← Chapters

နတ်သားရဲအချင်းချင်း ပြိုင်ဆိုင်ခြင်း

Vol. 12 Ch. 223

နတ်သားရဲအချင်းချင်း ပြိုင်ဆိုင်ခြင်း

Vol. 12 Ch. 223

ချူဖုန်းသည် ပေထင်းဟွမ်အား ဒိုင်းကာသဖွယ်ကာထားပြီး တုန်ဖန်းကျောက်အား အေးစက်ပြီး အမုန်းတရားအပြည့်နှင့် ခေါင်းမာသော အကြည့်ဖြင့် ကြည့်လေသည်။ သူသည် ပေထင်းဟွမ်အား ကာကွယ်ရန်အတွက် လှုံ့ဆော်ခံလိုက်ရသည်။ သူ့နောက်မှလူငယ်သည် တုန်ဖန်းကျောက်၏ ပြိုင်ဘက်ဖြစ်မလာနိုင်ပေ။ သူသည် ထိုအခြင်းအရာကိုသိသော်လည်း တခြား လူ၏ ကိစ္စတွင် ဝင်စွက်ဖက်ခဲ့သည်။

သူ၏အမေဝမ်းထဲမှစပြီး ယခုလို သူ့အတွက် မည်သူမှမကာကွယ်ခဲ့ဖူးပေ။ ဤလူငယ်သည် သတ္တိရှိသည်၊ တုံးအသည် သို့မဟုတ် အမှန်တကယ်ပင် သူ့ကို ကူညီချင်သည်ဖြစ်စေ သူသည် သူ့ကိုသဘောကျသည့်လူတစ်ယောက်ကို ဘယ်သောအခါမှ ထိခိုက်ခံမည်မဟုတ်ပေ။

“သခင် သူက ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကြီးပဲ” အသိစိတ်ပင်လယ်ထဲတွင် အမြီးကိုးချောင်းမီးမြေခွေးကျို့ယန်သည် ကျွတ်သပ်လေသည် “သူ့ကိုယ်သူ စတေးရလောက်အောင် ဘယ်လောက်တောင် ရူးမိုက်လိုက်တဲ့လူလဲ”

“နောက်ကျသွားပြီ” တုန်ဖန်းကျောက်သည် မည်သို့ပင်ဖြစ်စေကာမူ ဤလူငယ်ကို အလွတ်ပေးမည်မဟုတ်ပေ။ သူ့အသက်ကို ဆုံးရှုံးလိုက်ရလျှင် တောင် ဤလူငယ်ကို ခံစားရအောင်လုပ်မည်။ မှော်သားရဲတော၏ စည်းမျဉ်း သည် သန်မာသူသာ လေးစားခံရမည်။ သူများကိစ္စကို ဝင်ပါနဲ့လေ‌။ “ဒီနေ့ ငါ ဒီကောင့်ကို သင်ခန်းစာပေးရမယ်”

ပေထင်းဟွမ်သည် ချူဖုန်းကို သူမအနောက်သို့ဆွဲပြီး နှာမှုတ်လိုက်သည် “ဟုတ်တယ်.. ဒီနေ့ ငါ ဒီတုန်ဖန်းကျောက်ကို သင်ခန်းစာပေးမယ်.. ကောင်းကင်ကြီးက ဘာလို့ပြာတယ် ပန်းပွင့်တွေက ဘာလို့နီလဲဆိုတာကို ပြပေးလိုက်မယ်”

“ရွှေငှက်တောင် ထွက်လာခဲ့”

သူ ဤကောင်လေးနှင့် စကားဆက်ပြောလျှင် ဒေါသထွက်လွန်း၍ သေသွားလိမ့်မည်။ တုန်ဖန်းကျောက်သည် သူ၏မှော်သားရဲကို ထွက်လာရန် အမိန့်ပေးလိုက်သည်။ တုန်ဖန်းကျောက်၏ခြေထောက်အောက်တွင် ထောင့် ၅ ထောင့်ကြယ်သည် ငွေရောင်ထွန်းလင်းကာ ထွက်ပေါ်လာသည်။ ပေထင်းဟွမ် သည်မှင်တက်မိသည်။ သူမသည် ထောင့်ငါးထောင့် ငွေရောင်ကြက်ခြေခတ်ဓား နှစ်လက်ကို စိုက်ကြည့်ကာ သူမ၏တောက်လောင်သောမျက်လုံးများသည် အားကျမှုနှင့် တိုက်ခိုက်ရေးစိတ်ဓာတ်ပြင်းထန်မှုများ ပြည့်နှက်နေသည်။

ဓား ၂ လက် ကြယ်ဓားသခင်နှင့် ကောင်းကင်အဆင့်ဝိညာဉ်သခင်ဖြစ် သည်။ ခြေထောက်အောက်တွင် ထောင့်ငါးထောင့်ပေါ်လာမှပင် ထိုလူသည် ဤတိုက်ကြီးတွင် စွမ်းအားရှင်ဟု ခေါ်ထိုက်မည်ဖြစ်သည်။ စွမ်းအားရှင် အဆင့် သို့ရောက်ပြီးနောက်တွင် ထိုလူသည် ဤတိုက်တွင် ပြောရေးဆိုခွင့်ရှိသူဖြစ်လာ သည်။

တုန်ဖန်းကျောက်သည် စီရင်ချက်ဗိမာန်၏ သန့်စင်သောသားတော်ကဲ့သို့ ကောင်းကင်အဆင့်စွမ်းအားရှင် မဟုတ်ပေ။ သူ၏ ဓားသခင်အဆင့်သည် ဂူဟောက်ထက်နိမ့်သော်လည်း တုန်ဖန်းကျောက်သည် တိုက်ခိုက်ရေး အတွေ့အကြုံအလွန်မြင့်မားသည့် ဓား ၂ လက် ကြယ်ဓားသခင်ဖြစ်သည်။ သူ့အနေနှင့် မိသားစုကြီးလေးခုမှ တုန်ဖန်းမိသားစုထဲတွင် ထင်ပေါ်နေရန် သူ၏ ခွန်အားသေချာပေါက်ရှိရမည်ဖြစ်သည်။

တုန်ဖန်းမိသားစု၏ စမ်းသပ်ကွင်းများသည် မှော်သားရဲတောရှိအန္တရာယ် ထက်မလျော့ဟု ပြော၍ရသည်။

ထို့အပြင် မှော်သားရဲ၏ ကြီးမားသောခန္ဓာကိုယ်သည် သူ့အနောက်တွင် ပေါ်လာသည်။ ၎င်းသည် တောင်ငယ်တစ်လုံးကဲ့သို့ ကောင်းကင်တစ်ဝက်ကို ကာလိုက်၏။ ၎င်း၏အတောင်ပံဖြန့်လိုက်ရာ ကောင်းကင်နှင့်နေကိုပါ ကွယ် သွားလေသည်။ အားကောင်းသော ဝမ်းတွင်းပါဖိအားသည် လူများကို အသက် ရှူကြပ်စေသည်။

တုန်ဖန်းကျောက်ကဲ့သို့ လူတစ်ယောက်အတွက် အင်အားကြီးပြီး ပဋိပက္ခများပြည့်နေသော မျိုးနွယ်ကြီးလေးခုကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် အသက်ရှင်ရန်ကြိုးပမ်းရသည်မှာ သူ၏ကိုယ်ပိုင်အရည်အချင်း သေချာပေါက် လိုအပ်သည်။ ပေထင်းဟွမ်သည် သူတို့ထဲမှတစ်ယောက်ဖြစ်သည်။ သူသည် ဓား ၂ လက်ကြယ်ဓားသခင်ဖြစ်သည်။ ပေထင်းဟွမ်ကဲ့သို့ မြေကြီးအဆင့် ဝိညာဉ်သခင်နှင့် ရင်ဆိုင်ရချိန်တွင် သူသည် သူ၏မှော်သားရဲကိုပင် ဆင့်ခေါ်ခဲ့ သည်။ ဤလူသည် စေ့စပ်ပြီး သတိရှိသည်ဟု ပြော၍ရသည်။

သို့သော် သူသည် မလိုအပ်သော လှုပ်ရှားမှုပြုလိုက်ရသည့်အတွက် လျင်မြန်စွာပင် ဝမ်းမြောက်မိ၏။ သူသည် ပေထင်းဟွမ်ကို အထင်သေး သော်လည်း ရန်သူနှင့်ရင်ဆိုင်ရချိန်တွင် တိုက်ရိုက်မတိုက်ခိုက်ပေ။ ထိုအစား သူသည် သူ၏ပြိုင်ဘက်ကို လေးစားရန်ရွေးချယ်ပြီး သူ၏ အသန်မာဆုံး ခွန်အားကိုသုံးခဲ့သည်။

ပေထင်းဟွမ်၏ပခုံးပေါ်တွင် အမြီးကိုးချောင်းမီးမြေခွေးသည် တုန်ဖန်းကျောက် ဆင့်ခေါ်လိုက်သည့် အားကောင်းသောမှော်သားရဲကိုမြင် သောအခါ ထိတ်လန့်သွားလေသည် “နတ်သားရဲလား”

လူသားစကားပြောနိုင်နေသည်မှာ ၎င်းသည် နတ်သားရဲဖြစ်လိမ့်မည်။ ငှက်ကြီးနှင့် အမြီးကိုးချောင်းမီးမြေခွေးတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ အထိတ်တလန့် နောက်ဆုတ်မိကြသည်။ သူတို့သည် မယုံနိုင်စွာဖြင့် အော်ဟစ်မိကြသည် “နတ်သားရဲလား”

ဒဏ္ဍာရီလာသားရဲနှစ်ကောင်တွင် တစ်ကောင်သည် အားကောင်းသော ကာကွယ်ရေးအမျိုးအစား ကောင်းကင်မီးရှိသည့် ဒဏ္ဍာရီလာသားရဲဖြစ်ကာ နောက်တစ်ကောင်မှာ ပျံသန်းမှုတွင် အကောင်းဆုံးအရည်အချင်းရှိသည့် သားရဲ ဖြစ်သည်။ ထိုအခိုက်တွင် ဒဏ္ဍာရီလာသားရဲနှစ်ကောင်သည် အချင်းချင်း အနည်းငယ် ကြောက်ရွံ့မိကြသည်။ သူတို့မျက်လုံးဆုံသွားသည်နှင့် စိတ်ချလက်ချမနေရဲတော့ပေ။

***

All Chapters