကြီးစား အကဲဖြတ် အမွှန်းတင်ကြသည်မှာ မထူးဆန်းတော့ချေ။ ထိုသူမှာ အမှန်တကယ်ကို ထိုက်တန်သူတစ်ဦးဖြစ်၏။

အကယ်၍ ရှန်းထျန်းကျိုးနှင့် သူ၏အသင်းကိုသာ ဟွာရှသို့ ခေါ်သွားနိုင်မည်ဆိုပါက ပြည်တွင်း ချစ်ပ်နယ်ပယ်မှာ တရွေ့ရွေ့နှင့် ရှေ့သို့ တိုးတက်လာ‌မည်မှာ မလွဲမသွေပင်။

လင်းရီနှင့် ရှန်းထျန်းကျိုးတို့ တစ်နေ့လည်ခင်းလုံးစကားများများစား မပြောကြချေ။ လင်းရီလည်း ကျီချင်းရန်ထံ ဖုန်းဆက်ဖြင်းနှင့် အိမ်သာသွားခြင်းတို့မှအပ အခြားအပိုအလုပ်များ လုပ်မနေပဲ code ရေးသားခြင်းတွင်သာ အာရုံပြုထားလေသည်။

လင်းရီ ရှန်းထျန်းကျိုးနဲ့ ထဲထဲ၀င်၀င် ပတ်သက်လေလေ၊ သူ့ကိုဟွာရှသို့ ခေါ်ဆောင်သွားနိုင်မည့် အခွင့်အရေးက မြင့်မားလေလေဖြစ်၏။

အကယ်၍ အလျှင်လိုမိပါက အရာအားလုံး ကျွမ်းထိုးမှောက်ခုံ ‌ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် တစ်လှမ်းခြင်း မှန်မှန်လေး သွားသည်က အကောင်းဆုံး ရွေးချယ်မှုပင် မဟုတ်ပါလော။ ။

ညနေ လေးနာရီ ထိုးသည့် အချိန်တွင်တော့ လင်းရီ ကျောဆန့်လိုက်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

ကျီချင်းရန်နှင့် ကွမ်းရာတို့မှာ ပြန်ရောက်လာတော့မည် ဖြစ်သောကြောင့် သူတို့မရောက်မီ ဟိုတယ်သို့ သူအရင်ကြိုရောက်နှင့်ရန် လိုအပ်လေသည်။

"မစ္စတာလင်း..အဆင်ပြေရင် ဒီည ကျုပ်အိမ်မှာ ထမင်းလိုက်စားပါလား..အတူတူ တစ်ခွက်တစ်ဖလားလောက်ချရင်း code လည်း လေ့လာလို့ ရတာပေါ့.."

ရှန်းထျန်းကျိုးမှ ဖိတ်ခေါ်လိုက်၏။

"‌တော်ပြီ ကျေးဇူးပါ ဒါရိုက်တာရှန်း..ကျုပ်ဒီနေ့ တစ်နေ့လုံး အလုပ်လုပ်ထားတော့ တော်တော်လေး ပင်ပန်းနေပြီ..."

ထို့နောက် ရှန်းထျန်းကျိုးကို နှုတ်ဆက်စကားဆိုကာ မိုက်ခရိုဆော့ဖ်ထဲမှ ထွက်လာခဲ့လိုက်၏။

ဟိုတယ်သို့ ပြန်ရောက်လာသည့် အချိန်တွင်တော့ သုံးယောက်သား ညစာအတူ သုံးဆောင်လိုက်ကြသည်။ ထို့နောက် ကျီချင်းရန်နှင့် ကွမ်းရာတို့မှာ ဆိပ်ခံတံတားများ ပြန်လည်မွမ်းမံမည့် အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးနေကြတော့၏။ လင်းရီကတော့ ဘေးတွင် အပယ်ခံဘ၀လေးသို့ ရောက်နေရလေသည်။

တစ်ချိန်တည်းတွင် လင်းရီလည်း ဇဝေဇဝါတော့ ဖြစ်နေမိသည်။ သူ ကွမ်းရာကို ဤသို့ ခေါ်လိုက်ခြင်းမှာ အရန်ဇာတ်ပို့သရုပ်ဆောင်အနေနှင့် သူလိုချင်သည့် ပန်းတိုင်ရောက်အောင် အသုံးချရန်သာဖြစ်၏။ ယခုတော့ သူမတို့နှစ်ဦးမှာ အချေအတင်ကို ဆွေးနွေးနေကြပြီး အလုပ်ကိစ္စနှင့် အတည်ကြီး ရောက်လာခဲ့သည့် ပုံစံဖြစ်နေလေသည်။

ကျီချင်းရန်မှ အလုပ်အပေါ်တွင် အာရုံရောက်နေသည်ကို မြင်တော့ လင်းရီလည်း နှောင့်ယှက်ချက်စိတ် ကင်းမဲ့စွာဖြင့် အခန်းသို့ ပြင်ကာ စောစောစီးစီး အိပ်ရာ၀င်လိုက်၏။

ကလင် ကလင် ကလင်

နံနက်ခြောက်နာရီတွင် ကျယ်လောင်သော သူ၏ ဖုန်းမြည်သံကြောင့်လင်းရီ အိပ်စုံမှုန်မွှားဖြင့် ဖုန်းထကိုင်လိုက်သည်။ ခေါ်လာသည့်သူ၏ အမည်ကိုတွေ့တော့ လင်းရီ၏ ဦးနှောက်မှာ ချက်ချင်းဆိုသလို ကြည်လင်လာခဲ့တော့၏။

ခေါ်ဆိုလာသူမှာတော့ Cisco ၏ဥက္ကဌ၏ သားဖြစ်သူ ချောင်ရှန့်ယီမှတစ်ပါး အခြားသူမဟုတ်ချေ။

US တွင် နံနက် ၆ နာရီ ဖြစ်နေသောကြောင့် ချိုင်းနားတွင်တော့ ညပိုင်းအချိန်အခါ ဖြစ်ပေလိမ့်မည်။

ဒီအချိန်ကြီးကျမှ ဘာလုပ်ဖို့ ခေါ်လာပါလိမ့်...

မိမိကိုယ်ကိုယ်မေးမြန်းရင်း စိတ်ငြိမ်ငြိမ်ထားကာ ဖုန်းဖြေလိုက်သည်။

"ဟယ်လို ညီကိုလင်း..မစ္စတာလင်း. ကျုပ်ခင်များကို တလောတုန်းကပဲ ဖုန်းခေါ်ထားသေးတယ်..အဲ့တုန်းကပြောတော့ US ရောက်နေတာဆိုတော့ ခုထိ ဟွာရှကို ပြန်မလာသေးဘူးလား..ကျုပ်ခင်များကို အတော်လေး သတိရနေတာ..."ချောင်ရှန့်ယွီ၏ အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာခဲ့၏။

လင်းရီ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့သည်။

ငိုးပဲ မင်းက သတိရပြီး ဘာလုပ်မလို့တုန်းကွ...

"အင်း ကျုပ်ခုထိ US မှာ ရှိတုန်းပဲ...ဒါပေမယ့် လေးငါးရက်ဆိုပြန်‌လာတော့မှာ ပူမနေနဲ့.."

"နှမြောစရာပဲ ကျုပ်က ဒီမှာ စီးလို့ကောင်းမယ့်မြင်း လေးတွေ့ထားလို့ အဲ့တာ ကိုယ့်လူကိုလည်း မျှပေးချက်တာ‌နဲ့ ခေါ်လိုက်တာ..."ချောင်ရှန့်ယွီမှ နှမြောတသဖြင့် ပြောလိုက်သည်။

လင်းရီ နှုတ်ခန်းမှာ တွန့်ကွေးသွားခဲ့ပြီး

ဒါပေါ့...ဒီအချိန်ကြီး ဖုန်းဆက်လာမှတော့ အဲ့ကိစ္စကလွဲရင် ဘာများ ရှိနိုင်ဦးမှာလဲ..

"အဲ့ မြင်းစီးလို့ကောင်းတဲ့ ကောင်မလေးတွေကို ဘေးခ်ျတ်ထားလိုက်စမ်းပါ.....ခုကျုပ်ရောက်နေတာက US‌..ဘယ်လမ်းကြားထဲသွားသွား အဲ့လိုမျိုးတွေက ပေါသောနေတာ..လူတောင် တော်တော်လေး ပြိုင်းနေပြီ..."

"ဟား..ညီကိုကတော့ အထင်လွဲနေပြန်ပြီ."ချောင်ရှန့်ယွီ ပြောလိုက်ပြီး "ကျုပ်က တကယ့် မြင်းတွေကို ပြောတာ...ခြေလေးချောင်းနဲ့ အမြီးပါတဲ့မြင်း..."

"အာ ဟားဟား..."လင်းရီ ကိုးရို့ကားယား ဖြစ်စွာ ရယ်မောလိုက်ပြီး

ငိုးပဲ..စကတည်းက ရှင်းရှင်းပြောလေကွာ..

"ဒါပေမယ့် မပူနဲ့ ကျုပ်သူငယ်ချင်းတစ်ယောက်ကို မြင်းကောင်း မြင်းသန့်လေးတွေ သိမ်းထားခိုင်းလိုက်မယ်...ညီကိုလင်း စိတ်ပါတဲ့ချိန် လာစီးလှည့်..."

"ဒါပေါ့ ဒါပေါ့..အဲ့လိုဆိုလည်း ညီကိုချောင်ကို ကျေးဇူးတင်သွားပြီ..."

"အားနာနေပြန်ပါပြီ..ကျုပ်တို့က တစ်လှေတည်းစီးနေတဲ့ သူတွေပဲမလား..သူစိမ်းဆန်စရာ မလိုပါဘူးဗျာ..."

"ဟားဟား..သေချာ‌တာပေါ့...အဲ့တာဆိုလည်း ညီကိုချောင်နဲ့ နောက်မှ အတူသောက်ကြတာပေါ့.."

ချောင်ရှန့်ယွီနှင့် ဖောရှောရိုက်ပြီးနောက် လင်းရီ ဖုန်းတန်းချလိုက်သည်။

ထို့နောက် ရေချိုးခန်းထဲသို့သွားကာ ရေအေးအေးဖြင့် လန်းဆန်းသွားအောင် ချိုးပစ်လိုက်၏။

ချောင်ရှန့်ယွီ၏ လှည့်ကွက်မှာ အသိအသာကြီးပင်။ သူ၏ အကြိုက်ကို သတိပြုမိပြီးနောက်တွင် လင်းရီကို တစ်နည်းနည်းဖြင့် ချဉ်းကပ်လာပြီး သူ၏ ရည်ရွယ်ချက်ရရှိအောင် ကြံဆောင်လာပေလိမ့်မည်။

"ဖက်ခ်ပဲကွာ..."

လင်းရီကျိန်ဆဲလိုက်ပြီး "ရှန်းထျန်းကျိုး ကိစ္စတောင် မပြီးသေးပါဘူးဆိုနေမှ ခုနောက်ထပ် ရှူတင် တစ်ခုကလည်း ပေါ်လာပြန်ပြီ...ဟွာရှမှာသာ ငါသွားသရုပ်ဆောင်လို့ကတော့ တစ်နှစ်ကို ဘီလီယမ်တစ်ရာလောက် ရမယ်ထင်တာပဲ... "

All Chapters