ခေါင်းဆောင်တောက်ရင်၏ ကောင်းကင်ဘုံစွမ်းအား
Vol. 20 Ch. 269
မူလမီးတောက်ကမ္ဘာထဲတွင် တိုက်ခိုက်၍မဖြစ်နိုင်သော ထိုကျင့်ကြံသူကြီးသည် ကောင်းကင်ဘုံအဆင့်၌ သေချာပေါက်ရှိနေမည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်တစ်ဦးက တိုက်ခိုက်လာခြင်း ဖြစ်သည်။
ခေါင်းဆောင်တောက်ရင်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“ကောင်လေး၊ ဒီကမ္ဘာထဲကနေ ဆွဲထုတ်ခံရတဲ့အချိန်မှာ ငါက ဝိညာဉ်သူငယ်အတုကို အစွမ်းကုန်ဖောက်ခွဲပစ်လိုက်မယ်”
“အဲဒီလိုဆိုရင် မင်းအတွက် စက္ကန့်နည်းနည်းလောက် အချိန်ရလိမ့်မယ်။ အဲဒီအချိန်အတွင်းမှာ ဝင်္ကပါပြားကိုအသက်သွင်းပြီး အနောက်ဘက်နယ်စပ်ကုန်းမြေကို ပြန်သွားလိုက်တော့”
“ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့တည်နေရာ ပေါက်ကြားသွားလိမ့်မယ်။ မင်းပြန်ရောက်ရင် ဂိုဏ်းကြီးတွေအားလုံးကို သတင်းပေးပြီး ပြင်ပဘုံကျင့်ကြံသူတွေကို ခုခံဖို့ပြင်ဆင်ထားလိုက်ပါ”
“ငါက နှစ်ပေါင်းရာချီ ကျင့်ကြံခဲ့တယ်”
ထိုသို့ပြောလိုက်ပြီး ခေါင်းဆောင်တောက်ရင်က နက်ရှိုင်းသော နတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။
“တိုက်ပွဲမှာ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကြောင့် သေဆုံးသွားရမှာဆိုတော့ နောင်တမရှိပါဘူး”
သူ့စကားများကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က လေးနက်သောမျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲခေါင်းဆောင်။ ခေါင်းဆောင်ကို စိတ်မပျက်စေရပါဘူး”
ခေါင်းဆောင်တောက်ရင်က စိတ်သက်သာရာရသွားပြီး စကားပြောဆက်ပြောမည့်အချိန်တွင် ဟန်မူယဲ့၏စကားသံကို ထပ်ကြားလိုက်ရသည်။
“ကျွန်တော်က အနောက်ဘက်နယ်စပ်ကုန်းမြေကို ပြန်သွားပြီး ဖော်စပ်ထားတဲ့ အာကာသဝိညာဉ်သူငယ်ဆေးလုံးကို အံ့ဖွယ်ကိုးပါးတောင်ဆီ ယူသွားလိုက်ပါ့မယ်”
“ဟုတ်တယ်။ ပြန်သွားပြီး ....”
ခေါင်းဆောင်တောက်ရင်က ကြောင်အသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
“မင်းက အာကာသဝိညာဉ်သူငယ်ဆေးလုံးလို့ ပြောလိုက်တာလား”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်ဖြန့်ပြသည်။ သူ့လက်ဝါးထဲတွင် မှိန်ဖျော့နေသောအင်းကွက်နှစ်ခုဖြင့် တောက်ပနေသောဆေးတစ်လုံး ပေါ်လာသည်။
အထွတ်အထိပ်အဆင့်အရည်အသွေး…
အာကာသဝိညာဉ်သူငယ်ဆေးလုံး…
ခေါင်းဆောင်တောက်ရင်၏မျက်နှာက ဖြူဖျော့သွားပြီး နီရဲလာသည်။ ထို့နောက် ခရမ်းရောင်သန်းသွားသည်။
သူက အံတင်းတင်းကြိတ်လိုက်ပြီး ဟန်မူယဲ့ကိုကြည့်သည်။ အဆုံးတွင်တော့ ဘာမှမပြောတော့ဘဲ ဆေးလုံးကိုသာ ယူလိုက်သည်။
“မင်းက ငါ့ကိုသတ်ပြီး ငါ့အမွေအနှစ်ကို ယူချင်နေတာ မဟုတ်လား”
ခေါင်းဆောင်တောက်ရင်၏ခန္ဓာကိုယ်ထဲမှ ဖိနှိပ်ထားသောစွမ်းအားများ ပေါ်ထွက်လာပြီး ထပ်မံဖိနှိပ်ခံလိုက်ရသည်။
သူက ဖောက်ထွက်သွားတော့မည့် ကောင်းကင်ကို ကြည့်လိုက်ပြီး ပြုံးသည်။
“အဲဒီတော့ ဒါက ကောင်းကင်ဘုံအဆင့်ရဲ့စွမ်းအားလား”
ကောင်းကင်ဘုံအဆင့်…
အာကာသဝိညာဉ်သူငယ်ဆေးလုံး၏ အကျိုးသက်ရောက်မှုသည် ကောင်းကင်ဘုံအဆင့်ကို ခဏတာရောက်ရှိသွားပြီး ကောင်းကင်ဘုံအဆင့်စွမ်းအားကို ခံစားနိုင်စေရန်ဖြစ်သည်။
ယခုအချိန်တွင် ခေါင်းဆောင်တောက်ရင်သည် ကောင်းကင်ဘုံအဆင့်စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး တောက်ပနေသောမျက်လုံးများဖြင့် ခေါင်းခါသည်။
သူက လက်မြှောက်လိုက်ပြီး ဆံပင်ကြားတွင် ရှိနေသော အနက်ရောင်ဓားငယ်ကို ဆွဲထုတ်သည်။
အနက်ရောင်ဓားငယ်သည် အာကာသစွမ်းအားများကို ဆက်တိုက်စုပ်ယူနေကြောင်း သူ ခံစားမိသည်။
စုပ်ယူနှုန်းမှာ မြန်ဆန်သောကြောင့် ဝဲကတော့တစ်ခု ဖြစ်တော့မည့် အခြေအနေရှိသည်။
အနက်ရောင်ဓားငယ်၏ကိုယ်ထည်ထဲမှ အာကာသလမ်းကြောင်းတစ်ခု ပွင့်လာနေကြောင်း သူ ခံစားမိသည်။
“ဟမ် ....”
သူက ကောင်းကင်ကို ထိုးဖောက်လာသောအခါတွင် ဓားငယ်သည် တုန်ခါသွားပြီး လေဟာနယ်စွမ်းအားများက ဓားကို ချိပ်ပိတ်လိုက်ကြောင်း ခံစားမိသည်။
ထိုစွမ်းအားသည် ရှောက်ယိုစွန်းပေးခဲ့သော ဝင်္ကပါပြားထက် အဆပေါင်းမရေမတွက်နိုင်အောင် ပိုမိုသန်မာသည်။
ဖရိုဖရဲဖြစ်နေသောဓားငယ်ထဲတွင် ရွှေအလင်းတစ်ခုသည် ဟန်မူယဲ့၏စိတ်ထဲသို့ ဝင်ရောက်လာသည်။
ကမ္ဘာချိပ်စည်းတံဆိပ်…
ကမ္ဘာကိုချိပ်ပိတ်ပြီး အမျိုးမျိုးသောကမ္ဘာများဆီသို့ သွားလာနိုင်သည်။
ဤတံဆိပ်ကိုကိုင်ထားသောလူသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြင်ပဘုံကျင့်ကြံသူများထံမှ ကာကွယ်ရန် တာဝန်ရှိသည်။
ထိုတံဆိပ်ဖြင့်ဆိုလျှင် ဓား၏တာအိုအင်းကွက်ကိုအသုံးပြု၍ လေဟာနယ်စွမ်းအားကိုအသုံးပြုကာ တခြားကမ္ဘာများဆီသို့ သွားလာနိုင်သည်။
ထိုအချိန်မှာ ဓားငယ်ထဲတွင် ဝိညာဉ်စွမ်းအင်အလင်းတစ်ခု တောက်ပနေသည်။
မူလမီးတောက်ကမ္ဘာ…
ထိုအရာက မူလမီးတောက်ကမ္ဘာသို့ဦးတည်သွားသော တာအိုအင်းကွက်ဖြစ်သည်။
ဝုန်း...
မူလမီးတောက်ကမ္ဘာ၏ အပြင်ဘက်တွင်ရှိသော လေဟာနယ်ထဲတွင် အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က လက်တစ်ဖက်ကို နောက်ပစ်ထားပြီး တခြားလက်တစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။
ထိုလက်ဝါးချက်သည် ကတ်တီတစ်သန်းစွမ်းအားကို သယ်ဆောင်ထားသည်။
ထိုစွမ်းအားမှာ သန်မာလွန်းသောကြောင့် တောင်နှင့်မြစ်များကို ချက်ချင်းပြိုကွဲသွားစေနိုင်သည်။
ထိုကျွမ်းကျင်သူမျိုးက ဤကမ္ဘာငယ်ထဲကို ဝင်ရောက်မရပါ။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ…
ထိုတိုက်ခိုက်မှုအောက်တွင် ကောင်းကင်ဘုံအဆင့်သို့မရောက်သေးသောလူတိုင်းမှာ အမှုန့်ဖြစ်သွားပေမည်။
လက်ဝါးချက်က သနားစရာကောင်းသောလူနှစ်ယောက်ကို ဖိချေလိုက်သကဲ့သို့ လူအိုကြီး၏မျက်နှာထားက တည်ငြိမ်ပြီး အမူအယာကင်းမဲ့နေသည်။
ဟန်မူယဲ့က မော့ကြည့်ပြီး ခြေတစ်လှမ်းနောက်ဆုတ်သည်။
ခေါင်းဆောင်တောက်ရင်က ပြုံးလိုက်ပြီး ရယ်သည်။
“ကောင်လေး၊ အဲဒီကောင်ကို ငါ ဘယ်လိုနှိပ်စက်ပြမလဲ ကြည့်ထားလိုက်”
ခေါင်းဆောင်တောက်ရင်က စကားပြောပြီးသွားသောအခါတွင် ခန္ဓာကိုယ်ထဲမှ မီးနဂါးတစ်ကောင်ကို ထုတ်လွှတ်လိုက်သည်။
ကောင်းကင်ဘုံအဆင့်စွမ်းအား…
အာကာသဝိညာဉ်သူငယ်ဆေးလုံးက ခေါင်းဆောင်တောက်ရင်ကို ကောင်းကင်ဘုံအဆင့်စွမ်းအား ပိုင်ဆိုင်လာအောင် လုပ်ပေးသည်။
ထိုစွမ်းအားကို နာရီဝက်ခန့်သာ ရရှိနိုင်မည်ဖြစ်သော်လည်း ခေါင်းဆောင်တောက်ရင်အတွက် လုံလောက်ပေသည်။
ဟန်မူယဲ့က နေရာမှာတင်ရပ်နေပြီး မီးနဂါးအဖြစ်အသွင်းပြောင်း၍ ဟိန်းဟောက်လျက် လေဟာနယ်ထဲသို့ပြေးဝင်သွားသော ခေါင်းဆောင်တောက်ရင်ကို ကြည့်လျှက် ခေါင်းညိတ်သည်။
လက်တစ်ဖက်ဖြင့် ဖိချလိုက်သော လူအိုကြီး၏မျက်နှာထားမှာ ထူးဆန်းနေသည်။ သူက လက်မြှောက်လိုက်ပြီး လေပြင်းများကို ဖန်တီးနေသောအချိန်၌ မီးနဂါးကြောင့် နောက်သို့လွင့်စင်သွားရ၏။
“ထွက်သွားစမ်း ....”
မီးနဂါးက ဟိန်းဟောက်လိုက်ပြီး အမြီးဖြင့် ရိုက်ချသည်။
အစိမ်းရောင်ဝတ်စုံနှင့်အကြီးအကဲက သနားစရာကောင်းသောပုံစံဖြင့် လျင်မြန်စွာ လက်မြှောက်လိုက်သည်။ အလင်းလွှာတစ်ခု ပေါ်လာသောအခိုက်တွင် မီးနဂါး၏အမြီးရိုက်ချက် ကျဆင်းလာသည်။
“ဘန်း ....”
အလင်းလွှာသည် ပျက်စီးသွားပြီး အစိမ်းရောင်ဝတ်စုံနှင့်လူအိုကြီးမှာ ပေတစ်သောင်းအထိ လွင့်စင်သွား၏။
ထိုအချိန်ကိုရောက်မှ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူက မှုန်ကုပ်နေသောမျက်နှာထားဖြင့် သတိပြန်ဝင်လာသည်။
“ကောင်းတယ်၊ ကောင်းတယ်”
“ငါ၊ ကျင်းမူဟယ်က မူလမီးတောက်ကမ္ဘာကို နှစ်ပေါင်းငါးရာစောင့်ကြပ်ခဲ့ပြီး မကြာခင် ပြီးပြည့်စုံခြင်းကို ရောက်တော့မယ်။ အခု တခြားကမ္ဘာက လူတစ်ယောက်နဲ့ လာတွေ့နေတယ်။”
“ငါက ဒီနေ့မှာ မင်းကိုသတ်ပြီး မင်းကမ္ဘာရဲ့အချက်အလက်တွေကိုရယူဖို့ မင်းရဲ့ဝိညာဉ်ကို သန့်စင်ပစ်မယ်”
လူအိုကြီးက အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင် အေးစက်စက်ဓားအလင်းကို ထုတ်ပေးနေသည့် ဆယ်ပေရှည်သော ဓားမော့တစ်လက်ပေါ်လာသည်။
လူအိုကြီး၏ဓားမော့ကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က လက်ညှိုးညွှန်လိုက်ရာ တိမ်တိုက်နဂါးဓား ထွက်ပေါ်လာသည်။
“ခေါင်းဆောင်၊ ဓား”
တိမ်တိုက်နဂါးဓားသည် ဖျတ်ခနဲလှုပ်ရှားသွားပြီး ခေါင်းဆောင်တောက်ရင်၏အရှေ့၌ ပေါ်လာသည်။
ခေါင်းဆောင်တောက်ရင်က ရယ်လိုက်ပြီး ဓားကိုဆွဲယူသည်။ ထို့နောက် အော်ဟစ်သံနှင့်အတူ ဓားဖြင့် ထိုးချလိုက်သည်။
ဓားအလင်းသည် တိမ်များကိုဖြစ်ပေါ်လာစေပြီး မီးတောက်များနှင့် ရောစပ်သွားသည်။ ထို့နောက် ပေတစ်သောင်းရှည်သောအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဆယ်ပေရှည်သောဓားမော့ကို ကိုင်ထားသည့် ကျင်းမူဟယ်ထံသို့ တိုးဝင်သွားသည်။
ဓားအလင်း၏အရှည်ကြောင့် ခေါင်းဆောင်တောက်ရင်က အံ့အားသင့်သွားရသည်။
ထို့နောက် သူက ကောင်းကင်ဘုံအဆင့်စွမ်းအားကို အသုံးပြုနေပြီး ဓမ္မရတနာ၏အကူအညီကို ရထားကြောင်း သတိရလိုက်သည်။
သူက လက်ရှိတိုက်ခိုက်နိုင်စွမ်းကို နောက်ထပ်နှစ်တစ်ရာကြာသွားလျှင်ပင် ရနိုင်မည် မဟုတ်ပေ။
ဓမ္မရတနာအဆင့်ဓားကို ပိုင်ဆိုင်ရန် မလွယ်ကူပေ။
ထိုအလင်းတန်းသည် မူကျင်းဟယ်၏လက်ထဲတွင် ရှိနေသော ဓားမော့ရှည်နှင့် ထိတွေ့သွားသည်။ ဓားမော့ရှည်မှာ တုန်ခါပြီး ပေါက်ကွဲသွားသည်။
ကျင်းမူဟယ်၏ဓားမော့ရှည်သည် ဓမ္မရတနာမဟုတ်ပေ။
တိမ်တိုက်ကောင်းကင်ကမ္ဘာ၌ပင် ဓမ္မရတနာများက ရှားပါးသည်။ ဂိုဏ်းကြီးများ၏ ထိပ်တန်းကျွမ်းကျင်သူများသည်သာ ထိုရတနာမျိုးကို ကိုင်ဆောင်နိုင်သည်။
ဝုန်း...
ဓားမော့ရှည်သည် တစ်ပိုင်းတစ်စစီဖြစ်သွားပြီး ကျင်းမူဟယ်မှာလည်း နောက်ဆုတ်လိုက်ရသည်။ ထို့နောက် သူက ဖြူဖျော့နေသောမျက်နှာထားဖြင့် ခေါင်းဆောင်တောက်ရင်ကိုကြည့်သည်။
ခေါင်းဆောင်တောက်ရင်က အလွန်သန်မာနေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
ခေါင်းဆောင်တောက်ရင်က ရယ်မောလိုက်ပြီး ဓားဖြင့်ထပ်ထိုးသည်။
ထိုဓားသည် ဓားဆန္ဒမဟုတ်ဘဲ ဓားနည်းစနစ်တစ်ခုဖြစ်သည်။
ဓားမာန်ဟုန်ကို အသုံးပြု၍ မူကျင်းဟယ်ကိုဖိနှိပ်လိုက်ကာ ဓားအလင်းတစ်ခု ပြေးထွက်လာသည်။
ထိုတိုက်ခိုက်မှုက ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို သတ်ပစ်နိုင်သည်။
ကျင်းမူဟယ်မှာ ထိတ်လန့်သွားပြီး ထိပ်တိုက်ရင်မဆိုင်ရဲပေ။ တာအိုနည်းစနစ်၏ ဝိညာဉ်စွမ်းအင်အလင်းများသည် သူ့ပတ်ပတ်လည်တွင်ပေါ်လာပြီး သူ့ရှေ့၌ တားဆီးလိုက်ကြသည်။
တာအိုနည်းစနစ်၏အက်ကွဲသံများ ပေါ်ထွက်လာသည်။ ဓားအလင်းသည် မူကျင်းဟယ်ဆီသို့ တိုးဝင်သွားပြီး သူ့ကို နာကျင်စွာအော်ဟစ်လျက် ထွက်ပြေးသွားစေသည်။
ဓားချက်က သူ့ကို မသတ်နိုင်ခဲ့သော်လည်း ဒဏ်ရာရသွားစေသည်။
ထိုဒဏ်ရာမျိုးပြန်ကောင်းလာရန်အတွက် နှစ်ပေါင်း ရာနှင့်ချီအောင် ကုစားရန် လိုလိမ့်မည်။
ခေါင်းဆောင်တောက်ရင်က သူ့နောက်သို့လိုက်မသွားပေ။ သူက ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။
“နှမြောစရာပဲ။ ငါက ကောင်းကင်ဘုံကျင့်ကြံသူအစစ်ဆိုရင် အဲဒီလူက ထွက်ပြေးသွားနိုင်မှာမဟုတ်ဘူး”
ကောင်းကင်ဘုံအဆင့်စွမ်းအားကို ယာယီကြုံတွေ့ပြီး ရရှိနိုင်ခြင်းက အာကာသဝိညာဉ်သူငယ်ဆေးလုံးကြောင့် ဖြစ်သည်။
“ဘာဖြစ်လို့လဲ။ ခေါင်းဆောင်က ကောင်းကင်ဘုံအဆင့်ကိုတက်ဖို့ ယုံကြည်ချက်မရှိဘူးလား”
ဟန်မူယဲ့က လက်မြှောက်ပြီး တိမ်တိုက်နဂါးဓားကို ပြန်ခေါ်လိုက်သည်။
သူ့စကားများကို ကြားလိုက်ရသောအခါတွင် ခေါင်းဆောင်တောက်ရင်၏ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားပြီး ကောင်းကင်ဘုံအဆင့်စွမ်းအားများ ရစ်ဝဲလာသည်။
“ယုံကြည်ချက်မရှိဘူးတဲ့လား။ ငါက အခြေခံကို ပိုပြီးတည်ငြိမ်စေချင်လို့ ကောင်းကင်ဘုံအဆင့်ကို မတက်ဘဲနေခဲ့တာ”
သူ့ခန္ဓာကိုယ်၏စွမ်းအားက ကောင်းကင်ဘုံအဆင့်ကို ထိတွေ့နေပြီဖြစ်သည်။
သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မီးမျိုးဆက်ခေါင်းဆောင်ဖြစ်သည်။ သူသည် အနောက်ဘက်နယ်စပ်ကုန်းမြေကို လွှမ်းမိုးခဲ့သော ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ကောင်းကင်ဘုံအဆင့်စွမ်းအားကို လျင်မြန်စွာရရှိခဲ့သည်။
အာကာသဝိညာဉ်သူငယ်ဆေးလုံးက ကောင်းကင်ဘုံအဆင့်စွမ်းအားကို လှုံ့ဆော်ပေးနိုင်သော်လည်း လူတိုင်းက ထိုစွမ်းအားကို ချက်ချင်းမထုတ်လွှတ်နိုင်ပေ။
ခေါင်းဆောင်တောက်ရင်ကတော့ အာကာသဝိညာဉ်သူငယ်ဆေးလုံး၏စွမ်အားကိုမှီခို၍ တိမ်တိုက်နဂါးဓားကိုကိုင်ပြီး ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ ကျင်းမူဟယ်ကို ချက်ချင်းအနိုင်ယူခဲ့သည်။ ထိုအရာက သူ့ကျင့်ကြံခြင်းပါရမီကို ပြသနေသည်။
ထိုလူအိုကြီးသည် ဒေါသထွက်လွယ်ပြီး လူကြိုက်မများသော်လည်း စွမ်းရည်ရှိပေသည်။
“ဟန်မူယဲ့၊ ငါ ဒီကမ္ဘာကနေ ထွက်မသွားသေးဘူး”