← Chapters

တောင့်တင်းသော အနေအထား

Vol. 12 Ch. 221

တောင့်တင်းသော အနေအထား

Vol. 12 Ch. 221

ပေထင်းဟွမ်သည် ချုံပုတ်ထဲမှထွက်လာသည်။ သူမသည် လှပသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမ၏ လရောင်ကဲ့သို့တောက်ပနေ သောမျက်နှာပေါ်တွင် မျက်လုံးနက်နက်များသည် တောက်ပနေသည်။ ပေထင်းဟွမ်၏ အလှတရားသည် ပေါက်ကွဲလွယ်သည်ဟု ဆိုရမည်။

သူမသည် လက်ပိုက်ကာ မြေပေါ်မှယောက်ျားသားနှစ်ယောက်ကို မျက်လုံးနက်နက်များဖြင့် အထင်သေးလှောင်ပြောင်သလို ကြည့်လေသည်။ ထင်ထားသည့်အတိုင်းပင် သူတို့သည် မြေပေါ်တွင် တောင့်တင်းစွာ ရပ်နေကြ ၏။ အပေါ်မှလူသည် ၂၅ နှစ်၊ ၂၆ နှစ်အရွယ်ခန့်ရှိသည်။ သူသည် အပြာရောင် စစ်ဝတ်စုံကို တင်းကြပ်စွာဝတ်ဆင်ထားကာ သူ၏တောင့်တင်းသောခန္ဓာကိုယ် ကို ပေါ်လွင်စေသည်။ သူ၏နက်မှောင်သောဆံပင်များမှတစ်ဝက်မှာ ကျောပြင် တွင်ရှိနေပြီး သူ ရှေ့သို့ကိုင်းလိုက်သည်နှင့် တစ်ဝက်မှာရှေ့သို့ကျလာသည်။ ထိုလူ၏မျက်ခုံးများမှာ အလွန်ချောမောပြီး သူ၏မျက်နှာအချိုးအစားသည် တောက်ပသည်။ သူ၏ ဘေးဘက်ပုံစံမှာ ထက်ရှပြီး ထောင့်မှန်ကျကျပင်၊ သူသည် ပေထင်းဟွမ်အား မရင်းနှီးသောအကြည့်ဖြင့် ကြည့်လေသည်။

ထိုလူသည် တုန်ဖန်းကျောက်ဖြစ်သည်။

မြေပေါ်မှချူဖုန်းဟုခေါ်သောလူသည် မြေကြီးနှင့်ကျောပြင်ကပ်နေ၏။ သူသည် အထူးကောင်းမွန်သည့် ချပ်ဝတ်တန်ဆာဝတ်ဆင်ထားကာ သူ၏ ရှည်လျားသောဆံပင်နက်များသည် မြေပေါ်တွင် ပြန့်ကျနေ၏။ သူ၏ ချောမွတ် ပြီး ဖြူစွတ်သောမျက်နှာသည် လေထဲမှ နှင်းကြာပန်းနှင့်တူလေသည်။ သူ၏ မျက်လုံးများသည် အလွန်အေးစက်ကာ အညှာတာမဲ့မှု၊ မာန၊ မလိုလားမှုနှင့် ပူဆွေးမှုများ ထုတ်ဖော်ပြနေသည်။ ၎င်းတို့သည် ရှေးခေတ်ကတည်းက အေးခဲ နေသည့် မြစ်ရေခဲများနှင့်တူသည်။ သူသည် ဤကမ္ဘာပေါ်မှအရာနှင့်လူများကို နွေးထွေးမှုမရှိသော အကြည့်ဖြင့်ကြည့်နေသည်။

ဤကဲ့သို့ဖယ်ကြဉ်မှုနှင့် လျစ်လျူရှုမှုများကြောင့် ပေထင်းဟွမ်သည် သူတို့၏ ကိစ္စတွင်ဝင်ပါချင်လာသည်။ ထို့ကြောင့်ပင် သူမကိုယ်သူမ ပေါ်ပေါက်အောင် လုပ်ပြီး တုန်ဖန်းကျောက်မှ တွေ့သွားခြင်းဖြစ်သည်။

လူတစ်ဦး၏အရည်ချင်းသည် ကြိုးစားမှုကြောင့် ရလာခြင်းဖြစ်သည်။ ဤကမ္ဘာတွင် အရာများကို ကိုယ်တိုင်ပေါက်မြောက်အောင်လုပ်နိုင်သူသာလျှင် အားကောင်းသောနောက်ခံမလိုခြင်းဖြစ်သည်။ သို့သော် လူတစ်ဦး၏ ပင်ကို စရိုက်သည် အလွန်အရေးကြီးသည်။ ရဲစွမ်းသတ္တိနှင့် မာနကသာ လူတစ်ဦးကို ခွန်အားထိပ်ဆုံးထိ တွန်းပို့နိုင်မည်ဖြစ်သည်။

“မင်း သေချင်တာများ ဘာလို့စောစောမသေတာလဲ” ပေထင်းဟွမ်သည် တုန်ဖန်းကျောက်ကို အလွန်အေးစက်သောအကြည့်ဖြင့် ကြည့်လေသည်။

ပေထင်းမိသားစုကြောင့်လားမသိပေ.. မိသားစုကြီးလေးခုဟုခေါ်သော အရာကို အကောင်းဘက်မှမြင်ရန် ပေထင်းဟွမ်အတွက် ခက်ခဲလှသည်။ ထို့အပြင် ဤကဲ့သို့လူမျိုးသည် ဂုဏ်ကျက်သရေအတွက် သူ၏သူငယ်ချင်းဖြစ် သူကိုပင် ရောင်းစားခဲ့သည်။ သူ့သူငယ်ချင်းကို မွန်မြတ်တဲ့သားရဲကြောင့် ရောင်းနေတာပဲ။

တုန်ဖန်းကျောက်သည် လွန်စွာဒေါသထွက်သွား၏။ သူသည် ချူဖုန်း၏ ခန္ဓာကိုယ်ကို တက်နင်းလိုက်သည်။ ကောင်းကင်အဆင့်ဝိညာဉ်သခင်တစ် ယောက်အနေနှင့် သူသည် ပေထင်းဟွမ်၏ ခွန်အားကို အလွယ်တကူပင် မြင်နိုင်ခဲ့သည်။ ကြယ် ၉ ပွင့်ဝိညာဉ်သခင်ကြီး.. သေချာပေါက်ပဲပေါ့ ပေထင်းဟွမ်သည် ၁၄ နှစ်အရွယ်သာရှိသေးသည်။ သူသည် ကြယ် ၉ ပွင့် ဝိညာဉ်သခင်ကြီးအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ၎င်းအဆင့်သည် မလွယ်ကူ သေးပေ။ သူသည် တိုက်၏ပြိုင်ဘက်ကင်းပါရမီရှင် ညအရှင်ကို မကျော်လွန်နိုင် သေးပေ။

တုန်ဖန်းကျောက်သည် ထိတ်လန့်သွားသည်။ သို့သော် သူမသည် စိတ်မရှည်သလိုကြည့်လေသည်။ ဒီကောင်က သူ့ကိုယ်သူ အရမ်းအထင်ကြီး လွန်းနေတာပဲ။ ဤတိုက်တွင် ပါရမီရှင်မရှားသလို ကိုယ့်အရည်အချင်းပေါ်မှီခို လွန်းပြီး မောက်မာကာ စောစီးစွာကျဆုံးသည့် ပါရမီရှင်များလည်းရှိသည်။ မဟုတ်လျှင် ညအရှင်သည် ယခုချိန်တွင် တစ်ဦးတည်းသော ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်နေသနည်း။

“ဒါက မင်းနဲ့ဘာမှမဆိုင်ဘူး မြန်မြန်လစ်လိုက်တော့” ပေထင်းဟွမ်သည် ငယ်ရွယ်သေးသည်ကို မြင်သောအခါ တုန်ဖန်းကျောက်သည် သူမနှင့် အချိန်ကုန်ခံပြီး ရန်မဖြစ်ချင်ပေ။ သူသည် ‘ကြင်နာစွာ’ ပင် သူမကို သတိပေး လိုက်သည် “ကလေး မှော်သားရဲတောထဲမှာ မင်းကိစ္စမင်းပဲ လုပ်တာကောင်း မယ်.. မင်းအသက်ကို တန်ဖိုးထားရကောင်းမှန်းသိရမှာပေါ့.. ရန်မစသင့်တဲ့သူ ကို ရန်သွားမစရဘူး”

ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်သွားကာ စိတ်ထဲမှ နှာရှုတ်မိသည်။ မိသားစုကြီးလေးခုကလူတွေက တကယ်ကို မောက်မာကြတာပဲ။ သူတို့က သူမကို အထင်သေးရဲတယ်ပေါ့။

သို့သော် ပေထင်းဟွမ်သည် ခေါင်းမာသည်။ သူမ စိတ်ပိုင်းဖြတ်ပြီးသည် နှင့် နွားသိုးကိုးကောင်ပင်လျှင် သူမကို ပြန်မဆွဲနိုင်ပေ။ ယနေ့ သူမသည် ဤကိစ္စကို ဝင်စွက်ဖက်မည်။ သူမကို ဘယ်လိုလုပ် အထင်သေးရဲတာလဲ။ သူမ သည်အတိုင်းသာ ထွက်သွားလိုက်လျှင် သခင်မင်နိုးလာသည်နှင့် သူမကို အထင်သေးသွားမည်ဟု ပေထင်းဟွမ်ခံစားရသည်။

ချက်ချင်းဆိုသလိုပင် ပေထင်းဟွမ်သည် ခါးကိုမတ်လိုက်ကာ မြေပေါ်တွင် လဲနေသော ချူဖုန်းကို ညွှန်ပြလိုက်သည်။ သူမသည် လူပေလူတေ ပုံစံဖြင့် ပြောလိုက်သည် “မင်းကိုပြောမယ် ငါ မြေပေါ်က ဒီကလေးကို သဘောကျတယ် သူ့ကို အခုပဲခေါ်သွားမယ်”

***

All Chapters