တုန်လှုပ်ထိတ်လန့်ဖွယ်ရာပါရမီရှင်
Vol. 66 Ch. 923
အခန်း (၉၂၃) တုန်လှုပ်ထိတ်လန့်ဖွယ်ရာပါရမီရှင်
လျိုရှန်းထုန်က အမှန်တကယ်အဖြစ်အပျက်များကို သိရှိခဲ့ခြင်း မရှိပေ။
ထိုနေ့က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အမုန်းတရားမဲ့တာအိုနန်းတော်ကို ဖျက်ဆီးပစ်လိုက်သည့်အခါ ရန်ကျောက်ကဲနှင့် ဖုထင်တို့လည်း ထိုနေရာတွင် ရှိနေခဲ့သည်ပင်။
သူတို့ (၂)ယောက်လုံး အသက်အန္တရယ်ရှောင်ရှားနိုင်ခဲ့သော်လည်း အမတခုံရုံးနယ်မြေသို့ မှားယွင်းစွာဖြင့် ရောက်ရှိသွားခဲ့ကြသည်။
အမုန်းတရားမဲ့တာအိုနန်းတော်ကို ဖျက်ဆီးပြီးသည့်နောက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ထွက်ခွာသွားခြင်းမရှိဘဲ ပိုးသားဧကရာဇ်ပြန်လည်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့သော် ပိုးသားဧကရာဇ်က ပြန်ရောက်လာခဲ့ခြင်း မရှိပေ။
(၇)ရက်လုံးလုံး စောင့်ဆိုင်းခဲ့သည့်တိုင် အင်္ဂါဂြိုဟ် ပုဆိန်သွားလှံရှည်အနေဖြင့် ပိုးသားဧကရာဇ်နှင့် တွေ့ဆုံခွင့်မရခဲ့ပေ။
နောက်ဆုံးအထက်ဘုံကမ္ဘာကမှ တန်ခိုးစွမ်းအားရှင်များရောက်ရှိလာပြီး ကြားဝင်ဖြန်ဖြေရန် ကြိုးစားခဲ့ကြသည်။ ၎င်းတို့ကြားတွင် ပဋိပက္ခမဖြစ်ပွားခဲ့သော်လည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူတို့၏ကြားဝင်ဖြန်ဖြေမှုကို လက်မခံခဲ့ပေ။
ဟိုစဉ်တစ်ချိန်က သူ့ကို စည်းတံဆိပ်ခတ်ချိတ်ပိတ်ခဲ့ပြီး နဂါးမျိုးနွယ်ကိုကူညီပေးခဲ့သော ထိုက်ချင်အဆက်အနွယ်များကိုသာ ဇွဲနပဲဖြင့် တိုက်ခိုက်ရန် ဆန္ဒရှိနေခဲ့သည်။
တာအိုဆရာရွှမ်ကျုန်း ကွယ်လွန်ပြီးသည့်နောက် သူ၏အဆက်အနွယ်ဖြစ်သော ပိုးသားဧကရာဇ်က သူ့ထက်သာလွန်သူတစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ ပစ်မှတ်ထားခြင်းကို ခံလာရသည်။
ပိုးသားဧကရာဇ် အချိန်အတန်ကြာသည်အထိ ထွက်ပေါ်မလာသည့်တိုင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က မြောက်ဖေးတောင်ထွတ်မှ အခြားသောသိုင်းကျင့်ကြံသူများကို အခက်တွေ့အောင် မပြုလုပ်ခဲ့ပေ။
ထိုအစား သူက ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာရှိ အခြားသော ထိုက်ချင်အဆက်အနွယ်တစ်ခုဆီသို့ အာရုံပြောင်းလိုက်သည်။
အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် ၊ ကျင်းထင်တောင်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ကျင်းထင်တောင်သို့ ပစ်မှတ်ထားလာသည့်အခါမှာတော့ အဆုံးသတ်တွင် ပိုးသားဧကရာဇ် ထွက်ပေါ်လာခဲ့သည်။
ဧကရာဇ်နှစ်ပါးကြားတိုက်ပွဲက အထက်ဘုံကမ္ဘာကို မပျက်ဆီးစေနိုင်သော်လည်း အရှေ့တောင် နေဝန်းကောင်းပြည်နယ်ကိုတော့ ဆိုးရွားစွာ ပျက်ဆီးသွားစေနိုင်သည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ပိုးသားဧကရာဇ်နှင့်တိုက်ပွဲဝင်ရန်အတွက် အထက်ဘုံကမ္ဘာပြင်ပသို့ထွက်ခွာရန် ဆန္ဒမရှိခဲ့ပေ။
သို့သော် နောက်ဆုံးမှာတော့ အထက်ဘုံကမ္ဘာမှ အခြားသောတန်ခိုးစွမ်းအားရှင်များ၏ ညှိနှိုင်းပေးမှုဖြင့် တိုက်ပွဲအတွက် နေရာနှင့်ရက်ချိန်းကို စီစဉ်ပေးနိုင်ခဲ့သည်။
တိုက်ပွဲက ယနေ့ အတိအကျပင် ဖြစ်၏။
ရန်ကျောက်ကဲနှင့် ဖုထင်တို့အကြည့်ချင်းဖလှယ်မိကြတော့ မိန်းမပျို၏မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများကို တွေ့မြင်လိုက်ရသည်။
ရန်ကျောက်ကဲသည်လည်း စိုးရိမ်ပူပန်သည်ပင်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ပိုးသားဧကရာဇ်ကိုထိန်းချုပ်ထားသဖြင့် ချန်းဧကရာဇ်က အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်တွင် နောက်တစ်ကြိမ်လှုပ်ရှားလာလေမည်လား။
အောင်ပွဲရရန် အကြွင်းမဲ့သေချာမှုမရှိပါက သူတို့ကြားတွင်မလိုအပ်သောရန်ငြိုးဖွဲ့ခြင်းများကို ဖန်တီးမည် မဟုတ်ပေ။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည် အမုန်းတရားမဲ့တာအိုနန်းတော်တွင် (၇)ရက်တိုင်တိုင် ဒေါသတကြီးဖြင့် စောင့်နေခဲ့သော်လည်း ပိုသားဧကရာဇ်လည်းရောက်မလာသလို ချန်းဧကရာဇ်လည်းရောက်မလာခဲ့ပေ။
ချန်းဧကရာဇ်ကတော့ ထိုနေရာတွင်အမှန်တကယ် ရှိ မရှိ မသိရပေ။
ပိုးသားဧကရာဇ်ကလည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ကာကွယ်ရန် ရှောင်ပြေးသွားခြင်းလား မပြောတတ်ပေ။
သို့ပေသိ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ကျင်းထင်တောင်ကိုတိုက်ခိုက်သည့်အခါ ပိုးသားဧကရာဇ်ထွက်ပေါ်လာခဲ့သည်။ တိုက်ပွဲရက်သတ်မှတ်ပြီးပြီဆိုလျှင်တော့ ချန်းဧကရာဇ်ထွက်ပေါ်လာပြီး အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်ကို တိုက်ခိုက်ရန် အခွင့်အရေးရရှိမည် ဖြစ်၏။
အကြောင်းမှာ တိုက်ပွဲနေ့ရက်တွင် ပိုးသားဧကရာဇ်က အထက်ဘုံကမ္ဘာတွင် သေချာပေါက်ရှီနေမည် မဟုတ်ပေ။
လက်ရှိမှာတော့ ကျောက်စိမ်းတောင်တန်းဂိုဏ်းချုပ် လျိုရှန်းထုန်က ရန်ကျောက်ကဲနှင့် ဖုထင်ကို အကဲခတ်နေသည်။
ရန်ကျောက်ကဲနှင့်ဖုထင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မျက်လုံးချင်းဆုံသည်ကိုတွေ့လျှင် လျိုရှန်းထုန် ထိန်းမနိုင်သိမ်းမရ အံ့အားသင့်သွားရသည်။
ဒီကောင်လေးက ပိုးသားဧကရာဇ်၏သမီးတော် ဖုထင်နှင့်အတော်လေး ရင်းနှီးနေပါလား။
ပိုးသားဧကရာဇ်နှင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်တို့က ရင်းနှီးသောမိတ်ဆွေများဖြစ်ကြသည်။ အရှေ့တောင်ထိပ်တန်းအရှင်သခင်က ရန်ကျောက်ကဲကို စောင့်ရှောက်ပေးနေသည်ဟု သတင်းများထွက်ပေါ်နေသည့်တိုင် ထိုအချက်ကြောင့်ဖြင့်တော့ ပိုးသားဧကရာဇ်က ရန်ကျောက်ကဲကို အထင်ကြီးမည်ဟု မဆိုသာပေ။
ဟုတ်ပေ၏။ ရန်ကျောက်ကဲက အံ့သြစရာကောင်းလောက်အောင် အရည်အချင်းရှိသူတစ်ယောက်ဖြစ်သည်ကတော့ ငြင်းမရသည့်အချက်ပင်။
ယခု ရန်ကျောက်ကဲကိုကြည့်ရင်း လျိုရှန်းထုန်ရင်ထဲ လှိုက်ခနဲတုန်လှုပ်သွားသည်။
ဤလူငယ်က အံ့သြစရာကောင်းအောင်ထူးချွန်သည့်ပါရမီရှင်တစ်ယောက်ဖြစ်နေခြင်းက ကိစ္စမရှိပေ။ သို့ပေသိ အဘယ့်ကြောင့် နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်တွင် ရှိနေရပါသနည်း။
အရမ်းအသက်အရွယ်ကြီးရင့်သူတစ်ယောက်က လူငယ်အသွင် ဟန်ဆောင်ထားသည်ရော မဖြစ်နိုင်ဘူးလား။ သို့သော် အမှန်တကယ်လေ့လာကြည့်လိုက်သည့်အခါ ထိုလူငယ်၏အသက်က (၄၀)ပင် မပြည့်သေးပေ။
အသက် (၄၀)ပင်မပြည့်သေးသည့် နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်။
လျိုရှန်းထုန် မိုက်ခနဲဖြစ်သွားပြီး မူးမေ့လဲကျလုနီးနီးဖြစ်သွားရသည်။
ရန်ကျောက်ကဲက ဖုထင်ထက်ငယ်ရွယ်သည့်တိုင် ကျင့်ကြံခြင်းအဆင့်ကတော့ ဖုထင်ထက်ပင်မြင့်မားနေသည် မဟုတ်ပါလား။
ဒါကဘာကိုဆိုလိုပသနည်း။
လျိုရှန်းထုန်ကိုယ်တိုင်က အသိပညာကြွယ်ဝသူဖြစ်သော်လည်း ယခုတော့ တွေးမိသည်မှာ...
“ငါပဲ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို လွဲမှားပြီးကြည့်ခဲ့တာလား... သူက အသက်အမှန်ကိုဖုံးကွယ်ထားပြီး တခြားသူတွေကိုလှည့်စားနေတာလား... တစ်ခုခုတော့ဖြစ်ရမယ်”
သို့ပေသိ ရန်ကျောက်ကဲက သူ၏အသက်ကိုဟန်ဆောင်လိမ်ညာထားလျှင်တောင်မှ သူ၏အရည်အချင်းက အလွန်အမင်း လေးစားနေရဆဲဖြစ်ကြောင်း လျိုရှန်းထုန် သိရှိသည်။
ထိုသို့တွေးမိသည့်အခါ ပိုးသားဧကရာဇ်အနေဖြင့် ရန်ကျောက်ကဲအပေါ် အထင်ကြီးခြင်းမှာ လက်ခံရန်ဖြစ်နိုင်ကြောင်း သိရှိလိုက်ရသည်။
လျိုရှန်းထုန်၏ မျက်ဝန်းများက ဖုထင်ဆီသို့ ကျရောက်သွားပြီး အတွေးနက်နဲသွားသည်။
“ပြောရရင်တော့... ကြာပန်းနီဒေဝီမှာ သမီးရည်းစားရှိတယ်လို့ သတင်းမကြားရသေးဘူး ၊ ကြည့်ရတာ... ဒီ ရန်ကျောက်ကဲများ...”
ရန်ကျောက်ကဲက ဖုထင်နှင့် သမီးရည်းစားများဖြစ်ခဲ့ပါက လျိုရှန်းထုန်အနေဖြင့် မနာလိုမုန်းထားမရှိသည့်တိုင် သက်ပြင်းတော့ချမိသည်ပင်။
“ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ ၊ ပြောကြတာတော့ သူ့မှာ ယိုးမင်ဧကရာဇ်ချန်ထားခဲ့တဲ့ အမတမှော်ဝင်ပစ္စည်းလည်းရှိနေတယ်တဲ့ ၊ ပြီးတော့ ပိုးသားဧကရာဇ်နဲ့ သူ့သမီးတော်ရဲ့ မျက်နှာသာပေးခြင်းကိုလည်း ခံရတယ် ၊ သူကိုယ်တိုင်ကလည်း အရည်အချင်းရှိလွန်းတယ် ၊ သူက အထက်ဘုံကမ္ဘာကနေ ခြေတစ်လှမ်းလှမ်းလိုက်ရုံနဲ့ ကောင်းကင်ဘုံကိုတက်သွားမယ့်လူတစ်ယောက်ပဲ”
သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော လျိုရှန်းထုန်၏စိတ်ထဲမှအတွေးများကို ရန်ကျောက်ကဲနှင့် ဖုထင်တို့ကတော့ သိရှိခြင်း မရှိကြပေ။
ပိုးသားဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အကြားတိုက်ပွဲရလဒ် မည်သို့ဖြစ်လာနိုင်ကြောင်းကို သူတို့နှစ်ယောက်လုံး တွေးတောနေကြသည်။
ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲက လျိုရှန်းထုန်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...
“လျိုဂိုဏ်းချုပ် ၊ ဒီ’ရန်’ နားမလည်တာတစ်ခုရှိပါတယ် ၊ ဒီအတွက်အကြောင်းရင်းကိုများ လျိုဂိုဏ်းချုပ် သိမလားမသိဘူ”
လျိုရှန်းထုန်မှာ အတွေးထဲနစ်မျောနေရာမှ ပြန်သတိဝင်လာပြီး...
“’ရန်’သခင်လေး... မေးပါ”
ရန်ကျောက်ကဲက...
“အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နဲ့ ပိုးသားဧကရာဇ်က အထက်ဘုံကမ္ဘာမှာမတိုက်ခိုက်ဘဲ ပြင်ပဗလာနယ်ထဲမှာ တိုက်ခိုက်တာကို နားလည်ပါတယ် ၊ ဒါပေမဲ့ ဘာလို့ တခြားရက်မှာတိုက်ခိုက်ဖို့ သဘောမတူရတာလဲ”
လျိုရှန်းထုန်ကို လက်ရှိအထက်ဘုံကမ္ဘာတွင် ဘယ်ရက်ရောက်နေပြီလဲဟု မေးမြန်းပြီးနောက် ရန်ကျောက်ကဲနှင့် ဖုထင်တို့ အမတခုံရုံးနယ်မြေမှ ပြန်မည့်လမ်းကိုရှာဖွေရင်း အချိန်အတန်ကြာခဲ့ကြောင်း သိရှိခဲ့ရသည်။
သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အမုန်းတရားမဲ့တာအိုနန်းတော်တွင် ပိုးသားဧကရာဇ်ပြန်လာသည်ကို (၇)ရက်စောင့်နေခဲ့သည်။ ပိုးသားဧကရာဇ်ပြန်မလာသည့်အခါ သူက အထက်ဘုံကမ္ဘာသို့ရောက်လာပြီး ကျင်းထင်တောင်ကို တိုက်ခိုက်ရန်ပြင်ဆင်သည်။
ထိုအခါမှ သူ့ကိုတားဆီးရန်အတွက် ပိုးသားဧကရာဇ် ထွက်ပေါ်လာခဲ့၏။
သို့သော် ထိုအချိန်မှစတင်ရေတွက်လျှင် ယခု အချိန် (၁)လကျော်သွားမှသာ သူတို့ (၂)ယောက်ကြား တိုက်ပွဲရက်ကိုသတ်မှတ်ထားသည်။
ဖုထင်က...
“အခု ဘယ်ဧကရာဇ်ကများ အထက်ဘုံကမ္ဘာကို စောင့်ကြပ်ကာကွယ်ပေးနေပါသလဲ ၊ လျိုဂိုဏ်းချုပ် သိပါသလား”
လျိုရှန်းထုန်က ရန်ကျောက်ကဲနှင့် ဖုထင်ကို ခေါင်းညိတ်ပြရင်း..
“ဒီ’လျို’ လည်း သေချာတော့မသိဘူး ၊ ဒါပေမဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကလည်း ဒီသတ်မှတ်ရက်ကို သဘောတူခဲ့တယ်”
သူက ဆက်ပြောသည်။
“ငါသိသလောက်... ယင်ဟွမ်ဧကရာဇ်နဲ့ နွီတိဧကရာဇ်တို့ အထက်ဘုံကမ္ဘာမှာ လောလောဆယ်ရှိနေတယ် ၊ တခြားသူတွေတော့ မရှိကြဘူး ၊ ဒါပေမဲ့ ဒီ’လျို’ လည်းတခြားသူတွေဆီကသတင်းကြားတာပဲ ရှိတာပါ ၊ သိပ်မသေချာဘူး”
ယင်ဟွမ်ဧကရာဇ်က အချိန်အများစု တံခါးပိတ်ကျင့်ကြံရာတွင် ကုန်ဆုံးနေတတ်ပြီး အုပ်စိုးရှင် (၃)ပါးတွင် လျှို့ဝှက်ဆန်းကျယ်ဆုံးဖြစ်သည်။
လွန်ခဲ့သောနှစ်ရာပေါင်းများစွာက တစ်ကြိမ်မျှသာ ရှေ့ထွက်လာခဲ့ဖူးသည်။
ဧကရာဇ်များကြားမှ တိုက်ပွဲများက ရှားပါးလှသည်။ များသောအားဖြင့် အုပ်စိုးရှင်များက ဧကရာဇ်များတိုက်ခိုက်သည့်အခါ တားဆီးရန် ထွက်ခွာလာလေ့ရှိကြသည်။
သို့တိုင် ယင်ဟွမ်ဧကရာဇ်ကတော့ ထိုသို့သောအလုပ်မျိုးကိုတစ်ခါမှ မပြုလုပ်ခဲ့ပေ။
ယခု အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ရောက်လာပြီး ပြဿနာရှာသည့်တိုင် ယင်ဟွမ်ဧကရာဇ်က ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။
နွီတိဧကရာဇ်ကတော့ များသောအားဖြင့် ကိုယ့်ဘာသာကိုယ်သာ လှုပ်ရှားတတ်ပြီး အခြားသူများ၏ကိစ္စရပ်များကို စိတ်ပါဝင်စားခြင်း မရှိပေ။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် ပိုးသားဧကရာဇ်ကြားယခုတစ်ကြိမ်တိုက်ပွဲတွင် နွီတိဧကရာဇ်သည်လည်း ယင်ဟွမ်ဧကရာဇ်ကဲ့သို့ပင် ထွက်ပေါ်လာခြင်းမရှိဘဲ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်သဘောထားကိုမျှ ဖော်ပြခြင်းမရှိပေ။
လျိုရှန်းထုန်က...
“တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ကျန့်ဟွမ်ဓားဧကရာဇ်နှစ်ယောက်လုံးက အထက်ဘုံကမ္ဘာရဲ့အဝေးကိုရောက်နေတယ် ၊ လွှမ်းခြုံဧကရာဇ်နဲ့ မြေကမ္ဘာထိပ်တန်းအရှင်သခင်တို့ ထွက်လာပြီး ပိုးသားဧကရာဇ်နဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို စေ့စပ်ညှိနှိုင်းပေးရင်း တိုက်ခိုက်ဖို့ရက်သတ်မှတ်ပေးခဲ့တာ”
“အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်” ဟုလူသိများသော လွှမ်းခြုံဧကရာဇ်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက နတ်ဘုရားတံခါးကိုဖွင့်လှစ်နိုင်ခဲ့သော ပိုးသားဧကရာဇ် ၊ နွီတိဧကရာဇ်တို့ကဲ့သို့ ဧကရာဇ် (၅)ပါးထဲမှ တစ်ယောက် ဖြစ်သည်။
မြေကမ္ဘာဧကရာဇ်က ချောင်ကျယ် ၊ ကျွမ်းရှန် ၊ လျိုကျန်းကူတို့ကဲ့သို့ ထိပ်တန်းအရှင်သခင် (၁၀)ပါးထဲမှတဟစ်ယောက်ဖြစ်ပြီး တိဟွမ်မြေကမ္ဘာဧကရာဇ်၏ တပည့်ရင်းတစ်ယောက်လည်း ဖြစ်သည်။
ထိပ်တန်းအရှင်သခင် (၁၀)ပါးတွင် နယ်မြေ (၈)ခုကို အုပ်စိုးသော အရှင်သခင် (၈)ပါးအပြင် အထက်ရပ်နှင့် အောက်အရပ်ကိုအုပ်စိုးသော အရှင်သခင် (၂)ပါး ပါဝင်သည်။
အောက်အရပ်ကိုအုပ်စိုးသော ထိပ်တန်းအရှင်သခင်ကို ‘မြေကမ္ဘာထိပ်တန်းအရှင်သခင်’ ဟု ခေါ်ဆိုကြသည်။
ရန်ကျောက်ကဲက...
“ဒါဖြင့် လွှမ်းခြုံဧကရာဇ်နဲ့ မြေကမ္ဘာထိပ်တန်းအရှင်သခင်တို့နှစ်ယောက်လုံး တိုက်ပွဲဖြစ်မယ့်နေ့ကိုသတ်မှတ်ပေးပြီး သူတို့လည်း အထက်ဘုံကမ္ဘာကထွက်ခွာသွားကြတာပေါ့”
လျိုရှန်းထုန်က...
“အမှန်ပဲ...”