← Chapters

ငါ့ဆီကနေ သူ့ကို ဘယ်လိုလုရဲရတာလဲ

Vol. 12 Ch. 222

ငါ့ဆီကနေ သူ့ကို ဘယ်လိုလုရဲရတာလဲ

Vol. 12 Ch. 222

ပေထင်းဟွမ် ထိုသို့ပြောသည်နှင့် ကြောက်နေ၍မထနိုင်သော ချူဖုန်း မဆိုထားနှင့် ပေထင်းဟွမ်၏သားရဲများပင် မှင်တက်ကြသည်။ လျှပ်စီးနှင့် မိုးကြိုးသွားတို့မှာ သူတို့၏ခေါင်းပေါ်၌ သောင်းချီသော မြင်းများကဆုန်ပေါက် ပြေးသွားသကဲ့သို့ ခံစားလိုက်၏။ သူတို့သခင်က ကာမလိုက်စားတုန်းပါပဲလား။

“ဘာလဲ မင်းက ငါ့ဆီကနေ တကယ်ကြီး လူလုရဲတယ်ပေါ့” တုန်ဖန်းကျောက်သည် များများစားစားမတွေးပေ။ သူ့လို ကောင်းကင်အဆင့် ဝိညာဉ်သခင်တစ်ယောက်ကို ချောင်းနိုင်သည့်ခွန်အားမျိုး ပေထင်းဟွမ်တွင် ရှိလိမ့်မည်ဟု သူမထင်ပေ။ ပေထင်းဟွမ်သည် ချူဖုန်း၏သရုပ်မှန်ကိုသိခြင်း ကြောင့် ငွေလရောင်အင်ပါယာ၏ ဧကရာဇ်သည် ချူဖုန်းကိုဖမ်းနိုင်သည့် ပညာ ရှင်ကို အထွတ်အမြတ်သားရဲ ဆုချသည့်အကြောင်းကို သိသည်ဟု သူ ထင်နေ သည်။ ထို့ကြောင့်ပင် သူမသည် သူနှင့် လာပြိုင်သည်ဟုထင်နေခြင်းပင်။

အစက တုန်ဖန်းကျောက်သည် ပေထင်းဟွမ်ကို လွှတ်ပေးချင်သည်။ သို့သော် ဤအခိုက်အတန့်တွင် တုန်ဖန်းကျောက်၏ ချောမောလှသောမျက်နှာ သည် ထက်ရှပြီး အေးစက်သောအလင်းများ ထွက်လာသည်။ “ကလေး မွန်မြတ်တဲ့သားရဲတွေတောင် သူတို့အသက်ကို အထိခိုက်မခံဘဲ သူတို့ဘာသာ နေနေကြတာ.. မင်းအတွက် မကောင်းဘူးဆိုတာသိရင် မြန်မြန်လစ်လိုက်တော့ လက်တွေ့မဆန်တဲ့အတွေးတွေကြောင့် မင်းဘဝကို မစွန့်လွှတ်ပစ်စမ်းနဲ့”

“မှော်သားရဲတောထဲမှာ သတိထားရမယ်ဆိုတာ မင်းလည်း သိပုံပဲ.. အမှန်ပဲ ဒီမှာ ပညာရှင်တွေအများကြီးပဲ.. မင်းကို အကြံနည်းနည်းပေးလိုက် မယ်.. မွန်မြတ်တဲ့သားရဲဆိုတာက အသက်ရှင်တုန်းမှာပဲ ခံစားလို့ရမယ်.. လက်တွေ့မကျတဲ့ အိပ်မက်တွေမမက်စမ်းပါနဲ့.. မင်းရဲ့ပြိုင်ဘက်ကို တန်ဖိုး ထားတာကောင်းလိမ့်မယ်.. တခြားတစ်ယောက်ကို အထင်သေးလိုက်မိရင် အသက်ဆုံးရှုံးဖို့ အရမ်းလွယ်သွားပြီ” ပေထင်းဟွမ်သည် လက်ပိုက်ကာ ရပ်နေ သည်။ သူမ၏ချောမောသောမျက်နှာမှာ အေးစက်နေပြီး သူမ၏ရပ်တည်မှု ခိုင်မာသည်ကိုညွှန်ပြသည့်အနေနှင့် ရှေ့တစ်လှမ်းတိုးလိုက်သည်။

တုန်ဖန်းကျောက်သည် ဤကောင်လေးကြောင့် ဒေါသထွက်၍သေခါနီး ပင်။ အရွယ်မရောက်သေးသည် ၁၄ နှစ်အရွယ်ကောင်စုတ်လေးတစ်ယောက် သာ.. ကောင်းကင်အဆင့်ဝိညာဉ်သခင်ရှေ့မှာ ယုံကြည်ချက်ရှိရှိနဲ့ ဘယ်ကိုလာ ပြီး လေလုံးလာထွားနေတာလဲ။ ဒီကောင်လေးက ရိုးစင်းလွန်နေတာလား။ သူက လောကအကြောင်းကိုမသိဘဲ ကလေးဆန်နေတာပဲ။

တုန်ဖန်းကျောက်သည် လက်ကိုစိတ်မရှည်စွာဖြင့် ယမ်းလိုက်သည်။ ဤကဲ့သို့ မသိတတ်သည့်ကလေးအတွက် သူ့မိဘအစား သင်ခန်းစာပေးလိုက် တာကောင်းမည် “ကောင်စုတ်လေး မင်း ပြန်သွားပြီး သေချာသင်ပြီးမှ ပြန်လာခဲ့ အပြင်မှာဆိုရင် အနည်းဆုံးတော့ ဒီတိုက်မှာ အင်အားစုတွေအကြောင်းတော့ သိရမှာပေါ့… မင်း မိသားစုကြီးလေးခုဆိုတာကို ကြားဖူးလား.. တုန်ဖန်းမိသားစု ရဲ့ တုန်ဖန်းကျောက်ဆိုတာကို ကြားဖူးလား.. မြန်မြန်သွားလိုက်တော့”

“ဘာတုန်ဖန်းမိသားစုက တုန်ဖန်းကျောက်လဲ.. တစ်ခါမှမကြားဖူးပါဘူး သူက နာမည်ကြီးလို့လား.. သူက ပေထင်းမိသားစုက ပေထင်းဟွမ်ထက် တောင် နာမည်ကြီးလို့လား” ပေထင်းဟွမ် နှာရှုတ်လေသည်။

ဤကောင်လေးမှ သူ့ကို အရေးတယူမရှိသည့်အပြင် ပေထင်းမိသားစုမှ အသုံးမကျသည့် သခင်လေး ၉ နှင့် လာနှိုင်းနေသည်ကို တုန်ဖန်းကျောက်ကြား သောအခါ အလွန်ဒေါသထွက်လေသည်။ မိသားစုကြီးလေးခုမှလူများသည် တခြားမိသားစုသုံးစုအကြောင်း အလုံးစုံကိုမသိကြသော်လည်း တိုက်ရိုက် ဆက်ခံသူများကိုတော့ သိကြသည်။ ချက်ချင်းဆိုသလိုပင် သူသည် ဒေါသ ကြောင့် မျက်နှာနှင့် လည်ပင်းမှာ နီရဲလာသည်။ သူသည် လက်သီးမြှောက်ကာ ပြောလိုက်သည် “ကောင်စုတ်လေး မင်းက အရိုက်ခံချင်နေတာလား”

“အရိုက်ခံဖို့ပဲတန်တာက မင်းပဲလေ.. မင်းက မင်းနေရာမင်းတောင်မသိ ဘူး တကယ် မျှော်လင့်ချက်မရှိတာပဲ” ပေထင်းဟွမ်သည် သူ့ကို အထင်သေး စွာဖြင့် ခေါင်းအစခြေအဆုံးကြည့်လေသည် “ဟင်း မင်းက အကျိုးမရှိ ကြီးပြင်း လာတာပဲ.. ကောင်းကင်အဆင့်ဝိညာဉ်သခင်ဖြစ်နေလည်း ဘာလုပ်ရမှာလဲ ဦးနှောက်မရှိဘဲ မြန်မြန်သေရမှာပဲ”

“အာ.. ဒီကောင်တော့” တုန်ဖန်းမိသားစုမှ ပါရမီရှင်တစ်ယောက်အနေနှင့် တုန်ဖန်းကျောက်သည် အရင်က မည်သူတစ်ဦးတစ်ယောက်၏ ကြိမ်းမောင်း ခြင်းကိုမခံဖူးပေ။ ထို့အပြင် ဤကောင်လေးသည် သူ့ထက်ပင် အားနည်းနေ သည်။ တုန်ဖန်းကျောက်၏ အကြည့်သည် ကြောက်စရာကောင်းလွန်းနေသည် မှာ သူမကို တစ်ကိုယ်လုံးဝါးမျိုမတတ်ပင် “ကောင်စုတ်‌လေး မင်းက အသက် မရှင်ချင်တော့ဘူးဆိုမှတော့ ငါ့ကိုအပြစ်မတင်နဲ့ ဟင်း.. မင်းသေသွားပြီး မရဏ လောကကိုရောက်မှ ငါက အားနည်းတဲ့သူကို အနိုင်ကျင့်တယ်လို့မပြောနဲ့”

ငွေရောင်အလင်းတန်းသည် ကောင်းကင်သို့ထိုးတက်သွားသည်။ ဒေါသ ထွက်နေရာ တုန်ဖန်းကျောက်သည် သူ၏မှော်သားရဲကို ဆင့်ခေါ်ရန် မစောင့် နိုင်တော့ပေ။

“နေဦး” ထိုအခိုက်တွင် ဘေးတွင်ရပ်နေသော ချူဖုန်းသည် ပြေးထွက် လာပြီး ပေထင်းဟွမ်ကို ပိတ်ပင်လိုက်သည်။ သူ၏မျက်နှာသည် ရေခဲပြင်ကဲ့သို့ အေးစက်နေကာ သူ့မျက်လုံးမှ အေးစက်သောအကြည့်များထွက်နေသည် “သူ့ကိုမထိနဲ့ ငါ မင်းနဲ့လိုက်မယ်”

***

All Chapters